Chapter - 62
(ကိုယ် ဒီမှာ.. )
သူ့စိတ်ထဲတွင် ရှုပ်ထွေးနေပြီး ထူးဆန်းသည့် အသံများကို ကြားနေရကာ ကျောင်းမြန် မွန်းကြပ်လာသဖြင့် မျက်လုံးများကို ရုတ်တရက်ဖွင့်လိုက်ချိန်တွင် သူ့လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်ကို ခံစားလိုက်ရသည်။
"မကြောက်နဲ့နော် ကိုယ်ဒီမှာရှိတယ်"
ကျောင်းမြန် လှည့်ကြည့်လိုက်ချိန်တွင် သူ့ဘေးတွင် ထိုင်နေသည့် စီဆဲလ်ကို တွေ့လိုက်ရသဖြင့် အိပ်မက်မက်နေသည်ဟု ထင်ကာ မျက်တောင် ခတ်လိုက်သည်။
"အာ့မြန်...."
စီဆဲလ်သည် ဘေးတွင်လှဲအိပ်လိုက်ပြီး
ကျောင်းမြန်ကို သူ့လက်မောင်းထဲသို့ ဆွဲသွင်းကာ သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားလိုက်သည်။ ထို့နောက် သူ၏ လက်ဖြင့် ကျောင်းမြန်၏ နဖူးအားတောက်ကာ ပြောလိုက်သည်။
"လူဆိုးလေး......နိုးပြီလား....မင်းဗိုက်နာနေသေးလား"
ကျောင်းမြန်လည်း သူ့နဖူးမှ နာကျင်မှုကို ခံစားရသဖြင့် အိပ်မက်မဟုတ်မှန်း သေချာသွားသည်။
"မနာတော့ဘူး..."
"စီဆဲလ်.."
ကျောင်းမြန် ခေတ္တရပ်လိုက်ပြီး ရုတ်တရက် စီဆဲလ် ကို ပွေ့ဖက်လိုက်သည်။
ကျောင်းမြန်သည် စီဆဲလ်အား တင်းကြပ်စွာ ပြန်ဖက်လိုက်သောကြောင့် စီဆဲလ် အံ့သြသွားသည်။
"စီဆဲလ်...."
"ကိုယ်ရှိတယ်...."
"စီဆဲလ်...."
"အင်း...."
စီဆဲလ်သည် ကျောင်းမြန်၏ ဆံပင်ထိပ်လေးကို လက်ဖြင့်အသာဖွပြီး နူးညံ့စွာ ပြောလိုက်သည်။
"ကိုယ် ဒီမှာရှိတယ်..."
ကျောင်းမြန်သည် စီဆဲလ်ရင်ခွင်ထဲတွင် နေကာ "ကျွန်တော်.." ဟုသာပြောပြီး ဘာမှဆက်မပြောတော့ပေ။
ဒီလူကို သူ ဘယ်လိုမှ မလွတ်ပေးနိုင်တော့ဘူး။ နောက်ထပ် သူ့ကို ဘယ်လိုအခြေအနေမျိုးနဲ့မှ ထပ်မလွမ်းချင်တော့ဘူး.....။
အရင်က သူ့ကို မလွမ်းဘူးလို့ သူ့ကိုယ်သူ လိမ်ပြောနိုင်ပေမယ့် ကျောင်းမြန်သည် သူ့အား မည်မျှ လွမ်းနေသည်ကို ဒီလူနှင့် တွေ့ပြီးချိန်မှ သေချာသိလိုက်ရသည်။
စီဆဲလ်သည် ကျောင်းးမြန်၏ နှာခေါင်းကို ဖိပြီး ပြောသည်။
"မင်းက လူယုတ်မာလေးပဲ....သိလား... ကိုယ့်ကို နှုတ်မဆက်ဘဲ ထွက်သွားပြီး ဒီလောက်အကြာကြီး ပုန်းနေတာ မင်းကို ဘယ်လောက်လွမ်းနေရလဲ သိလား...."
စီဆဲလ်သည် သူ့လက်အား ကျောင်းမြန်၏ ဗိုက်ပေါ်သို့ ညင်သာစွာ ရွေ့ကာ ပွတ်ပေးပြီး ဆက်ပြော၏။
"မင်း....မင်း ကိုယ့်ကို ဖုံးကွယ်ထားဖို့ သတ္တိရှိလိုက်တာ"
ဆရာဝန်သည် သူ့ကိုယ်ထဲတွင် အသက်ဓာတ်လေးရှိနေသည်ဟု ပြောသည့်အချိန်တွင် စီဆဲလ် ဘယ်လောက်တောင် စိတ်လှုပ်ရှားနေသည်ဆိုတာ ဘုရားသခင်သာ သိနိုင်သည်။သူ့ဘဝမှာ တစ်ခါမှ ဒီလောက်စိတ်မလှုပ်ရှားဘူးပါ။ ကျောင်းမြန်သည် သူ့ကိုယ်သူ စီဆဲလ်၏ ရင်ဝင်ထဲဝင်နေကာ ဘာစကားမှမပြောဘဲ ဖက်ထားလေသည်။
-သူမှားတယ်လို့ မခံစားရဘူးလား။
စီဆဲလ် ထိုအပြုအမူကိုမြင်လိုက်ရသောအခါ ရယ်ရခက် ငိုရခက်ဖြင့် ဒေါသထွက်ကာ စိတ်ဆင်းရဲသွားသည်။
"မိုက်မဲတဲ့ မြန်မြန် မင်းနောင်မှာ ဒီလိုထပ်မလုပ်တော့ဘူးလို့ ကိုယ့်ကို ကတိပေးရမယ် နားလည်လား..."
ဟုတ်ကဲ့"
"ကျိန်ပြော"
"ကျွန်တော် ကျိန်ဆိုပါတယ်..."
စီဆဲလ်၏ လေးနက်သော မျက်လုံးများကို မြင်လိုက်ရသဖြင့် ကျောင်းမြန် သူ့လက်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။
"ကျွန်တော် ကျိန်ဆိုပါတယ်..၊ အနာဂတ်မှာ ဘာပဲလုပ်လုပ် ခင်ဗျားနဲ့ အရင် တိုင်ပင်ပါ့မယ် စာချုပ်ကို ချိုးဖောက်ရင် ကျွန်တော် ဒုက္ခရောက်ပါစေ..."
စီဆဲလ်သည် ကျောင်းမြန်၏ ပါးစပ်အား ပိတ်ကာ အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
"မင်း စာချုပ်ကို ဖောက်ဖျက်ရင် မင်းခင်ပွန်း ဒုက္ခရောက်လိမ့်မယ် စီဆဲလ်က မိုးကြိုးပစ်ခံရပြီး ဆိုးဆိုးရွားရွား သေဆုံးသွားလိမ့်မယ်"
"စီဆဲလ်...!"
ကျောင်းမြန် မော့ကြည့်လိုက်သည်။ စီဆဲလ်သည် အောင်မြင်မှုအပြည့်ဖြင့် ကျောင်းမြန်၏ မျက်နှာကို ဂုဏ်ယူစွာ ပွတ်သပ်လိုက်သည်။
"မြန်မြန် မင်းဒီလိုထပ်မလုပ်ရဘူး...ဘယ်လောက်အန္တရာယ်ကြီးလဲဆိုတာ မင်းသိလား"
စီဆဲလ်သည် အလွန်နာကျင်နေသည့် အသံဖြင့်ပြောလိုက်သည်။
"ကိုယ်သာ အချိန်မီ မရောက်ခဲ့ရင် အကျိုးဆက်က ဘယ်လောက် ပြင်းထန်မယ်ဆိုတာ မင်းသိလား... နောက်တစ်ခါ ထပ်လုပ်ဖို့ သတ္တိရှိရင် ကိုယ် မင်းကို အပြစ်ပေးမယ် ပြင်းပြင်းထန်ထန်ကို အပြစ်ပေးမယ်"
ကျောင်းမြန်၏လည်ပင်းမှ ဒဏ်ရာများကို ပွတ်သပ်ရင်း စီဆဲလ်က ပြောလိုက်သည်။
"ခင်ဗျား ကျွန်တော့်ကို ဘယ်လို အပြစ်ပေးမှာလဲ"
ကျောင်းမြန် မျက်တောင်ခတ်လိုက်ချိန် စီဆဲလ်သည် မျက်ခုံးကိုပင့်ကာ သူ၏ မေးစေ့ကို ပင့်ကိုင်ပြီး တင်းကြပ်စွာ ဖက်ထားလိုက်သည်။
"အွန့်...!"
ဤအနမ်းသည် ကာလအတန်ကြာ ခွဲခွာပြီးနောက် ပြင်းပြစွာသော သည်းမခံနိုင်ခြင်းများ၊ မုန်တိုင်းထန်မှုများ အပြည့်ဖြစ်နေသည်။ စီဆဲလ်သည် သူ့အား ပြင်းပြင်းထန်ထန် နမ်းလိုက်ပြီး ကျောင်းမြန်၏ ပါးစပ်ထဲသို့ သူ့လျှာအား ထိုးဖောက်ပြီး တမင်သက်သက် နှိုးဆော်ကာ ကျောင်းမြန်ကို တစ်ကိုယ်လုံး ပျော့ခွေသွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်အထိ နမ်းလိုက်သည်။
"ဟ..."
စီဆဲလ် ရပ်တန့်လိုက်ချိန်တွင် ကျောင်းမြန်က အသက်ပြင်းပြင်းရှူလိုက်သည်။
ထို့နောက် စီဆဲလ်က ပြုံးပြီး ကျောင်းမြန်၏ နားနားသို့ကပ်ကာ ပြောလိုက်ပြန်သည်။
"ဒီလို အပြစ်ပေးမယ်...ပိုဆိုးတဲ့ ပြစ်ဒဏ်တွေတောင် ရှိသေးတယ်.....အဲဒါတွေကို အကောင်အထည်မဖော်ခင် မင်းအခြေအနေ ပိုကောင်းလာတဲ့အထိ ကိုယ်စောင့် နေမယ်"
"ခင်ဗျား......"
ကျောင်းမြန်၏ပါးပြင်များ နီရဲလာသည်။
"ဒါဆို... နောက်တစ်ခါ ဒီလိုထပ်မလုပ်နဲ့"
စီဆဲလ်သည် ကျောင်းမြန်၏လက်ကို ညှစ်ပြီး သူ့ခေါင်းကို တစ်ဖက်လှည့်ကာ ပြောလိုက်၏။
"ကိုယ်...ကိုယ်တကယ် နေလို့မရဘူး...မင်းထွက်သွားတဲ့ ရက်တွေက ရူးသွားမှာတောင် စိုးရိမ်ရတယ်...မင်း အိပ်မပျော်မှာကိုလည်း စိတ်ပူတယ်... ကောင်းကောင်းမစားရဘဲ အနိုင်ကျင့်ခံနေရလား...ဆိုပြီးလည်း စိတ်ပူတယ်...မင်းအန္တရာယ်ကြုံတယ်ကြားရင် ကိုယ်မင်းကို ပြေးရှာချင်တာ ရူးမတတ်ဘဲ.."
ကျောင်းမြန် သူ့အားစိုက်ကြည့်ကာ....
"တောင်းပန်ပါတယ်..."
ခဏအကြာတွင် ကျောင်းမြန်သည် စီဆဲလ်အား မှီကာ တိုးတိုးလေးပြောလိုက်သည်။
"ဒါပေမယ့်...ကျွန်တော်လည်း ခင်ဗျားကို အရမ်းလွမ်းတယ်"
စီဆဲလ် ရုတ်တရက် ထိတ်လန့်သွားသည်။
"မြန်မြန်....!"
စီဆဲလ်သည် ကျောင်းမြန်ကို နောက်တစ်ကြိမ် ဆွဲကိုင်လိုက်ပြီး ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။
သူတို့နှစ်ယောက်၏ စိတ်လှုပ်ရှားမှုများ ငြိမ်သက်သွားပြီးနောက် စီဆဲလ်သည် ကျောင်းမြန်လက်ကို ဆုပ်ကိုင်လိုက်ပြီး အဲဒီနေ့၏ ဖြစ်စဉ်အကြောင်းကို ဖြည်းညှင်းစွာ ပြန်ပြောသည်။
ကျောင်းမြန် နှင့် ချင်းယင်တို့ မြစ်ထဲသို့ ကျသွားပြီး တစ်ချိန်တည်းမှာပင် စီဆဲလ် သည် ပင်လယ်ဓားပြများနှင့် တိုက်ခိုက်ရန် ဖက်ဒရယ်စစ်တပ်ကို ဦးဆောင်ခဲ့သည်။ ထို့နောက် စီဆဲလ် သည် မြစ်ထဲသို့ ချက်ချင်းခုန်ဆင်းကာ ကျောင်းမြန်ကို ကယ်တင်ခဲ့သော်လည်း ချင်းယင် ကို ရှာမတွေ့ခဲ့ပေ။ သူ့အလောင်းကို ရှာမတွေ့ခဲ့သဖြင့် သေလား၊ ရှင်လား မသိရသေးပေ။
"ဒါပေမယ့် ကောင်းတဲ့အချက်ကတော့ ပင်လယ်ဓားပြတွေကို ကိုယ်တို့က ချေမှုန်းနိုင်လုနီးပါးပဲ... အနည်းစုပဲ လွတ်မြောက်သွားတာပါ... သူတို့တွေ ပြန်ထလာဖို့က ခက်ခဲလိမ့်မယ်"
စီဆဲလ်သည် ပြုံးကာ....
"ဒါက မြန်မြန့်ရဲ့ အမြတ်ပဲ..."
ကျောင်းမြန်သည် စီဆဲလ်ကို ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်ကာ ငြိမ်သက်စွာ နားထောင်နေသဖြင့် အလွန်စိတ်သက်သာရာ ရသွားသည်။
"မှန်တယ်...!"
ကျောင်းမြန် မှိန်းနေရာမှ ရုတ်တရက် အလွန်အရေးကြီးသော အရာတစ်ခုကို သတိရလိုက်သည်။
"ရေထဲ မကျခင် ကျွန်တော့်လက်ထဲမှာ ဆွဲကြိုးတစ်ခု ကိုင်ထားခဲ့တာ..."
"စိတ်မပူပါနဲ့...."
စီဆဲလ် ပြုံးလိုက်ပြီး ဆို၏။
"မင်း မူးနောက်နောက်ဖြစ်နေတာတောင် အဲ့လည်ဆွဲကို ကိုင်ထားတာ ကိုယ်မြင်လိုက်လို့ မင်းအတွက် သိမ်းပေးထားတယ်..."
ကျောင်းမြန် သက်ပြင်းချလိုက်သည်။
စီဆဲလ် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"အဲ့ဒါ ဘယ်သူ့ဆွဲကြိုးလဲ..."
ကျောင်းမြန် : "အဲ့ဒါ ချင်းယင် ပိုင်တာ..."
စီဆဲလ် : "......."
ကျောင်းမြန် အမြန်ရှင်းပြလိုက်ရသည်။
"အဲ့ဒါ အဆိပ်ဖြေဆေး..."
"ဟင်...!"
ကျောင်းမြန် ဖြေးဖြေးချင်း ပြောလိုက်သည်။
"ခင်ဗျားအတွက် အဆိပ်ဖြေဆေးရှာဖို့ ဒီတစ်ကြိမ် ပင်လယ်ဓားပြသင်္ဘောကို ကျွန်တော်သွားခဲ့တာ...ပြန်ပေးဆွဲခံရတဲ့နေ့အထိ ပင်လယ်ဓားပြသင်္ဘောပေါ်မှာ ကျွန်တော် တိတ်တဆိတ် စုံစမ်းနေခဲ့တာ...ချင်းယင်က ဖွက်ထားတာတော်တယ်...ဒါပေမယ့်..သူ့လည်ပင်းမှာ ဆွဲကြိုးတစ်ခုဆွဲထားတာကို မြင်လိုက်ရတာပဲ..."
စီဆဲလ် အံ့အားသင့်သွားသည်။
ကျောင်းမြန် : "ဒီလည်ဆွဲကို အင်းဆက်ဘုရင်ကြီးရဲ့ အဆိပ်တွေ ပါနေလို့ ရှင်းရှင်းလင်းလင်း မှတ်မိ နေတာ ကံကောင်းတာက ဒီလည်ဆွဲကို ပြန်ယူလို့ရခဲ့တယ်..."
စီဆဲလ် သည် သူ့နှလုံးသားထဲမှ နာကျင်မှုကို ခံစားနေရသည်။
"အရူးလေး မြန်မြန်ကတော့..."
ထိုအခါမှ ကျောင်းမြန်သည် သူ့အတွက် အဆိပ်ဖြေဆေးကို ရှာနေကြောင်း သဘောပေါက်သွားသည်။
"မင်း..."
စီဆဲလ် သက်ပြင်းချလိုက်ပြီး....
"မင်းကို ဘာပြောရမှန်းမသိတော့ဘူး"
စီဆဲလ် အံသြသင့်သွားသလို ခံစားလိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်သည် Dark Phoenix ၏ နောက်သို့ လိုက်သွားပြီး နောက်တစ်ယောက်သည်လည်း ဘာမှမပြောဘဲ လျှို့ဝှက်ထားပြီး ပင်လယ်ဓားပြသင်္ဘောကို တစ်ယောက်တည်း သွားခဲ့သည်။
သူတို့နှစ်ယောက်သည် တစ်ယောက်အတွက် တစ်ယောက် လိုက်သွားကြပေမယ့် ဘာမှ မတိုင်ပင်ခဲ့ကြပေ။
"မြန်မြန်၊ နောက်ဆို ကိုယ်တို့ တစ်ယောက်နဲ့တစ်ယောက် ဘာမှ မဖုံးကွယ်ထားဘဲ နေရအောင် အဆင်ပြေလား"
စီဆဲလ်သည် ကျောင်းမြန်ကို ကတိပေးလိုက်သည်။
"နောင်မှာ ကိုယ် မင်းကို တစ်ခုခုဆိုပြောမယ်...မင်းကို လေးစားမယ်၊ မင်းရဲ့ ခွင့်ပြုချက်မရှိဘဲ ကိုယ့်ဘာသာ ဆုံးဖြတ်မှာ မဟုတ်ဘူး ကိုယ်လည်း မင်းအပေါ်မှားခဲ့တယ်..."
"ကောင်းပြီလေ"
ကျောင်းမြန် သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
"ဒါနဲ့ ကျွန်တော်တို့ အခု ဘယ်ရောက်နေတာလဲ"
ကျောင်းမြန် ကောင်းကောင်းအနားယူဖို့အတွက် အခန်းသည် မှောင်လွန်းနေသည်။ ကျောင်းမြန်သည် သူ လေယာဉ်ထဲတွင် ရှိနေသည်ကို သိသော်လည်း ထိုအချိန်တွင် လေယာဉ်သည် မည်သည့်နေရာတွင် ရှိနေသည်ကိုတော့ သူ မသိပေ။
"ကိုယ်တို့ ဟီဂူရာရှီ မြို့မှာပဲရှိသေးတယ်... အဖွဲ့ချုပ်က စစ်မြေပြင်ကို ရှင်းလင်းပြီး အကျဉ်းသားတွေကို စောင့်ရှောက်ရဦးမယ်"
စီဆဲလ် သူ့နှာခေါင်းကို ကိုင်လိုက်ပြီး ဆက်ပြော၏။
"ဒါပေမယ့် မြန်မြန် မကြောက်နဲ့နော်....အဲဒါတွေအကုန်လုံးက အတိတ်မှာကျန်ခဲ့ပြီ...ကိုယ် လည်း အခုမင်းနဲ့ အတူရှိနေပြီပဲလေ...."
'မကြောက်တော့ပါဘူး'
ကျောင်းမြန် ပြုံးလိုက်သည်။
စီဆဲလ်လည်း ရယ်မောကာ ကျောင်းမြန်၏ နဖူးကို နမ်းလိုက်ပြီး ပြောပြန်သည်။
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စတွေကို ကိုယ်နဲ့သာ အပ်ထားလိုက်....မင်းမှာက ကလေးနဲ့...ကိုယ့်စီကနေသာ ထပ်ပြီး မထွက်ပြေးနဲ့တော့....ဒီတစ်ခါက ကံကောင်းလို့ ဒဏ်ရာက မပြင်းတာ မဟုတ်ရင် ပိုဆိုးရုံပဲရှိမယ်....ကိုယ်နဲ့ အတူရှိနေတာကပဲ ပိုကောင်းပါတယ်.."
စီဆဲလ် : "မြန်မြန် ကလေးကို ကာကွယ်သလို မင်းကိုယ်မင်းလည်း ကာကွယ်ရမယ် ...ကိုယ်ကိုကိုယ် ဂရုစိုက်.... မဟုတ်လို့ မင်းတစ်ခုခုဖြစ်သွားရင် ကလေးကိုပါ ထိခိုက်လိမ့်မယ် အဲ့လိုသာ မင်းနောက်တစ်ခါထပ်ဖြစ်ရင် ကိုယ် ရူးသွားလိမ့်မယ်..."
စီဆဲလ်အတွက် ဦးစားပေး အစိုးရိမ်ဆုံးလူသားမှာ ကျောင်းမြန်သာ ဖြစ်သည်။
"ကောင်းပါပြီ"
ကျောင်းမြန်သည် မျက်လုံးများ အောက်ရွှေ့ကာ ချပ်ရပ်နေသည့် ဗိုက်ကို တစ်ချက်ကြည့်လိုက်သည်။
ကလေးလေး......
"စီဆဲလ်..."
ကျောင်းမြန် မော့ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်တော်တို့မှာ ကလေးလေးရှိနေပြီ"
"ဟုတ်ပ....ဟုတ်ပ....."
စီဆဲလ်သည် ကျောင်းမြန်၏ဗိုက်ပေါ်ကို သူ့လက်အား ညင်သာစွာတင်လိုက်ပြီး ပွတ်ပေးလိုက်သည်။
"အင်း... ကိုယ်တို့ ကလေးလေး..."
ကျောင်းမြန် မျက်တောင်ခတ်ပြီး မေးလိုက်သည်။
"ခင်ဗျား ယောက်ျားလေးလို့ထင်လား၊ မိန်းကလေးလို့ထင်လား"
"ကိုယ်က နှစ်ယောက်စလုံးကို သဘောကျတယ်... သူတို့ကို ကောင်းကောင်း ဆက်ဆံပေးနိုင်မယ်လို့လည်း ထင်တယ်"
စီဆဲလ်သည် ကျောင်းမြန်၏ဗိုက်ကို ပွတ်ပေးပြီး ပြော၏။
"ဗိုက်ထဲက အကောင်ပေါက်၊ မွေးတဲ့အချိန်ထိ အေးအေးဆေးဆေးနေ... ငါ့ မြန်မြန်ကို အရှုပ်တွေမလုပ်နဲ့.... မွေးလာတဲ့အချိန်မှာတော့ မွေးရတာ ပိုလွယ်အောင် ပိန်တာက အကောင်းဆုံးပဲ.....ဒါပေမယ့် မင်းမွေးလာတဲ့အခါကျရင်တော့ မင်းက မိမိုက်ပြီး တက်ကြွနေမှရမယ်...... နောက်တစ်ခုက ဖက်ဒရယ်ရဲ့ ဒါရိုက်တာဆို ယောက်ျားဖြစ်ခဲ့ရင် အရပ်ရှည်ပြီး သန်မာ တောင့်တင်းနေမှရမယ်...."
စီဆဲလ် ထိုသို့ပြောသည့်အခါ ကျောင်းမြန် အံ့ဩသွားတော့သည်။
"ခွီးး.."
ကျောင်းမြန် မရယ်ဘဲ မနေနိုင်တော့ဘဲ.....
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ...!"
စီဆဲလ်လည်း ရယ်မောလိုက်ပြီး ကျောင်းမြန်ကို ပွေ့ဖက်ကာ ပြောလိုက်သည်။
"အိပ်ဖို့ ပြင်တော့ ကိုယ် မင်းနဲ့အတူနေပေးမယ်"
"အိုကေ.."
စီဆဲလ်သည် ကျောင်းမြန်ကို ပွေ့ဖက်ထားရင်း ဖြည်းညှင်းစွာ အိပ်ပျော်သွားသည်ကို ကြည့်လိုက်သည်။ ထို့နောက် သူ ခေါင်းငုံ့ကာ ကျောင်းမြန်၏ နဖူးကို နမ်းလိုက်သည်။
"အရူးလေး မြန်မြန်...."
ကျောင်းမြန်သည် နှစ်ရက်လောက် အနားယူပြီးနောက် အားပြန်ပြည့်လာကာ နောက်ဆုံးတွင် သူသည် အိပ်ယာမှထကာ လမ်းပြန်လျှောက်နိုင်ခဲ့သည်။
"စီဆဲလ် မပြန်ခင် ကျွန်တော် ဟီဂူရာရှီမြို့ကို တစ်ပတ်လောက် လမ်းလျှောက်ချင်တယ်"
ကျောင်းမြန်သည် ယာဂုတစ်ပန်းကန် သောက်ပြီးသည်နှင့် ထိုသို့တောင်းဆိုလိုက်သည်။
စီဆဲလ် အံ့ဩသွားပြီး မျက်မှောင်ကြုတ်ကာ ငြင်းလိုက်သည်။
"နေပူထဲ လျှောက်ထွက်ချင်နေတယ် ဒါမှမဟုတ်လည်း လမ်းလျှောက်ချင်ရင် ကိုယ် တခြားတစ်နေရာကို ခေါ်သွားပေးလို့ရတယ် ဒါပေမယ့် ဟီဂူရာရှီမြို့ကိုတော့ မသွားပါနဲ့...."
ဟီဂူရာရှီမြို့သည် ကျောင်းမြန်အတွက် ကောင်းမွန်သော နေရာမဟုတ်ကြောင်းကိုဟ စီဆဲလ် သိသည်။
"ကျွန်တော်သွားချင်တယ်လေ.."
သို့သော် ကျောင်းမြန် က ဇွဲမလျှော့ပေ။
စီဆဲလ် မျက်ခုံးပင့်လိုက်သည်။
ကျောင်းမြန် က ပြုံးပြီး ပြောလိုက်သည်။
"ကျွန်တော့် အနားမှာနေပေးလေနော်...."
စီဆဲလ် သက်ပြင်းချလိုက်ပြီး စီတ်ထဲမှပြောလိုက်သည်။
'ငါအမုန်းဆုံးအရာဖြစ်တဲ့ ဒီလူက မြူစွယ်နေတာတောင် ငါ့မှာ ပြန်တိုက်ခိုက်နိုင်စွမ်း မရှိဘူးပဲ...'
နောက်ဆုံးတွင် စီဆဲလ်သည် ကျောင်းမြန်ကို ပင်မစစ်သင်္ဘောပေါ်မှ ခေါ်ထုတ်ပြီး ဟီဂူရာရှီမြို့ထဲ့သို့ လမ်းလျှောက်ထွက်လာခဲ့ကြသည်။
မြို့တော်သည် အရင်ကနေ့များနှင့်ပင် တူညီနေသေးသော်လည်း ပတ်ဝန်းကျင်ရှိ လူများသည်တော့ ပြောင်းလဲသွားကြသည်။
"ဒါက ကျွန်တော့်ကို လာခေါ်တဲ့ ပထမဆုံး မိသားစုပဲ...သူတို့ ဆေးခန်းဖွင့်ထားကြတယ်... ကျွန်တော့် ဒဏ်ရာက ပြင်းထန်လို့ ဒီမိသားစုက ကျွန်တော့်ကို ဆေးကုပေးဖို့ ခေါ်လာခဲ့ကြတာ..."
ကျောင်းမြန် အိမ်သေးသေးလေးရှေ့တွင် ရပ်လိုက်ပြီး စီဆဲလ်ကို ပြောပြ၏။
စီဆဲလ်လည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
"ဒါက ကျွန်တော် အရင်လုပ်ခဲ့တဲ့ မုန့်ဆိုင်"
"ဒါက ဘား....နောက်ကျတော့ ဒီကို ကူညီဖို့ လာခဲ့တာ...အဲဒီတုန်းက ဘားထဲမှာ ကြောင်တစ်ကောင်ရှိတယ်၊ ကျွန်တော်နဲ့ အရမ်းရင်းနှီးတယ်..."
"ဒီမှာရော..."
ကျောင်းမြန်သည် စီဆဲလ်အား တစ်ခုပြီးတစ်ခုနှင့် မိတ်ဆက်ပေးသည်။ဒါသည် ကျောင်းမြန်.....နှုတ်ဆက်နေခြင်း ဖြစ်သည်အား စီဆဲလ် သိသည်။ ထို့ကြောင့် စီဆဲလ်သည် အလိုက်အထိုက် တုန့်ပြန်ကာ ကျောင်းမြန် နှင့်အတူ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။
"စီဆဲလ်....."
သူတို့နှစ်ယောက် ထွက်လာပြီးနောက် ကျောင်းမြန်နှင့် စီဆဲလ်သည် လမ်းထောင့်တစ်နေရာတွင် ဘေးချင်းကပ်ကာ ထိုင်လိုက်သည်။
ကျောင်းမြန် : "ခင်ဗျားသိလား... ဟီဂူရာရှီမြို့ကို ဘယ်နေရာမှာ ပထမဆုံးဖျက်ဆီးခဲ့လဲဆိုတာ..."
စီဆဲလ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ကျောင်းမြန် : "ဒါကို လုပ်ကြံတဲ့သူထဲမှာ ကျွန်တော်လည်းပါတယ်..."
စီဆဲလ်သည် ကျောင်းမြန်၏ လက်ကို တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်သည်။
ကျောင်းမြန်က စီဆဲလ်ကို မှီပြီး တိုးတိုးပြောသည်။
"အဲဒီတုန်းက ကျွန်တော်က အားကောင်းတဲ့ လအရိပ် ဖြစ်နေခဲ့တာ... မြို့ကို ပင်လယ်ဓားပြတွေလက်ကနေ ကာကွယ်ဖို့ ကျွန်တော့် စွမ်းရည်တွေ ထုတ်သုံးခဲ့တယ်...တစ်ရက် မြို့ထဲမှာ ဗိုင်းရပ်စ်တစ်ခု မပျံ့ခင် အချိန်ထိ အေးဆေးခဲ့ကြတာ....ဒါပေမယ့် ဗိုင်းရပ်စ်က ကူးစက်တာ မြန်ပြီး လုံးဝမထိန်းချုပ်နိုင်ဘူး.... နောက်ပိုင်း မြို့သူမြို့သား တစ်ဝက်လောက် ကူးစက်ခံခဲ့ရတယ်.... ရောဂါဖြစ် နေတဲ့ သူတွေက ရူးသွပ်သွားပြီး ဖုတ်ကောင်တွေလို လူတွေကို သတ်ပစ်ကြလိမ့်မယ်... နောက်ဆုံး သူတို့ သတိလွတ်သွားရင် သားရဲတစ်ကောင် ဖြစ်သွားလိမ့်မယ်"
တစ်ချိန်က သူ့ကို ချစ်ပြီး ကြင်နာတတ်သည့် သူတွေက အဲဒီလို လမ်းလျှောက်တတ်သည့် ဖုတ်ကောင်များ ဖြစ်လာကြသည်။
ကျောင်းမြန် ခေါင်းငုံ့လိုက်ပြီး ဆက်ပြော၏။
"ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး၊ ရွေးချယ်စရာလည်း မရှိခဲ့ဘူး၊ ကျန်တဲ့ လူတစ်ဝက်လောက်ကို ကာကွယ်ဖို့ ကျွန်တော် ဒီရောဂါပိုးရှိတဲ့သူတွေကို သော့ခတ်ပြီး သတ်ပစ်လိုက်ရုံပဲရှိတော့တယ်... အဲ့လိုမှမဟုတ်ရင် ဗိုင်းရပ်စ်က ပိုပြီး ပျံ့နှံ့သွားလိမ့်မယ် “
ကျောင်းမြန်သည် အိမ်ထဲတွင် အော်ဟစ်နေသူများကို သတိရနေဆဲဖြစ်ပြီး တံခါးနှင့် ပြတင်းပေါက်ရှိ အက်ကွဲကြောင်းများမှ သွေးများ စီးကျလာသည်ကိုလည်း မေ့လို့မရပေ။
စီဆဲလ် အံ့သြသွားသည်။
ကျောင်းမြန် ထိုသို့ ဆုံးဖြတ်ရန် မည်မျှခက်ခဲ လိမ့်မည်ကို သူတွေးကြည့်လို့တောင်မရပေ။
“ဒါပေမယ့် ကျန်တဲ့တစ်ဝက်လည်း နောက်ပိုင်းမှာ သေဆုံးသွားကြတယ်....သူတို့ရဲ့ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက အထဲမှာ ထောင်ကျနေခဲ့လို့ သူတို့က ကျွန်တော့်ကို ကျေးဇူးကန်းတဲ့ကောင်လို့ ခေါ်ခဲ့ကြပြီး ကျွန်တော်က ဆိုးသွမ်းတဲ့လူမို့လို့ ကျွန်တော်ကို ထောင်ချလိုက်ကြတယ်..."
သူ့အတွက် အနာကျင်ဆုံးအရာသည် သူ့ရှေ့မှ ဖုတ်ကောင်များနှင့် သွေးများ မဟုတ်ဘဲ သူကာကွယ်ပေးချင်သည့် လူများက သူ့အားမယုံကြည်ကြပဲ အပြစ်တင်ခဲ့ခြင်းဖြစ်သည်။
ကျောင်းမြန်လည်း သူ ဘယ်လို လွတ်မြောက်လာခဲ့သည်အား မေ့သွားခဲ့ပြီး အဲဒီ့အခန်းငယ်လေးထဲတွင် လူတစ်ယောက်မှ မကျန်သည်အထိ သတ်ပစ်ခဲ့ရသည်။ သို့သော် သူ့တွင် ထူးခြားသော ခန္ဓာကိုယ်ရှိနေသောကြောင့် ရောဂါကူးစက်ခြင်း မခံရပေ။
"နောက်တော့ ဆရာဝန်က သည်းမခံနိုင်တော့လို့ တိတ်တိတ်လေး ပြန်လွှတ်ပေးလိုက်တာ..."
ကျောင်းမြန်က မျက်လုံးများကို မှိတ်ထားပြီး ဆက်ပြော၏။
"ကျွန်တော့်ကိုယ်က ထူးခြားလို့ ရောဂါပိုး မကူးစက်ပေမယ့် နဂိုကတည်းက ကျွန်တော့်ကိုယ်ထဲမှာ ရောဂါပိုးတစ်မျိုးက ရှိပြီးနေပြီ....ဆရာဝန်က ကျွန်တော့်ကို ဗိုင်းရပ်အကူးမခံရပေမယ့် ကူးစက်ခံရတဲ့ လက္ခဏာဖြစ်နေလို့ ကုသပေးခဲ့လို့ တစ်ဝက်လောက်က သေသွားတယ်..."
စီဆဲလ်လည်း ကျောင်းမြန်၏ နောက်ကျောကို ညင်သာစွာ ပွတ်ပေးလိုက်သည်။
"ချင်းယင်က ဗိုင်းရပ်စ်ကို ရေတွင်းထဲ တမင်ထည့်ခဲ့တယ်ဆိုတာ နောက်ပိုင်းမှ သိလိုက်ရတယ်...သူနဲ့တူစေချင်လို့ သူက ကျွန်တော့်ကို သတ်ပစ်ချင်နေတာ"
အပြစ်သား.....။
ချင်းယင် လိုချင်သည်မှာ လူများကို သူ့လိုဖြစ်လာရန်နှင့် ထိုသို့ဖြစ်လာပါက ထိုလူများသည် သူ့အား ဘယ်တော့မှ ထားမသွားတော့မည်ဖြစ်သည်။
စီဆဲလ် သက်ပြင်းချကာ ကျောင်းမြန်၏ ခါးကို ဖက်ထားပြီး ပြောလိုက်သည်။
"အဆင်ပြေသွားပြီ ....အားလုံးပြီးသွားပြီနော်..."
"ဟုတ်လား...."
ကျောင်းမြန်သည် စီဆဲလ်၏ ပခုံးကို မှီကာ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ သူ မကြောက်တော့ပါ...။ စီဆဲလ်သည် သူနှင့်အတူရှိနေသည့်အတွက် အိပ်မက်ဆိုးများလည်း မမက်တော့ပါ။
#စီဆဲလ်က သူ့ကလေးနဲ့ စကားပြောလိုက်တယ်။
------------------------------------------------------------------------