Chapter 78
Viewers 9k

👻Chapter 78



နေ့ရက်များတစ်ရက်ပြီးတစ်ရက်ကုန်လွန်သွားခဲ့သည်။ ရှီကျားမှာ ဇာတ်ညွှန်း ၃ ၄ခုကိုဖတ်ခဲ့ပြီးဖြစ်သည်။ အဆုံးတွင်နောက်လတွင်ရိုက်ကူးမည့် ချန်းထောင်လည်းအတူပါ၀င်သော ဇာတ်ညွှန်းကိုသာရွေးချယ်ခဲ့လေသည်။ ရှီကျားမှာ ဖရဲသီးစားနေရင်း သူအဝေးသို့သွားရမည့်အရေးအား ဆရာယဲ့ကို ပြောရမည်အား တွန့်ဆုတ်နေမိလေသည်။ သို့သော်သူဘာမှမပြောနိုင်ခင်မှာပင် wechatမက်ဆေ့တစ်စောင့် လက်ခံရရှိခဲ့လေသည်။


သူဖုန်းကိုဖွင့်လျက် တစ်ချက်ကြည့်လိုက်လေသည်။


【 ဖေးယွီ: ကယ်ပါ 】


ရှီကျားရယ်လိုက်မိသည်။ သူကဖုန်းကိုစားပွဲပေါ်ပြန်ချလိုက်ကာ နောက်တစ်ကြိမ်ထပ်မကြည့်တော့ချေ။ သူကခေါင်းကိုမော့လျက် ယဲ့ကျင်းကျီကို ကြည့်ကာဆိုလိုက်သည်။ 


"ဆရာယဲ့ ကျွန်တော်ရှေ့လကျရင် ဇာတ်ကားရိုက်စရာရှိတယ်..အင်း...ရက်၂၀လောက်ကြာလိမ့်မယ်ထင်တယ်..ကျွန်တော် Cခရိုင်ဘက်ကိုသွားရမှာ"


ယဲ့ကျင်းကျီမှာ တရုတ်လိမ္မော်တစ်လုံးကိုအခွံခွာနေခဲ့ခြင်းဖြစ်သည်။ ထိုလိမ္မော်သီးအား ၂ခြမ်းခြမ်းလိုက်စဥ်မှာပင် ထိုစကားကိုကြားလိုက်ရခြင်းဖြစ်သည်။ သူကခေါင်းကိုမော့လျက် ရှီကျားကို ကြည့်လာခဲ့လေသည်။


ရှီကျားကဆိုသည်။ " ဇာတ်ညွှန်းကမဆိုးဘူး..ခေတ်ပေါ်မှုခင်းစုံထောက်ကားမျိုးပဲ"


ယဲ့ကျင်းကျီ ဘာပြောရမှန်း မသိချေ။ သူသည်စိတ်တို့လွင့်လျက် လိမ္မော်သီးတစ်စိတ်ကို ပါးစပ်ထဲထည့်ကာ၀ါးလိုက်မိလေသည်။ ရှီကျားမှာ ဇာတ်လမ်းအကြောင်းပြောပြနေဆဲပင်။ ထို့နောက်အဆုံးတွင် ရှီကျားမှာ ဆရာယဲ့ကိုဂရုတစိုက်ကြည့်လျက် ညင်သာစွာမေးလိုက်သည်။


"ဆရာယဲ့ အရင်က Cခရိုင်ကိုသွားဖူးလား"


ယဲ့ကျင်းကျီလည်း အသိပြန်၀င်လာခဲ့လေသည်။ သူစိတ်လွင့်နေစဥ်တွင် လိမ္မော်သီးတစ်လုံးလုံးကို စားလိုက်မိသည်ကိုလည်း သတိထားမိလိုက်လေသည်။ သူကခေါင်းခါလိုက်ပြီးမှ တဖန်ခေါင်းညိတ်လိုက်ပြန်ကာ အစီအစဥ်မကျစွာဆိုလာခဲ့သည်။


"မသွားဖူး..အာ..ရောက်ဖူးတယ်..အရင်ကသရဲဖမ်းဖို့သွားဖူးတယ်ထင်တယ်...ဖုန်းတုက Qမြို့ရဲ့အရှေ့ဘက်မှာလေ..ရှေ့လေးနှစ်တုန်းက ဖုန်းတုငရဲဂိတ်ပွင့်တုန်းကသွားဖူးတယ်..ဟုတ်တယ် သွားဖူးတယ်"


ယဲ့ကျင်းကျီမှာ ပူပန်စိတ်များနေသဖြင့် စကားကိုပင်ဖြောင့်ဖြောင့်မပြောနိုင်မှန်းရှီကျား သတိမထားမိချေ။ သူကအတော်ကြာပြီးမှ ညင်သာစွာမေးလိုက်လေသည်။ 


"ဆရာယဲ့..Cခရိုင်...Cခရိုင်မှာ အစားအသောက်ကောင်းတွေ အများကြီးရှိတယ်...ကျွန်တော့်ဇာတ်ကောင်ကသိပ်အကြီးကြီးမဟုတ်တော့ ရိုက်ရမယ့်ရက်လည်း သိပ်မကြာပါဘူး..ရှေ့လကျရင် ကျွန်တော်နဲ့အတူလိုက်ချင်လားဟင်"


ယဲ့ကျင်းကျီကြောင်သွားခဲ့လေသည်။


"အာ..."


ရှီကျားမှာ အနည်းငယ်တွန့်ဆုတ်သွားမိသည်။ 


"ဘာမှမဟုတ်တော့ပါဘူးဆရာယဲ့..ကျွန်တော်ဒီတိုင်းပြောလိုက်တာ..အတည်ယူစရာမလိုဘူးနော်"


"လိုက်မယ်"


ရှီကျားတုန်လှုပ်သွားမိသည်။ ယဲ့ကျင်းကျီမှာ သူ့ကိုစိတ်လှုပ်ရှားစွာကြည့်လျက် တက်တက်ကြွကြွဆိုနေခဲ့သည်။


"လိုက်မယ် ကိုယ်လိုက်ချင်တယ်" 


သူကအလွန်စိတ်အားထက်သန်လွန်းနေသည့်ပုံပေါက်မည်စိုး၍ ယဲ့ကျင်းကျီမှာ သူ၏ဦးနှောက်ကို အပူပေးလျက် အကြောင်းပြချက်တစ်ခုကိုအမြန်စဥ်းစားလိုက်လေသည်။


"အဲဒီမှာ..အဲဒီမှာ..အရသာရှိတဲ့အစားအသောက်တွေရှိတယ်..ကိုယ်..ကိုယ်သွားချင်တယ်"


ရှီကျား၏နှလုံးသားလေးမှာ နွေးထွေးလာခဲ့ပြီး သူ၏လက်ကိုမြှောက်လျက် မျက်၀န်းများကွေးတက်သွားသည်အထိ ပြုံးနေမိခြင်းကို ဖုံးကွယ်လိုက်လေသည်။


သူတို့၂ဦးနောက်လတွင် Cခရိုင်ကိုမသွားမီအထိ နေ့ရက်များသာ ဤအတိုင်းသာဆက်သွားနေသင့်ပေသည်။ ညနက်သည်အထိ ရှီကျားမှာ 'ghosts know'ကိုဖွင့်လျက် အတင်းအဖျင်းများကို ဖတ်ကြည့်နေခဲ့သေးသည်။ ဖတ်ပြီးနောက် သူ၏ဖုန်းကိုပိတ်ခါနီးတွင် ဆရာသခင်အတုလေးဖေးပို့ထားသော မက်ဆေ့ကိုမြင်လိုက်ရလေသည်။


ရှီကျားမှာ အကူအညီမဲ့စွာပြုံးလိုက်ပြီး စာပြန်ပို့လိုက်လေသည်။ 


:【 ဘာလဲ..တစ်ခုခုဖြစ်ပြန်ပြီလား ? 】


ထို့နောက်ဖုန်းကိုချကာ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်လိုက်တော့သည်။


နောက်တစ်နေ့တွင် ရှီကျားမှာ ထိုမက်ဆေ့အကြောင်း မေ့လျော့သွားခဲ့ပြီးဖြစ်သည်။ သူနှင့်ယဲ့ကျင်းကျီမှာ အတူစျေး၀ယ်ထွက်ရင်း ဖော့ယန်နယ်မြို့ကလေးတခွင်ပါတ်ကြည့်နေခဲ့ကြသည်။ တတိယနေ့တွင် သူနှင့်ယဲ့ကျင်းကျီမှာ ဖော့ယန်ကန်ဘေးတွင် campထွက်လျက် လှပသာကန်ရေပြင်ရှုခင်းကိုခံစားရင်း အသားကင်များစားကြလေသည်။ ၄ရက်မြောက်နေ့တွင် ရှီကျားမှာ ဖုန်းကိုကလိရန်ပြင်လိုက်စဥ် ရုတ်ချည်း သတိရသွားခဲ့လေသည်။


ဖေးယွီဘာလို့စာမပြန်သေးတာလဲ ..



သူ၏ချောမော ဖြောင့်တန်းသော မျက်ခုံးမှာ အသာတွန့်ချိုးသွားခဲ့လေသည်။


【 ဖေးယွီ? ဘာလို့စာမပြန်တာလဲ..တစ််ခုခုဖြစ်နေတာလား 】


【ဖေးယွီ.. ? 】


【 ဖေးယွီ..မင်းဒါကိုဖတ်နေရင် စာပြန်ပါဦး . 】


ရှီကျားမှာ ၅မိနစ်မျှစိတ်ရှည်လက်ရှည်စောင့်နေခဲ့လေသည်။ သို့တိုင်အောင် မည်သည့်ပြန်စာမှရောက်မလာခဲ့ချေ။ သူချက်ချင်းအိပ်ယာမှထကာ အခန်းထဲမှထွက်ရင်း ဖေးယွီ၏ဖုန်းကိုခေါ်လိုက်လေသည်။ သူ့သော်အခန်းထဲမှမထွက်ရသေးခင်မှာပင် အေးစက်စက်အမျိုးသမီး၏ကြေညာသံကိုကြားလိုက်ရလေသည်။


"လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာဆက်သွယ်မှုဧရိယာပြင်ပသို့.."


ရှီကျား၏ခြေလှမ်းတို့ ရုတ်ချည်းရပ်တန့်သွားခဲ့သည်။


ထို့နောက် သူသည်အခန်းတံခါးကိုဖွင့်ကာ အမြန်ထွက်လျက် မီးဖိုချောင်ထဲမှ ယဲ့ကျင်းကျီထံသွားလိုက်လေသည်။ 


"ဆရာယဲ့..ဖေးယွီဒုက္ခရောက်နေပြီ.." 


သူ၏အသံမှာ ရပ်တန့်သွားလျက် ရှီကျား၏မျက်၀န်းများတွင် မိမိကိုယ်ကို အပြစ်တင်ရိပ်များရှိနေခဲ့လေသည်။


"ဆရာယဲ့..ကြည့်ရတာ ဖေးယွီတကယ်တစ်ခုခုဖြစ်နေပြီထင်တယ်"


ရှေ့ရက်များကမှ တစ်ယောက်ကိုတစ်ယောက် စနောက်နေခဲ့ခြင်းဖြစ်လေရာ ရှီကျားမှာ ဤအကူအညီတောင်းစာကိုအတည်မယူပဲ သိပ်ဂရုမစိုက်မိခဲ့ချေ။ ဆရာသခင်အတုလေးဖေးမှာ ယုံကြည်ကိုးစားမရချေ။ ရှီကျားမှာ ဖေးယွီအားမကြာခဏမဆက်သွယ်တတ်သော်လည်း သူ၏ပါးစပ်က မြင်းပါးစပ်လိုပင် တပေါက်ပေါက်ဖောက်နေတတ်ကြောင်းသိလေသည်။ သူပြောသည့်စကား၁၀ခွန်းတွင် ၃ခွန်းကိုသာယုံကြည်၍ရနိုင်သည်။


ရှီကျားမှာ ဖေးယွီနောက်ဆုံးပို့ထားသော မက်ဆေ့များကို ဂရုတစိုက်ဖတ်ကြည့်လိုက်သည်။ ထိုမက်ဆေ့မှ ည၉နာရီပတ်လည်ကဖြစ်သည်။ အခြားစာအပိုတစ်စောင်မျှမရှိတော့ချေ။ 


ထို 'ကယ်ပါ'ဟူသော စာတစ်စောင်တည်းသာ။


ဖေးယွီကဘာလို့ သူ့ကိုလာကယ်ခိုင်းတာလဲ...


အရမ်းကိုအရေးပေါ်အခြေအနေဖြစ်နေလို့ ဘာမှတောင်သေချာမပြောနိုင်တော့တာလား...


ယဲ့ကျင်းကျီမှာ အခြေအနေအသေးစိတ်ကိုနားထောင်ပြီးနောက် wechatကို၀င်လျက် ထျန်းစစ်တောက်ရန်ကို သွားရှာလိုက်လေသည်။ သူကစာပို့လိုက်သော်လည်း ထူးဆန်းစွာပင် မိနစ်များကျော်လွန်သွားသည်အထိ တဖက်မှစာပြန်မလာခဲ့ချေ။


ရွှမ်းရွှယ်လောကတွင် ယဲ့ကျင်းကျီတစ်ယောက်ကသာ တပါးသူများနှင့် အဆက်အဆံသိပ်မလုပ်သူဟုပြောနိုင်သည်။ သူတို့၀ူရှန်းတောင်တွင် သူတစ်ယောက်တည်းသာရှိသည်။ သူကအခြားဂိုဏ်းများနှင့်လည်း သိပ်၍ဆက်နွယ်မှုမရှိချေ။ သူ့တွင်ထျန်းစစ်တောက်ရန်၏ wechatရှိနေခြင်းမှာ ဆရာသခင်များကိုယ်စားပြုအစည်းအဝေးပွဲကိုတက်ရန်လိုအပ်၍ပင်။ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသည်ဟုဆိုနိုင်သည့်တိုင် သူ့တွင် ထျန်းစစ်တောက်ရန်၏ ဖုန်းနံပါတ်တော့ဖြင့်မရှိပါချေ။


ရှီကျားအထိတ်တလန့်နှင့် မေးလာခဲ့သည်။ 


"ဖေးယွီရဲ့ဆရာလည်းစာမပြန်ဘူးလား..သူလည်း ဒုက္ခရောက်နေတာတော့မဟုတ်ပါဘူးနော်"


ယဲ့ကျင်းကျီကခိုင်မာစွာဆိုလာသည်။ 


"ထျန်းစစ်တောက်ရန်ရဲ့ မှော်စွမ်းအင်ကသန်မာတယ်..အဲဒါကြောင့်မဖြစ်နိုင်ဘူး..သူပါဒုက္ခရောက်နေတာဆိုရင်တော့ ကိစ္စကမရိုးရှင်းတော့မှာ စိုးမိတယ်"


သူတို့ထျန်းစစ်တောက်ရန်ကိုမရှာနိုင်လေရာ ယဲ့ကျင်းကျီအနည်းငယ်စဥ်းစားလျက် ၀မ်ရှူဘုရားကျောင်းတော်မှ ဘုန်းကြီးလေးထံစာပို့လိုက်လေသည်။ ပြောခဲ့သလိုပင် ဆရာယဲ့တွင် မျိုးဆက်သစ်များထဲ၌ သူငယ်ချင်းဟုသတ်မှတ်နိုင်သူ ၃ယောက်သာရှိလေသည်။ တစ်ယောက်မှာ ထျန်းကုန်းပွဲကြည့်စင်မှ အကြီးဆုံးတပည့်တိုင်းတာမှုဖြစ်ကာ စစ်ဝေ့ရှင်းခန်းမမှာ နန်ရိနှင့် ကျန်တစ်ယောက်နှာ၀မ်ရှူဘုရားကျောင်းမှ ဘုန်းကြီးလေး မူယွီဖြစ်လေသည်။


၀မ်ရှူဘုရားကျောင်းတော်မှာလည်း မြို့တော်တွင်တည်ရှိလေသည်။ မူယွီအားတစ်ယောက်ယောက်ကိုသွားရှာခိုင်းရန်မှာ အဆင်သင့်လေသည်။


မူယွီမှာလျင်မြန်စွာစာပြန်လာလေသည်။


: 【 အောမိသောဖော..စိတ်မပူပါနဲ့ တာအိုရောင်းရင်းလေးယဲ့..ဒီဘုန်းဘုန်းလေးက စီနီယာ ထျန်းစစ်ကိုသွားရှာလိုက်ပါ့မယ် 】


တစ်နာရီကြာပြီးနောက် ပြန်စာကိုရရှိခဲ့လေသည်။


: 【 ဒီဘုန်းဘုန်းလေးက စီနီယာ ထျန်းစစ်ကိုမတွေ့ခဲ့ရပါဘူး... တာအိုရောင်းရင်းလေးဖေးယက သူ့ဂျုနီယာညီမလေးကို အိမ်ကနေထွက်ရအောင်လှည့်ဖျားသွားပြီးတာနဲ့ ထျန်းစစ်တောက်ရန်လည်း ဒေါသထွက်လွန်းလို့မေ့လဲမတတ်ဖြစ်သွားတယ်တဲ့ အဲဒါနဲ့ သီးသန့်ကျင့်ကြံဖို့၀င်သွားတယ်...တာအိုရောင်းရင်းရဲ့ စီနီယာထျန်းစစ်က သီးခြားကျင့်ကြံပြီးရှိနေပါတယ်..ဒီဘုန်းဘုန်းလေးကလည်း သူ့ကိုဆက်သွယ်လို့မရပါဘူး..အရေးတကြီးကိစ္စများရှိလို့လား ? 】


ယဲ့ကျင်းကျီလည်း မူယွီအား လွန်ခဲ့သော၄ရက်မှ ဖေးယွီ၏စာအကြောင်းကိုပြောလိုက်လေသည်။


၄င်းကိုသိရသော် မူယွီ၏အမူအယာမှာလည်း လျင်မြန်စွာပြောင်းလဲသွားခဲ့လေသည်။ သူကဖေးယွီ၏ဂိုဏ်းကိုလျင်မြန်စွာပြန်သွားလျက် သတင်းပေးလိုက်လေသည်။ ဂိုဏ်းမှ တပည့်လေးများမှာ ၄င်းကိုကြားလျှင် ဖေးယွီနှင့် ဂျူနီယာညီမလေးအား လျင်မြန်စွာဆက်သွယ်လိုက်ကြလေသည်။ သို့သော် ထို၂ယောက်လုံးကိုဆက်သွယ်၍မရခဲ့ချေ။


 á€á€•á€Šá€şá€ˇá€œá€ąá€¸á€™á€ťá€Źá€¸á€™á€žá€Ź အထိတ်တလန့်နှင့် ခြေမကိုင်မိလက်မကိုင်မိဖြစ်ကုန်ကြလေသည်။


"ကျွန်တော်တို့ဘာလုပ်ရမလဲ..တာအိုရောင်းရင်းမူ ဆရာက အခုလောလောဆယ် သီးခြားဂူမှာ အိပ်နေတယ်..သူသာထွက်မလာရင် သူ့ကိုဘယ်သူမှဆက်သွယ်လို့ရမှာမဟုတ်ဘူး..ဆရာဦးလေး၀မ်ကလည်း မနေ့ကမှ ပင်လယ်နားကမြို့ကို ယဥ်ကျေးမှုဖလှယ်ဖို့ဆိုပြီး ထွက်သွားတော့ ပြန်လာလို့ရမှာမဟုတ်ဘူး..ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"


ဖေးယွီ၏ဂိုဏ်းမှာ ရှောင်းကျိဟုခေါ်တွင်သည်။ နာမည်ကိုကြားသည်နှင့် ဤဂိုဏ်းမှာဇာတ်လိုက်ဖြစ်မည့်ကံမပါဟု လူတိုင်းထင်ကြလိမ့်မည်။ ရှောင်းကျိဂိုဏ်းမှာရွှမ်းရွှယ်လောက၏ဂိုဏ်းကြီးများထဲမှတစ်ခုဖြစ်သော်လည်း ဂိုဏ်းကြီး၄ဂိုဏ်းနှင့်မူ ခြေတစ်လှမ်းမျှကွာသေးလေသည်။ ထို့အတူ တမူထူးခြားသော ၀မ်ရှန်းတောင်နှင့်လည်းယှဥ်မရချေ။


အကယ်၍ ရွှမ်းရွှယ်လောကမှာ ကျောင်းမှအတန်းတစ်တန်းသာဖြစ်ခဲ့လျှင် ဂိုဏ်းကြီး၄ဂိုဏ်းမှာ အတန်းမော်နီတာ လေ့လာရေးအဖွဲ့ခေါင်းဆောင် ဘာသာရပ်တစ်ခုချင်းစီ၏ကိုယ်စားပြုများဖြစ်ပြီး အတန်းရှိကျောင်းသားများ၏ ငြိမ်ချမ်းတည်ငြိမ်ရေးကို ထိန်းသိမ်းရာတွင် တာ၀န်ရှိသူများဖြစ်သည်။ ၀ူရှန်းတောင်မှာ အတန်းထဲတွင် အမြဲ အဆင့်၁နေရာကိုသိမ်းပိုက်ထားတတ်သော လေ့လာရေးနတ်ဘုရားဖြစ်ကာ စည်းမျဥ်းများကိုဂရုမစိုက်တတ်သော်လည်း စာလေ့လာရာတွင်ဆရာကြီးဖြစ်သည်။ လူတိုင်းလည်း မလေးစားပဲမနေကြသောလေ့လာရေးနတ်ဘုရားပင်။ သို့ဆိုလျှင် ရှောင်းကျိဂိုဏ်းများမှာ ထိပ်ဆုံး၁၀ယောက်ထဲမှတစ်ယောက်ဖြစ်ပြီး ထူးချွန်သော်လည်း သိပ်မပေါ်လွှင်ပြန်သော ကျောင်းသားမျိုးဖြစ်သည်။


ရှောင်းကျိဂိုဏ်း၏ အကြီးဆုံးတပည့်ဖေးယွီမှာ လက်ရှိမော့သို့အဆင့်ဇယားတွင် ၇ဖြစ်ကာ နန်ရိနှင့် ဟူတျဲတို့ကိုမယှဥ်နိုင်ချေ။ ထိုသို့အရေးကိစ္စကြီးကြုံတွေ့နေရချိန်တွင် ထျန်းစစ်တောက်ရန်နှင့် သူ၏ဂျူနီယာညီလေးမှာအရေးယူရန်ရှိမနေလေရာ တပည့်များမှာ ဘာလုပ်ရမှန်း မသိကြတော့ချေ။


ရှောင်းကျိဂိုဏ်းမှာ ထို့သို့ဖြစ်နေလေရာ ၀မ်ရှုဘုရားကျောင်းတော်မှ ထိုအရေးကို ၀င်ပါလျက် ဖြေရှင်းရန်ကြိုးစားကြတော့သည်။ သူတို့သည်ရှောင်းကျိဂိုဏ်းမှတပည့်များကိုလွှတ်လျက် ဖေးယွီနှင့်သူ၏ဂျူနီယာညီမလေးတို့မည်သည့်နေရာတွင် ရှိနေသည်ကို အရင်ဆုံးရှာဖွေစေကြသည်။ ထျန်းစစ်တောက်ရန်အတွက်မူ ရွှမ်းရွှယ်လောကမှ စီနီယာများကိုဖိတ်ခေါ်လျက် သူ၏သီသန့်ကျင့်ကြံနေရာမှထွက်လာအောင် ခေါ်နိုင်မခေါ်နိုင် စမ်းကြည့်ရမည်ပင်။


ထိုစဥ် ရှီကျားနှင့် ယဲ့ကျင်းကျီမှာ ရှောင်းကျိဂိုဏ်းမှရသောသတင်းအရ Gခရိုင်မှ မြို့တစ်မြို့ထံဦးစွာထွက်ခွာသွားခဲ့ကြလေသည်။


လွန်ခဲ့သော၄ရက်တွင် ဖေးယွီ၏ဂျူနီယာညီမလေးမှာလည်း သူမ၏သူငယ်ချင်းအား သူနှင့်စီနီယာဖေးမှာ မည်သည့်မြို့၏ ရထားဘူတာကိုရောက်ရှိနေပြီဖြစ်ကြောင်း ဖော့ယန်ဘက်သို့ ဘတ်စ်ကားပြောင်းစီးမည်ဖြစ်ကြောင်းစားပို့ထားခဲ့သည်။ စီနီယာအစ်ကိုမှ ဖော့ယန်ကန်အနီးတွင် သူ၏သူငယ်ချင်းကောင်းတစ်ဦးရှိနေကြောင်း ထိုသူငယ်ချင်းကို လမ်းကြုံသွားတွေ့ကြမည်ဖြစ်ကြောင်းဆိုထားသည်။


သူတို့၂ဦးရုတ်တရက်ပျောက်ကွယ်မသွားမိအထိ ၄င်းမှာ နောက်ဆုံးသိရသော တည်နေရာအချက်အလက်ပင်ဖြစ်လေသည်။ ဆရာသခင်တုလေးဖေးမှာ ပျောက်ကွယ်မသွားခင်တွင် သူ့ကိုလာတွေ့ရန်စီစဥ်ထားကြောင်း ရှီကျားလုံး၀မသိခဲ့ချေ။ ၄င်းမှာ သူ့ကိုအပြစ်ရှိသလိုခံစားရစေသည်။


ဖေးယွီမှာ သူ့အားသတိတရနှင့် လာတွေ့ရန်ပြင်ခဲ့သော်လည်း သူကတော့ ဖေးယွီ၏အကူအညီတောင်းသော စာကို ဂရုပင်မစိုက်မိခဲ့ချေ။ ၄ရက်ကျော်လွန်သွားပြီးမှသာ တစ်ခုခုမှားယွင်းနေသည်ကို သတိထားမိခဲ့လေသည်။ သူငယ်ချင်းတစ်ယောက်အနေနှင့် သူဖေးယွီအပေါ် ပျက်ကွက်ခဲ့လေသည်။


ထိုပြင်းထန်သော အပြစ်ရှိစိတ်မှာ ရှီကျားကို ဘာမှမလုပ်ပဲ ထိုင်မနေနိုင်စေခဲ့ချေ။ ဖေးယွီမှာ Gခရိုင်အနီးတွင် ပျောက်ကွယ်သွားလေရာ သူသွားကာရှာဖွေရန်လိုသည်။ ယဲ့ကျင်းကျီလည်း သူနှင့်အတူထွက်လာခဲ့သည်။ ဆရာယဲ့ကဆိုသည်။


"၀ူရှန်းတောင်က Gခရိုင်မှာရှိလာတာ နှစ်ပေါင်း ၂၀၀ကျော်ပြီ"


သူဆိုလိုသည်မှာ——


Gခရိုင်သည်၀ူရှန်းတောင်၏ ကာကွယ်မှုအောက်နှင့် ယဲ့ကျင်းကျီ၏ကာကွယ်မှုအောက်တွင် ရှိနေသည်ဟုပင်။ သူ၏မျက်စိအောက်တွင် ဤကဲ့သို့ကိစ္စမျိုးဖြစ်ပျက်သွားလေရာ သူလျစ်လျူရှူမထားနိုင်ချေ။


ထိုညတွင်းချင်းပင် ၂ဦးသားမှာ Gခရိုင်အတွင်း မြို့တစ်မြို့ထံသို့ ရထားစီးသွားခဲ့လေသည်။ သို့သော် ထိုလူပေါင်းများစွာ သွားလာလှုပ်ရှားနေသော ရထားဘူတာသို့ရောက်သော် ရှီကျားမှာ ဘယ်ကစရှာရမှန်း မသိတော့ချေ။ ထိုဘူတာတွင် လူပေါင်းများစွာရှိနေခဲ့သည်။ နေ့စဥ်နေ့တိုင်း လူပေါင်းထောင်ချီ၍ ရထားစီးရန်ရောက်လာကြသည်။ မည်သည့်နေရာမှ သဲလွန်စကိုသွားရှာပါမည်နည်း။


သူ၏စိုးရိမ်ပူပန်နေမှုကိုနားလည်သည့်အလား ယဲ့ကျင်းကျီကဆိုလာခဲ့သည်။ 


"စိတ်မပူပါနဲ့ ကိုယ်တို့ရှာတွေ့မှာပါ"


ကောင်းကင်ပေါ် လမင်းနေရာယူလာသည်နှင့် ရထားဘူတာတွင် လူများတဖြည်းဖြည်းနည်းလာခဲ့တော့သည်။ ယဲ့ကျင်းကျီလက်ကိုလှုပ်ရှားလိုက်လျှင် အ၀ါရောင်အဆောင်စက္ကူတစ်ရွက် သူ၏အိတ်ထဲမှ ထွက်လာခဲ့လေသည်။


ထိုအ၀ါရောင်အဆောင်စာရွက်မှာ လေထဲတွင် ရပ်နေခဲ့သည်။ ၄င်း၏မျက်နှာပြင်ပေါ်မှ အနီရောင်မင်ရည်များမှာ လရောင်အောက်တွင် တောက်ပနေခဲ့သည်။


ယဲ့ကျင်းကျီမှာ သူ၏လက်ချောင်းဖြင့် ထိုအဆောင်ကိုထိလျက် မျက်လုံးကိုမှိတ်ကာ မန္တာန်တစ်ခုကိုရွတ်ဆိုလိုက်လေသည်။ ရုတ်ချည်းထိုအဆောင်စာရွက်မှာ မီးတောက်သွားလျက် အဖြူရောင်မီးခိုးများအဖြစ်ပြောင်းလဲသွားခဲ့သည်။ ပို၍ထူးဆန်းသည်မှာ ထိုအဖြူရောင်မီးခိုးများသည်ချက်ချင်းပြိုကွဲမသွားပဲ လေထဲတွင် လွင့်မျောနေခြင်းပင်။


"ကောင်းကင်ဘုံ ၀ိညာဥ် ကောင်းကင်ဘုံ ၀ိညာဥ်...ယွီလော့သာ့မင်...အရှုပ်အထွေးများကိုထုတ်ပယ်၍ ဒုက္ခများကိုကျေလည်စေ ကြီးမြတ်တဲ့နတ်ဘုရားရွှီဖူ..မိစ္ဆာနှင့် မကောင်းဆိုးစွားများကိုဖယ်ရှားစေ...ချီစွမ်းအင်ကိုကာကွယ်စေ..ယခုချက်ချင်းအမိန့်ကိုနာခံလေ"


မန္တာန်ဆုံးသည်နှင့် လေထဲမှ အဖြူရောင်မီးခိုးများမှာ စက်၀ိုင်းအဖြစ်ပြောင်းလဲသွားခဲ့သည်။ ထိုစက်၀ိုင်း၏အဆုံးမှ မီးခိုးတန်းလေးမှာတဖြည်းဖြည်းရှည်ထွက်လာခဲ့သည်။ ၄င်းမှာ ယဲ့ကျင်းကျီရှေ့တွင် ၃ကြိမ်ပတ်ပြီးနောက် ရုတ်ချည်းပြေးထွက်သွားတော့သည်။


အဖြူရောင်မီးခိုးမှာ အလွန်လျင်မြန်လှသည်။ ရှီကျားမတုန့်ပြန်နိုင်ခင်မှာပင် ယဲ့ကျင်းကျီမှာ ရုတ်တရက် သူ့ကိုဆွဲယူလျက် ချီပွေ့လိုက်လေသည်။ ယဲ့ကျင်းကျီ၏အလျင်မှာ မြန်ဆန်လွန်း၍ ရှီကျားအမီမလိုက်နိုင်ချေ။ သို့သော် အဖြူရောင်မီးခိုးမှာ ပို၍ပင်လျင်မြန်နေခဲ့သည်။ ယဲ့ကျင်းကျီ၏မျက်၀န်းများ တည်တံ့လာခဲ့သည်။ သူကရှီကျားကိုပွေ့ချီလျက်ပင် ဖြတ်ခနဲပြေးထွက်သွားတော့သည်။


ရှီကျားမှာ သူ့အားမင်းသမီးလေးလိုပွေ့ချီထားသော ဆရာယဲ့၏ရင်ခွင်ထဲတွင် ကြောင်အနေခဲ့လေသည်။


ရှီကျားကိုပွေ့ချီပြီးနောက် ယဲ့ကျင်းကျီ၏ အလျင်မှာပို၍ပင်တိုးလာခဲ့လေသည်။ ဤတစ်ကြိမ်တွင် သူသည်အဖြူရောင်မီးခိုးကို လိုက်မီသွားခဲ့လေသည်။ ခတ္တမျှအကြာယဲ့ကျင်းကျီတစ်ကိုယ်လုံးတောင့်တင်းသွားခဲ့လေသည်။ သူသည်ခေါင်းကိုဖြည်းညှင်းစွာငုံ့ကြည့်လိုက်သော် ရှီကျားနှင့် အကြည့်ချင်းဆုံသွားခဲ့လေသည်။


ရှီကျား"....."


ယဲ့ကျင်းကျီ"....."


ရှီကျား"......"


ယဲ့ကျင်းကျီ"....."


ဘန်းခနဲပင် ဆရာယဲ့၏ နားရွက်များမှာ သွေးထွက်မတက်နီရဲလာပြီး အလျင်စလိုရှင်းပြလာခဲ့သည်။


"ကိုယ်...ကိုယ်လို့ လိုက်မမီလိုက်မှာစိုးလို့ .."


ရှီကျား၏ မျက်နှာမှာလည်း နီရဲနေခဲ့လေသည်။ သူသည်ဤအသက်အရွယ်ရောက်ပြီးမှ ပထမဆုံးအကြိမ် မင်းသမီးလေးလို ပွေ့ချီခံနေရခြင်းဖြစ်သည်။ ထို့အပြင် အမျိုးသားတစ်ဦးထံမှ အချီခံနေရခြင်းလည်းဖြစ်သည်။


"ရပါတယ်...အဲဒီမီးခိုးကအရမ်းမြန်နေတာပဲ...ကျွန်တော်လည်းလိုက်မမီဘူး"


ယဲ့ကျင်းကျီမှာ၄င်းကိုကြားသော် စကားလမ်းကြောင်း အမြန်လွှဲလိုက်လေသည်။


"သူ့အနှေးဆုံးက တစ်စက္ကန့်ကို မီတာ၂၀ပဲ..အမြန်ဆုံးဆို မီတာ၁၀၀အထိလေ"


ရှီကျားလည်းတောင့်တောင့်တင်းတင်းဖြင့်ပင် အလိုက်အထိုက်ပြောရန်ကြိုးစားလိုက်သည်။


"ကျွန်တော်လိုက်မမီတာ မထူးဆန်းတော့ပါဘူး..အရမ်းမြန်နေတာကိုး"


ယဲ့ကျင်းကျီ " ဟုတ်တယ်နော်"


ရှီကျား "ဟုတ်တယ်ဟုတ်.."


ယဲ့ကျင်းကျီ "......"


ရှီကျား "....."



👻