Chapter 142
Extra_(9)[END Of The Story]
( extra -8အဆက် မဟုတ်ပါ)
ဘာဖြစ်သွားတာလဲ…
တိုက်ခိုက်ရေး၀န်ထမ်းများက ထိတ်လန့်နေကြပြီး တစ်နေရာကို ကြောင်အစွာ ကြည့်နေကြလေသည်။
လွန်ခဲ့သည့် ငါးစက္ကန့်က မကောင်းဆိုးဝါးက ရယ်မောကာ ယဲ့ကျားဆီသို့ ပြေးလာသော်
လည်း တစ်ဖက်လူဆီ မရောက်မီ ပေါက်ကွဲကာ ပြာဖြစ်သွားလေသည်။
ယဲ့ကျားက မျက်တောင်ခတ်လိုက်သည်။ သူ မကောင်းဆိုးဝါးကို တိုက်ခိုက်ရန် တံစဉ်းကိုင်ကာ စောင့်နေသော်လည်း ရန်သူက သူ့ဆီ မရောက်မီ ပေါက်ကွဲသွားလေသည်။
သို့သော် အားလုံး စိတ်သက်သာရာ ရစွာ သက်ပြင်းမချမီ အခြေအနေက ရုတ်တရက် ပြောင်းလဲသွားလေသည်။
ယဲ့ကျား၏ ဟော်ဒီ၊ ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်က ထောက်မမှု မရှိတော့သောကြောင့် မြေပြင်ပေါ် ပုံကျလာလေသည်။ ထို့နောက် အ၀တ်အစားပုံကြီးက ဖောင်းပွကာ ခုံးတက်လာ၏။
၀န်ထမ်းများက အံ့ဩသွားကြသည်။
ချက်ချင်းဆိုသလို အ၀တ်ပုံထဲမှ အမွှေးဖွာဖွာ ခေါင်းလေးတစ်ခေါင်း ထွက်လာလေသည်။
နှာခေါင်းက ပန်းရောင်သန်းနေပြီး မျက်လုံးက ပယင်းရောင်ဖြစ်လေသည်။ အညိုဖျော့ဖျော့ အမွှေးများက နူးညံ့ကာ ထူထဲပြီး နေရောင်အောက်တွင် ရွှေရောင်တောက်နေလေသည်။
ဒါ…ဒါက…
အားလုံးက ကိုယ့်မျက်လုံးကို မယုံကြည်နိုင်ကြပေ။
ယဲ့ကျား အ၀တ်ပုံထဲမှ လွတ်မြောက်လာပြီးနောက် ခေါင်းကိုမော့ကာ ပတ်၀န်းကျင်ကို ကြည့်လိုက်သည်။
ဘာဖြစ်တာလဲ…ဘာဖြစ်လို့ အားလုံးက ကြီးလာတာပဲ…
"မြောင်..."
ယဲ့ကျား စကားပြောလိုက်သည်နှင့် သူ့အသံကြောင့် ထိတ်လန့်သွားလေသည်။
အသံက ပျော့အိအိလေး…
ဘာလို့ သူ့အသံက ကြောင်အသံ ပေါက်နေတာလဲ…
ယဲ့ကျားက သူ့ကိုယ်သူ ခေါင်းငုံ့ကြည့်လိုက်သည်။
ထိုအခါ အမွှေးဖွာဖွာနှင့် ကြောင်လက်လေးကို မြင်လိုက်ရလေသည်။
ယဲ့ကျား၏စိတ်က ဗလာဖြစ်သွားပြီး လက်ကို မြှောက်ကြည့်လိုက်သည်။
လက်သည်းများနှင့် ကြောင်လက်လေးကို တွေ့လိုက်ရလေသည်။
သူ…သူက ကြောင်ဖြစ်သွားတာလား…
………
"မြတ်…မြတ်စွာဘုရား…"
ဝေ့ရွှယ်ချူးက တစ်နေရာကို အံ့အားသင့်စွာ ကြည့်နေလေသည်။
စားပွဲပေါ်တွင် အညိုဖျော့ဖျော့အမွှေးများနှင့် ကြောင်လေးတစ်ကောင်က ဆောင့်ကြောင့် ထိုင်နေလေသည်။ စိုက်ကျနေသော နားရွက်နှစ်ဖက်၏ ဘေးတွင် အဖြူရောင်အမွှေး အနည်းငယ်ရှိနေသည်။
ကြောင်လေးကို ဝေ့ရွှယ်ချူးကို မော့ကြည့်လာပြီး ထိုပယင်းရောင်မျက်လုံးများတွင် သူနှင့်ရင်းနှီးသော အကြည့်ရှိနေလေသည်။
တည်ငြိမ်၊ တွေးခေါ်တတ်၊ လျစ်လျုရှုတတ်ပြီး အနည်းငယ် စိတ်ဓာတ်ကျနေသည့် အကြည့်…
ကြောင်လေးက သူ့လက်သည်းများဖြင့် ဖုန်းစခရင်ကို ခက်ခက်ခဲခဲ နှိပ်လိုက်လေသည်။
"ဒီလိုကိစ္စမျိုးက ပုံမှန်မဟုတ်ဘူးဆိုတာ ငါ သိတယ်…"
သို့သော် သူက ဝေ့ရွှယ်ချူးကို မော့ကြည့်လိုက်သောအခါ ဝေ့ရွှယ်ချူး၏ မျက်လုံးများက တဖြည်းဖြည်း တောက်ပလာသည်ကို တွေ့လိုက်ရသည်။
ယဲ့ကျား:"..."
သန်မာသော တိရစ္ဆာန်ဗီဇက ဖြစ်လာမည့် အခြေအနေကို ကြိုသတိပေးနေလေသည်။
ထို့နောက်…
သူ့ရှေ့မှ မိန်းကလေးက စိတ်လှုပ်ရှားစွာ အော်ဟစ်လာလေသည်။
"အားးးးးး အရမ်း ချစ်ဖို့ကောင်းတာပဲ…"
ယဲ့ကျား '"..."
ဝေ့ရွှယ်ချူးက ဒီဟာကို လက်မခံနိုင်မှာကို သူ မစိုးရိမ်ခဲ့သင့်ဘူး…
ဝေ့ရွှယ်ချူး :"မြတ်စွာဘုရား…အရမ်း ချစ်ဖို့ကောင်းတာပဲ…အစ်ကိုယဲ့က ကြောင်ဖြစ်လာတော့ ဘာလို့ ဒီလောက် ချစ်ဖို့ကောင်းသွားရတာလဲ…အားးးးးး!!!"
သူက ရှေ့တိုးလိုက်ပြီး လက်ဆန့်ကာ ကြောင်လေး၏ နားရွက်ကို ပွတ်သပ်လိုက်သည်။
ကြောင်လေး၏ နားရွက်က သူ့လက်ထဲတွင် လှုပ်ခတ်နေလေသည်။
ဝေ့ရွှယ်ချူး၏ စိတ်ထဲ၌ အရူးအမူး အော်ဟစ်နေဆဲဖြစ်သည်။။
ယဲ့ကျားက ရှေ့မှ ပါးနီရဲနေပြီး ရူးသွပ်နေသည့် အမူအရာနှင့် ဝေ့ရွှယ်ချူးကို ကြည့်လိုက်သည်။
ဝေ့ရွှယ်ချူးက ရူးသွားပြီလား…
ချန်ချင်းယဲ့က မျက်မှန်ကို ပင့်တင်လိုက်ပြီး ယဲ့ကျားကို တည်ငြိမ်စွာ ကြည့်နေသည်။
"အစ်ကိုယဲ့…ကျွန်တော် ဒီမကောင်းဆိုးဝါးအကြောင်း လေ့လာဖူးတယ်…ဒီလိုဖြစ်တာ ရှားပါးတာတော့ မဟုတ်ဘူး…"
ဂိမ်းထဲမှာ ဘာမဆို ဖြစ်နိုင်တယ်…
အရေးအကြီးဆုံးက ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ…
ယဲ့ကျား ကျေနပ်သွားသည်။
ချန်ချင်းယဲ့က မျှော်လင့်ထားသလိုပဲ…
ထိုအချိန်တွင် အားချန်က ချန်ချင်းယဲ့၏ အင်္ကျီလက်အောက်မှ တိတ်တိတ်လေး ခေါင်းထွက်လာပြီး သူ့ရှေ့မှ ကြောင်ကို ကြည့်နေလေသည်။ ထိုကြောက်စရာကောင်းသည့် လူသားက ဘာလို့သေးသွားမှန်း သူ နားမလည်နိုင်ချေ။
ဝေ့ရွှယ်ချူးက ချန်ချင်းယဲ့၏ အင်္ကျီလက်ကို လှမ်းဆွဲလိုက်သည်။
"ဟေ့…နင့်ရဲ့ တိရစ္ဆာန်ကို ပြန်သိမ်းထား…"
ချန်ချင်းယဲ့က အားချန်ကို အပြင်ထုတ်လိုက်သည်။
"စိတ်မပူနဲ့…အင်းဆက်တွေက အနံ့ကို ခွဲခြား သိတယ်…*
ကြောင်လေးက ရှေ့မှ ကင်းခြေဖျားကို လက်ဖြင့် တို့လိုက်သည်။
မိတ်ဆွေတွေ ဖြစ်ပုံရတယ်…
ဝေ့ရွှယ်ချူးက စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်သည်။
သို့သော် သူက ချန်ချင်းယဲ့ဘက် လှည့်ကြည့်လိုက်သောအခါ တစ်ဖက်လူ၏ ပါးပြင်က နီရဲနေလေသည်။
ဝေ့ရွှယ်ချူး:???
ယဲ့ကျား:???
ချန်ချင်းယဲ့က လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။
"ဆောရီး…အစ်ကိုယဲ့က အရမ်းချစ်ဖို့ကောင်းနေလို့ပါ…"
ယဲ့ကျား: "..."
မင်းလည်း တူတူပဲလား…
ထိုအချိန်တွင် ဘလပ်စ်က အခန်းထဲ ၀င်လာပြီး ယဲ့ကျားကို မြင်သောအခါ အော်ရယ်လိုက်လေသည်။
"ဟားဟားဟားဟား အေ့စ် မင်းက အခု ဟားဟား…"
သူက အခြား၀န်ထမ်းများထံမှ ဤအဖြစ်အပျက်အကြောင်း သိရှိပြီးဖြစ်လေသည်။
ဘလပ်စ်က လက်ချောင်းထိပ်တွင် မီးစထုတ်လိုက်ပြီး မာနကြီးစွာ ပြောလိုက်သည်။
"အခုတော့ မင်း ငါ့ကို အနိုင်မယူနိုင်တော့ဘူး…"
ဝေ့ရွှယ်ချူးနှင့် ချန်ချင်းယဲ့တို့က ဘလပ်စ်ကို စူးစိုက်စွာ ကြည့်နေကြလေသည်။
ဘလပ်စ် မီးစကို ပြန်သိမ်းလိုက်ပြီး လည်ချောင်းရှင်းကာ ပြောလိုက်သည်။
"အဟမ်း…ငါက စနေရုံပါ…"
ထိုနောက် အခြားလူနှစ်ယောက်၏ တင်းမာ
သော အကြည့်အောက်တွင် ဘလပ်စ်က ယဲ့ကျားကို ကြည့်ကာ ပြောလိုက်သည်။
"ဟားဟား ပြောကာမှ အစ်ကိုယဲ့က အခုတော်တော် ချစ်ဖို့ကောင်းနေတာပဲ…"
ချန်ချင်းယဲ့နှင့် ဝေ့ရွှယ်ချူးက ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
ယဲ့ကျား၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး လက်သည်းများကို ထုတ်ထားလိုက်သည်။
ချစ်ဖို့ကောင်းတယ်လို့ ထပ်ပြောရဲ ပြောကြည့်…မျက်နှာကို ခြောက်ချက် ကုတ်ပစ်မယ်…
....................
ထို့နောက် နောက်ဆက်တွဲကိစ္စများကို ဆွေးနွေးလိုက်ကြလေသည်။
အရေးအကြီးဆုံးက ဤကိစ္စကို လျှို့ဝှက်ထားရမည်ဖြစ်သည်။ တစ္ဆေများစွာက ယဲ့ကျားကိုအာရုံစိုက်နေကြဆဲဖြစ်သည်။ အကယ်၍ ယဲ့ကျား၏ လက်ရှိအခြေအနေကိုသာ သိသွားလျှင် ဖြေရှင်း၍မရသည့် ပြဿနာများ ပေါ်လာနိုင်ပေသည်။ သူတို့သုံးယောက်က ယဲ့ကျား၏ လက်ရှိအခြေအနေကို ဖြေရှင်းရန် မကောင်းဆိုးဝါး၏ ဇာစ်မြစ်ကို လိုက်ရမည်ဖြစ်သည်။
ပြဿနာက ယဲ့ကျားကို ဘယ်သူဆီ အပ်ထားရမှာလဲ…
ယဲ့ကျားက အလိုလိုသိစိတ်ကြောင့် ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။
"မြောင်…မြောင်…"
ဝေ့ရွှယ်ချူးက ခေါင်းငြိမ့်လိုက်သည်။
"ကြည့်ရဝာာ အစ်ကိုယဲ့လည်း အဲ့လိုတွေးပုံပဲ…''
ချန်ချင်းယဲ့:"အဲ့လိုပဲ လုပ်ကြတာပေါ့…"
သုံးမိနစ်ကြာပြီးနောက်…
ယဲ့ကျားက တဟုန်ထိုး ပြေး၀င်လာသည့် ကျီရွှမ်ကို ကြည့်လိုက်သည်
တစ္ဆေတစ်ကောင်နှင့် ကြောင်တစ်ကောင်က အချင်းချင်း တိတ်ဆိတ်စွာ စိုက်ကြည့်နေကြလေသည်။
အခန်းထဲမှ လူသုံးယောက်က လေထုအခြေအနေ မမှန်ကြောင်း သိလိုက်ရသည့်အခါ ပါးနပ်စွာ ပြောလိုက်သည်။
"အစ်ကိုယဲ့…ငါတို့ ဒီအကြောင်းကို သတင်းသွားပို့ လိုက်ဦးမယ်နော်…"
ထို့နောက် သုံးယောက်သား အခန်းထဲမှ ပျောက်ကွယ်သွားကြလေသည်။
ကျီရွှမ်နှင့် ယဲ့ကျားသာ ရုံးခန်းထဲတွင် ကျန်ခဲ့လေသည်။
ကျီရွှမ်က ယဲ့ကျားကို နီရဲနေသော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
ယခင်က ကျီရွှမ်က ယဲ့ကျား ထိခိုက်မည်ကို စိုးရိမ်သောကြောင့် ယဲ့ကျားနှင့် မစ်ရှင်တူတူလုပ်ရန် တောင်းဆိုခဲ့သော်လည်း သူ့၏ တစ္ဆေဘုရင်ဟူသော အထောက်အထားကြောင့် ယဲ့ကျားက ငြင်းပယ်ခဲ့သည်။
ယခု ယဲ့ကျားက ထိခိုက်လာပြီဖြစ်သည်။
ယဲ့ကျားလည်း ထိုကိစ္စများကို မှတ်မိသောကြောင့် နားရွက်ကို လက်ဖြင့် ပွတ်သပ်နေမိလေသည်။
ထိုအချိန်တွင် ကျီရွှမ်က ရှေ့တိုးလာပြီး ယဲ့ကျား၏ အမြီးကို ကုတ်လိုက်လေသည်။
ထိုအခါ ယဲ့ကျားက ညည်းညူလာပြီး အမြီးက တစ်ဖက်လူ၏ လက်ဖျံကို ရစ်ပတ်လိုက်လေသည်။
ကျီရွှမ် အသက်ပြင်းပြင်း ရှူလိုက်သည်။
ယဲ့ကျား:"..."
ယဲ့ကျား ယခုမှ သူ လုပ်မိသည့်အရာကို သိလာလေသည်။
အာ…အာ…ငါ ဘာလို့ ဒီလို လုပ်လိုက်တာလဲ….
နောက်တစ်ခဏတွင် ယဲ့ကျားက လေပေါ် မြှောက်တက်လာလေသည်။
ယဲ့ကျား ထိတ်လန့်သွား၏။
"မြောင်…မြောင်…"
ယဲ့ကျားက ရုန်းကန်လိုက်သော်လည်း တစ်ဖက်လူ၏ လက်မောင်းကြားမှ မရုန်းထွက်နိုင်ပေ။
တစ်ဖက်လူ၏ နီရဲနေသော မျက်လုံးများအတွင်း ထင်ဟပ်နေသော သူ့မျက်နှာကို မြင်နေရလေသည်။
ကြောင်မျက်နှာ…
ယဲ့ကျား :"..."
ကျီရွှမ်က ကြောင်လေးကို ပင့်မကာ ကြောင်လေး၏ ၀မ်းဗိုက်နုနုတွင် သူ့မျက်နှာကို အပ်လိုက်လေသည်။
"ချစ်ဖို့ကောင်းလိုက်တာ…"
ယဲ့ကျားက လက်သည်းဖြင့် တစ်ဖက်လူ၏ မျက်နှာကို ရက်စက်စွာ ကုတ်လိုက်လေသည်။
မင်း-င်ပဲ ချစ်ဖို့ကောင်း…
………..
ဝေ့ရွှယ်ချူးတို့ သုံးယောက်သား အဖြေရှာနေစဉ် ကျီရွှမ်၏ တစ္ဆေများက သံသယဖြစ်နေကြလေသည်။
ကင်းမှာ အိမ်မွေးတိရစ္ဆာန်ရှိတာလား…
ကြောင်…ကြောင် မွေးထားတာလား…
ဒီကြောင်က နွေးတယ်…သက်ရှိကြောင်ပဲ …
ဘာလို့ အသက်ရှိနေသေးတဲ့ ကြောင်က တစ္ဆေနဲ့ နီးကပ်နေတာလား…
ပြီးတော့ ဒီကြောင်ကို ကင်းက ဘာလို့ အရမ်းအလိုလိုက်နေရတာလဲ…
ကြောင်က ကင်းရဲ့ စားပွဲပေါ် လျှောက်သွားပြီး စာရွက်စာတမ်းတွေကို ပွအောင်လုပ်လဲ ကင်းက ပျော်နေတယ်…
ကြောင်က ကင်းကို ရှောင်နေမှန်း သိသာပေမဲ့ ကင်းက နောက်က တကောက်ကောက်လိုက်နေတယ်…
ပြီးတော့ သူတို့ မှားမြင်မိတာလား မသိပေမဲ့ ကင်းရဲ့ မျက်နှာနဲ့ လက်တွေမှာ ကုတ်ရာတွေ ရှိသလားလို့…
မှားမြင်တာပဲ ဖြစ်မှာပါ…ကြောင်တစ်ကောင်က တစ္ဆေကို ဘယ်လိုလုပ် ဒဏ်ရာရအောင် လုပ်နိုင်မှာလဲ…
အရိပ်တစ္ဆေ ထိုသတင်းကို ကြားမိသောအခါ အလောတကြီး ပြေးလာလေသည်။
ထိုအခါ စားပွဲပေါ်တွင် လှဲလျောင်းနေသောကြောင်ကို မြင်လိုက်ရပြီး မျက်ရည်များပင် ကျလာလေသည်။
နောက်ဆုံးတော့ ကင်းက ကြောင်လေးတွေရဲ့အကျိုးကျေးဇူးကို သိသွားပြီး ကြောင်မွေးလိုက်ပြီပေါ့…
ကြောင်လေးက သူ့ကို ပယင်းရောင် မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။
ဒါကကြောင်…အသက်ရှင်နေတဲ့ ကြောင်…
ပြီးတော့ ကင်းရဲ့ ကြောင်က တခြားကြောင်တွေလို သူ့ကို မြင်တော့ ထွက်မပြေးဘူးပဲ…
မနာလို ဖြစ်လိုက်တာ…
အားမီက ကြောင်နား တဖြည်းဖြည်း ကပ်လာလေသည်။
"မင်း ဘာလုပ်နေတာလဲ…"
အေးစက်သည့် အသံတစ်သံက အရိပ်တစ္ဆေ၏နောက်မှ ထွက်လာသည်။
အရိပ်တစ္ဆေက တောင့်တင်းသွားပြီး နောက်လှည့်ကြည့်လိုက်သည်။
ထိုအခါ ကင်းက သူ့နောက်တွင် ရပ်နေပြီး နီရဲနေသော မျက်လုံးများဖြင့် သူ့ကို စူးရဲစွာ စိုက်ကြည့်နေလေသည်။
အားမီက ဂယောင်ဂတမ်း ပြန်ဖြေလိုက်သည်။
"ဘာ…ဘာမှ မလုပ်ပါဘူး…"
စားပွဲပေါ်မှ ယဲ့ကျားက သမ်းဝေလိုက်ကာ စားပွဲပေါ်မှ ခုန်ဆင်းလိုက်ပြီး နေသာသည့် နေရာတွင် တစ်ဖန် လှဲလျောင်းနေလိုက်သည်။
ကျီရွှမ်က လက်ကို ဝှေ့ယမ်းလိုက်ပြီး အားမီကို နှင်ထုတ်လိုက်သည်။
"ထွက်သွား…"
အားမီက ကြောင်လေးကို သုံးကြိမ်တိတိ လှည့်ကြည့်လိုက်လေသည်။
သေစမ်း…သူ ကြောင်လေးကို မထိလိုက်ရဘူး…
ကျီရွှမ်က ယဲ့ကျားထံ လျှောက်သွားပြီး ယဲ့ကျားရှေ့တွင် ဒူးထောက်ထိုင်လိုက်ကာ မေးစေ့ကို ကုတ်ပေးလိုက်သည်။
နေရောင်အောက်မှ ယဲ့ကျားက အမြီးကို လှုပ်ယမ်းကာ ငြိမ်ခံနေလေသည်။
"ကောကော အိမ်ပြန်ချင်လား…"
ယဲ့ကျားက တစ်ခဏခန့် တွေးလိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
ကျီရွှမ်က ယဲ့ကျားကို ချီရန် လက်ဆန့်ထုတ်လိုက်သော်လည်း ယဲ့ကျားက လက်ကို ရှောင်တိမ်းပြီး သူ့ပခုံးပေါ် ခုန်တက်လာလေသည်။
ကျီရွှမ် တခစ်ခစ် ရယ်လိုက်သည်။
ယဲ့ကျားက ကျီရွှမ်၏ မျက်နှာကို လက်ဖြင့်ပုတ်လိုက်သည်။
မင်း ဘာတွေ ရယ်နေတာလဲ…
ကျီရွှမ်က အရယ်ရပ်လိုက်ပြီး ချောင်းဟန့်လိုက်ကာ ပြောလိုက်သည်။
"သွားကြတာပေါ့…"
………
"အဲ့တော့ ဘယ်လိုလဲ…"
ဘလပ်စ်က ခေါင်းကုတ်ကာ မေးလိုက်သည်။
ဝေ့ရွှယ်ချူး:"ဒါက မကောင်းဆိုးဝါး မပေါက်ကွဲသွားခင်မှာ ကျန်ခဲ့တဲ့ နာကျည်းချက်တွေကြောင့်ပဲ…နာကျည်းချက်တွေက အချိန်ကြာလာရင် ပျောက်သွားလိမ့်မယ်…အဲ့အချိန်ကျရင် အစ်ကိုယဲ့လည်း နဂိုအတိုင်း ပြန်ဖြစ်သွားလိမ့်မယ်…"
ဘလပ်စ်:"ဒါဆို ငါတို့ ဘာမှလုပ်စရာ မလိုဘူးပေါ့…"
ဝေ့ရွှယ်ချူး:"ဟုတ်တယ်…ဒါပေမဲ့ အစ်ကိုယဲ့ကို ပြောပြရမယ်…နောက်ဆက်တွဲ ပြဿနာတွေ ရှိလာရင် ဘယ်လိုလုပ်မလဲ…"
ကြမ်းပြင်ပေါ်က ဖုန်းက အသံမြည်လာလေသည်။
ဧည့်ခန်းက ရှုပ်ထွေးနေ၏။
ရုတ်တရက် ဖြစ်ပေါ်လာသော အလေးချိန်ကြောင့် ကျီရွှမ်က ကြမ်းပြင်ပေါ် လဲကျသွားလေသည်။ သူ့လက်ဖဝါးအောက်၌ တစ်ဖက်လူ၏ နွေးထွေးနူးညံ့သော အရေပြား ရှိနေ၏။
ယဲ့ကျား၏ မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်သွားလေသည်။
ပြန်…ပြန်ပြောင်း သွားပြီလား…
သူက မယုံကြည်နိုင်စွာ လက်မြှောက်ကြည့်လိုက်သောအခါ သာမာန်လူသားလက်ကို တွေ့လိုက်ရလေသည်။
တကယ် ပြန်ပြောင်းသွားပြီ…
ထိုအခိုက်အတန့်တွင် ယဲ့ကျားက အန္တရာယ်အရိပ်အယောင်ကို ခံစားလိုက်ရသည်။
သူက သူ့အောက်မှ ကျီရွှမ်ကို ကြည့်လိုက်သည်။
ကျီရွှမ်က တောက်လောင်နေသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေလေသည်။
ယဲ့ကျား၏နောက်ကျော စိမ့်တက်သွားသည်။
သူက တစ်ဖက်လူပေါ်မှ ထရန် ကြိုးစားသော်လည်း တစ်ဖက်လူ၏ အေးစက်သည့် လက်က သူ့ကို ပွေ့ဖက်ထားလေသည်။
"ကောကော…"
ကျီရွှမ် တိုးတိုး ပြောလိုက်သည်။
"ဘယ်သွားမလို့လဲ…"
ကျီရွှမ်၏ လက်က တစ်ဖက်လူ၏ ကျောရိုးတစ်လျှောက် ရွေ့လျားနေပြီး တစ်ဖက်လူ၏အမြီးကို ရစ်ပတ်လိုက်သည်။
ကြည့်ရတာ အကုန်မပြောင်းသွားဘူးပဲ…
ယဲ့ကျား၏ ကျောက ကော့တက်လာပြီး လည်ချောင်းထဲမှ ညည်းညူသံများ ထွက်ပေါ်လာလေသည်။ နားရွက်ထိပ်များကလည်း နီရဲလာ၏။
ကျီရွှမ်၏ လည်စေ့က လှုပ်ရှားသွားပြီး အကြည့်များက ပိုမိုတောက်လောက်လာလေသည်။
အရမ်း ချစ်ဖို့ကောင်းတယ်…
တစ်ဖက်တွင် ကြမ်းပြင်ပေါ်မှ ဖုန်းက အဆက်မပြတ် မြည်နေလေသည်။
မမြင်ရသည့် စွမ်းအားကြောင့် ဖုန်းစခရင်က အက်ကွဲသွားလေသည်။
ဖုန်းမြည်သံ တိတ်ကျသွား၏။
ဝေ့ရွှယ်ချူးက ပြန်မဖြေသော ဖုန်းကြောင့် ဖုန်းကို ပိတ်လိုက်သည်။
ချန်ချင်းယဲ့က မေးလိုက်သည်။
"ဘယ်လိုလဲ…ကိုင်ပြီလား…"
ဝေ့ရွှယ်ချူးက မျက်မှောင်ကြုတ်ကာ ခေါင်းခါပြလိုက်သည်။
ဝေ့ရွှယ်ချူးက ပြောလိုက်သည်။
"နင် ဆက်ကြည့်ပါလား…"
ချန်ချင်းယဲ့က ဖုန်းကို ထုတ်လိုက်သည်။
သို့သော် ဘလပ်စ်က အမြန်၀င်ပြောလိုက်သည်။
"ခဏနေဦး…အစ်ကိုယဲ့က အခု ကျီရွှမ်နဲ့အတူနေနေတာမလား…အဲ့တော့ ဘာဖြစ်နိုင်မလဲ…"
ချန်ချင်းယဲ့နှင့် ဝေ့ရွှယ်ချူးက စဉ်းစားနေလေသည်။
ထို့နောက် ချန်ချင်းယဲ့က အိတ်ကပ်ထဲ ဖုန်းပြန်ထည့်လိုက်သည်။
ဟုတ်တယ်…ဘာဖြစ်နိုင်မလဲ…
............END...........
Thanks for reading 📚
Translated by ...
Aoi
Little trash
C.R.H.B
Me Me San
Imperial Meow ❤️