အပိုင်း ၃
Viewers 513

အနာဂတ်ကမ္ဘာမှ စားဖိုမှူးလေး

 

အပိုင်း ၃

 

 

 

ချင်ရှောင်းကောသည် မဲညစ်နေသော အသားအရည်နှင့်ကောင်လေးကို မယုံကြည်မှုများနှင့် ကြည့်လိုက်သည်။ သူမ၏ အိမ်မက် အမှန်ဖြစ်လာတာကို မယုံနိုင်ဖြစ်နေသည်။ ထိုအိမ်မက်များက ဤ ခန္ဓာကိုယ်၏ မှတ်ဉာဏ်များဖြစ်လောက်ကာ ထိုခန္ဓာကိုယ်ပိုင်ရှင်က ဆုံးပါးသွားပြီပင်။ လက်ရှိအခြေအနေ၌ အဆုံးသတ်ကာ သူမက ထွက်ခွာသွားသော်လည်း သူမ၏ ဝိညာဥ်က ထို ခန္ဓာသစ်ထဲသို့ ၀င်လာခဲ့သည်။ သူမက ကလေးတစ်ယောက်နှင့် လက်ထပ်ပြီး အမျိုးသမီးဖြစ်ဆဲဖြစ်သည်။

 

 

"မေမေ"

 

 

ကောင်လေးဟာ သတိကြီးကြီးနဲ့ သူမကို ခေါ်လိုက်သည်။ သူအမေ၏ ထူးဆန်းနေမှုကိုမြင်ပြီးနောက် သူမက ပိုပြီးမလွယ်ကူသလို ခံစားလိုက်ရသည်။

 

 

မေမေ ခေါင်းထိသွားတာများလား...

 

 

"မေမေ...မေမေ အဆင်ပြေရဲလား၊ မေမေသာ တစ်ခုခုဖြစ်ရင် သားဘယ်လိုလုပ်ရမလဲ?"

 

 

ကောင်ငယ်လေးက ကလေးသံလေးနှင့် စကားပြောခဲ့သည်။

 

 

"မေမေ သားနောက်ကျရင် အများကြီး မစားတော့ပါဘူး... သားလည်း အပြင်ထွက်ပြီး အစားအစာရှာနိုင်နေပါပြီ"

 

 

ငယ်ရွယ်တဲ့ကလေးက သူကိုယ်သူ အပြစ်တင်နေခဲ့ကာ သူ အများကြီး စားခဲ့တာကြောင့် သူ့အမေ ဆာလောင်မှုနဲ့ လဲကျသွားတယ်လို့ တွေးနေခဲ့သည်။

 

 

ရှောင်းကောဟာ လက်ရှိအခြေဆီ ‌ပြန်သွားလိုက်ကာ ရုတ်တရက် ထငိုလာသော ကောင်လေးကိုကြည့်လိုက်သည်။

 

 

"ဟေး မငိုပါနဲ့...."

 

 

သူမ တကယ်ကို ကလေးတစ်ယောက်ကို ဘယ်လိုထိန်းမလဲမသိချေ။ ငိုနေသော ကလေးကိုကြည့်ကာ သူ့နာမည်ဘာလဲဆိုတာကို သိနေချင်သည်။

 

 

"ကျန်း?ကျန်း? ကျန်း....ချင်၀မ်"

 

 

ရှောင်းကောက သူ့အမည်ကို ဂရုစိုက်စွာခေါ်ခဲ့သည်။ ထိန်းမရသိမ်းမရ ငိုနေသော ကောင်လေးက သူနာမည်ခေါ်သံ ကြားလိုက်သောအခါ ချက်ချင်း အငိုတိတ်သွားသည်။ သူ့အမေက သူပြဿနာရှာသည့်အခါမှ သူ့နာမည်ကိုပဲ ခေါ်တာဖြစ်သည်။

 

 

"မေမေ?"

 

 

ကောင်လေးဆီမှ အမေ‌ဖြစ်သူအား နူးညံသော ခေါ်သံနှင့် ခေါ်သည်ကိုကြားလိုက်ရသောအခါ ရှောင်းကောဟာ အရှုပ်အထွေးကြားမှ သူမနှလုံးသားက အ‌ရည်ပျော်သွားရသည်။

 

 

"ကျွမ်းကျွမ်း* မေမေ အဆင်ပြေပါတယ် မေမေကို စိတ်မပူပါနဲ့"

 

 

သူမက ကလေးကို နှစ်သိမ့်ခဲ့သည်။

 

 

ရှောင်းကောဟာ သူမ ဒီကလေးမွေးစဉ်က သူမ ယောက္ခမ ပေးခဲ့တဲ့ နာမည်ပြောင် ကျွမ်းကျွမ်းကိုသာခေါ်လိုက်သည်။ သူမက သူက ပြည့်ပြည့်၀၀နှင့် သန်သန်မာမာ ကြီးပြင်းလာစေချင်ပုံရသည်။

 

 

" အခုတော့ သူ့ကို ကြည့်ပါဦး သူက အရမ်းပိန်ပြီး ညသ်ပတ်နေတာပဲ"

 

 

ငါ အပျိုဖြစ်တုန်းအရွယ်မှာ သားတစ်ယောက်ကို ဘယ်လို စီမံခန့်ခွဲ ရပါ့မလဲ...

 

 

"ဂွီ....ဂွီ..."

 

 

ရှောင်းကောက သူမ အစာအိမ်မှ စာလောင်မှုကြောင့် အသံကျယ်ကြီး ထွက်လာသည်ကို ကြားလိုက်ရသည်။ သူမ အရမ်းကို ဗိုက်ဆာနေလေသည်။ ဒီကိုယ်က ၃ ရက် လောက် ဘာမှမစားရသေးချေ။ ရှောင်းကောက သူမဗိုက်ကို နှိပ်လိုက်ပြီး အစားရှာဖို့ အိပ်ယာပေါ်က ထလိုက်သည်။ သူမ ခြေထောက် ကြမ်းပြင်နှင့် မထိခင်မှာဘဲ သူမ ခေါင်းက ချာချာလည်သွားကာ အိမ်ယာပေါ်က ပြတ်ကျမလိုတောင် ဖြစ်သွားရသည်။ ရှောင်းကောသည် ပြုတ်ကျခြင်းမှ ရှောင်ရှားနိုင်စေရန် ကုတင်ဆီသို့ အသဲအသန် ရောက်ရန်ကြိုးစားခဲ့သည်။ သူမကို သေချာကြည့်နေတဲ့ ကျွမ်းကျွမ်းဟာ သူမဆီ မြန်မြန် ပြေးလာပြီး သူမ၏ အင်္ကျီကိုလက်နှစ်ဖက်လုံးနဲ့ ဆွဲထားခဲ့သည်။

 

 

သူဆီတွင် ရှောင်းကော၏ ယခင် လဲကျသွားသော သက်ရောက်မှုက ရှိနေသည်ဖြစ်ကာ သူမ နောက်ထပ်မတော်တဆမှုဖြစ်မှာကို လန့်နေလေသည်။

 

 

"စိတ်မပူပါနဲ့ ကျွမ်းကျွမ်း မေမေ အရှိန် မထိန်းနိုင်လို့ပါ"

 

 

ရှောင်းကောက ကျွမ်းကျွမ်း၏ ကျောကို ညင်သာစွာပွတ် ပေးလိုက်သည်။

 

 

" သား မေမေ့ကို ကိုင်ထားပေးမယ် မေမေ"

 

 

ကလေးက လေးနက်စွာပြောခဲ့သည်။

 

 

"ဟုတ်ပြီလေ"

 

 

ရှောင်းကောဟာ ကျွမ်းကျွမ်းနှင့် မီးဖိုချောင်ထဲသို့ လျှောက်လာသည်။ သူမ ဗလာဖြစ်နေသော ဆန်အိတ်ကိုကြည့်ကာ ငတ်မွတ်ခေါင်းပါးခြင်းမတိုင်မီ သူမ စားခဲ့သမျှကို ပြန်မှတ်မိရန် တွေးတောနေမိသည်။ မိုးမခေါင်ခင်က ဆန်ရှိနေသေးသည်။ ဆန်ကုန်သွားသောအခါ သူမ အပင်ရိုင်းတွေကို အသက်ရှင်ဖို့ တူးရလေသည်။ အခုတော့ ဘာအစားအစာမှ အိမ်၌ မရှိတော့ချေ။

 

 

ရှောင်းကောဟာ မြင့်ရာ နိမ့်ရာ မီးဖိုချောင်းကို အနှံ့ရှာပြီးနောက် သူမ နောက်ဆုံးတော့ လက်တစ်ဆုပ်စာ ဆန်များ ကျန်နေသေးသော ဆန်အိတ်ကို တွေ့လိုက်ရသည်။ ထိုအရာက အလွန်သေးငယ်သော ဆန်ပမာဏဖြစ်သော်လည်း အခုကာလ၌ စပါးတစ်စေ့ခြင်းစီက ရှားပါးပြီး အဖိုးတန်သည်။ ရှောင်းကောက ဝမ်းသာပီတိဖြစ်သွားသည်။ ရေအနည်းငယ်နှင့် ဆန်စေ့များကို အိုးတစ်လုံးထဲသို့ လောင်းချပြီး မီးမွှေးလိုက်သည်။

 

 

သူနောက်က နီးနီးကပ်ကပ် လိုက်နေသော ကျွမ်းကျွမ်းက နားမလည်နိုင်သော အသံဖြင့်မေးလာခဲ့သည်။

 

 

"မေမေ မေမေပြောတော့ ဒီဟာတွေက အရေးပေါ်အခြေအနေအတွက်ဆို"

 

 

ယခင် ခန္ဓာကိုယ်ပိုင်ရှင်က ဤဆန်ကို ကျွမ်းကျွမ်းဖို့ သိမ်းထားခြင်းဖြစ်လိမ့်မည်။ သို့သော် လက်ရှိ အခြေအနေတွင် ရှောင်းကောက ဒီလိုသာဆက်ဖြစ်နေရင် နှစ်ဦးစလုံး ဆာလောင်ပြီးသေရမည်ကို ခံစားမိနေသည်။ အခု သူမလက်ရှိတွင် ရှိနေကတည်းက  သူမက ကျွမ်းကျွမ်းကို ဆာလောင်မနေစေရပေ။ ဤသည်က လောလောဆယ် ဦးစားပေးအရာဖြစ်လိမ်မည်။

 

 

"ဟုတ်တယ် ဒါကအမှန်ပဲ။ အခုက အရေးပေါ်ပဲလေ ယာဂုလုပ်စားကြမလား"

 

 

ယာဂုဟူသော အသံကြားလိုက်ရသော ကျွမ်းကျွမ်း မက်မောလာသည်။ သူယာဂုသောက်ခဲ့ရသည်မှာ အချိန်များစွာ ကြာခဲ့ပြီဖြစ်သည်။ ထိုအရသာကို သူ မှတ်မိနေတုန်းပင်။ သူက လျှာကိုသပ်လိုက်ကာ လက်ခံသည့်သဘောဖြင့် ဖြေးညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။

 

 

ရှောင်းကောက သူမ၏ စေးကပ်ပြီး ရှုပ်နေသောဆံပင်ကိုစုချည်လိုက်သည်။ သူမ စားပြီးသောအခါ သူ့ကို ရေချိုးပေးရန် ချိုးရေပြင်ဆင်ရမယ်လို့ ဆုံးဖြတ်လိုက်သည်။

 

 

သူတို့စကားပြောပြီးသည့်နောက် ရေက စဆူနေပြီ ဖြစ်သည်။ ချက်ပြုတ်ထားသော ထမင်းရည်၏ မွှေးရနံ့သည် အိုးအဖုံး၏ ဘေးနှစ်ဖက်မှ လွင့်ပျံလာသည်။ နှစ်ယောက်စလုံး ကျေနပ်အားရစွာ သက်ပြင်းချရင်း၊ ပွက်ပွက်ဆူနေသော ဂျုံယာဂု၏ အနံ့ကို ခံနေကြသည်။

 

 

"အာ..."

 

 

တစ်ယောက်သံတစ်ယောက် ထပ်တူကြားလိုက်ရသောအခါ သူတို့က အကြည့်တွေ ပြောင်းသွားကာ ကျယ်လောင်စွာ ရယ်လိုက်ကြသည်။

 

 

ရှောင်းကောက ထရပ်လိုက်ပြီး မီးဖိုချောင်ထဲတွင် ဟင်းသီးဟင်းရွက် ယာဂုအတွက် ဆီနှင့် ဟင်းသီးဟင်းရွက် တစ်ချို့များ ရှိမလားလို့ ရှာလိုက်သည်။ သူမသည် ဟင်းသီးဟင်းရွက် အနည်းငယ်နှင့် ဆီဗူးထဲတွင် ဝက်ဆီတစ်တုံးကို ရှာဖွေနိုင်ခဲ့သည်။

 

 

သူမ အသီးအရွက်တွေကို ရေဆေးပြီး ခုတ်ထစ်‌တော့သည်။ ထိုအရာများ ပြီးသွားတဲ့အခါ အရွက်နှင့် ဝက်ဆီတွေကို အိုးတစ်လုံးထဲကို ပစ်ထည့်ပြီး ဇွန်းနဲ့ မွှေကြော်တော့သည်။ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော အစားအစာများ၏ မွှေးရနံ့သည် မီးဖိုချောင်ကို တခဏအတွင်း ပြည့်လျှံသွားစေသည်။ ရှောင်းကောနှင့် ကျွမ်းကျွမ်းတို့သည် မျှော်လင့်ထားသည့်အတိုင်း ၎င်းတို့၏ ဗိုက်များ အော်ဟစ်သံကို ကြားနေရသည်။

 

.......

 

*ကျွမ်းဆိုသည်မှာ သန်မာသည်ဟု အဓိပ္ပာယ်ရသည်။