Chapter 95
Viewers 21k

🎶 Chapter 95



"ကျော်ကြားသော စစ်သူကြီး" ပရိုမိုးရှင်းအတွက် အထူးတိုက်ရိုက်ထုတ်လွှင့်မှုအခန်းတစ်ခုရှိပြီး ပရိသတ်အများအပြားက ကြိုရောက်နေခဲ့ကြသည်။


မကြာသေးမီက အင်တာနက်တစ်ခွင်လုံး၌ ရေပန်းစားလာသော ဟယ့်ရှစ်CPဖန်များအနေဖြင့် ပို၍စိတ်လှုပ်ရှားနေခဲ့ကြသည်။  


ဒါက ဟယ့်ကျင်းယွင်နဲ့ ယဲ့ဇယ်ရှစ်တို့ သူတို့ရဲ့ CP ပေါ်လာပြီးကတည်းက စင်ပေါ်မှာအတူရှိတဲ့ ပထမဦးဆုံးအကြိမ်ပဲ...


CP ဖန်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ်လွဲချော်နိုင်မှာလဲ...


သို့သော် ပရိသတ်များကို စိတ်ပျက်စေသည်မှာ ယနေ့၌ ဟယ့်ရှစ်အတွဲက "အစားအသောက်နှစ်သက်သူတစ်ယောက်၏ မှတ်တမ်း" မှာကဲ့သို့ မချိုမြိန်နေခြင်းဖြစ်သည်။ 


သူတို့က အပြန်အလှန်အဆက်အဆံမရှိနေတာ မဟုတ်ပေမယ့် ငါတို့ CP ဖန်တွေမျှော်နေသလို အချင်းချင်းခိုးကြည့်တာ သေးငယ်တဲ့အပြုအမူလုပ်တာတွေ မရှိနေဘူး...


မှတ်ချက်ဧရိယာရှိ CP ဖန်များက မလွဲမသွေ စိုးရိမ်လာခဲ့ကြသည်။


[ဟေး...ဒီနေ့ရှစ်ရှစ်နဲ့ ရုပ်ရှင်ဧကရာဇ်ဟယ့်ကြားမှာ တုံ့ပြန်မှုမရှိဘူးလို့ ဘာလို့ခံစားနေရတာပါလိမ့်...]


[မင်းတစ်ယောက်တည်းမဟုတ်ဘူး...]


[ဒါက ရသစုံရှိုးရိုက်နေတာမဟုတ်ဘူးလေ.... 'ကျော်ကြားသော စစ်သူကြီး' ဇာတ်ကားရဲ့ပရိုမိုးရှင်းဆိုတော့ အပြန်အလှန်ဆက်ဆံရေးတစ်ခု ဖန်တီးချင်ရင်တောင် ဒီအချိန်မှာ ပွင့်ပွင့်လင်းလင်းလုပ်လို့မရဘူး...ဟုတ်တယ်ဟုတ်...]


[အဲဒါအဓိပ္ပာယ်ရှိတယ်...]


[နင်တို့ CPဖန်တွေ ကိုယ့်ကိုကိုယ်ထိန်းလို့မရဘူးလား...ငါတို့အားလုံး ဟယ့်ရှစ်CPကို သိပေမယ့် အခုလောလောဆယ် 'ကျော်ကြားသော စစ်သူကြီး' အကြောင်းပြောနေကြတာလေ...]


[တောင်းပန်ပါတယ် တောင်းပန်ပါတယ်...]


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိနေကြသော ဖန်များက ဟယ့်ရှစ်ဖန်များသာမဟုတ်ဘဲ အခြားသရုပ်ဆောင်များ၏ ဖန်များအပြင် ယဲ့ဇယ်ရှစ်နှင့် ဟယ့်ကျင်းယွင်တို့၏ တစ်ဦးတည်းဖန်များလည်း ပါပေသည်။ 


ဟယ့်ရှစ် CPက ကောင်းမွန်သော ဆက်ဆံရေးရှိကာ အခြားအချိန်များတွင် သူတို့လည်း ထိုCPဖန်များနှင့်အတူ လိုက်ကြည့်ပြီး ပျော်ရွှင်ပေးနိုင်သော်လည်း ယခုက ရုပ်ရှင်ပရိုမိုးရှင်းပွဲဖြစ်နေကာ လူတိုင်းက သူတို့၏ အနုပညာရှင်များကို ကြည့်ရန် တိုက်ရိုက်ထုတ်လွှင့်မှုဆီသို့ ဝင်ခဲ့ကြခြင်းဖြစ်သည်။ ဤကဲ့သို့ ကောမန့်ဧရိယာတွင် CPဖန်များ၏ မှတ်ချက်များ မှိုလိုပေါက်နေသည်ကို မြင်ရပါက သေချာပေါက် စောဒကတက်မိလိမ့်မည်ဖြစ်သည်။


ဟယ့်ရှစ် CP၏ အမာခံဖန်အကြီးစားလည်း ၎င်းကိုတွေ့ရှိပြီး CP ဂရုချက်ထဲရှိ လူတိုင်းကို အလျင်အမြန် မန်းရှင်းခေါ်၍ မှတ်ချက်ပေးသည့်နေရာ၌ အနည်းငယ်ဂရုစိုက်ရန် တောင်းဆိုခဲ့သည်။ 


ဟယ့်ရှစ် CP ဖန်များကလည်း လျင်မြန်စွာ တိတ်ဆိတ်သွားခဲ့ကြသည်။


သေချာစွာပင် ၎င်းကသေးငယ်သော ပြဿနာဖြစ်သောကြောင့် မည်သူမှစိတ်ထဲမထားခဲ့ကြချေ။ 


သို့သော် သူတို့ တစ်ညလုံးစောင့်ကြည့်နေသည့်တိုင် ဟယ့်ရှစ်CP ကြား မည်သည့် တုံပြန်မှုမှ မတွေ့ရသေးချေ။ CPဖန်များက သူတို့၏ မျက်နှာပေါ်တွင် စိုးရိမ်မှုများကိုမပြသခဲ့သော်လည်း စိတ်ထဲတွင်မူ စိုးရိမ်စိတ်ဖြင့် သေလုနီးပါး ဖြစ်နေကြပြီဖြစ်၏။ 


များစွာသောဖန်များ သည်းမခံနိုင်တော့စဉ်မှာပင် သတင်းထောက်၏ မေးခွန်းကိုကြားလိုက်ရသည်။ 


"???????????"


[လာနေပြီ လာနေပြီ... ဘာဖြစ်တော့မှာလဲ...]


[နောက်ဆုံးတော့ စိတ်လှုပ်ရှားစရာအခိုက်အတန့်လေးရောက်လာပြီ...]


[ငါလည်း ဟယ့်ရှစ်နာမည်ကို ကြားလိုက်တယ်...ဝူးဟူး ငါတို့အချိန်ရောက်ပြီ...]


[နောက်တစ်ဆင့်က စိတ်လှုပ်ရှားစရာ လက်ထပ်တာကိုအသိအမှတ်ပြုတဲ့အပိုင်းပဲ...ဝူးဝူး ငါအရမ်းစိတ်လှုပ်ရှားနေပြီ...]


[စိတ်လှုပ်ရှား +1 ]


[ဒီတော့ ဘယ်လိုဖြေမှာလဲ ဘယ်လိုလဲ...]


[ငါအရမ်း မျှော်လင့်နေမိပြီ...]


[ဟယ့်ရှစ်CP ဂုဏ်ပြုပါတယ်...လာ ငါနဲ့အတူရွတ်ကြရအောင်...]


[ဂုဏ်ပြုပါတယ်...]


တိုက်ရိုက်စကားပြောခန်းထဲ၌ စိတ်လှုပ်ရှားမှုများဖြင့်ပြည့်သွားပြီး ပို၍ဆူညံလာခဲ့သည်။


ဟယ့်ကျင်းယွင်က ကူကယ်ရာမဲ့စွာ ပြုံးပြီး တစ်ဖက်ရှိ ယဲ့ဇယ်ရှစ်ကို ခေါင်းလှည့်ကြည့်ကာ အပြုံးဖြင့်ပြောလိုက်သည်။

"မင်း အရင်ဖြေချင်လား..."


ယဲ့ဇယ်ရှစ်က ခေါင်းအနည်းငယ်မော့ပြီး ဟယ့်ကျင်းယွင်ကို ခဏခန့်စိုက်ကြည့်လိုက်သည်။  


ထိုလူ၏ မျက်လုံးများက ခါတိုင်းလိုပင် နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ပြုံးနေခဲ့သည်။


ယဲ့ဇယ်ရှစ်၏ နှလုံးသားက အနည်းငယ် တုန်ခါသွားခဲ့သည်။ 

ဒီမျက်နှာက ငါ့နှလုံးသားကို လှုပ်ခါစေတာတော့ လက်ခံရမယ်...


ယဲ့ဇယ်ရှစ်က အောက်နှုတ်ခမ်းကိုကိုက်ပြီး ပြောလိုက်သည်။ 

"ဟယ့်လောင်ရှီး အရင်ဖြေပါ..."


သူ ဟယ့်ကျင်းယွင်၏အဖြေကို ဦးစွာကြားချင်မိသည်။


"အိုး...သူတို့နှစ်ယောက်က အချင်းချင်း မေးခွန်းထုတ်နေကြတာပဲ မဖြေချင်ကြဘူးလား..." 

Host၏အသံက အချိန်ကိုက်ထွက်ပေါ်လာခဲ့သည်။ 

"ကျွန်တော်အရင်ရှင်းပြပါရစေ...ဒီမေးခွန််းကို လူတိုင်းသိချင်နေကြမယ်လို့ထင်ပါတယ်...ဒါကိုဖြေဖို့ ရှောင်မယ်ဆိုရင် ကျွန်တော်က ပထမဆုံးသဘောမတူတဲ့ လူဖြစ်လိမ့်မယ်..." 


သူပြောပြီးသည်နှင့် လူအုပ်ကြီးက အားပေးမှုများဖြင့် တုံ့ပြန်လာခဲ့သည်။ 


ကောင်းရှူက စိုးရိမ်နေပုံရသည်။ သူ ယမန်နေ့က ယဲ့ဇယ်ရှစ်ကို ပေးခဲ့သည့် စာအုပ်ထဲ၌ ဤမေးခွန််းအတွက် အဖြေရှိသော်လည်း ယဲ့ဇယ်ရှစ် ဖတ်ဖြစ် မဖြစ်ကို သူ မသိချေ။


ပြီးတော့ Hostရေ မင်းက ဘယ်ဘက်ကလဲ... 

                                                                                                                                                                                       á€…င်ပ္ဍ်ရသိ ဟယ့်ကျင်းယွင်က ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။ 

"စိတ်မပူပါနဲ့...ကျွန်တော်တို့ ထွက်မပြေးပါဘူး..."


သူက ခဏခန့်ရပ်ပြီးနောက် ဆက်ပြောလိုက်သည်။ 

"ပြီးတော့ ထွက်ပြေးစရာအကြောင်းလည်းမရှိဘူးလေ..." 


သူ့လေသံက သာမန်အကြောင်းအရာတစ်ခုပြောနေသကဲ့သို့ တည်ငြိမ်နေခဲ့သည်။


အားပေးသံများက ပို၍ကျယ်လောင်လာခဲ့သည်။


တိုက်ရိုက်ထုတ်လွှင့်မှုစကားပြောခန်းက ပို၍ပေါက်ကွဲလာခဲ့သည်။


[ဘာမှပြေးစရာမရှိမလိုဘူးတဲ့... အဆင်ပြေတယ်တဲ့...]


[အားးး တရားဝင်တံဆိပ်ခေါင်းလိုသေးလား...]


[ဒါဆို ရုပ်ရှင်ဧကရာဇ်ဟယ့်လည်း သိတာပေါ့...]


[ယဲ့ဇယ်ရှစ်လည်း သိတာပေါ့...အေးပေါ့လေ... အင်တာနက်အသုံးပြုသူတစ်ယောက်အနေနဲ့ ယဲ့ဇယ်ရှစ် ဘယ်လိုလုပ်မသိဘဲနေမလဲ...]


[ +1 ရုပ်ရှင်ဧကရာဇ်ဟယ့် သိမယ်လို့မထင်ထားပေမယ့်...ယဲ့ဇယ်ရှစ်ကတော့ သေချာပေါက်သိတယ်...]


[မဟုတ်သေးဘူး မဟုတ်သေးဘူး...သူတို့နှစ်ယောက် ဖြေတောင်မဖြေရသေးဘူးဆိုပေမယ့် ငါ့နှလုံးသားက ထိန်းလို့မရအောင် မြန်နေပြီ...]


[ငါရှစ်တဲ့ CPတိုင်းက တကယ့်အစစ်လို့အမြဲတမ်းခံစားခဲ့ရတာ...]


[မင်းတစ်ယောက်တည်းမဟုတ်ဘူး...]


"..."


ဟယ့်ကျင်းယွင်က ပရိသတ်များထံမှ အားပေးသံကိုကြားပြီးနောက် မနေနိုင်ဘဲ ယဲ့ဇယ်ရှစ်ကို ထပ်ကြည့်လိုက်သည်။ 


ဤတစ်ကြိမ်တွင် ယဲ့ဇယ်ရှစ်က မရှောင်ရှားဘဲ ဟယ့်ကျင်းယွင်ကို ကြည့်လာခဲ့သည်။


ဟယ့်ကျင်းယွင်၏ နှလုံးသားက ရုတ်တရက် လျင်မြန်စွာခုန်ပေါက်လာခဲ့သည်။ 


ထို့နောက်တွင် သူက မိုက်ခရိုဖုန်းကို မြှောက်ပြီး သူ၏ သံလိုက်ကဲ့သို့အသံက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းနှင့် စင်ပေါ်၌ တစ်ချိန်တည်းထွက်လာခဲ့သည်။


"ကျွန်တော် ဟယ့်ရှစ်CPကို သိပါတယ်... ပြီးတော့ ကျွန်တော့်ဖန်တွေကလည်း CP ဖန်တွေပေါ် ကျွန်တော့်အမြင်ကို နားလည်ထားသင့်ပါတယ်..."


တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ ဖန်များ-


[အေးပါ သူက တခြား CPတွေကို လက်ဗလာနဲ့ တိုက်ရိုက်ဆွဲချလိုက်တာပဲ...]


[ဟယ့်ရှစ် CPဖန်တွေကလွဲရင် တခြား CPဖန်တွေအားလုံး တကယ်စိတ်ဆင်းရဲနေပါပြီနော်...]


[ဒါဆို သူက အားလုံးသိထားပေမယ့် လူထုထဲ ဘာမှမချပြခဲ့တာပေါ့...အခုမှ ဟယ့်ရှစ်CPကို လက်ခံလိုက်တာ...]


[မျှော်လင့်ထားတဲ့အတိုင်း ငါတို့ရဲ့အိုင်ဒေါပဲ...ငါတို့အရင်တည်းက သိထားပြီးသား... ]


[မေ့လိုက်တော့... ဒီဝေလငါးဖန်လေးက အဲဒါကို ဂရုစိုက်ဖို့ ပျင်းလွန်းတယ်...]


[ဒါက သွယ်ဝိုက်ဝန်ခံလိုက်တာလား...]


"...."


ဟယ့်ကျင်းယွင်၏ အသံက တစ်ဖန်ထွက်လာခဲ့သည်။ 

"ကျွန်တော် ဘယ်လိုတွေးလဲလို့ မေးရင်တော့..." 


ခဏခန့်ရပ်ပြီးနောက် သူဆက်ပြောခဲ့သည်။ 

"လူတိုင်းပျော်နေသရွေ့ ကျွန်တော့်မှာ သိပ်ပြီးထင်မြင်ချက်မရှိပါဘူး... ဇယ်ရှစ်နဲ့ ကျွန်တော်က သူငယ်ချင်းကောင်းတွေဆိုတော့ သာမန်သူငယ်ချင်းတွေထက် သေချာပေါက်ပိုရင်းနှီးတာပေါ့..."


[ဒါဆို မင်းတို့နှစ်ယောက်က သာမန်သူငယ်ချင်းတွေ မဟုတ်ဘူးလား..."]


ကောမန့်ဧရိယာရှိ အင်တာနက်အသုံးပြုသူများကလည်း အဓိကအချက်ကို ဖမ်းဆုပ်ရာတွင် တော်ပေသည်။ 


[ဒါဆို သာမန်သူငယ်ချင်းတွေ မဟုတ်ဘူးလား...သေစမ်း...သူတို့က ဘယ်လိုသူငယ်ချင်းတွေလဲ...သူငယ်ဂျင်းတွေလား...]


[အမှန်ပဲ...]


[သူတို့ သူငယ်ချင်းတွေဆိုတာ ငတုံးတွေပဲ ယုံလိမ့်မယ်...]


[ဒီလောက် အကြာကြီးထိန်းထားပြီး သာမန်သူငယ်ချင်းတွေထက် ပိုတဲ့သူငယ်ချင်းတွေလို့ပြောခဲ့တယ်ပေါ့...တကယ် တစ်ခုခုတော့ တစ်ခုခုပဲ...]


[ငါ မျက်စိစုံမှိတ်ပြီး ခန့်မှန်းကြည့်မယ်... ခဏနေကျရင် ရှစ်ရှစ်က သူတို့က သာမန်သူငယ်ချင်းတွေပါလို့ သေချာပေါက် ပြောလိမ့်မယ်...]


[ဟားဟားဟား ငါလည်းအဲ့လိုပဲထင်တယ်...]


[သူတို့ကသူငယ်ချင်းတွေဆိုပေမယ့် အရမ်းချိုတာပဲ...]


[ငါတို့သင်္ဘောကြီး ချောချောမွေ့မွေ့ ရွက်လွှင့်နေပြီဟေးး...]


[ကျေးဇူးပြုပြီး ဒီလောက်မချိုတော့လို့ရမလား...]


[ဝူးဝူးး မင်းတို့က သူငယ်ချင်းကောင်းတွေဆိုရင် ဘာလို့စောစောတည်းက တုံ့ပြန်တာမျိုးမလုပ်ကြတာလဲ...]


[ငါသိတယ်... သူတို့က ငါတို့ တွေ့သွားမှာကြောက်နေတာပဲ...]


[ဟားဟားဟား သူတို့က ငါတို့တွေ့သွားမှာကြောက်နေတာ+1...]


တိုက်ရိုက်ထုတ်လွှင့်မှု စကားပြောခန်းက သက်ဝင်လှုပ်ရှားနေပြီ ပရိသတ်များပင်လျှင် သူတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းထားနိုင်ခဲ့ချေ။  


Hostကလည်း မေးလာခဲ့သည်။ 

"ဒါဆို ရုပ်ရှင်ဧကရာဇ်ဟယ့် CPဖန်တွေအပေါ် ဘယ်လိုသဘောထားလဲ..."


ဟယ့်ကျင်းယွင်က ပြုံးလိုက်သည်။  

"လူတိုင်း သူတို့လိုချင်သလို ship လို့ရပါတယ်..."


"အိုး..."


စင်ပေါ်၌ ငြိမ်သက်နေဆဲဖြစ်သော တစ်ဦးကိုပြောရပါက သေချာပေါက် ယဲ့ဇယ်ရှစ်ပင်ဖြစ်သည်။


ထိုအချိန်တွင် ယဲ့ဇယ်ရှစ်၏ စိတ်ထဲ၌ စကားတစ်ခွန်းသာရှိနေခဲ့သည်။


သူငယ်ချင်းကောင်း...


နားလည်သွားပြီ...


အဲဒီလိုပေါ့လေ...

 

ငါက ဟယ့်ကျင်းယွင်ရဲ့စိတ်ထဲမှာ တခြားသာမန်သူငယ်ချင်းတွေထက် နည်းနည်းလေးပိုသာတဲ့လူပေါ့...


ခန့်မှန်းကြည့်ရအောင် သူ့ရဲ့အလေးပေးဆက်ဆံတာတွေက ငါတို့ အိမ်နီးနားချင်းဖြစ်တာနဲ့ဆိုင်နေမလား...


ဒါကြောင့် ဟယ့်ကျင်းယွင်က ငါ့ကို အထူးဂရုစိုက်ခဲ့တာပေါ့...


"သူငယ်ချင်းကောင်း" ဟူသော စကားလေးလုံးက ယဲ့ဇယ်ရှစ်၏ခေါင်းပေါ် ရေအေးလောင်းချလိုက်သကဲ့သို့ အေးစက်မှုနှင့်အတူ တုန်ရီသွားစေခဲ့သည်။ 


ဒါပေမယ့် ဒီရှင်းပြချက်က ပုံမှန်ပဲ...


တကယ်တော့ ဟယ့်ကျင်းယွင်က သူနဲ့ role တူတဲ့လူကို မကြိုက်ဘူးလို့ပြောခဲ့ပြီးသားလေ...


အဲဒီတော့ သူက ငါ့ကို သူငယ်ချင်းကောင်းတစ်ယောက်လို့ပဲမြင်မှာပေါ့...


ယဲ့ဇယ်ရှစ်၏ မျက်လုံးထဲရှိ အလင်းရောင်က အနည်းငယ်မှိန်ဖျော့သွားခဲ့သည်။     

                                                                                                                                                                    သူ စကားပြောရန် အလှည့်သို့ကျလာချိန်တွင် ယဲ့ဇယ်ရှစ်က မိုက်ခရိုဖုန်းကို ကောက်ကိုင်ပြီး အမူအရာမပြောင်းဘဲ ပရိသတ်များဆီသို့ တောက်ပစွာ ပြုံးပြလိုက်သည်။  


"ဟုတ်ပါတယ် ဟယ့်လောင်ရှီး ပြောသလိုပဲ ကျွန်တော်တို့က ရင်းနှီးတဲ့ သူငယ်ချင်းတွေဆိုတော့ လူတိုင်းနားလည်မှုလွဲစေတဲ့ အပြုအမူတွေကို လုပ်ခဲ့မိတယ်ထင်တယ်... ကြည့်ရတာ နောက်ဆို အကွာအဝေးနည်းနည်းထားရမယ်ထင်တယ်..."


စနောက်နေပုံရသော စကားက စင်မြင့်ကို အားပေးသံများနှင့် ပြည့်သွားစေခဲ့သည်။ 


တိုက်ရိုက်စကားပြောခန်းထဲတွင်လည်း စိတ်လှုပ်ရှားနေကြသည်။ 


[အားအားအား တကယ်ကြီးပဲ...]


[သူတို့က ဘယ်လိုသူငယ်ချင်းတွေလဲ... ရုပ်ရှင်ဧကရာဇ်ဟယ့်ပြောသမျှကို သူ လိုက်သဘောတူနေတာပဲ ...]


[နင်တို့ဘာသိလို့လဲ... ဒါက သူ့လောင်ကုန်းနောက်ကို ဟာမိုနီလိုက်တာလို့ခေါ်တယ်...]


[အံ့ဩစရာပဲ...ဟာမိုနီလိုက်တာကောင်းချက်...]


စိတ်လှုပ်ရှားနေသူများကြား ဟယ့်ကျင်းယွင်တစ်ဦးကသာ မပျော်မရွှင်ဖြစ်နေပြီး သူ၏နှုတ်ခမ်းထောင့်ရှိ အပြုံးက အနည်းငယ် လျော့ကျသွားခဲ့သည်။


တစ်ခုခုမှားနေပြီ...


ယဲ့ဇယ်ရှစ်၏ လေသံက အဆင်ပြေနေပြီး သူ၏ စနောက်မှုက ပို၍ပင် အဆင်ပြေနေသည်။ 


သို့သော် ဟယ့်ကျင်းယွင်၏စိတ်ထဲ ကို့ယို့ကားယားနိုင်သော ခံစားချက်တစ်ခုရှိနေခဲ့သည်။ 


ယဲ့ဇယ်ရှစ် နောက်ဆုံးပြောလိုက်သောစကားက ဟယ့်ကျင်းယွင်အတွက် စနောက်နေဟန်မရချေ။


ယဲ့ဇယ်ရှစ်က...


တကယ်ကြီး ငါနဲ့ ဝေးဝေးနေချင်နေတာလား...


ဟယ့်ကျင်းယွင် ရုတ်တရက် စိုးရိမ်လာခဲ့သည်။


ငါ ဘယ်ခြေလှမ်းမှားသွားလို့လဲ...


ယဲ့ဇယ်ရှစ်က ငါ့ခံစားချက်တွေကို သဘောပေါက်သွားခဲ့တာလား...


အဲဒါများလား...


ယဲ့ဇယ်ရှစ် ငါ့ခံစားချက်တွေကို ရှာတွေ့သွားလို့ ဝေးဝေးနေဖို့ရွေးချယ်ခဲ့တာလား...


ထိုသို့တွေးပြီးနောက် ဟယ့်ကျင်းယွင်၏ မျက်ဆံများက အနည်းငယ်ကျုံ့ဝင်သွားခဲ့သည်။


တကယ်သာ ဒီလိုဆိုရင်...


ဟယ့်ကျင်းယွင်၏ လက်များအနည်းငယ် တင်းကျပ်သွားခဲ့သည်။ 


ငါ ပြီးရင် ယဲ့ဇယ်ရှစ်နဲ့ အမြန်ဆုံးရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ရမယ်...


"လူတိုင်းရဲ့ တုံ့ပြန်မှုကို ကြည့်ရသလောက်တော့ မင်းတို့နှစ်ယောက်ကြား အကွာအဝေးမထားတာ ပိုကောင်းမယ်ထင်တယ်..." 

Hostက ရယ်မော ပြောလာခဲ့သည်။ 


ယဲ့ဇယ်ရှစ်က ကင်မရာဆီသို့ ကူကယ်ရာမဲ့စွာ ပြုံးပြလိုက်သည်။ 


ဟယ့်ကျင်းယွင်၏ နှုတ်ခမ်းထောင့်များကလည်း အနည်းငယ်ကွေးသွားခဲ့သည်။


သို့သော် သူတို့ကို ရင်းနှီးသူများက သူတို့၏ မျက်လုံးထဲရှိ ပူပန်မှုကို မြင်နိုင်ကြပေသည်။ 


သူတို့ မပျော်နေကြဘူး... 


ထန်ကျင့်က သူတို့နှစ်ဦးကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီး သူ့မျက်လုံးများထဲ အတွေးများ ပြည့်သွားခဲ့သည်။ 


ချန်ကျန့်ထျန်းပင်လျှင် တစ်ခုခုကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်ကာ မည်သူမှ အာရုံမစိုက်နေချိန်၌ ဟယ့်ကျင်းယွင်၏ ပုခုံးကိုပုတ်၍ အသံလျှော့မေးခဲ့သည်။ 

"ဘာဖြစ်နေတာလဲ..."


ဟယ့်ကျင်းယွင်က သူ့နှုတ်ခမ်းသူ ဖိလိုက်သည်။ 

"ဘာကိုလဲ..." 


ချန်ကျန့်ထျန်းက နှာမှုတ်လိုက်၏။ 

"ငါ့ရှေ့မှာတောင် ဟန်ဆောင်နေသေးတယ်ပေါ့..."


ဟယ့်ကျင်းယွင်က ခေါင်းကိုက်သွားပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ မည်သူမှ သူတို့ကို ဂရုမစိုက်နေကြောင်းသိသည်နှင့် အသံတိုး၍ ပြောလိုက်သည်။ 

"ဒီမှာပြောလို့ သိပ်မကောင်းဘူး..." 


"ရတယ်..."  

တစ်ခါတလေ ချန်ကျန့်ထျန်းက ပြောရဆိုရလွယ်ပေသည်။ 

"ဒါဆိုပြီးရင် စင်နောက်မှာပြောကြတာပေါ့..."


ဟယ့်ကျင်းယွင်က နှစ်စက္ကန့်ခန့် စဉ်းစားပြီးနောက် သဘောတူလိုက်သည်။


ဘာပဲဖြစ်ဖြစ် ငါလည်းဘာလုပ်ရမှန်း မသိနေဘူးလေ...ချန်ကျန့်ထျန်း ငါ့ကို အကြံဉာဏ်ပေးချင်စိတ်ရှိတာ ပိုတောင်ကောင်းသေးတယ်...


အမေးအဖြေကဏ္ဍက လျင်မြန်စွာ ပြီးဆုံးသွားပြီး ပထမဆုံးအကြိမ် ပရိုမိုးရှင်းပြီးဆုံးသွားပြီဟု ကြေညာခဲ့သည်။ 


ချန်ကျန့်ထျန်းက ဟယ့်ကျင်းယွင်ကို အဝတ်လဲခန်းဆီသို့ ချက်ချင်း ဆွဲခေါ်သွားခဲ့သည်။ 


ဟယ့်ကျင်းယွင် မူလက ယဲ့ဇယ်ရှစ်ကို ခေါ်ချင်ခဲ့သော်လည်း ဆွဲခေါ်ခံလိုက်ရသောကြောင့် ၎င်းကို ခဏခန့်လက်လျှော့ရုံသာတတ်နိုင်ခဲ့သည်။ 


ချန်ကျန့်ထျန်းနဲ့ အရင်စကားပြောတာ ပိုကောင်းတယ်...ဒါမှ တကယ့်အချိန်အတွက် ပြင်ဆင်လို့ရမှာ...


တစ်ချိန်တည်းမှာပင် ထန်ကျင့်က ယဲ့ဇယ်ရှစ်ကို တားခဲ့သည်။ 


ယဲ့ဇယ်ရှစ် အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ရာ ထန်ကျင့်ဖြစ်သည်ကို တွေ့လိုက်ရသည်။ သူက သက်ပြင်းတစ်ချက်ချပြီး အပြုံးဖြင့်မေးလိုက်သည်။

"ဘာကိစ္စရှိလဲ ထန်ထန်..."


ထန်ကျင့်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် တင်းကျပ်သွားခဲ့သည်။

"ငါ မင်းနဲ့ ပြောချင်တာလေးတစ်ခုရှိလို့ အဆင်ပြေရဲ့လား..."


"ဒါပေါ့..." 

ယဲ့ဇယ်ရှစ်ပြောလိုက်သည်။  

"နားနေခန်းထဲ သွားကြရင်ရောဘယ်လိုလဲ..."


ထန်ကျင့် ခေါင်းညိတ်ပြလိုက်၏။



🎶🎶🎶