Chapter 68
Viewers 21k

🫶Chapter 68




ကျိုးအာ့ဟယ် အခန်းထဲတွင် အရှေ့နှင့်အနောက်လျှောက်နေမိသည်။ အဆုံးတွင်တော့ ရင်းကျင်း၏ ဝီချက်နှင့် ဖုန်းနံပါတ်များကိုဘလော့ထားသည်မှ ဖြည်ပေးလိုက်၏။


တစ်ချိန်တည်းမှာပင် ရင်းကျင်းဆီမှ အဝင်ကောလ်က သူ့ဖုန်းစခရင်တွင် ပေါ်လာ၏။


ဒီလောက်မြန်မြန်ကြီး ခေါ်လာတာလား…။


ဖုန်းကိုကိုင်ထားသည့် ကျိုးအာ့ဟယ်၏လက်များမှာတင်းကြပ်သွားပြီး နောက်ဆုံး၌ ဖုန်းကိုင်လိုက်သည်။ 


ရင်းကျင်းသည် ပုလင်းအခွံပေါင်းများစွာ ဝိုင်းရံလျက် ခေါင်မိုးပေါ်တွင်ထိုင်နေကာ နံပါတ်တစ်ခုတည်းကိုပဲ အဆက်မပြတ်ခေါ်ခဲ့သော်လည်း တစ်ဖက်မှ အလိုအလျောက်ဖြေကြားသည့် အမျိုးသမီး၏အသံကသာဆီးကြိုသည်။ 


ကုန်သွားသည့်ပုလင်းနောက်တစ်လုံးအား မြေကြီးပေါ်သို့ ပစ်ချလိုက်ကာ ရင်းကျင်းသည် အောက်ဖက်ရှိလှုပ်ရှားသွားလာနေသည့် လမ်းကိုကြည့်၍ အလိုအလျောက်ထွက်ပေါ်နေသည့်အသံကို ဖုန်းချလိုက်ပြီး နောက်တစ်ကြိမ်ထပ်ခေါ်လိုက်သည်။ 


အသံနှစ်ခါမြည်ပြီးနောက် ခေါ်ဆိုမှုက ရုတ်တရက်ချိတ်ဆက်သွားခဲ့သည်။ 


ချိတ်ဆက်သွားပြီ…။


ရင်းကျင်း၏လက်များ တုန်ယင်လာကာ ဖုန်းလွတ်ကျမတတ်ပင်။ ထိုအချိန်တွင် မေးခွန်းပေါင်းများစွာက သူ့စိတ်ထဲတိုးဝင်လာကြ၏။


အားဟယ်…အခုဘယ်မှာလဲ…အဲ့နေ့က ဘာလို့ရုတ်တရက်ကြီးပျောက်သွားတာလဲ…ကိုယ့်ကိုရော ဘာလို့ ဘလော့ထားတာလဲ...


သို့သော် အဆုံးတွင်တော့ သူမေးခွန်းတစ်ခုတည်းကိုသာ မေးလိုက်သည်။ 


“အခုအဆင်ပြေရဲ့လား”


ခါးသက်သည့်ခံစားမှုတစ်ခုက သူ့မျက်လုံးထဲပြည့်တက်လာသည်။ ကျိုးအာ့ဟယ် မျက်တောင်များခတ်၍ မျက်ရည်များကို သိမ်းလိုက်ပြီး နူးညံ့စွာဖြေလိုက်သည်။


 “အင်း”


သို့သော် သူမည်မျှကြိုးစား၍ထိန်းနေပါစေ၊ ရင်းကျင်းသည် သူ့အသံထဲမှ နှာသံကို သတိထားမိဆဲဖြစ်ကာ စိုးရိမ်မှုများ ချက်ချင်း ကြီးထွားလာတော့သည်။ 


“ဟေး…မငိုနဲ့လေ…အဲ့နေ့ကရုံးခန်းထဲမှာဖြစ်သွားတာ ကိုယ့်အမှားပါ…ကိုယ် အဲ့သည်မိန်းကလေးနဲ့ နှစ်ယောက်တည်း မရှိခဲ့သင့်ဘူး…”


“မင်းအမှားမဟုတ်ပါဘူး” ကျိုးအာ့ဟယ် မထိန်းနိုင်တော့ဘဲ မျက်ရည်များကျဆင်းလာကာ နှာခေါင်းရှုံ့၍ မေးလိုက်လေသည်။


 “အဲ့နေ့မနက်က ဘာလို့ပျောက်သွားတာလဲ”


“မင်းနည်းနည်းရောင်နေတဲ့ပုံပေါ်လို့ ‌ရောင်ရမ်းတာလျော့တဲ့ဆေးသွားဝယ်နေခဲ့တာ” ရင်းကျင်း တိုးဖွသောအသံဖြင့် ရှင်းပြလိုက်သည်။ 


ကသိကအောက်ဖြစ်မှုများနှင့်တိတ်ဆိတ်မှုများက ခံစားချက်များကိုနေရာကိုအစားထိုးဝင်ရောက်လာကာ ကျိုးအာ့ဟယ် အသက်အောင့်လိုက်ပြီး ဘာပြောရမလဲ မသသိတော့ချေ။ 


ခဏကြာပြီးနောက် တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူမှာ ရင်းကျင်းဖြစ်သည်။ 


“အားဟယ်…ကိုယ်မင်းကိုလွမ်းတယ်”


ကျိုးအာ့ဟယ် မှင်သက်သွားကာ အမူအရာများပျော့ပြောင်းသွားပြီး တီးတိုးဆိုလာသည်။


 “ငါလည်း မင်းကိုလွမ်းတယ်”


“ငါအခုရောမမှာ” ကျိုးအာ့ဟယ် အပြင်ဘက်ရှိ မှောင်မိုက်နေသော ကောင်းကင်ကြီးကိုကြည့်လိုက်သည်။ “မနက်ဖြန် မင်းကိုရှာဖို့ပြန်လာခဲ့မယ်”


……


နျန်ယွီယီ အားပါးတရအိပ်စက်လိုက်ရကာ နိုးထလာခဲ့သည်။ စောင်ထဲတွင် တိုးဝှေ့နေပြီးနောက် ရှုပ်ပွနေသော ဆံပင်များဖြင့် ထထိုင်လာသည်။ 


အခန်းအပြင်ဘက်ရှီ မီးဖိုခန်းအသေးလေးထဲတွင် အသံများထွက်ပေါ်နေ၏။ လျင်မြန်စွာ ဆေးကြောပြီးနောက် နျန်ယွီယီသည် တံခါးဖွင့်၍ကြည့်လိုက်ရာ ဖန်ကျုံးချွမ်းအား ချက်ပြုတ်ရင်းအလုပ်များနေသည်ကို တွေ့လိုက်ရသည်။ သူ ချဥ်းကပ်သွားကာ အနောက်မှသိုင်းဖက်လိုက်သည်။ 


“နိုးပြီလား” ဖန်ကျုံးချွမ်းသည် ပါဝင်ပစ္စည်းများကိုထည့်၍ လှည့်လာကာ နျန်ယွီယီ၏ခေါင်းအား သူ၏သန့်ရှင်းသည့် လက်များဖြင့် ညင်သာစွာထိလိုက်သည်။ “မနေ့ညက ခေါင်းရေစိုကြီးနဲ့အိပ်ပျော်သွားတာ”


“ရပါတယ်…ခေါင်းကိုက်မနေဘူး” နျန်ယွီယီ ခေါင်းခါလိုက်ကာ အခြားတစ်ခုခုအကြောင်း ပိုသိချင်နေသည်။ 


သူက ဖန်ကျုံးချွမ်း ပြင်ဆင်နေသည့် ဖက်ထုပ်များကိုကြည့်လိုက်၏။ “အစ်ကို ချက်တတ်တယ်လား”


“နည်းနည်းပေါ့” နိုင်ငံခြားတွင်ကျောင်းတက်လာခဲ့သည့် ဖန်ကျုံးချွမ်းက သူ၏နေရာအားမျှဝေခြင်းမှ ရှောင်ရှားရန် ရိုးရှင်းသည့်မနက်စာများပြုလုပ်ရန် သင်ယူခဲ့သည်။ နေ့လည်စာနှင့်ညစာအတွက်ကတော့ အပြင်တွင် စားလေ့ရှိသည်။ 


“ဟိုတယ်က မနက်စာလာမပို့ဘူးလား” နျန်ယွီယီ တည့်တိုးမေးလိုက်သည်။ 


ဖန်ကျုံးချွမ်း ခေတ္တရပ်သွားကာ အသက်ပြင်းပြင်းရှူ၍ နျန်ယွီယီ၏နှုတ်ခမ်းထောင့်အား ညင်သာစွာ ပွတ်ဆွဲလိုက်သည်။ 


“ဟိုတယ်က အနောက်တိုင်းအစားအစာတွေပဲ တည်ခင်းပေးတာ…တရုတ်အစားအစာမစားချင်ဘူးလား”


မင်းကြိုက်လို့ ကိုယ်လုပ်ထားတာ…။


နျန်ယွီယီ ရပ်သွားပြီးနောက် အပြုံးတစ်ခုဖြစ်‌ပေါ်လာပြီး ဖန်ကျုံးချွမ်း၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ 


“ဖန်ကျုံးချွမ်း…ကျွန်တော် အစ်ကို့ကိုတကယ်သဘောကျတယ်”


မနက်စာစားပြီးနောက် လင်းရီယွဲ့က ရှဲ့လို့အား အခွန်ကောက်နည်းသည့်ဈေးဆိုင်ရှာရန် ဆွဲခေါ်သွားကာ ငယ်ရွယ်သူများကိုတော့ ဟိုတယ်တွင် ဆော့ကစား၍ကျန်ခဲ့စေသည်။ 


ရှဲ့ယီနန်သည် ဇာတ်လမ်းကောင်းတစ်ခုကိုရွေးချယ်ကာ နံရံပေါ်တွင် ကြည့်နေလိုက်သည်။ နျန်ယွီယီကတော့ ဖန်ကျုံးချွမ်း၏ပခုံးပေါ်မှီကာ စခရင်ကိုကြည့်ရင်း နေကြာစေ့စားနေလေသည်။ 


ရှဲ့ယီကျိုး၏ဖုန်းမြည်လာပြီး ဖုန်းကိုင်ရန် လသာဆောင်သို့ ထွက်သွားလိုက်သည်။


နျန်ယွီယီသည် ရွှီရင်းကျယ်နှင့်ဟယ်ရှောင်ရှောင်တို့၏နာမည်များကို တိုးတိုးလေးကြားလိုက်ရသည်။ ကြည့်ရသည်မှာယခင်အဖြစ်အပျက်ကြောင့်ဖြစ်မည်။ 


သိပ်မကြာခင်တွင် ရှဲ့ယီကျိုးဖုန်းချ၍ အပြင်တွင်ဆေးလိပ်ခဏသောက်ပြီးမှ အထဲသို့ပြန်ဝင်လာသည်။ 


“တစ်ခုခုသိရပြီလား” နျန်ယွီယီက ရှဲ့ယီကျိုးကိုမော့ကြည့်၍ မေးလိုက်၏။


“အင်း” ရှဲ့ယီကျိုးဆိုဖာပေါ်တွင် ထိုင်လိုက်၏။


 “ရွှီရင်းကျယ်က တခြားလူနဲ့ တွေ့နေတာ…ဒါပေမယ့် သူတို့က အသိုင်းအဝိုင်းထဲကပဲဆိုတော့ နှစ်ဦးနှစ်ဖက် သဘောတူပြီး ရေရှည်ဖောက်ပြန်လာကြတဲ့သူတွေပဲ…သူ့ဘက်က နှုတ်ဆိတ်နေဖို့လည်းကမ်းလှမ်းထားတယ်”


“ရွှီရင်းကျယ်?” ဇာတ်လမ်းကြည့်နေရင်း အနှောင့်အယှက်ဖြစ်သွားသည့် ရှဲ့ယီနန်ကမေးလာသည်။


 “သူ့ မိန်းမက ရွမ်ရှောင်ဟွေ့မဟုတ်ဘူးလား”


“ဟုတ်တယ်…သူမက ကိုယ်ဝန်ရှစ်လကျော်နေပြီ…မွေးတောင်မွေးတော့မယ်”


ရှဲ့ယီကျိုး၏ စကားများပြီးနောက် လေးလံသည့်တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။ 


သူတို့၏နောက်ခံနှင့်မရင်းနှီးသည့် အန်ဇိုင်အယ်လ်က အရှုပ်ထွေးဆုံးဖြစ်နေသည်။ ကွင်းဆက်ထဲမှ သွေဖယ် ထွက်နေသည်ကို သဘောပေါက်သွားသောကြောင့် ဇာတ်လမ်းကိုသာ အာရုံပြန်စိုက်နေလိုက်သည်။ 


“ရွမ်လဲ့ကျီက မကြာသေးခင်က ရွှီရင်းကျယ်ကို စောင့်ကြည့်ဖို့ တစ်ယောက်လွှတ်ထားတယ်…” ရှဲ့ယီကျိုးဆက်ပြောလာသည်။


 “ဒါပေမယ့် သူ ရွမ်ရှောင်ဟွေ့ကိုယ်ဝန်ပျက်ကျသွားမှာစိုးလို့ သူမကိုမပြောရသေးဘူး…”


နျန်ယွီယီမျက်မှောင်ကြုတ်လိုက်သည်။ “သည်တော့ နောက်တစ်လလောက် သူမကိုအမှောင်ထဲမှာထားနေဦးမှာလား” 


“ဒါက ကျဥ်းထဲကြပ်ထဲရောက်နေတဲ့အခြေအနေပဲ” ရှဲ့ယီနန်ခဏလောက်တွေးလိုက်သည်။ 


“ရွမ်လဲ့ကျီမှာ အစီအစဥ်ရှိသင့်တယ်…ရွမ်မိသားစုရဲ့ ကိစ္စတွေကို ငါတို့ဝင်နှောင့်ယှက်လို့မရဘူး”


ရှဲ့ယီနန်၏အကြည့်များက ခက်ထန်သွားကာ သူ၏ပုံမှန်ညင်သာမှုများနှင့်ဆန့်ကျင်ဘက်ဖြစ်နေသည်။ 


“ငါတို့ ဟယ်ရှောင်ရှောင်ကို ကိုင်တွယ်ရမယ်”


ဆွေးနွေးသည့်တစ်လျှောက်လုံးတွင် ဖန်ကျုံးချွမ်းက နျန်ယွီယီ၏လက်ကိုသာကိုင်ထားကာ တစ်ခါတရံတွင် ဖျစ်ညစ်နေပြီး ဟယ်ရှောင်ရှောင်၏ အမည်ကိုပြောလာမှသာ အကြည့်များကိုပင့်လာသည်။ 


“ကျွန်တော်တို့ ‘ကျိုးယန်ဧကရာဇ်’ ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင်တွေပြန်ရွေးသင့်တယ်” ဖန်ကျုံးချွမ်း အကြံပြုလိုက်သည်။ 


“ငါလည်း အဲ့လိုပဲတွေးတယ်” ရှဲ့ယီကျိုးသည် ခေါင်းညိတ်၍သဘောတူလာ၏။


သို့သော် အစီအစဥ် များကိုသွေဖယ်၍ ဟယ်ရှောင်ရှောင်က သရုပ်ဆောင်များထဲတွင် ကျန်နေသေးသည်။


နျန်ယွီယီဖုန်းကိုကိုင်ထားကာ စခရင်တွင် ဝေ့ပေါ်ကိုပြသနေသည်။ သေချာကြည့်မည်ဆိုပါက ရေပန်းစားနေသည့် အကြောင်းအရာများစွာကို မြင်ရသည်။ 


“ကျိုးယန်ဧကရာဇ်” ၏ တရားဝင်ထုတ်ပြန်ချက်...


နျန်ယွီယီနှင့်ရှဲ့ယီကျိုး ညီအစ်ကိုတို့ ဇာတ်လမ်းတွဲတစ်ခုတည်းတွင် ပြန်တွေ့ကြခြင်း...


နျန်ယွီယီနှင့်ဟယ်ရှောင်ရှောင်တို့ “မင်္ဂလာပါ သရုပ်ဆောင်” ပြီးနောက် ပြန်လည်လက်တွဲကြခြင်း...


ရှဲ့ယီနန်တို့နှင့် ဖန်ကျုံးချွမ်းတို့က ထုတ်လုပ်ရေးအဖွဲ့နှင့် ဖုန်းပြောနေကာ ကြိုတင်အသိပေးခြင်းမရှိဘဲ တရားဝင် ထုတ်ပြန်ချက်ကို မေးခွန်းထုတ်နေလေသည်။ 


“တရားဝင်ထုတ်ပြန်လိုက်ရင် ငါတို့သရုပ်ဆောင်ပြန်ရွေးလို့မရတော့ဘူး” ရှဲ့ယီကျိုးက မျက်ခုံးများတွန့်ချိုးနေကာ ဖုန်းစခရင်ကို ပြင်းပြင်းထန်ထန်ကြည့်နေ၏။


ရှဲ့ယီနန် အရင်ဆုံးဖုန်းချလိုက်သည်။ “ပြန်သွားပြီးတဲ့နောက်မှာ ဟယ်ရှောင်ရှောင်က ဒါရိုက်တာနဲ့ သီးသန့်တွေ့ခဲ့တယ်”


ရှဲ့ယီကျိုး ပြောလာ၏။ “အဲ့ဒါရိုက်တာကို ယုံထားလို့မရမှန်း အမြဲပြောခဲ့သားပဲ”


ရှဲ့ယီနန် တန်ပြန်ပြောသည်။ “ဒါပေမယ့် သမိုင်းဝင်နန်းတွင်းဇာတ်လမ်းတွေနဲ့ ပတ်သက်လာရင် သူကအသိုင်းအဝိုင်းထဲမှာ အကောင်းဆုံးပဲ”


ရှဲ့ယီကျိုး လှောင်လိုက်၏။ “သည်တော့ သူ့ကိုရွေးလိုက်တာက မင်းအတွက် ကိစ္စတွေကိုလွယ်ကူသွားတယ်ပေါ့”


ရှဲ့ယီကျိုးနှင့် စကားဆက်မပြောချင်တော့သည့် ရှဲ့ယီနန်က ယခုလေးတင်ဝင်လာသည့် ဖန်ကျုံးချွမ်းကို ကြည့်လိုက်သည်။


 “ဘယ်လိုလုပ်မလဲ”


ဖန်ကျုံးချွမ်း ခေါင်းခါလိုက်သည်။ “အဲ့ဒါက ရှုပ်ထွေးတယ်...ဟယ်ရှောင်ရှောင်မှာ ဒါရိုက်တာရဲ့ ဓာတ်ပုံတွေ ရှိနေတယ်”


ရှဲ့ယီနန် မေးလာ၏။ “သည်အပေါ် မင်းဘယ်လိုလုပ်မလဲ”


ဖန်ကျုံးချွမ်း သူ၏ဖြေရှင်းချက်ကို ထုတ်ပြလာသည်။ “ရွှီရင်းကျယ်ကို အရင်ဆုံးကိုင်တွယ်...ဟယ်ရှောင်ရှောင်ကို ဖော်...ပြီးရင် အင်တာနက်ကနေတစ်ဆင့် ဒါရိုက်တာရဲ့ပုံတွေကို ဖျက်မယ်”


ရှဲ့ယီနန် သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လာသည်။ “ငါလည်း အဲ့လိုပဲတွေးတယ်”


နှစ်ယောက်သားထိုင်၍ ဗျူဟာဆွဲကြသည်။ နျန်ယွီယီကတော့ ကွင်းဆက်မှ လွတ်ထွက်နေသလိုခံစားရသောကြောင့် ဘယ်ပြန်ညာပြန်ကြည့်ရင်း အနှောင့်အယှက်မဖြစ်သည့် အန်ဇိုင်အယ်လ်ဆီသို့ အနည်းငယ်တိုးသွားလိုက်သည်။ 


နျန်ယွီယီ၏လှုပ်ရှားမှုများကို သတိထားမိသောအခါ အန်ဇိုင်အယ်လ်၏မျက်လုံးများကတောက်ပလာကာ အဖော်ပြုလာပေးသည်ကို ကျေးဇူးတင်မိလေသည်။ 


သို့သော် နျန်ယွီယီသည် ဖန်ကျုံးချွမ်းထံမှ အကြည့်စူးစူးကို ရုတ်တရက် ခံစားလိုက်ရသောကြောင့် သူ၏မူလနေရာသို့ ပြန်ရွှေ့သွားတော့သည်။ 


အန်ဇိုင်အယ်လ်၏ အသနားခံနေသည့်အကြည့်များကိုကြည့်ရင်း နျန်ယွီယီ ပခုံးသာတွန့်ပြနိုင်တော့သည်။ 


နောက်ဆုံးတွင် အသက်ကြီးသူတစ်ယောက်အလား သက်ပြင်းချလိုက်ကာ ဘဝကြီးကခက်ခဲကြောင်း နျန်ယွီယီ တွေးလိုက်၏။


နျန်ယွီယီသည် ကျိုးအာ့ဟယ်ကို စာစပို့လိုက်သည်။ ရောမရောက်ပြီးနောက်တစ်နေ့တွင် ကျိုးအာ့ဟယ်က ဟိုင်‌မြို့သို့ပြန်သွားခဲ့သည်။ ရှဲ့ယီနန်က အခွင့်အရေးကိုအမိအရယူကာ ကိစ္စများပြေလည်စေရန် သူနှင့်ရင်းကျင်းတို့အား ပိတ်ရက် အနည်းငယ်ပေးလိုက်သည်။ 


[ကျိုးအာ့ဟယ် : ငါရေပန်းစားနေတဲ့ သတင်းကိုတွေ့တယ်...ဒါရိုက်တာနဲ့ကုမ္ပဏီကနေ တရားဝင်ထုတ်ပြန်ချက်တွေ ထုတ်လာပြီလား”]


[နျန်ယွီယီ : “ဟင့်အင်း....အစ်ကိုကြီးနဲ့လူကြီးမင်းဖန်တို့ အဲ့ဒါကိုကိုင်တွယ်ဖို့ ဆွေးနွေးနေကြတယ်”]


[ကျိုးအာ့ဟယ် : “သူတို့ကဘာဖြစ်လို့လဲ”]


[နျန်ယွီယီ : “ဟယ်ရှောင်ရှောင်ကို သရုပ်ဆောင်ထဲမှာ မပါစေချင်ဘူး”]


[ကျိုးအာ့ဟယ် : “သေချာပေါက် ဘယ်ပါစေချင်ကြမလဲ...သူမသာပါလာရင် ဘာတွေလုပ်လာနိုင်ဘဲ ဘယ်သူသိမှာလဲ” ]


[နျန်ယွီယီ : “အခုအဲ့ဒါကိုထားလိုက်ဦး...အလောတကြီးပြန်သွားပြီးတော့ ရင်းကျင်းနဲ့ အထင်လွဲတာကို ဖြေရှင်းပြီးပြီလား”]


[ကျိုးအာ့ဟယ် : “...အဲ့အကြောင်း မပြောလို့ရမလား”]


[နျန်ယွီယီ : “သဘောပေါက်ပြီ...သည်တော့ အစ်ကိုတကယ်ပဲ အထင်လွဲသွားတာပေါ့”]


[ကျိုးအာ့ဟယ် : တာ့တာ အီမိုဂျီ]


[နျန်ယွီယီ : “အစ်ကိုပြန်ရောက်သွားတော့ ရင်းကျင်းစိတ်ဆိုးနေလား”]


[ကျိုးအာ့ဟယ် : “...အင်း ဆိုးခဲ့တယ်”]


[နျန်ယွီယီ : “အစ်ကို သူ့ကိုဘယ်လိုစိတ်ဖြေပေးလဲ ကျွန်တော့်ကိုအကြံပေးလို့ရမလား...တကယ်လို့ ဖန်ကျုံးချွမ်း စိတ်ဆိုးခဲ့ရင် ကျွန်တော်လည်း အသုံးချလို့ရတာပေါ့...ညီအစ်ကိုအချင်းချင်း ဝေမျှတာပဲ”]


[ကျိုးအာ့ဟယ် : အကောင်းဆုံးချဥ်းကပ်နည်း-ကိုယ်တိုင်ချော့မော့ခြင်း...။ ]


[နျန်ယွီယီ : ရုပ်ပိုင်းဆိုင်ရာနဲ့လား....။]


[ကျိုးအာ့ဟယ် : ဟုတ်တယ်...မင်းတွေးနေတဲ့အတိုင်းအတိအကျပဲ...။]




🫶