လက်ထပ်ပြီးမှ
ချစ်ကြမယ်
အပိုင်း
၁၇
ကျီမိသားစုနဲ့
သူမ ကြာကြာ မနေချင်တော့ပေ။ ဒီက ဘယ်မိသားစုဝင်ကိုမှ သူမ သဘောမကျပေ။ ဖန့်ရှောင်နွမ်က ဩဇာညောင်းတဲ့ သခင်ကြီးကျီ၊ ပျင်းဖို့ကောင်းတဲ့ ဖန်ချီ၊
နားလည်ဖို့ခက်တဲ့ ကျီခန့်တိတို့ကို ဘယ်လိုမှ ကောင်းကောင်း မဆက်ဆံတတ်တော့ဘူး။
ကျီလင်းချန်က
သူမရဲ့ ယောကျာ်း။ သေချာအောင်ပြောရရင် မိသားစုထဲမှာ သူတစ်ယောက်ကပဲ သူမနဲ့ အရင်းနှီးဆုံးသူ
ဖြစ်သင့်သည်။ ဒါပေမယ့် ကျီလင်းချန်ကလည်း ကျီမိသားစု မုန်းတဲ့သူဖြစ်နေသည်။ ဖန့်ရှောင်နွမ်က
အဲ့ဒီအကြောင်းကို သေချာစဉ်းစားပြီးသွားပြီ။ ဒီအိမ်တော်ကြီးထဲမှာ နေရတာထက် အခန်းကျဉ်းလေးငှားနေရတာက
ပိုပြီးတော့ သက်သောင့်သက်သာ ဖြစ်မယ်လို့ သူမ တွေးမိသွားသည်။
အိမ်ပြောင်းပြီးနေဖို့
ဖန့်ရှောင်နွမ် ဘယ်လောက်တောင် ဆန္ဒပြင်းပြနေလဲဆိုတာကို ကျီလင်းချန် သိနိုင်သည်။ သူရဲ့
စလုတ်က ရွေ့နေပြန်သည်။ “မင်း ငါ့ကို ဆေးရုံထိရောက်အောင် ဒေါသမထွက်သ၍ တခြားသူတွေကိုလည်း
သူတို့ကြိုက်သလို လုပ်လို့ရတယ်။” အဲ့လိုပြောပြီး နောက်လှည့်မကြည့်ဘဲ သူက လှည့်ထွက်သွားခဲ့သည်။
အဲ့ဒီအချိန်မှာ
ကျီလင်းချန်က တစ်နေ့ သူလက်ထပ်ထားတဲ့ မိန်းကလေးကြောင့် ဒေါသထွက်ပြီး ဆေးရုံရောက်နိုင်တယ်လို့
တစ်ခါမှပင် သူ မတွေးဖူးခဲ့ပေ။ ဖန့်ရှောင်နွမ်က သူ့မိသားစုကို စိတ်ဆိုးအောင်လုပ်ပြီး
ဆေးရုံတက်ရအောင် ဘယ်လိုလုပ်နိုင်မှာလဲဆိုပြီး စဉ်းစားနေသည်။
သူမကို
ထွက်သွားခွင့်ပေးပြီး အေးအေးဆေးဆေးနေလို့ရအောင် လုပ်ပေးလို့ရသည်။ 'လက်ထပ်ပြီး ကျီမိသားစုဝင်တစ်ယောက်ဖြစ်ရတာ
လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါ့ကြောင့် သူမကို ဘယ်လိုလုပ် ကျီမိသားစုအဖြစ် ပျော်ပျော်ရွှင်ရွှင်
နေခိုင်းရမှာလဲ?'လို့ ကျီလင်းချန်က သူ့ဘာသာသူ တွေးနေလေသည်။
စားပွဲဝိုင်းမှာ
သခင်ကြီးကျီက အိမ်စေရှင်းပြတာတွေကို မျက်မှောင်ကြုတ်ပြီး နားထောင်နေသည်။ ကျီမိသားစုရဲ့
အိမ်စေတွေကို သေချာလေ့ကျင့်ပေးထားတဲ့အတွက် အဲ့ဒီအိမ်စေ စကားတစ်လုံးတောင်မလွဲဘဲ ဖြစ်ပျက်ခဲ့တာတွေအကုန်ကို
ပြောပြလိုက်သည်။
“သူတို့
အဲ့လိုပြောခဲ့တာ မင်းသေချာတယ်နော်?” သခင်ကြီးကျီက အိမ်စေကို သေချာအောင်မေးလိုက်သည်။
အိမ်စေတစ်ယောက်က
ခေါင်းညိမ့်လိုက်သည်။ “သခင်ကြီး၊ ပထမသခင်မလေးနဲ့ ဒုတိယသခင်မလေးတို့ ပြောခဲ့တဲ့ အတိုင်းပါပဲ။”
“ပစ္စည်းတွေ
ပြန်ယူသွား၊ မင်းတို့လည်း သွားလို့ရပြီ။” သခင်ကြီးကျီက မျက်မှောင်ကြုတ်ပြီး ခိုင်းလိုက်သည်။
အိမ်စေတွေ အားလုံးထွက်သွားပြီး အိမ်တော်ထိန်းတစ်ယောက်ပဲ သူ့ဘေးမှာ ကျန်ခဲ့သည်။ “အစက
သူမကို နာခံတတ်ပြီး နှစ်သက်စရာကောင်းတယ်လို့ ထင်ခဲ့တာ။ ငါ့ကို စိတ်ဆိုးအောင် လုပ်မယ့်အရာကို
သူမ လုပ်လိမ့်မယ်လို့ ငါ မထင်ခဲ့ဘူး။”
သခင်ကြီးကျီ
ဘယ်သူ့ကို ရည်ညွှန်းပြီးပြောနေလဲဆိုတာကို အိမ်တော်ထိန်းသိသည်။ အခုမှ မိသားစုထဲရောက်လာတဲ့
ဖန့်ရှောင်နွမ်က လွဲပြီး တခြားသူ မဖြစ်နိုင်ဘူး။ အိမ်တော်ထိန်းက ကြားနေပြီး “သခင်ကြီး
ဒီကိစ္စက သာမန်မဟုတ်ဘူးလို့ မြင်မိပါတယ်။ ပထမသခင်မလေးက ဒုတိယသခင်မလေးနဲ့ ပတ်သတ်ပြီး
မနှစ်သက်တာ သိပေမဲ့ လူရှေ့မှာတော့ ဒုတိယသခင်မလေးကို စော်ကားပြောဆိုမှာ မဟုတ်ပါဘူး။
တစ်ခုခုကြောင့်သာ စိတ်မတိုခဲ့ရင် ပထမသခင်မလေးက ဒီလိုရိုင်းစိုင်းတဲ့စကားလုံးတွေသုံးမှာ
မဟုတ်ဘူး။ သူမကို နောက်ကွယ်ကနေ တစ်ယောက်ယောက်က သွေးထိုးပေးနေတယ်လို့ ကျွန်တော်ထင်တယ်။
ဒါပေမဲ့၊ တခြားဖက်ကကြည့်ရင် ဒုတိယသခင်မလေးက မိဘတွေကို အရမ်းချစ်တဲ့ မိန်းကလေးပါ။ အဲ့လိုမှမဟုတ်ရင်
သူမက ဒီမှာတောင်ရှိနေမှာ မဟုတ်ဘူး။ ပထမသခင်မလေးက သူမရဲ့ မိသားစုကို ပုတ်ခတ်ပြောခဲ့တယ်။
သူမက အသက်ငယ်ရွယ်ပြီး မစဉ်းစားတတ်သေးတဲ့အတွက် အဲ့ဒီလို တုံ့ပြန်လိုက်တာက သူမအသက်နဲ့စဉ်းစားရင်
ဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။" လို့ မျှမျှတတပြောပေးလိုက်သည်။
သခင်ကြီးကျီနဲ့
ဖန်ချီက ယောက္ခမနဲ့ ချွေးမဆက်ဆံရေးရှိလာတာ နှစ်နှစ်ဆယ် ကျော်နေပြီပင်။ သူက ဖန်ချီကို
သူ့ရဲ့ သမီးတစ်ယောက်လို့ပဲ သဘောထားသည်။ ဒါကြောင့် အိမ်စေရဲ့စကားတွေကို သူကြားတဲ့အခါမှာ
သခင်ကြီးကျီက အခုမှရောက်လာတဲ့ ဖန့်ရှောင်နွမ်ကို အရင်ပြစ်တင်ပြောဆိုတာပဲဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ်
မိဘတွေက သူတို့ရဲ့သားသမီးတွေ မှားတယ်လို့ ဘယ်တော့မှ မထင်ပေ။
ကံကောင်းစွာနဲ့
ကျီမိသားစုရဲ့ အိမ်တော်ထိန်းက ဉာဏ်ကောင်းပြီး ပါးနပ်သည်။ သူက အမြဲတမ်း မျှမျှတတပဲ ဆက်ဆံတတ်သည်။
သူက သေချာစဉ်းစားပြီး သခင်ကြီးကျီကို သေချာအောင် အဖက်ဖက်ကနေ တွေးပေး၊ ကြည့်ပေးတတ်ဖို့
သတိပေးလိုက်သည်။
“မင်း
ပြောတာမှန်တယ်၊ သွားပြီး စုံစမ်းချေ။ ဖန်ချီ အခုတလော ဘာလုပ်နေလဲ၊ ဘယ်သူနဲ့ တွေ့နေလဲ၊
ဘာတွေပြောခဲ့လဲဆိုတာ စုံစမ်းခဲ့။ တစ်ယောက်ယောက်ကသာ တမင်တကာ အမုန်းပွားအောင် လုပ်နေတယ်ဆိုတာကိုသာ
ငါသိရင်တော့၊ သူ့ကို ဒီတိုင်းလွှတ်မထားဘူး။” သခင်ကြီးကျီက အိမ်တော်ထိန်း ပြောတာတွေကို
သဘောတူပြီး စုံစမ်းဖို့အတွက် ခိုင်းလိုက်သည်။
အိမ်တော်ထိန်းက
“ဟုတ်ကဲ့၊ ကျွန်တော် အခုပဲသွားပြီး၊ စုံစမ်းလိုက်ပါမယ်။” လို့ ပြောလိုက်သည်။
ညမှောင်လာပေမယ့်
ကျီမိသားစုဝင်တွေတစ်ယောက်မှ ညစာမစားရသေးပေ။ ဖန့်ရှောင်နွမ်က ဗိုက်အရမ်းဆာနေပေမယ့် အောက်ဆင်းပြီး
သွားမစားရဲဘူးဖြစ်နေသည်။ သူမ မနက်ဖြန်အထိ အဆာခံနေဉီးမှာ။ သူမ ဆိုဖာကို ပြင်ဆင်ပြီး
စောင်ကိုဆွဲယူကာ နောက်ကျောမနာအောင် မှီထိုင်တဲ့ဟာကို ခေါင်းအုံးအဖြစ်လုပ်လိုက်သည်။
ဖန့်ရှောင်နွမ်ရဲ့
အဝတ်တွေက သူမရဲ့ အိတ်ထဲမှာပဲရှိသေးသည်။ သူမက ကျီမိသားစုရဲ့ အဝတ်ခန်းကို ဘယ်တုန်းကမှ
မသုံးခဲ့ဘူး။ သူမ ညအိပ်ဝတ်အင်္ကျီလဲပြီးတော့ မနက်ဖြန်ဝတ်မယ့် အဝတ်ကို ခေါက်ပြီး စားပွဲပေါ်တင်ထားသည်။
သူမ လှဲချပြီး အိပ်ဖို့ပဲလိုတော့သည်။
အိပ်ခန်းတံခါးပွင့်လာတော့
ဖန့်ရှောင်နွမ် မြန်မြန်ထထိုင်လိုက်သည်။ သူမက အရမ်းကို သတိထားပြီးနေနေသည်။ “ကျီလင်းချန်၊
ရှင် ဘာလို့ ပြန်လာတာလဲ?” တံခါးဖွင့်လိုက်တဲ့သူက အခန်းရဲ့ပိုင်ရှင် ကျီလင်းချန်ဖြစ်နေသည်။
သူတို့နှစ်ယောက်
လက်ထပ်ပြီးတည်းက ကျီလင်းချန်က ဒီအခန်းသစ်ထဲမှာ ဘယ်တော့မှမနေပေ။ သူက ပုံမှန် အဝတ်လဲဖို့ပဲ
လာလေ့ရှိသည်။ အဲ့အတိုင်းပဲ ဒီညလည်း သူက အဝတ်အစားယူဖို့ ပြန်လာခဲ့သည်။ အဲ့ဒါကိုသိတော့
ဖန့်ရှောင်နွမ် စိတ်အေးသွားသည်။ သူမက ဆိုဖာပေါ်လှဲလိုက်ပြီး အနားယူဖို့ ပြင်လိုက်သည်။
ကျီလင်းချန်က
“မင်းဘာလို့ အရင်နေ့ကတည်းက ဆိုဖာပေါ် အိပ်နေတာလား?” လို့မေးလိုက်သည်။
ဖန့်ရှောင်နွမ်က
“ဟုတ်တယ်လေ၊ ဘာဖြစ်လို့လဲ?”
ကျီလင်းချန်က
သူမကို အံ့ဩတကြီးနဲ့ ကြည့်လိုက်သည်။ ဖန့်ရှောင်နွမ်ကို ဆိုးဆိုးရွားရွား ဆက်ဆံဖို့ သူဘယ်တုန်းကမှ မတွေးခဲ့ဘူး။ ဆိုဖာကြီးပေါ်မှ အိပ်တယ်ဆိုတာထက်
သူမက ဆိုဖာကို သက်သောင့်သက်သာဖြစ်စေတဲ့ အိပ်ရာလို ဆင်ထားလိုက်သည်။
ကျီလင်းချန်
- “မင်းဘာလို့ အိပ်ရာပေါ်မှာ မအိပ်တာလဲ?”
ဖန့်ရှောင်နွမ်က
ပြောလိုက်သည်။ “မင်္ဂလာဦးညမှာပဲ ကျွန်မတို့ ရန်ဖြစ်ထားတယ်။ ကျွန်မသာ အိပ်ရာပေါ်မှာအိပ်ပြီး
ရှင့်ကို ဆိုဖာပေါ်အိပ်ခိုင်းရင် ရှင် ကျွန်မကို ပစ်ချင်၊ ပစ်ထုတ် ပစ်မှာပေါ့"
ကျီလင်းချန်က
“မင်း ငါ့ကို ကြောက်တယ်ဆိုတာတောင် ငါ မသိခဲ့ဘူး။”လို့ ပြောလိုက်သည်။