Chapter - 71 (FINAL PART)
(တစ်ဆယ့် ရှစ်နှစ်)
'ရွှမ်း....'
အနီရောင်သွေးများသည် တရစပ် ထွက်လာပြီး မက်ခါပေါ်သို့ စင်လာသည်မှာ ကြက်သီးထစရာကောင်းလှသည်။
စီဆဲလ်သည် ဇာစ့်မျိုးနွယ်စု ဒုတိယမင်းသား၏ မက်ခါ ပေါ်သို့တက်ကာ သူ၏ခေါင်းကို လက်ထဲတွင် ကိုင်ထားပြီး မျက်နှာပေါ်တွင် လုံးဝပျောက်ကွယ်သွားခြင်းမရှိသည့် လူသတ်ချင်စိတ်ဖြင့် အပေါ်မှ နင်းချလိုက်သည်။
စီဆဲလ်၏ မျက်လုံးထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး၊သူ့ပါးပြင်မှာလည်း သွေးစက်အနည်းငယ် စွန်းထင်းနေသည်။
သူ့နောက်မှာ ကောင်းကင်ယံနှင့် လက်နက်ချ အညံ့ခံခဲ့သည့် ဇာစ့် စစ်တပ်ရှိနေလေသည်။
"တိုက်ခိုက်ကြ.. တိုက်ခိုက်မှုတိုင်းကို အနိုင်ယူလို့မရဘူး!"
ဘယ်သူက အရင်စလိုက်မှန်း သူမသိသော်လည်း နောက်ပိုင်းတွင် ကျယ်လောင်သော ဟိန်းဟောက်သံများက နေရာအနှံ့ ထွက်ပေါ်လာသည်။
"ဂုဏ်ယူပါတယ်..... ရေတပ်ဗိုလ်ချုပ်ကြီး၊ ရေတပ်ဗိုလ်ချုပ်ကြီး စီဆဲလ်က အရမ်းအစွမ်းထက်ပြီး ဘယ်သူမှ အနိုင်မယူနိုင်ပါဘူး....."
"ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ မယုံကြည်နိုင်တဲ့ စွမ်းရည်ကြောင့် အဖွဲ့ချုပ်ကို ဘယ်သူမှ အနိုင်ယူလို့ မရဘူး......!"
"ရေတပ်ဗိုလ်ချုပ်ကြီးရဲ့ မယုံကြည်နိုင်တဲ့ စွမ်းရည်ကြောင့် အဖွဲ့ချုပ်ကို ဘယ်သူမှ အနိုင်ယူလို့ မရဘူး......!"
စီဆဲလ်သည် မက်ခါ ပေါ်မှ ခုန်ဆင်းလိုက်ပြီး ကတ်စပါအား မေးလိုက်သည်။
"အာ့မြန် ဘယ်မှာလဲ"
"ဒါက..."
စီဆဲလ် သည် ရန်သူ၏ ပင်မတိုက်ပွဲဝင်သင်္ဘောကို တိုက်ခိုက်ရန် အမှတ်၁၂အဖွဲ့ကိုသာ ဦးဆောင်ခဲ့ပြီး ခေါင်းဆောင်၏ခေါင်းကို အရယူခဲ့သည်။ ထိုအချိန်အတွင်း တာမီနယ်မှ ကျောင်းမြန်၏ခေါ်သံကို ယောင်ဝါးဝါး ကြားလိုက်ရသည်။
"ပြော"
စီဆဲလ်၏ ခန္ဓာကိုယ်သည် ကျန်နေသော သွေးနံ့များနှင့် လူသတ်ချင်သည့် အငွေ့အသက်များကို သယ်ဆောင်ထားဆဲဖြစ်သည်။ သူ ပြုံးနေသော်လည်း ထိတ်လန့်စရာ ကောင်းသဖြင့် ကတ်စပါသည် ကျောင်းမြန်လုပ်ခဲ့သမျှကို ရဲဝံ့စွာ တင်ပြလိုက်သည်။
"ဖက်ဒရယ် စစ်တပ်က အချိန်မရွေး ကယ်ဆယ်ဖို့ အသင့်ဖြစ်အောင် တံတားမှာ စောင့်နေကြပါတယ်..."
ကတ်စပါသည် ထိုသို့ပြောပြီးနောက် အန္တရာယ်ရှိသည့် အခြေအနေမှန်း သိလိုက်ပြီးဖြစ်သည်။ယခု ကျောင်းမြန်၏ အခြေအနေသည် နောက်ဆုတ်လို့ မရတော့သည့် အနေအထားဖြစ်သောကြောင့် အရာအားလုံးသည် ကံကြမ္မာပေါ်တွင်သာ မူတည်နေသည်။
" အား...!"
စီဆဲလ်သည် ဤအခိုက်အတန့်တွင် သူ့စိတ်များ အရှိန်ပြင်းပြင်းး ပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး စိတ်လွတ်သွားလေသည်။
ကျောင်းမြန် ရူးနေတာလား။ သူဘယ်လို လုပ်ဖြစ်နိုင်မှာလဲ...!
မက်ခါသည် တံတားဆီသို့ ဦးတည်ပြီး ပြေးသွားခဲ့သည်။
ယခုအချိန်တွင် တံတားသည် တစ်ဝက်ကျိုးသွားပြီး အလယ်တွင် အပေါက်တစ်ခုရှိနေသော်လည်း ဖက်ဒရယ်တပ်မတော်နှင့် ဆေးဘက်ဆိုင်ရာတပ်များက လမ်းအဆုံးတွင်သာ စောင့်ဆိုင်းနေကြသည်။
နေရာတိုင်းတွင် အပျက်အစီးများနှင့်အတူ၊ စီဆဲလ်သည် သူ့အား ဝါးမြိုလုနီးပါး ဖြစ်နေသည့် ခံစားချက်များကို မျိုသိပ်ကာ မက်ခါပေါ်မှ ဆင်းသွားခဲ့သည်။
"ဗိုလ်ချုပ်ကြီး..."
စီဆဲလ် ကိုမြင်ပြီးနောက်၊ ဒေါက်တာဖိုဒ့်သည် သူ့ပါးစပ်ကိုဖွင့်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှမပြောလာခဲ့ပါ။
စီဆဲလ်၏ လက်ဖဝါးများ အနည်းငယ် တုန်ရီလာသည်ကို သူမြင်လိုက်ရသောကြောင့်ဖြစ်သည်။
ဤကဲ့သို့သော စီဆဲလ်၏ ပုံစံကို သူတို့ ပထမဆုံး မြင်ဖူးကြခြင်းဖြစ်သည်။ သူတို့သည် ရဲရင့်ပြီး အတိုက်အခိုက်ကောင်းပြီး မာနကြီးကာ ဒေါသဖြစ်လွယ်သည့် စီဆဲလ်၏ ပုံရိပ်ကို ဆုံးရှုံးသွားပြီဖြစ်သည်။
မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး...
စီဆဲလ် အသက်ပြင်းပြင်းရှူပြီး ထိတ်လန့်မနေစေရန် သူ့ကိုယ်သူ သတိပေးလိုက်သည်။
သူ၏မြန်မြန်သည် ဒီလောက်ထိ စိတ်အားထက်သန်ကာ ကိုယ့်ကိုကိုယ် စတေးခံရသည်အထိ မည်သည့်ကိစ္စ ဖြစ်ခဲ့ကြောင်းကို သူသေချာ သိရမှ ဖြစ်မည်။
'ဝုန်း'
"ဟိုမှာ....!"
"ဗိုလ်ချုပ်ကျောင်းရဲ့ မက်ခါ လာနေပြီ..."
စီဆဲလ် ရုတ်တရက် လှမ်းကြည့်လိုက်စဉ် ကျောင်းမြန်၏ မက်ခါသည် တံတားဆီသို့ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
မက်ခါသည် မီးလောင်နေပြီဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်မှာ ပျက်စီးယိုယွင်းနေသည့် အခြေအနေတွင် ရှိနေသည်။ မီးရောင်ကြောင့် အထဲမှလူကို မြင်ရန်ခက်ခဲနေသေးသည်။
စီဆဲလ်သည် ထိုအချိန်ကျမှ ရင်ထဲက အလုံးကြီး ကျသွားတော့သည်။
ရေခဲပြင်တော်ဝင်မိသားစုက လိုက်ဖမ်းသည့် အချိန်ကလည်း ကျောင်းမြန်သည် သူ၏လေယာဉ်ကို မောင်းနှင်ပြီးတံတားကို ချိုးဖျက်ခဲ့သည်ကို သူမှတ်မိနေပါသေးသည်။
ထိုအချိန်ကဲ့သို့ပင် နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းမွန်ပုံရသော လူတစ်ဦးသည် စည်းကမ်းမဲ့စွာဖြင့် မမျှော်လင့်ဘဲ သူ့မျက်စိရှေ့သို့ ရုတ်တရက် ရောက်လာခဲ့သည်။
ထိုအချိန်ကကဲ့သို့ပင် စီဆဲလ်သည် ကျောင်းမြန်အား ဖမ်းမိခဲ့သည်။
စီဆဲလ်သည် ကျောင်းမြန်၏ အပြင်ဘက်မှ မီးသည် သူ့လက်ကို လောင်ကျွမ်းစေမည်ကိုပင် မတွေးမိတော့ဘဲ သူ့ကိုယ်ပိုင် မက်ခါဖြင့် ရှေ့သို့ ပြေးသွားခဲ့သည်။
မက်ခါသည် လုံးဝ အရည်ပျော်ပြီး မပျက်စီးသွားခင် ကျောင်းမြန်ကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားနိုင်ခဲ့သည်။
ကျောင်းမြန်၏ မူလငွေပြာဆံပင်များသည် ယခုအချိန်တွင် လကဲ့သို့ အညစ်အကြေးကင်းစင်သော ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။
"အာ့မြန်...!"
စီဆဲလ်သည် ကျောင်းမြန်အား လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ပွေ့ဖက်ထားသောကြောင့် သူ၏ခန္ဓာကိုယ်မှ အပူချိန်သည် အလွန်ပူပြင်းသဖြင့် စီဆဲလ်သည်လည်း နာကျင်မှုကို ခံစားခဲ့ရသည်။ ကျောင်းမြန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မီးလောင်ဒဏ်ရာများဖြင့် ဖုံးလွှမ်းထားသော်လည်း ကံကောင်းထောက်မစွာဖြင့် အသက်ရှုနေဆဲဖြစ်သည်။
"အာ့မြန်.."
စီဆဲလ်သည် အသက်ရှူ ရပ်လုနီးနီး သက်ပြင်းတစ်ချက်ချကာ သူ့လူအား တင်းကြပ်စွာ ပွေ့ဖက်ထားရင်း ပြော၏။
"မင်း... မင်းဘာလို့ ဒီလောက်တုံးနေရတာလဲ..."
ကျောင်းမြန် မှိန်းခနဲ နိုးလာပြီး စီဆဲလ်အား ကိုင်ရန် သူ့လက်ကို တုန်ယင်စွာဖြင့် ဆန့်ထုတ်လိုက်သည်။
"အစ်ကိုကြီး..."
စီဆဲလ် အံ့အားသင့်သွားပြီး တစ်ဆက်တည်း ထိတ်လန့်သွားသည်။
"ကျွန်တော် မှတ်မိသွားပြီ....."
"ဝုန်း...!"
၎င်းတို့နှစ်ဦး၏နောက်တွင် မက်ခါသည် တစ်စစီ ပေါက်ကွဲသွားခဲ့သည်။ စီဆဲလ်၏မျက်လုံးထဲမှ ရေ၏ အရိပ်တွင် မီးများသာ ထင်ဟပ်စေခဲ့သည်။
"အဲဒါ....."
ကျိုးနေသည့်တံတားပေါ်တွင် နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်ကြသည်။
xxxx
"လီယိုလေး.... မပြေးနဲ့တော့!"
ရေတပ်ဗိုလ်ချုပ်ကြီး၏အိမ်တွင်၊ သူ့အသက်အရွယ် ယောက်ျားလေးများထက် အရပ်ရှည်သော ကလေးတစ်ဦးကို အယ်လန် နှင့် အိမ်ဖော်များက လိုက်ဖမ်းနေကြပါသည်။
အယ်လန်သည် သူ့ခါးကို ဖိထားပြီး သူ့မျက်နှာသည် ဒေါသများကြောင့် နီရဲနေပြီး အော်လိုက်သည်။
"ကောင်ငယ်လေး မင်းက အခုကတည်းက ဒီလောက် သန်မာနေတာလား..... ဒီကို လာလို့....အင်္ကျီတွေ မပွစေနဲ့....
လက်စွပ်က မင်းဆီမှာမလား...မပျောက်စေနဲ့နော်.....!"
ထိုအချိန်တွင် လီယိုသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပုံမှန်အချိန်ဆို ရှုပ်ပွနေတတ်သည့် ဆံပင်များကို သပ်ရပ်စွာ ညှပ်ထားသည်။ သူသည် စီဆဲလ် နှင့် ကျောင်းမြန်၏ မင်္ဂလာပွဲတွင် ဖခင်နှစ်ဦးအား လက်စွပ်များ ပေးအပ်သွားရမည်ဖြစ်သည်။
အယ်လန်ကို စိတ်အနှောက်အယှက်အပေးနိုင်ဆုံးအရာမှာ လီယိုသည် သူ့အကိုရှောင်လဲ့၏ လက်ကိုဆွဲကာ မျောက်တစ်ကောင်လို လှည့်ပတ်ပြေးနေခြင်းဖြစ်သည်။
ရန်ရှောင်လဲ့သည် မူလက တိတ်ဆိတ်ပြီး အေးချမ်းသော ကလေးတစ်ဦးဖြစ်သော်လည်း ယခုအချိန်တွင် လီယို၏ လမ်းလွှဲပေးမှုကို ခံနေရသည်။
"အယ်လန်"
ကုရှင်းချီလည်း အချိန်ကိုက် ရောက်လာပြီး အယ်လန်၏ လက်ကိုဆွဲကာ နွေးထွေးစွာ ပြုံးပြီးပြော၏။
"ဒီနေ့အရမ်းကောင်းတဲ့နေ့ပဲ၊ ဒါကြောင့် သူတို့ကို ထားခဲ့လိုက်တော့လေ..."
အယ်လန် ခေါင်းသာ ထိုးကိုက်လာတော့သည်။
မှန်ပါသည်.....မင်္ဂလာဆောင်ပါ...။
ဇာစ့်တို့ နှင့် စစ်ပွဲပြီးဆုံးပြီးနောက် စီဆဲလ် နှင့် ကျောင်းမြန်တို့သည် သူတို့၏မင်္ဂလာပွဲကို မြို့တော်တွင် တရားဝင်ကျင်းပနိုင်ရန် အချိန်သုံးနှစ်ကြာခဲ့သည်။
သူတို့လုပ်နိုင်ပေးနိုင်တာ ဘာမှမရှိပေ။ ထိုအချိန်တွင် ကျောင်းမြန်သည် ယ သူ၏ဒဏ်ရာမှ ပြန်လည်သက်သာလာကာ ဇာစ့် မျိုးနွယ်၏ အငယ်ဆုံးမင်းသားနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခဲ့သည်။ သူသည် စစ်ပြီးကာလကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အလုပ်များနေသောကြောင့် အချိန်များစွာကုန်ဆုံးခဲ့သည်။ နောက်ဆုံး သူတို့နှစ်ယောက်၏ ကိစ္စများကို ဖြေရှင်းဖို့ အချိန်ကျလာသည့်အခါတွင်တော့ လီယိုလေးပင် အသက်နှစ်နှစ် ရှိနေပြီဖြစ်သည်။
ဒါပေမယ့် သက်ဆိုင်ရာဌာနများက ကူညီပြီး ပြင်ဆင်ပေးနေသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်သဖြင့် အချိန်ကာလမှာ အတိအကျပင်ဖြစ်သည်။ဒီရာစုနှစ်၏ အကြာဆုံးမင်္ဂလာပွဲဟု ဆိုနိုင်သည်။ ဂြိုဟ်များအားလုံးပါဝင်ရန် ဖိတ်ကြားထားပြီး ကျောင်းမြန်၏ အမကိုလည်း ဖိတ်ထားသေးသည်။
ကုရှင်းချီသည် အယ်လန် ၏နဖူးကို ဖိနမ်းလိုက်ပြီး ပြုံးလျက်ပြောသည်။
" ဗိုလ်ချုပ်ကြီးကို လေယာဉ်ရောက်ပြီလို့ ပြောပြီး မင်္ဂလာပွဲ နေရာကိုသွားဖို့ ပြင်ခိုင်းတော့လေ...."
"အင်း..ခဏစောင့်ဦး"
ရီလန်သည် အကြောင်းပြချက်မရှိ ရယ်မောရင်း ပြောလိုက်သည်။
ကုရှင်းချီ စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
"ရှူး..."
အယ်လန် မျက်တောင်တစ်ချက်ခတ်ကာ ပြော၏။
"စီဆဲလ်က အာ့မြန်အတွက် စပရိုက်တစ်ခု ပြင်ထားတယ်..."
...
အပေါ်ထပ်တွင်၊ ကျောင်းမြန်သည် နှင်းဆီပန်းများနှင့် ဖဲကြိုးများဖြင့် အလှဆင်ထားသော ဇိမ်ခံလေယာဉ်တန်းကို မြင်လိုက်ရသည်။
ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ပြီးနောက် မှန်ရှေ့တွင်ရပ်ကာ နက်ကတိုင်ချည်နေဆဲ ဖြစ်သည့် စီဆဲလ်အားကြည့်ကာ ပြုံးလိုက်ပြီး ပြော၏။
"စီဆဲလ် ....ကျွန်တော်တို့ အခုသွားရတော့မယ်"
"အင်း ခဏ"
ကျောင်းမြန်သည် စီဆဲလ်အား တစ်ချက်စိုက်ကြည့်လိုက်ပြီး ရှေ့တိုးခိုင်းကာ သူ၏ နက်ကတိုင်ကို ပြန်ပြင်ကာ ချည်ပေးတော့သည်။
စီဆဲလ် ငုံကြည့်လိုက်ချိန်တွင် ကျောင်းမြန်၏ နူးညံ့သိမ်မွေ့ပြီး အာရုံစူးစိုက်နေသည့် အမူအရာကို မြင်လိုက်ရသဖြင့် သူ့နှလုံးသားထဲတွင် နွေးထွေးသွားသလို ခံစားလိုက်ရသည်။
မှန်ရှေ့မှာ လူနှစ်ယောက်ရပ်နေရာ ကျောင်းမြန်သည် အဖြူရောင်ဝတ်စုံကိုဝတ်ထားပြီး လေပြည်ညှင်းလေးကဲ့သို့ နူးညံ့ညင်သာမှုရှိနေပြီး စီဆဲလ်သည် အနက်ရောင်ဝတ်စုံဝတ်ထားရာ သူ၏ ရှည်လျားသောအရပ်ဖြင့် အလွန်ချောမော ခန့်ညားနေတော့သည်။
"ကောင်းပြီ။"
ကျောင်းမြန်လည်း စီဆဲလ်၏ ပခုံးကို ပုတ်ကာ ပြုံးပြုံးလေး ပြောလိုက်သည်။
"ဟုတ်ပါပြီ.... ဓာတ်ပုံထပ်ရိုက်မနေပါနဲ့တော့.... အခုတောင် တော်တော်ချောနေပြီ...."
"ဒီလိုပဲဖြစ်ရမယ်လေ"
စီဆဲလ်သည် သူ့မေးစေ့ကို မေ့ပြီး ပြော၏။
"ဗိုလ်ချုပ်ကျောင်း...မင်းရဲ့ အမျိုးသားက ကြယ်ကွန်ရက်တစ်ခုလုံးရဲ့ အိပ်မက်ထဲက ချစ်သူနော်...."
ကျောင်းမြန် မျက်ခုံးပင့်လိုက်သည်။
သို့သော် ပြီးခဲ့သည့်လအတွက် ကြေညာခဲ့သည့် "တစ်နှစ်တာ လက်ထပ်ချင်စရာ အကောင်းဆုံး အမျိုးသားစာရင်း" အတွက် မဲစာရင်း ထိပ်ဆုံးတွင် သူ့နာမည်က ထိပ်ဆုံးဖြစ်နေခဲ့သည်မှာ ထင်ရှားလေသည်။
"ပြဿနာရှာတာ ရပ်ပြီး သွားကြစို့"
ကျောင်းမြန် မရယ်ဘဲ မနေနိုင်တော့ပေ။
"ခဏလေး..."
စီဆဲလ်သည် ကျောင်းမြန်၏ လက်ကို ကိုင်လိုက်ပြီး.....
"မသွားခင်...ကိုယ် မင်းကို ခေါ်သွားချင်တဲ့ တစ်နေရာရှိတယ်.... ဒါပေမယ့် မင်းမျက်လုံးတွေကိုတော့ မှိတ်ထားဖို့လိုတယ်...."
"ဒါပေမယ့်......မင်္ဂလာပွဲကစတော့မှာလေ..."
"အဲဒါက ကိုယ်တို့အိမ်မှာပဲ....ဒီမှာပဲလုပ်ထားတာ အချိန်အများကြီး မပေးရပါဘူး....."
စီဆဲလ်သည် ကျောင်းမြန်၏ လက်အား အတင်းဆွဲပြီးခေါ်လာခဲ့သည်။
ကျောင်းမြန် ပြုံးလိုက်ပြီး ဒီလူ ဘာတွေမွှေဦးမလဲ ဆိုတာ သိချင်နေသည်။
စီဆဲလ်သည် ကျောင်းမြန်၏ မျက်လုံးများကို အဝတ်စတစ်ခုဖြင့် ဖုံးအုပ်ကာ ဗိုလ်ချုပ်စံအိမ်ထဲရှိ ဥယျာဉ်ထဲသို့ ခေါ်ဆောင်သွားသည်။
"ရပြီ.....ကိုယ်တို့ရောက်ပြီ"
စီဆဲလ်သည် အဝတ်စကို ဖြည်ပေးလိုက်သည်။
သူ့အမြင်အာရုံ ပြန်ရလာချိန်တွင် ကျောင်းမြန် အံ့အားသင့်သွားသည်။ သူ့ရှေ့တွင် မှန်လုံအိမ်တစ်ခုရှိနေပြီး ထိုအိမ်ထဲတွင် နှင်းလူသားရှိနေသည်။
"ခင်ဗျား..."
ကျောင်းမြန် ပါးစပ် အဟောင်းသား ဖြစ်သွားသည်။
ယခုသည် နွေဦးပေါက်နေပြီဖြစ်သော်လည်း မှန်လုံအိမ်ထဲတွင် နှင်းများဖြင့်ပြည့်နှက်နေပြီး အခန်း အလယ်တွင် နှင်းလူသား လေးယောက်ရှိနေသည်။ အကြီးနှစ်ယောက်၊ အသေးနှစ်ယောက်ဖြစ်သည်။
"ကိုယ်တို့ မိသားစုလေးယောက်လုံးပါတယ်"
စီဆဲလ် လှည့်ကြည့်ကာ နွေးထွေးစွာပြောခဲ့သည်။
"ကိုယ်တို့ ကြီးလာတဲ့အခါ မင်းကို နေ့တိုင်း နှင်းလူသား လုပ်ပေးပြီး နှင်းတွေ အပြည့်ဖြည့်ပေးမယ်ပြောခဲ့တာ.... ကိုယ်လေ......တစ်ခါမှမမေ့ဖူးဘူး...."
ကျောင်းမြန်၏ မျက်လုံးများသည် အနည်းငယ်နီရဲနေ၏။
-ငါတို့ ကြီးလာရင် မင်းရဲ့အခန်းမှာ နှင်းတွေပြည့်နေအောင် ငါလုပ်ပေးမယ်....။
အခု စီဆဲလ် ကတိတည်လေသည်။
-ငါက နွားကျောင်းသားဖြစ်ခဲ့ရင် ၊ ငါ့ရဲ့ရက်ကန်းသမလေးကို ရှာဖို့ တံတားဆောက်မယ်။ ဘယ်လောက်ပဲဝေးဝေး သူမကိုတွေ့မှာပါ......။
စီဆဲလ်သည် နိုင်ငံနှစ်ခု ကြယ်နှစ်ခုကို ဆက်သွယ်ရန် ကြယ်စင်တံတားတစ်ခုကို ရှစ်နှစ်ကြာအောင် တည်ဆောက်ခဲ့သည်။
"ကျွန်တော့်ကိုမမေ့လိုက်နဲ့.....ကိုကြီး ကျွန်တော့်ကိုမှတ်ထားရမယ်..."
စီဆဲလ်သည် တစ်ဆယ့်ရှစ်နှစ်ကြာသည်အထိ တစ်ရက်မှ မမေ့ဘဲ သတိရနေပါသည်...... ပြီးတော့...
"အခု ကြီးလာပြီဆိုတော့ ကိုယ့်ကို လက်ထပ်ရတော့မယ်.... လက်ထပ်မှာလား.."
ကျောင်းမြန်၏ မျက်လုံးများ နီရဲလာပြီး စီဆဲလ်ကို ပွေ့ဖက်ရန် လက်ဆန့်လိုက်သည်။
"အရူး..."
~~~~The End ~~~~