Chapter 60.1
Viewers 7k

Chapter - 60.1 (ဘယ်သူ့ ကလေးလဲ...) "ကလစ်..." ဆရာဝန်က သစ်သားတံခါးကို ဂရုတစိုက်တွန်းဖွင့်လိုက်ချိန်တွင် ချင်းယင် နှင့် ကျောင်းမြန် ဘေးချင်းယှဉ်ရပ်နေသည်ကို တွေ့လိုက်ရသည်။ ချင်းယင်ကို ကြည့်ရသည်မှာ တည်ငြိမ်နေသည်ဟုထင်ရသော်လည်း ဆရာဝန်သည် သူ၏နောက်သို့ လိုက်ခဲ့သည်မှာ အချိန်တစ်ခုရှိနေပြီဖြစ်သောကြောင့် ယခုအချိန်တွင် ချင်းယင်ဒေါသထွက်နေသည်အား သိလိုက်သည်။ "သခင်လေး ယွီယင်... ဒဏ်ရာရလာတာလား..." ဆရာဝန်သည် တိုးတိုးလေးထပ်ပြော၏။ "ကျွန်တော် ‌စစ်ဆေးပေးဖို့ လိုသေးလား.." "အင်း..." ချင်းယင်သည် ကျောင်းမြန်ကို လွှတ်လိုက်ပြီး ရင်ဘတ်ကို ဖိကာ ဘေးနားတွင် ထိုင်လိုက်ပြီး ဆို၏။ "ကောင်းပြီ၊ စစ်ဆေးပါ" ဆရာဝန်သည် ကျောင်းမြန် ဆီသို့ လျှောက်လာသော်လည်း ကျောင်းမြန်သည် ခြေလှမ်းအနည်းငယ်လှမ်းကာ အေးစက်စွာပြောလိုက်သည်။ "ကျွန်တော် နေကောင်းတယ်" သို့သော် ကျောင်းမြန် ခြေထောက်ကိုရွှေ့လိုက်သည်နှင့် ပျို့အန်ချင်မှုသည် အပေါ်သို့ ဆန်တက်လာသည်။ ချင်းယင်၏ လက်သီးချက်သည် သူ့နှလုံးရှိရာသို့ ထိုးမိသွားသဖြင့် လွန်စွာ ထိတ်လန့်တုန်လှုပ်သွားသည်။ သို့သော် ကျောင်းမြန်သည် ထိုအရာကိုခံနိုင်ရည်ရှိခဲ့သော်လည်း ယခုချိန်တွင် ကူကယ်ရာမဲ့စွာဖြင့် အနီးနားက အမှိုက်ပုံးကိုသာ ဦးတည်လိုက်ရသည်။ နံရံကို ကိုင်ထားရင်း ကျောင်းမြန် အန်နေသည်ကို မြင်လိုက်ရချိန်တွင် ချင်းယင် ဘာလုပ်ရမှန်းမသိတော့ပေ။ သူ့မျက်လုံးများ မှေးမှိန်သွားကာ အေးစက်စွာပြောလိုက်သည်။ "သခင်လေး ယွီယင်က ဒီလိုဖြစ်‌နေတာကို ဘာလို့ သူ့ကို မြန်မြန် မစမ်းသပ်ပေးသေးတာလဲ..."" "ခင်ဗျား ကျွန်တော့်ကိုထိရဲလား" ကျောင်းမြန်သည် ဒူးထောက်ကာ ပါးစပ်ကို သုတ်လိုက်ပြီး ဆရာဝန်ကို ကြောက်လန့်အောင် ခြိမ်းခြောက်လိုက်သည်။ ထိုအခါ ချင်းယင်က ဆက်ပြောလိုက်သည်။ "ငါ မင်းကို လုပ်ပိုင်ခွင့် အပြည့်ပေးတယ်.... မင်း ဒီနေ့ ယွီယင့်ကို စစ်ဆေးလို့မပြီးရင် ဒီအခန်းထဲက ထွက်သွားစရာမလိုဘူး..." ဆရာဝန်၏ မျက်နှာသည် ဖြူဖျော့သွားကာ လှုပ်ရှားမှုများရပ်တန့်သွားပြီး ဘာလုပ်ရမှန်းမသိတော့ပေ။ ကျောင်းမြန်လည်း ထိတ်လန့်သွားသည်။ -ချင်းယင်က ဆရာဝန်ကို သူ့အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်နေတာပဲ..! ချင်းယင်သည် မျက်ခုံးကို ပင့်လိုက်ပြီး ကျောင်းမြန်ကို ကြည့်ကာ ဓားမြှောင်ကို ဆွဲထုတ်လိုက်ပြီး ကမ်းပေးလိုက်သည်။ "ဆေးမစစ်ချင်ဘူးမလား ရတယ်...အကယ်၍ မင်း သာ ဆရာဝန်ကို သတ်လိုက်ရင် မင်း ဆေးစစ်စရာ မလိုတော့ဘူးလေ မဟုတ်ဘူးလား...." ဆရာဝန်သည် တုန်လှုပ်သွားပြီး ကျောင်းမြန်အား အကူအညီတောင်းသည့်နှယ် လှမ်းကြည့်လိုက်သည်။ ကျောင်းမြန် သူ့အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်သည်။ "ကောင်....လေး၊ ငါက မင်း ကောင်းဖို့ လုပ်နေတာ" ‌ချင်းယင်သည် ကျောင်းမြန်၏ လက်ကိုဆွဲကာ ကျောင်းမြန်၏ ပါးပြင်ကို ညင်သာစွာ ပွတ်လိုက်သည်။ ထိုအပြုအမူအား ရှောင်ရန် ကျောင်းမြန် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ဘေးမှတုန်လှုပ်နေသော ဆရာဝန်ကို တစ်ချက်ကြည့်လိုက်ကာ နောက်ဆုံးတွင် ထိုင်ချလိုက်ပြီး ခပ်တိုးတိုးပြော၏။ "ခင်ဗျား စစ်ဆေးမယ်ဆို လာခဲ့..." ဆရာဝန်သည် ကြောင်တက်တက်အမူအယာဖြင့် လက်ကိုဆန့်ကာ ကျောင်းမြန်ကို စစ်ဆေးရန် ရိုးရှင်းသောကိရိယာကိုသာ အသုံးပြုခဲ့သည်။ "ဆ...ဆရာ.." ခဏအကြာတွင် ဆရာဝန်သည် ရုတ်တရက် ပြုံးလိုက်သည်။ "ဂုဏ်ယူပါတယ် ဘောစ့်!!! ပျော်စရာပဲ....ဝမ်းသာစရာ သတင်းပဲ...သခင်လေး ယွီယင့်မှာ ကိုယ်ဝန်ရှိနေပါပြီ...!" ကျောင်းမြန်သည် အချိန်မရွေး ဖြစ်လာမည်ကို သိသောကြောင့် အသိအမှတ်ပြုသည့်ဟန်ဖြင့် မျက်လုံးကို မှိတ်ကာ ခေါင်းညိမ့်ပြလိုက်သည်။ ချင်းယင်သည်တော့ အံ့အားသင့်သွားသည်။ ချင်းယင်၏ မျက်နှာသည် ဖြူဖျော့သွားကာ တစ်ကိုယ်လုံး တုန်ရီနေသည်။ ဆရာဝန်သည် သူတို့နှစ်ယောက်၏ အတွင်းရေးကိုအတိအကျ မသိသောကြောင့် "ဘုရင်မ" ကိုယ်ဝန်ရှိနေလျင် ထိုကလေးသည် ချင်းယင်၏ ကလေးသာဖြစ်ရမည်ဟု ထင်ခဲ့သောကြောင့် ချင်းယင်အား ဂုဏ်ပြုလိုက်လေသည်။ (T/N- ဒီနေရာမှာ "Queen"လို့ သုံးထားတာပါ...) "ထွက်သွား..." ချင်းယင်၏ အသံသည် အလွန်တိုးလွန်းလှသည်။ "ဗျာ..." ဆရာဝန် မျက်လုံးပြူးသွားသည်။ -ဘာပြောတာလဲ....။ "မသေချင်ရင် ဒီကနေ ထွက်သွားစမ်း...!" ဆရာဝန်သည် ချင်းယင်၏ သေမင်းနှင့်တူသော မျက်လုံးများကို ရင်ဆိုင်လိုက်ရသဖြင့် သူ့တစ်ကိုယ်လုံး အေးစက်သွားသည်။ သူ့ဘောင်းဘီကိုမကာ မြေပြင်ပေါ်သို့ တွားသွားလုမတတ် ထွက်သွားတော့သည်။ "ဘုန်းး!" ခဏအကြာ ဆရာဝန်ထွက်သွားချိန်တွင် ချင်းယင်သည် ကျောင်းမြန်ကို ဖိချုပ်ကာ လည်ပင်းကို ညှစ်ထားလိုက်သည်။ "ဟယ်လို မင်းနေကောင်းသေးတာပေါ့...!" ချင်းယင်၏လက်များတွင် သွေးကြောများ ပေါက်ထွက်လုမတတ်ထောင်ထနေပြီး သူ့မျက်လုံးများတွင်လည်း ဒေါသများနှင့် မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသော်လည်း သူ့နှုတ်ခမ်းတွင် ရူးနှမ်းနေသော အပြုံးတစ်ခု ရှိနေသေးသည်။ "ချင်း...ယင်..! လွှတ်... အဟွတ်.." ကျောင်းမြန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ချင်းယင်၏ လက်ကို ဆုပ်ကိုင်ကာ အသည်းအသန် ရုန်းကန်နေလေသည်။ ကျောင်းမြန်သည် သူ့ရှေ့တွင် ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်နေသလို ခံစားရပြီး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သူ့ကို မသက်မသာဖြစ်စေသည်။ "ရူးသွားတာလား...အရူး!" ကျောင်းမြန်၏ လက်သည်းများသည် ချင်းယင် ၏လက်များသို့ ဖောက်ဝင်သွားသောကြောင့် သွေးများ ထွက်လာသော်လည်း ချင်းယင်မှ ဘာမှမတုန့်ပြန်ဘဲ သူ့မျက်လုံးများသည် မုန်တိုင်းများဖြင့် ပြင်းထန်နေပြီး သူ့လက်မှ ခွန်အားသည်လည်း အကြင်နာတရား ကင်းမဲ့လေသည်။ ချင်းယင်၏ လက်ရှိပုံစံသည် အသိစိတ်လွတ်သွားသည့် သားရဲကောင်ကြီးတစ်ကောင် ဖြစ်နေကြောင်း ကျောင်းမြန် သိလိုက်သည်။ "ချင်း..." ကျောင်းမြန်သည် အလွန် မွန်းကြပ်လာသောကြောင့် ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်သည်။ သူသတိလစ်မသွားခင် ကျောင်းမြန်သည် ချင်းယင်၏ ခါးကြားထဲမှ သေနတ်အား ဆွဲထုတ်ကာ အန္တရာယ်မဖြစ်‌အောင် ဦးတည်ရာမဲ့စွာဖြင့် ကြုံသလို ပစ်လိုက်သည်။ ၃ ချက်ဆက်တိုက်ပစ်ခတ်ပြီးနောက် ချင်းယင် အသိစိတ် ပြန်ဝင်လာခဲ့သည်။ ချင်းယင် အံ့အားသင့်သွားသဖြင့် သူ့လက်မှ အားလျော့သွားချိန်တွင် ကျောင်းမြန်သည် သူ့အားကန်ထုတ်လိုက်ပြီး ဘေးသို့ ရှောင်ကာ ရေထဲ ပြန်လွှတ်ပေးလိုက်သော ငါးကဲ့သို့ အသက်ကို အငမ်းမရရှူကာ ချောင်းဆိုးတော့သည်။ ချင်းယင်သည် သူ့လက်များကို ဗလာသပ်သပ် စိုက်ကြည့်နေသည်။ သူ....ဘာလုပ်လိုက်တာလဲ..။ ကျောင်းမြန်၏ တစ်ကိုယ်လုံး တုန်ယင်ကာ အသက်ရှုနှုန်း တည်ငြိမ်အောင် အပြင်းအထန် ကြိုးစားနေရသည်။ "ချင်း... ချင်းယင်... မင်းက... အရူးပဲ!" ကျောင်းမြန်၏လည်ပင်းတွင် ဒဏ်ရာများ ကျန်နေခဲ့သည်။ ချင်းယင်သည် ကြောင်အနေရာမှ ရယ်လိုက်ပြီး ရှေ့သို့တိုးကာ ကျောင်းမြန်လက်ထဲမှ ပစ္စတိုကို ယူသွားခဲ့သည်။ ကျောင်းမြန်သည် ယခုအချိန်တွင် ခွန်အားမရှိတော့သောကြောင့် ချင်းယင်က ၎င်းကို အလွယ်တကူ ဆွဲထုတ်လိုက်နိုင်လေသည်။ "ကလစ်..." ချင်းယင်သည် ကျောင်းမြန်အား သေနတ်ဖြင့် ချိန်ထားလိုက်သည်။ "ဘယ်သူလဲ..." ကျောင်းမြန် ဘာမှမပြောပေ။ ချင်းယင်သည်လည်း မ‌ဖြေမချင်း ထပ်ခါထပ်ခါ မေးလေသည်။ "ဘယ်သူ့ကလေးလဲ...." ကျောင်းမြန် ခေါင်းကို မော့ပြီး ပြောလိုက်သည်။ "မင်း ခန့်မှန်းပြီးပြီ မဟုတ်ဘူးလား.." -ဟုတ်တာ‌ပေါ့... သူအပြင် ဘယ်သူရှိ‌သေးလို့လဲ။ ချင်းယင် ဒေါသတကြီးရယ်ကာ အပြုံးကြီးကြီးတစ်ခု ပြုံးလိုက်ပြီး ပြော၏။ "ဒါပေါ့..." ‌ချင်းယင် ရှေ့သို့ ခြေလှမ်းအနည်းငယ်မျှ လှမ်းကာ သေနတ်အဝသည် ကျောင်းမြန်၏ နဖူးကို ထိမှန်သွားသည်။ "မင်းမှာ ရွေးချယ်စရာ နှစ်ခုပဲ ရှိတယ်...တစ်ခုက ကလေးကို ဖျက်ချဖို့နဲ့..‌ နောက်တစ်ခုက သေတာပဲ"