Chapter 107
Viewers 21k

🎶 Chapter 107


ယဲ့ဇယ်ရှစ်၏နားရွက်များက ​သွေးများစီးကျမတတ် ရဲတွတ်​နေပြီး မျက်ဝန်းများက မယုံနိုင်မှုများဖြင့် ပြူးကျယ်​သွားကာ ဟယ့်ကျင်းယွင်အား ခက်ထန်ကြမ်းကြုတ်စွာ ကြည့်လိုက်သည်။
"ဒီ​လောက်​လေးနက်တဲ့​မေးခွန်းကို ခင်ဗျားရယ်ရဲတယ်​ပေါ့..."

ဟယ့်ကျင်းယွင် သူ့ပါးစပ်အား မထိန်းနိုင်ဘဲ ရယ်​မောသံများက ပို၍ပင် ဟက်ဟက်ပက်ပက် ဖြစ်လာခဲ့သည်။

ရယ်ခံလိုက်ရ၍ ယဲ့ဇယ်ရှစ် မသက်မသာဖြစ်သွားခဲ့သည်။
"ခင်ဗျား ဘာရယ်​နေတာလဲ...ဘာက အဲ့​လောက်ရယ်ရလို့လဲ...ဘာက အဲ့​လောက်ရယ်စရာ​ကောင်း​နေတာလဲလို့..."

ဟယ့်ကျင်းယွင် ခက်ခက်ခဲခဲ ပြန်ထိန်းလိုက်ရလေ၏။ ထိုအခိုက် သူတစ်စုံတစ်ရာကို အတည်ပြုချင်သွားပြီး မေးလိုက်သည်။
"ဒီဟာကြောင့် မင်း ကိုယ့်ကို ရုတ်တရက်ကြီး စိမ်းကားသွားတာလား..."

ယဲ့ဇယ်ရှစ်၏အမူအရာက ​ပြောင်းလဲသွားသည်။

ဟယ့်ကျင်းယွင် ​သေချာသွား​လေ၏။
"ဒီ​တော့ ပြဿနာကြုံရတာက ​ဝေ့လီ​ဖေးမဟုတ်ဘဲ မင်း​ပေါ့​လေ..."

ယဲ့ဇယ်ရှစ် : "..."

ဖာခ့်ပဲဟေ့...

ဒီလူက ​သောက်ရမ်းဥာဏ်​ကောင်းလွန်းတယ်...

"ခင်ဗျား အခုထိ ကျွန်​​​တော့် ​မေးခွန်းကို​ မ​ဖြေရ​သေးဘူး​နော်..."
ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို​ ဖြေရန်ငြင်းကာ သူ့​မေးခွန်းကို တိုက်ရိုက်​ ​ရှောင်လိုက်​လေ၏။

ဟယ့်ကျင်းယွင်က ပြုံးပြကာ ရိုးစင်းစွာ ​ပြောလိုက်သည်။
"​ကောင်းပါပြီကွာ...ကိုယ့်ကို မင်း​မေးခွန်းကို​ ဖြေခွင့်​ပေး...မင်းအဲ့ဒါကို ကိုယ့်ကိုကိုယ် ကြိုးစားကြည့်ချင်လား..."

ယဲ့ဇယ်ရှစ် တစ်ခဏမျှ မတုံ့ပြန်နိုင်လိုက်​ပေ။
"ဟမ်..."

​နောက်တစ်စက္ကန့်တွင် အမျိုးသားက ​ရှေ့ကို တိုက်ရိုက် ငုံ့ကိုင်းလိုက်​သည်။

​နွေး​ထွေးပြီး စိုစွတ်​နေသည့် အနမ်းတစ်ခုက ယဲ့ဇယ်ရှစ်၏နှုတ်ခမ်း​ထောင့်​လေး​ပေါ် ကျ​ရောက်လာခဲ့​၏။

ဝင်​သက်ထွက်​သက် နွေး​နွေး​လေးက သူ့နှာ​ခေါင်းထိပ်​လေးအား ရိုက်ခတ်​နေပြီး ယဲ့ဇယ်ရှစ်၏အသက်ရှူသံများအား မွန်းကြပ်သွား​စေခဲ့သည်။ သူ့တစ်ကိုယ်လုံးက တုန်ယင်​နေပြီး မသိစိတ်အရ ​နောက်ပြန်ဆုတ်ချင်​သော်ငြား ဟယ့်ကျင်းယွင်က သူ့​နောက်ဆုတ်မှုအားလုံးကို အတင်းအကြပ် ချိုးဖျက်ပစ်လိုက်​၏။

အမျိုးသားက ယဲ့ဇယ်ရှစ်၏​ခေါင်း​နောက်အား လက်တစ်ဖက်ဖြင့် ခိုင်မာစွာ ဆုပ်ကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ သူ့ခါးအား တင်းတင်းကျပ်ကျပ် ဖက်ထား​ကာ ​နောက်ဆုတ်မည်ကို ထိန်းချုပ်လိုက်ပြီး ​ခေါင်းကို ပိုငုံ့ချကာ အနမ်းကို ပိုနက်ရှိုင်းစေလိုက်၏။

အသက်ရှူသံများ မမှန်​တော့ဘဲ ဖရိုဖရဲဖြစ်လာကာ နှုတ်ခမ်းများနှင့် သွားများက အချင်ချင်း ပွတ်တိုက်မိ​နေကြသည်။

ယဲ့ဇယ်ရှစ်မှာ ဆုပ်လည်းစူး စားလည်းရူး အ​ခြေအ​နေဖြင့် အကျပ်ရိုက်​နေ​တော့သည်။

သူ၏အ​ကြောက်တရားနှင့် အကူအညီမဲ့​နေမှုကို ခံစားမိသည့်အလား ဟယ့်ကျင်းယွင်က သူ့ခါးကိုဖမ်းဆုပ်ထားပြီး လက်တစ်ဖက်ဖြင့် ​နောက်ကျောကို ညင်ညင်သာသာ ပွတ်သပ်ကာ ​​ချော့မြှူလိုက်သည်။

"မျက်လုံးမှိတ်ထားလိုက်..."
အမျိုးသား၏အသံက နိမ့်ပြီး သြရှ​နေခဲ့သည်။ သူက ယဲ့ဇယ်ရှစ်၏နှုတ်ခမ်းကို ညင်သာစွာ စုပ်နမ်းလိုက်ပြီး သူ့အသက်ရှူရာမှ အပူ​ငွေ့များအားလုံးက ယဲ့ဇယ်ရှစ်၏ မျက်နှာ​ပေါ် ဖုံးလွှမ်းသွားခဲ့သည်။

ယဲ့ဇယ်ရှစ် ထိုစကားကိုကြားချိန်တွင် မျက်လုံးကို တင်းကျပ်စွာ မှိတ်ချလိုက်သည်။

၎င်းက မွတ်သိပ်ပြီး ကြာရှည်​သော အနမ်းတစ်ခုဖြစ်​ပေသည်။ နှုတ်ခမ်းအား ထပ်တလဲလဲ စုပ်နမ်းခံရပြီး ထောင့်​​သေး​သေးလေးအချို့ကိုပင် မချန်ခဲ့ချေ။

အချိန်ကြာမြင့်စွာ အနမ်းခံလိုက်ရပြီး​​နောက် ယဲ့ဇယ်ရှစ် အသက်ရှူရပ်မတတ် ဖြစ်လာခဲ့သည်။

ဟယ့်ကျင်းယွင် သုန်မှုန်စွာ ရယ်မောလိုက်ပြီး သူ့ရင်ဘတ်ဖြင့် ယဲ့ဇယ်ရှစ်၏ တုန်လှုပ်နေသော ခန္ဓာကိုယ်ကို ဖိလိုက်သည်။ ယဲ့ဇယ်ရှစ်က ထိုအမျိုးသား၏ တီးတိုး​ပြောလိုက်သံကိုသာ ကြားလိုက်ရသည်။
"အသက်ရှူ..."

ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းတစ်ချက် မရှူဘဲမ​​နေနိုင်​တော့ဘဲ ရှူလိုက်ပြီး​နောက် ရုတ်ချည်းပင် အနည်းငယ်မျှ မ​​ကျေမနပ်ဖြစ်ကာ အံကြိတ်ပြီး ​ပြောလိုက်သည်။
"ကျွန်​​တော် သိပါတယ်..."

အမျိုးသား၏ စကား​ကြောင့် ယဲ့ဇယ်ရှစ်၏ ယှဥ်ပြိုင်လိုသည့် ဗီဇက ​ရုတ်တရက်ပင် တောက်​လောက်လာခဲ့သည်။ သူ့​နောက်​ကျောမှ အမျိုးသား၏လက်ကို တွန်းဖယ်လိုက်ပြီး အ​ရှေ့သို့မှီကာ ဟယ့်ကျင်းယွင်၏နှုတ်ခမ်းကို နမ်းလိုက်သည်။

ဟယ့်ကျင်းယွင်၏ မျက်ဝန်းများထဲ အပြုံးရိပ်​လေးထင်သွားပြီး ယဲ့ဇယ်ရှစ်က သူ့ပါးစပ်ကို အရမ်းကာ​ရော မဆင်မခြင် လျက်ကာကိုက်လိုက်​သည်။

ယဲ့ဇယ်ရှစ် မည်သို့ဆက်လုပ်ရမည်ကို မသိသည့်အချိန်မှသာ သူလက်ဦးမှုယူကာ ​နူးညံ့စွာ ပြောလိုက်သည်။
"ပါးစပ်ဟလိုက်..."

လျှာထိပ်လေးက လှစ်ခနဲ​လျှောဝင်သွားပြီး ရစ်ပတ်​နေသည့် တသိမ့်သိမ့် စိတ်လှုပ်ရှားမှုက လျှာဖျားမှ ဦး​ခေါင်းခွံအထိ ပျံ့နှံ့သွားကာ ​နောက်ဆုံး တစ်ကိုယ်လုံး တုန်လှုပ်သွား​​​စေခဲ့သည်။

ယဲ့ဇယ်ရှစ်၏အသက်ရှူသံက ရုတ်တရက်ဆိုသလို မတည်မငြိမ် ဖြစ်လာခဲ့သည်။

ဟယ့်ကျင်းယွင်က စိတ်ပျော့ပျောင်းခြင်း မရှိတော့ဘဲ သူ့လက်ချောင်းများကို ယဲ့ဇယ်ရှစ်၏လက်ချောင်းများကြား ရစ်ပတ်လိုက်ကာ ယဲ့ဇယ်ရှစ်အား သူ့လက်​မောင်းများကြားထဲ ဆွဲသွင်းလိုက်သည်။ လက်​ချောင်းများကို မြဲမြဲဆုပ်ကိုင်လိုက်ပြီး​နောက် စိုစွတ်​သောအနမ်းကို ပိုမို နက်ရှိုင်း​စေလိုက်သည်။

အနမ်းအဆုံးသတ်တွင် နှစ်​ယောက်သား လူချင်းခွဲလိုက်ကြပြီး ယဲ့ဇယ်ရှစ်မှာ အသက်ကို ပါးစပ်ဖြင့်အလုအယက်ရှုရှိုက်​နေရကာ ခြေ​ထောက်များ အလွန်​ပျော့ခွေ​နေ​တော့သည်။

ယဲ့ဇယ်ရှစ် ရုတ်ချည်း အနည်းငယ် ​​ဒေါသထွက်လာသည်။ ကံသီစွာဖြင့် သူ ဆိုဖာ​ပေါ်ထိုင်​နေခဲ့၍ပင်။ သူသာ မတ်တတ်ရပ်​နေလျက် နမ်း​နေပါလျှင် ခြေမခိုင်ဖြစ်သွားမည်ကို သူအမှန်တကယ် ကြောက်ရွံ့မိ​ပေသည်။

ရှက်စရာကောင်းလိုက်တာ​...

သူ့ပါးစပ်​ထောင့်က အနမ်းငယ်စိုစွတ်​နေ​သေးပြီး ယဲ့ဇယ်ရှစ် လက်​မြှောက်ကာ ​အောက်နှုတ်ခမ်းကို သုတ်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းဖိထားလိုက်သည်။

ဘုရားရေ...

"ဘယ်လို​နေလဲ..."
ကြည်လင်သည့် အပြုံးတစ်ပွင့်နှင့် ဟယ့်ကျင်းယွင်၏အသံကို သူ့နားထဲ ကြားလိုက်ရသည်။
"အဆင်​ပြေရဲ့လား..."

ယဲ့ဇယ်ရှစ် သူ့ကို မ​ကျေမနပ် ကြည့်လိုက်သည်။

ဘယ်လောက် ရှက်စရာ​ကောင်းလိုက်တုန်း... ဒီလူက အရမ်းကို ဥာဏ်နီဥာဏ်နက်များလွန်းတယ်...

"ခင်ဗျား...ကျွန်​​တော်နဲ့ ​ဝေး​ဝေး​နေ..."
ယဲ့ဇယ်ရှစ် အသက်ပြင်းပြင်းတစ်ချက် ရှုလိုက်သည်။ ယခု သူစိတ်တည်ငြိမ်သွားရန် လို​နေ​​ပေသည်။

ထိုစကားကိုကြားပြီး ဟယ့်ကျင်းယွင် တိုး​ဖျော့​ဖျော့ ရယ်လိုက်သည်။
"နမ်းပြီးတာ​​နဲ့ ကိုယ့်ကိုမလိုချင်​​တော့ဘူး​ပေါ့..."

ယဲ့ဇယ်ရှစ် အသက်ရှူကျပ်သွားပြီး ဟယ့်ကျင်းယွင်အား ထိတ်လန့်တကြား ကြည့်လိုက်သည်။
"ခင်ဗျားနဲ့ အတူတူရှိချင်တယ်လို့ ကျွန်​​​တော် မ​ပြောဖူးဘူး​လေ ဟုတ်ပြီ​နော်..."

"​ဒါ​ပေမဲ့ မင်းကိုယ့်ကို တွန်းမထုတ်ခဲ့ဘူး​လေ..."
ဟယ့်ကျင်းယွင် ​ပြောလိုက်သည်။

ယဲ့ဇယ်ရှစ်၏မျက်လုံးများ ပြူးကျယ်သွားသည်။

ဒီ​တော့ ငါ ဟယ့်ကျင်းယွင်ကို တွန်းမထုတ်ချင်ခဲ့ဘူး​ပေါ့​...

ခင်ဗျား... ဒီ ထန်နေတဲ့​ ယုန်​ကောင်က​တော့ ခင်ဗျားက ခုခံဖို့ အခွင့်အ​ရေးတစ်ခု​​တောင် မ​ပေးခဲ့ဘူးလေ...ဟုတ်ပြီလား...

ပြီး​​တော့ ပိုအ​ရေးကြီးတာက တစ်​ယောက်​ယောက်က နမ်း​နေတုန်း တန်းလန်းကြီး ဘယ်လိုလုပ် လူ​တွေကို တွန်းထုတ်နိုင်ပါ့မလဲလို့...

ဟယ့်ကျင်းယွင်ကို နမ်းရသည့်ခံစားချက်က 'သိပ်​​​တော့ မဆိုးလှ' ဟု ယဲ့ဇယ်ရှစ်လည်း ခံစားမိသည်။
ကိုယ်နှစ်သက်သ​ဘောကျ​နေတဲ့အရာကို ဘယ်လိုလုပ် တွန်းထုတ်နိုင်ပါ့မလဲ...

သို့သော် ဤအ​ကြောင်းကို ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်အား ​ကျိန်း​သေ ​​ပြောပြလိမ့်မည်မဟုတ်​ချေ။

"ဒါဆို ခင်ဗျား..."
ယဲ့ဇယ်ရှစ် တစ်ခဏမျှ အချိန်ယူပြီး​နောက် ​ပြောလိုက်သည်။
"စကား​ပြောရုံပဲ..."

ဒီအတွက် လုံးဝ မပြင်ဆင်ရ​သေးဘူး​လေ...

ဟယ့်ကျင်းယွင် သူ့​ကြောင့် စိတ်ရွှင်သွားသည်။
"​ဒါ​ပေမဲ့ မင်းမကြိုးစားကြည့်ဘဲ ဘယ်လိုသိမှာလဲ...ပြီး​​တော့ မင်းဘက်က အစမပြုဘဲနဲ့ အဆင်​ပြေတယ်လို့ မင်း ဘယ်လိုလုပ်သိမလဲ..."

ယဲ့ဇယ်ရှစ် သူစတင်လုပ်ဆောင်ခဲ့သည့် အနမ်းကို တွေးလိုက်မိသောအခါ ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားသည်။

သူ့အ​တွေ့အကြုံများအားလုံးက သီအိရီသာဖြစ်ကာ လက်​တွေ့တွင်မူ ပထမဆုံးအကြိမ်ကို ​ကောင်းကောင်း မလုပ်နိုင်​လောက်ပေ။

အ​တွေ့အကြုံမရှိသည့် လူဖြစ်သည့် သူက အ​တွေ့အကြုံရှိပြီးသား ဟယ့်ကျင်းယွင်ထံမှ ခံစားရလိမ့်မည်က ကျိန်းသေ​ သေချာသည်ပင်။

၎င်းက သူ၏ဒုတိယအနမ်းဖြစ်သည်။ သို့သော် ဟယ့်ကျင်းယွင်က သူ၏ခံစားချက်နှင့် အာရုံအားလုံးကို တစ်ချိန်လုံး ဆွဲ​ဆောင်ထားခဲ့သည်။

ဤသည်ကို ​တွေးပြီး ယဲ့ဇယ်ရှစ် စိတ်​ကျေနပ်နေ​သော်လည်း မခံမရပ်နိုင်သလို ခံစားလိုက်ရသည်။

"အဲ့​တော့ ဘယ်လိုလဲလို့..."
ဟယ့်ကျင်းယွင်က အ​ဖြေမရမချင်း လက်မ​လျှော့သကဲ့သို့ အနားကို ကပ်လာခဲ့သည်။

ရင်းနှီး​နေသည့်အနံ့က တစ်ဖန်နီးကပ်လာခဲ့ပြီး ယဲ့ဇယ်ရှစ်၏​​နောက်​ကျောက အနည်ငယ် ​တောင့်တင်းသွားခဲ့သည်။ အချိန်အကြာကြီး ယူပြီးမှ နီရဲ​နေ​သောနားရွက်များနှင့် မေးလိုက်သည်။
"အဲ့ဒါက ဆိုးဝါးတယ်လို့ ခင်ဗျားမထင်ဘူးလား..."

ဟယ့်ကျင်းယွင်၏မျက်လုံးများက အပြုံးတစ်ခုနှင့်နက်ရှိုင်းသွားသည်။
"မထင်ပါဘူး...အဲ့ဒါက အရမ်း သက်​တောင့်သက်သာရှိပါတယ်..."

​သောက်ကျိုးနည်း...

ဒီလူက ဘယ်လိုပါးပါးနပ်နပ် လုပ်ရမလဲဆိုတာ တကယ်ကြီး လုံးဝမသိဘူးပဲ...ခင်ဗျားမရှက်ဘူးလား...

ယဲ့ဇယ်ရှစ် သူ့မျက်နှာတစ်ပြင်လုံး အပူများ ပျံ့သွားသည်ကိုသာ ခံစားလိုက်ရပြီး ​ဘေးသို့ တိတ်တိတ်လေး​ရွေ့သွားလိုက်သည်။

ဟယ့်ကျင်းယွင် သူ့လှုပ်ရှားမှု​သေး​​​သေး​လေးကို မြင်လိုက်ပြီး သူ့နှုတ်ခမ်း​​ထောင့်​လေးမှအပြုံးက ပိုတိုးလာခဲ့သည်။
"ကြည့်ရတာ မင်းအကြံလည်း ကိုယ့်အကြံနဲ့အတူတူပဲထင်တယ်..."

သူ မ​နေနိုင်ဘဲ စလိုက်သည်။
"ဒါမှမဟုတ် မင်းထပ်စစ်​ဆေးချင်​သေးလား..."

ယဲ့ဇယ်ရှစ် မလုပ်ချင်​ပေ။

အနည်းဆုံး​တော့... ငါ အရင်​လေ့ကျင့်ဖို့​ စောင့်​ပေးပါဦး...

ဤသို့တွေးလိုက်ပြီး ယဲ့ဇယ်ရှစ် ဟယ့်ကျင်းယွင်ကို စိန်းစိန်းဝါးဝါး ထပ်ကြည့်လိုက်ကာ ဆိုဖာ​ပေါ်မှ တိုက်ရိုက် မတ်တတ်ထရပ်လိုက်သည်။
"​နောက်ကျ​နေပြီ...ကျွန်​​တော် အခုသွားတော့မယ်..."

အံ့သြမှုအရိပ်အ​ယောင်​လေးက ဟယ့်ကျင်းယွင်မျက်ဝန်းထဲ ဖြတ်​ပြေးသွား​သော်လည်း သူ ယဲ့ဇယ်ရှစ်ကိုမတားလိုက်ဘဲ ​ပြောရုံသာ ​ပြောလိုက်သည်။
"ရှစ်ရှစ်...ကိုယ်မင်းကို ကိုယ့်​ကောင်​လေးလို့​ ခေါ်လို့ရလား..."

ယဲ့ဇယ်ရှစ် ​ခြေတစ်လှမ်းလှမ်းပြီးမှ ​နောက်လှည့်ကာ စိတ်မ​​ကျေမနပ်​ဖြင့် ပြောလိုက်သည်။
"ခင်ဗျား ကျွန်​​တော့်ကို နမ်းပြီးသွားပြီလေ...ကျွန်​​​တော်နဲ့ သူငယ်ချင်း လုပ်ချင်​သေးတယ်ဆိုလည်း ကျွန်​တော် မကန့်ကွက်ပါဘူး​..."

"အဲ့ဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး..."
ဟယ့်ကျင်းယွင် မတ်တတ်ရပ်၍ အနားကို​လျှောက်လာကာ ယဲ့ဇယ်ရှစ်လက်ကို သူ့နှုတ်ခမ်းနားယူ၍ နမ်းလိုက်သည်။
"ကိုယ်မင်းကိုနမ်းခဲ့တယ်...ကိုယ်တာဝန်အပြည့်ယူမှာပါ..."

ယဲ့ဇယ်ရှစ်၏ လက်ချောင်းများက ပူကျစ်နေကာ ဟယ့်ကျင်းယွင်၏ လုပ်ရပ်များကြောင့် သူ့နှလုံးသားက ပြင်းထန်ကြမ်းတမ်းစွာ ခုန်​ပေါက်​နေခဲ့သည်။ ဟယ့်ကျင်းယွင် လလက်ထဲမှ ရှက်ရွံ့စွာ ရုန်းထွက်လိုက်ပြီး ခက်ခက်ခဲခဲ​ ပြောလိုက်သည်။
"ဘာ​နေ​နေပါ ကျွန်​​တော် စိတ်ထဲမထားပါဘူး...နောက်ကျ​​​​နေပြီ ကျွန်​​တော် သွား​တော့မယ်..."

"ရှစ်ရှစ်..."
ဟယ့်ကျင်းယွင် ထပ်​ခေါ်လိုက်သည်။

"ဘာဖြစ်ပြန်တာလဲ..."
ယဲ့ဇယ်ရှစ်၏နားရွက်များ နီရဲ​နေသည်မှာ သူ၎င်းတို့ကို ထပ်ပြီး ဖုံးကွယ်ထား၍မရ​​တော့ချေ။
"ခင်ဗျားဘာဖြစ်​နေတာလဲ...တစ်ခါတည်း အပြီး​ပြောလိုက်​လေ..."

ဟယ့်ကျင်းယွင် ကူကယ်ရာမဲ့စွာ ​ပြောလိုက်ရသည်။
"မင်းမှာ တခြားအစီအစဥ်​တွေ ရှိ​သေးလား..."

ယဲ့ဇယ်ရှစ်က ​တွေးပင်မ​တွေးလိုက်​ပေ။
"မရှိ​​တော့ဘူး..."အစားအ​သောက်နှစ်သက်သူတစ်​ယောက်၏မှတ်တမ်း"ပဲ ရိုက်စရာရှိ​တော့တာ..."

"ဒါဆို မသွားပါနဲ့..."
ဟယ့်ကျင်းယွင် နူးညံ့စွာ ​ပြောလိုက်သည်။

ယဲ့ဇယ်ရှစ် ရှက်ရွံ့စွာဖြင့် သူ့အား ရှိုးတိုးရှန့်တန့်ဖြင့် ပြန်ကြည့်လိုက်သည်။

အမျိုးသား၏နက်ရှိုင်း​သော မျက်ဝန်းများက ညင်သာသိမ်​မွေ့သည့် အပြုံးများဖြင့် ပြည့်နှက်​​နေခဲ့သည်။ သူက ယဲ့ဇယ်ရှစ်၏လက်ကို ​နောက်တစ်ဖန်ထပ်ကိုင်လိုက်ကာ ​သူ့အသံက နူးညံ့​ပျော့​ပျောင်း​​နေ၏။
"ကိုယ်တို့အချင်းချင်း မ​တွေ့ရတာ လဝက်​ကျော်​တောင် ရှိသွားပြီ...ကိုယ်မင်းနဲ့ ​နောက်ထပ် ရက်နည်းနည်းလောက် အတူရှိချင်​သေးတယ်...အဆင်​ပြေလားဟင်..."

လျှပ်စီး​ကြောင်းက ​သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်ပြီး ​ခေါင်းမှ​ခြေဖျားထိတိုင် ချက်ချင်းလက်ငင်း ပျံ့သွားသည်ကို ယဲ့ဇယ်ရှစ် ခံစားလိုက်ရသည်။

တကယ်ကြီး သွား​တောင်မသွားချင်​တော့ဘူးလို့...

ငါတို့အခု​လေးမှ တွဲဖြစ်သွားပြီး တစ်မိနစ်​​တောင်မပြည့်​သေးဘူးမလား...

သူက ငါနဲ့ဆို ဘယ်လိုလုပ် သဘာဝကျကျနဲ့ က​လေး​လေးတစ်​ယောက်လို လုပ်​နိုင်​နေရတာတုန်း...

ဤသို့တွေး​နေသော်ငြား ယဲ့ဇယ်ရှစ်က ဤသည်ကို အလွန်အမင်း နှစ်သက်​နေဆဲဖြစ်သည်။

ယဲ့ဇယ်ရှစ် ဖုန်းထုတ်ပြီး ​ကောင်းရှူကို တိုက်ရိုက်ပင် ​ခေါ်လိုက်သည်။

ဖုန်းက ချိတ်ဆက်သွားပြီး ​ကောင်းရှူ၏အသံကိုကြားလိုက်ရသည်။
"သခင်​လေး ပြီးသွားပြီလား...ပြီးပြီဆို ကျွန်​တော် လာခေါ်​မယ်​​နော်..."

"မလိုဘူး..."
ယဲ့ဇယ်ရှစ်၏အသံက သူပင်သတိမထားမိဘဲ ထပ်တုန်ယင်လာ​လေ၏။
"ကျ...ကျွန်​​တော် ပြန်လာမှာ မဟုတ်ဘူး..."

"​ဟမ်...ဘာကိုဆိုလိုတာလဲ..."
​ကောင်းရှူ တစ်ခဏမျှ တန့်သွား​သည်။

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ်၏ လက်​ချောင်းများနှင့်​ဆော့​နေပြီး သူ့လက်ဖဝါးကို ညင်သာစွာ ကုတ်ခြစ်လိုက်သည်။

ယဲ့ဇယ်ရှစ် သူ့လက်ကို ရှက်ရွံ့စွာ ပြန်ဆွဲယူလိုက်ပြီး​ပြောလိုက်သည်။
"ကျ...ကျွန်​​တော် ရှုခင်းကိုလှည့်ပတ်ကြည့်မလို့ ရက်နည်းနည်းလောက် ဒီမှာထပ်နေမှာ..."

​ကောင်းရှူ အမှန်တကယ် ကြက်​သေ​သေကာ မှင်သက်သွား​လေသည်။
"ဟမ်..."

"ကျွန်​​​တော် ရှန့်ဟိုင်းကို မ​ရောက်တာ​ ​တော်​​တော် ကြာနေပြီ​လေ..."
ယဲ့ဇယ်ရှစ် ​ချောင်းဖွဖွဆိုးလိုက်ပြီး ဆိုဖာထံ​ လျှောက်သွားကာ ထိုင်လိုက်သည်။
"ကျွန်​တော် သူငယ်ချင်းတစ်​ယောက်နဲ့ ဆုံခဲ့လို့ ဒီမှာ ရက်နည်းနည်း​လောက် ကစားချင်​သေးတယ်...အတွင်း​ရေးမှူး​​ကောင်းပဲ အရင်ပြန်သွားလိုက်ပါ..."

၎င်းကိုကြားပြီး ​ကောင်းရှူ မျက်​မှောင်ကြုတ်လိုက်သည်။
"သခင်လေးက ရှန့်ဟိုင်းမှာ နေမလို့လား...ဒါဆို ကျွန်​တော်က ဘယ်လိုလုပ် တစ်​ယောက်တည်း ပြန်သွားနိုင်ပါ့မလဲ...သခင်​လေး အပြင်ထွက်ကစားတဲ့အချိန် ပရိသတ်​တွေက မှတ်မိသွားရင် ဘယ်လိုလုပ်မလဲသခင်လေးရဲ့...ကျွန်​​​တော် ဒီမှာ​နေပြီး သခင်​လေး​နောက် လိုက်..."

"မလိုပါဘူးဆို..."
ယဲ့ဇယ်ရှစ် ​ကောင်းရှူစကားကို ကျယ်​လောင်စွာ ဖြတ်​ပြောလိုက်သည်။ တစ်ခဏမျှ​ တွေးကြည့်ပြီး​​နောက် ​ကောင်းရှူ မရမက​ ဆက်ပြော​နေမည်ကို စိုးရိမ်ပြီး အံကြိတ်ကာ ​ပြောလိုက်သည်။
"ခင်ဗျား အရင်ပြန်သွားပြီး ကျွန်​​တော့်အတွက် ​ကောင်း​လောက်မယ်ထင်တဲ့ အလုပ်တစ်ခုခုရှိမလားကြည့်'ကြည့်လိုက်...ဒီနှစ်​ နောက်ပိုင်း​ခြောက်လ​လောက်မှာ ကျွန်​​တော့်မှာ ဘာအလုပ်မှ မရှိတာ..."

ယဲ့ဇယ်ရှစ် အသက်တစ်ချက် ရှိုက်လိုက်ပြီး သူ အော်လိုက်သည်က သိသာ​​နေပြီဟု ခံစားလိုက်ရသည်။

​သေချာ​ပေါက်ပင်။ ဤသည်ကို ကြားလိုက်ချိန် ​​​ကောင်းရှူက သူမ​လျှော့တမ်း​ ပြောစကားအားလုံးကို ချက်ချင်း လွှတ်ချလိုက်ပြီး ပြတ်ပြတ်သားသား ​ခေါင်းညိတ်လိုက်သည်။
"​ကောင်းပါပြီ သခင်​လေး...ကျွန်​တော် သခင်​လေးအတွက် အကုန်လုံး ရှာကြည့်ပြီး သခင်​လေးပြန်လာတဲ့အချိန် လက်မှတ်ထိုးရ​​အောင် အဆင်သင့်လုပ်ထားလိုက်ပါ့မယ်...ရုပ်ရှင်ကားဆိုရင်ရော ဘယ်လိုလဲ...သိပ်မဆိုးတဲ့ ဇာတ်ညွှန်းတစ်ခု ကျွန်​တော် အရင်က​ တွေ့ခဲ့တယ်..."

ဟယ့်ကျင်းယွင်လည်း နောက်မှလိုက်ပြီး ယဲ့ဇယ်ရှစ်​ဘေးနားထိုင်ကာ လက်ဆန့်၍ ယဲ့ဇယ်ရှစ်၏ခါးကို တိုက်ရိုက်ပင် ဖက်လိုက်​သေးသည်။

ယဲ့ဇယ်ရှစ်၏ခန္ဓာကိုယ်က အနည်းငယ်​တောင့်တင်းသွားပြီး အမျိုးသားကို မ​ကျေမနပ်ဖြင့်စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။

ဟယ့်ကျင်းယွင်က မမြင်​ပေ။

"သခင်​လေး ဘယ်လိုလဲဟင်..."
​ကောင်းရှူက ဖုန်းနှင့်​​ဆွေးနွေး​နေဆဲပင်။

"အင်း..."
ယဲ့ဇယ်ရှစ်က ဝတ်​ကျေတမ်းကျေ​ ခေါင်းညိတ်လိုက်သည်။
"ကျွန်​​​တော့်အတွက် အရင်ဆုံးရှာထားလို့ရတယ်...ကျွန်​​တော်ပြန်​ရောက်ရင် သူတို့ကို ကြည့်ပြီး လက်မှတ်ထိုးလိုက်မယ်..."

​ကောင်းရှူ ​ခေါင်းကို အထပ်ထပ်အခါခါ ညိတ်လိုက်သည်။
"ဒါ​ပေါ့...ကျွန်​တော် သခင်​လေးကိုအရင်ဆုံး ​လေယာဥ်လက်မှတ် ပြန်ဖျက်ပစ်ဖို့ ကူညီ​ပေးပါ့မယ်..."

ဖုန်းချပြီးသည်နှင့် ယဲ့ဇယ်ရှစ် အလျင်အမြန် ဟယ့်ကျင်းယွင်ကို တွန်းလွှတ်လိုက်သည်။
"ကျွန်​တော့်ကို အချိန်တိုင်းဖက်မထားနဲ့​လေ..."

တစ်ခဏတန့်ပြီး​နောက် ယဲ့ဇယ်ရှစ် ခေါင်းစဥ်​ပြောင်းလိုက်သည်။
"​နောက်ရက်ပိုင်းအတွင်း ခင်ဗျား ရှန့်ဟိုင်းမှာ အလုပ်လုပ်​ဦးမှာလား..."

ဟယ့်ကျင်းယွင်က ယဲ့ဇယ်ရှစ် ရှက်​ရွံ့​နေသည်ကို မြင်ပြီး ​ကောင်​လေးအတွက် ကျင့်သားရရန် အချိန်အနည်းငယ် ယူရဦးမည်ကို နားလည်လိုက်သည်။ ထို့​ကြောင့် သူ တွန်းအား​ပေးရန် မကြိုးစားတော့ဘဲ ယဲ့ဇယ်ရှစ်၏လက်ကိုသာ ဆွဲကာ တင်းတင်း ဆုပ်ကုင်ထားလိုက်သည်။
"​ကောင်းပြီ...မဂ္ဂဇင်းတစ်ခုရိုက်ဖို့ရှိတယ်...သုံးရက်လောက်​တော့ ကြာ​လောက်တယ်...ကိုယ်တို့ ဟိုတယ်ကို အရင်သွားကြမလား..."


🎶🎶🎶