Chapter 74
Viewers 21k

🎶 Chapter 74



အဆုံးတွင် ယဲ့ဇယ်ရှစ် ရုတ်တရက် သူ့စိတ်ထဲ၌ ခန့်မှန်းလိုက်သည်။

"ဒီလျှို့ဝှက်မစ်ရှင်က တစ်ကြိမ်စာလား မသိဘူး..."


ဟယ့်ကျင်းယွင် သူ့ကိုကြည့်ကာ ပြောလိုက်သည်။

"ဘာကိုဆိုလိုတာလဲ..."


ယဲ့ဇယ်ရှစ် မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။

"ကျွန်တော်တို့ နောက်ဆုံးအပိုင်းကို ရိုက်ကူးတုန်းက... ပေ့ကောနဲ့ ကျားကျဲကို ဒါရိုက်တာအဖွဲ့က လျှို့ဝှက်မစ်ရှင်အကြောင်း အသိပေးတာက နေ့ခင်းပိုင်းလေ...အဲ့အချိန်တုန်းက ကျွန်တော်တို့ရဲ့လျှို့ဝှက်မစ်ရှင်တွေ မပြီးသေးဘူး..."


"ဒီတစ်ခေါက်ကျ အဖွဲ့တစ်ဖွဲ့က လျှို့ဝှက်မစ်ရှင်ပြီးသွားပြီဆိုတာကို ဒါရိုက်တာအဖွဲ့က အစောကြီးကြေညာလိုက်တယ်...အဲ့ဒါက ကျွန်တော်တို့ကို အချက်နှစ်ချက် ပြောပြနေတယ်...ပထမက ကျွန်တော်တို့ မစ်ရှင်နေရာကို ကျော်သွားခဲ့တာ ဒါမှမဟုတ် ဒုတိယအနေနဲ့က..."


"ဒီမစ်ရှင်အခွင့်အရေးက တစ်ကြိမ်ပဲရှိတာ..."

ဟယ့်ကျင်းယွင် ယဲ့ဇယ်ရှစ်၏စကားကို အဆုံးသတ်ပေးလိုက်သည်။


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။


ဟယ့်ကျင်းယွင် မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။


အမှန်တကယ်ပင် လမ်းတစ်လျှောက်တွင် သူတို့ အနီးပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်နေခဲ့ကြသော်လည်း မစ်ရှင်တည်နေရာကို မရှာတွေ့ခဲ့ကြပေ။ ပရိုဂရမ်အဖွဲ့၏ logo ကိုပင် တွေ့ရခဲလေသည်။


ယဲ့ဇယ်ရှစ်၏ကောက်ချက်က ယုတ္တိမရှိခြင်းတော့ မဟုတ်ပေ။


"ပြီးတော့...ဟယ့်လောင်ရှီး..."

ယဲ့ဇယ်ရှစ် ဆက်ပြောလိုက်သည်။

"ဒီလျှို့ဝှက်မစ်ရှင်က အဲ့လောက် မရိုးရှင်းလောက်ဘူးလို့ ကျွန်တော်တစ်ချိန်လုံး ခံစားနေရတာ..."


"မင်းတို့ အဲ့နားမှာ ဘာတွေတီးတိုးတီးတိုး လုပ်နေကြတာလဲ..."

ရှန်ဇယ်ယွီ ခေါင်းလှည့်လိုက်ရာ ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်ကို မတွေ့၍ သူတို့နှစ်ယောက်အား အော်လိုက်လေ၏။


ဟယ်ွကျင်းယွင် ယဲ့ဇယ်ရှစ်ပခုံးကို ပုတ်လိုက်သည်။

"အရင်သွားစို့..."


ယဲ့ဇယ်ရှစ် ခေါင်းညိတ်လိုက်သည်။


သူတို့နှစ်ယောက် အဖွဲ့နှင့် ဆက်သွားလိုက်ကြသည်။


သေချာပေါက်ပင် ယဲ့ဇယ်ရှစ်နှင့်အခြားသူများ လမ်းတစ်လျှောက် မည်သည်ကိုမှ မရရှိနေဆဲပင်။


သူတို့ဟိုတယ်ကို မပြန်မီအထိ ဤလျှို့ဝှက်မစ်ရှင်ကို မရှာတွေ့နိုင်ကြချေ။


"အဲ့တော့ ဒီတစ်ခေါက် ကြည့်ရတာ ကျွန်တော်တို့ရဲ့ မစ်ရှင် ကျရှုံးသွားတာလား..."

ဝေ့ပေ ဒါရိုက်တာကို ကြည့်လိုက်သည်။


ဒါရိုက်တာက ခေါင်းညိတ်ပြလိုက်သည်။


"ဒါဆို ကျွန်မတို့ညစာကရော..."

ယို့ကျားက မေးလိုက်သည်။

"ဒါရိုက်တာ...ရှင် ကျွန်မတို့ကို နေ့လည်စာမပေးခဲ့ဘူး ညစာလည်း မပေးမှာတော့မဟုတ်ဘူးမလား...နည်းနည်းလောက် လူသားဆန်ပေးပါလို့ ပရိုဂရမ်အဖွဲ့ကို ကျွန်မတောင်းပန်ပါတယ်..."


ဒါရိုက်တာက သူမကြောင့် အူမြူးသွားပြီး အပြုံးလေးတစ်ခုနှင့် ပြောလိုက်သည်။

"အဲ့လိုဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ..မင်းတို့ညစာအတွက် ဟင်းချက်စရာပါဝင်ပစ္စည်းတွေ ငါတို့ပြင်ဆင်ထားပြီးပါပြီ..."


ယို့ကျား : "အိုး… တကယ် အစားအသောက်ရှိုး ပီသပါပေတယ်... ဧည့်သည်တွေက ကိုယ်စားဖို့ ကိုယ်ချက်ရတယ်..."


ရှန်ဇယ်ယွီ : " ညစာအတွက် ယှဥ်ပြိုင်ရတာမျိုးတော့မမဟုတ်ဘူးမလား..."


ဒါရိုက်တာက ဤတစ်ခေါက်တွင် အလွန်ပင် စေတနာထားနေ၏။

"မဟုတ်ပါဘူး..."


ရှန်ဇယ်ယွီ ချက်ချင်းလက်ငင်းပင် စိတ်သက်သာရာရသွားပြီး ဘေးဘက်ရှိ ဟယ့်ကျင်းယွင်အား ပြောလိုက်သည်။

"ညီအစ်ကိုဟယ့်..ကျေးဇူးပြုပြီး ငါ့ကိုဂရုစိုက်ပေးပါဦး..."


တစ်ချိန်တည်းမှာပင် ဝေ့ပေနှင့်ယို့ကျားကလည်း အကူအညီတောင်းရန် ကြည့်လိုက်ကြသည်။


ဟယ့်ကျင်းယွင်က ကူကယ်ရာမဲ့စွာ မတ်တတ်ရပ်လိုက်သည်။

"တကယ်လို့ ပရိုဂရမ်အဖွဲ့က စာဖိုမှူးမတတ်နိုင်ဘူးဆိုရင် ကျွန်တော့်ကို ခန့်လို့ရပါတယ်...ရိုးရိုးသားသားပြောတာပါ.."


ပတ်ပတ်လည်က လူအားလုံး ရယ်လိုက်ကြလေ၏။


ယဲ့ဇယ်ရှစ်လည်း ရယ်လိုက်သည်။

"အဆင်ပြေပါတယ် ဟယ့်လောင်ရှီး...ကျွန်တော်ကူပေးပါ့မယ်..."


ထန်ကျင့် အနည်းငယ်တွေးကာ ပြောလိုက်သည်။

"ကျွန်တော်လည်း ကူညီပါ့မယ်..."


မီးဖိုချောင်တစ်ဝိုက်တွင် ဘာကူညီရမှန်း မသိလျှင်ပင်အခြားသူများကလည်း ပူးပေါင်းပါဝင် ကူညီလိုက်ကြသည်။ အိမ်တွင် မီးဖိုချောင်ကို တစ်ခါမှ မဝင်ဖူးသည့် ရှန်ဇယ်ယွီပင် ဝင်ကူညီလေ၏။


သေချာပေါက် သူက မည်သို့ချက်ပြုတ်ရမည်ကိုလည်း သင်ယူချင်ပေသည်။


အကယ်၍ နောက်နေ့မစ်ရှင်က သူတို့ကိုယ်တိုင်ချက်ပြုတ်ရမည်ဆိုပါက သူရော ထန်ကျင့်ပါ မချက်ပြုတ်နိုင်လျှင် သူတို့နှစ်ယောက်အတွက် ပြီးဆုံးသွားပြီပင်။


လူတိုင်း၏အကူအညီဖြင့် မကြာမီတွင် အစားအသောက်က အဆင်သင့်ဖြစ်သွားပြီး စွပ်ပြုတ်သာ ကျန်တော့သည်။


ဟယ့်ကျင်းယွင် ဆက်လုပ်ခါနီးမှာပင် ထန်ကျင့်က ရုတ်တရက် ပြောလိုက်သည်။

"ဟယ့်လောင်ရှီး...စွပ်ပြုတ်ကို ကျွန်တော် ချက်ကြည့်လို့ရမလား..."


ထိုစကားပြောလိုက်သည်နှင့် လူတိုင်း၏မျက်လုံးများက ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။


ထန်ကျင့် နှုတ်ခမ်းကိုဖိကာ အပြုံးလေးနှင့် ပြောလိုက်သည်။

"ဘယ်လိုချက်ရမလဲ ကျွန်တော်မသိဘူး...ဒါပေမယ့် နောက်ထပ် မစ်ရှင်က ကိုယ့်ဘာသာ လုပ်ရမှာဖြစ်နိုင်လောက်တယ်...အဲ့ကြောင့် ကျွန်တော် ကြိုးစားချက်ကြည့်ချင်လို့...ရမလား..."


ရှန်ဇယ်ယွီက ဤသည်ကိုကြားသည်နှင့် အလျင်အမြန်ပင် ပြောလိုက်သည်။

"ဟေး ရှောင်ထန်ကို ကြိုးစားခွင့်ပြုလိုက်ပါ...တကယ်လို့ သူတချို့တလေလောက် ချက်တတ်သွားရင် နောက်ရက်နည်းနည်းလောက်အတွင်း ငါစိုးရိမ်စရာမလိုတော့ဘူးပေါ့..."


ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ် ပြင်ပေးထားသည့် တို့ဟူးနှင့် အသီးအရွက်များကို ငုံ့ကြည့်လိုက်ပြီး ပြုံးကာခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ..."


ဟယ့်ကျင်းယွင် ခြေတစ်လှမ်းဆုတ်ကာ ထန်ကျင့်ကို သူ့နေရာယူခွင့် ပေးလိုက်သည်။


ထန်ကျင့် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။


နောက်ဆုံးဟင်းပွဲက ရိုးရှင်းသည့် အစိမ်းရောင်ဟင်းသီးဟင်းရွက် တို့ဟူးစွပ်ပြုတ်လေးပင် ဖြစ်၏။ ယနေ့ပင် သူ အင်တာနက်ပေါ်မှ ဟင်းချက်နည်းကို ဖတ်ထားခဲ့လေသည်။


သငါ သေချာပေါက် အောင်မြင်နိုင်တယ်...


ထန်ကျင့် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။


သင့ သေချာပေါက် အောင်မြင်ရမယ်...


အဘယ့်ကြောင့်ဆိုသော် ဟယ့်ကျင်းယွင်ကသာ ချက်ပြုတ်နိုင်သည် မဟုတ်ကြောင်းကိုလည်း သူ ယဲ့ဇယ်ရှစ်ကို သိစေချင်သောကြောင့် ဖြစ်သည်။


ဟုတ်ပေ၏။ ဤသည်က ထန်ကျင့်၏ဒုတိယ အတွေးတစ်ခုသာ ဖြစ်သည်။


နောက်တစ်စက္ကန့်တွင် ဒယ်အိုးထဲမှဆီက ပွက်လာခဲ့ပြီး ထန်ကျင့် အနည်းငယ် ထိတ်လန့်သွားသည်။


သို့သော်ငြား အလုပ်ကို လက်လွှဲယူလိုက်ပြီးသည်ကိုတွေးပြီး ထန်ကျင့် အသက်ပြင်းပြင်း တစ်ချက်ရှုကာ တို့ဟူးနှင့် ဟင်းသီးဟင်းရွက်များကို ပစ်ထည့်လိုက်သည်။


ချက်ချင်းဆိုသလို ပူကျစ်နေသော အိုးထဲမှဆီက ဖိတ်သွားခဲ့သည်။


ယဲ့ဇယ်ရှစ် တန့်သွားပြီး နောက်ကို ခြေလှမ်းအကျယ်ကြီးတစ်လှမ်း ဆုတ်လိုက်၏။


ရှန်ဇယ်ယွီက အနည်းငယ် နီးနီးလေးတွင် ရပ်နေပြီးဖိတ်ကျသွားသော ဆီစက်များက သူ့ရှပ်အင်္ကျီပေါ်စင်လာခဲ့သည်။


ထန်ကျင့်က ပို၍ပင် အခြေအနေဆိုးလေသည်။ သူ့လက်ပြန်မရုတ်မီမှာပဲ ဆီစက်များက သူ့အပေါ်လက်မောင်းကို စင်သွားလေသည်။


"မင်းအဆင်ပြေလား..."

ရှန်ဇယ်ယွီက ဦးစွာ သတိပြန်ဝင်လာပြီး ထန်ကျင့်ကိုဆွဲကာ နောက်ဆုတ်လိုက်သည်။


ထန်ကျင့် အသက်ပြင်းပြင်း တစ်ချက်ရှုလိုက်ပြီး ဖြူဖွေးနေသည့် သူ့လက်မောင်းက မကြာမီမှာပင် နီလာခဲ့သည်။


ဟယ့်ကျင်းယွင် လျင်မြန်စွာ အထဲဝင်လိုက်ပြီး လက်တစ်ဖက်က အိုးနှုတ်ခမ်းကိုမကာ နောက်တစ်ဖက်က အပူကိုလျှော့ချလိုက်သည်။ ထန်ကျင့်လက်ထဲက ယောင်းမကိုယူကာ ရှန်ဇယ်ယွီကို ပြောလိုက်သည်။

"ရေအေးဖွင့်ပြီး သူ့လက်မောင်းကို ရေအေးအောက်ထားလိုက်...ပြီးရင် ပရိုဂရမ်အဖွဲ့ကဆရာဝန်ကို တစ်ချက်ကြည့်ခိုင်းလိုက်.. အဲဒါဆို ဘာအမာရွတ်မှ မကျန်လောက်ဘူး..."


ယဲ့ဇယ်ရှစ်လည်း ပြန်သတိဝင်လာပြီ ဖြစ်သည်။ သူ ရှန်ဇယ်ယွီထံသွားပြီး ထန်ကျင့်ကို ဘေစင်အောက်ဆွဲကာ ရေအေးကိုဖွင့်လိုက်ပြီး အပူလျော့ရန် သူ့လက်မမောင်းကို ရေအောက် ထားလိုက်သည်။


"ရှန်လောင်ရှီး...ဆရာဝန်ကိုသွားခေါ်ပေးပါဦး.."

ထိုအခိုက်မှသာ ရှန်ဇယ်ယွီ သတိပြန်ဝင်လာသည်။


ဒါရိုက်တာအဖွဲ့လည်း ၎င်းကိုမြင်ပြီး အဖွဲ့ထဲရှိဆရာဝန်ကို အရှေ့ထွက်ပြီး ထန်ကျင့်ကို တစ်ချက်ကြည့်ပေးရန် ပြောလိုက်သည်။


ဆရာဝန်က လျင်မြန်စွာပင် ရောက်လာပြီး ထန်ကျင့်ကို မီးဖိုချောင်ထဲမှ ခေါ်ထုတ်သွားခဲ့သည်။


ထန်ကျင့်၏လက်မောင်းက ဆီများစွာ မစင်လိုက်လေ။ အချိန်မှီကုသလိုက်၍ ရည်ကြည်ဖုများလည်း မရှိချေ။


ထိုအခိုက် ဟယ့်ကျင်းယွင်က နောက်ဆုံးစွပ်ပြုတ်ကိုသယ်ကာ လမ်းလျှောက်ထွက်လာခဲ့သည်။


"ရှောင်ထန် အဆင်ပြေရဲ့လား..."

ဟယ့်ကျင်းယွင် အေပရွန်ကို ချွတ်လိုက်သည်။


ယဲ့ဇယ်ရှစ် ခေါင်းလှည့်ကာ ပြောလိုက်သည်။

"ဆရာဝန်က အရည်ကြည်ဖုထမှာ မဟုတ်ဘူးဆိုပြီး တချို့ဆေးတွေလိမ်းဖို့ ပြောသွားတယ်...သူ ဆေးမှန်မှန်လိမ်းမယ်ဆို ဘာအမာရွတ်မှ ကျန်မှာမဟုတ်ဘူးတဲ့..."


ဟယ့်ကျင်းယွင် ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်..."


ကျန်လူများလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ဝေ့ပေက စားရန်အဆင်သင့်ဖြစ်နေပြီး ထကာ လာစားရန် လူတိုင်းကို ပြောလိုက်သည်။


စားသောက်ပြီးသည့်အချိန်တိုင်းက လူတိုင်းအတွက် အပန်းဖြေဆုံး အခိုက်အတန့်ပင် ဖြစ်သည်။ နေ့ရက်တစ်ရက် အတူတူကုန်ဆုံးပြီးနောက် ရှန်ဇယ်ယွီလည်း အခြားသူများနှင့် တဖြည်းဖြည်း ရင်းနှီးလာခဲ့သည်။


ညစာစားနေစဉ်အတွင်း လေထုက အတော်လေး အေးချမ်းနေပြီး ထန်ကျင့်တစ်ယောက်သာ ဒေါသထွက်နေသော အမူအရာဖြင့် ဖြစ်နေခဲ့သည်။ 


ရိုးစင်းသည့် စွပ်ပြုတ်တစ်ခွက်ကိုပင် မချက်နိုင်လောက်အောင် အသုံးမကျသည်ကို သူစိတ်တိုနေဆဲဖြစ်သည်။


ထန်ကျင့် စိတ်အခြေနေ မကောင်းသည်ကို ဝေ့ပေက ပထမဆုံး သတိပြုမိသွားပြီး မနေနိုင်ဘဲမေးလိုက်သည်။

"ရှောင်ထန် မင်းလက်နာနေတုန်းပဲလား..."


ထန်ကျင့် အသိပြန်ဝင်လာပြီး ခေါင်းယမ်းလိုက်သည်။

"အခု မနာတော့ပါဘူး..."


ဝေ့ပေ ခေါင်းညိတ်ပြီး ထပ်ပြောလိုက်သည်။

"အရမ်းစိတ်မပူပါနဲ့...ငါတို့ရဲ့ပရိုဂရမ်အဖွဲ့က ကျိန်းသေ လူမဟုတ်ကြဘူး ဆိုပေမယ့်လည်း ငါတို့အရမ်းအရှက်ကွဲအောင်တော့ သူတို့သေချာပေါက် မလုပ်ပါဘူး...ချက်ပြုတ်တာက တစ်ညတည်းနဲ့သင်လို့ရတာမျိုး မဟုတ်ဘူးလေ..."


ယဲ့ဇယ်ရှစ် နားထောင်ပြီး ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ဟုတ်တယ်...ငါဆို ဒီနှစ်တစ်လျှောက်လုံး သင်ထားတာတောင်မှ ခေါက်ဆွဲပဲချက်တတ်တယ်..."


ယို့ကျား ရယ်လိုက်သည်။

"ဘယ်သူက မချက်တတ်တာလဲ...ဒါပေမဲ့ ငါလည်း ကြက်ဥနဲ့ခရမ်းချဥ်သီးမွှေကြော်ကို ဘယ်လိုချက်ရမလဲ သိတယ်နော်...ပြီးတော့ ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်ရော..."


ရှန်ဇယ်ယွီက သူ၏ရယ်မောမှုကို မထိန်းနိုင်တော့ချေ။

"ဒါဆို မင်းအများကြီးသိတာပဲ..."


ယို့ကျားက သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

"အဲ့ဒါကတင် ရရှင့်ထက်သာနေပြီ..."


ရှန်ဇယ်ယွီ : "..."


တကယ်ကြီး ငါငြင်းလို့မရဘူးပဲ...


လူတိုင်းက ပျော်ရွှင်နေကြလေသည်။


ထန်ကျင့်လည်း မနေနိုင်တော့ဘဲ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။


အမှန်တွင် ဟယ့်ကျင်းယွင်လည်း ဟင်းမည်သို့ချက်ရမည်ကို တစ်ညတည်းနှင့် တတ်ခဲ့ခြင်း မဟုတ်ပေ။ သူလည်း သူ့အချိန်သူ ယူရပေသည်။


ညစာစားပွဲပေါ်ရှိ အကြောင်းအရာများက အမြဲလိုလို လျင်မြန်စွာ ပြောင်းလဲနေပြီး ဤတစ်ကြိမ်တွင် လူတိုင်းက လျှို့ဝှက်မစ်ရှင်အကြောင်းကို ပြောလိုက်ကြသည်။


အဲဒါက ဘယ်လို မစ်ရှင်မျိုးပါလိမ့်... ငါတို့ ဘာလို့ အခုထိ ရှာမတွေ့ရသေးတာလဲ...


ပြီးတော့လည်း မနက်ဖြန်အတွက် မစ်ရှင်ကဘာများဖြစ်မလဲ...


မစ်ရှင်က မလွယ်ကူလောက်ဟု ယဲ့ဇယ်ရှစ်သာ ခံစားရုံမက ဝေ့ပေတွင်လည်း ထိုကဲ့သို့ မှန်းဆချက်များ ရှိပေသည်။


သေချာပေါက်ပင် နောက်တစ်ရက် မနက်စောစော၌ ဒါရိုက်တာအဖွဲ့က မစ်ရှင်ကို ကြေညာလိုက်သည်။

"ဘယ်သူက အယောင်ဆောင်လဲ..."


ဧည့်သည်ခြောက်ယောက်အား အရပ်သားနှင့် အယောင်ဆောင်ဟု ခွဲခြားလိုက်သည်။


သို့သော် ယခုအကြိမ်တွင် လူတိုင်းကို မသိနိုင်ပေ။ အခြားနည်းဖြင့်ပြောရလျှင် ဧည့်သည်များက အယောင်ဆောင်သူဖြစ်စေ၊ အရပ်သားဖြစ်စေ သူတို့၏ အထောက်အထားအချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းစွာ မသိရသေးပေ။


နောက်ရက်အနည်းငယ်အတွင်းတွင် နေ့စဥ်မစ်ရှင်များ ပြီးမြောက်မှုပေါ်အခြေခံပြီး ပရိုဂရမ်အဖွဲ့က ဧည့်သည်များကို အချက်အလက်အချို့ ပေးလိမ့်မည်ဖြစ်သည်။ အယောင်ဆောင်၏သရုပ်မှန်ကို ထုတ်ဖော်နိုင်ရန် ဧည့်သည်များက ပရိုဂရမ်အဖွဲ့ကထုတ်ပေးသည့် အချက်အလက်များကို သုံးရန်လိုပေသည်။


သို့သော် အယောင်ဆောင်သူက လူတိုင်းထက် တာဝန်များကိုစောပြီး ပြီးမြောက်ပါက ဧည့်သည်များအား ပေးသောအချက်အလက်များက ပြောင်းလဲလာသော အချက်အလက်ဖြစ်လာမည်ဖြစ်ပြီး အယောင်ဆောင်သူကလည်း သူတို့၏ကိုယ်ပိုင်အထောက်အထားကို သိရှိနိုင်ကြောင်းကိုလည်း ဧည့်သည်များက သတိထားရန် လိုအပ်ပေသည်။


ပြီးလျှင် မစ်ရှင်များထဲတွင် လျှို့ဝှက်မစ်ရှင်ကလည်း ရှိနေသေး၏။ လျှို့ဝှက်မစ်ရှင်ကို အောင်မြင်မှသာလျှင် ဧည့်သည်များက သူတို့၏ကိုယ်ပိုင် အထောက်အထား အချက်အလက်ကို ရရှိနိုင်မည်ဖြစ်သည်။


ရှိုး၏ရိုက်ကူးရေး နောက်ဆုံးရက်တွင် ဧည့်သည်များက အဖြေဘုတ်တွင် အယောင်ဆောင်၏အမည်ကို ချရေးရပေမည်။


အယောင်ဆောင်၏သရုပ်မှန်ကို ကောက်ချက်ချနိုင်လျှင် ဧည့်သည်များက နောက်ဆုံးဆုကို အနိုင်ရမည်ဖြစ်သည်။


ဆန့်ကျင်ဘက်အနေဖြင့် အယောင်ဆောင်က သူ့သရုပ်မှန်ကို ဖုံးကွယ်ထားနိုင်ပါက အယောင်ဆောင်က နောက်ဆုံးဆုလာဘ်ကို ရရှိသွားမည်ဖြစ်သည်။


ဂိမ်းစည်းမျဥ်းများကို လေ့လာပြီးနောက် လူတိုင်းက ထိတ်လန့်သွားကြသည်။ 


"ဒီတစ်ခေါက်က အဲ့လောက်တောင် ခက်တာလား..."

ဝေ့ပေက မနေနိုင်ဘဲ ကြေကွဲစွာ ဝမ်းနည်းညည်းညူလိုက်သည်။


ယဲ့ဇယ်ရှစ်က နားလည်သွားပြီး သူ့နံဘေးရှိ ဟယ့်ကျင်းယွင်ကို ကြည့်လိုက်သည်။

"တခြားတစ်မျိုးပြောရမယ်ဆိုရင် သူကိုယ်တိုင်ကလွဲပြီး လူတိုင်းက ရန်သူဖြစ်နိုင်တာပဲ..."


"အုပ်စုဖွဲ့တာရဲ့ အဓိပ္ပါယ်ကဘာလဲ..."

ယို့ကျားက မေးလိုက်သည်။


ဟယ့်ကျင်းယွင်က ဒါရိုက်တာကို မေးလိုက်သည်။

"အုပ်စုဖွဲ့ရတဲ့ ရည်ရွယ်ချက်က အချက်အလက်တွေကို ဝင်အနှောင့်အယှက်ပေးဖို့ ဖြစ်နိုင်မလား..."


ဒါရိုက်တာက ခေါင်းယမ်းလိုက်သည်။

"အုပ်စုဖွဲ့တာက သတင်းအချက်အလက်တွေကို ဝင်အနှောင့်အယှက်ပေးဖို့ မဟုတ်ဘူး...ဒါရိုက်တာအဖွဲ့က လိုအပ်တဲ့ အမေးအဖြေကဏ္ဍတွေမှာ ညာမှာမဟုတ်ပါဘူး...မင်းတို့မှာ ဘာသံသယရှိသေးလဲ..."


ဟယ့်ကျင်းယွင် မျက်ခုံးပင့်လိုက်သည်။


ယဲ့ဇယ်ရှစ်၏မျက်ဝန်းများ ကျဥ်းမြောင်းသွားပြီး ဟယ့်ကျင်းယွင် တစ်ဖက်လူ၏မျက်လုံးနှင့် ဆုံသွားကာ တစ်ချိန်တည်းမှာပင် အခြားတစ်ဖက်က ဘာကိုဆိုလိုသည်ကို သူ နားလည်သွားသည်။


အယောင်ဆောင်က တစ်ယောက်ထက်ပိုတယ်...



🎶🎶🎶