🫶Chapter 82
သူနောက်တစ်ကြိမ်ပြန်နိုးလာသည့်အခါ ညဘက်သို့ ရောက်နေပြီဖြစ်သည်။
ဖန်ကျုံးချွမ်းက စာကြည့်ခန်းထဲတွင် ဗီဒီယိုအစည်းအဝေးလုပ်နေ၏။
နျန်ယွီယီ ဖိနပ်အပါးများကိုစီး၍ ဗီဒိုထဲမှ တီရှပ်တစ်ထည်ထုတ်ဝတ်ကာ စာကြည့်ခန်းထဲသို့ လာလိုက်သည်။
တံခါးဖွင့်သံကြားသောအခါ စခရင်ပေါ်မှ ဖန်ကျုံးချွမ်း၏အကြည့်များက ဝင်လာသည့် နျန်ယွီယီဆီသို့ရွေ့သွားကာ ခုံယူပေးရန် ထသွားလိုက်သည်။
နျန်ယွီယီ ဖြည်းဖြည်းထိုင်ချလိုက်ကာ ဖန်ကျုံးချွမ်းအား သူ့ဘေးတွင်ထိုင်၍ အဖော်ပြုပေးမည်ဖြစ်ကြောင်း နှုတ်ခမ်းလှုပ်၍ အချက်ပြကာ အစည်းအဝေးကို ဆက်လုပ်စေသည်။
တစ်နာရီကျော်ကြာရမည့်အစည်းအဝေးက မိနစ်သုံးဆယ်တည်းနှင့် အပြီးသတ်သွားလေသည်။
ဗီဒီယိုအစည်းအဝေးအဆုံးသတ်သွားသည့်အခါ အခြားတစ်ဖက်မှ မန်နေဂျာအားလုံးမှာ အသက်ရှူထုတ်လိုက်ကြပြီး “လွတ်မြောက်” သွားသည်ဆိုသည့် အမူအရာများ ချိတ်ဆွဲထားကြသည်။
ဖန်ကျုံးချွမ်း လက်ပ်တော့ကိုပိတ်၍ မော့ကြည့်လိုက်သောအခါ နျန်ယွီယီသည် စာရွက်အစလေးများတွင် ရေးခြစ်နေသည်ကို တွေ့လိုက်ရသည်။
ခရီးသွားအစီအစဥ်များ...။
နျန်ယွီယီသည် ခရီးသွားလမ်းညွှန်များအား အွန်လိုင်းပေါ်တွင် အချိန်အတော်ကြာအောင် ရှာဖွေနေခဲ့သော်လည်း တစ်ခုကမှ သူ့ကိုမဆွဲဆောင်နိုင်ခဲ့ချေ။
သူ့အမည်အောက်တွင်ရှိနေသည့်ကျွန်းကိုတွေးရင်း နျန်ယွီယီ သူ့အစ်ကိုနှင့် ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
ရှဲ့ယီကျိုး၏တုံ့ပြန်မှုက သူတို့တွင်အိမ်၌လှေရှိပြီး ကျွန်းတွင်လည်းလေဆိပ်ရှိသည်။ သူတို့ တစ်နည်းမဟုတ် တစ်နည်းဖြင့် ရောက်အောင်သွားနိုင်၏။ လတ်ဆတ်သည့်သစ်သီးများ၊ အသီးအရွက်များ၊နှင့် ပင်လယ်စာများအား မနက်တိုင်းခြောက်နာရီဆိုလျှင် လာရောက်ပို့ပေးသည့် ဝန်ထမ်းများလည်း ရှိသည်။
လှေများ၊ လေယာဥ်များနှင့် သူ့နာမည်အောက်တွင်ကျွန်းတစ်ကျွန်းပါရှိနေသည့် လူချမ်းသာ ဒုတိယမျိုးဆက်လေးက ခဏလောက်စဥ်းစားလိုက်ပြီးမှ ဖန်ကျုံးချွမ်းနှင့်ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။
“လေယာဥ်နဲ့သွားရမလား...သင်္ဘောနဲ့သွားရမလား” နျန်ယွီယီသည် ကျွန်းအကြောင်းရှဲ့ယီကျိုးပို့ထားသည့် ဖိုင်များကို ဖွင့်လိုက်ကာ ဓာတ်ပုံများကိုဖွင့်ကြည့်ကာ ပြောလိုက်သည်။
“အဲ့ကရေတွေက ဂရိမှာရှိတဲ့ ရေတွေထက်တောင် ကြည်နေသေးတယ်”
ဖန်ကျုံးချွမ်းသည် ကျွန်း၏တည်နေရာကိုကြည့်လိုက်၏။ “အဲ့ကျွန်းတွေက လူချမ်းသာတွေအတွက်ပဲ သီးသန့်ရှိနေတာ...အပြင်လူတွေခြေချလို့မရဘူးလေ...အဲ့ဒါကြောင့် ပတ်ဝန်းကျင်က သန့်ရှင်းနေတာ”
နျန်ယွီယီ ခေါင်းငုံ့၍ စာရွက်အပေါ်တွင် ရေးထားသည့် စကားလုံးအနည်းငယ်ကိုကြည့်၍ လုံးချေပစ်လိုက်ကာ အမှိုက်ပုံးထဲသို့ ထည့်လိုက်သည်။
ပင်လယ်၏ဓာတ်ပုံများကိုကြည့်၍ နျန်ယွီယီအတွေးများလာ၏။ ပြတင်းပေါက်အပြင်ဘက်ရှိ သစ်ပင်ပေါ်မှ စာကလေးကိုမြင်သောအခါ သူ့မျက်လုံးများတောက်ပသွားသည်။
“သင်္ဘောနဲ့သွားရအောင်” နျန်ယွီယီလှည့်ကြည့်လိုက်ချိန်တွင် ဖန်ကျုံးချွမ်းက သူ့ဘေးသို့ ရောက်နေပြီဖြစ်သည်။
နီးကပ်နေလွန်းသောကြောင့် ဝင်သက်ထွက်သက်များပင် ရောယှက်လုနီးနေပြီဖြစ်သည်။
“အရင်စားရအောင်” ဖန်ကျုံးချွမ်းသည် တီးတိုးပြောလိုက်ကာ နှုတ်ခမ်းများအား နျန်ယွီယီ၏ နားရွက်ကို တိုးခတ်စေပြီး သူ့လည်ပင်းကို ညင်သာစွာ အနမ်းခြွေလိုက်သည်။
နျန်ယွီယီတိတ်ဆိတ်သွားရာ ဖန်ကျုံးချွမ်းလက်မောင်းကိုကိုင်၍ ပွေ့ဖက်ကာ အောက်ထပ်သို့ သယ်ဆောင်ခွင့်ပြုလိုက်သည်။
ရုပ်ရှင်ပွဲတော်နေ့တွင် နျန်ယွီယီသည် ကျွန်းသို့ သင်္ဘောဖြင့်ရောက်လာခဲ့၏။
သူသည် အဖြူရောင်တီရှပ်၊ ကမ်းခြေဝတ်ဘောင်းဘီတိုနှင့် နေကာမျက်မှန်များဖြင့် ကမ်းခြေခုံအကြီးကြီးတွင် နေရောင်ခံနေလေသည်။
အကြာကြီးအနားယူပြီးနောက် သူဝေ့ပေါ်ထဲသို့ ဝင်လိုက်သည်။
ဖန်ကျုံးချွမ်းနှင့်သူ၏ဆက်ဆံရေးအကြောင်းအား လူထုကိုချပြပြီးသည့်အချိန်မှစ၍ သူဝေ့ပေါ်၏ စကားပြောခန်းတွင် စာများကိုပြည့်နေ၏။ စိတ်ညစ်ညူးစွာဖြင့် သူအက်ပ်ကို ဖျက်ပစ်လိုက်၏။
နေရောင်အောက်တွင်အနည်းငယ်ပျင်းရိသလိုခံစားလာရသောအခါ ရုပ်ရှင်ပွဲတော်၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း၊ အထူးသဖြင့် ရှဲ့ယီကျိုး၏ဆုလက်ခံခြင်းကို ကြည့်ရန် ဝေ့ပေါ်ကို ပြန်ဒေါင်းလိုက်သည်။
စစ်ရေးရုပ်ရှင်များထဲမှ သည်နှစ်အတွက် ကြည့်ရှုနှုန်းအမြင့်ဆုံးရှိခဲ့သော သည်းထိပ်ရင်ဖိုစုံထာက်ရုပ်ရှင်အတွက် အကောင်းဆုံးသရုပ်ဆောင်အဖြစ် ဆန်ကာတင်ဝင်နေ၏။
နျန်ယွီယီသည် ဝေ့ပေါ်မှလင့်ခ်ကိုနှိပ်လိုက်ချိန်တွင် ရုပ်ရှင်ပွဲတော်က အဖွင့်ပွဲဖြင့် စတင်နေပြီဖြစ်သည်။
ကင်မရာက တက်ရောက်ကြသူများမှ နာမည်ကြီးပုဂ္ဂိုလ်များအပေါ် မှတ်တမ်းတင်နေ၏။ ရှဲ့ယီကျိုးနှင့် ရှဲ့ယီနန်တို့က ဝါရင့်သရုပ်ဆောင်များအများအပြားဝန်းရံသည့်အလယ်တွင် ထိုင်နေသည်ကို တွေ့လိုက်သည်။
ဖန်ကျုံးချွမ်းက လက်ထဲတွင် လတ်လတ်ဆတ်ဆတ်ဖျော်လာသည့် လိမ္မော်ရည်နှင့်သစ်သီးများပါလာသည့် ဗန်းကိုကိုင်ကာ တစ်ဖက်ဗီလာမှရောက်လာသည်။
ဗန်းအား နေရောင်ခံခုံဘေးရှိ စားပွဲအသေးလေးပေါ်သို့ တင်ပေးလိုက်သည်။ ဖန်ကျုံးချွမ်းက နျန်ယွီယီ သူ့အတွက် ဖယ်ပေးထားသည့် ခုံပေါ်သို့ချောချောမွေ့မွေ့နှင့် တက်ထိုင်ကာ နျန်ယွီယီအား သူ့ရင်ခွင်ထဲသို့ ထည့်၍ တိုက်ရိုက်ထုတ်လွှင့်ခြင်းအား ဖုန်းမှတစ်ဆင့်ကြည့်လိုက်သည်။
ဖန်ကျုံးချွမ်းရင်ခွင်ထဲတွင် နားရင်း နျန်ယွီယီသည် သက်တောင့်သက်သာဖြစ်မည့်နေရာကိုရှာကာ ဖန်ကျုံးချွမ်း၏ လက်များကို ခေါင်းအုံးရင်း ပျင်းရိစွာဖြင့် မေးလိုက်သည်။ “ဒုတိယအစ်ကို အကောင်းဆုံးသရုပ်ဆောင်ဆု ရလိမ့်မယ်ထင်လား”
“သူပဲဖြစ်ဖို့များပါတယ်”
ရင်းနှီးမြှုပ်နှံမှုဖြစ်စေ၊ သရုပ်ဆောင်အရည်အချင်းများဖြစ်စေ တွေးကြည့်ပါက သည်နှစ်တွင် ရှဲ့ယီကျိုးသာ ရနိုင်ခြေခိုင်ခိုင်မာမာရှိသည်။
ယခင်က ရှဲ့ယီကျိုးကို စိန်ခေါ်နိုင်သည့် ပြိုင်ဘက်ရွှီရင်းကျယ်ရှိခဲ့သည်။ သို့သော် လတ်တလောဖြစ်ပျက်ခဲ့သည်များနှင့် ရွမ်မိသားစု၏ သူ့အပေါ်ပြန်ပေးဆပ်ခြင်းများပြီးနောက် ရွမ်မိသားစုကို ရန်မမူချင်သည့်သူများက ရွှီမိသားစုကို ဆန့်ကျင်၍ ရပ်တည်သွားကြသည်။ ယခုတွင် အနုပညာအသိုင်းအဝိုင်းတွင် တစ်ကိုယ်တည်းဖြစ်နေသော ရွှီရင်းကျယ်၏အလုပ်အကိုင်မှာ ရပ်တန့်နေသည့်ပုံပေါ်နေ၏။
အစီအစဥ်တင်ဆက်သူက သူ၏ဇာတ်ညွှန်းအား စင်ပေါ်သို့ယူလာသောအခါ အကောင်းဆုံးသရုပ်ဆောင်ဆုကို ကြေညာရန် လိုသေးကြောင်း နျန်ယွီယီတွေးလိုက်သည်။ သူ့ဖုန်းကိုခဏဖယ်လိုက်ပြီး သူ့ကိုယ်သူ ဖန်ကျုံးချွမ်းရင်ခွင်ထဲသို့ မှီခိုလိုက်ပြီး ဖန်ကျုံးချွမ်း၏တီရှပ်ထဲသို့ မွှေနှောက်လိုက်လေသည်။
မျက်မှောင်အနည်းငယ်ကြုတ်၍ နျန်ယွီယီပြောလာသည်။ “ဟေး...ဘာလို့အစ်ကို ကျွန်တော့်အပေါ်ထားခဲ့တဲ့ “စတော်ဘယ်ရီ” တွေက ပျောက်သွားပြီး အစ်ကို့ကိုကျွန်တော်ပေးထားတာကျ မပျောက်သေးတာလဲ...ကျွန်တော့်နောက်ကွယ်မှာ ဆီတွေခိုးလိမ်းထားတာလား”
နျန်ယွီယီ၏အပြုအမူများကြောင့် ဖန်ကျုံးချွမ်း၏လည်ချောင်းများ တောင့်တင်းလာခဲ့သည်။
ထိုနူးညံ့သည့်လက်ချောင်းများ သူ့ဝမ်းဗိုက်ကိုထိလာသည့်အခါ ဖန်ကျုံးချွမ်း ထပ်သည်းမခံနိုင်တော့ချေ။ စိတ်ကျေနပ်နေသည့် သက်ပြင်းချကာ ထိန်းချုပ်လိုက်ပြီးနောက် နျန်ယွီယီ၏လက်ကို ဖမ်းလိုက်သည်။
“ဘာလုပ်တာလဲ” နျန်ယွီယီ၏လက်ကောက်ဝတ်များက ခေါင်းအထက်သို့ရောက်သွားကာ ရုန်းကန်ရန် ကြိုးစားလာသည်။
“ကိုယ်ဘာလုပ်တာလဲ...မင်းကိုလုပ်မလို့လေ” ဖန်ကျုံးချွမ်းပြုံးလိုက်ကာ ငုံ့၍ နျန်ယွီယီ၏နှုတ်ခမ်းများကို သုံးဆောင်လိုက်၏။
သူတို့၏ပြင်းပြသောအနမ်းက နျန်ယွီယီအား ပြောစရာစကားမဲ့သွားစေသည်။
“ဟင့်အင်း...သည်မှာမလုပ်ဘူး” နျန်ယွီယီသည် ဖန်ကျုံးချွမ်းသူ့ကို အသက်ရှူရန်လွှတ်ပေးချိန်၌ အမောတကော အသက်ရှူရင်း ငြင်းဆန်လိုက်သည်။ “ကျွန်တော်တို့ အပြင်မှာပဲရှိနေသေးတယ်”
“ဘယ်သူမှမရှိဘူးလေ” ဖန်ကျုံးချွမ်းပြောလိုက်ကာ နျန်ယွီယီ၏မေးကို ကိုင်လိုက်ပြီး အကြည့်ချင်းဆုံစေပြီးနောက် နောက်တစ်အနမ်းတစ်ခုထပ်ခြွေလိုက်တော့သည်။
......
ထို့နောက် ဖန်ကျုံးချွမ်းသည် သူ့အား ဗီလာသို့ ပြန်ခေါ်သွားလိုက်သည်။
တစ်လျှောက်လုံးတွင် နျန်ယွီယီသည် ဖန်ကျုံးချွမ်းအား ပြစ်တင်ပြောဆိုနေကာ တူညီသည့် စကားလုံးများအား ထပ်ခါထပ်ခါ ရေရွတ်နေသည်။
မကောင်းတဲ့လူ၊ အလိုရမ္မက်ကြီးတဲ့သူ…
ဖန်ကျုံးချွမ်းသည် မတုန်မလှုပ်ဘဲ နေရောင်ခံခရင်မ်များကို ဆေးကြောရန် ရေချိုးခန်းသို့သွားပြီးနောက် နျန်ယွီယီအား ကုတင်ပေါ်သို့ တင်လိုက်သည်။
ရေချိုးပြီး အိပ်ရာကိုထိလိုက်သည်နှင့် ပင်ပန်းနွမ်းနယ်မှုများက နျန်ယွီယီကို လွှမ်းခြုံလာကာ ချက်ချင်း အိပ်ပျော်သွားတော့သည်။
ဖန်ကျုံးချွမ်းလည်း ရေချိုးလိုက်၏။ ထွက်လာသောအခါ နျန်ယွီယီအနားတွင်လှဲ၍ ပွေ့ဖက်လိုက်ကာ မျက်လုံးများကိုမှိတ်လိုက်သည်။
မျက်လုံးများပိတ်လိုက်သည့်အခါ ယခုလေးတင် နေရောင်ခံခုံပေါ်တွင်ဖြစ်ပျက်ခဲ့သည်များက သူ့စိတ်ထဲ ပြန်ပေါ်လာလေသည်။
နျန်ယွီယီက ဒူးထောက်နေပြီး ခုံပေါ်တွင် သူ့ကိုလက်ခံနေကာ တစ်ဖက်တွင်လည်း ရှဲ့ယီကျိုး၏ဆုလက်ခံမိန့်ခွန့် ပြောနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုလည်းရှိနေသည်။ ရှဲ့ယီကျိုး၏အသံကြောင့် ဖြစ်နိုင်၏။ နျန်ယွီယီ၏ကိုယ်လေးမှာ တောင့်သွားတတ်သည်။ ၎င်းက ဖန်ကျုံးချွမ်းအား ပို၍စိတ်လှုပ်ရှားစေ၏။
ဖန်ကျုံးချွမ်းသည် နျန်ယွီယီ၏ နှာခေါင်းထိပ်လေးကိုနမ်းလိုက်ကာ မျက်လုံးများတွင် အချစ်များဖြင့် ပြည့်လျှံနေတော့သည်။
နိုးလာသောအခါ နျန်ယွီယီသည် ဝေ့ပေါ်၌ ရုပ်ရှင်ပွဲတော်နှင့်ပတ်သက်သည့် ရေပန်းစားနေသော အကြောင်းအရာများ ပြည့်နှက်နေသည်ကိုတွေ့လိုက်ရသည်။
ရေပန်းအစားဆုံးမှာ ရှဲ့ယီကျိုး၏ဆုလက်ခံမိန့်ခွန်းဖြစ်၏။
လူအများစုမှာ “ကျန့်သောင်” က သည်နှစ်တွင် ပြသ၍ မပြီးသေးသည်ကို နောင်တရကြသည်။ သို့မဟုတ်ပါက ၎င်းက သည်နှစ်ဆုများထဲတွင် ပါနိုင်မှာဖြစ်သည်။
[တကယ်လို့ “ကျန့်သောင်” သာလွှင့်ပြီးမယ်ဆိုရင် နျန်ယွီယီက သည်နှစ်ရဲ့ အကောင်းဆုံးအရံဇာတ်ကောင် ဆုရမှာ…သူ့ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက အရမ်းကောင်းတာ…သူ့အစ်ကိုထက်တောင် သာသေးတယ်…]
[နျန်နျန်ရဲ့ သရုပ်ဆောင်စွမ်းရည်တွေက ငါတို့ကျိုးကျိုးထက် တကယ်သာပေမယ့် ကျိုးကျိုး အကောင်းဆုံးသရုပ်ဆောင်ဆုရတာကိုတော့ မျက်နှာပေးလို့ရမလား…]
စာပြန်ခြင်း [တောင်းပန်ပါတယ်…ငါ့အမှားပါ…]
[နျန်ယွီယီက ရှဲ့မိသားစုရဲ့ သားအငယ်မှန်း ဖော်ထုတ်လိုက်တဲ့အချိန်ကတည်းက ရှဲ့ယီကျိုးရဲ့ ပရိသတ်တွေ သိပ်မကြမ်းတမ်းတော့သလိုပဲ…အခုသူတို့ကိုကြည့်ရတာ ဟာသပရိသတ်တွေလိုပဲ…]
[သဘောတူတယ်…ရှဲ့ယီကျိုးရဲ့ ပရိသတ်တွေက မုန်းတီးသူတွေ၊ တခြားအနုပညာရှင်တွေရဲ့ ပရိသတ်တွေနဲ့ အကြီးအကျယ်ငြင်းခုန်ခဲ့တာ ငါမှတ်မိတယ်…အခုတော့ သူတို့က ပေါ့ပေါ့ပါးပါးမှတ်ချက်တွေနဲ့ တိုင်တန်းတာတွေပဲ လုပ်ကြတော့တယ်…အများကြီးအေးချမ်းလာကြတယ်…]
[ရှဲ့ယီကျိုးက ဒီညအရမ်းချောတာပဲ…ရုပ်ရှင်ပွဲတော်က မီးတွေက အဆင်မပြေပေမယ့် သူကတော့ ထင်းနေတုန်းပဲ…]
[ဟုတ်တယ်…ငါ့အစ်မက အမြဲဖြူဝင်းနေတဲ့ အသားအရေရှိတာ…ဒါပေမယ့် မီးရောင်တွေက သူမကိုအသားဝါသွားစေပြီး ပိုလည်းပုသွားစေတယ်…]
[ကြည့်ရတာ ရှဲ့ယီကျိုးနဲ့ ရှဲ့ယီနန်တို့ပဲ ဆုပေးပွဲကို တက်တာထင်တယ်…နျန်ယွီယီ ဘာလို့မလာတာလဲ…]
[နောက်နေတာလား…ရုပ်ရှင်ပွဲတော်က ဆန်ကာတင်ပါတဲ့သူတွေကို ဖိတ်တာ…နျန်ယွီယီက သည်နှစ်မှာ ဘာကားတွေ ပြီးထားလို့လဲ…ကျိုးယန်ဧကရာဇ်က မလွှင့်ရသေးဘူး…ပြီးတော့ ကျန့်သောင်က လွှင့်လို့မပြီးသေးဘူး…သူ့ကို ဘာလို့ဖိတ်ကြမှာလဲ…]
[ချီးစားလာတာလား…မင်းအတွက် ဆေးရှိတယ်…ချီးပုံ ရော့]
[ရုပ်ရှင်ပွဲတော်က နှစ်တိုင်း အေအဆင့်အနုပညာရှင်တွေကိုပဲဖိတ်တာလေ…မသိဘူးလား…]
[တစ်ယောက်ယောက်ကတော့အဖိတ်မခံရဖူးလို့ နာနေတဲ့ပုံပဲ…]
[နှမြောစရာပဲ…သူ့ရဲ့တလောကဖြစ်ခဲ့တဲ့ ကိစ္စကြောင့်သာ မဟုတ်ဘူးဆိုရင် ရွှီရင်းကျယ်က အကောင်းဆုံးသရုပ်ဆောင်ဆုကို ရလောက်တယ်…သူသရုပ်ဆောင်တာ ရှဲ့ယီကျိုးထက်တောင် ကောင်းသေးတာ…]
စာပြန်ခြင်း [နင်ကမိန်းမလား…ရွှီရင်းကျယ်လိုလူမျိုးအတွက် စိတ်မကောင်းဖြစ်နေသေးတာလား…နင် ကိုယ်ဝန်ရှိတဲ့အခါကျရင်လည်း နင့်ယောက်ျားက နင့်ပိုက်ဆံတွေကို သူ့အငယ်အနှောင်းအပေါ်သုံးပစ်ဖို့ မျှော်လင့်မိတယ်…]
စာပြန်ခြင်း [ဘာလို့သည်လောက်တောင် ကြမ်းတမ်းနေရတာလဲ…ရှဲ့ယီကျိုး ပရိသတ်တွေရဲ့ ထုံးစံအတိုင်း တကယ်ကို စိတ်လိုက်မာန်ပါနိုင်ကြတာပဲ…စကားမစပ် ရွှီရင်းကျယ်က သူ့ပိုက်ဆံသူရှာတာ… ရွမ်ရှောင်ဟွေ့ကရော ပိုက်ဆံကိုဘယ်ကရတာလဲ…အလုပ်မလုပ်ဘဲ ရွှီရင်းကျယ်ကိုမှီခိုနေတာပဲမလား…]
စာပြန်ခြင်း [ငါ့ပရိုဖိုင်ကိုနှိပ်လိုက်တာနဲ့…ငါက ရှဲ့ယီကျိုးရဲ့ ပရိသတ်မဟုတ်တာသိလိမ့်မယ်...ပြီးတော့ ရွမ်ရှောင်ဟွေ့က နှစ်စဥ် ရွမ်အုပ်စုကနေ ပုံအောနေတဲ့အမြတ်တွေရလာခဲ့တာ...ရွှီရင်းကျယ်ရဲ့ ကျော်ကြားမှုတွေကလည်း ရွမ်မိသားစုကသူ့အပေါ် ထောက်ပံ့ပေးခဲ့တဲ့ အရင်းအမြစ်တွေကြောင့်ပဲ...ဒါရိုက်တာအများကြီးက ရွှီရင်းကျယ်ကို ဘာကြောင့် ကောင်းကောင်းဆက်ဆံကြတယ်လို့ထင်လဲ...သူ့မိန်းမနဲ့ သူမမိသားစုရဲ့ အဆက်အသွယ်တွေကြောင့်ပဲ]
[ဟားဟားဟား...ရယ်လို့သေရတော့မှာပဲ...ဝန်ဆောင်မှုအပေးခံနေရတာဘယ်လိုနေလဲ...အခုတော့ ဘာလို့ မတုံ့ပြန်တော့တာတုန်း...]
နျန်ယွီယီသည် သူ့ပရိသတ်များ၏မှတ်ချက်များကို အကြမ်းဖျင်းကြည့်လိုက်ကာ ကိုယ့်ကိုကိုယ်ခဏလောက် ပြန်လည်သုံးသပ်လိုက်သည်။
သူနှင့်ဖန်ကျုံးချွမ်း၏ဆက်ဆံရေးကို လူထုသို့ ချပြပြီးကတည်းက သူ့ပရိသတ်များအား တုံ့ပြန်မှုသေချာမပေးရသသေးလို ခံစားနေရ၏။
အသက်ရှူထုတ်လိုက်ကာ သူ၏ပင်မဝေ့ပေါ်အကောင့်သို့ဝင်၍ ဤသို့ ပထမဆုံးရောက်သည့်နေ့မှ ပုံနှစ်ပုံကို တင်ပေးလိုက်သည်။
ပုံနှစ်ပုံရှိ၏။ တစ်ပုံက ဝေလငါးတစ်ကောင် ရေပေါ်သို့ ပေါ်လာခြင်းကို လှေပေါ်မှရိုက်ထားခြင်းဖြစ်ကာ နောက်တစ်ပုံကတော့ ကျွန်းပေါ်ရှိသူကိုယ်တိုင်၏ပုံဖြစ်ပြီး ဖန်ကျုံးချွမ်း၏လက်တစ်ဖက်တည်းကိုသာ မြင်ရသည်။
ပို့စ်တင်လိုက်ပြီး သိပ်မကြာခင်တွင် ပရိသတ်များ၏အာရုံများက ရေပန်းစားနေသည့်အကြောင်းအရာများမှသည် ဤပို့စ်သို့ ရွှေ့လာကြသည်။
ဓာတ်ပုံများကို အမြဲသေချာကြည့်တတ်သည့် ပရိသတ်များက ဒုတိယပုံထဲမှ လက်နှင့်ပတ်သက်၍ တစ်ခုခုမှားနေသည်ကို လျင်မြန်စွာ သတိထားမိလိုက်ကြသည်။
[အဲ့ဒါ နျန်နျန်ရဲ့လက်မဟုတ်ဘူးလား]
[စခရင်ရှော့နဲ့ပြန်တိုက်ကြည့်...အဲ့ဒါနျန်နျန်ရဲ့လက်မဟုတ်ဘူး...သူ့လက်သန်းက လက်သန်းကြွယ်ထက် တစ်ဆစ်ပိုတိုတယ်...ဒါပေမယ့် သည်ပုံထဲမှာ လက်သန်းကြွယ်က လက်သန်းထက် လက်ဆစ်တစ်ဝက်ပဲ ပိုရှည်နေတယ်...]
[??? အပေါ်ကလူက ရှားလော့ဟုမ်းဝင်စားတာလား...အထင်ကြီးစရာပဲ...ငါဖြင့် လက်ကိုတောင် သတိမထားမိခဲ့ဘူး (ငါတကယ်ကိုငတုံးပဲ...)]
[ဖေဖေရှဲ့က သည်နေ့ စီးပွားရေးပွဲတစ်ခုတက်နေရတယ်...ရှဲ့ယီကျိုးနဲ့ရှဲ့ယီနန်နဲ့က ရုပ်ရှင်ပွဲတော်မှာရှိနေပြီး ကျိုးအာ့ဟယ်ရဲ့လက်က ပုံထဲကလက်ထက် ပိုပြည့်တယ်...သည်တော့ ပုံထဲကလက်က...မင်းတို့သိပါတယ်...]
[အဖြေတစ်ခုပဲရှိတယ်...အဲ့လက်က လူကြီးမင်းဖန်ရဲ့လက်ပဲ...]
[သည်တော့ နျန်နျန်က လူကြီးမင်းဖန်တဲ့ လျှောက်လည်နေတာပေါ့...သူတို့အရမ်းပျော်နေမှာပဲ]
......
သူ့လက်ဟု ခန့်မှန်းနေကြသည့် မှတ်ချက်များကိုကြည့်၍ ဖန်ကျုံးချွမ်း၏နှုတ်ခမ်းများ အပေါ်သို့ ကွေးတွက်သွားကာ အပြုံးလေးတစ်ခုဖြစ်လာ၍ မှတ်ချက်ကို လက်မပေးလိုက်သည်။
မှတ်ချက်များကို ဖတ်ပြီးနောက် နျန်ယွီယီသည် အိပ်ရာထဲမှ သတိလက်လွတ်နှင့် ထွက်လိုက်ရာ ခါးမှနာကျင်မှုကို အနည်းငယ်ခံစားလိုက်ရသည်။
အချိန်ကိုကြည့်လိုက်သောအခါ ညနေနေဝင်ချိန်မှန်းတွေ့လိုက်၏။ နျန်ယွီယီ သူ့အတွက် ချက်စားရန်ဆုံးဖြတ်လိုက်သည်။
ကျွန်း၏ စီမံခန့်ခွဲရေးကိုခေါ်၍ အလတ်ဆတ်ဆုံးပင်လယ်စာများကို ပို့ပေးရန်ခိုင်းလိုက်သည်။
အဝတ်အစားများလဲပြီးနောက် နျန်ယွီယီသည် ပင်လယ်စာကိုယူရန် ပင်လယ်ဘေးဆိပ်ကမ်းသို့ လာလိုက်သည်။ သူ့ကိုအံ့ဩသွားစေသည်က ပင်လယ်စာများအပြင် မိတ်ဆွေဟောင်းတစ်ယာက်လည်း ပါလာခဲ့၏။
“အန်ဇိုင်အယ်လ်” နျန်ယွီယီသည် ပင်လယ်စာများကို ကူ၍သယ်ပေးနေသည့် အန်ဇိုင်အယ်လ်အား တအံ့တဩဖြင့် ကြည့်လိုက်သည်။
“ဒီမှာ ဘာလုပ်နေတာလဲ”
“ကိုယ့်မိသားစုက ကျွန်းတွေရောင်းတာလေ” အန်ဇိုင်အယ်လ်ပခုံးတွန့်လိုက်၏။ “ကိုယ့်အဖေက သည်မှာ တိုက်ရိုက်အတွေ့အကြုံယူလို့ရအောင် လွှတ်လိုက်တာ...မင်းရဲ့ ပင်လယ်စာအမှာကိုတွေ့တာနဲ့ ကိုယ်လာပို့မယ်လို့ တွေးလိုက်တာပဲ”
“ညစာအတူစားချင်လား” နျန်ယွီယီ ဖိတ်ခေါ်လိုက်သည်။
“တော်ပါပြီ” အန်ဇိုင်အယ်လ်က စနောက်ရင်း ရယ်လိုက်၏။ “သည်ည မင်းရဲ့ ကိုယ်ပိုင်အချိန်လေးကို နှောင့်ယှက်မိရင် မင်းအနောက်ကလူက ကျေနပ်မယ်မထင်ဘူး”
နျန်ယွီယီသည် အန်ဇိုင်အယ်၏စကားများကြောင့် မျက်ခုံးများတွန့်ချိုးသွား၏။
“နောက်တစ်ခေါက်မှပေါ့”
လှေထွက်သွားပြီးနောက် နျန်ယွီယီ လှည့်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်း ဖန်ကျုံးချွမ်းက သူ့အနောက်တွင် မလှမ်းမကမ်း၌ ရှိနေသည်။
လှေထွက်သွားသည်ကိုကြည့်ရင်း ဖန်ကျုံးချွမ်းသည် နျန်ယွီယီထံသို့ ခြေလှမ်းကျဲများနှင့် ချဥ်းကပ်လာသည်။
“မနာလိုဖြစ်နေတာလား” နျန်ယွီယီသည် အပြစ်ကင်းဟန်ဆောင်၍ လေထဲတွင် နှာခေါင်းရှုံ့လိုက်၏။ “ရှာလကာရည်နံ့တွေ ရသလိုပဲ”
ဖန်ကျုံးချွမ်းသည် လှောင်ပြုံးလေးပြုံး၍ ပြောလာသည်။ “ဒီည ပုစွန်ရှာလကာရည်ကြော် စားရအောင်”
နျန်ယွီယီသည် ဗိုက်ကိုဖိ၍ မနေနိုင်ဘဲ အားပါးတရရယ်လိုက်မိ၏။
ဖန်ကျုံးချွမ်းသည် လတ်လတ်ဆတ်ဆတ်လာပို့ထားသည့် ပင်လယ်စားများကို လာမသောအခါ နျန်ယွီယီက ကိုယ်ကိုကိုင်း၍ နားထဲသို့ ပြောလိုက်၏။
“သဝန်မတိုပါနဲ့...ကျွန်တော်က အစ်ကို့ကိုပဲချစ်တာ”
“အခုရော၊ အနာဂတ်မှာရောပေါ့”
🫶