Chapter 71
Viewers 9k

👻Chapter 71




ဖော့ယန်ကန်ပေါ်တွင် ပိန်းပိတ်အောင်မှောင်မည်းနေခဲ့လေသည်။ ကျယ်၀န်းကာ အဆုံးမဲ့သော ရေပြင်မှာ ညအမှောင်နှင့်အတူ ရောနှောနေခဲ့သည်။


 á€™á€ąá€œáá€–္ဏအယန်ကန်မသဏ နှစ်တစ်နှစ်၏ အကောင်းဆုံးအချိန်ဖြစ်လေသည်။ ခရီးသွားအများစုမှာ ကန်ဘေးတွင် စခန်းချလျက် မြက်ခင်းပြင်ပေါ်တွင်ပျော်ပျော်ပါးပါး ပြေးလွှားကာ ညကိုဖြတ်သန်းနေကြသည်။ သို့သော် သူတို့မသိသည်မှာ ဖော့ယန်ကန်၏ အလယ်တွင် ရွှမ်းရွှယ်လောက၏ အကြီးကျယ်ဆုံးသရဲစျေးကြီးဖွင့်လှစ်နေခဲ့ခြင်းပင်။


ရှီကျားမှာ ထိုရှည်လျားသော သရဲမီးလမ်းကို ၅မိနစ်မျှလျှောက်လှမ်းလာနေခဲ့သည်။ အဆုံးသို့ရောက်သော် ယဲ့ကျင်းကျီက လက်ကိုဆန့်လျက် ထူထဲသောမြူထုကို ဖယ်ရှားလိုက်လျှင် အရာအားလုံးမှာ ရုတ်ချည်းရှင်းလင်းလာခဲ့လေသည်။


သရဲပေါင်းများစွာနှင့် ဆရာသခင်များစွာမှာ သရဲစျေးတွင်စုဝေးနေခဲ့ကြပြီးဖြစ်သည်။ 


ရှီကျား သရဲစျေး၏အစွန်တွင်ရပ်လျက် ငေးကြည့်နေခဲ့သည်။ သရဲစျေးမှာ ဖော့ယန်ကန်၏ မီတာထောင်ကျော်မျှနေရာယူထားခဲ့လေသည်။ မရေတွက်နိုင်သောသရဲလေးများမှာ တွန်းလှည်းလေးများ ဆိုင်ကလေးများဖြင့် တိုလီမုတ်စများရောင်းချနေကြသည်မှာ ဖြစ်ကတန်းဆန်းနိုင်သော်လည်း အစဥ်အစဥ်ကျကျလည်းဖြစ်နေပြန်သည်။


ယဲ့ကျင်းကျီက အသံတိုးတိုးဖြင့်ရှင်းပြလာသည်။


"ဒါက ရှစ်ထောင့်အစီအရင်လေ..ရွှေရောင်သစ်ရွက်ရှိတဲ့ ဆရာသခင်တွေကပဲ သရဲစျေးကို၀င်လို့ရပြီး ဖော့ယန်ကန်ပေါ်လမ်းလျှောက်လို့ရတယ်...သူတို့အပြင်ဆို ဘယ်၀ိညာဥ်ရိုင်းတွေမဆို၀င်ထွက်လို့ရတယ်..သရဲစျေးရဲ့ဧည့်သည်တွေက ဆရာသခင်တွေ သရဲတွေကသာ တစ်ခုတည်းသောစျေးသည်တွေပဲ"


"ဒီကဆရာအတော်သိတာပဲဗျ" 


ရုတ်ချည်းအသံတစ်ခုကိုကြားလိုက်ရလေသည်။


ရှီကျားနှင့်ယဲ့ကျင်းကျီအတူတကွလှည့်ကြည့်လိုက်ကြသည်။ သရဲတစ်ကောင်မှာ လက်၂ဖက်ကိုပွတ်လျက် သူတို့အား မျက်နှာလို မျက်နှာရဟန်ဖြင့်ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။ ထိုသရဲ၏၀မ်းဗိုက်တွင် ဓါးရှည်ကြီးတစ်ချောင်းထိုးစိုက်နေခဲ့သည်။ ၄င်းမှာရှေ့ရာစုနှစ်မှ လိုင်နင်သားအင်္ကျီကို၀တ်ဆင်ထားခဲ့လေသည်။ သူ၏နဖူးရှေ့တွင်ဆံပင်တိုတို့ထိုးထိုးထောင်ထောင်နှင့် သူ၏နောက်ဆံပင်မှာမူ ပုခုံးထိရှည်လေသည်။ 


ရှီကျားမှာ ထိုသရဲကို အထက်အောက်အကဲခတ်ကြည့်ပြီးနောက် အတွေးတစ်ခုပေါ်လာခဲ့လေသည်။ ထိုသရဲမှာ ပရိရာယ်ကြွယ်ကြွယ်ဆိုလာခဲ့သည်။ 


"ဒီသရဲလေးက ကျောက်စန်းလို့ခေါ်ပါတယ်...ဒီသရဲလေးသေသွားတာ နှစ်ပေါင်း၁၀၀ကျော်ကြာပါပြီ..အဲဒီတုန်းက စစ်ပွဲတွေဖြစ်နေတဲ့နှစ်ပါ..ဒီသရဲလေးကတော့ဗိုလ်မှူး ဖုန်းရဲ့ အဖွဲ့ထဲကပေါ့..နောက်စစ်ရှုံးပြီး အားလုံးအိမ်ပြန်ပို့ခံလိုက်ရတယ်..မမျှော်လင့်ထားပဲ ဒီသရဲလေးကအိမ်အပြန်လမ်းမှာ ရန်သူဆီက ဓါးနဲ့အထိုးခံလိုက်ရပါတယ်"


ထိုသရဲမှာ စကားအလွန်များလေသည်။ ရှီကျားနှင့်ယဲ့ကျင်းကျီကမတုန့်ပြန်သည်ကို မြင်လျှင် သူကမျက်လုံးကိုလှိမ့်လျက် လိုရင်းကိုတန်းပြောလာခဲ့သည်။


"ဒီကဆရာ၂ယောက် ဒီသရဲလေးလမ်းပြပေးဖို့လိုဦးမလားမသိဘူး..ဒီသရဲလေးက ဖော့ယန်သရဲစျေးကိုနှစ်တိုင်းလာနေကျမို့ အတွင်းရောအပြင်ရော မျက်စိမှိတ်ပြီးတောင်သွားနိုင်တယ်..ဆရာကမှော်ရတနာပဲဖြစ်ဖြစ် ဆေး၀ယ်ချင်တာပဲဖြစ်ဖြစ် ဒီသရဲလေးကအကုန်သိပါတယ်"


ယဲ့ကျင်းကျီကခေါင်းညိတ်လိုက်လေသည်။


"အိုကေ.."


ရှီကျားမှာ ထိုလူ၏အကြံကို သဘာ၀ကျစွာပင် နားလည်လေသည်။ သူကယဲ့ကျင်းကျီကိုကြည့်လိုက်လျှင် ယဲ့ကျင်းကျီမှာရှင်းပြလာသည်။ 


"ကိုယ်ဒီကိုမလာတာ ၃နှစ်လောက်ရှိပြီ"


ဆရာယဲ့ကိုယ်တိုင်လည်း ဤသရဲစျေးအကြောင်းကောင်းကောင်းမသိလေရာ သူတို့၂ဦးမှာ ဤသရဲလေးနောက်မှသာလိုက်သင့်ပေသည်။


ထင်ထားသလိုပင် ကျောက်စန်းမှာ သရဲစျေးတွင် ဂျင်ဂျင်လည်အောင်နေဖူးသူဖြစ်သည်။ ရှီကျားနှင့် ယဲ့ကျင်းကျီမှာ ဤနေရာတွင်လည်ပတ်ရုံသာဖြစ်ပြီး ၀ယ်လိုသောပစ္စည်းလည်းမရှိလေရာ ထိုသရဲလေးမှာ သူတို့အား နေရာစုံလည်ပါတ်ရန်သာခေါ်သွားလေသည်။


"ဖော့ယန်သရဲစျေးကို ကျွန်တော်တို့ကို ပြန်မ၀င်စားနိုင်တဲ့ သရဲလေးတွေပြင်ဆင်ထားတာလေ..ဒီသရဲစျေးမှာ ကျွန်တော်တို့တွေမိသားစုကမီးရှို့ပေးတဲ့ စက္ကူပိုက်ဆံနဲ့ ကြိုက်သလောက်ဆော့လို့ရတယ်..အဲဒါအပြင်ကို ကျွန်တော်တို့ ရွှမ်းရွှယ်လောကရဲ့pointတွေလည်းရနိုင်သေးတယ်..'ghosts know'ကကျွန်တော်တို့အတွက်လည်း အဖိုးအခတွေပေးတယ်လေ..'သရဲသိတယ် ငါသိတယ် မင်းမသိဘူး'လို့ဆိုရိုးရှိသလိုပဲ ဒီကမ္ဘာကြီးမှာ ကျွန်တော်တို့ကို အထီးကျန်၀ိညာဥ်တွေလောက် အတင်းအဖျင်းစုဆောင်းနိုင်တဲ့ သတင်းထောက်တွေ ဘယ်မှာရှိဦးမလဲဗျာ"


ပြောပြီးနောက် သရဲလေးမှာသူ၏၀မ်းဗိုက်မှဓါးကိုဆွဲနှုတ်လိုက်ကာ ထိုဓါးပေါ်တွင် အလင်းရောင်ပြန်နေခဲ့သည်။


"ကျွန်တော်တို့အထီးကျန်၀ိညာဥ်တွေနဲ့ ၀ိညာဥ်ရိုင်းတွေက ဟွာရှားတခွင်အနှံ့မှာရှိတယ်..တစ််ခုခုဖြစ်တာနဲ့ အဲနေရာကိုအပြေးသွားပြီး ကိစ္စရဲ့အရင်းအမြစ်ကိုရှာ 'ghosts know'ကိုသတင်းပေးရတာပဲ..ကျွန်တော်တို့က 'ghosts know'ရဲ့သစ္စာရှိ သတင်းထောက်တွေပါ..ရှေ့လကကျွန်တော်တို့ 《စန်းရှို့ကျန်းကျွင်းနဲ့ သူ့ရဲ့တပည့်နန်ရိတို့၏ပုံပြင်》ဆိုတဲ့အတင်းအဖျင်းကိုပို့ပေးခဲ့သေးတယ်လေ"


ရှီကျားမှာ သရဲစျေးတွင်ရောင်းသောအအေးသောက်နေတုန်းဖြစ်ကာ ၄င်းကိုကြားလိုက်ရသော် ရုတ်ချည်းသီးသွားခဲ့လေသည်။ 


"စန်းရှို့ကျန်းကျွင်းနဲ့ သူ့တပည့်နန်ရိဟုတ်လား" 


ရှီကျားမှာ စန်းရှို့ကျန်းကျွင်းကို ယခင်ကမြင်ဖူးလေသည်။ စန်းရှို့ကျန်းကျွင်းမှာ အမျှော်အမြင်ရှိကာ တည်ငြိမ်သူဖြစ်သည်။ အကြည့်တစ်ချက်နှင့်ပင် သူကဆရာသခင်တစ်ဦးဟူသောခံစားချက်မျိုးပေးသည်။ 


အရေးကြီးဆုံးအချက်က သူကဒီနှစ်မှာ အသက်၁၀၃ဖြစ်နေပြီလေ..


ကျောက်စန်းရယ်လိုက်သည်။ 


"ဒုတိယခေါင်းစဥ်က 《စန်းရှို့ကျန်းကျွင်းရဲ့ သူ့တပည့်ကိုသင်ကြားပေးမှု နည်းလမ်းများ》လေ..


ရှီကျား"....."


မင်းတို့မှာ ပရော်ဖက်ရှင်နယ် အလုပ်စည်းမျဥ်းဆိုတာရောရှိသေးရဲ့လား..


ကျောက်စန်းက ရေပက်မ၀င်စကားဆိုနေခဲ့သည်။ လူ၂ယောက်နှင့် သရဲတစ်ကောင်မှာ ၈ထောင့် အစီအရင် အပြင်လွှာ၏ နေရာစုံကိုလည်ပါတ်ပြီးနောက် ကျောက်စန်းမှာ ဂရုတစိုက်ဆိုလာခဲ့သည်။


《ဆရာတို့ ဒီဖော့ယန်သရဲစျေးကို ၀ူရှန်းရှစ်ထောင့်အစီအရင်နဲ့ဖွဲ့စည်းထားပြီးတော့အပိုင်း ၂ပိုင်းရှိပါတယ်..အပြင်လွှာနဲ့ အတွင်းလွှာတွေပါ..အပြင်လွှာက စက္ကူပိုက်ဆံပဲရှိပြီး pointတွေမရှိတဲ့ ၀ိညာဥ်ရိုင်းလေးတွေအတွက် စားသောက်ပျော်ပါး ကစားတဲ့နေရာပေါ့.. အတွင်းလွှာမှာတော့ ဆရာသခင်တွေလုပ်ထားတဲ့ မှော်ရတနာတွေနဲ့ အဆောင်ပစ္စည်းတွေရှိပါတယ်..

အတွင်းလွှာကို၀င်မယ်ဆိုရင် pointတွေလိုပါတယ်..၀င်ပေါက်နားမှာ မော့သို့အကောင့်ကိုနှိပ်လိုက်ပြီး အထဲမှာ pointတွေရှိနေရင် ၀င်သွားရုံပါပဲ..အခု..ကျွန်တော်တို့ အတွင်းလွှာ၀င်ပေါက်ကိုရောက်နေပါပြီ"


 á€›á€žá€Žá€€á€ťá€Źá€¸á€á€ąá€Ťá€„á€şá€¸á€€á€­á€Żá€™á€ąá€Źá€ˇá€œá€ťá€€á€şá€á€…á€şá€á€ťá€€á€şá€€á€źá€Šá€şá€ˇá€œá€­á€Żá€€á€şá€œá€ąá€žá€Šá€şá‹ ၁၀မီတာမျှအကွာအဝေးတွင် ရွှေရောင်တံခါးတစ်ချပ်ကိုတွေ့လိုက်ရလေသည်။ သရဲများစွာမှာ ထိုတံခါးအနီးတွင် လှည့်ပတ်သွားနေကြပြီး ၄င်းတို့၏မျက်လုံးများမှာ မနာလိုမှုတို့နှင့်ပြည့်နှက်နေသော်လည်း အတွင်းသို့၀င်မသွားနိုင်ကြချေ။


ကျောက်စန်းဆက်လက်ရှင်းပြလာခဲ့သည်။ 


"ရွှမ်းရွှယ်လောကရဲ့ ထိပ်တန်းမျိုးဆက်သစ်လေးတွေ အကုန်အထဲမှာ ရှိနေပါတယ်.. စီနီယာဆရာသခင်ကြီးတွေကတော့ သရဲစျေးကို၀င်မပါတတ်ပါဘူး..ဂိုဏ်းကြီးတွေရဲ့ ထိပ်တန်းတပည့်တွေကပဲ ဒီကိုသူတို့ပစ္စည်းတွေရောင်းချဖို့ရောက်လာကြတာပါ..တကယ်တော့ ထျန်းကုန်းပွဲကြည့်စင်အွန်လိုင်းရှော့မှာ ဘာမဆိုအကုန်၀ယ်လို့ရပါတယ်..ဒါပေမယ့်ဆရာသိသလိုပဲ ထျန်းကုန်းပွဲကြည့်စင်ရဲ့ အဖိုးအခကအတော်မြင့်တယ်လေ...သူတို့ကအမြတ်ရဲ့ ရာခိုင်နှုန်းတ၀က်ကိုယူထားတာ..အဲဒါနဲ့ မျိုးဆက်သစ်ဆရာသခင်လေးတွေက ဖော့ယန်စျေးအတွင်းလွှာမှာ သူတို့ရတနာပစ္စည်းတွေလာရောင်းတတ်ကြတယ်..ဆရာတို့အထဲ၀င်ကြည့်ချင်လားဟင်"


ယဲ့ကျင်းကျီမှာ ရှီကျားကိုကြည့်လိုက်သည်။


"အပြင်လွှာတစ်၀က်လောက်ကျန်သေးတယ်..မင်းဆုံးအောင်လျှောက်ကြည့်ချင်သေးလား"


ရှီကျားခတ္တမျှတွေးလျက် ပြုံးကာခေါင်းညိတ်လိုက်လေသည်။ 


"ကျွန်တော်လျှောက်ကြည့်ချင်သေးတယ်"


၄င်းကိုကြားလျှင် ကျောက်စန်းမှာ စိတ်ပျက်သွားသော အမူအရာမျိုးပြလာခဲ့လေသည်။ ယဲ့ကျင်းကျီလက်ကိုမြှောက်လိုက်သော် ရွှေရောင်အလင်းတစ်ခုမှာ ကျောက်စန်းထံလွင့်မြောသွားခဲ့လေသည်။ ကျောက်စန်းမှာ အံ့အားသင့်လျက် ယဲ့ကျင်းကျီကိုငေးကြည့်နေခဲ့မိလေသည်။ သူကလျင်မြန်စွာဒူးထောက်လျက် ဂါရ၀ပြုလာသည်။ 


"ကျေးဇူးပါဆရာ..ကျေးဇူးတင်ပါတယ်ဆရာ.."


ယဲ့ကျင်းကျီက ခံစားချက်မဲ့စွာဆိုလိုက်သည်။


"ငါတို့အပြင်လွှာအကြောင်းသိပြီးပြီ..အတွင်းလွှာအကြောင်းကိုတော့ ငါကောင်းကောင်းသိတယ်..မင်းလမ်းပြစရာမလိုတော့ဘူး"


"ကျေးဇူးတင်ပါတယ်..ဒီသရဲစျေးအတွင်းလွှာမှာ ဆရာသခင်တွေအများကြီးရှိပါတယ်..တကယ်လို့ဆရာတို့ တစ်ယောက်ယောက်ကမှတ်မိတာမလိုချင်ဘူးဆိုရင် ရှေ့မီတာ ၂၀လောက်မှာ နှစ်၅၀သက်တမ်း သရဲတစ်ကောင်ရှိပါတယ်..သူအသက်ရှိတုန်းက မျက်နှာဖုံးတွေလုပ်ရောင်းတာလေ..ဆရာအထဲမ၀င်ခင် သူ့ဆီကမျက်နှာဖုံး၀ယ်သွားရုံပါပဲ"


ကျောက်စန်းမှာ နောက်ထပ်ဦး၃ကြိမ်ချလာပြန်သည်။ ထို့နောက် သေးငယ်သော မီးခိုးရောင် မော့သို့လေးကိုထုတ်ယူလျက် အတွင်းလွှာ ဂိတ်တံခါးထဲသို့ပြေး၀င်သွားလေတော့သည်။


ရှီကျားပြုံးလိုက်သည်။ "ဆရာယဲ့ သူလိုချင်တဲ့ဆုကိုပေးလိုက်ပြီလား.."


ယဲ့ကျင်းကျီခေါင်းညိတ်လိုက်သည်။


"ကိုယ်သူ့ကိုpointနည်းနည်းပေးလိုက်တယ်.."


၂ဦးသားမှာ ထိုနေရာ ကြာကြာဆပ်မနေတော့ပဲ ရှေ့သို့ဆက်၍လျှောက်သွားလိုက်ကာ အပြင်လွှာကျန်တ၀က်ခန့်ကို လျှောက်ကြည့်ရန် စိတ်ကူးထားကြလေသည်။


လောကကြီးတွင် အလကားရသော နေ့လည်စာမရှိမှန်း ရှီကျားသိပြီးဖြစ်သည်။ ထိုကျောက်စန်းမှာ အကြောင်းမရှိပဲ သူတို့အား ကြင်နာတတ်သော လမ်းပြလာလုပ်ပေးလိမ့်မည်မဟုတ်ချေ။ ကျောက်စန်းက သူတို့၀ိညာဥ်ရိုင်းများမှာလည်း 'ghosts know'ထံမှpointများရနိုင်ကြောင်းဆိုခဲ့သည်။ ကြင့်ကြံဆင့်ပိုမြင့်သော ၀ိညာဥ်ရိုင်းတစ်ကောင်မှ မကောင်းဆိုး၀ါးကိုရှင်းလိုက်သောအခါတွင်လည်း pointများရနိုင်လေသည်။


သို့သော် pointများကို မည်သို့လွယ်ကူစွာရနိုင်ပါမည်နည်း။


'Ghosts know'မှာတစ်နေ့တွင် သတင်း၄ပုဒ်သာတင်လေ့ရှိသည်။ သရဲလေးများပို့ပေးသော အတင်းအဖျင်းတစ်ပုဒ်တလေသာအရွေးခံရလိမ့်မည်။ လူတစ်ခါမှမသတ်ဖူးသော သရဲများနှင့် လူသတ်ထားသော မကောင်းဆိုး၀ါးများအကြား ကွာခြားချက်မှာလွန်စွာကြီးမားလှပေသည်။ မကောင်းဆိုး၀ါးတစ်ကောင်ကိုသတ်ရန်မှာ ခက်ခဲလွန်းလှသည်။


ထို့ကြောင့် ကျောက်စန်းမှာ သူတို့အတွက် လမ်းပြလုပ်ပေးကာ pointအနည်းငယ်ရချင်ခဲ့ရုံသာဖြစ်လိမ့်မည်။


သို့သော် ရှီကျားမှာထင်မထားသည်မှာ ကျောက်စန်းသည် ဖော့ယန်သရဲစျေးအတွင်းလွှာကို စိတ်လှုပ်ရှားစွာ၀င်သွားသည်နှင့် သူ၏သူငယ်ချင်းဟောင်းသရဲထံမှ လှမ်းဆွဲခံလိုက်ရလေသည်။


ကြိုးဆွဲချသရဲမှာ ကျောက်စန်းအား ပုခုံးမှ၀မ်းသာအားရဆွဲဖက်လိုက်လေသည်။


"စန်းအာ မင်းဟိုဆရာတွေဆီက pointတွေရခဲ့လား..လာလာ..ထျန်းကုန်ပွဲကြည့်စင်ကဆရာတစ်ယောက်ဟိုနားမှာ စျေးဆိုင်လေးဆင်နေတာတွေ့ခဲ့တယ်..အဲဒါသူတို့အကြီးဆုံးတပည့် တိုင်းတာမှုလေ..ဆရာတိုင်းတာမှုက သဏ္ဍာန်ပြောင်းလဲခြင်းအဆောင်ကို ၀.၁ pointစီနဲ့ရောင်းနေတာ..မင်းတစ်ခုလောက် အမြန်သွား၀ယ်သင့်တယ်"


ကျောက်စန်းမှာ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လာခဲ့လေသည်။ သူသည်ထိုသဏ္ဍာန်ပြောင်းလဲ အဆောင်ကိုလိုချင်သဖြင့် ရှီကျားနှင့် ယဲ့ကျင်းကျီအား မမောနိုင်မပန်းနိုင် သရဲစျေးတခွင်လှည့်ပြနေခဲ့ခြင်းဖြစ်သည်။


ဆွဲကြိုးချသရဲကဆိုသည်။ 


"စန်းအာ..အဲဆရာကမင်းကိုဘယ်လောက်ပေးလိုက်လဲ..မင်း ၀.၂pointလောက်တော့ပေးခဲ့လောက်လား..အဲဒါဆိုမင်း သဏ္ဍာန်ပြောင်းအဆောင်၂ခု၀ယ်လို့ရပြီ"


"အဲဒီဆရာ၂ယောက်က သာမာန်ပုံနဲ့ ငယ်လည်းငယ်တယ် ..အရင်ကသူတို့ကိုဖော့ယန်သရဲစျေးမှာတခါမှမမြင်ဖူးဘူး..သူတို့က ဂိုဏ်းကြီး၄ဂိုဏ်းကတပည့်တွေတော့မဖြစ်နိုင်ဘူး"


ကျောက်စန်းသူ၏ မော့သို့ကိုဖွင့်ကြည့်လိုက်သည်။ သူ၏သူငယ်ချင်းကိုလှည့်ပြောလိုက်စဥ်မှာပင် ဆွဲကြိုးချသရဲမှာ မျက်လုံးကြီးများပြူးကျယ်သွားခဲ့လေသည်။ သူ၏ပါးစပ်အပြင်ဘက်တွင် တွဲလွဲကျနေတတ်သော လျှာမှာ ထွက်ကျသွားခဲ့လေသည်။


“ငလူး..ငလူး..စန်းအာ..၁၀ pointတောင်..၁၀pointကွ...ငါမှားမြင်မိတာလား..မင်းတော့ပွပြီ"


ကျောက်စန်း၏မျက်လုံးများ ထွက်ကျမတက်ပြူးကျယ်လာခဲ့သည်။


ဆရာယဲ့၏ pointနည်းနည်းနှင့် သူများတကာ၏ pointနည်းနည်းမှာ လုံး၀မတူညီသော အဓိပ္ပါယ်၂ခုဖြစ်ကြောင်း ချက်ကျလက်ကျသက်သေပြလိုက်ချေပြီ။


ကျောက်စန်းမပါတော့လျှင် ရှီကျားမှာ ဖော့ယန်သရဲစျေးအား ပို၍လွတ်လွတ်လပ်လပ်လှည့်ပတ်ကြည့်၍ရလေသည်။ အပြင်လွှာတွင် စိတ်၀င်စားစရာကောင်းသောအရာများရှိသည်။ တချို့၀ိညာဥ်ရိုင်းများမှာ အလွန်ဆင်းရဲလေသည်။ သူတို့တွင် စက္ကူပိုက်ဆံမီးရှို့ပေးမည့် မျိုးဆက်များပင်မရှိကြတော့ချေ။ သို့နှင့် သူတို့အုတ်ဂူများကိုသာတူးထုတ်လျက် လာရောင်းကြရတော့သည်။


ထိုပစ္စည်းအများစုမှာ အနည်းဆုံး နှစ်ပေါင်း၁၀၀ကျော်သက်တမ်းရှိလေသည်။ ၄င်းတို့မှာ အနည်းဆုံး ရှေ့ရာစုနှစ်မှပစ္စည်းများဖြစ်သည်။ ၄င်းတို့အများစုမှာ အိုးများခွက်များနှင့် ဇွန်းများဖြစ်ကာ တချို့သရဲများမှာလည်း ရှေးဟောင်းပစ္စည်းတချို့ကို ရောင်းချရန်ထုတ်ယူလာခဲ့လေသည်။ 


ရှီကျားမှာစိုက်ကြည့်နေခဲ့မိသည်။


『 á€á€ťá€„်မင်းဆက်မသ ပစ္စည်းများ : ပန်းပွင့်ပုံဖော် ပန်းကန်လုံး ၂point 』


ဤကဲ့သို့ရှေးဟောင်းပစ္စည်းအမှန်ကန်များကို pointများနှင့်ရောင်းချနေကာ ၄င်းတို့ကို သာမာန်စက္ကူပိုက်ဆံများနှင့်၀ယ်မရချေ။


သူတို့ပိုလျှောက်သွားလေ ပို၍ရှေးကျသော ရှေးဟောင်းပစ္စည်းများကိုတွေ့ရလေဖြစ်သည်။ အစောဆုံးရှေးဟောင်းပစ္စည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံခေတ်မှဖြစ်သည်။ ရှေးအကျဆုံးမှာမူ စစ်ပွဲကာလမှ ကြေး၀ိုင်ခွက်တစ်ခွက်ဖြစ်သည်။ ထိုရတနာကို ထိုသရဲလေးမှာ မည်သည့်နေရာကတူးထုတ်လာသလဲမသိချေ။ သရဲလေးက ထို၀ိုင်ခွက်၂ခွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် သူများတကာ သူ၏၀ိုင်ခွက်ကိုမျက်စိကျမှာကိုစိုးရိမ်ထိတ်လန့်နေခဲ့လေသည်။ သူ၏ရှေ့တွင် ထိုခွက်များအတွက်point 50ကျသင့်မည်ဖြစ်ကြောင်းဆိုင်းဘုတ်ထောင်ထားလေသည်။


ရှီကျားမှာ ရွှမ်းရွှယ်လောကမှဆရာသခင်မဟုတ်သလို ယဲ့ကျင်းကျီလည်းမဟုတ်ချေ။ သူကဆင်းရဲပေသည်။ ဆင်းရဲလွန်း၍ရှေ့လကဆိုလျှင် သက်တမ်းရင့်အသီးအရွက်အချဥ်စိမ်များနှင့် ထမင်းကိုစားခဲ့ရသည်။ ယခုနောက်ပိုင်း ဇာတ််ညွှန်းများစလက်ခံလာပြီဖြစ်သော်လည်း သူသည်ရွှမ်း၀ူတစ်ကားကိုသာရိုက်ရသေးကာ အတိအကျဆိုရသော် သူသည်လုံး၀ဆင်းရဲနေဆဲပင်။


ထိုရှေးဟောင်းပစ္စည်းများကိုမြင်သော် ရှီကျား၏မျက်လုံးများတောက်ပသွားခဲ့လေသည်။


သူ၏ဘေးတွင် ယဲ့ကျင်းကျီမှာ မသိလိုက်မသိဘာသာဖြင့် မီးလောင်ရာလေပင့်နေသေးသည်။ 


"ဒီ၀ိုင်ခွက်၂ခွက်က စစ်ပွဲကာလက ယဇ်ပူဇော်ဖို့သုံးခဲ့တာဖြစ်မယ်..လက်ရာကလည်းသိပ်ကောင်းတယ်..ဒီသရဲလေးကံကောင်းတာပဲ..အုတ်ဂူကြီးကနေခိုးလာတာဖြစ်မယ်"


ရှီကျားမှာ အပြည့်အ၀သိပ္ပံလူငယ်ဖြစ်သည်။ သူသည်ယခင်က သမိုင်းတွင် Bသာရဖူးသော်လည်း ထိုစစ်ပွဲကာလမှာ လွန်ခဲ့သောနှစ်၂၀၀၀ကျော်ကဖြစ်ကြောင်းမှတ်မိသေးသည်။ လွန်ခဲ့သောရက်အနည်းက ကျိရင်ပင်လျှင် ထိုအချိန်များတွင် ယဇ်ပူဇော်ခြင်းအလေ့အထမှာ အလွန်အစွန်းရောက်ကာ ပြည်ထောင်တစ်ခု၏အကောင်းဆုံးအရာများကိုသာရွေး၍ ယဇ်ပူဇော်လေ့ရှိကြောင်းဆိုခဲ့သည်။


ဒါဆို ဒီ၀ိုင်ခွက်တွေက အရမ်းအဖိုးတန်လွန်းမနေဘူးလား..


ထိုစဥ်ယဲ့ကျင်းကျီကဆိုလာသည်။


"ကာလပေါက်စျေးဆို ဂဏန်း၈လုံးလောက်ရှိမယ်ထင်တယ်"


ရှီကျားရှေ့သို့လှမ်းလိုက်သော် ယဲ့ကျင်းကျီရှုပ်ထွေးသွားခဲ့သည်။


"ရှီကျား...?"


ထိုအခါမှသာ ရှီကျား အသိပြန်၀င်လာလျက် သူ၏လက်ကိုပြန်ချလိုက်မိလေသည်။


အင်း..မှားတော့မလို့...


ရှီကျားမှာ ဤ၀ိုင်ခွက်ကို၀ယ်လျက် ညတွင်းချင်း သန်းကြွယ်သူဌေးဖြစ်လာချင်သော်လည်း သူ့တွင် pointတစ် pointမှမရှိချေ။ ဤခွက်များမှာ point ၅၀တန်သည်။ ရှီကျားမှာ ၄င်းတို့ကို မျက်လုံးနီတို့ဖြင့်ကြည့်လျက် ကျောခိုင်းထွက်ခွာသွားရုံသာတတ်နိုင်လေသည်။


နံဘေးမှဆရာယဲ့မှာ ထိုမြင်ကွင်းကိုမြင်လျှင် နှုတ်ခမ်းတို့ကိုတင်းတင်းစေ့လိုက်လေသည်။


ရှီကျားမှာရှေ့သို့ ၃လှမ်းသာလှမ်းရသေးချိန်တွင် တစုံတစ်ယောက်မှာ သူ၏လက်ကိုဆွဲလာခဲ့လေသည်။ ယဲ့ကျင်းကျီမှာ သူ၏လက်ထဲတစ်စုံတစ်ခုကိုထိုးပေးလာပြီး ရှီကျားမှာ တဖက်လူကိုထိတ်လန့်စွာကြည့်လိုက်မိသည်။ ညင်သာသောအကြည့်များနှင့် ဆရာယဲ့၏မျက်နှာမှာ နီရဲလာခဲ့လေသည်။


"မင်း..မင်းအတွက်..၀ိုင်သောက်ရအောင်လို့ "


ရှီကျားခေါင်းကိုငုံ့လျက်ကြည့်လိုက်မိသည်။ 


"....."


၀ိုင်သောက်ဖို့ဟုတ်လား... ၁၀သန်းတန်တဲ့ခွက်နဲ့ ၀ိုင်သောက်ဖို့ပြောနေတာလား...



👻