Chapter 27
Viewers 4k

🤒အခန်း ၂၇


CW: Past attempted rape (not on main character)



ဆေးရုံတွင် ယွမ်ရှောင်ကျိုးက ကုတင်ပေါ်၌ထိုင်နေ၏။ ဒေါသထွက်စွာဖြင့် လူတစ်ယောက်နှင့်ဖုန်းပြောနေခဲ့သည်။


"အကောင့်ဟက်ခံလိုက်ရလို့၊ သေစမ်း၊ မင်းတို့ကောင်တွေ အမည်မဖော်တဲ့အကောင့်မျိုးမသုံးကြဘူးလား၊ အကောင့်ဟက်ခံလိုက်ရလောက်တဲ့အထိ မင်းတို့လုံခြုံရေးက စောက်သုံးမကျဘူးလား၊ မင်းတို့ကောင်တွေငါ့ကို ငတုံးလို့ထင်နေကြတာလား..."


တဖက်လူက စတင်ပြီးအကြောင်းပြချက်ပေးလာခဲ့သည်။ ယွမ်ရှောင်ကျိုးက 'ဖာ့ခ်' အော်ပြီး ဖုန်းချလိုက်၏။ နောက်ဆုံးတွင် ဖုန်းကို ကြမ်းပြင်ပေါ်ရိုက်ခွဲပစ်လုနီးပါးဖြစ်သွားခဲ့သည်။


ဖုန်းကနောက်တကြိမ်ထပ်မြည်လာပြန်သည်။ သူ စိတ်မရှည်စွာဖြင့်ဖွင့်ကြည့်လိုက်သည့်အခါ တဖက်လူက "သက်သေ" အားပေးပို့လာသည်ကိုတွေ့လိုက်ရလေသည်။


ဝင်ကြည့်လိုက်သည်နှင့် ပိုင်ဆိုင်သူအကောင့်တွင် ရုပ်ပုံတစ်ပုံက ရုတ်ချည်းပေါ်လာခဲ့လေသည်။ [ဆိုက်ဘာရဲတွေက သင့်ကိုစောင့်ကြည့်နေပါတယ်]


ယွမ်ရှောင်ကျိုး: "......"


<ယွမ်ရှောင်ကျိုး> ဒီ အင်္ဂလိပ်စာတန်းကြီးက ဘာကိုပြောချင်တာလဲဟ။


ပြန်စာက ချက်ချင်းပေါ်လာခဲ့သည်။ ဘာသာပြန်မှာ: <ဆိုက်ဘာရဲများကသင့်ကိုစောင့်ကြည့်နေပါတယ်>


ယွမ်ရှောင်ကျိုး: "......"


သူနားမလည်နိုင်တော့ပေ။ သူ့ဘက်မှ ရှောက်မင်ကို သင်ခန်းစာပေးချင်ရုံသာ။ ဘာလို့ဒီလောက်တောင် ကရိကထများရတာလဲဟ။


ခန္ဓာကိုယ်ချင်းယှဥ်တိုက်ရာတွင် သူ မနိုင်ခဲ့ပေ။ ယခု လှည့်စားကြည့်လိုက်သော်လည်း ရှောက်မင်ကိုကူညီမည့်သူက ဝုန်းခနဲထွက်လာပြန်သည်။


ဒီဟက်ကာက ဘယ်သူလဲဟ။


ယွမ်ရှောင်ကျိုး နီရဲနေသောမျက်လုံးများဖြင့် ရုပ်ပုံကိုကြည့်နေပြီး နောက်တစ်ခါအရှုံးမခံချင်စိတ်ကို ပြင်းပြင်းပြပြခံစားလိုက်ရသည်။


'ဟီး၊ ဒီတစ်ခုကိုပဲချက်ချင်းဖျက်လိုက်နိုင်တာမလား၊ မင်းတို့အကောင့်ဘယ်နှခုလောက်ကိုတားမလဲဆိုတာ ငါစောင့်ကြည့်နေပါဦးမယ်'


သူ လင့်ခ်တစ်ခုကိုဖွင့်ကြည့်လိုက်သည်။ သူ့အားအမြဲ ဖားနေတတ်သောကျောင်းသားလေးတစ်ယောက်၏အကောင့်ကို ဖိုရမ်တွင်ရှာတွေ့သွားပြီး နောက်ထပ်ကျောင်းဖိုရမ်ထဲကိုဝင်ကြည့်လိုက်သည်။


ပိုက်ဆံနဲ့ငှားထားတဲ့လူက စိတ်မချရမှတော့ ကိုယ်တိုင်ပဲလုပ်ရတော့မှာပေါ့။


သူကား တထပ်တည်းတူညီသောအရာမျိုးကိုလုပ်ခဲ့သည်။ ရှောက်မင်၏နို့လက်ဖက်ရည်ဆိုင်ကို မဟုတ်မမှန်သတင်းဖြန့်လိုက်ခြင်းပင်။


၎င်းဆောင်းပါးက အာရုံစိုက်စရာဖြစ်သွားပြီး ဖိုရမ်တွင် ဆွေးနွေးပွဲက အကြိတ်အနယ်ဖြစ်လာလေသည်။ ပို့စ်တင်ပြီးသည်နှင့် ဖိုရမ်တွင်၎င်းအား ပိုဖြန့်ပေးမည့်လူတစ်ယောက်ကို အားချင်းရှာဖွေလိုက်သည်။


[ကျောင်းစာနတ်ဘုရားရဲ့မိသားစု နို့လက်ဖက်ရည်ဆိုင်က ပါဝင်ပစ္စည်းတွေမှာ ဘိန်းတွေပါတယ်လား။ မဖြစ်နိုင်လိုက်တာ။]


[ငါသူတို့ရဲ့နို့လက်ဖက်ရည်ဆိုင်ကိုရောက်ဖူးတယ်။ ငါဆို အန်တောင်အန်မိတော့မလို့။ ဘာလို့ဒီလောက်စီးပွားဖြစ်နေလဲမသိဘူး]


[ငါ့မှာသိထားတော့အများကြီးမရှိပါဘူး။ ဒါပေမဲ့ ရှောက်မင်ရဲ့အမေက ဝိုင်ရောင်းပြီး သူ့အမေကသူ့ကို အသက်ဆယ့်ရှစ်နှစ်လောက်မှာမွေးခဲ့တာတဲ့၊ အဲဒီသတင်းကဂျူနီယာအထက်တန်းကျောင်းမှာတောင် မပြန့်ခဲ့ဘူးတဲ့၊ မသိသေးတဲ့သူရှိသေးလား...]


[ဒီလိုမျိုးပြစ်မှုကိုကျူးလွန်တာက သူတို့အတွက်ပထမဆုံးအကြိမ်မဟုတ်တော့ဘူး၊ ရှောက်မင်ရဲ့အရင်စီးပွားရေးတုန်းကလည်း ဆေးတွေမိပြီး ရပ်လိုက်ရတာလေ၊ အခုလည်း နို့လက်ဖက်ရည်ထဲကို opioid တွေထည့်တာက ပုံမှန်လိုဖြစ်နေပြီပဲမဟုတ်ဘူးလား.."


အောက်ဘက်မှ ပို့စ်များကမူ ရှောက်မင်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားကြခြင်းသာဖြစ်လေသည်။


ရှောက်မင်ကို ကာကွယ်ပြောပေးနေသူများရှိသော်လည်း á€Ąá€„ဟိုးတကဟဎးဖဟင်အ အုပ်စုလိုက်အပုပ်ချနေကြသူများနှင့်ယှဥ်လိုက်သည့်အခါ သူတို့၏ခုခံမှုက သေးငယ်လွန်းနေသေးသည်။


ယွမ်ရှောင်ကျိုးက မှတ်ချက်များကိုဆွဲချပြီး ပို့စ်ကို ရှားယန်နှင့်အတူ မျှဝေလိုက်သည်။


သို့သော်လည်း ဖိုရမ်ကိုပြန်သွားလိုက်သည့်အခါ ပို့စ်က ဖုန်းမျက်နှာပြင်ပေါ်မှပျောက်သွားခဲ့သည်။


ပို့စ်ကဘာလို့ပျောက်သွားတာလဲ။


ဘယ်သူဖျက်လိုက်တာလဲ။


ယွမ်ရှောင်ကျိုးမှာ ခဏတွင်းချင်းပင် WeChat မှတဆင့် ကျောင်းသားကောင်စီမှအသိတစ်ယောက်ကို ဆက်သွယ်ရန်လုပ်လိုက်သော်လည်း ဖုန်းခေါ်လိုက်သည်နှင့် ချက်ချင်းကျသွားခဲ့သည်။


ဖုန်းပေါ်တွင်ပေါ်နေသည်က [ဆက်သွယ်၍မရနိုင်ပါ။]ဟူ၏။


ယွမ်ရှောင်ကျိုး: "???"


သူ့ဖုန်းနဲ့အင်တာနက်သုံးနေတာတောင် သောက်ရမ်းလိုင်းကောင်းနေတဲ့ဟာ။ ဘယ်လိုလုပ်လိုင်းပြတ်သွားရတာလဲ။


သူ ဖုန်းမျက်နှာပြင်၏ အပေါ်ဘယ်ဘက်ထောင့်ကိုလှမ်းကြည့်လိုက်သည်။ တိုင်က အနည်းငယ်သာပြနေရာမှ ချက်ချင်း ကြက်ခြေခတ်ဖြစ်သွားလေသည်။


No signal.


ယွမ်ရှောင်ကျိုး: "......."


ဟိုတယ်ထဲတွင် ကျူးထုန်က via chat ၏ဥက္ကဌကို ကျေးဇူးတင်နေလေ၏။


<ဥက္ကဌ> : ငါ့ကိုကျေးဇူးတင်စရာမလိုပါဘူး။ ကျောင်းဖိုရမ်ကိုတည်ထောင်ထားခဲ့တာက ကျောင်းသားတွေအချင်းချင်း အသိပညာတွေကိုဖလှယ်နိုင်ဖို့ပါ။ စောင့်ကြည့်ဆာဗာက လွတ်နေခဲ့တာကြာပြီ။ မင်းသာသတိမပေးရင် ဖိုရမ်က မီးဟုန်းဟုန်းတောက်တော့မှာ။ ပြုပြင်ဖို့တောင် ပိတ်ချလိုက်ရတော့မှာ။


ကျူးထုန်က ရိုးရိုးရှင်းရှင်းပင်တုံ့ပြန်ပြီး ဖုန်းကိုပိတ်လိုက်သည်။


ကျောင်းဖိုရမ်ကိုပိတ်လိုက်ပါက အတင်းပြောချင်နေသူများလည်း အချိန်တစ်ခုအထိ ပွဲရှာနိုင်တော့မည်မဟုတ်ပေ။


ကျူးထုန်အတွက်မူ အိမ်စာများကိုအပြီးသတ်လုပ်ရန်သာ လိုအပ်လေသည်။ သူသည် သင်္ချာအစမ်းမေးခွန်းစာအုပ်နှင့် ရူပဗေဒလေ့ကျင့်ခန်းစာအုပ်ကိုဖွင့်လိုက်၏။


အချိန်အနည်းငယ်ကြာစာလုပ်ပြီးသည့်နောက် ကော်ဖီတစ်ခွက်က စားပွဲပေါ်တွင်ရုတ်တရက်ပေါ်လာခဲ့သည်။


ဦးလေးလျိုက ကော်ဖီခွက်ကိုသူ့အရှေ့တွင်ချပေးလာရင်း စိတ်ရှုပ်ထွေးနေဟန်ဖြင့်မေးလာလေသည်။ 


"သခင်လေး၊ ဘာလို့ ဆေးရုံကကောင်လေးရဲ့ဆက်သွယ်ရေးလိုင်းကို ဖျက်ခိုင်းရတာလဲ..."


ကျူးထုန် ခေါင်းမော့ပြီးပြန်ဖြေလိုက်၏။

 "ဖျက်လိုက်ပြီလား.."


"ဒါပေါ့၊ သခင်လေးခိုင်းတာနဲ့ တတ်နိုင်သလောက် ကျွန်တော်ကချက်ချင်းလုပ်ပေးမှာပဲကို..."


ကျူးထုန်က မရှင်းပြနေဘဲခေါင်းသာညိတ်လိုက်သည်။ 

"ဒါဆို နောက်တစ်ခုလောက်ထပ်ကူညီပေးပါဦး၊ အဲဒီနေ့က ရဲစခန်းပို့လိုက်တဲ့လူဆိုးတွေကိုရော လွှတ်လိုက်ပြီလား..."


သူ့သခင်လေးကို အနိုင်ကျင့်လုဆဲဆဲလုပ်ခဲ့ကြသော လူဆိုးများအကြောင်းကိုပြောလိုက်မိသည့်အခါ ဦးလေးလျို၏မျက်နှာက ခဏတွင်းချင်းမည်းမှောင်သွားခဲ့သည်။ 

"ဘယ်လွှတ်ပေးပါဦးမလဲ..."


'သူတို့သာသခင်လေးကိုအနိုင်ကျင့်ရဲရင် ထောင်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်လို့မပြီးမချင်း အပြင်ကနေကို ဘယ်တော့မှမမြင်စေရဘူး'


ကျူးထုန်က သင်္ချာစာအုပ်ကို အေးဆေးလှန်နေရင်း တည်ငြိမ်စွာပင်ပြန်ဖြေလိုက်သည်။ 

"ဒါဆို သွားပြီး သူတို့ကိုပြန်ထုတ်ပေးလိုက်ပါ..."


ဦးလေးလျို: "......"


"Oh..ကျွန်တော်ရော သူတို့ကိုလိုက်တွေ့လို့ရလား..."


ဦးလေးလျို: "!!!"


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သခင်လေး၊ ဒီလိုအန္တရာယ်ရှိတာမျိုးတွေမလုပ်ရဘူးလို့ ကျွန်တော်ဘယ်နှခေါက်တောင်ပြောခဲ့ပြီးပြီလဲ..."


ကျူးထုန်က သူ့စကားကို လေပြည်အေးလေးဖြင့်ဖြတ်ပြောလိုက်သည်။

 "ဦးလေးလည်း ကျွန်တော်နဲ့ အဖော်လိုက်ခဲ့လို့ရပါတယ်၊ ဦးလေးလည်း သူတို့ကျွန်တော့်ကို အနိုင်ကျင့်တာကိုတော့ ရပ်ကြည့်မနေဘူးမလား..."


"......"


ဦလေးလျိုမှာ စိတ်လှုပ်ရှားလွန်း၍ ကိုယ့်စိတ်ကိုယ်ပင်မထိန်းနိုင်ဖြစ်သွားရလေသည်။


'ဘယ်နှစ်ရက်ရှိပြီလဲ၊ သခင်လေး ကုန်းရွှေစီရင်စုကို ရောက်လာတာဘယ်နှစ်ရက်ရှိပြီလဲ'


သခင်လေးက သူ့ကို အနားမှာနေဖို့ခွင့်ပြုပေးတာ ဒီတစ်ခါက ပထမဆုံးအကြိမ်ပဲ။


ဦးလေးလျိုက အကြောင်းအရင်းကိုပင်မမေးတော့ပေ။ ကျူးထုန်ကို ကြင်နာတတ်လွန်းသည်ဟုပင်ထင်လိုက်သေးသည်။


သူကား ခေါင်းညိတ်ပြပြီးပြောလိုက်ရလေ၏။


 "ဟုတ်ပါပြီ၊ ကျွန်တော်အခုပဲသွားလိုက်ပါ့မယ်..."


အခန်းတံခါးက ပိတ်သွားခဲ့ပြီး ကျူးထုန်က ပြည့်သူ့ဆေးရုံ၏ ကြမ်းပြင်မှမျက်နှာကျက်အထိရှည်သောပြတင်းပေါက်မှတဆင့် အပြင်ကိုကြည့်လိုက်လေသည်။ ထို့နောက် ခေါင်းငုံ့ကာ သင်္ချာမေးခွန်းကိုသာဆက်ဖြေနေလိုက်၏။


သူသိသလောက်မေးခွန်းများကို ရွေးချယ်ပြီးသည့်နောက် မဖြေနိုင်သည့်မေးခွန်းများကိုမူ ရှောက်မင်ထံပို့ပေးလိုက်လေသည်။


အပြင်ဘက်မှာ ပကတိမှောင်နေပြီဖြစ်သော်လည်း နို့လက်ဖက်ရည်ဆိုင်ထဲတွင်မူ လူများဖြင့်လှုပ်ရှားနေဆဲဖြစ်လေသည်။


နို့လက်ဖက်ရည်ဆိုင်ထဲတွင် ရှောက်မင်က စားပွဲထိုးဝတ်စုံကိုဝတ်ထားပြီး ဆိုင်မှာ နောက်တကြိမ် လူရှပ်လာပြန်လေသည်။


လော့ရှိုးက ကောင်တာရှိကွန်ပျူတာရှေ့တွင်ထိုင်ရင်း ရှောက်မင်၏တောင်းဆိုချက်အရ ဂျူနီယာအထက်တန်းမှ စုဆောင်းထားသောသက်သေများကိုရှင်းထုတ်နေရလေသည်။ ယွမ်ရှောင်ကျိုးက အတန်းဖော်များကို အနိုင်ကျင့်ခဲ့ပြီး သူကျောင်းတွင် စိတ်ရှိတိုင်းထင်တိုင်းကြဲနိုင်အောင် ဆရာများကိုပင်လာဘ်ထိုးထားခဲ့သေးသည်။


၎င်းသက်သေတစ်ခုတည်းနှင့်တော့ ယွမ်ရှောင်ကျိုးကို ပြင်းထန်သည့်အပြစ်မျိုးပေးနိုင်မည်မဟုတ်ပေ။


လူထု၏အမြင်ကိုပါစုစည်း၍ရသော်လည်း ထိုအကြောင်းပြချက်အတွက်ဆိုလျှင် ယင်းက လုံလောက်ပြီဖြစ်၏။


ယွမ်ရှောက်ကျိုး အမှတ် ၁ အလယ်တန်းကျောင်းတွင် မဆင်မခြင်လုပ်နေနိုင်သည့်အကြောင်းအရင်းမှာ သူ့ဦးလေးက ပညာရေးဌာနမှလက်ထောက်ဒါရိုက်တာဖြစ်နေပြီး ထိပ်တန်းအရာရှိဖြစ်နေသောကြောင့်ပင်။


ဂျူနီယာအထက်တန်းမှ အထက်တန်းရောက်သည်အထိ ထိုသူကယွမ်ရှောင်ကျိုး၏ ဇာတ်ရှုပ်များကိုလိုက်ရှင်းပေးခဲ့သည်။


ယွမ်ရှောင်ကျိုး၏မိဘများက ကုန်းရွှေစီရင်စုတွင် လူချမ်းသာစာရင်းဝင်ကြသည်။ ယွမ်ရှောင်ကျိုး ပြဿနာရှာတိုင်း သူတို့သားမပါရအောင်ထိန်းသိမ်းနိုင်ကြသည်။ ထိုသူတို့က နစ်နာသူကိုရှာဖွေပြီး နောက်ကွယ်တွင် ပိုက်ဆံဖြင့်ဖြေရှင်းလိုက်ကြ၏။


နစ်နာသူက ၎င်းကိစ္စကို မဖော်သရွေ့ ကျောင်းကလည်းယွမ်ရှောင်ကျိုးကို အပြစ်မပေးကြပေ။ ပြီးလျှင် သူတို့၏ဂုဏ်သတင်းမှာလည်း နယ်နယ်ရရမဟုတ်လေရာ "ငွေထုပ်ကြီး" ကို ကန်ထုတ်လိုက်စရာအကြောင်းမရှိ။


သို့သော်လည်း ဆိုးရွားသည့်အရာများလုပ်ထားခဲ့လျှင် နောက်ဆုံး၌ သင်္ဘောကနစ်မြုပ်မည်သာ။


ရှင်းလင်းနေစဥ် လော့ရှိုးတစ်ယောက် ကြိတ်မနိုင်ခဲမရပြောနေပြန်၏။ 


"ယီးပဲ၊ အဲဒီကောင်က ဂျူနီယာအထက်တန်းမှာ မိန်းကလေးတစ်ယောက်ကို အားသုံးပြီးအနိုင်ကျင့်ရဲခဲ့တယ်၊ မအောင်မြင်လိုက်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ လူငယ်ထိန်းသိမ်းရေးစင်တာကိုမပို့လိုက်ခဲ့ကြဘူး..."


ရှောက်မင်ကသူ့အား ခန့်မှန်းရခက်သောအကြည့်မျိုးဖြင့် တစ်ချက်သာကြည့်လာလေသည်။


လေ့ာရှိုးကမူဆက်ပြောနေဆဲ။ 

"ဒီလိုအမှိုက်သရိုက်ကောင်ကို လူငယ်ထိန်းသိမ်းရေးထောင်ထဲကိုပို့ပေးလိုက်ရမှာ၊ မင်ကော၊ ငါ့ရဲ့ဖြောင့်မတ်တဲ့အတွေးအခေါ်အရဆိုရင်လေ အဲဒီကောင်ကို နှစ်ခါလောက်ရိုက်ရုံနဲ့တော့မပြီးဘူး၊ အဲဒီမြေးလေးကို ထောင်ထဲမပို့ခင် တစ်ခါလောက်အခွင့်အရေးရှာပြီး သမရအောင်..."


ရှောက်မင်: "သူ့ကိုရိုက်ဖို့လိုတယ်လို့မင်းထင်လား..."


လော့ရှိုး: "....."


ယွမ်ရှောင်ကျိုးကဲ့သို့ မကြံ့ခိုင်သော်လည်း ရန်လိုတတ်သူက သူ့ရန်ဖက်များထံမှ အကြိမ်ပေါင်းများစွာထိုးကြိတ်ခံခဲ့ရဖူးမှန်း ဖော်ပြနေလေသည်။ သို့ဖြစ်၍ ၎င်းနည်းလမ်းတစ်မျိုးတည်းက ထိုသူကို အနည်းငယ်မျှပင်တားနိုင်မည်မဟုတ်ပါချေ။


ထိုသူက ရှောက်မင်ကို တိုက်ရိုက်၍ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကြိမ်ပေါင်းများစွာဒုက္ခပေးခဲ့ပြီး တစ်ကြိမ်လေးမျှပင်မအောင်မြင်ခဲ့သော်လည်း အရှုံးလည်းမပေးခဲ့ပေ။


ထိုက်သင့်သလောက်တော့ဝီရိယရှိသည်ပင်။


"ကျစ်" လော့ရှိုးက မျက်မှောင်းတင်းတင်းကြုတ်ကာ ကျစ်သပ်လိုက်ရင်း ဖုန်းကိုထုတ်လိုက်သည်။ ဖိုရမ်ပေါ်မှ "လူထုအမြင်" ကိုသိချင်သောကြောင့် ဖိုရမ်ကိုနှိပ်ကြည့်လိုက်၏။


ပြီးနောက် သူအံ့အားသင့်သွားလေတော့သည်။ 

"ဟမ်..."


ရှောက်မင်က စပ်စုသလိုလှမ်းကြည့်လာသည်။


လော့ရှိုးကဖုန်းကိုထိုးပြပြီး ပြောလာသည်။ 

"ကျောင်းက ဖိုရမ်ကိုပြန်လည်ပြုပြင်ဖို့ဆိုပြီး ပိတ်ပစ်လိုက်တယ်၊ မင်ကော၊ ကျောင်းကောင်စီမှာ မင်းနောက်လိုက်နေတဲ့သူရှိမယ်လို့မထင်ထားမိဘူး..."


ရှောက်မင်: "......"


ကျောင်းကောင်စီမှာ သူသိတဲ့သူတစ်ယောက်မှမရှိပါဘူး။


တိုက်ဆိုင်လွန်းနေသည်မဟုတ်ပါလား။


ကျောင်းဖိုရမ်ကို နောက်ကျလွန်းမနေလို စောလွန်း၍လည်းမနေဘဲ ယွမ်ရှောင်ကျိုး သူ့ကိုပစ်မှတ်ထားနေသည့်အချိန်တွင်မှ ပြုပြင်နေသည်လား။


သို့သော်လည်း ယွမ်ရှောင်ကျိုး သူ့ကိုပစ်မှတ်ထားနေသည်မှာ ဤတစ်ကြိမ်က ပထမဆုံးမဟုတ်တော့ပါချေ။ ယခင်က ဖိုရမ်ကိုအုပ်စိုးခဲ့သူမှာ ယွမ်ရှောင်ကျိုးသာဖြစ်၏။ ထိုအချိန်က အဘယ်ကြောင့်များ ကျောင်းကမကိုင်တွယ်ခဲ့သည်လဲ။


ပိတ်သွားသောဖိုရမ်ကိုကြည့်ပြီး ရှောက်မင်၏အတွေးထဲတွင် လူတစ်ယောက်က ရုတ်ချည်းပေါ်လာလေသည်။


ရုတ်တရက်ပင် ဖုန်းကအဆက်မပြတ်တုန်ခါလာခဲ့သည်။ ရှောက်မင်က ဖုန်းထုတ်ပြီးကြည့်လိုက်၏။ သူ့ပါးစပ်ထောင့်များက ကွေးညွတ်သွားခဲ့သည်။


<ရှောက်>: ပုစ္ဆာမတွက်တတ်ပြန်ဘူးလား။


<ကျိုး>: အင်း။


<ရှောက်>: အပြီးတင်ရမယ့်ရက်က မနက်ဖြန်မဟုတ်သေးဘူး။ မနက်ဖြန်မှငါမင်းကို ကျောင်းမှာရှင်းပြမယ်။


ခဏအကြာမှ လက်ခံသည့်စာတိုတစ်စောင်ပြန်ရောက်လာလေ၏။


ရှောက်မင်က သူ့ပရိုဖိုင်ပုံကိုကြည့်ရင်း တွေးနေမိလေသည်။ 

'ကျူးထုန်များလား'


ဝယ်သူတစ်ယောက်က ကောင်တာအနားရောက်လာပြီး သူ့အတွေးတို့ကိုနှောင့်ယှက်လိုက်လေသည်။


ရှောက်မင်က စတိုးဆိုင်ထဲတွင် အလုပ်များနေချိန် ကျူးထုန်ကမူ အန်ကယ်လျိုထံမှမက်ဆေ့ချ်ရပြီး အောက်ထပ်သို့တန်းဆင်းသွားလိုက်သည်။


ဟိုတယ်၏ မြေအောက်ကားပါကင်တွင် လူအိုကြီးက လူဆိုးအုပ်စုအား တိတ်တဆိတ်ငွေချေနေမှုကိုအပြီးသတ်လိုက်၏။


နောက်တနေ့နံနက်အစောပိုင်း၌ ယွမ်ရှောင်ကျိုးက ဆရာဝန်၏ကနဦး ဆွေးနွေးချက်ကိုငြင်းဆန်ခဲ့ပြီး အဖေဖြစ်သူအား သူဤနေရာမှလွတ်မြောက်စေရန် ကိုင်တွယ်ပေးမည့် လူတစ်ယောက်ကို ရှာဖွေခိုင်းခဲ့သည်။


တစ်ညလုံး အင်တာနက်မသုံးရ၍ သူ့ခမျာ ငြီးငွေ့ရလွန်းပြီးပေါက်ကွဲသွားတော့မည်။


ဒီလိုဆေးရုံအကောင်းစားကြီးမှာ ဘာလို့ တိုင်လေးတစ်တိုင်တောင်မမိရတာလဲ။


ပိုထူးဆန်းတာက သူနေတဲ့တစ်နေရာမှာပဲ လိုင်းမမိတာ။


သူနာပြုကို လူနာခန်းပြောင်းပေးရန် မည်မျှပင်ပြောပါစေ၊ 'တိုင်မမိခြင်း' က သူ့အနောက်ကို အရိပ်လိုလိုက်နေခဲ့သည်။ သရဲအခြောက်ခံနေရသလိုပင်။


သူ ဆေးရုံမှဆင်းကာ လိုင်းမိသည့်နေရာတစ်ခု၌ ကျောင်းဖိုရမ်ကိုဖွင့်ကြည့်နိုင်ရန် မစောင့်နိုင်တော့ပေ။


ရှောက်မင်၏ လတ်တလောအဖြစ်အပျက်ဟူသမျှကို သူကြည့်ချင်နေသည်။


ဖိုရမ်ပေါ်တွင် ရှောက်မင်ကိုဝိုင်းပြီးဆဲဆိုနေကြမည့်ပုံကိုတွေးမိသည်နှင့် သူစိတ်သက်သာသွားပြီး အူမြူးနေခဲ့သည်။ ရှောက်မင် တက်နင်းသွားသည့်နေရာကလည်း မနာကျင်တော့ပေ။ သို့ရာတွင် သူဖိုရမ်ကိုဖွင့်လိုက်သည်နှင့် ကြေညာချက်တစ်စောင်ကိုတွေ့လိုက်ရသည်။


[အခုအချိန်မှစပြီး ဖိုရမ်ကိုပြန်လည်ပြုပြင်ဖို့ ပိတ်သိမ်းထားပါမည်။ ပြုပြင်ပြီးမည့်အချိန်ကို နောက်ပိုင်း၌အသိပေးသွားပါမည်။]


ယွမ်ရှောင်ကျိုး: "......"


သူကား ကျောင်းသားကောင်စီဝင်တစ်ယောက်ကို ဖုန်းခေါ်ရန် နှိပ်လိုက်သော်လည်း တဖက်ကဖုန်းမကိုင်မှီ ရုတ်တရက် လူအများအပြားကသူ့အားဝိုင်းလာခဲ့သည်။ ထိုအထဲတွင် ရင်းနှီးနေသည့်မျက်နှာများလည်းပါနေ၏။


ခေါင်းဆောင်က ယွမ်ရှောင်ကျိုးရှိရာထံသို့ ဖြည်းဖြည်းချင်းလျှောက်လာလေသည်။ သွားကြားထဲတွင် မီးညှိထားသောစီးကရက်တစ်လိပ်ကိုပါကိုက်ထားသေး၏။


"သခင်လေးယွမ်၊ မတွေ့ရတာကြာပြီနော်၊ ဘယ်လိုလဲ၊ ကျွန်တော်တို့ကိုမှတ်မိသေးရဲ့လား၊ ညီအစ်ကိုရဲ့..."


သူတို့ကိုမြင်သည့်အခါ ယွမ်ရှောင်ကျိုးအံ့ဩသွားခဲ့သည်။ အသံကျယ်ကျယ်ဖြင့်ပင် ထုတ်မေးမိသွား၏။ 

"မင်းတို့တွေ ဘယ်လိုနည်းနဲ့ထွက်လာကြတာလဲ..."


သူက ကျူးထုန်ကိုသင်ခန်းစာပေးရန် လူဆိုးတစ်အုပ်ကိုငှားခဲ့သည်။ အာမခံဖြင့်ထုတ်ပေးရန် အကြိမ်ပေါင်းများစွာကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ လုပ်တိုင်းမအောင်မြင်လေရာ သူလည်း ထပ်ပြီးဂရုမစိုက်မိတော့။


ဒါဆို အခု အာမခံဘယ်လိုရတာလဲ။


လူဆိုးကောင်က နှာမှုတ်လိုက်သည်။ 


"အေး..ငါလည်း ဘယ်လိုလွတ်လာလဲဆိုတာကိုပဲသိချင်နေတာ..."


ယွမ်ရှောင်ကျိုး ရုတ်ချည်း မျက်မှောင်ကြုတ်မိသွားခဲ့သည်။


ထို့နောက် လူဆိုးအချို့ကလက်ထဲမှ သစ်သားတုတ်တံနှင့်စတီးပိုက်များကို ထုတ်လိုက်ကြသည်ကို သူတွေ့လိုက်ရ၏။


သူ့မျက်ဆံအိမ်များက ရုတ်တရက်ကျုံ့ဝင်သွားကာ ထိတ်လန့်သည့်စိတ်အခြေအနေထဲသို့ကျရောက်သွားခဲ့သည်။ 


"မင်းတို့ဘာလုပ်ချင်နေတာလဲ..."


လူဆိုးခေါင်းဆောင်က လက်ထဲမှသတ္တုတုတ်တံကို လွှဲရိုက်နိုင်သည်အထိရှည်အောင် ဆွဲဆန့်လိုက်သည်။ ပြီးနောက် ယွမ်ရှောင်ကျိုးအနားကို တစ်လှမ်းချင်းကပ်လာလေ၏။ 


"သခင်လေးယွမ်၊ မင်းက ညီအစ်ကိုတွေအပေါ်ကိုအရမ်းကြင်နာတတ်တော့ မင်းကိုဖုံးကွယ်မနေတော့ပါဘူး၊ လူတစ်ယောက်က မင်းအတွက်ဆေးရုံစရိတ်တွေပေးထားတယ်၊ ငါမင်းကိုရွေးချယ်စရာပေးမယ်၊ မင်းခြေထောက်နဲ့မင်း ဆေးရုံကိုပြန်မလား၊ ငါတို့ပြန်ပို့ပေးရမလား..."


ယွမ်ရှောင်ကျိုး အနောက်ကို တစ်လှမ်းဆုတ်လိုက်မိသည်။ ကြောက်ရွံတုန်လှုပ်မှုက သူ့နှလုံးသားထဲသို့ပျံ့နှံ့စိမ့်ဝင်လာလေ၏။


'ဆေးရုံစရိတ်တွေပေးထားတယ်၊ ဘာအဓိပ္ပါယ်လဲ...'


သူ သူ့ဖုန်း "လိုင်းမမိ" သည့်ကိစ္စကို ရုတ်တရက်တွေးမိသွားခဲ့သည်။ မနာကျင်ရသော်လည်း ယားကျိကျိဖြစ်နေသည့်နေရာမှာ ကုတ်ခြစ်နိုင်စွမ်းမရှိဘဲ တစ်ညလုံးအောင့်အီးသည်းခံနေခဲ့ရသည့်အတိုင်းပင်။ ရုတ်တရက် ခေါင်းထဲတွင် အလင်းတစ်ချက်ပွင့်သွားခဲ့သည်။ အံ့ဩထိတ်လန့်မှုများဖြင့် မျက်လုံးအစုံကပြူးကျယ်သွားရလေ၏။ 


"ဘယ်သူလဲ၊ မင်းတို့ကိုဘယ်သူကဒီလိုလုပ်ခိုင်းတာလဲ၊ မနေ့ကဆေးရုံမှာ လိုင်းဖြတ်လိုက်တာမင်းလား..."


"ဟေး၊ လိုင်းဖြတ်လို့ရတာလား၊ လူကုံထံတွေမှာ လှည့်ကွက်မျိုးစုံရှိတာပဲကွ..." 

လူဆိုးတစ်ယောက်က အံ့အားသင့်စရာတွေ့သွားသလို ပြောလာလေသည်။


'လူချမ်းသာတွေ'


သူ့အတွက်တော့ ထို "လူတန်းစားခွဲခြားသည့်စနစ်" က အထိမခံသည့်အရာဖြစ်သဖြင့် လူချမ်းသာများကို ဘယ်သောအခါကမှရန်မစဖူးပါချေ။ ဤစီရင်စုတွင် သူ့မိသားစု၏ ပိုင်ဆိုင်မှုက ကြွယ်ဝသောကြောင့် သူ့ထံတွင် ညှိနှိုင်းစရာအများအပြားရှိသည်။ ရိုးရှင်းစွာဆိုရလျှင် သူသာ လူများကိုထောင်ထဲထည့်လိုက်ပါက အခြားသူများအနေဖြင့် အာမခံဖြင့်ထုတ်ပေးနိုင်မည်မဟုတ်တော့ချေ။


သို့သော်လည်း ဤလူမိုက်အုပ်စု၏ အဖြစ်အပျက်ကမူ...


ဘယ်က လူကုံထံလဲ။ သူဘယ်သူ့ကိုသွားပြီးနှောင့်ယှက်မိလိုက်လို့လဲ။


ယွမ်ရှောင်ကျိုးမျက်နှာမှာ သွေးဆုတ်သွားလေသည်။ 


"ကျူးထုန်၊ ကျူးထုန်ခိုင်းတာလား..."


လူဆိုးများက သူတို့တုတ်များကို အသင့်မြှောက်ထားလိုက်ကြသည်။


ယွမ်ရှောင်ကျိုးလည်း ပျာယာခတ်သွားလေ၏။


 "သူကမင်းတို့ကို ဘယ်လောက်ပေးထားလို့လဲ၊ ငါမင်းတို့ကိုနှစ်ဆပေး...Ah.."


လူဆိုးက နှာမှုတ်လိုက်သည်။ 

"တောင်းပန်ပါတယ်၊ သခင်လေးယွမ်၊ သူငါတို့ကိုပေးသလောက် မင်းမပေးနိုင်မှာကိုတော့စိုးရိမ်ပါတယ်..."


စကားဆုံးသွားသည်နှင့် တုတ်အရှည်က ယွမ်ရှောင်ကျိုး၏ပုခုံးပေါ်ကို တန်းပြီးကျလာခဲ့သည်။


မနက်ပိုင်း ခပ်စောစောအချိန်တွင် အသည်းခိုက်ဖွယ်အော်ဟစ်လိုက်သံက ကောင်းကင်အထိတိုင်အောင် ပဲ့တင်ထပ်သွားခဲ့သည်။


"ဖာ့ခ်၊ သနားစရာလေး၊ သူ့နှာခေါင်းရိုးကျိုးသွားပြီ၊ မျက်နှာလေးကလည်း ဖူးယောင်နေတာပဲ၊ ဖြတ်သွားတဲ့ငါတောင်မကြည့်ရဲတော့ဘူး..."


"ဟီး...သူနဲ့တန်တာပဲလေ၊ အဲဒါပြန်ပေးဆပ်ရတာပဲ၊ သူ့ကို တစ်ယောက်ယောက်က သင်ခန်းစာပေးပါစေဆိုပြီး ငါ့မှာဆုတောင်းနေခဲ့ရတာ၊ အခုတော့ ငါ့ဆန္ဒတွေ တကယ်ဖြစ်လာခဲ့ပြီ..."


"ဘယ်သူတွေကလုပ်တာလဲ၊ အရင်က ယွမ်ရှောင်ကျိုးပိုက်ဆံပေးထားတဲ့လူမိုက်တွေလား..."


"ဘယ်သူသိမှာလဲ၊ သူကကျောင်းမှာ ထိန်းမရသိမ်းရလူလေ၊ အဲဒါကြောင့် သူ သံပန်းကန်ပြားကိုသွားကန်လိုက်မိတာတော့သေချာတယ်၊ မကောင်းတဲ့လူကိုမကောင်းတဲ့လူကပဲ အပြစ်ပေးနိုင်တာမဟုတ်လား..."


"အခုရော ယွမ်ရှောင်ကျိုးတစ်ယောက် ဘယ်လိုနေလဲ၊ အဆင်ပြေတယ်တဲ့လား..."


"သူဘာတတ်နိုင်မှာလဲ၊ ဆေးရုံကိုပြန်ရောက်သွားပြီပေါ့၊ ဒီတစ်ခေါက်ဒဏ်ရာက အရင်တစ်ခေါက် ကျောင်းစာနတ်ဘုရား သူ့ကိုချတုန်းကထက်ပိုဆိုးသွားပြီ၊ အနည်းဆုံး ဆယ်ရက်နေမှသက်သာမယ်တဲ့..."


ကျောင်းတွင် မနက်စာစားပြီးကြသည့်နောက် ကျောင်းသားများက ယနေ့ကျောင်းအပြင်တွင်မြင်တွေ့ခဲ့သမျှကို ဖောက်သည်ချနေကြသည်။


လူဆိုးများက ယွမ်ရှောင်ကျိုးကို ရိုက်နှက်ကြပြီးနောက် ဆေးရုံကိုတိုက်ရိုက်မခေါ်သွားသေးဘဲ မနက်ပိုင်းအတန်းချိန်အထိ ကျောင်းဂိတ်ဝတွင်ပြထားလိုက်သေးသည်။


သူ အပြင်းအထန်ဒဏ်ရာရပြီးသည့်အခါ မနက်စာသွားစားကြသည့်ကျောင်းသားတိုင်းနီးပါးက ယွမ်ရှောင်ကျိုး၏ စိတ်ထိခိုက်စရာကောင်းသောပုံစံကိုမြင်တွေ့သွားခဲ့ကြလေ၏။



🤒