Chapter 86
Viewers 19k

🤒အခန်း ၈၆





ကျူးထုန်က ဤနှစ်ရက်အတွင်း ဘောင်းဘီမဝတ်ခဲ့၍အကျင့်ဖြစ်နေပေပြီ။ မနက်အိပ်ရာထပြီးသည့်နောက် ယနေ့အပြင်ထွက်ရမည့်အကြောင်းကိုတွေးမိလေရာ အိပ်ရာသိမ်းရန် သူကိုယ်တိုင်စီစဥ်နေခဲ့သည်။ သူ စောင်နှင့်အိပ်ရာခင်းကိုခေါက်နေခဲ့၏။ ထိုအခိုက်အတန့်တွင် သူ့တံခါးက တွန်းဖွင့်ခံလိုက်ရသည်။


ရှောက်မင်က အခန်းတံခါးတွင်ရပ်နေရင်း လူငယ်လေး၏ ရှည်သွယ်ဖြူလျသောခြေထောက်လေးကို မျက်တောင်မခတ်ဘဲကြည့်နေမိသည်။ အထူးသဖြင့် ထိုသူ၏ ညအိပ်ဝတ်ရုံအရှည်မှ မလုံ့တလုံဖုံးထားခဲ့သော ထိုသူ၏အဓိကနေရာလေး။


သူတို့နှစ်ယောက်လုံး စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်သွားခဲ့ကြသည်။


ထို့နောက် ကျူးထုန်၏မျက်နှာက ဝင်းမှည့်နေသောခရမ်းချဥ်သီးတစ်လုံးလို ချက်ချင်းနီရဲသွားလေတော့သည်။ 


သူတို့နှစ်ယောက်အတူအပြင်ထွက်မည့်အစီအစဥ်လည်းပျက်စီးသွားရပြီး သူတို့နှစ်ယောက်တည်းမှတစ်ယောက်တည်းသာ အပြင်ထွက်ရရန်ဖြစ်သွားခဲ့သည်။


ရှောက်မင်က တခဏမျှ စိတ်ဓာတ်ကျနေခဲ့ကာ ခရမ်းချဥ်သီးလေးကို ချော့မော့ရန်တစ်ခုခုလုပ်ရမည်ဟုတွေးနေမိသည်။


ကျူးထုန်ကမူ ရှောက်မင်အပြင်ထွက်သွားပြီးနောက် သူချလိုက်မိသောဆုံးဖြတ်ချက်ကိုနောင်တရမိပြီး သူ့စိတ်ထဲတွင်အနှောင့်အယှက်ဖြစ်နေခဲ့သည်။


သူက အကြောင်းတစ်ခုပြကာ နို့လက်ဖက်ရည်ဆိုင်သွားရန်တွေးနေချိန် ရုတ်တရက်ဖုန်းမြည်လာခဲ့သည်။


သူက ဖုန်းခေါ်လာသူကို မှင်သေသေဖြင့်ကြည့်နေမိ၏။ ဖုန်းခေါ်လာသူမှာ သူ့အားတစ်လထက်မနည်း မဆက်သွယ်ခဲ့သူဖြစ်နေ၏။ သူ မျက်မှောင်ကြုတ်လိုက်ကာ ဖုန်းဖြေလိုက်သည်။


 "အဖေ.."


ဖုန်းထဲမှအသံကမူ ယခင်ကအတိုင်း နူးညံ့နေလေ၏။


 "ထုန်ထုန်၊ ကျောင်းပြောင်းသွားပြီးတော့ဘယ်လိုနေလဲ၊ ဒီတစ်ခေါက်လည်း အဖေမင်းကိုဖုန်းခေါ်ဖို့တောင် အရမ်းအလုပ်များနေခဲ့တယ်..."


ကျူးထုန်က မျက်ခုံးပင့်သွားကာ ပြန်ဖြေလိုက်လေ၏။ 


"အဆင်ပြေပါတယ်၊ အဘိုးကအကုန်လုံးကို အကောင်းဆုံးဖြစ်အောင်စီစဥ်ပေးထားပါတယ်၊ အဖေစိတ်မပူပါနဲ့.."


"....."


ဖုန်းထဲတွင် တိတ်ဆိတ်မှုက တဒင်္ဂမျှကြီးစိုးသွားပြီးနောက် သူဆက်ပြောလိုက်လေသည်။ 


"ဟုတ်တယ်၊ မင်းအဘိုးစီစဥ်ထားတာတွေအတွက် မင်းလုံးဝစိတ်ပူစရာမရှိပါဘူး၊ အဖေက မင်းကိုမေးချင်တာရှိလို့ပါ၊ ကျောင်းမှာနေသားကျပြီလား၊ သူငယ်ချင်းအသစ်တွေရောရပြီလား.."


သူငယ်ချင်းအသစ်တွေတဲ့လား။


ကျူးထုန်က မျက်လုံးတို့ကိုအသာမှေးကျဥ်းကာ ပြန်ဖြေလိုက်လေသည်။ 


"ကျွန်တော့်ရဲ့အတန်းဖော်တွေအကုန်လုံးက ကျွန်တော့်အပေါ်ကောင်းကြပါတယ်၊ တစ်ယောက်မှ အခက်တွေ့အောင်မလုပ်ကြပါဘူး..."


"ဟုတ်လား.." 

ကျူးရှို့ရှန်းက ခဏငြိမ်သွားလေသည်။ 


"ဒါဆို မင်းအဆင်မပြေတာရှိရင် အဖေ့ကိုပြောရမယ်နော်၊ အဖေက မင်း A မြို့ကိုပြန်လာဖို့လုပ်ပေးမယ်၊ တကယ်တော့ အဆောင်နေတဲ့အတွေ့အကြုံမျိုးလိုချင်ရင်လည်း ကျောင်းမှာနေစရာမလိုဘူးနော်၊ A မြို့ကကျောင်းက..."


"မလိုတော့ဘူး အဖေ.." 

ကျူးထုန်ကပြောလိုက်သည်။

 "ဒီကျောင်းကို ကျွန်တော်တကယ်သဘောကျပါတယ်၊ အချိန်တစ်ခုအထိ ကျောင်းမပြောင်းချင်ဘူး..."


သူနောက်ထပ်ကျောင်းတစ်ကျောင်းကိုမပြောင်းချင်တော့သည့်အကြောင်းပြောလိုက်ပြီးသည့်အခါ ကျူးထုန်မှာ ဖုန်းတစ်ဖက်မှ လေးလေးပင်ပင်သက်ပြင်းချလိုက်သံကို အတိအကျကြားလိုက်ရပြီးနောက် ပုံမှန်အနေအထားကို ခပ်မြန်မြန်ပင်ပြန်ရောက်သွားလေ၏။ 


"ကောင်းပြီလေ၊ မင်းသဘောကျတယ်ဆိုရင်လည်း အဲဒီမှာနေဦးပေါ့၊ မင်းခန္ဓာကိုယ်ကိုတော့...ကျောင်းမှာဖြစ်နေတာတွေအပေါ် သတိထားပေါ့၊ မင်းအချိန်ရရင်တော့ ကျန်းမာရေးကိုစစ်ဆေးဖို့ပြန်လာခဲ့ဦး၊ အဖေက မင်း ရုတ်တရက် အဝေးကြီးကိုကျောင်းပြောင်းသွားတော့စိုးရိမ်နေတာ၊ ဒါဆို ကျန်းမာရေးစစ်ဆေးဖို့အတွက် အဖေ့ကိုပဲစိတ်ချထားလိုက်နော်..."


"......."


ကျူးထုန် သူဆိုလိုချင်သည်ကိုသိနေသည်။


ထိုသူက ကျူးထုန်ကို A မြို့ရှိရာသို့ပြန်လာစေချင်၏။


ဒါပေမဲ့ ဘာလို့လဲ။


သူကျောင်းပြောင်းလာပြီးတည်းက လတွေအကြာကြီးမဆက်သွယ်ခဲ့တဲ့သူက ဘာလို့ရုတ်တရက်ကြီး ပြန်လာခိုင်းနေတာလဲ။

ကျူးထုန်က သူ့ကျန်းမာရေးကြောင့်ဟု မယုံကြည်ပေ။


သူ တည်တည်ငြိမ်ငြိမ်ပင်တုံ့ပြန်လိုက်သည်။


 "သိပါပြီ၊ ကျွန်တော် ကျန်းမာရေးစစ်ဆေးဖို့အတွက် ပြန်လာခဲ့ပါ့မယ်၊ အဘိုးနဲ့ဦးလေးလျိုကို သွားမယ့်အကြောင်းပြောလိုက်ပါ့မယ်၊ မပူပါနဲ့ အဖေ၊ ကျွန်တော် ကိုယ်ဟာကိုယ်ဂရုစိုက်လိုက်ပါ့မယ်.."


ကျူးရှို့ရှန်းက တကယ်ကိုစိတ်အေးသွားပြီး ဖုန်းထဲမှပြန်ပြောလာခဲ့သည်။ 


"အေးပါ၊ A မြို့ကိုပြန်လာပြီးရင် အဖေ့ကို ဖုန်းဆက်ဖို့မမေ့နဲ့ဦး..."


ကျူးထုန်က "အင်း" ဟုခပ်တိုးတိုးဖြေလိုက်ပြီး ဖုန်းချလိုက်လေသည်။


ဖုန်းပြောဆိုမှုအဆုံးသတ်သွားမှ သူလည်းစိတ်ပေါ့ပါးသွားခဲ့သည်။ မတိုင်ခင်က စိတ်တက်ကြွနေမှုလေးပင် အငွေ့ပျံသွားလေ၏။


သူက လူသူကင်းမဲ့နေသောဧည့်ခန်းကိုကြည့်ကာ အခန်းထဲသို့ပြန်ဝင်သွားလိုက်သည်။


ညနေခင်း၌ ရှောက်မင်က နို့ပူတင်းပုလဲလက်ဖက်ရည်နှင့်အတူ အိမ်ထဲသို့ဝင်လာလေသည်။ ဧည့်ခန်းထဲမှမီးတို့ကပိတ်ထားသောကြောင့် သူအံ့အားသင့်သွားခဲ့ရ၏။ သူကျူးထုန်အခန်းသို့ တိုက်ရိုက်သွားလိုက်သည်။ မနက်ခင်းက ဖြစ်ပျက်ခဲ့ပုံကိုအမှတ်ရသွားပြီး မဝင်ခင်တွင် တံခါးခေါက်လိုက်သည်။


တံခါးမှာ အတွင်းထဲမှတွန်းဖွင့်ခံလိုက်ရပြီး ခေါင်းလေးက အရင်ထွက်လာလေသည်။


အခန်းထဲမှမီးမှာလည်း တပြိုင်တည်း အပြင်သိူ့ထွက်လာကာ ကျူးထုန်၏မျက်လုံးတို့မှာလည်းတောက်ပနေခဲ့၏။ 


"ပြန်လာပြီလား.."


ရှောက်မင်မေးလိုက်သည်။ 


"အင်း၊ ကိုယ့်ကိုလွမ်းနေလား.."


ကျူးထုန်: "....."


'ဒီလူကလည်း စနောက်တဲ့နေရာမှာအခုနောက်ပိုင်း ပိုကျွမ်းလာတာပဲ'


သို့တစေ ကျူးထုန်အတွက် ၎င်းကမထူးဆန်းတော့ပေ။ သူ ရှောက်မင်ကိုဝင်လာခိုင်းလိုက်သည်။


 "ငါအခုလေးတင် အိုလံပစ်မေးခွန်းတွေကို အစမ်းဖြေပြီးတာ၊ ငါမတွက်တတ်တဲ့ပုစ္ဆာနှစ်ပုဒ်ရှိတယ်၊ ငါ့ကိုကူညီပေးပါလား.."


ရှောက်မင်: "....."

'ဒီလူက ငါ့အပေါ် ပိုပြီးပွင့်လင်းလာတာပဲ'


သူ ကယ်ရာမဲ့စွာပြုံးလိုက်ပြီး လက်ထဲတွင်နို့လက်ဖက်ကိုင်ထားရင်း လမ်းလျှောက်ပြီးဝင်လာခဲ့သည်။


ကျူးထုန်က လူပျင်းစားပွဲခုံလေးကို အသုံးပြုနေသေးသည်။ ပစ္စည်း၏အသုံးဝင်ပုံကြောင့် အကျင့်ပျက်သွားသလိုပင်။ ခြေထောက်ဒဏ်ရာသက်သာသွားပြီးသည်အထိ မလဲသေးပေ။


ရှောက်မင်က နို့လက်ဖက်ရည်ကို စားပွဲခုံထောင့်တွင်တင်လိုက်သည်။ 


"ကိုယ်မင်းအတွက် အခြားတစ်ခုလုပ်ပေးချင်ခဲ့တာ၊ မင်းသဘောမကျမှာတော့စိုးရိမ်မိတယ်၊ ဒါပေမဲ့ ကိုယ်ယူလာခဲ့လိုက်တယ်.."


ကျူးထုန်က ကျေးဇူးတင်နေသောမျက်နှာဖြင့် ပြန်ဖြေခဲ့သည်။ 


"အရသာရှိတယ်..."


သူက နို့လက်ဖက်ရည်သောက်ရသည်ကိုနှစ်သက်နေခဲ့သည်။


ရှောက်မင်က ပြုံးလိုက်ကာ စားပွဲပေါ်မှ မေးခွန်းစာအုပ်လေးကိုကြည့်ကာဆိုလေ၏။ 


"အိုလံပစ်အစမ်းမေးခွန်းတွေကိုဖြေကြည့်ဖို့ ဘာလို့စိတ်ကူးမိသွားတာလဲ.."


ကျူးထုန်: "ငါလည်းလုပ်စရာမရှိဘူးလေ၊ ဒီတော့ ကြိုးစားပြီးရသလောက်လုပ်ထားတာပေါ့..."


ရှောက်မင်ကထပ်မေးကြည့်လိုက်ပြန်သည်။ 


"ဒါဆို ဘာလို့ ကိုယ်နဲ့မလိုက်လာတာလဲ..."


ကျူးထုန်မှာ တွေဝေသွားကာ မျက်တောင်လေးခတ်ပြရင်းဖြေလာလေသည်။ 


"အင်း...နို့လက်ဖက်ဆိုင်ရာမှာ လူတွေအများကြီးရှိပြီးသားလေ၊ ငါလည်းအကူအညီသိပ်မဖြစ်လောက်တော့..."


"မင်းနို့လက်ဖက်ရည်ဆိုင်ကိုလာရင် မင်းအကူအညီကိုလိုအပ်တယ်လို့ ဘယ်သူကပြောတာလဲ..." 

ရှောက်မင်က သူ့စကားကိုဖြတ်ပြောလာလေ၏။

 "မလို..."


သူဆက်မပြောဖြစ်တော့ပေ။


ကျူးထုန်ကသူ့အား မသင်္ကာသလိုကြည့်သည်။


ရှောက်မင် သက်ပြင်းသာချလိုက်၏။ 


"ထားလိုက်တော့၊ ကိုယ်မင်းကိုကူညီပေးမယ်..."


ကျူးထုန်က ချက်ချင်းပင် အာရုံစိုက်လာလေသည်။ "အိုကေ..."


ရှောက်မင်: "......"


သူ ဒီကောင်လေးနဲ့ ဘယ်လိုလုပ်ရပါ့မလဲ။


____________


နောက်တနေ့တွင် ကျောင်းပြန်တက်ကြရပေပြီ။ အတန်းတစ်ဝက်နီးပါးက သူတို့၏အားလပ်ရက်အိမ်စာများကို အလောတကြီးဖြင့်အပြီးသတ်နေကြရ၏။


ဆရာကြီးနှစ်ယောက် အတန်းထဲဝင်လာသည်နှင့် တတန်းလုံးက ချက်ချင်းပင် အာရုံစိုက်သွားကြသည်။


"အိမ်စာပြီးသွားကြပြီလား၊ ကျန်းဟူလောကမှာ လှိုင်းထန်နေပြီ၊ ငါ့ကိုပေးကူးစမ်းပါ.."


"ကျူးထုန်၊ မင်းအင်္ဂလိပ်စာအိမ်စာပြီးသွားပြီမလား၊ မင်းရဲ့ကွက်လပ်ဖြည့်က အဖြေလေးတွေကို ကြည့်လို့ရမလား..."


"အမြန်၊ အမြန်၊ လေးယောက်အတူကူးလို့ရတယ်..."


ကျူးထုန် အိမ်စာစာအုပ်ထုတ်လိုက်သည်နှင့် တိုးဝှေ့လာသောကျောင်းသားအုပ်ကြီးကြောင့် သူ့မှာ ဘေးရောက်သွားလေတော့သည်။


အတန်းခေါင်းဆောင်ကပါ အိမ်စာကူးသည့်အထဲတွင်ပါနေ၍ သူ့ခမျာ အံ့ဩသွားရသေးသည်။


ထျန်နွမ်: "နင်အကြည့်ကဘာသဘောလဲ၊ ငါကအတန်းခေါင်းဆောင်ဆိုတော့ရော ဘာဖြစ်လဲ၊ အဲဒီနေရာမှာရောက်နေတိုင်းလည်း ငါက ဉာဏ်ရည်နိမ့်ကျောင်းသားလေးဆိုတာမပြောင်းဘူးလေ၊ ကြည့်စမ်း၊ လောင်အာ့တောင် အချိန်မီမပြီးလို့လာကူးနေရတယ်၊ ဒီလို အသေးအဖွဲလေးတွေအတွက် စိုးရိမ်မနေနဲ့..."


ကျူးထုန်: "....."


သူကမူ နေ့တိုင်း အသစ်အဆန်းများကိုသာတွေ့နေရလေသည်။


သူက အရှေ့မှအိမ်စာကူးနေကြသော အတန်းဖော်များကိုကြည့်ကာ ၎င်းကမှ အသင်းလိုက်လုပ်ဆောင်မှုအစစ်အမှန်ဟု ခံစားနေရသည်။ ရုတ်တရက် သူကသာအိမ်စာပြီးနေ၍ ဘေးဖယ်ခံထားရသလိုခံစားလိုက်ရလေသည်။


အင်္ဂလိပ်စာအိမ်စာမှာ လျင်မြန်စွာဖြင့်အကူးခံလိုက်ရသည်။ ထျန်နွမ်ကလှည့်လာပြီး ကျူးထုန်ကိုစာအုပ်ပြန်ပေးလိုက်ကာ ပုံမှန်အတိုင်းပင်ပြောလာလေ၏။ 


"ဒါနဲ့ အားလပ်ရက်ထဲမှာ နင်မြင်းပြိုင်ကွင်းကိုသွားခဲ့သေးလား..."


ကျူးထုန်က အိမ်စာစာအုပ်ကိုယူလိုက်ပြီး အံ့ဩနေသောအသံဖြင့်ပြန်မေးလိုက်လေသည်။ 


"နင်ကဘယ်လိုသိတာလဲ.."


ထျန်နွမ်၏မျက်လုံးလေးတို့က တောက်ပသွားခဲ့သည်။ 


"ဝါး..တကယ်ပေါ့၊ ငါ group chat မှာတွေ့လိုက်တယ်၊ အဲဒီနေ့က ကျောင်းကလူတွေလည်း မြင်းပြိုင်ကွင်းကိုသွားကြတယ်လေ၊ သူတို့ကနင်နဲ့ရှောက်မင်တို့အတူမြင်းစီးနေကြတဲ့ပုံတွေကို ခိုးရိုက်ထားကြတယ်၊ နေဦး..နေဦး..ဒီမှာကြည့်..."


ကျူးထုန်: "....."


Group chat တွင် အယောက်ငါးဆယ်ခန့်ပါသည်။ ပုံမှန်အတိုင်း သီးသန့်ဖွဲ့ထားခြင်းဖြစ်လေ၏။ နောက်ဆုံးစကားပြောထားကြသည်က လွန်ခဲ့သောနှစ်ရက်ခန့်ပင်။ ထျန်နွမ်က စကားပြောထားသမျှကိုဆွဲကြည့်ပြီး သူ့အားပြလာလေသည်။


ဓာတ်ပုံအများစုမှာ အဝေးမှရိုက်ထားကြခြင်းဖြစ်ပြီး နှစ်မီတာမြင့်သောတန်းကိုခုန်ကျော်စဥ်က ရှောက်မင်နှင့်အတူစီးသွားသည့်အခိုက်အတန့်ကို အမိအရရိုက်ထားလေသည်။ အနောက်၌ ရှားယန်နှင့်အခြားသူတို့ စကားများနေကြသောဓာတ်ပုံများပါလေသည်။


ကျူးထုန်က အောက်ဘက်ကိုဆွဲချရင်း ကြည့်မိသည်။


[ချီး..ဒါဖိုတိုရှော့ထားတာမလား၊ ဒီလောက်အမြင့်ကြီးကို တကယ်ခုန်နိုင်ခဲ့လို့လား၊ ဖာ့ခ်ကင်း အမေးဇင်းပဲ]


[ဒါကျောင်းစာနတ်ဘုရားနဲ့ကျူးထုန်မဟုတ်ဘူးလား၊ ဖာ့ခ် သူတို့နှစ်ယောက်က မြင်းတစ်ကောင်တည်းကိုပဲအတူစီးကြတာလား]


[ဒီလိုမျိုးကြီး မြင်းအတူစီးကြတာလား၊ ဒါဒိတ်လုပ်တယ်ဆိုတာရှင်းနေတာပဲလေ၊ နှစ်ယောက်လုံး တကယ်ကြီးဒိတ်နေကြတာလား၊ အမှန်ပဲနေမှာပါနော်၊ သူတို့ကပဲတကယ်ဖြစ်နေတာလား၊ ငါပဲမှားနေတာလား]


[အမေရေ၊ ကျွန်မကတော့ ဒီလက်ထပ်ပွဲကို သဘောတူတယ်၊ ကျောင်းစာနတ်ဘုရားကြီးရေ၊ နင်သူ့ကိုမယူရင် ငါယူလိုက်မယ်]


[ဒီမှာ ပိုပြီးအားပြင်းတဲ့နောက်တစ်ပုံရှိသေးတယ်(ဓာတ်ပုံ) (ဓာတ်ပုံ)]


ထိုပုံက သူ့ကိုရှောက်မင်မှ မြင်းပြိုင်ကွင်းအပြင်သို့ ချီထုတ်သွားသည့်ပုံပင်ဖြစ်လေ၏။ ဤပုံက ပိုပြီးပင်အနီးကပ်ဖြစ်နေလေသည်။


[အို့မိုင်ဂေါ့၊ မင်းသမီးလေးကိုချီသွားတာဟေ့၊ ငါတော့သေပါပြီ၊ အား......]


[သူ့ကို မင်္ဂလာအခန်းထဲပဲခေါ်သွားရအောင်လုပ်စမ်းပါ]


ကျူးထုန်: "....."


ကျူးထုန်: ???


ဒါတွေက ဘယ်လို အဓိပ္ပါယ်မရှိတာတွေလဲ။


ထျန်နွမ်က အန္တရာယ်ကိုမမြင်သေးဘဲ အရှေ့မှခုံနေပြီး တတွတ်တွက်ပြောနေလေသည်။ 


"ကျူးထုန်၊ နင်ကဓာတ်ပုံရိုက်ရင်ကြည့်ကောင်းတယ်၊ ကျန်တာတွေက...."


သူမပင်ပြော၍မပြီးသေးခင် ဖုန်းမျက်နှာပြင်ကို မြင်လိုက်ရသည်။ ၎င်းတွင် Group chat မှတ်တမ်းကိုပြသထားလေ၏။


သူ ကျူးထုန်ကိုဖုန်းကမ်းပေးလိုက်ချိန်တွင် á€–á€Żá€”á€şá€¸á€‘á€˛áŒ ဓာတ်ပုံကြီးတစ်ပုံရှိနေခဲ့သည်။ သို့ရာတွင် ကျူးထုန်ကလှမ်းယူလိုက်ပြီး သူမက မတော်တဆဖြင့် ဖုန်းမျက်နှာပြင်ကိုထိလိုက်မိသည်။ ထို့နောက် ဓာတ်ပုံကအနီးကပ်ဖြစ်သွားတော့သည်။


"......."


ထျန်နွမ်ရော ကျူးထုန်ပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။ မမြင်ရသော ရှက်ရွံ့မှုက နှစ်ယောက်ကြားတွင် ဖုံးလွှမ်းပျံ့နှံ့သွားခဲ့သည်။


ထျန်နွမ်: ဒါက လူလည်ခေါင်မှာ အပြစ်ပေးတဲ့ပုံစံပဲ။


ကျူးထုန်: ကံဆိုးရှာတဲ့ဝိညာဥ်လေးက လူလယ်ခေါင်မှာအပြစ်ပေးခံရလို့လွင့်သွားရှာပြီ။


ထိုအခိုက် ရှောက်မင်ကလည်း သူတို့ဘေးမှပေါ်လာလေသည်။ 


"မင်းတို့နှစ်ယောက် ဘာတွေကြည့်နေကြတာလဲ..."


ထျန်နွမ်မှာ ကြက်သေသေနေပြီး ဘာကိုမှမပြောသော်လည်း သူမထက် ပိုမိုလျင်မြန်စွာဖြင့်တုံ့ပြန်လာသူရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမဖုန်းက "ဒုတ်" ခနဲ စားပွဲပေါ်ကျသွားတော့သည်။


ထျန်နွမ်: "....."


သူမ၏ဖုန်းလေး....


ကျူးထုန်က သတ္တိရှိလာပုံရသည်။ သူက ရှောက်မင်ကိုကြည့်ကာပြောလိုက်၏။ 


"ဘာမှမဟုတ်ဘူး၊ အရည်မရအဖတ်မရတွေပါ.."


ထျန်နွမ်: "???"


'နင်က အရည်မရအဖတ်မရတဲ့အရာတစ်ခုအပေါ်မှာ အခုလိုအပြင်းအထန်တုံ့ပြန်တတ်တာလား'


ရှောက်မင်၏အတွေးမှာလည်း ထိုနည်း၎င်းပင်။ သူကမျက်ခုံးပင့်ကာ ထိုသူကိုစိတ်ဝင်စားသလိုကြည့်လိုက်သည်။


ထိုအခိုက်အတန့်လေးတွင် ထျန်နွမ်မှာ သဘာဝကျစွာဖြင့် ကျူးထုန်ဘက်မှရပ်တည်ပေးချင်ခဲ့သည်။ သူမက ကျူးထုန်လက်ထဲမှဖုန်းကို စိတ်ရှုပ်ထွေးနေသောမျက်နှာဖြင့်ပြန်ယူပြီး ခပ်ပေါ့ပေါ့ပင်တုံ့ပြန်လိုက်သည်။ 


"ဟုတ်တယ် ၊ အရည်မရအဖတ်မရတွေပါ၊ ကျောင်းသားတွေကြည့်ဖို့ မသင့်တော်ဘူး.."


ပြောပြီးမှပင် သူမက တစ်ခုခုကိုတွေးမိသလိုလှည့်လာပြန်သည်။ 


"ဒါနဲ့ ကျူးထုန်၊ ဘာလို့ ရှောက်မင်ကို မ ချီသွားခိုင်းတာလဲ၊ ဒဏ်ရာကရော.."


ကျူးထုန်: "....."


'ကျေးဇူးပြုပြီး မပြောပါနဲ့လို့'


'အတန်းခေါင်းဆောင်၊ နင်အခုလေးတင်ဖော်လိုက်ပြီလေ'



🤒