အနာဂတ်ကမ္ဘာမှ
စားဖိုမှူးလေး
အပိုင်း
၁
"ရှောင်းကော
ရှောင်းကော စားပွဲ နှစ် အတွက် ၀က်သားပြုတ်လေး တစ်ပွဲလောက်ကူပါဦး"
"ရမယ်"
အခန်းတွင်းမှ
စူးစူးရှရှနှင့် သာယာသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ အခန်းထဲတွင် ပိန်ပါးသောအမျိုးသမီးသည်
ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်း ရှိသည့်ပုံတောင်ပေါက်နေသည်။
သူမသည်
မီးဖိုချောင်တွင် အသီးအရွက် ဖြတ်တောက်ခြင်း၊ မီးမွှေးခြင်း၊ ဟင်းပွဲများ စီစဉ်ပြီးသည့်နောက်
စားသုံးသူများဆီ မြန်မြန်ဆန်ဆန်နှင့် ရွေ့လျားသွားကာ ဝန်ဆောင်မှုပေးခြင်း တာ၀န်များကို
ယူနေလေသည်။
တစ်နေ့တာအတွက်
နောက်ဆုံးညစာအား စားပွဲသို့ပေးပို့ပြီးသည့်နောက်တွင် ချင်ရှောင်းကောသည် နောက်ဆုံး၌
ထိုင်ပြီး အနားယူနိုင်လေပြီဖြစ်သည်။ သူမသည် မိမိကိုယ်ကို ကုသနိုင်သော အစွမ်းပိုင်ဆိုင်ထားပြီး
အချိန်မရွေး သူမ၏ စွမ်းအင်ကို ပြန်လည်ဖြည့်တင်းနိုင် သော်လည်း အလုပ်၏ ရှုပ်ထွေးမှုများ
အပြီးမှာ သူမ လုံးလုံး နွမ်းလျနေသေးသည်။
သူမ၏
လက်တွေနဲ့ လက်မောင်းများအား နှိပ်နယ်နေရင်း မတ်တပ်ရပ်လိုက်ပြီး တောင်ကုန်းငယ်တစ်ခုလို
ပတ်ဝန်းကျင်မှာ စုပုံထားတဲ့ ပန်းကန်တွေကို ကြည့်လိုက်သည်။
"ငါ
မနက်ဖြန်မှပဲ ဆေးတော့မယ်"
သူမ
ဘာသာသူမ တွေးလိုက်ပြီးသည့်နောက် တစ်ဖက်သို့လှည့်လိုက်ကာ မီးများအားပိတ်လိုက်သည်။ သူမ၏
ပင်ပန်းနွမ်းနယ်မှု အခြေအနေတွင် ရှိနေသော ရှောင်းကောသည် အမှောင်ထုအတွင်းရှိ မှိတ်တုတ်မှိတ်တုတ်
အလင်းတန်းများကို သတိမထားမိခဲ့ပေ။
ရှောင်းကောဟာ
သူမ၏ အခန်းထဲသို့ပြန်သွားပြီး အိပ်ယာမ၀င်ခင် ရေချိုးလိုက်သည်။ မအိပ်ခင် အခိုက်အတန့်၌
သူမသည် ဆံပင်ကို စည်းလိုက်ကာ ပြတင်းပေါက်ဆီ အကြည့်ပို့လိုက်သည်။ မြူခိုးများက ထူထပ်နေပြီး မှိုင်ကျသွားသော ရှောင်းကောသည် သက်ပြင်းချလိုက်သည်။
"သုံးနှစ်တောင်ရှိပြီ"
သုံးနှစ်မတိုင်ခင်က
ချင်ရှောင်းကောသည် ဘွဲ့ယူတော့မယ် စတုတ္ထနှစ်ကျောင်းသူ ဖြစ်သည်။ သူမ၏ ဘွဲ့နှင်းသဘင်ခရီးစဉ်တွင်
စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာဌာနမှ အတန်းဖော်တစ်စုက အပါအ၀င်ဖြစ်ကာ ထိုအတူ ဇွန်ဘီပိုးများ
ပျံ့နှံ့ချိန်လည်းဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့်ပဲ သူမသည် သူမ၏ သူငယ်ချင်းအဖွဲ့နှင့်
ကွဲသွားခဲ့ရသည်။
ရှောင်းကောအား
အမျိုးသားစခန်းရှိ စစ်သားများ သူမကို မတော်တဆ တွေ့ရှိခဲ့သောအခါ သူမ တစ်ယောက်တည်း ဖြစ်နေခဲ့သည်။
သူမအား ပြန်ခေါ်လာပြီး ရက်အနည်းငယ် ကြာပြီးနောက် သူမ အနားမှ လူအများစု၏ စွမ်းအင်များ
နိုးထလာခဲ့သည်။ ရှောင်းကောလည်း နောက်ဆုံးတွင် သူတို့၏ ရာထူးသို့ တိုးဝင်နိုင်ကာ သူမကိုယ်သူမ
ကာကွယ်နိုင်မည်ဟု လျှို့ဝှက်မျှော်လင့်မိနေသည်။ ဒါပေမယ့် သူ့ဆန္ဒကို ဆန့်ကျင်နေကာ ထိုအရာက
ဖြစ်မလာချေ။ ဒါဇင်ကျော်အထိ ကျော်နေသော ကယ်တင်ခံလာရပြီး စခန်းကိုခေါ်လာရသူများအနက် သူမကသာ
စွမ်းအင်မရှိသူဖြစ်လေသည်။
ရှောင်းကောဟာ
လျှို့ဝှက်စွာ စိုးရိမ်နေခဲ့ရသည်။ ထိုအရာက ကမ္ဘာကြီး၏ အဆုံးသတ် ဖြစ်လေသည်။ သူမ မကယ်တင်ခံရခင်
စခန်းအပြင်ဘက် ကမ္ဘာကြီး အမှောင်ခြမ်းကို မြင်လိုက်ရသူဖြစ်သည်။ စားစရာမရှိတဲ့ အခါ ဘယ်သူကမှ စွမ်းအင်ရဖို့ ဆုတောင်းနေသူမရှိချေ။ ဆွဲဆောင်မှုရှိသော
စွမ်းအင်ပိုင်ရှင်သူအချို့သည် အာဏာရှိသူများ၏ ချုပ်ကိုင်အနိုင်ကျင့်ခြင်းကို ခံရလိမ့်မည်။
မင်းမဲ့စရိုက်ဖြစ်လေသည်။ ဘယ်သူကမှလည်း နောက်အခြေအနေမှာ ဘာဖြစ်လာမလဲ မခန့်မှန်းနိုင်ခဲ့ချေ။
ကံကောင်းစွာနဲ့ဘဲ
သူမ၏ အဖေဆီမှ အမွေရခဲ့သည့်စိုက်ပျိုးရေး ဗဟုသုတ နှင့် အချက်အပြုတ် ကျွမ်းကျင်မှု တို့ဖြင့်
သူမ စားသာက်ဆိုင် အသေးလေးဖွင့်ခဲ့သည်။ အစားအသောက် ရှားပါးလာမှုကြောင့် ရှောင်းကော သည်
သူမ၏ ပရော်ဖက်ရှင်နယ် ကျွမ်းကျင်မှုကို အသုံးပြု၍ ဟင်းသီးဟင်းရွက် အမျိုးအစားအားလုံးကို
စိုက်ပျိုးခဲ့သည်။ အသင့်စား ဘီစကွတ်တွေကို အဓိကအစားအစာတွေအဖြစ် အဖော်ယူရတဲ့ ခေတ်တွင်
ရှောင်းကော၏ စားသောက်ဆိုင်သည် လတ်ဆတ်သော အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် အရသာရှိသော
အစားအစာများဖြင့် ရှင်သန်နိုင်ခဲ့သည်။
ရှောင်းကောဟာ
သူမ၏ အတိတ် လွန်ခဲ့သော သုံးနှစ်မှ မိဘများအကြောင်း တွေးနေမိသည်။ သူတို့ ဘယ်မှာရှိတယ်ဆိုတဲ့
သတင်းကို မသိရပေမယ့်၊ သူတို့အား ရှာဖွေခြင်း မရပ်ခဲ့ချေ။ ရှောင်းကောဟာ သူတို့ဘာတွေဖြစ်ခဲ့သည်
ဆိုတာကို တွေးပင် မတွေးဝံ့ချေ။ ကမ္ဘာပျက်ကိန်းကြီးဖြစ်ပွာပြီး ဒုတိယနှစ်တွင် ရှောင်းကော၌
သူမ ကိုယ်ပိုင် စွမ်းအင်က ကြီးထွားလာသည်။ သူမ ကနဦး အစီအစဉ်ဖြစ်သည့် စခန်းမှ စစ်သားများနှင့်အတူ
သူမ၏ မိဘများကို ရှာဖွေဖို့ သူမ၏ အသစ် တွေ့ရှိသောစွမ်းအင်ကို အသုံးချချင်ခဲ့သည်။
ဒါပေမယ့် သူမအတွက်တော့ စိတ်ပျက်စရာတစ်ခုက သူမက စွမ်းအင်ကို
အစပိုင်းအသုံးပြုသူသာဖြစ်ကာ ပြန်လည်ကောင်းမွန်စေခြင်း စွမ်းအင်က တော်တော် အသုံးမ၀င်
ဖြစ်နေသည်။ ဇွန်ဘီနဲ့သာ မျက်နှာချင်းဆိုင်တိုက်ရပါက သေခြင်းနဲ့သာ ရင်ဆိုင်ရလိမ့်မည်။
ရှောင်းကောသည်
နောက်ပိုင်းတွင် သူမ၏ စွမ်းအားများကို အဆင့်မြှင့်တင်ရန် စိတ်အားထက်သန်နေခဲ့သည်။ ဒါပေမယ့်
ကံကြမ္မာအတိုင်းပဲ၊ သူမသည် နှစ်နှစ် ကြာသည်အထိ အစပျိုးသူအဆင့်တွင် ဆက်ရပ်တည်နေခဲ့သည်။
အချိန်တွေသာ
မြန်ဆန်စွာကုန်ဆုံးလာခဲ့သည်။ ရှောင်းကော ဤ စခန်းကိုရောက်ခဲ့သည်က သုံးနှစ်လောက်ကြာခဲ့လေပြီ။
ထိုနေရာက ကမ္ဘာပေါ်က အကြီးဆုံး အခြေစိုက်စခန်းဖြစ်သည်။ ထိုအရာ၌ များစွာသောလက်နက်များနှင့်
ကြီးမားတဲ့စွမ်းအားရှင် အဖွဲ့ရှိလေသည်။ ထိုကဲ့သို့လုံခြုံသော ပတ်၀န်းကျင်နှင့်တူ ရှောင်းကောဟာ
ထိုသုံးနှစ်၌ မကြောင့်မကျဘဲ နေခဲ့ရသည်။
မကြာခင်တွင် စခန်းတွင်းနေထိုင်သူ တစ်ဦးက စိတ်မကောင်းစရာ သတင်းအချို့ကို
ပြန်ပြောပြလာသည်။ သူတို့က သူတို့၏ မိဘများအား ရှာတွေ့ခဲ့သော်လည်း သေခြင်းတရားက သူတို့အား
ရိုက်ခတ်ပြီးဖြစ်ကာ ဇွန်ဘီများအဖြစ် ပြောင်းလဲပြီးဖြစ်သည်။ ထို့ကြောင့် သူတို့ဟာ တိတ်ဆိတ်တဲ့
နေရာကိုရှာပြီး သေချာမြှပ်နှံပေးခဲ့သည်ဟု ဆိုသည်။
သူမ
ကြားကြားခြင်း စိတ်မကောင်းဖြစ်ခဲ့သော်လည်း ရှောင်းကော ထိုအရာကို လက်ခံလိုက်သည်။ ဤကဲ့သို့အခြေအနေမျိုးမှာ
လုပ်နိုင်တာ အများကြီးမရှိပေ။
သူမက
သေဆုံးသကဲ့သို့ ဘ၀မျိုးမှာ သူမဘ၀ကို ဆက်လက်ရှင်နေသည်။ ထိုအခြေအနေက အဆုံးသတ်မရှိနေသကဲ့သို့ပင်။
သူမ လုပ်နိုင်သည်က သူမ၏ အစွမ်းကို ချက်ပြုတ်ခြင်းအစွမ်း၌ သေချာအသုံးချပြီး သီးနှံကိုသာ
သေချာစိုက်ရန်ဖြစ်သည်။ နေ့တိုင်း သူမသည် ဟင်းသီးဟင်းရွက် အမျိုးစားသစ်များ စိုက်ပျိုးခြင်းနှင့်
အသီးအနှံများ၏ အရသာများကို သုတေသနပြုရင်း အချိန်ဖြုန်းခဲ့သည်။ ဒါ့အပြင်ကို စခန်းမှထွက်သောအခါ
သူတွေ့သော ကြက်၊ ဘဲ၊ ဝက်တို့ကိုလည်း ကျွေးမွေးပြုစုခဲ့သည်။ သူမသည် ဤလုပ်ရိုးလုပ်စဉ်ကို
တစ်ရက်ပြီးတစ်ရက် တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းခဲ့သည်။
တစ်နေ့တွင်
ရှောင်းကောဟာ အိပ်မောကျကျခြင်းဘဲ အပြင်းအထန် လှုပ်နှိုးမှုကြောင့် သူမငိုက်ရာမှ နိုးထလာ
ခဲ့သည်။ သူမ မူးဝေသွားကာ နားထဲတွင် နူးညံ့စွာ ငိုသံကို ကြားလိုက်ရသည်။
"
မေမေ၊ မေမေ၊ မေမေ...."
ပင်ပန်းမှုများ
ပြည့်နေသော ရှောင်းကောက မျက်လုံးဖွင့်မရခဲ့ချေ။ သူမက အသံ ဘယ်ကလာလဲ သိချင်နေသည်။ ရှောင်းကောလည်း
အံဩနေလေသည်။
"အမှန်ဖြစ်နေပုံမရဘူး။
ငါ တကယ် ပင်ပန်းနေတာပေမယ့် ဘာလို့ ငါက မျက်လုံးဖွင့်မရတာလဲ"
ရှောင်းကောသည်
သူမ၏ ခန္ဓာကိုယ် လွင့်မျောသွားသလို ခံစားလိုက်ရပြီး သူမ၏ မျက်ခွံများကို ပိတ်ထားသည်။
သူမ၏
တုန်လှုပ်နေတဲ့ အခြေအနေတွင် တခုခုက သူမလက်မောင်းကို ဆက်တိုက် လှုပ်နေတုန်းဖြစ်ပြီး
သူမ၏ နားနားမှ ငိုသံကိုကြားနေရတုန်းပင်။ အသိစိတ်တွေ ပျောက်ကွယ်လုနီး၊ ရှောင်းကောဟာ
"မေမေ"ဟုခေါ်သံကိုကြားနေရတုန်း ဖြစ်သည်။ ထို့နောက် သူမ၏ နောက်ဆုံး လက်ကျန်
အားကို သုံးကာ မေးလိုက်သည်။
"ဘယ်သူက
နင်အမေလဲ"
......
*ခေါင်းသုံးလုံး
လက်ခြောက်ဖက်ဆိုတာက အလွန်အမင်း အလုပ်များသူ သို့မဟုတ် ထူးထူးခြားခြား အရည်အချင်းရှိသူကို
ရည်ညွှန်းပါတယ်။