Chapter 92
Viewers 12k

📽️Chapter 92

အခြေအနေ : ပြန်လည်ထူထောင်ခြင်း



ရန်ရှူ ဗိုက်ဆာဆာနှင့် အိပ်ရာပေါ်တွင် တစ်ယောက်တည်း အနားယူနေလျက် မထနိုင်ဖြစ်နေသည်။


သိသာလှစွာပင် တစ်ညကုန်ဆုံးသွားပြီး တစ်ညလုံးအိပ်မောကျနေကာ ယခုနောက်တစ်နေ့ ညနေခင်းပင်ရောက်နေလေပြီ။ သို့သော် သူ မသက်သာသေးချေ။

 

သူ စန့်ရှန်းကို ဘေးတိုက် စောင်းကြည့်ကာ အသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

"စန့်ရှန်း မင်းဗိုက်ဆာလား..."


ထုံးစံအတိုင်းပင် မည်သည့်အဖြေမှ ပြန်မရပေ။


သို့သော် ထိုအကြောင်းကို တွေးကြည့်လိုက်ပြီးနောက် မနက်စာစားချိန်နှင့် နေ့လည်စာစားချိန် အတောအတွင်းထိ သူ အိပ်မောကျနေခဲ့သည်ကို သိလိုက်သည်။ ထို့ကြောင့် စန့်ရှန်း ဗိုက်မဆာမှသာလျှင် ထူးဆန်းနေလိမ့်မည်ပင်။


ယခုလတ်တလော ရန်ရှူက ဆန်ပြုတ်ပြုလုပ်ရာတွင် အတွေ့အကြုံများစွာ ရှိနေပြီဖြစ်ပြီး ရှန်းကျွင့်ကျင်းနှင့် ရှောင်ချီက ရံဖန်ရံခါ စားသောက်ဆိုင်မှ သို့မဟုတ် အသင့်စားအစားအစာများကို လာပို့ကြလေ့ရှိသည်။ တံခါးကိုဖွင့်ပြီးနောက် စားစရာများကို တံခါး၌ထားခဲ့ကာ တံခါးမပိတ်မိီတွင် ထွက်သွားကြလေသည်။


နောက်ပိုင်းမှ ရန်ရှူက ထိုလာပို့သည့် အစားအစာများကို ယူလိုက်ပြီး ပြဿနာကို ဤနည်းအတိုင်း ဖြေရှင်းလိုက်ပေသည်။


အချိန်ကြာလာပြီးနောက်တွင် အန္တရာယ်ထပ်မရှိတော့ကြောင်း အတည်ပြုလိုက်ပြီး စန့်ရှန်းကလည်း အစပိုင်းကကဲ့သို့ ဆတ်ဆတ်ထိမခံမဖြစ်တော့ပေ။


ရန်ရှူ သူ့ခန္ဓာကိုယ်ကိုရွေ့ပြီး စန့်ရှန်းရင်ခွင်ထဲ မှီလိုက်သည်။

"မြန်မြန် ပြန်ကောင်းလာပါတော့...ငါ့ဘာသာငါ မနေချင်ဘူး အရမ်းပင်ပန်းတယ်..."


ပြောနေရင်းပင် စန့်ရှန်း၏ခန္ဓာကိုယ်ကို သူစစ်ဆေးလိုက်သည်။

"မင်း တကယ်လို့ လေ့ကျင့်ခန်းကို ဆက်မလုပ်တော့ဘူးဆိုရင် မင်းရဲ့ရင်ဘတ်ကြွက်သားတွေပျောက်သွားလောက်လား..."


အဆုံး၌ သူသက်ပြင်းအရှည်ကြီးချလိုက်၏။

"အရမ်းဗိုက်ဆာနေပြီ..."


သူ ခုတင်ပေါ်တွင် တစ်ခဏမျှ လှဲနေပြီးနောက် ထရန် ပြင်လိုက်သည်။ အိပ်ရာထဲမှထွက်ကာ စန့်ရှန်းကို

အတူတူထရန် တွဲကူလိုက်သည်။ ထို့နောက် နှစ်ယောက်သား တံခါးထံအတူတူ သွားလိုက်ကြသည်။


သူ လမ်းလျှောက်သည့်အချိန်တွင် အားနည်းနေပေသည်။ သူ့ခန္ဓာကိုယ်ပင် တုန်ခါနေပြီး သူ့လမ်းလျှောက်နေသည့်ပုံစံကပင် ပျင်းရိမှုအရိပ်အယောင်များကို ထုတ်လွှတ်နေသည်။


ရန်ရှူ တံခါးထံသွားကာ စားစရာကိုယူလိုက်ပြီး မိုက်ခရိုဝေ့ဗ်ဖြင့် ပြန်နွှေးရန် မီးဖိုချောင်ထဲသွားလိုက်သည်။


မိုက်ခရိုဝေ့ဗ်မီးဖိုကြီး ပေါက်ကွဲသွားသည့် အတွေ့အကြုံကြောင့် ဖြစ်နိုင်ပေသည်။ သူ ထိုနံဘေးတွင်ရပ်ရန် ကြောက်ရွံ့နေပြီး စန့်ရှန်းကိုခေါ်ကာ ထမင်းစားခန်းထဲစောင့်နေလိုက်သည်။


သူ့ခန္ဓာကိုယ်က အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်နေသောကြောင့်ဖြစ်နိုင်ပေသည်။ ထိုင်လိုက်ပြီးနောက် စန့်ရှန်းလက်မောင်းများထဲမှီကာ အနားယူလိုက်သည်။


စန့်ရှန်း ငုံ့ကြည့်လိုက်ရာ ရန်ရှူ၏မျက်တွင်းများ ချောင်ကျနေပုံကိုပင် မြင်နိုင်လေ၏။


သူက ယခင်ကထက်ပင် ပိုပိန်သွားပြီး သူ့မျက်ဝန်းများအောက်က အနည်းငယ်ပင် ညိုမဲနေသည်။ ဤရက်များအတွင်း သူကောင်းကောင်း အနားမယူနိုင်ခဲ့သည်မှာ သိသာလှပြီး သူ့စိတ်အခြေအနေပင် အနည်းငယ် နှေးကွေးလေးလံနေခဲ့သည်။


မိုက်ခရိုဝေ့ဗ်ထံမှ အသံတစ်ခုကြားခိုက်ရပြီး ရန်ရှူ စန့်ရှန်းကိုခေါ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားလိုက်သည်။ သူ စားစရာကို ဖွင့်ဖောက်ကာ အပြင်ထုတ်လိုက်သည်။


ပထမဆုံးအပူချိန်ကို အနည်းငယ် စစ်ဆေးကြည့်လိုက်ပြီးနောက် ဇွန်းတစ်ချောင်းဖြင့် စန့်ရှန်းပါးစပ်ထဲ ခွံ့ကျွေးလိုက်သည်။


တစ်ခဏကြာအောင် ကျွေးပြီးနောက် စန့်ရှန်း၏အမူအရာကို သူ စတင်လေ့လာလိုက်သည်။

"မင်း ဗိုက်ပြည့်သွားပြီလား..."


အချိန်အတန်ကြာအောင် စူးစမ်းလေ့လာပြီးနောက် သူ မသေချာသေးပေ။ ထို့ကြောင့် သူနောက်ထပ် ဇွန်းအပြည့်ခပ်ယူကာ မေးလိုက်သည်။

"နောက်ထပ်တစ်လုတ်လောက် စားဦးမလား..."


စန့်ရှန်းက ပါးစပ်မဖွင့်ပေးပေ။


ရန်ရှူ ဆက်တောင့်ခံမထားနိုင်တော့ပေ။ စန့်ရှန်းကို ခွံ့ကျွေးထားသည့် ဇွန်းကိုယူကာ သူ့ဘာသာသူ စစား လိုက်သည်။ ထိုင်နေရသည်ကိုပင် ပင်ပန်းနေ၍ စန့်ရှန်းကို မှီထားကာ ပျင်းရိစွာစားနေပြီး နှစ်လုပ်ဝါးပြီးတိုင်း ခဏအနားယူနေသည်။


သူ စားပြီးသွားပြီးနောက် အချိန် မည်မျှကုန်သွားကြောင်းပင် မသိလိုက်ပေ။


သူ ချက်ချင်း မရှင်းလင်းဘဲ စန့်ရှန်းလက်မောင်းများထဲ ဆက်လှဲနေလိုက်သည်။ ဤတစ်ချိန်လုံးတိတ်ဆိတ်နေသည့် စန့်ရှန်းက အလွန်ကြီးသည့် တက်ဒီဝက်ဝံရုပ်ကြီးနှင့် တူကာ ရန်ရှူက သူ့အား မှီတွယ်ပြီး ကိုင်တွယ် ခြယ်လှယ်နေသည်ကို ခွင့်ပြုထားသည်။


မီးဖိုချောင်ကို ရှင်းလင်းပြီးနောက် ရန်ရှူ စန့်ရှန်းကို ရေချိုးခန်းထဲ ကူပို့လိုက်ပြီး ရေကူချိုးပေးကာ လျှပ်စစ်သွားတိုက်တံကို ထုတ်ပြီး သွားတိုက်ဆေးကို ထိုပေါ်ညှစ်ထည့်လိုက်ပြီးနောက် စန့်ရှန်းထံသွားကာ ပြောလိုက်သည်။

"ပါးစပ်ဟ..."


စန့်ရှန်း နာနာခံခံဖြင့် ပါးစပ်ဖွင့်လိုက်သည်။


ရန်ရှူ လေးနက်ထက်သန်စွာ သွားတိုက်ပေးလိုက်ပြီး စန့်ရှန်းကို ပါးလုတ်ကျင်းရန် ညွှန်ကြားလိုက်သည်။


ဤအရာအားလုံးလုပ်ပြီးသွားနောက် ရန်ရှူ စန့်ရှန်းကို ရေချိုးကန်အတွင်း တစ်ယောက်ထဲထိုင်ရန် ပြောလိုက်ပြီး ဘေစင်ရှေ့ရပ်ကာ သူ့ကိုယ်သူ ဆေးကြောလိုက်သည်။


ထို့နောက် သူ့ခန္ဓာကိုယ်ကအနာကို ပိုးသတ်ရန် iodophor ကို ထုတ်လိုက်၏။


(T/N - iodophor က iodine ပါတဲ့ ပိုးသတ်ဆေးရည်တစ်မျိုးပါ။ sex ကြောင့်ဖြစ်တဲ့ အပေါ်ယံအရေပြားပွန်းတာတို့ အနာတို့အတွက်ဆို ဘတ်တီးရီးယားတွေကိုသတ်ပစ်ဖို့ သုံးနိုင်ပါတယ်တဲ့၊ ဒါပေမဲ့ တချို့လူတွေက မတည့်တာဖြစ်နိုင်တဲ့အတွက် အဲဒါသုံးမယ်ဆို ဂရုစိုက်သင့်ပါတယ်တဲ့ - source by ဂလူးဂလူး )


စန့်ရှန်း၏အကြည့်များက သူ့တစ်ကိုယ်လုံး လွှမ်းခြုံထားကာ တစ်ခါလေးမှ ဖယ်မသွားပေ။


ပြီးသွားသည့်နောက် အနားယူရန် နှစ်ယောက်လုံးအိပ်ခန်းထဲသို့ ပြန်လာကာ တစ်ယောက်က ဖုန်းကိုကိုင်၍ ဒေါက်တာကျန်းထံ မက်ဆေ့ချ်ပို့လိုက်သည်။


RS : [ဒီတစ်ခေါက် အဲဒါဖြစ်တာ တော်တော်အချိန်ကြာတယ်...မဖြစ်မနေ တွန်းအားပေးကုသမှု ခံယူဖို့ ဆေးရုံကိုသွားဖို့ မလိုဘူးလား...]


(T/N - compulsory treatment (မဖြစ်မနေ တွန်းအားပေးကုသမှု)ဆိုတာ ကိုယ်တိုင်ဆုံးဖြတ်ချက်မချနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်သူတွေ၊ တခြားသူအတွက် အန္တရယ်ဖြစ်စေမဲ့အပြုအမူလုပ်တတ်သူတွေအတွက် လူနာရဲ့သဘောတူညီမှုဆန္ဒမပါဘဲ တွန်းအားပေး ကုသပေးတာမျိုးပါ..ရည်ရွယ်ချက်က လူထုကို ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်အောင်လို့ပါ - ဒါလည်း source by ဂလူးဂလူးပဲ...)


ဒေါက်တာကျိအန်း : [သူ့လက်ရှိအခြေအနေက တည်ငြိမ်သွားပြီလား...]


RS : [အင်း...လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်ကတည်းက တည်ငြိမ်သွားပြီ...သူ့ဘာသာ လမ်းထလျှောက်နိုင်တဲ့သစ်ရွက်လိုမျိုး လွန်လွန်ကျူးကျူး ဘာမှတော့ ဖြစ်မလာဘူး...ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာက တုံ့ပြန်တာတွေတော့ ရှိသေးတယ်...]


ဒေါက်တာကျိအန်း : [သူ့မိဘတွေနဲ့ ဆွေးနွေးတိုင်ပင်ခဲ့တယ်...အစက သူသာ လဝက်အတွင်း တိုးတက်မလာဘူးဆို မဖြစ်မနေ တွန်းအားပေးကုသမှု ခံယူရလိမ့်မယ်လို့ ငါတို့တွေးခဲ့ကြတာ...အခု အချိန်က မျှော်မှန်းထားတာထက် ပိုကျော်သွားပြီ...]


ရန်ရှူ ဖုန်းကိုကြည့်ပြီး နောက်တစ်ဖန် စိတ်သောကရောက်သွားသည်။


ပထမ၌ ရန်ရှူက ဤတစ်ခေါက် စန့်ရှန်း သူကိုယ်တိုင်အသိစိတ်ပြန်ရလာပါက အိပ်မွေ့ချခြင်းကဲ့သို့ ရှေးရိုးရာနည်းအတိုင်း ဒေါက်တာကျန်းကို ကုသခွင့်ပေးလိုက်လျှင် စန့်ရှန်းခံစားရခြင်း နည်းသွားနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည်။


သို့သော် လက်ရှိအခြေအနေက အလွန်ကို အကောင်းဘက်ရောက်မနေချေ။ ယခုထက်ပို၍ နှောင့်နှေးကြန့်ကြာနေ၍ မရနိုင်တော့ပုံ ပေါ်ပေသည်။ အမှန်တကယ် နှောင့်နှေးသွားပါက အရူးတစ်ယောက်အတွက် လမ်းဆုံးသွားပေလိမ့်မည်ပင်။


ရန်ရှူ ဖုန်းကိုချကာ စန့်ရှန်းကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

"လောင်ကုန်းရေ...အကယ်လို့ မနက်ဖြန် ပိုဆိုးလာရင် မေ့ဆေးထိုးပြီး ဆေးရုံပို့ခံရတော့မှာနော်...ဆေးဘယ်လို ထိုးရမယ်ဆိုတာ ငါအခုထိမသိသေးဘူး...အဲ့တော့ မနက်ဖြန် ငါဆေးထိုးပေးရင် ပူးပေါင်းပေးနော်...မဆိုးရဘူး...မဟုတ်ရင် ငါကအကြောက်လွယ်တယ်..."


စန့်ရှန်းက ခုတင်ပေါ်တွင် ကျောချလှဲလျောင်းနေပြီး မဖြေပေ။


ရန်ရှူ စန့်ရှန်းကို တစ်ခဏကြာအောင် စိုက်ကြည့်နေသည်။ ထို့နောက် တစ်စုံတစ်ရာကို ရုတ်တရက်တွေးမိလိုက်ပြီး ရေရွတ်လိုက်သည်။

"မင်းဒီမှာ ရက်အကြာကြီး နာနာခံခံ လှဲလျောင်းနေခဲ့တာပဲလို့ ပြောဖို့ထိ ငါရိုးသားလွန်းလားဟင်...."


ပြောနေရင်း သူစန့်ရှန်းနား တိုးလာခဲ့ကာ စန့်ရှန်း၏ခန္ဓာကိုယ် အနေအထားကို ပြောင်းပြီး မှောက်ရန် ကြိုးစားလိုက်သည်။

"ဘာပဲဖြစ်ဖြစ်လေ အခုမင်းမှ အသိစိတ်မရှိတာ...အဲ့တော့ငါမင်းကို နှစ်ကြိမ်လောက် ထိုးသွင်းကြည့်လို့ရလားဟင်...အဲ့တာဘယ်လိုခံစားရလဲဆိုတာ ငါ မကြိုးစားကြည့်ဖူးဘူးလေ..."


ပြောရင်းနှင့်ပင် စန့်ရှန်း၏ခန္ဓာကိုယ်ကို မှောက်ရန် သူအပြင်းအထန် ကြိုးစားလိုက်ပြီး အိပ်ရာပေါ်လှဲချလိုက်သည်။


မမျှော်လင့်စွာပင် သူနှင့်ယှဥ်ပြိုင်နေသည့်အလား စန့်ရှန်း၏ခန္ဓာကိုယ်က ထိန်းချုပ်ရန် ခက်ခဲလှ၏။


ရန်ရှူက တိုက်ရိုက်ပင် သူ့လက်နှင့်ခြေထောက်များတွင် အားကုန်ထည့်ကာ စန့်ရှန်းကိုမှောက်ရန် ကြိုးစားလိုက်ပြီး မည်သို့အစပျိုးရမည်ကို လေ့လာလိုက်သည်။


သို့သော်ငြား သူလက်မဆန့်မီမှာပင် စန့်ရှန်းက သူ့လက်ကိုဖမ်းဆွဲကာ အရှေ့သို့ ရွေ့လိုက်သည်။ ထို့ကြောင့် ရှင်းရှင်းလင်းလင်းပင် သူ စန့်ရှန်းနံဘေး ပြုတ်ကျသွားလေ၏။


သူမော့ကြည့်လိုက်ရာ သူ့အား ဒေါသတကြီး ကြည့်နေသော စန့်ရှန်းကို မြင်လိုက်ရသည်။

"အဲ့အကြောင်း စဥ်းတောင်မစဥ်းစားနဲ့..."


ရန်ရှူနှင့် စန့်ရှန်း အချင်းချင်း ကြည့်လိုက်သည့်အခိုက်

သူတို့ဦးနှောက်များက လျှပ်စီးလက်သကဲ့သို့ ထုံထိုင်းကာ ကြောင်အသွားကြသည်။


ဘယ်အရာက အသိစိတ်ကပ်မနေတဲ့ သစ်ပင်အခြေအနေ ယောကျ်ားကို ချက်ချင်း အသိစိတ်ဝင်လာအောင် လုပ်နိုင်မလဲ...


မိန်းမက ပြန်တိုက်ခိုက်ဖို့ ကြိးစားတဲ့အခါပေါ့...


ရန်ရှူ အချိန်အကြာကြီး ကြက်သေသေနေပြီးနောက်မေးလိုက်သည်။

"မင်းဘယ်အချိန်ထဲက နိုးနေတာလဲ..."


ယခု သူဖော်ထုတ်ခံလိုက်ရသည့်အတွက် စန့်ရှန်း ဟန်ဆောင်နေနေသည်ကို ရပ်လိုက်သည်။ သူ လှည့်လိုက်ကာ ရန်ရှူ့ကို ရင်ခွင်ထဲပွေ့ဖက်၍ ပြောလိုက်သည်။

"ကိုယ်မွေးနေ့လက်ဆောင် ရလိုက်တဲ့အချိန်တုန်းက..."


"..."


သူ့ထရော်မာမှ နိုးထလာသည့်အခါမှသာလျှင် သူ့ကလေးလေးက သူ့ကိုချော့နိုင်စွမ်း မရှိသော်လည်း ရောဂါပြန်ထလာပြီး သတိလစ်သွားသည့်အချိန်တွင် သူနှင့်အတူ အမြဲရှိနေပေးပြီး သူ့အား ဂရုစိုက်ပေးခဲ့သည်ကို စန့်ရှန်း သဘောပေါက်လိုက်သည်။


ရန်ရှူ သူ့ဘေးနားရှိနေသေးပြီး ဘယ်သောအခါမှ ထွက်မသွားသရွေ့ သူနာကျင်ရမည်ဆိုလျှင်ပင် သူမကြောက်ပေ။


သူ့ကလေးလေးက သူ့အား စိတ်ရှည်စွာနှင့် ပါးစပ်အပြည့် ခွံ့ကျွေးလိမ့်မည် ဖြစ်သည်။


သူ့ကလေးလေးက သူ့နေ့စဥ်ဘဝကိုလည်း စောင့်ရှောက်ပေးပြီး သူ့ကိုဦးဆုံး ဂရုစိုက်ပေးပြီးမှသာ သူ့ကိုယ်ပိုင် အရေးကိစ္စရပ်များကို သွားလုပ်လိမ့်မည်ဖြစ်၏။


သူ့ကလေးလေး၏ပါးစပ်က များသောအားဖြင့်ဆိုးသွမ်းကာ သူ့အားဒေါသထွက်စိတ်တိုသွားအောင် လုပ်ချင်သော်လည်း သူအားနည်းသည့်အချိန်တွင်မူ သူ့(စန့်ရှန်း)ကို ချစ်ပါကြောင်းအား အဖန်တလဲလဲ ထပ်ခါထပ်ခါ ထပ်ခါထပ်ခါ မရေမတွက်နိုင်အောင် ပြောလိမ့်မည်ပင်။


၎င်းက အလွန် နူးညံ့ညင်သာလေသည်။ ဤပြုစုကုသမှုလေးအား ဆက်လက် ပျော်မွေ့ချင်နေသေးကာ ဆက်လက် ဟန်ဆောင်နေရန် ပိုင်ဆိုင်လိုစိတ်ကြီးစွာ ရွေးချယ်ခဲ့ပေ၏။


ရန်ရှူ ချက်ချင်းပင် စန့်ရှန်းအား ရိုက်ပုတ်ကုတ်ခြစ်ကာ တံတွေးထွေးလိုက်သည်။ 

"ခွေးကောင်ကြီး… ငါ့မှာတော့ နေ့တိုင်းမင်းဘေးမှာ သေမတတ် စိုးရိမ်နေခဲ့ရတာ...မင်းက ကောင်းနေပြီးသားကို ငါနဲ့သစ်ပင်ဟန်ဆောင်တိုင်း ကစားနေတယ်ပေါ့လေ...အားးးးးးးးးးးးးးးးးး သေစမ်း...အပေါစားကောင်..."


စန့်ရှန်း သူ့လက်ကိုမြှောက်၍သာ ကာထားလိုက်ရသည်။


ရန်ရှူ ကြည့်လိုက်ရာ နာကျင်နေသည့်စန့်ရှန်း၏အမူအရာကို မြင်လိုက်ရပြီး သူ စန့်ရှန်းကို နောက်တစ်ဖန် နေမကောင်းဖြစ်အောင် လုပ်မိသွားမည်ကို ကြောက်ရွံ့သွားသည်။ ထို့ကြောင့် သူထပ်မေးလိုက်သည်။

"မင်းအခု နိုးကြားနေသေးတယ်မလားဟင်..."


"အင်း..."

စန့်ရှန်း ပြန်ဖြေလိုက်သည်။


" နှမြောစရာပဲ..."


"ဘာကိုဆိုလိုတာလဲ..."

စန့်ရှန်း ခေါင်းအားကာထားပြီး သူ့ကိုကြည့်လိုက်သည်။


"အခုအခေါက်က နောက်ကျလွန်းသွားပြီ...ကိစ္စတော့မရှိပါဘူး...မင်းတစ်နေ့နေ့ကျ နေမကောင်းထပ်ဖြစ်ရင် ဖြစ်မှာပဲလေ...အဲ့ချိန်ကျမှ ငါမင်းကို နှစ်ကြိမ်ထိုးမှာပေါ့..."

ထိုသို့ပြောလိုက်ရင်း စျေးပေါပေါပုံစံဖြင့် သူမှီနေလိုက်သည်။


"အဆင်ပြေပါတယ်...ငါကတိုတိုလေးလို့ မင်း မပြောခဲ့ဘူးလား...ငါမင်းကို ထိုးဖောက်တဲ့အခါကျရင် မင်းမနာဘူးလို့ ငါခန့်မှန်းထားပါတယ်..."


"..."

စန့်ရှန်း သူ့သွေးများ တဟုန်ထိုး တက်လာသည်ကိုသာလျှင် ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံးမှ သွေးများက သူ့ခေါင်းထဲသို့ တရှိန်ထိုးတက်လာသောကြောင့် ချက်ချင်းပင် ပြောလိုက်သည်။ 

"မရဘူး..."


"ဒါဆိုလည်း နေမကောင်းမဖြစ်နဲ့ပေါ့..."

ရန်ရှူ သူ့ခန္ဓာကိုယ်ကို ရွှေ့ကာ ဖုန်းထံလက်လှမ်းလိုက်သည်။


စန့်ရှန်း လက်ဆန့်ပြီး ရန်ရှူ့ကို ပြန်ဆွဲခေါ်ကာ ပြောလိုက်သည်။

"နောက်ထပ်တစ်ညလောက် ကိုယ်နဲ့အတူနေပေးပါဦး...သူတို့ကို မနက်ဖြန်မှ ဆက်သွယ်လိုက်လေကွာ..."


ရန်ရှူ ဖုန်းကို ချကာ စန့်ရှန်းကိုကြည့်ရန် ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ အဆုံး၌ သူ့ဖုန်းကိုချလိုက်ကာ စန့်ရှန်းအား အပူတပြင်းနှင့် အလောတကြီး ဖက်ပစ်လိုက်သည်။ သူ စန့်ရှန်းကို နမ်းလိုက်ကာ လွှတ်မပေးတော့ပေ။


လဝက်ကျော်ကြာ နှိပ်စက်ညှင်းပန်းမှုများက နောက်ဆုံး၌ ပြီးဆုံးသွားခဲ့ပြီး တစ်ချိန်လုံးသယ်ဆောင်ထားခဲ့ရသော လေးလံနေသည့် နှလုံးသားလေးကလည်း အဆုံး၌ လွတ်လပ်သွားချေပြီ။


သူ ချစ်မြတ်နိုးရသည့် လူသားက နောက်ဆုံးတွင် ပြန်လည်ကောင်းမွန်လာခဲ့၍ ရန်ရှူ့အား အချိန်တခဏကြာအောင်ထိ စိတ်လျှော့သွားစေခဲ့သည်။


သူ ခုန်ပေါက်နေသင့်သည်။ သူ ပျော်ပွဲရွှင်ပွဲ ကျင်းပနေသင့်ပေသည်။ သို့သော် အဆုံးသတ်တွင် ၎င်းက အနမ်းကြီးကြီးတစ်ခုသို့သာ ပြောင်းလဲသွားခဲ့သည်။


သူ့ကို တင်းကျပ်စွာ ဖက်ထားသည့် သူ့ချစ်သူကို ခံစားကာ သူ့အနမ်းများကို တုန့်ပြန်လျက် ငိုမိတော့မလို ခံစားလိုက်ရသည်။


သူ့ချစ်သူ သတိပြန်လည်လာရုံလေးသာ...

၎င်းက ရန်ရှူလိုချင်သည့်အရာအားလုံးပင်။



*****


နောက်တစ်နေ့တွင် ဒေါက်တာကျိအန်းက စန့်ရှန်းအတွက် စမ်းသပ်စစ်ဆေးကိရိယာများကို အတွဲလိုက်စီစဥ်ထားခဲ့သည်။ စန့်ရှန်း၏ အမျိုးမျိုးသော အညွှန်းများကို ကြည့်ပြီးနောက် စန့်ရှန်းကို မော့ကြည့်လိုက်သည်။


အလွန်စိုးရိမ်နေသည့်အလား စန့်ရှန်း၏အမူအရာက လေးလံနေသည်။


ဒေါက်တာကျိအန်း ဖွဖွလေးချောင်းဆိုးကာ ပြောလိုက်သည်။

"အညွှန်းအကုန်းလုံးကတော့ ပုံမှန်ဂဏန်းတန်ဖိုးတွေဆီ ပြန်ရောက်နေပါပြီ...မင်းလုံခြုံစိတ်ချရတဲ့ အခြေအနေကို ရောက်ချင်ရင်တော့...ပြန်ဖြစ်နိုင်တဲ့အခြေအနေကို လျှော့ချဖို့အတွက် ကုသမှုထပ်ခံယူဖို့ လိုသေးမှာကိုပဲ ငါကြောက်တာ..."


"အဲ့ဒါကို အမြစ်ပြတ်အောင် ကုသလို့ရလား..."

စန့်ရှန်း လေးလေးနက်နက် မေးလိုက်သည်။


"သေချာပေါက် ကုသနိုင်ပါလိမ့်မယ်...ရန်ရှူရဲ့အကြံကတော့ အရင်ဆုံးရှေးနည်းအတိုင်း..."


မမျှော်လင့်စွာပင် စန့်ရှန်းက သူ့စကားကို ဖြတ်ပြောလိုက်သည်။

"သေချာပေါက် ပျောက်အောင်ကုသရမယ်...ပြန်ဖြစ်လို့ မရဘူး..."


"အာ... ရောဂါပြန်ထပြီး ရန်ရှူ့ကို နာကျင်အောင်လုပ်မိမှာကို မင်းကြောက်လို့လား..."


"အခုအခြေအနေက...အဲဒါတင်မကဘူး...အရင်ကထက်ကို ပိုခက်ခဲတယ်..."


သူသာ ရောဂါပြန်ထပါက ရန်ရှူက အမှန်တကယ်ကြီး သူ့ကိုတန်ပြန်တိုက်ခိုက်ကာ ထိုးသွင်းရန်ကြိုးစားနိုင်ပေသည်။


ဒီလိုမျိုး လုံးဝမဖြစ်စေရဘူး...


လုံးဝပဲ...မှန်တယ်..မဖြစ်စေရဘူး...


ဒေါက်တာကျိအန်းက စန့်ရှန်း မည်သည်တို့ကြုံတွေ့ခဲ့ရသည်ကိုမသိဘဲ နှာခေါင်းကို အသာပွတ်လိုက်သည်။ သို့သော် စန့်ရှန်းက ထိုအကြောင်းကို မပြောချင်သောကြောင့် သူ မမေးလိုက်ချေ။


အဆုံးတွင် သူအိပ်မွေ့ချလိုက်ပြီးနောက်တွင် စန့်ရှန်းကိုယ်တိုင် ထုတ်ပြောလာပေလိမ့်မည်ပင်။


စန့်ရှန်းနှင့်ရန်ရှူတို့နှစ်ယောက်အချစ်၏ အသေးစိတ်ကို အခြားသူများထက် ဒေါက်တာကျိအန်းက ပိုသိပေသည်။ ရန်ရှူ၏ချစ်စရာကောင်းမှုနှင့် ဆွဲဆောင်မှုရှိပုံများကို စန့်ရှန်း ထပ်ဖန်တလဲလဲ အမွှမ်းတင်နေသည်ကို သူနားထောင်ခဲ့ရပြီး အကြိမ်တိုင်း သူ အံ့အားသင့်ခဲ့ရသည်။


၎င်းအကြောင်းအရာအားလုံးက အလွန်ကို တရားလွန်လွန်းလှပေသည်။


ဘာလို့ စန့်ရှန်းက ရန်ရှူ့ကို ချစ်စရာကောင်းတယ်လို့ထင်ရတာလဲ...


ဒါက အချစ်စစ်များလား...



--------


စာရေးသူ၏မှတ်ချက် : 


အစကတည်းက ဘယ်သူက Gongဖြစ်ပြီး ဘယ်သူက Shouဖြစ်ရမယ်ဆိုတဲ့အကြောင်းကို ရန်ရှူက တစ်ခါမှ မတွေးဖူးပါဘူး...စန့်ရှန်းနဲ့အတူတူသာဆို 

ပြန်လည်တိုက်ခိုက်မဲ့အကြောင်း(gongလုပ်ဖို့) ဘယ်တုန်းကမှ မတွေးခဲ့ဘူး...ဒါပေမဲ့ အဲ့အချိန်မှာပဲ သူအကွက်ရွေ့ဖို့အဆင်သင့်ဖြစ်သွားပြီ...


စန့်ရှန်း : အဲ့အတွေးကို ပြန်ပြောင်းလိုက်...ငါ နေမကောင်းမဖြစ်ဘူး...ငါ နေကောင်းဖြစ်လို့ မရဘူး...အဲ့အရူးလေး သူ့လမ်းအတိုင်းသွားမှာကို ငါခွင့်မပြုနိုင်ဘူး...



📽️