မဏိအပေါ်ထပ်မှာရှိတဲ့အခန်းထဲသို၀င်လာလိုက်ပြီးအိပ်ယာပေါ်စိတ်ညစ်စွာလှဲချလိုက်မိတယ်....ပါးပြင်ပေါ်မှာလည်းမျက်ရည်တွေကအလိုလိုစီးကျလာမိတယ်....
သျှားရယ်....မဏိကလွတ်လပ်ခွင့်မရှိတဲ့သူပါ...မဏိလိုလူမျိုးကသျှားရဲ့ကြီးမားတဲ့အချစ်တွေနှင့်မထိုက်တန်ပါဘူး...မဏိကိုမချစ်ပါနှင့်...သျှားရယ်....
မဏိခေါင်းအုံးလေးမှာမျက်နှာအပ်ပြီးအသံတိတ်ငိုကြွေးနေမိတယ်....ချစ်စိတ်တွေအပြည့်နှင့်ဖွင့်ပြောလာတဲ့သျှားကိုမဏိဘယ်လိုအဖြေပြန်ပေးရမလဲမသိတော့ဘူး....
ခက်တယ်...သျှားရယ်...မဏိဘ၀ထဲ၀င်လာခဲ့ရင်ရှင်နာကျင်ရလိမ့်မယ်....
ထိုအချိန်မှာသျှားဆီကဖုန်း၀င်လာတယ်....ထို့ကြောင့်မျက်ရည်တွေသုတ်လိုက်ကာဖုန်းကိုင်လိုက်တယ်....
"ဟဲလို...သျှား...ပြောလေ...."
"မဏိအိမ်ကိုသေချာပြန်ရောက်ရဲ့လားသိချင်လို့...."
"ရောက်ပါတယ်...သျှားရဲ့...ပန်းလေးကအိမ်ရှေ့ထိသေချာပြန်ပို့ပေးတယ်...."
"မဏိရဲ့မွေးနေ့ကဘယ်နေ့လဲဟင်....ကျွန်တော်သိချင်လို့...."
"မဏိမွေးနေ့ကapril 13ရက်နေ့...."
"မဏိရဲ့မွေးနေ့ကသင်္ကြန်အကြိုနေ့ပဲ...."
"ဟုတ်တယ်လေ....သျှားရဲ့...."
"ကျွန်တော်ကaugustလမှာမွေးတာဆိုတော့ကျွန်တော်ကမဏိထက်၄လငယ်တာပေါ့...."
"ဟုတ်သားပဲ....မဏိကသျှားထက်၄လတောင်ကြီးတာပဲ...."
"ဒါဆိုမဏိကိုမလို့ပဲခေါ်တော့မယ်နော်...."
"သျှားကလည်းမဏိက၄လပဲကြီးတဲ့ဟာကို...မလို့ခေါ်တော့မသိရင်မဏိကအသက်ကြီးနေသလိုကြီးဖြစ်နေမှာပေါ့...."
"မဖြစ်ပါဘူးဗျာ...ကျွန်တော်ကမလို့ချစ်စနိုးနှင့်ခေါ်ချင်လို့ပါ...မလို့ပဲခေါ်တော့မယ်နော်...."
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"ပြောမရတော့လည်းခေါ်ပေါ့....သျှားကမဏိကိုမွေးလပဲပြောရသေးတယ်နော်...မွေးနေ့လည်းပြောပြအုန်းလေ...."
သျှားရဲ့မွေးနေ့လေးကိုသိချင်တာကြောင့်ကွယ်၀ှက်မထားတော့ပဲမေးလိုက်တယ်....
"ကျွန်တော်က မနှင့်မွေးရက်တူတယ်....august 13ရက်နေ့ကကျွန်တော့်မွေးနေ့ပဲ...မ...."
"ဟယ်....ဟုတ်လား...တိုက်ဆိုင်လိုက်တာ....သျှားရယ်...."
"ဟုတ်တယ်...မရဲ့...ကျွန်တော်လည်းအံ့သြနေတာ...."
မဏိသျှားနှင့်ဖုန်းတွေအကြာကြီးပြောဖြစ်တယ်....သျှားအသံလေးကိုကြားလိုက်ရတဲ့အချိန်မှာစိတ်ညစ်နေတာတွေအားလုံးအဝေးကိုထွက်သွားတော့တယ်....သျှားကမင်းကတို့ကိုစိတ်ညစ်စရာတွေအားလုံးကနေမေ့ပျောက်စေတယ်.....
"မဏိရယ်....ငါရေကူးချင်လိုက်တာ....နင်ငါနှင့်လိုက်ခဲ့ပါလား???"
ကျောင်းရောက်တာနှင့်ပန်းလေးကမဏိလက်ကိုကိုင်ကာကလေးတယောက်လိုပူဆာနေခဲ့တယ်....
"နေပါအုန်း...ပန်းလေးရဲ့...နင်ကဘယ်ချိန်သွားမှာလဲ???"
"ဒီစနေ၊တနင်္ဂနွေပေါ့..."
"သွားတာတော့သွားလို့ရပါတယ်....ပန်းလေးရဲ့...ဒါပေမဲ့ငါမှရေမကူးတတ်တာ...."
"ငါသင်ပေးမှာပေါ့ဟ..."
"အေးပါ...အဲ့တာဆိုလည်းသွားကြတာပေါ့....သျှားနှင့်မိုးမခလည်းလိုက်ခဲ့ပါလား???လူစုံတော့ပိုပျော်ဖို့ကောင်းတာပေါ့...."
"အွန်း...လိုက်ခဲ့မယ်လေ...မသဘော..."
"အဲ့တာဆိုgolden resortပဲသွားကြမယ်လေ...."
"အေး...ကောင်းသားပဲ...မိုးမခ...ငါလည်းမင်းရဲ့golden poolကိုသဘောကျတယ်...."
💚💚💚💚💚💚💚💚💚💚💚💚💚💚💚💚
"Golden resortဆိုတာဘာလဲဟင်???"
မဏိသိချင်တာကိုတန်းမေးလိုက်တယ်....
"Golden resortကအပန်းဖြေအိမ်ကြီးလေး...မရဲ့...အဲ့resortကမိုးမခတို့အိမ်ကပိုင်တာလေ....ရေကူးတာအပြင်မြင်းစီးတာရော၊ဂေါက်ရိုက်တာတွေလည်းလုပ်လို့ရသေးတယ်...."
"ဟုတ်တယ်...မဏိရဲ့...အဲ့မှာအပန်းဖြေစရာတွေမှအများကြီးပဲ...."
"တကယ်???ပျော်စရာကြီးပဲ...အခုတောင်သွားချင်နေပြီ....နော်...ပန်းလေး..."
"ဟုတ်ပါ့မဏိရယ်...."
မရဲ့မျက်နှာမှအပြုံးပန်းလေးတွေပွင့်ဖူးနေခဲ့တယ်...မရယ်...မမျက်နှာလှလှလေးမှာအမြဲတမ်းအပြုံးပန်းလေးတွေပဲပန်ဆင်ထားစေချင်တယ်....
မမျက်နှာလေးညှိုးငယ်သွားမှာကျွန်တော်သေမှာထက်ကိုပိုကြောက်မိတယ်...မရယ်...အမြဲတမ်းပျော်ရွှင်နေပါ...ချစ်ရတဲ့ကောင်မလေးရယ်....
အန်တီလေးနှင့်အန်တီငယ်တို့ကိုခွင့်တောင်းပြီးစနေ၊တနင်္ဂနွေမှာပန်းလေးနှင့်အနီးအနားကရေကူးကန်တခုမှာရေသွားကူးမယ်လို့လှည့်ပတ်ပြောပြီးမနည်းခွင့်တောင်းခဲ့ရတယ်....
"GOLDEN RESORT"
နာမည်ကြီးအပန်းဖြေစံအိမ်ကြီးဖြစ်ပြီးထိပ်တန်းလုပ်ငန်းရှင်တွေသာလာရောက်အပန်းဖြေကြတဲ့စံအိမ်ကြီးတခု....အပန်းဖြေစရာအရာတွေအများကြီးရှိတာကြောင့်နေ့စဥ်နေ့တိုင်းလူအများနှင့်ပြည့်နှက်နေခဲ့တယ်....
"မင်္ဂလာပါ...သခင်လေး...."
မဏိတို့အပန်းဖြေအိမ်ကြီးကိုရောက်တာနှင့်၀န်ထမ်းတွေအားလုံးကပြေးလာကြပြီးမိုးမခလာနှုတ်ဆတ်ကြတယ်....
"ဂျာကြီး...သူတို့၃ယောက်ကကျွန်တော့်သူငယ်ချင်းတွေပဲ....သူတို့၃ယောက်ကိုdiamond cardလုပ်ပေးလိုက်ပါ..."
"ဟုတ်ကဲ့ပါ...သခင်လေး...."
"ဟဲ့...မိုးမခ...အပန်းဖြေအိမ်၀င်ဖို့cardတွေလုပ်ဖို့လိုသေးတာလား???"
"လိုတာပေါ့...ပန်းလေးရဲ့...ဒီကအခန်းတံခါးတွေအားလုံးကcardရှိမှ၀င်လို့ရတာ....လုံခြုံရေးအရပေါ့...."
"အော်...."
မဏိနှင့်ပန်းလေးတို့ကတော့အထပ်ပေါင်းများစွာဖြင့်တခမ်းတနားလှပနေတဲ့အပန်းဖြေစံအိမ်ကြီးကိုတအံ့တသြငေးကြည့်နေမိတယ်....
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
chapter-10 coming soon🫧🫧🫧🫧🫧
🍰🍰authoress-yoon mieno🍰🍰