Chapter 54
Viewers 21k

🎶 Chapter 54



များစွာသောဖန်များက သူတို့၏ သ‌ဘောကျခြင်းများကို ဖော်ပြခဲ့ကြသည်။ နောက်ထပ် သုံးသပ်ချက်တစ်ခုက ပရိသတ်များ၏ အမြင်သို့ ဖောက်ထွင်းဝင်ရောက်လာသည်။


[ဟယ့်ရှစ်က သေချာပေါက်ချိုမှာပေါ့... ပြောရရင် သူတို့က အိပ်ရာတစ်ခုတည်းမျှသုံးတဲ့ ဆက်ဆံရေးမျိုးကိုး...]


ထိုသုံးသပ်ချက် ထွက်လာသည်နှင့်တစ်ပြိုင်နက် "ကျော်ကြားသော စစ်သူကြီး"၏ တရားဝင်စာမျက်နှာ၏ ထိပ်တန်းသုံးသပ်ချက်အဖြစ် ချက်ချင်း သတ်မှတ်ခံလိုက်ရသည်။ 


ထိုသုံးသပ်ချက်၏အောက်မှ မှတ်ချက်များက ပို၍ပင် စိတ်လှုပ်ရှားဖွယ်ကောင်းလှသည်။


[အရမ်းမှန်တာပဲ... ကြိုက်တယ်...]


[ဟားဟားဟားဟား... ကောလာဟလာဆိုတာ မရှိဘူး... တရားဝင်Weiboကတောင် ‌အတည်ပြုပေးထားတာပဲ...]


[တရားဝင် စာမျက်နှာကသာ အကြီးမြတ်ဆုံးပါပဲ...]


[ဟုတ်ပြီကွ... သူတို့ အိပ်ရာပေါ်ကအခန်းကို အတူတူရိုက်ခဲ့ကြတာပဲ...]


[ယဲ့ဇယ်ရှစ်ရဲ့ ခြေထောက်လေးတွေက ဖြူဝင်း ရှည်လျားပြီး ချောမွတ်နေတာကို ငါမှတ်မိနေသေးတယ်... ငါက မိန်းမတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ပါဘူး...]


[ဟုတ်တယ်... ငါမှတ်မိတာသာ မှန်မယ်ဆိုရင် ကြည့်ရတာ အရမ်းxx ဖြစ်မယ်ထင်တယ်...ဟုတ်တယ်မလား...]


[ဟုတ်ပ xx... နင်မှတ်မိတာ မှန်တယ် အပေါ်ထပ်ရေ... ပုခုံးအပေါ်ပိုင်းလေး ဖက်တာလောက်များ ယှဉ်လိုက်ရင် ဘာဆို ဘာမှ မဟုတ်ဘူး...]


[ဖာ့ခ်... အဲ့ဒီလို နှိုင်းယှဉ်ပုံမျိုးနဲ့ ရှီးထန်ကတော့ ဟယ့်ရှစ်အရှေ့မှာ အမှိုက်ဖြစ်သွားရပြီ... ငါ သေရာကပြန်ရှင်သွားသလိုပဲ...]


[ဟယ့်ရှစ်ကမှ အစစ်အမှန်ပဲ...]


[မြန်မြန်... မြန်မြန်လေး... ဓာတ်ပုံကတစ်ပုံတည်းပဲလား... တရားဝင်စာမျက်နှာက ပို့စ်တွေ ပိုတင်ပေးလို့ရမလား...]


[ဟုတ်တယ်... မနေ့ညကလည်း အင်တာနက်တခွင် ပွက်လောရိုက်နေခဲ့တာ... ပြီးတော့ ဒီမနက် အချိုတွေကို ဒီလိုကျဲပစ်တာပေါ့လေ...]


[ပြစ်ဒဏ်ကောင်းကောင်းပေးဖို့ နည်းလမ်းကို ငါ စဉ်းစားလို့မရဘူး... အဲ့ဒါကြောင့် ငါတို့ရဲ့ ဝမ်းနည်းမှုတွေကို အလျော်ပေးဖို့ တရားဝင်စာမျက်နှာကို ဓာတ်ပုံ အပုံနှစ်ဆယ်လောက် ထပ်တင်ခိုင်းရမယ်...]


တရားဝင် Weiboစာမျက်နှာကလည်း ထိုသို့သောတောင်းဆိုမှုမျိုးကိုသာ ‌‌တွေ့တတ်လေသည်။


များမကြာမီတွင် "ကျော်ကြားသော စစ်ကြီး"၏ တရားဝင်Weiboစာမျက်နှာမှ အခြားဓာတ်ပုံ အစုံလိုက်ကို ထုတ်လွှင့်ခဲ့သည်။


ယခုအခေါက်ဓာတ်ပုံများမှာ ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့၏ ရိုက်ကွင်းနောက်ကွယ်မှ ဓာတ်ပုံများဖြစ်ကြသည်။


ဓာတ်ပုံများကို တစ်ပုံပြီး တစ်ပုံကြည့်ရင်း cpဖန်များမှာ အလွန်စိတ်ကျေနပ်နေခဲ့ကြသည်။ 


များစွာသောလူတို့မှာ ဤကဲ့သို့ အချိုများက ယမန်နေ့က နာကျင်ခဲ့ရသော သူတို့၏နှလုံးသားလေးများအား နှစ်သိမ့်ပေးနိုင်ရန် လုံလောက်သည်ဟုပင် မှတ်ချက်များ ရေးလာကြသည်။


ဤကိစ္စကိုမူ ဟယ့်ရှစ်cpဖန်များက မတူမတန်သကဲ့သို့ သဘောထားကြသည်။ 


ရုပ်ရှင်ပြီးသွားတာနဲ့ မင်းတို့ဖန်တွေ အသဲကွဲကြမှာ စိုးမိပါရဲ့...


ယခုအခါတွင် အသေအချာ အလေးအနက်ထားရမည်မှာ အစစ်အမှန်cpကိုသာ ဖြစ်သည်။


လက်ထပ်မှတ်ပုံတင်မရှိသည့် cpများအားလုံးက BEပင် ဖြစ်လိမ့်မည်။


သူတို၏ ရှီးထန်cpကို ပြန်ကြည့်လိုက်ပါလျှင် ယဲ့ဇယ်ရှစ်မှာ ယခင်က ထန်ကျင့်ကို သဘောကျခဲ့ကြောင်း ဝန်ခံခဲ့ဖူးသည်။


[အရင်တုန်းက ယဲ့ဇယ်ရှစ်ကို ထန်ကျင့်က စိတ်မဝင်စားဘူးဆိုပေမယ့်လည်း အခုတော့ သူ ယဲ့ဇယ်ရှစ်ရဲ့ ဆွဲဆောင်မှုအောက် ရောက်သွားသလားမှ မသိရတာနော်...]


[ရုပ်ရှင်ထဲက စိတ်ခံစားချက်တွေက မင်းတို့ဖန်တွေကို ထင်ကြေးပေးခိုင်းဖို့အတွက်ပဲ...]


[သူတို့ရဲ့ ရှီးထန်cpအကြောင်း ပြောရရင် မနေ့က အဓိက ဇာတ်ဆောင်နှစ်ယောက်က အတူတူ ညစာစားခဲ့ကြတာနော်... ရုပ်ရှင်ထဲကဇာတ်ကောင်တွေနဲ့များ ယှဉ်ပြီးပြောရဲသေးတယ်...]


[ဒါ့အပြင် ပိုအရေးကြီးတာက ဟယ့်ရှစ်cpရဲ့ ဆက်ဆံရေးအသွားအလာက ရုပ်ရှင်နဲ့ ရိုက်ကူးရေးမှာပဲ ရှိခဲ့တာနော်... သူတို့နှစ်ယောက်လုံးက ရိုက်ကူးရေးပြင်ပမှာ ဆက်ဆံရေးရှိလို့လား... ]


ထိုစကားလုံးများမှာ သူတို့၏နှလုံးသားများကို ရှုံချပြီး အသေသတ်ပစ်လိုက်သည်ဟုပင် ဖော်ပြနိုင်သောကြောင့် ဟယ့်ရှစ်cpဖက်မှ အငြိမ်မနေနိုင်တော့ပေ။


[ဖန်တွေကို ထင်ကြေးပေးခိုင်းတယ်ဆိုတာ ဘာကိုပြောတာလဲ...]


[မင်းတို့ ရှီးထန်cpဖန်တွေ ပြောစကားအရဆို ယဲ့ဇယ်ရှစ်နဲ့ ထန်ကျင့်တွဲနေတာဆိုတာကလည်း စိတ်ကူးယဉ်သက်သက်ပဲ မဟုတ်ဘူးလား...]


[လက်ထပ်မှတ်ပုံတင်မရှိတာက... သေချာမှုမရှိဘူးဆိုတာပဲ... မင်းတို့cpကို ဘယ်လောက်ပဲ အစစ်အမှန်လို့ပြောပြော ဘာလုပ်ရမှာလည်း...]


[အခုအချိန်မှာများ ယဲ့ဇယ်ရှစ်နဲ့ ထန်ကျင့် ရောက်ချလာပြီး သူတို့ရဲ့တကယ့်ဘဝက အချစ်ရေးအကြောင်းကို တရားဝင် ကြေညာလာမှ မင်းတို့ cp ဖန်ဒမ်းကြီး ညတွင်းချင်း ပြိုလဲသွားဦးမယ်...]


ထိုစကားလုံးများမှာ ရှီးထန်cpဖန်များကို ဆွံ့အသွားစေခဲ့သည်။ သို့သော်တစ်ချိန်တည်းမှာပင် သူတို့ရင်ထဲတွင် အနည်းငယ် ဒေါသထွက်ခဲ့ကြရသည်။


အဲ့ဒီစကား‌တွေကို ကြည့်ပါဦး... သူတို့ဖန်ဒမ်းကိုများ ပြိုလဲသွားမယ်လို့ ဘယ်လိုများ ပြောရက်ရတာလဲ...


ရှီးထန်cpဖန်များက ထိုသို့သော စော်ကားမှုမျိုးကို သည်းမခံနိုင်ပေ။


အသေးအဖွဲလေးကို ငြင်းခုံရင်းဖြင့် ဖန်ဒမ်းနှစ်ခုလုံးမှာ စစ်ပွဲတစ်ခုကို စတင်ခဲ့ကြလေသည်။


အဆုံးတွင် ဖန်ဒမ်းနှစ်ခုလုံးမှာ အင်တာနက်ပေါ်တွင် ယမ်းငွေ့အပြည့်ဖြင့် စစ်ပွဲတစ်ခုကို ဖန်တီးမိတော့မတတ် ဖြစ်ခဲ့သည်။


cpဖန်ဒမ်းနှစ်ခုလုံးမှာ တစ်ရက်လုံး ဆူညံပွက်လောရိုက်နေခဲ့ကြသည်။ ထို့အပြင် "ကျော်ကြားသော စစ်သူကြီး"၊ ဟယ့်ရှစ်cpဖန် စသည့် ခေါင်းစီးများမှာ တစ်ရက်လုံး hot search အမြင့်ပိုင်းတွင် ချိတ်ဆွဲနေခဲ့သည်။


ရုပ်ရှင်အား အခမဲ့ ကြေငြာမှုကို ရရှိခဲ့ရန် ဟယ့်ကျင်းယွင်နှင့် အခြားသူများမှာ အလွန် အားစိုက်ထုတ်ရန်ပင် မလိုအပ်ခဲ့ပေ။


ယဲ့ဇယ်ရှစ်ကမူ ထိုကိစ္စကို ဂရုပင်မစိုက်ချေ။ အဆုံးတွင် ဤသည်က ရုပ်ရှင်အတွက် ကြော်ငြာတစ်ခုပင်ဖြစ်သည်။


ဤကိစ္စကို သူနှင့် ဟယ့်ကျင်းယွင် အချိန်အတော်ကြာကတည်းက ဆွေးနွေးခဲ့ပြီးဖြစ်လေသည်။ ရလဒ်ကိုကြည့်ရသည်မှာလည်း ပျော်ရွှင်ဖွယ်ပင်။


ယဲ့ဇယ်ရှစ်ကမူ ဖန်များကို သူတို့စိတ်ကြိုက် ရွေးချယ်ခိုင်းထားသည်။


သူတို့စိတ်ကြိုက် ဘယ်cpကို တွဲပေးရမလဲဆိုတာ သူတို့ လွတ်လပ်ခွင့်ပဲလေ...


cpကဲ့သို့သော အရာများမှာ လူတစ်ဦးစီ၏ အကြိုက်အလိုက် ပြောင်းလဲလေသည်။


ဥပမာဆိုရလျှင် ယဲ့ဇယ်ရှစ် နောက်ဆုံးတွဲပေးထားသည့် cpအသစ်ဖြစ်သော တိုးယုကီ (Touyuki) ဖြစ်သည်။


Cardcaptor Sakuraက shoujo anime တစ်ခုဖြစ်သည်။ အဓိကဇာတ်ဆောင်မင်းသားနှင့် မင်းသမီးကြားရှိ ဆက်ဆံရေးက ယဲ့ဇယ်ရှစ်ကို ဆွဲဆောင်ခဲ့ခြင်း မဟုတ်ပေ။ ထို animeကို ယဲ့ဇယ်ရှစ်ကြည့်ရသည့် အကြောင်းအရင်းမှာ ထိုanimeထဲတွင် အလွန်ချိုသည့် cpတစ်တွဲပါသည်ဟု ဆိုသောကြောင့် ဖြစ်သည်။


ဤသည်က Shoujo animeတစ်ခုဖြစ်သော်လည်း ထိုသည်က ယဲ့ဇယ်ရှစ်ကို cpတွဲရန် မတားဆီးနိုင်ပေ။


(T/N- Shoujo anime ဆိုတာက အမျိုးသမီးငယ်လေးတွေကို အဓိကားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ramnceဇာတ်‌ကြောင်းလေးတွေ ပါတတ်ပါတယ်။ ဇာတ်လိုက်က အမျိုးသမီးဖြစ်တာများပါတယ်။ ဥပမာ- sailor moonတို့ Ouran host clubတို့လိုမျိုးပေါ့ )


Cardcaptor Sakura ကို ကြည့်သည့်သူများသာလျှင် တိုးယနှင့် ယုကီတို့နှစ်ဦးမှာ အလွန်ချစ်စရာကောင်းသည်ကို သိကြပေလိမ့်မည်။

(အဲ့နှစ်ယောက်လုံးက ယောကျာ်းလေးပါ 🥹)


သူတို့သာလက်မထပ်ရရင် တရားမျှတမှုဆိုတာ မရှိဘူးလို့ ပြောရမှာပဲ...


ယဲ့ဇယ်ရှစ် တစ်ခုဝမ်းနည်းရသည်မှာ တိုးယနှင့် ယုကီတို့ လက်ထပ်သည်ကို သူ့မျက်လုံးနှင့် ကိုယ်တိုင် မမြင်ခဲ့ရခြင်းပေ။


သို့သော် ထိုကိစ္စက အရေးမကြီးပေ။ သူ့စိတ်ထဲတွင် သူ၏cpက လက်ထပ်ခဲ့သည်ဟုတွေးသရွေ့ သူတို့က တကယ်လက်ထပ်ခဲ့သည်ပင်။


.......


နှစ်သစ်ကူးက နီးကပ်လာပြီဖြစ်သည်။ ထို့အပြင် ပထမဆုံး နှင်းသည်လည်း မြို့တော်တွင် ကျ‌ရောက်လာခဲ့သည်။


ယခုအချိန်အတောအတွင်း ယဲ့ဇယ်ရှစ် ဘယ်ကိုမှ မသွားခဲ့ပေ။ ထို့ ကြောင့် သူ ဖျော်ဖြေပွဲများကြည့်ရန်အတွက် နေ့တိုင်း အိမ်မှာနေလေသည်။


လွန်ခဲ့သည့်နှစ်ရက်က ယဲ့ကျန့်ပင်းက သူ့ကို ဖုန်း‌ဆက်ပြီး နှစ်သစ်ကူးအကြိုညတွင် အိမ်ပြန်လာမည်ကို အတည်ပြုလေသည်။


ယဲ့ဇယ်ရှစ် ပြန်မလာမည်ကို စိတ်ပူနေသည့်အလား ယဲ့ကျန့်ပင်းက ဤသို့ပြောလာသည်။ ယုယန်က ငါးလေးခြောက်များကို အများကြီး ကိုယ်တိုင်ပြင်ဆင်ထားသည်ဟုပင်။


ထိုအကြောင်းကို သေချာစဉ်းစားပြီးသောအခါ ယဲ့ဇယ်ရှစ်တစ်ယောက် သူ လပေါင်းများစွာ ငါးလေးခြောက်ကြော်ကောင်းကောင်း မစားရသည်ကို သတိရသွားသည်။ ထို့ကြောင့် သူ မည်သို့မှ မငြင်းဆန်နိုင်တော့ပေ။


ထို့အပြင် ယခုက သူအရွယ်ရောက်ပြီးချိန်မှစ၍ မိသားစုနှင့်အတူ ကုန်ဆုံးရမည့် ပထမဆုံးနှစ်သစ်ဖြစ်သည်။ ယဲ့ဇယ်ရှစ်လည်း တစ်မျိုးတစ်ဖုံ စောင့်မျှော်နေခဲ့မိသည်။ နှစ်သစ်ကူးပွဲတော်တွင် မိသားစုများအတွက် နှစ်သစ်ကူးလက်ဆောင်များကိုပင် သူ ကြိုတင်မှာယူထားခဲ့သည်။


လပြက္ခဒိန် ဆယ့်နှစ်ခုမြောက်လ၏ ၂၉ရက်မြောက်နေ့၊ ခြောက်လကြာ ရိုက်ကူးခဲ့ရသော "ကျော်ကြားသော စစ်သူကြီး"၏ ရိုက်ကူးရေးအဖွဲ့တွင် ဟယ့်ကျင်းယွင်တစ်‌ယောက် သူ၏ နောက်ဆုံးဇာတ်ဝင်ခန်းကို ရိုက်ကူးပြီးစီးခဲ့လေသည်။ 


ရုပ်ရှင်ပြသမည့်ရက်ကို နောက်နှစ်နွေရာသီ အားလပ်ရက်ဟု သတ်မှတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် နောက်ခြောက်လမှာ ရုပ်ရှင်၏ နောက်ပိုင်း ထုတ်လုပ်ရေးနှင့် အစိုးရဌာန၏ ဆန်းစစ်ချက်အပိုင်းသာ ကျန်တော့သည် ဖြစ်သည်။ 


ရိုက်ကူးရေးနောက်ဆုံးညတွင် ရိုက်ကူးရေးအဖွဲ့အတွက် အလွန်ကြီးမားသည့် ညစာစားပွဲတစ်ခုကို ကျင်းပလေသည်။


မူလတွင် ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်ကို ပွဲတွင် ပါဝင်ဆင်နွှဲရန် ကြိုတင်ဆက်သွယ်ခဲ့သည်။ 


သို့သော် ယဲ့ဇယ်ရှစ်က လှုပ်ရှားရန်အလွန်ပျင်းနေခဲ့သည့်အတွက် ငြင်းခဲ့လေသည်။


ထန်ကျင့်လည်း ဖိတ်ခေါ်မှုကို ရရှိခဲ့သော်လည်း ထိုနေ့တွင် အလုပ်အပြည့်ဖြစ်နေခဲ့သောကြောင့် မသွားနိုင်ခဲ့ပေ။


ဟယ့်ကျင်းယွင်က ထိုနှစ်ယောက်ကို ဇွတ်မပြောခဲ့ဘဲ သီးသန့်စာအိတ်နှစ်လုံးကိုသာ ပို့ပေးခဲ့သည်။


ယဲ့ဇယ်ရှစ် ထိုသည်ကို ပျော်ပျော်ရွှင်ရွှင်လက်ခံလိုက်ပြီး ကောင်းကောင်းမွန်မွန် စာပြန်လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဟယ့်လောင်ရှီး... ပျော်ရွှင်ဖွယ်နှစ်သစ်ကူးပါလို့ ကြိုပြောထားလိုက်မယ်နော်..."


ဟယ့်ကျင်းယွင် ရယ်လိုက်ပြီး စာပြန်လိုက်သည်။

"မင်းကိုလည်း ပျော်စရာနှစ်သစ်ကူးပါလို့ ကြိုပြီးပြောလိုက်မယ်..."


ထိုစာကိုပို့ပြီးသောအခါ စားပွဲရှိ တစ်စုံတစ်ယောက်က ခွက်မြှောက်လိုက်သည်။ ဟယ့်ကျင်းယွင်လည်း ဖုန်းကို ဘေးနားချထားလိုက်ရပြီး ချီးယားစ်လုပ်လိုက်ရသည်။


ညစာစားပွဲကို အလွန်နောက်ကျသည်အထိ မလုပ်ခဲ့ပေ။ မနက်ဖြန်က နှစ်သစ်ကူးပွဲတော် အကြိုရက်ဖြစ်သောကြောင့် ဝန်ထမ်းများက သူတို့မိသားစုနှင့်အတူ နှစ်သစ်ကူးကို ဖြတ်သန်းရန်အတွက် အိမ်ပြန်ဖို့ရာ လောနေခဲ့ကြသည်။ ညစာစားပွဲမပြီးဆုံးမီ ဟယ့်ကျင်းယွင်က မနက်ကတည်းက သူပြင်ဆင်ထားခဲ့သော စာအိတ်နီများကို ယွိရယ်ကို သွားယူခိုင်းလိုက်ပြီး လူတိုင်းကို မျှဝေပေးခဲ့သည်။ 


ညဆယ်နာရီတွင် ညစာစားပွဲက အချိန်မှီ ပြီဆုံးခဲ့လေသည်။


ယွိရယ် ဟယ့်ကျင်းယွင်ကို လေဆိပ်သို့ လိုက်ပို့ပေးခဲ့သည်။ 


နံနက်လေးနာရီတွင် မြို့တော်လေဆိပ်သို့ လေယာဉ်ဆိုက်လေသည်။ 


နှင်းပွင့်များဖြင့် လေတစ်သုတ်က သူ့ကိုဖြတ်သန်းသွားသည်။ ထိုအခါမှသာ ဟယ့်ကျင်းယွင် အနည်းငယ် လန်းဆန်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ 


ဟယ့်ကျင်းယွင်နှင့် သူ့အဖွဲ့ နံနက်အစောကတည်းက အပြင်၌စောင့်နေခဲ့သော နာနီကားဆီသို့ သုတ်ခြေတင်လိုက်ကြသည်။


မြောက်ပိုင်းရာသီဥတု၏ လေအေးကြောင့် ယွိရယ်လည်း အအေးမိခဲ့ရသည်။ ဟယ့်ကျင်းယွင် ကားထဲဝင်ပြီးသည်နှင့် သူလည်း ကားထဲအမြန်ဝင်လိုက်သည်။ အင်္ကျီကို လုံအောင်ဆွဲဖုံးရင်း လမ်း‌ဘေးတွင် ချိတ်ဆွဲထားသော မီးပုံးနီများကိုကြည့်ကာ တီးတိုးပြောလိုက်သည်။

"သေချာ‌ပေါက်ကို နှစ်သစ်ကူးအကြို‌နေ့ပဲ..."


ထိုအခါမှသာ ဟယ့်ကျင်းယွင် ပြတင်းပေါက်အပြင်သို့ ကြည့်လိုက်မိသည်။ လမ်းများက အနီရောင်အလင်းတန်းများဖြင့် သွယ်တန်းနေသောကြောင့် အလွန်လှပနေခဲ့သည်။


သူ့မျက်ဝန်းရှိ ပင်ပန်းရိပ်တို့မှာလည်း အနည်းငယ်ဖျော့တော့သွားပြီး နူးညံ့သွားသည်။ သို့သော် ထိုနွေးထွေးသည့် အကြည့်တစ်ချက်က အချိန်အကြာကြီးမတည်ရှိခဲ့ဘဲ အလျှင်အမြန်ပျောက်ကွယ်သွားသည်။


အရှေ့ခုံရှိ ဒရိုင်ဘာက မေးလိုက်သည်။

"အစ်ကိုဟယ့်... ဒီတစ်ခါ ဘယ်ကိုသွားချင်လဲ... ရေကန်ဘေးက ဗီလာကိုလား..."


ဟယ့်ကျင်းယွင် အသာအယာခေါင်းညိတ်ပြလိုက်သည်။


ယခုနှစ်သစ်ကူးတွင်လည်း သက်ဝင်လှုပ်ရှားသည့် ရိုက်ကူးရေးအဖွဲ့မှ အေးစက်ကာအထီးကျန်လှသည့် သူ့အိမ်သို့ ဟယ့်ကျင်းယွင် ပြန်သွားရပေဦးမည်။



🎶🎶🎶