သူဌေးကတော်ဖြစ်ရတာထက်
လွယ်တာရှိသေးရဲ့လား
အပိုင်း
၄
[
ရွှီယန်ယုရဲ့အသားရေက ရွှေနဲ့လုပ်ထားတာလား။တကယ်အံဩစရာကြီး]
[ဒီလိုဘ၀မျိုးတော့
တကယ်အားကျတယ်။ ငါ ငိုနေပါပြီ]
[တကယ်ကြီးလား။
လိမ်နေတာမလား။]
ရောက်လာတဲ့ဖန်များအားလုံး
essence ပုလင်းတွေရဲ့ဈေးနှုန်းကြောင့် မယုံနိုင်ဖြစ်ပြီး လန့်ကုန်ကြ၏။ဈေးနှုန်းက တကယ်ကြီး
ဖြစ်နိုင်လို့လား။
[ငါ
လိုင်းပေါ်မှာ ရှာကြည့်လိုက်တော့ skin care ပစ္စည်းများ၏ပါ၀င်ပစ္စည်းများမှာ တကယ် ဈေးကြီးပြီး
ဒါကတော့ တကယ်လက်ဖွာခြင်းပင်။ ဒါက တစ်ခါသုံးဈေးနှုန်းဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း ကော်လဂျင်
Aetea က high molecular protein ဖြစ်ပြီး အသားအရေကိုဖြည့်တင်းပေးတဲ့နေရာမှာ တော်တော်လေး
ကောင်းမွန်သည့် ပစ္စည်းဖြစ်သည့်အတွက် သုံးလေလေ မင်းအသားအရေအတွက် ကောင်းလေလေပဲ။]
[အားကျရတာတောင်
ပင်ပန်းလာပြီ။ ရွှီယန်ယုရဲ့ဘ၀က မိန်းကလေးတွေရဲ့အိမ်မက်ပဲ။]
[ဘာပဲဖြစ်ဖြစ်
ရွှီယန်ယုကတော့ ကျန်းချင်ယွင်ကို ...&.....&]
တစ်ချို့မကောင်းတဲ့မှတ်ချက်တွေကတော့
ထုတ်လွှင့်မှုကနေ ဖျက်ပစ်ခံရ၏။
ထိပ်တန်းခန္ဓာကိုယ်
အလှအပ ထိန်းသိမ်းရေး အဖွဲ့ဖြစ်တဲ့အတွက် အလှအပရေးရာ ပစ္စည်းကိရိယာတွေ သုံးတဲ့အခါမှာ
တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင်ရှိပြီး ၀ယ်သူတွေကို ဆက်ဆံသည့်နေရာမှာလည်း အလွန်ကောင်းမွန်လေသည်။
လုပ်ငန်းစဉ်တစ်ခုခုလုံးက
တော်တော်လေး တန်ဖိုးကြီးသည်မှာ အံ့ဩစရာဖြစ်သည်။
ရွှီယန်ယု၏
အသားအရေမှာ ကောင်းမွန်ပြီးသားဖြစ်သော်လည်း ခေတ်မီ စက်ကိရိယာတွေနဲ့ သေချာလေးဂရုစိုက်သည့်အတွက်
အသားအရေမှာ အတော်လေး ကြည်လင်လှသည်။
သူမ၏လက်မောင်းမှာ
အစက်အပြောက် တစ်ခုတောင်မရှိပေ။ သူမ၏အသားအရေမှာ လေပြင်းတိုက်ရင်တောင်ထိခိုက်နိုင်ပြီး
ကလေးအသားအရေလေးကဲ့သို့ ချောမွေ့နေပြီး တိုဖူးလေးနဲ့ပင် တူလှသည်။ ဒီလိုပြည့်စုံတဲ့ခန္ဓာကိုယ်အား
ဘယ်သူကမှ ငြင်းပယ်နိုင်မည်မဟုတ်ချေ။
ပထမဆုံး
ပြုလုပ်မည့်အရာများက မျက်နှာ ပြီးတော့ ခန္ဓာကိုယ် လည်ပင်း လက်သည်းခြေသည်းနှင့် ဆံပင်တို့ဖြစ်သည်။
ဈေးကြီးတဲ့ essence ပုလင်းအပြင် တခြားအလှအပရေးရာ ပစ္စည်းဈေးနှုန်းများမှာလည်း မနည်းချေ။
အလှအပရေးရာ
ကျွမ်းကျင်သူတွေရဲ့လုပ်ဆောင်ချက်များအောက်မှာ ကြည့်ရှုသူအားလုံး အချိန်နှင့်အမျှ ကျရှုံးနေကြတော့သည်။
ဆံပင်အတွက်
သုံးသည့်ပစ္စည်းများအား ကြည့်မယ်ဆိုရင် ဆံပင်သန့်စင်သည့်ဂျယ်လ်၊ ခေါင်းလျှော်ရည်၊ဆံပင်ပေါင်းဆေး၊
ဆံပင်အားဖြည့်ဆီများ၊ နှိပ်ဆီ၊ နှိပ်ခရင်မ်နှင့် ဆံပင်အတွက် ပရိုတင်း ဒါတွေကလည်း ဈေးကြီးပစ္စည်းများဖြစ်သည်။
တစ်စုံလုံးစာတန်ဖိုးမှာ ယွမ်ငါးသောင်းလောက်ရှိပြီး ဆံပင်နူးညံ့ချောမွေ့စေရန်အသုံးပြုသည့်ကိရိယာများမှာ
ယွမ် တစ်မီလီယမ်လောက်တန်သည်။
အလှအပထိန်းသိမ်းသည့်
အဆင့်က များလေလေ အသုံးပြုရသည့် ပစ္စည်းပမာဏ များလေလေဖြစ်သည်။ အသားဖြူအောင်၊ ရေဓာတ်ပြည့်အောင်၊
အသားအရေ တင်းရင်းအောင်၊ အာဟာရပြည့်အောင်၊ အဆိပ်အတောက်ကင်းအောင် စသည်ဖြင့်ပြုလုပ်ရသည့်အဆင့်များ
အများကြီးရှိလေသည်။
တစ်ခါသုံးသည့်
အလှအပ ထိန်းသိမ်းရေးပစ္စည်းတန်ဖိုးမှာ တစ်မီလီယမ်လောက်ရှိသည်။
ရွှီယန်ယုရဲ့
ခန္ဓာကိုယ်ထိန်းသိမ်းမှုလုပ်ခြင်းက သာမန်လူတွေ လိုက်လုပ်နိုင်သည့် အနေအထားမဟုတ်ပေ။
သူမ၏အသားအရေမှာ
ပိုက်ဆံပုံကြီးဟုပင် သတ်မှတ်နိုင်၏။
အသားအရေ
ထိန်းသိမ်းမှု ပြီးသွားသည့်တိုင်အောင် ကြည့်ရှုသူများမှာ အံ့ဩနေကြဆဲဖြစ်သည်။ အသားအရေ
ဂရုစိုက်မှု ပြီးသွား၍ အင်္ကျီလဲလိုက်သောအခါ အလွန်ပင်ကြည့်ကောင်းနေ၏။
သူမဟာ
အိပ်ခန်းထဲမှ မိတ်ကပ်မလိမ်းဘဲထွက်လာပြီး လျှောက်လမ်းမှ အလင်းများက သူမပေါ်ဖြာကျနေသည်မှာ
အလွန်ပင်ကြည့်ကောင်းလှသည်။ သူမ၏ အသားအရေက ကြည်လင်နေပြီး ဖောက်ထွင်းပင်မြင်နိုင်သကဲ့သို့
ဖြစ်နေသည်မှာ နတ်သမီးအလားပင်ဖြစ်သည်။
ဒါကအသက်ရှုမှားလောက်ဖွယ်
မြင်ကွင်းဖြစ်ပြီး စကားလုံးနှင့် ဖော်ပြရန်ပင် ခက်ခဲလေသည်။
ဖြူဖျော့သော
အသားအရေနှင့် သူမ၏ ပုံစံမှာ ပကတိကြည်လင်နေပြီး သူမ၏ ကွဲထွက်နေသော ပုံစံအား လူတွေကို
တွေ့မြင်စေသည်။
ရွှီယန်ယု၏ပုံစံဟာ
အံ့မခန်းဖြစ်၍ ကြည့်ရှုသူများဟာ သူ့အလှမှာမြောပြီး ဘာစကားမှမပြောနိုင်တော့ပေ။
[လှလိုက်တာ
လှလိုက်တာ မမလေးရွှီရယ် မင်းက ငါ့ရဲ့တစ်ဦးတည်းအစ်မပဲ]
[အလှအပစံနှုန်းမြင့်တာကြောင့်
မင်းကအသားအရေဂရုစိုက်ဖို့ ပိုက်ဆံသုံးတယ်ဆိုရင် တန်ပါတယ်။ သူမရဲ့ရုပ်ရည်က အာမခံမှုရှိတာပေါ့]
တိုက်ရိုက်ထုတ်လွှင့်မှု
ပြီးသည်နှင့် ရွှီယန်ယုရဲ့အလှအပထိန်းသိမ်းခြင်းခေါင်းစဉ်က နာမည်ကြီးသွားပြန်၏။
ရှာဖွေမှု
1234530000 ခုရှိပြီး ရွှီယန်ယုနဲ့ ကျန်းချင်ယွင်အားရှာဖွေမှုမှာ 423.89 မီလီယမ်သာရှိသည်။
လူရှာဖွေမှုပမာဏမှာ တော်တော်လေး ကွာခြားပြီး အလှအပထိန်းသိမ်းခြင်းအကြောင်းကိုပင် အာရုံစိုက်နေကြသည်။
ကျန်းချင်ယွင်၏ အကြောင်းမှာ စိတ်၀င်စားမှုမရှိတော့ချေ။
ကျန်းချင်ယွင်၏
ဖန်များမှာ ရွှီယန်ယုအားဆက်တိုက်ပြောနေကြပြီး အရင်က သူမလုယူခဲ့သည်အတွက်တောင်းပန်ရန်ပြောနေကြသည်။
သူမငြင်းဆိုသည်နှင့်
အင်တာနက်ပေါ်မှာ ဆဲရေးနေကြသည်။
ရွှီယန်ယုရဲ့စာမျက်နှာမှာ
ဓာတ်ပုံတင်ခဲ့သည်။ ထိုပုံများမှာ ဖုန်း၏ မူရင်းကင်မရာနှင့် ရိုက်ထားသောပုံများဖြစ်သည်။
ထိုပုံများသည်
အနီးကပ်ဆွဲကြည့်လျှင်တောင် သူမ၏ မျက်နှာမှာ ပြောင်းလဲသွားမှုမရှိပေ။ တအားလှတာပဲ။
အစီအစဉ်မှာ
မြင်ရတဲ့အလှက တအားကိုတည်ငြိမ်တာပဲ။
[တကယ်လှတာပဲ]
[ဝိုးးးးးးးးးးးး]
ကျန်းချင်ယွင်မှာ
ရွှီယန်ယု၏ အင်တာနက်မှာပေါ်မှ ပုံတင်သည့် တုံ့ပြန်မှုသာရရှိသည်။ သူမ မမျှော်လင့်ထားသည်က
လိုင်းပေါ်တွင် ပုံတင်၍တုံ့ပြန်လိမ့်မည်ဟူ၍ပင်။
ဒါက
သူမကိုရူးစေသည်။
ရွှီယန်ယုက
သူမခန္ဓာကိုယ်အား ဂရုစိုက်ပြီး ပေါ့ပေါ့ပါးပါးနှင့်ပင် ဓာတ်ပုံရိုက်တင်လိုက်သေးသည်။
သူ ဘယ်လိုတောင် စိတ်အေးနိုင်ရတာလဲ။ ငါကတော့ ဒေါသထွက်ရင်းသေတော့မယ်။
မုရှောင်သည်
ဘေ့စ်ဘော၀တ်စုံကို ၀တ်ဆင်ထားပြီး အိမ်သို့ပြန်လာခဲ့သည်။ အိမ်တော်ထိန်း ပြောသည်က သူ့မိထွေးသည်
ဒီနေ့ဈေး၀ယ်ထွက်ပြီး ပစ္စည်းတွေအများကြီး ၀ယ်ခဲ့သည်ဆိုတာပင်။
သူက
အံဩစွာဖြင့်" ဟမ်"
"သခင်လေး
ဒီပစ္စည်းတွေ ထည့်ပေးပါစေ"ဟု အိမ်တော်ထိန်းမှပြောကာ ၀န်ထမ်းများအားခေါ်လာပြီး
ပစ္စည်းများအား မုရှောင်ရှေ့တွင် ဖွင့်ပြသည်။
"ဒါတွေအကုန်လုံး
မစ္စရွှီ သခင်လေးအတွက် ၀ယ်ပေးတာပါ"
မုရှောင်
မျက်မှောင်ကျုံ့မိလိုက်၏။ ဒီမိန်းမသည် သူမနေ့က ဒဏ်ရာရ၍ ပြန်လာကတည်းက ထူးဆန်းနေပြီး
သူ့မိထွေးရွှီယန်ယုအား သူရှောင်ချင်နေတုန်းပင်။
ရွှီယန်ယု
သူ့အတွက် ၀ယ်ပေးထားသည်ကိုကြားသည့်အခါ ချက်ချင်း မနှစ်မြို့သည့်ပုံစံနှင့် ပြောလိုက်ချင်ပေမယ့်
အသံအား ထိန်းလိုက်ပြီး " ငါ သူ၀ယ်ပေးတာတွေမလိုချင်ဘူး "
အိမ်တော်ထိန်းမှ
သခင်လေးပြောသည်အား ကြားသည်နှင့် "မဒမ်ကပြောတယ် ဒါက မင်းအဖေ ရှာထားတဲ့ပိုက်ဆံနဲ့၀ယ်ထားတာ
အဲ့တော့ မင်းလုပ်ချင်တာ လုပ်လို့ရတယ်။ ဒါပေမဲ့ မင်းလက်မခံဘူးဆိုရင် မင်းက ပိုက်ဆံကိုရေလိုဖြုန်းတာပဲ။
မင်းလို လင်ပါသားမျိုးရှာသွားပြီ တဲ့။"ဟုပြောလေသည်။
မုရှောင်မှာ
ဒေါသထွက်သွားရ၏။ အိမ်အကူကိုင်ထားသည့် ဘေစာရွက်အားကြည့်သည့်အခါ ပို၍ပင်ဒေါသထွက်သွားရသည်။
ဒီမိန်းမက ပိုက်ဆံအလွန်အသုံးအဖြုန်းကြီးသည်ပင်။
အဓိကက
သူ့ကိုသူဖော်ပြလိုက်တာပဲ။ သူ့ဘ၀မှာ ဒီလောက် အသုံးအဖြုန်းကြီးသည့် မိန်းမမျိုး မမြင်ဖူးပေ။
ရန်လိုတဲ့အပြုအမူတွေ မရှိတော့တဲ့အခါမှ အိမ်တော်ထိန်းသည် အစေခံများအား အမိန့်ပေးလိုက်ပြီး
"သခင်လေး မလိုချင်ရင် မစ္စရွှီရဲ့ညွှန်ကြားချက်အတိုင်း သူ့သူငယ်ချင်းတွေရဲ့ ကလေးတွေကို
ပေးရမှာပါ။ ဒီပစ္စည်းတွေက တန်ဖိုးရှိတယ်။ သူ့သူငယ်ချင်းတွေရဲ့ကလေးတွေသာရရင် သဘောကျပြီး
အရမ်းပျော်မှာတဲ့"ဟုပြောလေသည်။
မုရှောင်မှ
ချက်ချင်းပင် ဒေါသထွက်လာကာ "ဘယ်သူကမလိုချင်ဘူးပြောလို့လဲ။ ငါ့အခန်းထဲ ထည့်လိုက်"
ဟုပြော၏။
သခင်လေးမှာ
ဒေါသထွက်ထွက်နှင့် အစေခံများအားအမိန့်ပေးပြီးနောက် အပေါ်ထပ်သို့ တက်သွားလေသည်။သူသတိမထားမိလိုက်သည်က
အစေခံများ၏ မျက်နှာမှအပြုံးကိုပင်။ မစ္စရွှီသည် သခင်လေးအကြောင်းအား ကောင်းကောင်းသိလေသည်။
မုရှောင်မှာ
တစ်ခုခုအား စဉ်းစားမိသည်ထင်သည်။ ပြေးဆင်းလာပြီး အိမ်တော်ထိန်းအား ပြောလေသည်။
"ဒီပိတ်ရက်
တိုက်ကွန်ဒိုသင်တန်းရှိလား"
အိမ်တော်ထိန်းမှ
အံ့ဩသွားကာ သခင်လေးက သခင်မစီစဉ်သည်ကို အမြဲတမ်းဆန့်ကျင်သည်မဟုတ်လား။ ဘာလို့ရုတ်တရက်ကြီး
မေးတာပါလိမ့်။
"တကယ်လို့သာ
တိုက်ကွန်ဒိုသင်တန်းတက်မယ်ဆိုရင်
ဘေ့စ်ဘော၊
ပန်းချီ၊ စားပွဲတင်တင်းနစ်၊ တင်းနစ်၊ ရေကူး၊ လက်ရေးလှ၊ ဂီတ၊ စကားပြော၊ တရုတ်၊အင်္ဂလိပ်၊
စပိန် အဲ့သင်တန်းတွေကို ပိတ်ရက်နားလိုက်ပြီး စနေနေ့ကို စာရင်းသွင်းလိုက်တော့ ဆောင်းရာသီရော
နွေရာသီပိတ်ရက်ရောပါ ကျွန်တော်တက်မယ်"
မုရှောင်ပြောလိုက်သည်နှင့်
အိမ်တော်ထိန်းမှာ အရင်ကအကြောင်းများအား တွေးမိသွားသည်။ အရင်က သခင်လေးသည် ဂစ်တာ၊ ပီယာနို၊
လျှပ်စစ်ဂစ်တာ အပြင် တခြားတူရိယာတွေပါ သင်ကြားနေသော်လည်း သခင်လေးမှာ ထိုအရာတွေအား စိတ်မ၀င်စားချေ။
အိမ်တော်ထိန်းမှ
စကားမပြောသောကြောင့် မုရှောင်မှမျက်မှောင်ကျုံ့ပြီး " ဒီသင်တန်းတွေက ဈေးကြီးသည်ဆိုရင်တောင်
သူသုံးတဲ့ပိုက်ဆံလောက်တော့ မများပါဘူး။ ခင်ဗျား၀မ်းသာသင့်တယ်။"
အိမ်တော်ထိန်းမှ
ဘာမှမပြောတော့ဘဲ ပြုံး၍ထွက်သွားလေသည်။
မမျှော်လင့်ထားသည်မှာ
မုရှောင်မှာ ရွှီယန်ယုအားစိတ်ဆိုးသော်လည်း သူပေးသည့်ပစ္စည်းများအားယူခဲ့သည်။ သူ အခန်းသို့ပြန်ရောက်၍
စမ်း၀တ်ကြည့်သည့်အခါ အကုန်လုံးက သူ့ sizeတွေ ချည်းဖြစ်ပြီး သူ့အကြိုက် brand များဖြစ်သည်။
အကုန်လုံးမှာ
လိုအပ်သည့် အားကစားပစ္စည်းများဖြစ်ပြီး အသစ်ထွက်ထားသည့် အားကစား အ၀တ်စား ဖိနပ်များဖြစ်သည်။
အမှန်တိုင်းပြောရရင်
သူဖွင့်ကြည့်လိုက်သည့်အခါ နည်းနည်း အံ့ဩသွားရသည်။ သူ သေချာမသိပေမယ့်လို့ ဒါက ရွှီယန်ယု
၀ယ်ပေးသည်ဆိုတာကိုတော့ မယုံပေ။
အဲ့မိန်းမကို
အိမ်တော်ထိန်းက သူ့အကြိုက်နဲ့ ခန္ဓာကိုယ်အတိုင်းအားပြောပြထားခြင်း ဖြစ်နိုင်သည်။ ဒီမိန်းမ
သူ့ဘာသာသိသည်တော့ မဖြစ်နိုင်ပေ။
မုရှောင်သည်
သူ့မိထွေးမှ ဖြုန်းတီးသည်ဟု မထင်ပေမယ့် သူမအား အနည်းငယ်တော့ ဆန့်ကျင်ချင်သေး၏။
သူသည်
၀ယ်ပေးသည့်ပစ္စည်းများထဲမှ ခေတ်ဆန်သည့်အပြာရောင် ဘေ့စ်ဘော၀တ်စုံအား တွေ့လိုက်သည်။ အမှန်တိုင်းပြောရရင်
သူဒီ၀တ်စုံအား လိုင်းပေါ်မှာတွေ့တည်းက လိုချင်နေတာဖြစ်ပြီး ဒီပစ္စည်းပုံထဲတွင်ပါလိမ့်မည်ဟု
မထင်ပေ။
အဲ့၀တ်စုံအား
လက်မှမချဘဲ ကိုင်ထားမိပြီး အနည်းငယ်အကြာမှတော့ သူဖြည်းဖြည်းချင်း ၀တ်ကြည့်လိုက်၏။
၀တ်ကြည့်ပြီးသည့်နောက်
မှန်ကြည့်လိုက်သည့်အခါ မုရှောင်သည် သူ့ကိုယ်သူ အတော်လေး ချောသည်ဟု တွေ့လိုက်၏။
သူသည်
ပြန်သင့်မြတ်ချင်နေသော အတွေးအား မြန်မြန်ပင်ရုတ်သိမ်းလိုက်ပြီး သူ့အဖေရှာသမျှ ပိုက်ဆံအား
အဲ့မိန်းမ အသုံးအဖြုန်းကြီးနေသည်ကို လက်ခံမည်မဟုတ်ပေ။