Chapter 43
Viewers 7k

Chapter -43

(ခုနစ်လေး...)

မြောက်ဘက်ဂိတ်အပြင်ဘက်တွင် ရှိနေသော အဖွဲ့နှစ်ခုသည် မတိုးသာ မဆုတ်သာ အခြေအနေတွင်ရှိနေလေသည်။

တိုက်ခိုက်မှုသည် အန္တရာယ်ဖြစ်လုနီးပါးဖြစ်နေသည်။

"ရှင် ကျွန်မကို ယုံလို့ရတယ်..ကျွန်မဘက်က ကတိတည်တယ်...ကျွန်မတို့ လိုချင်တာ ရှင့်ကိုပဲ ကလေးကို မဟုတ်ဘူး..."

မိုချင်း သည် ကျောင်းမြန် ကို ပြတ်ပြတ်သားသား ကြည့်လိုက်သည်။

ကျောင်းမြန် ခေတ္တရပ်တန့်ကာ ပြုံးလိုက်ပြီး လွှတ်‌လိုက်သည်။

"အင်း ကောင်းပြီ‌‌လေ လောင်းကြတာပေါ့"

ကျောင်းမြန်သည် မိုချင်းကို ဆုပ်ကိုင်ထားရာမှ တစ်ဖက်လူရှိရာဆီသို့ ချက်ချင်း လွှတ်ပေးလိုက်သည်။

ကျောင်းမြန်သည် လေးလံသော သံကြိုးများဖြင့် ချည်နှောင်ထား‌ခံရသောကြောင့် ဒူးထောက်လျက် သား အနေအထားဖြင့်ရှိ‌နေ‌လေသည်။

ထို့နောက် မိုချင်းသည် ကတိအတိုင်း ရှောင်လဲ့ကိုချီလိုက်ပြီး ကတ်စပါ၏လက်‌ထောက်ဆီသို့ 
က‌‌လေးအား လွှဲပေးလိုက်သည်။

မိုချင်းသည် ကျောင်းမြန်၏ လည်ပင်းအား ဓားဖြင့်ထောက်ထားပြီး ပြောလိုက်သည်။

"ကျေးဇူးပြုပြီး ရှေ့က သွားပေးပါ"

Black Phoenix လက်အောက်ရှိ လေယာဉ်သည် ကိုယ်ဖျောက်ထားရာမှ ထွက်လာပြီး တံခါးဖွင့်ကာ ဆင်းသက်လာပြီး ကျောင်းမြန်၏ ကိုယ်တစ်ပိုင်းအားဆွဲ‌ခေါ်လျက် အနေအထားဖြင့် လေယာဉ်ပေါ်သို့ ဆွဲခေါ်သွားသည်။

"ရှေ့ဆက်သွား..."

ကျောင်းမြန်ကို ခေါ်သွားပြီး‌‌နောက် သူ့တို့အ‌ပေါ်ခြိမ်းခြောက်မှု မရှိတော့သဖြင့် ကတိစပါသည် သူ၏ လူများကိုခေါ်ကာ လေယာဉ်ပျံတက်သွားခြင်းကို တားဆီးရန်ကြိုးစားတော့သည်။ 

နှစ်ဖက်စလုံးမှ အချင်းချင်းပစ်ခတ်ခဲ့ကြပြီး Black Phoenix နှင့် ပင်လယ်ဓားပြများက ပူးပေါင်းခဲ့ကြ‌သောကြောင့် ပင်လယ်ဓါးပြများအား မိုချင်းက တိတ်တဆိတ် ဝင်ရောက်ခွင့်ပြုခဲ့သောကြောင့် ယခုအချိန်တွင် ၎င်းတို့သည် လေယာဉ်အား ကာကွယ်‌ပေးပြီး အမှတ်၁၂တပ်ဖွဲ့နှင့် တိုက်ခိုက်ခဲ့ကြသည်။ 

လက်နက်ကြီးဖြင့် ပစ်ခတ်မှုသည် ကောင်းကင်
‌ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ဆန်တက်သွားပြီး ကျည်ဆန်များသည် ကောင်းကင်‌တွင် ပျံဝဲနေပြီးထို‌နေရာလွတ်သည် ချက်ချင်းပင် စစ်မြေပြင်အဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒုန်း....!"

သို့သော်လည်း ကတ်စပါသည် သူ့ရှေ့မှ မီးခိုးငွေ့များဖြင့် ပြည့်နှက်နေသည့်မြင်ကွင်းကို မြင်လိုက်ရချိန်တွင် ငရဲပြည်ကဲ့သို့ဖြစ်နေကြောင်း တွေ့လိုက်ရလေသည်။ 

"ဒုန်း.....အုံး....အုံး...."

"သတိထားကြ...! မြေပေါ်မှာ မိုးကြိုးမိုင်းတစ်လုံးရှိနေတယ်.."

သူတို့မသိခဲ့သည်မှာ မြေအောက်ထဲတွင် မိုးကြိုးမိုင်းတစ်လုံးမကရှိနေသည်ကို မသိကြသောကြောင့် ယခုချိန်တွင် တစ်ပြိုင်တည်း အကုန်ပေါက်ကွဲကုန်ကြသည်။

....................

ထိုအချိန်တွင် ကျောင်းမြန်အား ထောင့်တစ်နေရာတွင် နံရံတွင် သံကြိုးနှင့် ကပ်၍ ချည်နှောင်ထားသောကြောင့် သူသည် ပြတင်း‌ပေါက်မှ တစ်ဆင့် အပြင်ဘက်ရှိ မြင်ကွင်း အားလုံးကို မြင်နေရသည်။

အနက်ရောင်အခိုးအငွေ့များက ကောင်းကင်ပေါ်တွင် ပြန့်ကြဲကာ ရှုပ်ထွေးနေပြီး သွေးများကလည်း မြေပြင်ပေါ်သို့ စီးကျလာ‌လေသည်။

ကျောင်းမြန်သည် မိုချင်းအား မျက်နှာသေဖြင့်ကြည့်လိုက်သည်။သူ့အား သံကြိုးများဖြင့် ချည်နှောင်ထားသဖြင့် လှုပ်ရှား၍မရသော်လည်း အရှိန်တော့ကျန်နေသေးသည်။
 
မိုချင်းသည် လက်ပိုက်ထားရင်း ဘေးသို့ အနည်းငယ်စောင်းကြည့်လိုက်ပြီး အောက်သို့ ငုံ့ကြည့်ကာပြောလေသည်။

"ကျွန်မ အဲ့လိုမှ ဖိအားမပေးရင် တခြားနည်းလမ်းမရှိတော့ဘူး..."

မိုချင်း ပြောသည့်အတိုင်းပင် ဤနည်းလမ်းသည်သာ စစ်တပ်၏ ဝန်းရံမှုကို ဖြတ်ကျော်နိုင်ပြီး မြို့တော်မှ ထွက်ခွာနိုင်မည်ဖြစ်သည်။

လေယာဉ်သည် ဖက်ဒရေးရှင်း၏ စောင့်ကြည့်မှု အကွာအဝေးမှ လွတ်မြောက်သည့်တစ်နေရာ အရောက်တွင် Dark Phoenix ၏ အဓိကစစ်သင်္ဘောဟု ယူဆရသည့် ကြီးမားသော စစ်သင်္ဘောကြီးထဲသို့ ဝင်ရောက်ခဲ့သည်။

"ဂျောက်...."

တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် အဘိုးကြီးတစ်ယောက် ဝင်လာခဲ့သည်။ အဘိုးအိုသည် အဖြူရောင် ၀တ်ရုံကို ၀တ်ထားပြီး သူ့ခါးကို မတ်မတ်ထားရန်ပင် အသက်ကြီးလွန်း‌နေသော်လည်း သူ၏ မျက်လုံးများသည် တောက်ပနေဆဲဖြစ်သည်။အဘိုးကြီး၏ နောက်တွင် သူနှင့်ဆင်တူသောအဝတ်အစားကို ၀တ်ဆင်ထားသည့် ယောက်ျားမိန်းမများစွာရှိနေကာ သူတို့အားလုံး၏ အမူအရာသည် ထိုင်းမှိုင်းနေလေသည်။ 

"ဒါရိုက်တာ" 

မိုချင်းသည် ခေါင်းကိုအနည်းငယ်ညွတ်ပြီး ပြောလိုက်သည်။

"သူ့ကို ဖမ်းလာခဲ့ပါပြီ..."

"ဖမ်းတယ်....အဲ့ဒီကလေးကို ဖမ်းမိလာတာလား" 

အဘိုးအိုသည် သူ၏ ရှုံ့တွနေသော မျက်နှာပေါ်တွင် ရူးသွပ်‌နေသည့် အပြုံးတစ်ခု ပေါ်လာသည်။

ကျောင်းမြန် အံ့ဩသွားသည်။

ဘာဖြစ်တယ်.....!

"ဟုတ်ပါတယ် ကျွန်မတို့ နှစ်အကြာကြီး စောင့်ကြည့်လာခဲ့တာဆို‌တော့..၊ သူဖြစ်မယ်လို့ ကျွန်မထင်တယ်.."

မိုချင်း ဆက်ပြောလိုက်သည်။

"အရင်ကလည်း သူ့ကို အဆိပ်ခတ်ဖူးတယ်...
ဒါပေမယ့် အလုပ်မဖြစ်ဘူး...ဒါရိုက်တာ ကျွန်မကို‌ ပေးတဲ့ဆေးက သူ့ကို ထိရောက်မှုမရှိဘူး.."

"ဘာ...!" 

အဘိုးအိုသည်း စိတ်လှုပ်ရှားစွာဖြင့် ဝမ်းသာအားရဖြင့်‌ ပြောလေသည်။

"အဲ့ဒီ့ဆေးက သာမန်ဆေး မဟုတ်ဘူး...ငါတို့ ဆေးကို စဖော်တဲ့အချိန်တုန်းကတောင် အဲ့ကလေးရဲ့ခန္ဓာကိုယ်က ကြံ့ခိုင်မှုသိပ်မရှိသေးဘူး နှစ်အနည်း ငယ်အတွင်းကို သူ့ခန္ဓာကိုယ်က အမှန်ကို ပြောင်းလဲလာလိမ့်မယ်လို့ မထင်ထားမိဘူး....သူ တကယ် ငါ့ဆေးကိုတောင် ခံနိုင်ရည်ရှိလာတာပဲ"

"ဒါဆိုလည်း စလိုက်ကြရအောင်.."

အဖြူရောင်ဝတ်စုံ ဝတ်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကျောင်းမြန်ထံသို့ ချဉ်းကပ်လာပြီး ပြော‌၏။

"ကောင်‌လေး မင်း ငါတို့ကို မေ့သွားခဲ့ရင်‌..ငါတို့က မင်းရဲ့စွမ်းရည်တွေကို ပြန်သတိပေးမှာပါ...."

ထို့နောက် ထိုလူသည် ကျောင်းမြန်သည် လည်ပင်းနောက်သို့ လက်ဝါးစောင်းဖြင့် ရိုက်ချလိုက်သဖြင့် နာကျင်မှုကို ခံစားလိုက်ရသည်။

..............

...............

"ခုနစ်လေး.... ခုနစ်လေး......"

"မင်း နိုးလာပြီလား.....!"

ကျောင်းမြန် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

အေးလိုက်တာ...........၊

အရမ်းအေးတာပဲ......။

ပတ်ဝန်းကျင်တစ်ခုလုံးသည် ဖြူဖွေးနေပြီး လေနှင့်နှင်းများက အရှေ့မှလမ်းကို မှုန်ဝါးစေသည်။

သူ့ရှေ့တွင် ကောင်လေးတစ်ယောက်ရပ်နေပြီး ကလေးတစ်ယောက်ဖြစ်ကြောင်း ထင်ရှား‌နေသော်လည်း သူ၏ခန္ဓာကိုယ် သေးသေးလေးဖြင့် ကျောင်းမြန်ရှေ့တွင် ပိတ်ရပ်ကာ လေ နှင့် နှင်းများကို ပိတ်ဆို့ရန် ကြိုးစားနေလေသည်။ 

"ရှောင်ကျစ် မအိပ်နဲ့...! မအိပ်နဲ့နော်....! ငါတို့ ဒါကို ကျော်လွှားနိုင်မှာပါ....!"

ကျောင်းမြန်သည် သူ့ခန္ဓာကိုယ်မှ အိပ်ငိုက်ခြင်းနှင့် မသက်မသာဖြစ်မှုကို မခုခံနိုင်‌သောကြောင့် မျက်လုံးကို မှိတ်ကာ အိပ်လိုက်လေသည်။

"မကြောက်နဲ့ မကြောက်နဲ့နော်... ငါ မင်းကို ခေါ်သွားမှာ သူတို့ မဖမ်းမိစေရဘူး..."

.................

"ခုနစ်လေး ၊ ထွေးထုတ်...ထွေးထုတ်လိုက်နော်...အဲ့ဒါဆို မင်း အဆင်ပြေသွားလိမ့်မယ်..." 

"မငိုပါနဲ့နော် အစ်ကို မင်းရဲ့ ဒဏ်ရာကို မှုတ်ပေးမယ်လေ...မှုတ်‌ပေးရင် မနာတော့ဘူးနော်"

ဒီတစ်ကြိမ် ကျောင်းမြန် မျက်လုံးကို ဖွင့်လိုက်ချိန်တွင် သေးငယ်ပြီး မှောင်မဲနေသော နေရာတွင် ရှိနေ‌ကြောင်းကို တွေ့ရှိခဲ့သည်။

"သူ" သည် သူ၏ဗိုက်ကို လက်နှစ်ဖက်ဖြင့် ဖိထားရင်း ငိုနေခဲ့သည်။

ဟုတ်သည်၊ ကျောင်းမြန်သည် သူ က‌လေးအရွယ်ကို ပြန်မြင်နေခဲ့ခြင်းဖြစ်သည်။

ကျောင်းမြန် ပဟေဋ္ဌိဆန်ဆန် ခံစားချက်ကို ခံစားလိုက်ရပြီး သူ၏မှတ်ဉာဏ်ထဲတွင် ထူးခြားမှုတစ်ခုရှိ‌နေသည်။ သူ့ရှေ့မှ ကလေးသည် သူကိုယ်တိုင်ဖြစ်‌ကြောင်း သေချာစွာ သိထားလေသည်။

သို့သော် ငယ်ငယ်တုန်းက သူနှင့် အခုလက်ရှိ သူတွင် ကွာခြားချက်တစ်ခုရှိနေသည်။

ငယ်စဉ်က သူ့ဆံပင်သည် အပြာရောင် ဖြစ်နေခြင်းဖြစ်သည်။

ဘာလို့လဲ........။

ရှောင်ကျောင်းမြန်သည် ယခုအချိန်တွင် ဘေးနားတွင် ဒူးထောက်ကာ ထိုင်နေပြီး သူ၏မျက်နှာဖွေးဖွေးတွင် နာကျင်မှုတချို့ကို ခံနိုင်ရည်ရှိနေသကဲ့သို့ တုန်လှုပ်နေပြီး ပဲစေ့အရွယ်‌လောက်ရှိသည် မျက်ရည်များ တလိမ့်လိမ့် ကျလာလေသည်။

"ရှောင်ကျစ် မကြောက်နဲ့နော်....." 

ကောင်လေးတစ်ယောက်သည် ကျောင်းမြန်အငယ်လေးကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျန်လက်တစ်ဖက်မှ လက်ညှိုးအား ကျောင်းမြန်၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။

"ထွေးထုတ်လိုက်....!" 

ကောင်လေးသည် အန်ချရန် ‌‌တိုက်တွန်း‌နေသည်။

"ဟင်း.....ဟင်း..."

"သူတို့ပေးခဲ့တာက အဆိပ်ပဲ....မင်းရဲ့ အဆိပ်ကို ခုခံနိုင်စွမ်းကို သူတို့ စမ်းသပ်နေတာ...ရှောင်ကျစ် ....မင်း လက်မခံနဲ့ ထွေးထုတ်လိုက်...."

"အကယ်၍ မထွေးထုတ်ဘူးဆိုရင် မင်းဒီည အိပ်မပျော်အောင် နာကျင်နေလိမ့်မယ်"

ရှောင်ကျောင်းမြန်သည် ရုန်းကန်ကာ ငိုနေခဲ့ရာမှ နောက်ဆုံး သည်းမခံနိုင်သည့်အဆုံးတွင် အော်ဟစ်လိုက်သည်။

အဆုံးတွင် ကျောင်းမြန်အငယ်လေးသည် ဖရိုဖရဲအခြေအနေတွင် ဘေးဘက်ရှိ နံရံကိုမှီကာ သတိလစ်သွားလေသည်။

ကျောင်းမြန်၏ မျက်လုံးများ အမှောင်ဖုံးသွားကာ မူးလဲသွားပြန်သည်။

ကျောင်းမြန် ထူးဆန်းသည်ဟု ခံစားနေရသည်။အဘယ့်ကြောင့်ဆိုသော် ကောင်လေးအား ငုံ့ကြည့်နေတတ်ပြီး သူ့အား အမြဲတမ်း ကာကွယ်ပေးတတ်သည့် အကိုကြီး၏ မျက်နှာသွင်ပြင်မှာ သူ့မှတ်ဉာဏ်ထဲတွင် အမြဲတမ်း မှုန်ဝါးနေသော ကြောင့်ဖြစ်သည်။
 
.....................

.....................

ကျောင်းမြန် မျက်လုံးများ ပြန်ဖွင့်လာသည့်အချိန်တွင် ထူးဆန်းသည့်ခံစားချက်များ ပျောက်ကွယ်သွားခဲ့သည်။

ကျောင်းမြန်သည် သူ့ခန္ဓာကိုယ်မှ ပြန်နိုးထလာကြောင်းသိလိုက်ချိန်တွင် အိပ်မက်မှနိုးလာကြောင်း သေချာစေရန် သူ့လက်ချောင်းများကို လှုပ်နိုင်ရန် ကြိုးစားခဲ့သည်။

ကျောင်းမြန်သည် သူ့လက်ချောင်းများနှင့် ခြေထောက်များမှ လွဲ၍ သူ့တစ်ကိုယ်လုံးအား မာကျောသော ခုတင်ပေါ်တွင် ရာဘာကြိုးများဖြင့် တွဲ၍ ချည်‌နှောင်ခံထားရသည်ကို ခံစားမိလိုက်ပြီး သူ့ခန္ဓာကိုယ်၏ မည်သည့် အစိတ်အပိုင်းကမှ မလှုပ်ရှားနိုင်သည့်အပြင် သူ၏မျက်လုံးများသည်လည်း အမှောင်ဖုံးနေလေသည်။

ကျောင်းမြန် သတိမထားမိလိုက်သည်မှာ သူ့ခေါင်းတွင် သံခမောက်ကဲ့သို့ လေးလံသည့် ကိရိယာတစ်ခု ရှိနေခြင်းဖြစ်သည်။

ကျောင်းမြန်သည် ကိရိယာများ၏ လည်ပတ်နေသည့်အသံနှင့် လူတစ်စုလမ်းလျှောက်လာသံကိုကြား‌နေရသော်လည်း မည်သည့်အရာကိုမှ မမြင်ရ‌‌ပေ။

"ဘယ်လို‌နေလဲ...."

"07 ရဲ့ ဒေတာတွေကတော့ ပုံမှန်အတိုင်းပါပဲ... ဒါပေမယ့် မှတ်ဥာဏ်လှုံ့ဆော်မှုကတော့ မအောင်မြင်ပါဘူး... 07 က ပြင်းထန်တဲ့ လှုံ့ဆော်မှုကြောင့် သူ ကလေးဘဝတုန်းက မှတ်ဉာဏ်တွေအကုန်ပျောက်သွားပြီးတော့ အခုလိုမျိုး ခဏခဏ သတိမေ့တတ်လာတယ်...ပြီး‌တော့ သူ ကလေးဘဝတုန်းက ကျွန်မတို့ သင်ပေးခဲ့တဲ့ စွမ်းရည်တွေအကုန် မေ့သွားပါတယ်.."

"ဒု...ဒုက္ခပါပဲ"

ကျောင်းမြန်၏ နှလုံးခုန်နှုန်း ရပ်တန့်သွား‌လေသည်။

'ဒါဆို....ငါ ငယ်ငယ်က Dark Phoenix ရဲ့ အဖွဲ့ချုပ်မှာရှိ‌နေပြီး သူတို့ရဲ့ အစမ်းသပ်ခံဖြစ်ခဲ့တာလား'

'အဲ့ဒီ့ အမှောင်ခန်းရယ် အစ်ကိုကြီးရယ်.....ပျောက်နေတဲ့ မှတ်ဉာဏ်တွေ အကုန်လုံးက Dark Phoenix နဲ့ အကုန် ပတ်သက်နေတာလား'

ကျောင်းမြန် ထိတ်လန့်သွား‌တော့သည် ။

"ဒါဆို ငါတို့က သူ့မှတ်ဉာဏ်ကို အတင်းလှုံ့ဆော်မှ ရတော့မှာပေါ့..."

အဘိုးအို၏ အမိန့်အဆုံးတွင် ကျောင်းမြန်၏ခေါင်းပေါ်ရှိ ခမောက်မှ လှိုင်းတစ်ချို့ထွက်လာသည်ကို ခံစားလိုက်ရပြီး သူ၏ဦးနှောက်အား တစ်စုံတစ်ယောက်မှ အတင်းဆွဲဖွင့်ကာ ဖျစ်ညစ်ထားသကဲ့သို့ ခံစားရကာ သူ့တစ်ကိုယ်လုံးကို နာကျင်စေသည်။

"အာ...ဟုတ်ကဲ့....!"

ကျောင်းမြန်သည် မောပန်းမှုကို ခံစား‌‌နေရပြီး သူ့လက်ဖဝါးများအား လက်သီးဆုပ်ထားပြီး လက်သည်းများက လက်ဖဝါးထဲသို့စိုက်ဝင်ကာ သွေးထွက်သည်အထိ တင်းကြပ်စွာ ဆုပ်ထားလေသည်။

"တီတီ....တီတီ..."

"အစီရင်ခံပါတယ်....အစမ်းသပ်ခံက စမ်းသပ်မှုကို ခံနိုင်ရည်ရှိပါတယ်...."

"ဒါဆို စမ်းသပ်မှုကို အရှိန်ထပ်မြှင့်.....!"

"အား......."

ကျောင်းမြန်၏ လက်များမှ သွေးများစီးကျလာပြီး နာကျင်မှုကြောင့် ငိုရုံသာ တတ်နိုင်ပြီး သည်းမခံနိုင်သည့်အဆုံးတွင် တိတ်ဆိတ်သွားလေသည်။ 

ကျောင်းမြန်သည် *သူ့ကိုယ်သူ ကိုက်မည်ကို စိုးရိမ်‌သောကြောင့် တစ်စုံတစ်ယောက်သည် သူ့ပါးစပ်ထဲသို့ အဝတ်စတစ်ခုကို ထိုးထည့်လိုက်သည်။

(T/N- *လျှာကိုက်လိုက်မှာဆိုးလို့ လို့ ထင်ပါတယ်)

ကျောင်းမြန်လည်း ထိတ်လန့်နေပြီး မျက်စိမှ ဘာမှ မမြင်ရသောကြောင့် ထို အနက်ရောင်အဝတ်စတွင် မျက်ရည်များ စိုရွှဲနေတော့သည်။

ဒါသည် အရေပြားပေါ်မှ နာကျင်မှုမဟုတ်သလို အတွင်းဘက် ဒဏ်ရာ၏ နာကျင်မှုလည်းမဟုတ်‌ပေ။သူ့ဦးနှောက်၏ အနက်ရှိုင်းဆုံးတစ်နေရာမှ နာကျင်မှုသည် သူ၏ နှလုံး နှင့် အဆုတ်တို့ကို ဆွဲဆုတ်နေသကဲ့သို့ စိတ်ဝိဉာဉ်လွတ်သွားသည်ဟုပင် အထင်မှားစေသည်။

ဦးနှောက်တစ်ခုလုံးသည် အလွန်မြင့်မားသော ဗို့အားများ‌ကြောင့် တုန်လှုပ်နေလေသည်။

ဤသည်မှာ အပြင်းထန်ဆုံး တိုက်ရိုက် လှုံ့ဆော်မှု ဖြစ်လောက်သည်။

"မဟုတ်ဘူး...07 ရဲ့ ခံနိုင်ရည်ရှိတဲ့ အသိစိတ်က သူ့မှတ်ဉာဏ်တွေကို ထိန်းချုပ်ဖို့ ဖြစ်ပေါ်လာတာပဲ...ပြောရမယ်ဆိုရင် အခု ငါတို့သူ့ကိုပေးထားတဲ့ လှိုင်းကို ထပ်မြှင့်လိုက်ရင် တစ်နှစ်စာလောက် မှတ်ဉာဏ်ကို ပြန်ရလာနိုင်တယ်...." 

"ဒါပေမယ့် ဒီအဆင့်ကို တကယ် တိုးလိုက်မယ်ဆိုရင် စမ်းသပ်ခံအတွက် အသက် အန္တရာယ်ရှိနိုင်တယ်လေ..." 

သူ့နားအနီးတွင် ငြင်းခုန်မှုတစ်ခုဖြစ်ပွားနေခဲ့သော်လည်း ကျောင်းမြန်၏ အသိစိတ်မှာ ပြန့်ကျဲနေကာ ၎င်းကို ဆက်မထိန်းထားနိုင်သောကြောင့် သတိလစ်သွားပြန်သည်။

------------------xxxx----------------------

"ဗိုလ်ချုပ်ကြီး...." 

ကတ်စပါသည် ဦးညွတ်လိုက်ပြီးပြောလိုက်သည်။

"ကျွန်တော် အသုံးမကျလို့ပါ..."

စီဆဲလ်သည် ကတ်စပါ့အား အမူအရာမဲ့စွာကြည့်လိုက်သည်။

ခဏလောက်ကြည့်ပြီးနောက်တွင် စီဆဲလ်သည် သူ့အား ဘာမှပြန်မပြောဘဲ ပင်မစစ်သင်္ဘော၏ စခရင်အား လှည့်ကြည့်လိုက်သည်။

စီဆဲလ်သည် B2တွင် ရှိနေစဉ် ရန်သူ၏အနေအထားကိုကြည့်ကာ ဤသည်မှာ ကျားကို တောင်‌ပေါ်မှ သွေးဆောင်ရန်အစီအစဥ်ဖြစ်ကြောင်းသဘောပေါက်သွားသဖြင့် ပင်မစစ်သင်္ဘောအား ဖက်ဒရယ်မြို့တော်သို့ပြန်လှည့်ရန် အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင် Dark Phoenix ၏ရည်ရွယ်ချက်မှာ မည်သည့်အရာဖြစ်ကြောင်း မည်သူ့ကိုဦးတည်နေမှန်း မြို့တော်တွင် ဘာလုပ်ချင်နေမှန်းမသိသေးသော်လည်း သူ၏စိတ်ထဲတွင် တုန်လှုပ်ချောက်ချားမှုကို ခံစားလိုက်ရသည်။ 

ရန်သူ၏ လှည့်စားမှုကို အတတ်နိုင်ဆုံး‌ ရှောင်ရှားပြီးနောက် အဖွဲ့ချုပ်ထံသို့ အမြန်ပြန်လာပြီးနောက်‌ သူပထမဆုံး လက်ခံလိုက်ရသည့် သတင်းမှာ ကျောင်းမြန်တွင် မတော်တဆမှုတစ်ခုဖြစ်ခဲ့သည့်။

ကျောင်းမြန်အား Dark Phoenix မှ ပြန်ပေးဆွဲခဲ့သည်။

ထိုအချိန်တွင် စီဆဲလ်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲပြီး တောင့်တင်းသွားသည်ဟု ခံစားလိုက်ရသည်။

ကတ်စပါသည် သူ့အားအခြေအနေများကိုပြန်တင်ပြခဲ့ပြီး အပြစ်ရှိကြောင်း ဝန်ခံခဲ့သော်လည်း သူ့တွင် စိတ်တိုရန် အချိန်မရှိခဲ့ဘဲ ကတ်စပါအားအမှတ် ၁၂ တပ်ဖွဲ့အား ပြန်လည်စုစည်းစေကာ ပင်မသင်္ဘောပေါ်သို့ လိုက်ပါလာစေခဲ့သည်။

အမြန်လိုက်မှရမည်.......။

ဤအချိန်တွင် စီဆဲလ်သည် ပင်မ သင်္ဘော၏ ထိန်းချုပ်ခန်းတွင်ရပ်နေပြီး လက်နှစ်ဖက်ကို ပိုက်ထားလျက် သူ့ရှေ့ရှိ အနက်ရောင်စခရင်အား ကြည့်နေလေသည်။

ကျောင်းမြန်သည် သူ့အား တည်နေရာ ပို့‌ပေးထား‌သော‌ကြောင့် ကျောင်းမြန်၏ တည်နေရာကို ခြေရာခံနိုင်‌သော်လည်း H5ဂြိုလ်သည် Dark Phoenix အတွက် ရင်းနှီး‌သောနေရာတစ်ခုဖြစ်ပြီး သူတို့သည် ကြယ်များကြားရှိ ဖြတ်လမ်းများကို အသုံးပြုခဲ့ကြသောကြောင့် စီဆဲလ်၏ စစ်တပ်သည် အချိန်ခဏအတွင်း အမှီ မလိုက်နိုင်ပေ။

"ဗိုလ်ချုပ်ကြီး......ကျွန်တော်.."

"ကောင်းပြီ၊ စကားမပြောနဲ့တော့...." 

စီဆဲလ် ဆက်ပြောလိုက်သည်။

"မင်း အကောင်းဆုံး လုပ်ခဲ့တာပဲ... အမှတ်၁၂ အဖွဲ့က လူတော်‌တော်‌များများလည်း ဒဏ်ရာအပြင်းအထန်ရထားလို့ ဆေးရုံပို့ထားရတာပဲ..."

စီဆဲလ်သည် အလွန်နွေးထွေးသည့် အပြုံးတစ်ခု ပြုံးထားသော်လည်း ထိုအပြုံးသည် ကတ်စပါအား ပြုံးပြနေခြင်း မဟုတ်ပေ။

Dark Phoenix.....

စီဆဲလ်သည် သူ့မျက်လုံးများကို မှိတ်လိုက်ချိန်တွင် သူ့ပတ်ဝန်းကျင်ရှိ လေထုဖိအားသည် အလွန်ကျဆင်းသွားပြီး ကတ်စပါသည် သူ့ဘက်သို့ ခေါင်းမလှည့်ရဲ‌ပေ။

"မင်းပြောတာ" 

စီဆဲလ်သည် အေးစက်စွာပြောလိုက်သည်။

"သူတို့ကဘာလို့ အာ့မြန်ကို ပစ်မှတ်ထားရတာလဲ...အရင်တစ်ခေါက်က အဆိပ်ကိစ္စတုန်းက အနက်ရောင်စာပဲသုံးခဲ့ပြီး အခုတစ်ခါကျမှ စစ်ဆင်ရေးတစ်ခုလိုလုပ်ပြီး ကျောင်းမြန်ကို ပြန်ပေးဆွဲသွားတယ်...ဒါဆို သူတို့ ပစ်မှတ်က ကျောင်းမြန် ကိုယ်တိုင် ဖြစ်နေမှန်း သိသာနေပြီ..."

"ကျွန်တော်မသိပါဘူး" 

ကတ်စပါသည် ခေါင်းငုံ့ကာပြောလိုက်သည်။

စီဆဲလ်သည် သူ၏လက်များကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီး သူ၏အကြည့်များသည် ရေရာမှုမရှိဖြစ်နေသည်။

"ဗိုလ်ချုပ်ကြီး..စိတ်ချပါ" 

စီဆဲလ်အားကြည့်ကာ ကတ်စပါ နှစ်သိမ့်လိုက်သည်။

"Dark Phoenix က ဗိုလ်ချုပ်ကျောင်းကို ဘာမှမလုပ်လောက်ပါဘူး...."

"အင်း......"

စီဆဲလ်သည် အောက်သို့ငုံ့ကာ တိုးတိုးလေးပြောလိုက်သည်။

"အကယ်၍ သူသာဆိုရင်..."

သူ၏ခန့်မှန်းချက်သာ မှန်ခဲ့ပြီး တကယ်ဖြစ်ခဲ့မည်ဆိုလျှင်.....တိုက်ဆိုင်မှုဆိုသည်မှာ ယုံကြည်စရာမရှိနိုင်ပါ။ 

ကျောင်းမြန်သာ အဲ့ဒီလိုလူဖြစ်‌နေခဲ့လျှင် စီဆဲလ် ဆက်မတွေးရဲတော့ပေ။

ဒီအချိန်တွင် စီဆဲလ်သည် Dark Phoenix မှ သူ့အားမည်သို့တုန့်ပြန်နိုင်သည်အား မစဉ်းစားနိုင်တော့သည်အထိ မစ်ရှင် ချောမွေ့စွာပြီးမြောက်စေရန်သာ သူ့စိတ်ထဲတွင်ရှိနေပြီး သူ့ခန္ဓာကိုယ်ထဲတွင် ဒေါသသွေးများဖြင့် ဆူပွက်နေလေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အာ့မြန်ကို ကယ်ဖို့က အဓိကပဲ..."

စီဆဲလ်သည် တစ်လုံးချင်း ထပ်ပြောလိုက်သည်။

"ဘယ်လောက် ကုန်ကုန်..."

"ဟုတ်ကဲ့......"

-----------------------------------------------------------------------