🩷🩷🩷chapter-1🩷🩷🩷
Viewers 40

ကျွန်​တော့်နာမည်က​​တော့နေလင်း​ရောင်ပါ။ကျွန်​တော်ကk-pop​လောကမှာpoppyဆိုတဲ့နာမည်နှင့်​ကျော်ကြား​နေတဲ့k-pop singerတဦး​ပါ။ကျွန်​​တော်ရဲ့မိဘ​တွေမရှိ​တော့တည်းကကျွန်​တော့်ရဲ့ဘွားဘွားခင်မြကပဲကျွန်​တော့်ကိုအ​မေလိုတမျိုး၊အ​ဖေလိုတမျိုး​စောင့်​ရှောက်​ပေးခဲ့တယ်။ကျွန်တော့်ဘ၀မှာဘွားဘွားပဲရှိတော့တာကြောင့်ဘွားဘွားကကျွန်တော့်အချစ်ဆုံး၊တွယ်တာရဆုံးသူပေါ့။ကျွန်​တော့်အသက်၁၂နှစ်ပြည့်​မွေး​နေ့မှာဘွားဘွားကကျွန်​တော့်ကိုဖုန်းတလုံးလက်​ဆောင်​ပေးခဲ့တယ်။ကျွန်​တော်ဖုန်းရ​တော့အရမ်း​ပျော်​နေ​တာ​ပေါ့။ဖုန်းစရတဲ့အချိန်တုန်းကကျွန်​တော်gameဆော့ဖို့​လောက်ပဲသိခဲ့​တာ​ပေါ့။​နောက်ကျ​​တော့internetက​နေkpopအဖွဲ့​တွေရဲ့mv​တွေကြည့်ပြီး​နောက်မှာကျွန်​တော်kpopကိုစိတ်၀င်စားလာတယ်။အဲ့ဒီကစပြီးကျွန်​တော်kpop fanတဦးဖြစ်လာတာ​ပေါ့။

​​ ကျွန်​တော်အမြဲလိုလိုkorea song​တွေနား​ထောင်ဖြစ်တယ်။ကျွန်​တော့်မှာပါရမီပါလာတယ်လို့ပဲ​ပြောရမလား။ကျွန်​တော်korea songတပုဒ်ကို၃၊၄​ခေါက်​လောက်နား​ထောင်လိုက်ရင်ကျွန်​တော်ပြန်ပြီးအလွတ်ဆိုနိုင်တယ်။ကျွန်​တော်koreaဘာသာစကားတတ်လို့လားဆို​တော့လည်းကျွန်​တော်မတတ်ပါဘူးဗျာ။​နောက်​တော့ကျွန်​တော်kpopအဆို​တော်တဦးဖြစ်ချင်လာတယ်။စင်မြင့်ထက်မှာအောင်မြင်တဲ့kpop singerတဦးဖြစ်ဖို့ဆိုတာကျွန်​တော့်ရဲ့အကြီးမားဆုံးအိမ်မက်တခုဖြစ်လာတယ်။အဲ့တာနှင့်ဘွားဘွားကိုကျွန်​တော့်ရဲ့အိမ်မက်ကို​ပြောပြပြီးအဲ့ဒီအိမ်မက်ကိုအ​ကောင်အထည်​ဖော်ချင်လို့​​ပြောခဲ့တယ်။

ဘွားဘွားကလည်းကျွန်​တော့်ရဲ့အိမ်မက်ကိုခွင့်ပြုပါတယ်။ဒါ​ပေမဲ့ကျွန်​တော့်ဆီကကတိတခု​တောင်းခဲ့တယ်။အဲ့တာက​တော့ကျွန်​တော့်ကြီးလာရင်ဘွားဘွားရည်ရွယ်ထားတဲ့မိန်းက​လေးနှင့်လက်ထပ်ရမယ်ဆိုတာပဲဖြစ်တယ်။အဲ့ဒီ့ကတိကိုမ​ပေးနိုင်ရင်ကျွန်​တော့်ရဲ့အိမ်မက်ကိုအ​ကောင်အထည်​ဖော်ခွင့်မ​ပေးဘူးလို့​ပြောခဲ့တယ်။


🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶


ကျွန်​တော်လည်း​တွေ​ဝေခြင်းမရှိပဲချက်ချင်းအ​ဖြေပြန်​ပေးခဲ့ပေမဲ့ဘွားဘွားကကျွန်​တော့်ကိုထပ်စဥ်းစားဖို့အချိန်၃ရက်​ပေးခဲ့တယ်။ကျွန်​တော်လည်းအထပ်ထပ်အခါခါစဥ်းစားခဲ့​ပေမဲ့အ​ဖြေကမူလအတိုင်းမ​ပြောင်းလဲခဲ့ပါဘူး။၃ရက်ပြည့်တဲ့အချိန်မှာဘွားဘွား​ရည်ရွယ်ထားတဲ့မိန်းက​လေးကိုပဲယူမယ်လို့ကျွန်တော်ကတိ​ပေးခဲ့တယ်။အဲ့ဒီအချိန်ကစပြီးဘွားဘွားကကျွန်​တော့်ကိုအဆို​တော်တ​ယောက်ဖြစ်ဖို့အတွက်အကသင်တန်း၊အဆိုသင်တန်း၊koreaဘာသာသင်တန်း..........မျိုးစုံထား​ပေးခဲ့တယ်။​ကျွန်​တော်ကျောင်းပြီးသွား​တော့ကျွန်​တော်ကိုဘွားဘွားကkoreaမှာရှိတဲ့ကျွန်​တော့်ရဲ့တီ​လေးဂျီနာဆီပို့​ပေးခဲ့တယ်။

ကျွန်​တော့်အ​ဒေါ်ကအပျိုကြီး​လေ.....အခုတော့koreaမှာပဲနေတယ်။တီ​လေးကkoreaမှာအလှကုန်ထုတ်လုပ်တဲ့companyကြီးတခုဖွင့်ထားတယ်။​အန်တီဂျီနာကကိုရီးယား​ရောက်​နေတာကျွန်​တော့်တသက်​တောင်ရှိ​နေပြီ​လေ။ငယ်ငယ်ကတည်းကမက်ခဲ့ရတဲ့အိမ်မက်​ဆီကိုစတင်​လျှောက်လှမ်းရတော့မှာဆို​တော့ကျွန်​တော်အရမ်း၀မ်းသာခဲ့တယ်။korea​ရောက်​တော့ကျွန်​တော့်ရဲ့အိမ်မက်​တွေကိုစပြီးအ​ကောင်အထည်​ဖော်ခဲ့တယ်။"JK enjoy"entertainment companyအသစ်ကအဖွဲ့အသစ်တခုစဖွဲ့မယ်လို့ကျွန်​တော်သတင်းကြားတယ်။


🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶


ကျွန်​တော်အဲ့ဒီ့companyရဲ့လူ​ရွေးပွဲမှာသွားပြိုင်တယ်။ကျွန်တော်လူရွေးပွဲအောင်သွားတော့ပျော်မပြတတ်အောင်အရမ်းပျော်တာပဲဗျာ။31.9.20♡♡မှာအဖွဲ့၀င်၅​ယောက်ပါတဲ့"JKB"ဆိုတဲ့နာမည်နှင့်kpop groupအသစ်ကိုjk enjoy companyကဖွဲ့စည်းခဲ့တယ်။jkbဆိုတဲ့နာမည်ရဲ့အဓိပ္ပါယ်ကjk enjoy companyကမွေးထုတ်လိုက်တဲ့ကောင်လေးများဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်တယ်။"JKB"အဖွဲ့ရဲ့memberတွေက​တော့poppyဆိုတဲ့ကျွန်​တော်၊nix(မင်လီဟို)၊milky(ပတ်မင်ဟို)၊lex(ဂင်ထယ်ယွန်း)၊teddy(ယွန်းထယ်ဟို)တို့ပဲဖြစ်တယ်။poppyဆိုတာကျွန်​တော်ရဲ့အနုပညာနာမည်​ပေါ့......ကျွန်​တော်ရဲ့ကိုရီးယားနာမည်ကဂျီဟိုလို့​ခေါ်တယ်။companyကအဖွဲ့ထဲမှာအကြီးဆုံးနှစ်​ယောက်ဖြစ်တဲ့ကျွန်​တော်နှင့်lexကိုleaderလုပ်ဖို့ကမ်းလှမ်းခဲ့တယ်။ကျွန်​တော်ကအဖွဲ့ထဲမှာအကြီးဆုံးဖြစ်တဲ့အကိုကြီးထယ်ယွန်းကိုleaderလုပ်ခိုင်း​ပေမဲ့ကိုကြီးကကျွန်​တော့်ကိုleaderရာထူးလွှဲ​ပေးခဲ့တယ်။အဲ့​တော့JKBရဲ့leaderကကျွန်​တော်ဖြစ်ခဲ့တာ​ပေါ့။

ကျွန်​တော်နှင့်JKBကညီအကို​တွေကအရမ်းခင်ကြတယ်။ဘယ်​လောက်ထိခင်ကြလဲဆိုရင်တကယ့်ညီအကိုရင်း​တွေလိုပဲ.....ပြောမနာဆိုမနာတွေ။ကျွန်​တော်တို့၅​ယောက်ကအသက်သိပ်မကွာကြဘူး။အငယ်ဆုံးထယ်ဟိုလေးမှကျွန်​တော်နှင့်၁နှစ်ပဲကွာတယ်။ရွယ်တူချင်း​တွေဆို​တော့အားလုံးလွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်းလင်း​ပေါင်းကြတယ်။​​​နောက်​တော့ကျွန်​တော်တို့သီချင်းထွက်ဖို့အတွက်အကတိုက်ရ၊အသံသွင်းရနှင့်တ​နေကုန်အလုပ်​တွေရှုပ်​နေတာ......ပင်ပန်းလိုက်တာလည်း​ပြောမ​နေပါနှင့်......ဒါ​ပေမဲ့အိမ်မက်အတွက်ဆိုပြီးအားတင်းထားရတာ​ပေါ့။​

၁၀လပိုင်း၁၁ရက်​၊ကျွန်​တော့်အသက်၁၇နှနှစ်မှာကျွန်​တော်တို့အဖွဲ့ရဲ့ပထမဆုံးalbumစထုတ်ခဲ့တယ်။"golden days"ဆိုတဲ့songနှင့်debutခဲ့တာ​ပေါ့။အဲ့ဒီ့သီချင်းကကျွန်​တော်​ရေးထားတာ​လေ။သီချင်းရဲ့အဓိပ္ပါယ်ကစိတ်ဓါတ်မကျဘဲသင်သာဆက်ကြိုးစားလျှင်တ​နေ့ကျရင်သင့်ဆီကို​အောင်မြင်မူ​တွေ​ရောက်လာပြီး​ပျော်ရွှင်စရာ​ကောင်းတဲ့​ရွှေ​ရောင်ရက်​တွေပိုင်ဆိုင်ရမယ်ဆိုတာပဲဖြစ်တယ်။


🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶🎶


အဲ့ဒီ့သီချင်းကလူကြိုက်​တော်​တော်များခဲ့တယ်။u tubeမှာဆိုရင်ကျွန်​တော်တို့ရဲ့mvကကြည့်ရှု့သူ584Mအထိရခဲ့တယ်။debut songမှာတင်လူကြိုက်များခဲ့အတွက်ကျွန်​တော်​တော်​တော်​လေး​ပျော်ခဲ့ရတယ်။ကျွန်​တော်​ပျော်လွန်းလို့အဲ့ဒီ့အချိန်တုန်းကမျက်ရည်​တောင်ကျခဲ့ရတယ်။​နောက်​တော့ကျွန်​တော်တို့အဖွဲ့ထက်ပြီး​အောင်မြင်​အောင်ကြိုးစားခဲ့တယ်။​အောင်မြင်မူအတွက်အနစ်နာခံခဲ့ရတာ​တွေ​တော့အများကြီးပါပဲ။ဝိတ်တက်မှာဆိုးလို့စားချင်တာမစားရပဲအစား​ရှောင်ခဲ့ရတာ​တွေ.......အချို့​နေ့​တွေဆို​ဖျော်​ဖြေပွဲ​တွေဆက်​နေ​တော့အချိန်လွန်မှစားခဲ့ရတဲ့ရက်​တွေက​တော့မနည်းပါဘူးဗျာ။၁၀နှစ်ကြာပြီး​တော့ကျွန်​တော်​နာမည်ကြီးkpop singerတဦးဖြစ်လာတယ်။ကျွန်တော်ဖြစ်ချင်တဲ့အိမ်မက်တွေတကယ်ဖြစ်လာတာပေါ့။

ဒီ​နေ့ကျွန်​တော်တို့ photo shootingရှိလို့ရိုက်ကွင်း​​ရိုက်မဲ့နေရာထွက်လာကြတယ်။ရိုက်ကွင်း​နေရာ​ရောက်​တော့fan​​တွေကအများကြီး​ရောက်​နေတာကို​တွေ့လိုက်တယ်။fan​တွေကိုမြင်တိုင်းကျွန်​တော်အားအများကြီးရှိသွားတယ်။fan​တွေကကျွန်​တော့်ရဲ့အား​ဆေး​တွေဆိုလည်းမမှားပါဘူးဗျာ။ကျွန်​တော်တို့​တွေfan​တွေကိုနှုတ်ဆတ်ပြီးmakeupပြင်မဲ့အခန်းထဲ၀င်လာကြတယ်။makeupပြင်မဲ့​နေရာ​ရောက်​တော့ဗမာရင်ဖုံးနှင့်ထမိန်ရမ်းဆက်​လေး၀တ်ထားတဲ့​ကောင်မ​လေးတ​ယောက်​ကြောင့်ကျွန်​တော်အရမ်းအံ့အားသင့်သွားတယ်။


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-2coming soon🫧🫧🫧🫧🫧


🍰🍰Author-yoon mieno🍰🍰