Chapter 56
Viewers 7k

Chapter - 56 (လောင်ရှီး ဗိုက်ပြည့်သွားပြီ...) ကျောင်းမြန် နိုးလာသည့်အခါတွင် သူသည် လေယာဉ်ပေါ်ရှိ နူးညံ့ပြီး သက်တောင့်သက်သာရှိသည့် ကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။ ကျောင်းမြန်သည် စာရွက်များကိုဖတ်နေသည့် စီဆဲလ်ကို သံသယဝင်ကာ တစ်ချက်ကြည့်လိုက်သည်။ "စီဆဲလ်....." "ဟင်.... နိုးပြီလား" စီဆဲလ်သည် ကျောင်းမြန်၏ နားရွက်ကို ဆွဲပြီး ရယ်လိုက်သည်။ "အသာလေး ဆွဲတာတောင် နီရဲသွားတယ်...အရမ်းနူးညံ့တာပဲ..." ကျောင်းမြန် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ နူးညံ့တယ်.....! နဲနဲလေး ရဲတာနဲ့ နူးညံ့သွားရောလား...! ကျောင်းမြန်သည် သူ့ကိုယ်သူ ဒီလောက်ထိ နုနယ်လိမ့်မည်ဟု မထင်ထားပေ။ "ကိုယ် အိမ်ထိန်းကို သွေးအားကောင်းစေတဲ့တရုတ်အစားအစာ ဝယ်ခိုင်းထားတယ်...အိမ်ပြန်ပြီး အတူတူ စားရအောင်..." ကျောင်းမြန်သည် စီဆဲလ်၏လက်ကို လှမ်းဆွဲကာ ထထိုင်လိုက်ပြီး ရုပ်တည်ဖြင့် မေးလိုက်သည်။ "ဒါရိုက်တာ ဘာပြောလိုက်လဲ...ကျွန်တော့်ကို မလိမ်ဘဲ အမှန်အတိုင်းဖြေပေး..." "အင်းပါ... မင်း ခန့်မှန်းတာ မှန်တယ် အဲ့ဒါက အဆိပ်ပြင်းတဲ့ အင်းဆက်ဘုရင်မရဲ့ အဆိပ်ကိုမိထားတာတဲ့..." စီဆဲလ်က မခိုးမခန့်ရယ်လိုက်ပြီး ဆက်ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး....ဒါရိုက်တာက အဆိပ်ဖြေဆေးရှာဖို့ အကောင်းဆုံးကြိုးစားမယ်လို့ ပြောတာပဲ... မင်းစိတ်မပူနဲ့နော် ဒီကိစ္စကို ကိုယ့်လက်ထဲထည့်လိုက်တော့..." စီဆဲလ် အရာအားလုံးနီးပါးကို ဖုံးကွယ်ထားသည်။ ကျောင်းမြန်သည် စီဆဲလ်ကို စိုက်ကြည့်နေလိုက်သည်။ စီဆဲလ် က သူ့နှာခေါင်းကို ပွတ်လိုက်ပြီး ညည်းတွားလိုက်သည်။ "အာ့မြန်....ကိုယ့်ကို စိတ်မပူပါနဲ့....ကိုယ့်ဘဝက ခက်ခဲလို့ နာကျင်မှုတွေနဲ့ နေသားကျနေတာ နှစ်တစ်ထောင်လောက်ရှိနေပြီ..." ထို့နောက်တွင်၊ စီဆဲလ်သည် လေယာဉ်၏အိပ်ခန်းထဲတွင်သာ အနားယူခဲ့သည်။ အကုန်လုံးကို ဂရုစိုက်ပေးနေရသောကြောင့် သူ့မျက်နှာတွင် မောပန်းနွမ်းနယ်နေမှုက ပေါ်လွင်နေသည်။ ကျောင်းမြန်သည် ပိတ်ထားသောတံခါးကို တစ်ချက်ကြည့်လိုက်ပြီး ခဏအကြာတွင် ဒီရေတက်ချိန် အတိအကျကို စစ်ဆေးရန် တာမီနယ်ကိုဖွင့်လိုက်သည်။ ဇာစ့်ဘုရင်မ၏ အဆိပ်သည် ကုသရန် ဆေးမရှိသော်လည်း ချင်းယင် နှင့် အတူရှိစဉ်က ထိုအကြောင်းကို ကျောင်းမြန် ကြားဖူးသည်။ ဇာစ့်ဘုရင်မ၏ အဆိပ်သည် မည်မျှ အစွမ်းထက်နေပါစေ ဇာစ့်ဘုရင်က အဆိပ်ပြန်ဖြေနိုင်ဆဲဖြစ်သည်။ ဇာစ့်ဘုရင်၏ အဆိပ်ရှိ‌ နေသ၍ ဇာစ့်ဘုရင်မကြောင့်ဖြစ်သည့် ကူးစက်ရောဂါ အားလုံးကို ကုသပေးနိုင်စွမ်းရှိသည်။ ဇာစ့်ဘုရင်၏အဆိပ် လက်ဝယ်ရှိနေသည့် တစ်ဦးတည်းသောပုဂ္ဂိုလ်မှာ ချင်းယင် ဖြစ်သည်။ ထိုနေ့တွင် ချင်းယင်သည် ကျောင်းမြန် သူဆီ သေချာပေါက် ပြန်လာမည်ဟု အဘယ်ကြောင့် ပြောသွားခဲ့သည်ကို အခုမှ နားလည်သွားတော့သည်။ ကျောင်းမြန် မျက်လုံးပြူးသွား‌တော့သည်။ ကောင်းတယ်....! -ချင်းယင်က မြှားတစ်ချောင်းတည်းနဲ့ သိမ်းငှက်နှစ်ကောင် ပစ်လိုက်တာပဲ....။ အခုချိန်တွင် တစ်ခုတည်းသောနည်းလမ်းမှာ ချင်းယင် နှင့် စတင်ရမည် ဖြစ်သည်။ ကျောင်းမြန်သည် ဇာစ့်ဘုရင်နှင့် ချင်းယင်၏ အကြောင်းကို စီဆဲလ်အား ပြောပြရန် အစီအစဉ်မရှိပေ။ -သူ့အတွက် ဒုက္ခထပ်မပေးချင်တော့ဘူး...။ ချင်းယင်နှင့် ပတ်သက်ပြီး သူ ကြောက်နေတာလား၊ ရွံရှာနေတာလား....သူမည်သို့ ခံစားနေရသည်မှန်း မသိတော့ပါ။ သို့သော် မည်သို့ပင်ဖြစ်‌စေ တစ်ခုတည်းမှတ်ချက် ပေးရမည်ဆိုလျှင် ကျောင်းမြန် သူ့ကို ထပ်မတွေ့ချင်တော့‌ပါ...။ ဘာပဲဖြစ်ဖြစ်........ မနက်ဖြန် ဒီရေတက်မည့်နေ့ဖြစ်သည်။ ကျောင်းမြန် မျက်လုံးများကို အနည်းငယ်မှိတ်လိုက်ပြီး သူ၏လက်များသည်တော့ အဆက် မပြတ် တုန်နေလေသည်။ နှစ်ယောက်သား အိမ်ပြန်ရောက်ချိန်တွင် မှောင်နေပြီဖြစ်သည်။ ညစာစားပြီးနောက် စီဆဲလ်သည် စာတမ်းများကို ဖတ်ရန် စာကြည့်ခန်းသို့ တက်သွားသဖြင့် ကျောင်းမြန်သည် သူ့ကိုယ်သူ ဂရုမစိုက်ကြောင်း သိသွားပြီး ဒေါသထွက်ကာ စီဆဲလ်အား အခန်းထဲမှ ပြန်ဆွဲထုတ်လေတော့သည်။ "ဟေး...ခဏ.... ဘေဘီ ခဏလေး..." ကျောင်းမြန်သည် စီဆဲလ်၏ လက်တစ်ဖက်အား ဆွဲလိုက်စဉ် သူသည် အခြားတစ်ဖက်ဖြင့် စားပွဲခုံထောင့်ကို လှမ်းဆွဲလိုက်သည်။ “ဒါ....ဒါက နောက်ဆုံး စာရွက်ပဲ…” "ဒီစာရွက်တွေက အသက်ထက် ပိုပြီး အရေးကြီးတယ်ပေါ့....!" "ခင်ဗျား မျက်နှာက ဖြူဖပ်ဖြူရော်နဲ့" ကျောင်းမြန် ရှုံ့မဲ့ကာ မှတ်ချက်‌ပေးလိုက်သည်။ "ဇာစ့်ဘုရင်မရဲ့အဆိပ်ကို အာနိသင် မပြဘူးဆိုပြီး လျှော့မတွက်လိုက်နဲ့ ....ခင်ဗျားက သာမန်လူဆိုတာ မေ့သွားတာလား...ရိုးရိုး ဇာစ့်အဆိပ်တုန်းကတောင် ဖျားသွားတဲ့ အထိဖြစ်နေတာ...အခု ဇာစ့်ဘုရင်မ အဆိပ်ဆို ပြောမနေနဲ့တော့..." ထိုသို့ပြောပြီးနောက် ကျောင်းမြန်သည် စီဆဲလ်အား စာကြည့်ခန်းထဲတွင် ထားခဲ့တော့သည်။ "ဟေ့... ခဏလေး...အ့.." စီဆဲလ်သည် ချက်ချင်းရပ်တန့်ကာ တုန်လှုပ်သွားပြီး မသိစိတ်က သူ့ရင်ဘတ်ကို လက်ဖြင့် အုပ်ထားလိုက်သည်။ "ကျစ်... ” အမှန်အတိုင်းပြောရလျှင် စီဆဲလ်သည် အနည်းငယ် မသက်မသာဖြစ်နေမိသော်လည်း ယခုလို ကျောင်းမြန်က သူ့အား ဆွဲခေါ်သွားချိန်တွင် သူ့ရင်ဘက်ထဲမှ နာကျင်ကိုက်ခဲလာသည်။ ကိုယ်တွေလက်တွေက သိပ်မနာကျင်ဘဲ သူ၏ရင်ဘက်ကိုသာ တစ်ယောက်ယောက်က ဓါားဖြင့် အဆက်မပြတ် ထိုးနေသကဲ့သို့ ထုံကျဉ်ကာ ကိုက်ခဲနေ၏။ "ခင်ဗျား...!" ကျောင်းမြန် စိုက်ကြည့်နေလိုက်သည်။ "ခင်ဗျား ဒီလောက်ဖြစ်နေတာကို ဘာလို့ အနားမယူတာလဲ..." စီဆဲလ်သည် သူ့မေးစေ့ကို လက်ညိုးနဲ့ ပွတ်လိုက်ပြီး ခေါင်းကို မော့ကာ ဖြေရှင်းလိုက်သည်။ "ဒါက ဘာမှမဟုတ်ပါဘူး၊ မင်း ယောက်ျားက ခံနိုင်ရည် ရှိပါတယ်....အရင်က စစ်မြေပြင်မှာဆို ဒီ့ထက်တောင်ဆိုးသေးတယ်...အခုက ကလိ ထိုးနေသလိုပဲ..." "ဒါဆို ကိုယ့်အခန်းထဲ ကိုယ်ဘာသာကို သွား....မြန်မြန်သွား‌လေ...." "........." ကျောင်းမြန်သည် စီဆဲလ် နောက်ကနေသာ လိုက်ကာ မကူညီပေးဘဲ အခန်းထဲသို့ သွားခိုင်းလိုက်သည်။ စီဆဲလ် မျက်တောင်ခတ်ကာ ပြော၏။ "ဘေဘီ၊ မင်းက အရမ်းရက်စက်တာပဲ....မင်း ကိုယ့်ကို တစ်ခါမှ ဒီလောက်ထိမရက်စက်ဖူးဘူး... မင်းက ဒီလောက် နူးညံ့သိမ်မွေ့တဲ့ လူတစ်ယောက်ပဲကို ဒီနေ့ကျတော့ ကိုယ်သေသွားမှာတောင်ကြောက်မိတယ်..." ကျောင်းမြန် ဘာမှပြန်မပြောပေ။ "ဘေဘီ မင်း ပြောင်းလဲသွားပြီ...." "ပြဿနာ မရှာစမ်းနဲ့..." ကျောင်းမြန်သည် စီဆဲလ် လှဲအိပ်ရန် ကူညီပေးခဲ့ပြီး စီဆဲလ် ဆေးသောက်ရန်အတွက် ရေနွေးသွားယူရန် အောက်ထပ်ကို ဆင်းလာခဲ့သည်။ ဟောင်လုလုသည် အမြစ်ပြတ်ကုသနိုင်ခြင်း မရှိသော်လည်း ၎င်းသည် ဇာစ့်ဘုရင်မ၏အဆိပ်ကြောင့် ဖြစ်ရသည့် ဘေးထွက်ဆိုးကျိုးများကို သက်သာစေနိုင်သည်။ ကျောင်းမြန် ပြန်ရောက်သောအခါ စီဆဲလ်၏ မျက်နှာသည် ဖြူဖျော့နေပြီး ချွေးများထွက်နေကာမျက်လုံးကို တင်းတင်းမှိတ်ထားပြီး နာကျင်မှုအချို့ကိုခံစားနေရသောကြောင့် မျက်မှောင်ကြုတ်ထားသည်ကို တွေ့လိုက်ရသည်။ ကျောင်းမြန် သူ့စိတ်ထဲမှ ကြောက်လန့်မှုများကို ထိန်းလိုက်ပြီး သူ့ကို ဆေးတိုက်ရန် ရှေ့တိုးလာခဲ့သည်။ စီဆဲလ်၏ အေးစက်နေသောလက်ကို ကိုင်ထားပြီး တိုးတိုးလေးပြောလိုက်သည်။ "နာနေလား အရမ်း..." "အဆင်ပြေပါတယ်" စီဆဲလ် သူ့မျက်ခုံးများကို ပွတ်သပ်ပြီး ပြော၏။ "ဒီလောက် နာကျင်လိမ့်မယ်လို့ မမျှော်လင့်ထားဘူး" "မြန်မြန်..." စီဆဲလ်သည် ကျောင်းမြန်၏ အေးစက်နေသည့်လက်ကို ကိုင်ကာ ပြန်‌ပြော၏။ "မကြောက်ပါနဲ့...ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်ပါနဲ့..." "ကျွန်တော်...မလုပ်.." "ဒါဆို မငိုနဲ့လေ..." ကျောင်းမြန် ခဏလောက် အံ့အားသင့်သွားပြီး တစ်ချက်ရှိုက်လိုက်ပြီး နောက်လှည့်ကာ သူ့မျက်လုံးများကိုသုတ်ရန် လက်ကို မြှောက်လိုက်သည်။ စီဆဲလ်၏ စိတ်ထဲတွင် အလွန်ရှုပ်ထွေးနေသည်။ စိတ်မကောင်းဖြစ်နေသော်လည်း ကျေနပ်နေမိသည်။ ထို့နောက် သူ ပြုံးပြီးပြောလိုက်သည်။ "ကျွတ်...ကျွတ်...ကိုယ့်ကြောင့် မင်းဒီလိုငိုတာကို ပထမဆုံးမြင်ဖူးတာပဲ...ကိုယ် အခုချိန်သေသွားရင်‌တောင် ဒီလောက်မဆိုးလောက်တော့ဘူးနော်..." "ခင်ဗျား....." ကျောင်းမြန် ဒေါသထွက်လွန်းလို့ သေ‌တော့မလိုဖြစ်ကာ စီဆဲလ်၏ ပါးစပ်အား အုပ်ကာ ‌ပြန်ပြောလိုက်သည်။ "ခင်ဗျားက ဗိုလ်ချုပ်ကြီးလေ...မိုက်မဲတဲ့ စကားမျိုး မပြောရဘူးဆိုတာ မသိဘူးလား..." "ကျွန်တော်က ဗိုလ်ချုပ်တစ်ယောက်ပါ....ဒါကြောင့် သေရမှာကို မကြောက်ဘူး....မြန်မြန်...၊ Dark Phoenix ရဲ့ သင်္ဘောပေါ်က ဗီဒီယိုထဲမှာ အဘိုးကြီးနဲ့ ရန်ဖြစ်တုန်းက အဲ့လိုပြောခဲ့ဖူးတယ် မဟုတ်လား" စီဆဲလ် ပြုံးလိုက်ပြီး ကျောင်းမြန်၏ မျက်လုံးများကို လက်ဖဝါးဖြင့် အုပ်ထားသည်။ -ဒါပေမယ့် မင်းသေမှာကိုတော့ ကိုယ်ကြောက်တယ်...။ ကျောင်းမြန်၏ စီဆဲလ်၏ နှစ်သိမ့်မှုကို ထပ်မံကြားရသောအခါတွင် စကားစမြည်ပြောခြင်းကို အဆုံးသတ်ပြီး အင်္ကျီကို ဖယ်ရှားကာ အိပ်ယာပေါ်သို့ ပြန်လျှောက်သွားပြီး စီဆဲလ် နှစ်သိမ့်ပေးတတ်သည့်အကျင့်အတိုင်း အတုယူကာ စီဆဲလ်အား ပွေ့ဖက်ပေးရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် စီဆဲလ်၏ကိုယ်သည် အလွန်ကြီးမားသောကြောင့် စီဆဲလ်သည် ကျောင်းမြန်အား ကိုင်ထားသလို ဖြစ်နေသည်။ ဒါပေမယ့် အရေးမကြီးပါ...စီဆဲလ်သည် ကျောင်းမြန်၏ အပူချိန်ကို ခံစားလိုက်ရပြီး သူ့နှလုံးသား ပူနွေးလာသည်။ စီဆဲလ်သည် အစောပိုင်းတွင် အဓိပ္ပာယ်မရှိသော စကားများကို ပြောကာ စနောက်ချင်သော်လည်း ဓားဖြင့်ထိုးခံနေရသလိုမျိုး သူ့နှလုံးသားသည် နာကျင်နေသဖြင့် မျက်လုံးများကိုမှိတ်ကာ နှုတ်ခမ်းများကို ကိုက်ထားရင်း အသက်ကို ဖြည်းဖြည်းချင်းရှူကာ သက်သာအောင်နေလိုက်သည်။ ကျောင်းမြန် မျက်နှာသုတ်ပုဝါကိုယူကာ စီဆဲလ် ၏ ချွေးများကို သုတ်ပေးလိုက်ပြီး ငြိမ်ငြိမ်လေးသာ စောင့်ကြည့်နေနိုင်သည် ။ "အာ့မြန်... ဝိုင်နည်းနည်း သွားယူပါလား" ".....!" စီဆဲလ်သည် ပြုံးပြီး ထပ်ပြောလိုက်သည်။ "ကိုယ်ပြောတာ...ဝိုင်နည်းနည်းယူလာလို့" "ခင်ဗျား ရူးနေလား...!" စီဆဲလ်က မျက်ခုံးကိုပင့်လိုက်ကာ ပြန်ဖြေလိုက်သည်။ "ကိုယ် မရူးပါဘူး...ဒါပေမယ့် အရမ်းနာနေလို့ ဝိုင်နည်းနည်းလောက် သောက်ချင်လို့ပါ..." ကျောင်းမြန် မလှုပ်ရှားပါ။ "အဲ့ဒါက ကောင်းပါတယ်..." စီဆဲလ်က ကျောင်းမြန်၏လက်ကို ညှစ်ပြီး ထပ်ပြောလိုက်သည်။ "ဒါက အနာမှ မဟုတ်တာ အဆိပ်မိတာပဲ‌လေ...အရက်ကလည်း အဆိပ်ပြင်းတဲ့ ဇာစ့်ဘုရင်မ အဆိပ်ကို ကုပေးနိုင်ပါတယ်..." ကျောင်းမြန်သည် စီဆဲလ်၏ မျက်လုံးများကိုကြည့်ကာ ခဏအကြာမှ ဝိုင်သုံးပုလင်းယူရန် အောက်ထပ်သို့ဆင်းခဲ့သည်။ဘာလို့ သုံးပုလင်းယူလာခဲ့ရလဲ ဆိုတော့ စီဆဲလ် ဘာကြိုက်လဲ သူမသိသောကြောင့် အိမ်ထိန်းဆီမှ အကြံတောင်းကာ ထို သုံးပုလင်းကို သူ ယူလာခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ကျောင်းမြန် နောင်တရသွားသည်။ "...သောက်တာ ရပ်လိုက်တော့!" စီဆဲလ်သည် သူ့ရှေ့မှာတင် နှစ်ပုလင်းကို ကုန်အောင်တစ်ခါတည်းသောက်လိုက်ပြီး တတိယပုလင်းအား အဖုံးဖွင့်နေသဖြင့် စီဆဲလ် လက်ထဲမှ ဆွဲလုလိုက်သည်။ "ကုန်သွားပြီ....‌‌ အေ့.... သောက်လိုက်ပြီ" ကျောင်းမြန်၏ ပါးပြင်များ နီမြန်းလာပြီး မျက်လုံးများ မှိတ်ကျသွားသည် ။ သူသည် စီဆဲလ်နှင့် အနည်းငယ်သာ သောက်တတ်သော်လည်း အရက်မသောက်တတ်သောကြောင့် မူးသွားခဲ့သည်။ "ဟမ်......!" သို့သော် စီဆဲလ်သည်လည်း သူ့ထက် ပိုသာလွန်‌ နေသည်မဟုတ်။ "ခင်ဗျားပြောတာ....သောက်ချင်သေးတာလား...!" "ဘာ...!" ဗိုလ်ချုပ်နှစ်ယောက်သည် ကုတင်ခေါင်းရင်းကို မှီပြီး နောက်တစ်လုံးကို ထပ်သောက်လိုက်သည်။ စီဆဲလ်သည် ကျောင်းမြန်၏ခါးကို လက်တစ်ဖက်ဖြင့် ရစ်ပတ်ထားပြီး ပုလင်းကို အခြားတစ်ဖက်ဖြင့် ခါယမ်းကာ ပြော၏။ "မြန်မြန်....၊ သိပ်မနာတော့ပါဘူး" "နည်းလမ်းအမှားကြီး....." ကျောင်းမြန်သည် စီဆဲလ်၏ ပုခုံးပေါ်တွင် ခေါင်းကို မှီလိုက်ပြီး မရေရွတ်ဘဲမနေနိုင်ပေ။ စီဆဲလ် ရယ်လိုက်ပြီး.... "ဒါပေမယ့် ကိုယ်ဒီလောက် မသောက်ဖြစ်တာကြာပြီ" "ဘာလို့လဲ...." "ကိုယ်နဲ့ မူးအောင်သောက်ဖို့ သင့်တော်တဲ့လူမရှိလို့ ....အေ့... မူးလိုက်တာ..." စီဆဲလ်သည် မူးဝေနေသောကြောင့် သူ့ခေါင်ူကို လှည့်လာချိန် အမှောင်ထဲ၌ သူ့မျက်လုံးများသည် နူးညံ့ကာ အချစ်ရိပ်များဖြင့် ပြည့်နှက်နေလေသည်။ ကျောင်းမြန်သည် စီဆဲလ်အား အချိန်တစ်ခုကြာသည်အထိ စိုက်ကြည့်လိုက်သည်။ ကျောင်းမြန် ခဏအမူးပြေသွားသလို ခံစားလိုက်ရပြီး အနည်းငယ်ရှက်သွားကာ စီဆဲလ် ဘေးနားရှိ ပုလင်းကို လှမ်းကိုင်လိုက်သည်။ "သောက်၊ သောက်... စကားမပြောနဲ့" "ဒန်...!" သို့သော် ကျောင်းမြန်သည် သတိလက်လွတ်ဖြစ်သွားကာ စီဆဲလ်ဝိုင်ဖန်ခွက်ကို မတော်တဆ တိုက်ချမိသွားသည်။ "သတိထားလေ..." ကျောင်းမြန်သည် အဖြူရောင် ဝတ်ထားသောကြောင့် ဝိုင်နီများသည် သူ့တစ်ကိုယ်လုံးအနှံ့ ဖိတ်စင်သွားသည်။ စီဆဲလ်သည် ကျောင်းမြန်အား စိုက်ကြည့်နေလေသည်။ "မြန်မြန်..." စီဆဲလ်သည် ရပ်တန့်ကာ နေရာတွင်ပင် ထိတ်လန့်သွားသည်။ ကျောင်းမြန်လည်း လန့်သွားပြီး ကြယ်သီးကို ဖြုတ်ရန် သူ့လက်ကို မသိစိတ်မှ ဆန့်ထုတ်လိုက်သည်။ သို့သော် စီဆဲလ်၏ မျက်လုံးများကို တွေ့လိုက်ရသောအခါ ကျောင်းမြန်၏ လက်သည် အရှိန်ရပ်သွားသည်။ "ဘာလို့ ဆက်မလုပ်တာလဲ" စီဆဲလ် ပြုံးပြီး “ကိုယ် ကြည့်ချင်တယ်..." ကျောင်းမြန် : "....." ရိုးသားသည့် အသွင်မဆောင်ဘဲ၊ ပရောပရည်လုပ်သော စကားများသည် ကျောင်းမြန်၏မျက်နှာကို ပူလောင်လာစေခဲ့သည်။ ကျောင်းမြန်သည် သူ့တစ်သက်လုံး ထိုစကားများကို တစ်ခါမျှ မကြားခဲ့ဖူးပါ။ "နော်...ကိုယ် ကြည့်ချင်တယ်လို့.." စီဆဲလ်သည် ပြုံးကာ ဝိုင်ခွက်ကို ချလိုက်ပြီး ကျောင်းမြန်အား အုပ်မိုးလိုက်သည်။ ကျောင်းမြန်၏ တစ်ကိုယ်လုံး ပူတက်လာသလို ခံစားလိုက်ရသည်။ ကျောင်းမြန်၏ ခါးတွင် လက်တစ်ဖက်ကို ရစ်ပတ်ထားပြီး ကျန်လက်တစ်ဖက်ကို ကျောင်းမြန်၏ ရင်ဘတ်ပေါ်တွင် ညင်သာစွာ တင်လိုက်ကာ သူ့လက်ဖဝါးသည် နှလုံးသားရှိနေသည့် နေရာသို့ ဖိထားလေသည်။ "အဆင်ပြေရဲ့လား" အရက်ကြောင့်လား၊ လူကြောင့်လား မသိ သော်လည်း ကျောင်းမြန်၏ ဦးနှောက်တစ်ခုလုံး ထုံထိုင်းကာ စကားမပြောနိုင်တော့ပေ။ စီဆဲလ်လည်း နားလည်လိုက်ပြီး လက်ညိုးနှင့် လက်မကိုသုံးကာ အပေါ်ကနေ အောက်အထိ ကြယ်သီးများကို တစ်လုံးချင်း ညင်သာစွာ ဖြုတ်လိုက်သည်။ "အာ့မြန်..." စီဆဲလ်က လေးလေးနက်နက် ထပ်ပြောလိုက်သည်။ "ကိုယ် မင်းကို သဘောကျတယ်...." ကျောင်းမြန်သည် စီဆဲလ်အား မှီထားရင်း မည်သို့ တုန့်ပြန်ရမည်ကို မသိသောကြောင့် တကိုယ်လုံး တောင့်တင်းနေတော့သည်။ "မြန်မြန်....ကိုယ့်ရဲ့ မြန်မြန်..." စီဆဲလ်သည် ခေါင်းငုံ့ကာ ကျောင်းမြန်၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ မိုးသည်းထန်စွာရွာသွန်းပြီးနောက် သို့မဟုတ် ကမ်းခြေရှိ ပင်လယ်ရေကို ဖြတ်သန်းလာသည့် နွေဦးလေကဲ့သို့ နူးညံ့သောအနမ်းတစ်ခုဖြစ်သည်။ စီဆဲလ် ထိုနူးညံ့သည့် နှုတ်ခမ်းလွှာလေးများကို အရသာခံကာ မြည်းစမ်းပြီးနောက် ၎င်းတို့အား ဖွင့်ဟစေလိုက်ပြီး ကျောင်းမြန် ပါးစပ်၏ အစိတ်အပိုင်းတိုင်းတွင် သားရဲကဲ့သို့ သူ၏ အမှတ်အသားကို ချန်ထားခဲ့စေရန် သူ့လျှာကို အတွင်းထဲသို့ တိုးဝင်လိုက်သည်။ ကျောင်းမြန်သည် စီဆဲလ်၏ လျှာ လားရာအတိုင်း ပြန်တုံ့ပြန်လိုက်ပြီး သူ၏ အနမ်းများကို လက်ခံရန် ခေါင်းကို လှမ်းကိုင်လိုက်သည်။ "တော်တယ်....." အနမ်းက ဖြည်းဖြည်းချင်း အရှိန်မြင့်ကာ ပိုပိုပြီး ပြင်းထန်လာသည်။ ထို့နောက် ‌စီဆဲလ်သည် ကျောင်းမြန်အား အောက်သို့ တွန်းချလိုက်ပြီး အပေါ်၌ ဖိထားလိုက်သည်။ "မြန်မြန်... မင်းရဲ့ ခင်ပွန်းကို ကလေးလေး ပေးပါလား" "စကားမပြောနဲ့...အာ့!" ယနေ့ညတိုက်ပွဲ၏ အစကဲ့သို့ပင်၊ ထို 'အာ့' ဟူသော စကားလုံးလေးထဲတွင် နူးညံ့ကြင်နာမှု၊ မျက်ရည်များ နှင့် အရှက်တရားတို့အား အရိပ်အမြွက် သင်္ကေတအဖြစ် ပေါင်းစပ်ထားသည်။ကျောင်းမြန်သည် ယခင်က စစ်မြေပြင်တွင် ပိုမိုပြင်းထန်ပြီး နာကျင်သော ဒဏ်ရာများကို ကြုံတွေ့ခဲ့ရသော်လည်း အံကြိတ်ကာ ခံနိုင်ရည်ရှိခဲ့သည်။ ဤညသည် ကျောင်းမြန် အနိုင်ကျင့်ခြင်းခံရသည့်ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားရပြီး ငိုယိုကာ အသနားခံ တောင်းဆိုရသည့် ညဖြစ်လာခဲ့သည်။ ထိုညသည် အိပ်မပျော်သောညဖြစ်လာခဲ့သည်။ ------------------------------------------------------------------------