🌹🌹🌹chapter-1🌹🌹🌹
Viewers 154

          roseရဲ့နာမည်က​တော့rosella(ရိုစေလာ)။roseရဲ့​daddyက"​K&K"ဆိုတဲ့​fashion companyကြီးရဲ့ownerဦးညိုလင်းလို့​ခေါ်တယ်။။roseရဲ့​မေ​မေက​တော့ဆုံးသွားပါပြီ....rose၉နှစ်အရွယ်တုန်းက​ပေါ့။​မေ​မေဆုံးပြီး၂နှစ်ကြာ​တော့roseရဲ့​daddyက​​ဒေါ်သက်ထားဆိုတဲ့အမျိုးသမီးနှင့်နောက်အိမ်​ထောင်ပြုခဲ့တယ်။​အန်တီသက်ထားမှာ​အေးသန္တာဆိုတဲ့သမီး​လေးတ​ယောက်လည်းရှိတယ်....roseနှင့်​အေးသန္တာနှင့်ကအသက်သိပ်မကွာဘူး​။....roseကသန္တာလေးထက်၃လကြီးတယ်။အန်တီသက်ထားစစ​ရောက်လာတုန်းကroseကdaddyကိုအပိုင်သိမ်းသွားတဲ့မိန်းမကြီးဆိုပြီးအရမ်းမုန်းတာ.....အဲ့တာ​ကြောင့်​ဒေါ်သက်ထားကိုrose​ကောင်း​ကောင်းမွန်မွန်မဆက်ဆံဘူး.....ဒါ​ပေမဲ့​အန်တီသက်ထားကroseအ​ပေါ်​မေတ္တာမပျက်ပဲသမီးအရင်း​လေးလိုဆက်ဆံ​ပေးခဲ့တယ်....roseကိုအန်တီသက်ထားသမီးကြီးလိုမျိုးချစ်​ပေးတာ​ကြောင်း​နောက်ပိုင်းကျ​တော့အန်တီသက်ထားကိုroseရဲ့ဒုတိယမေမေအဖြစ်သတ်မှတ်လိုက်တယ်။

      သန္တာလေးကလည်းroseကိုအရမ်းချစ်တာ...roseကလည်းသန္တာလေးကိုစစမြင်ကတည်းကညီမအရင်းလေးလိုချစ်တယ်။ဒီနေ့ကroseတို့နှစ်ယောက်ရဲ့အောင်စာရင်းထွက်တဲ့နေ့ပဲဖြစ်တယ်။roseတို့မိသားစုအောင်စာရင်းအတူတူသွားကြည့်ကြတယ်။ဖေဖေနှင့်အန်တီမေ(ဒေါ်သက်ထား)ကကားပေါ်ကနေစောင့်နေခဲ့တယ်။roseတို့ညီအမနှစ်ယောက်အောင်စာရင်းအတူတူသွားကြည့်ကြတယ်။

သန္တာ"မမ....ညီမလေးအောင်တယ်။ပျော်လိုက်တာ။6Dတောင်ပါတယ်.....မမလည်း6Dနှင့်အောင်တာဆိုတော့ညီမလေးပိုပြီးတော့တောင်ပျော်တယ်။"

rose"အေးပါ....သန္တာလေးရဲ့။daddyတို့ကိုသတင်းကောင်းသွားပြောရအောင်။လာ....သွားကြတယ်။"

သန္တာ"ဟုတ်ကဲ့....မမ။"


    🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


ဒေါ်သက်ထား"သမီးလေးတို့.....ဘယ်လိုလဲအောင်ကြတယ်မလား။"

အန်တီမေကroseတို့ကိုမြင်တာနှင့်ကားပေါ်ကနေလှမ်းမေးလိုက်တယ်။

သန္တာ"အောင်တယ်....မေမေရဲ့။သန္တာတို့ညီအမကအောင်တာတောင်ရိုးရိုးအောင်မဟုတ်ဘူးနော်....မေမေ။6Dနှင့်အောင်တာ။"

ဒေါ်သက်ထား"ဟုတ်လား.....မေမေ့သမီးနှစ်ယောက်လုံးကတော်လိုက်ကြတာ။မေမေသမီးတို့အတွက်အရမ်းဂုဏ်ယူရတာပဲ။"

အန်တီမေကပြောရင်းမျက်ရည်တွေကျလာတယ်။

rose"ကဲပါ!!!အန်တီမေရယ်.....မငိုပါနှင့်တော့.....ဘာမဟုတ်တာနှင့်ငိုနေတယ်.....ကျန်းမာရေးထိခိုက်နေအုန်းမယ်။"

ဦးညိုလင်း"ဟုတ်သားပဲ.....သက်ရယ်.....ဒီကိစ္စကဝမ်းသာစရာကို.....မငိုနှင့်တော့တိတ်တော့နော်။"

ဒေါ်သက်ထား"ဟုတ်ပါပြီရှင်.....ဟုတ်ပါပြီ....သက်မငိုတော့ပါဘူး။"

        အန်တီမေကမျက်ရည်တွေသုတ်လိုက်ရင်းdaddyကိုပြောလိုက်တယ်။roseတို့အောင်စာရင်းကြည့်ပြီးသွားတော့resturantတခုမှာမနက်စာဝင်စားတယ်.....ပြီးတော့မှအိမ်ပြန်လာတယ်။အိမ်ပြန်ရောက်တော့roseရဲ့ဖုန်းကနေringtoneသံမြည်လာတာကြောင့်ဖုန်းထုတ်ကြည့်လိုက်တော့roseရဲ့သူငယ်ချင်းမေမြတ်သူဖြစ်နေတယ်။roseမှာအချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ရှိတယ်....တယောက်ကမေမြတ်သူဖြစ်ပြီးနောက်တယောက်ကတော့အေးချမ်းဖြိုးဖြစ်တယ်။မြတ်သူရောအေးချမ်းရောကtom boy လေးတွေလေ။tom boyဆိုပေမဲ့သူတို့ကအရမ်းခင်ဖို့ကောင်းတယ်။မြတ်သူနှင့်အေးချမ်းတို့နှင့်ပေါင်းလာတာမူလတန်းထဲကဆိုပါတော့။


   🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


rose"hello!!!သူငယ်ချင်းမလေးပြောလေ။ဘာကိစ္စရှိလို့လဲ။"

မြတ်သူ"babe...မင်းငါ့ကိုဘယ်လိုပြောလိုက်တယ်။"

rose"သူငယ်ချင်းလေးကလေးကွာ....ဒီနေ့အရမ်းပျော်နေလို့စလိုက်တာပါ။"

မြတ်သူ"အေးပါ...အေးပါ...ဒီတခါတော့လျှော်ပေးလိုက်တယ်။babe....နင်ဘယ်နှဘာသာဂုဏ်ထူးပါလဲ။ငါကတော့၃ဘာသာပါတယ်။"

rose"အော်....ဟုတ်လား။3Dပါတဲ့ကောင်လေးအတွက်congratsပါ။ငါက၆ဘာသာပါတယ်....အဲ့တာကြောင့်မို့ငါအရမ်းပျော်နေတာပေါ့။"

မြတ်သူ"6Dတောင်ပါတယ်....ဟုတ်လား။နင်အရမ်းတော်တာပဲroseရယ်။"

rose"သိတယ်မလား....rosellaအကြောင်းကို။ဒါနှင့်ချစ်​လေးရော....ဘယ်နှဘာသာပါလဲ။"

မြတ်သူ"အေးချမ်းက4Dနှင့်အောင်တာroseရဲ့။ငါတို့သူငယ်ချင်းတွေအောင်ပွဲခံတဲ့အနေနှင့်ဒီနေ့လျှောက်လည်ရအောင်ဟာ။အေးချမ်းလဲလာမယ်ပြောတယ်။နင်အိမ်ကထွက်ခဲ့လေ။"

rose"အေးပါ....ထွက်ခဲ့မယ်။ဘယ်မှာဆုံမှာလဲ။"

မြတ်သူ"ငါတို့စားနေကျhot potဆိုင်မှာပဲဆုံမယ်လေ။"

rose"အေး...အေး။ဒါပဲနော်...သဲ​လေး။"

မြတ်သူ"အေး...အေး။"

roseအခန်းထဲဝင်ပြီးအဝတ်အစားလဲပြီးအောက်ထပ်ပြန်ဆင်းလာတယ်။

ဦးညိုလင်း"ဒါကဘယ်လဲ....သမီး။"

rose"သမီး...မြတ်သူတို့နှင့်မုန့်သွားမလို့daddy။"

ဦးညိုလင်း"သမီးရယ်....အဲ့ဒီလိုဟိုမရောက်ဒီမရောက်တွေမပေါင်းပါနှင့်လို့daddyဘယ်နှခါပြောရမလဲ။"

rose"daddyရယ်....သမီးသူငယ်ချင်းတွေကိုအဲ့လိုမပြောပါနှင့်။သမီးသူငယ်ချင်းတွေကdaddyပြောသလိုဟိုမရောက်ဒီမရောက်တွေဆိုပေမဲ့စိတ်ထားကောင်းပြီးသူများကိုကူညီတတ်တယ်...daddyရဲ့။ပြီးတော့daddyသမီးကိုလည်းအရမ်းဂရုစိုက်ကြတာdaddyရဲ့။"

ဒေါ်သက်ထား"ဟုတ်သားပဲ...ကိုညိုရယ်....သမီးသူငယ်ချင်းတွေကလိမ္မာကြပါတယ်။စာရိတ္တအပိုင်းလည်းဘာမှပြောစရာမရှိပါဘူး။ကလေးတွေမုန့်သွားစားတာစားပါစေ....ကိုညိုရဲ့။သမီးသူငယ်ချင်းတွေနှင့်မုန့်သွားစားမှာဆိုတော့မုန့်ဖိုးရောရှိသေးလား....သမီး။"

rose"ရှိသေးတယ်....အန်တီမေ။အန်တီမေပေးထားတာမှမကြာသေးတာ။အဲ့ဒါဆိုroseသွားပြီနော်။"

ဒေါ်သက်ထား"စောစောပြန်လာနော်....သမီး။"

rose"ဟုတ်ကဲ့။"

roseသူငယ်ချင်းတွေနှင့်မုန့်စားဖို့အိမ်ကနေထွက်လာခဲ့တယ်။


     🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐🎐


         ကျွန်တော့်နာမည်ကruby(ရူဘီ)ပါ။ကျွန်တော့်မှာအဖေတော့မရှိတော့ဘူး။အဲ့တာကြောင့်ဘွားဘွားလှလေးဆွေနှင့်မေမေ​ကေသီ​မေကပဲကျွန်တော့်ကိုအမေလိုအဖေလိုမျိုးဂရုစိုက်ပေးခဲ့ကြတယ်။ကျွန်တော့်မှာအရမ်းချစ်ဖို့ကောင်းတဲ့jenny(ဂျင်းနီ)ဆိုတဲ့ငယ်သူငယ်ချင်းလေးတယောက်ရှိတယ်.....သူကကျွန်တော့်ရဲ့အချစ်ဆုံးသူငယ်လေးဖြစ်သလိုကျွန်တော်ရဲ့အချစ်ဦးလဲဖြစ်တယ်.....၁၀တန်းအောင်ပြီးတော့ကျွန်တော်နှင့်သူမနှင့်ကuniအတူတူတက်ခဲ့တယ်။ဒီနေ့ကျွန်တော်jennyကိုသတ္တိမွေးပြီးဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တယ်။

jenny"ruby....နင်ငါ့ကိုကန်ဘောင်ပေါ်ချိန်းတာဘာကိစ္စရှိလို့လဲ။"

ruby"ငါနင့်ကိုပြောစရာရှိလို့။အဲ့ဒါ.....အဲ့ဒါက။"

jenny"ကဲ....ruby၊နင့်ဘာပြောမှာလဲ။ပြောစရာရှိတာမြန်မြန်ပြောစမ်းပါ။ပြောစရာမရှိရင်ငါသွားတော့မယ်။"

ruby"ငါနင့်ကိုချစ်နေတာကြာပါပြီဟာ။ငါ့အချစ်ကိုနင်လက်ခံပေးပါနော်....jenny။"

ကျွန်တော်jennyရဲ့လက်ကိုကိုင်ပြီးပြောလိုက်တယ်။

jenny"နင်ကငါ့ကိုချစ်တယ်ဆိုတော့လည်းငါ့ဖက်ကတခုခုတော့အဖြေပေးရမှာပေါ့။ဒီလိုလုပ်....ငါနင့်ကိုအချိန်၂လပေးမယ်။အဲ့ဒီ့အချိန်၂လအတွင်းနင်ကငါ့ချစ်သူဖြစ်ထိုက်လားဆိုတာငါစမ်းစစ်မယ်။နင်ကငါ့ချစ်သူဖြစ်ထိုက်ရင်တော့နင့်ကိုငါ့ချစ်သူအဖြစ်လက်ခံပေးမယ်....တကယ်လို့နင်သာငါ့ချစ်သူမဖြစ်ထိုက်ဘူးဆိုရင်နင်အသာတကြည်နောက်ဆုတ်လိုက်....OK!!!"

ruby"jennyလေးသဘောအတိုင်းပါပဲ။ကိုမင်းအချစ်ကိုရဖို့အစွမ်းကုန်ကြိုးစားမှာပါ။"

jenny"​အေးပါ။"

ကျွန်​တော်အဲ့​နေ့ကစပြီးjennyရဲ့အချစ်ကိုရဖို့ကြိုးစားတာ​ပေါ့။jenny​လေးကညဖက်pizzaစားချင်တယ်လို့ကျွန်​တော့်မြို့တပတ်ပတ်ပြီးရှာ၀ယ်​ပြီးjenny​လေးဆီညတွင်းချင်းသွားပို့​ပေးတယ်။ပင်ပန်းတယ်ဆို​ပေမဲ့ချစ်ရသူ​လေးအတွက်ဆို​တော့ပင်ပန်းတာ​တွေအကုန်​ပျောက်သွားတယ်။၂လကြာပြီး​တော့jenny​လေးကကျွန်​တော့်အ​ဖြေမယ်ဆိုပြီးဖုန်းလှမ်းဆက်တယ်။ကျွန်​တော်jenny​လေးချိန်းတဲ့​နေရာကိုအမြန်သွားတာ​ပေါ့။​တွေ့ပါပြီဗျာ....ချစ်ရသူ​လေးကို....ဂါ၀န်အနီ​လေးနှင့်အရမ်းလှတာပဲဗျာ။

ruby"jenny​​လေး....ကို​ရောက်ပြီ။"

jenny"​ရောက်လာပြီလား။jennyအ​ဖြေ​ပေးမယ်​နော်။"


🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋


Chapter-2coming soon🫧🫧🫧🫧🫧


                     🍰🍰Author-yoon mieno🍰🍰