Chapter 3
Viewers 590

🍱Chapter 3




ဂေးဖြစ်ရန်မွေးဖွားလာသူတစ်ယောက် 

ဖြစ်သော ယွီချင်းဇယ်က "မုဆိုးဖိုအိုကြီးနှင့်လက်ထပ်" ဆိုသောစကားကို ချန်ဟောက်ကပြောသည်ကိုကြားရချိန်မှာ ဤမင်းဆက်ရှိ လူများကပွင့်လင်းမြင်သာမှုရှိကြပြီး လိင်တူဆက်ဆံရေးများကိုလက်ခံနိုင်ကြသည်ဟုထင်ခဲ့သည်။


ဤကမ္ဘာပေါ်က ကွဲပြားခြားနားမှုများကို သူသတိပြုမိခြင်းမရှိသေးပေ။

 ă€€ă€€

ယွီချင်းဇယ်၏အမြင်အရ ချန်လဲ့က အတော်ငယ်သေးပြီးချောမောသည်။သူလက်ထပ်ချင်လျှင်ပင် အသက်ငါးဆယ်ခြောက်ဆယ်အရွယ် မုဆိုးဖိုအိုကြီးကိုလက်ထပ်လိမ့်မည်မဟုတ်ပေ။သို့ပေမဲ့ ချန်ဟောက်၏အမူအရာအရ အပြင်လူများမသိရသောလျှို့ဝှက်ချက်များစွာရှိနေရပေမည်။

  

"ဟေး မင်းဘာသိလို့လဲ သောက်ကလေး...ငါ့ကိုပိတ်မထားနဲ့...ဘေးဖယ်စမ်း...ကလေးကကလေးနေရာနေလူကြီးကိစ္စထဲဝင်မပါနဲ့...လဲ့ကောအာရေ မြန်မြန်ထွက်လာခဲ့နော်... မင်းအိမ်မှာရှိမှန်းငါသိတယ်..."

 

သက်လတ်ပိုင်းအရွယ်လူကြီးက ချန်ဟောက်ကိုငေါက်ပြီးနောက် အသံကုန်အော်လိုက်သည်။အပြင်လူတစ်ယောက်ဖြစ်သောယွီချင်းဇယ်အတွက် ထိုကဲ့သို့သောအရာနှင့်ထိုကဲ့သို့သောမြင်ကွင်းကိုဆက်ကြည့်နေရန်မသင့်တော်ပေ။

 

သူက ထရပ်ပြီး အခန်းဆီပြန်ရန်ပြင်လိုက်သည်။သို့ပေမဲ့ တစ်ဖက်မှာမူ ချန်ဟောက်က ဒေါသထွက်နေသောကျားသစ်ပေါက်ကလေးပမာဖြစ်နေသည်။သူက သူ့လက်ကိုဆန့်ထုတ်ကာ သက်လတ်ပိုင်းအရွယ်လူကြီးကိုတွန်းထုတ်လိုက်သည်။သူ့အမူအရာ နောက်အခိုက်အတန့်မှာပဲ ပါးစပ်ကိုဟပြီးတစ်စုံတစ်ယောက်ကိုကိုက်တော့မလိုဖြစ်နေသည်။

 

သက်လတ်ပိုင်းအရွယ်လူကြီးက အငိုက်မိသွားပြီး အတွန်းခံရကာ နှစ်လှမ်းနောက်ဆုတ်လိုက်ရသည်။သူက ဒေါသထွက်လာပြီး ချန်ဟောက်၏လက်မောင်းအသေးလေးကိုဖမ်းဆွဲလိုက်သည်။ 


ယွီချင်းဇယ်က ခဏလောက်ကြောင်သွားသည်။ချန်ဟောက်၏အမူအရာကပြင်းထန်လွန်းသည်။တစ်ခုခုဖြစ်မှာစိုး၍ အရေးကြုံလျှင်ကူညီနိုင်အောင်သူရပ်နေလိုက်သည်။

  

ချန်လဲ့က ဆူညံသံကြား၍ထွက်လာကာ အလျင်အမြန်ရှေ့တက်လာပြီး သူ့ညီကိုဆွဲလေသည်။

 ă€€ă€€

ချန်ဟောက်က ထိုလူနောက်ကိုလိုက်ချင်(လုပ်ချင်)ပေမဲ့ ချန်လဲ့ကသူ့ကိုလက်တစ်ဖက်တည်းနှင့်ဆွဲထားသည်။သူမရွေ့နိုင်ပေ။သူ သက်လတ်ပိုင်းအရွယ်လူကြီးကို ဒေါသထွက်နေသောမျက်လုံးဝိုင်းဖြင့်စိုက်ကြည့်နေရုံတတ်နိုင်လေသည်။

 ă€€ă€€

"အမလေး ချန်ဟောက် ဒီကလေးက ကြီးလေလေ ပိုပိုမိုက်ရိုင်းလေလေပါ့လား...လဲ့ကောအာ မင်းရောပဲ သူ့ကို့ ကောင်းကောင်းထိန်းပြီး ဆုံးမသင့်တယ်နော်...သူကရိုင်းစိုင်းလွန်းတယ်...ဘယ်လိုများ ဒီလိုဆက်ဖြစ်နေရတာလဲ"

သက်လတ်ပိုင်းအရွယ်လူကြီက သူ့အင်္ကျီအနားများကိုဆွဲဆန့်ကာ ညီအစ်ကိုနှစ်ယောက်ကိုဆူငေါက်လိုက်သည်။

  

ချန်လဲ့က သူ၏ချစ်လှစွာသောညီ အဆူအငေါက်ခံနေရသည့်အတွက် ပျော်မနေပေ။သူ့မျက်နှာကမည်းမှောင်သွားပြီး သက်လတ်ပိုင်းအရွယ်လူကြီးကိုမျက်မှောင်ကြုတ်ကာကြည့်နေသည်။သူ မမေးလျှင်ပင် ထိုလူဘာအတွက်ရောက်လာမှန်းသူသိလေသည်။

 ă€€ă€€

ချန်လဲ့ မပျော်မရွှင်ဖြစ်နေပုံရသည်ကိုမြင်လျှင် သက်လတ်ပိုင်းအရွယ်လူကြီးက ရယ်မောလိုက်ကာ သူ့အမူအရာကချက်ချင်းပြောင်းသွားသည်။သူက ခပ်တိုးတိုး မေးလိုက်သည်။


"လဲ့ကောအာ မာကျားရွာက လူက တစ်ယောက်ယောက်ကိုအမေးလွှတ်လိုက်တယ်...ဘယ်လိုသဘောရှိလဲ...မင်းဆန္ဒကဘယ်လိုလဲ"

  

ချန်လဲ့က တောင့်တောင့်ကြီး ခေါင်းယမ်းကာ ငြင်းဆန်ကြောင်း လက်ခါပြလိုက်သည်။

  

သက်လတ်ပိုင်းအရွယ်လူကြီးက ဤသည်ကိုမြင်လျှင် သူ့မျက်လုံးများထဲတွင် အထင်အမြင်သေးရိပ်တစ်ခုဖြတ်ပြေးသွားသည်။သို့ပေမဲ့ သူကသူ၏စိတ်မရှည်မှုကိုဖုံးကွယ်ကာ စတင်ပြီးမရိုးမသားနှင့်'အလေးအနက် ဆွယ်တရားဟော'ပါတော့သည်။


"လဲ့ကောအာ ငါမင်းကိုမကောင်းပြောတာမဟုတ်ပါဘူး...ဒါပေမဲ့မင်းရဲ့အခြေအနေကို မင်းသိပါတယ်...မင်းကစကားမပြောနိုင်ရုံတင်မကဘူး မင်းရဲ့ရုပ်ရည်ကလည်းစိတ်ပူစရာဖြစ်နေတယ်...ပြီးတော့မင်းရဲ့ဟင်္သာပြဒါးရိုင်းမှဲ့ကလည်း မှိန်ဖျော့နေတာ...

ဘယ်လူပျိုလူရွယ်မိသားစုက သဘောတူပါ့မလဲ...ဘယ်ယောကျာ်းက ချောချောလှလှ ကလေးမွေးနိုင်စွမ်းမြင့်တဲ့ကောကိုမလိုချင်မှာလဲ...ပြီးတော့ မင်းကအခု 22နှစ်ရှိနေပြီ မကြာခင်ပဲ23ပြည့်တော့မယ်...တစ်နှစ်ထက်တစ်နှစ်ပိုပိုအသက်ကြီးလာနေတာ...မင်းလိုချင်တဲ့ယောကျာ်းကိုရှာဖို့ကမလွယ်ဘူး...သင်တော့်တဲ့ယောကျာ်းကိုရှာဖို့ကလွယ်တယ်များမင်းထင်နေလား"

  

အနှီမယဥ်ကျေးသောစကားများထွက်လာပြီးနောက် မြင်ကွင်းက ခဏမျှတိတ်ဆိတ်သွားလေသည်။

 ă€€ă€€

ချန်လဲ့က ခေါင်းငုံကာ မြေကြီးကိုပဲစိုက်ကြည့်နေပြီး ဘာမှမပြောပေ။သို့ပေမဲ့ ချန်ဟောက်ကမူ မထိန်းနိုင်ဘဲမျက်လုံးများနီရဲလာ၏။

 ă€€ă€€

အနှီစကားများက အလုံးစုံမှန်ပေသော်ငြား တစ်ယောက်ယောက်ကသူ့အစ်ကိုအကြောင်းမကောင်းပြောသည်ကိုသူသည်းမခံနိုင်ပေ။သူ့နှလုံးသားထဲမှာ ဘယ်သူ့အစ်ကိုကမှသူ့အစ်ကိုနှင့်မယှဥ်နိုင်ပေ။


သူက ချန်လဲ့၏နောက်ကနေခုန်ထွက်ပြီး အံကြိတ်ကာအော်ဟစ်လိုက်သည်။

"ကျွန်တော့်အစ်ကိုကအကောင်းဆုံးပဲ...ခင်ဗျားလာရှုပ်စရာမလိုဘူး...သွား သွား...ထွက်သွားစမ်းပါဗျာ"

  

"ဟဲ့ ကောင်စုတ်လေး...ငါ့အင်္ကျီကိုမဆွဲနဲ့...လွန်ခဲ့တဲ့ရက်နည်းနည်းကမှချုပ်ထားတာဟဲ့...ကျေးဇူးမကန်းစမ်းနဲ့...မာကျားရွာကလူက နည်းနည်းအသက်ကြီးပေမဲ့သားသမီးမရှိဘူး...သူ့မိသားစု အခြေအနေကကောင်းတယ်...အုတ်ကြွပ်မိုးအိမ်မှာနေတာ...ပြီးတော့ သူက မင်းတို့ကို တင်တောင်းငွေဆယ်တေးပေးနိုင်တယ်ဟဲ့...ပွင့်ပွင့်လင်းလင်းပြောရရင် သူကနောက်ထပ်နှစ်နည်းနည်းလောက်ပဲနေနိုင်တော့မှာ...သူသေသွားရင်သူ့ဥစ္စာတွေကမင်းတို့အပိုင်ဖြစ်ကုန်မဟုတ်ဘူးလား...ငတုံး ဒီလိုအခြေအနေမျိုးကမ္ဘာပတ်ရှာကြည့်စမ်းပါ့..."

 

"ခင်ဗျားသွား...သွား"


"..."

  

တစ်ဖက်ခြမ်းက စတင်ပြီးတွန်းလားဆွဲလားဖြစ်လာပြန်ပေမဲ့ ယွီချင်းဇယ်က အနည်းငယ်ကြက်သေသေနေခဲ့သည်။

  

ဤလူ၏စကားများက မနှစ်မြို့စရာကောင်းလွန်းပြီး သူ့အတွေ့များကလည်း ဖော်ပြရန်အတော်လေးခက်သည်။သူက တဖက်သား၏ဒဏ်ရာအမာရွတ်များကို တိုက်ရိုက်ဆွဲခွာပြီး တဖက်သား၏အနာကို တခြားသူများရှေ့တည့်တည့်မှာ တုတ်နှင့်ထိုးသည်။အထူးသဖြင့် ဘေးမှာ ယွီချင်းဇယ်လို အပြင်လူရှိနေသည်ကိုပင် နည်းနည်းမှမလက်မတွန့်ခဲ့ပေ။ယင်းက တကယ်ကိုခံစားချက်မကောင်းဖြစ်စေသည်။

  

ယွီချင်းဇယ်၏အမြင်အရ စကားမပြောနိုင်သည်ကအနည်းငယ်အဆင်မပြေဖြစ်ပေမဲ့ အသက်ရှင်နေထိုင်ရန်မဖြစ်နိုင်သည်မျိုးမဟုတ်ပေ။မျက်နှာပျက်စီးနေတော့ရောဖြစ်လဲ...ထိုသည်က ကိစ္စကြီးတစ်ခုမဟုတ်ပေ။ယောကျာ်းတစ်ယောက်အနေဖြင့် အဘယ်ကြောင့် ရုပ်ရည်ကိုဂရုစိုက်ရမည်နည်း။လုပ်ရည်ကိုင်ရည်နှင့်ကိုယ်ကျင့်စရိုက်က ပို၍အရေးကြီးသည်။ထိုအပြင့်ချန်လဲ့၏အသားက အနည်းငယ်ညိုသော်လည်း သူက အတော်လေးချောပြီး မ...ခဏတန့်သွားပြီးနောက်ယွီချင်းဇယ်က ချန်လဲ့၏ဆံမြိတ်ထူထူကိုကြည့်လိုက်သည်...


ယွီချင်းဇယ်၏မျက်လုံးများက ချန်လဲ့၏ဆံမြိတ်ကို သိမ်းကြုံးကြည့်နေပြီး အနည်းငယ်ရှုပ်ထွေးသွားသည်။သို့ပေမဲ့ မကြာမီသူ၏အာရုံစိုက်မှုက သက်လတ်ပိုင်းလူကြီး၏စကားများထဲက ထူးဆန်းသောအရာနှစ်ခုဆီကိိုပြောင်းသွားသည်။

   

ရှေ့ခေတ်က လူများအတွက် လက်ထပ်သည်ကပုံမှန်ဖြစ်သည်ကိုယွီချင်းဇယ်သိသည်။ဒါပေမဲ့ 'ဟင်္သာပြဒါးရိုင်းမှဲ့'နဲ့'ကလေးမွေးနိုင်စွမ်း'ဆိုတာကဘာလဲ...ပြီးတော့ဘာလို့သူက ယောကျာ်းလို့ပြောလိုက်ကောလို့ပြောလိုက်ဖြစ်နေတာလဲ...သက်လတ်ပိုင်းလူရဲ့စကားတွေအရ ချန်လဲ့က ကလေးမွေးနိုင်သေးတာလား...ဟင်္သာပြဒါးရိုင်းမှဲ့ကအရောင်မှိန်နေလို့ ကလေးရဖို့ခက်ခဲတာလား...


ယောကျာ်းတစ်ယောက်က ကလေးမွေးနိုင်တယ်လား...

  

ယွီချင်းဇယ် နားမလည်ဖြစ်နေပြီး ဤကမ္ဘာမှာ အခြားသော သူအဖြေမရှာနိုင်သေးသော အလွန်အရေးကြီးသည့်အရာတစ်ခုရှိနေလောက်သည်ဟု သူခံစားနေရသည်။ 


သက်လတ်ပိုင်းအရွယ်လူကြီးက ဆဲဆိုကျိန်ဆဲရင်းထွက်သွားပြီး ချန်လဲ့တို့ညီအစ်ကို၏အမြင်မရှိမှုနှင့်မသိနားမလည်မှုအကြောင်း မြည်တွန်တောက်တီးနေသည်ကို အဝေးကပင်ကြားနိုင်လေသည်။

  

ညီအစ်ကိုနှစ်ယောက်က အတန်ကြာအောင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။ထို့နောက်မှာ ချန်လဲ့က ချန်ဟောက်၏ပခုံးကိုပုတ်ကာ လက်ဟန်ပြလိုက်ပြီး သူ့ညီလေးကိုနှစ်သိမ့်နေပုံရသည်။

  

ချန်ဟောက်ကသူ့အစ်ကိုကိုမော့ကြည့်ပြီး တစ်ခုခုပြောချင်ပေမဲ့ သူ့ကိုယ့သူရပ်တန့်လိုက်သည်။နောက်အခိုက်အတန့်မှာပဲ သူကခေါင်းငုံ့ကာ ဗလုံးဗထွေးအသံဖြင့်ဆိုလေသည်။


"ကျွန်တော်အဆင်ပြေပါတယ်အစ်ကို...စပါးသွားရုတ်လိုက်ဦးမယ်"

ထို့နောက်မှာသူက ခြေလှမ်းအနည်းငယ်လှမ်းကာ ထွန်ခြစ်ကိုတကာက်ယူပြီး စပါးရုတ်နေလေသည်။

  

သက်လတ်ပိုင်းအရွယ်လူကြီးက ညီအစ်ကိုနှစ်ယောက်၏ဦးလေး၏ယောကျာ်းဖြစ်ကာ နာမည်ကဝမ်းလီဖြစ်သည်။ချန်လဲ့ အသက်ဆယ့်ငါးနှစ်ပြည့်ကတည်းက သူကချန်လဲ့အတွက်အိမ်ထောင်ဖက်ရှာပေးရန်စိတ်အားထက်သန်နေခဲ့သည်။သို့ပေမဲ့ သူမိတ်ဆက်ပေးသောလူတိုင်းက မုဆိုးဖိုဟုတ်လျှင်ဟုတ် မဟုတ်လျှင်အကျင့်စရိုက်မကောင်းသည်မျိုး ကိုယ်လက်အင်္ဂါချို့ယွင်းနေသည်မျိုး ဖြစ်နေတတ်ပြီး တကယ်ကိုအိမ်ထောင်ဖက်ကောင်းမဟုတ်ပေ။


ချန်လဲ့ကအကြိမ်တိုင်းမှာ ငြင်းဆန်ခဲ့သည်။တစ်ဖက်မှာ သူညီလေးကငယ်သေးသည်၊တခြားတစ်ဖက်မှာ သူ့အဘိုးက အိုနေပြီဖြစ်ကာကျန်းမာရေးမကောင်းပေ။သူတကယ်စိတ်မချပေ။ထို့အပြင် သူ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကလည်း အဟန့်အတားအကြီးကြီးဖြစ်နေသည်။ဤနှစ်များတလျှောက်မှာ သူ၏အိမ်ထောင်ရေးက ထည့်စဥ်းစား၍မရတော့မှန်း ချန်လဲ့ကောင်းကောင်းကြီးသိပါသည်။သူ့အဘိုးနှင့်သူ့ညီလေးကို ကောင်းကောင်းဂရုစိုက်ပြီး သူ့မိသားစုနှင့်အတူကောင်းကောင်းမွန်မွန်နေရန်သာ သူဆန္ဒရှိသည်။

  

သူက ထိုသို့တွေးသော်လည်း ဝမ်းလီက

နားမလည်ဘဲ ထိုမလိုက်ဖက်မသင့်လျော်သောအိမ်ထောင်ဖက်များကို တစ်ယောက်ပြီးတစ်ယောက် ဆက်လက်ရှာဖွေနေသည်။

  

ပထမတုန်းက ဝမ်းလီက သူကောင်းဖို့အတွက်လုပ်ပေးနေသည်ဟုထင်ပြီး အလွန်ကျေးဇူးတင်ခဲ့သည်။နောက်ပိုင်းမှာ သူ့ညီလေးက ဝမ်းလီနှင့်သူ့ဦးလေးကြားကစကားဝိုင်းကိုမတော်တဆကြားခဲ့ပြီး ဝမ်းလီမှာတခြားဖုံးကွယ်ထားသောရည်ရွယ်ချက်များရှိနေသည်ကိုသူသိခဲ့ရသည်။


ချန်လဲ့က သူ့ညီကိုကြည့်ပြီး သက်ပြင်းဖျော့ဖျော့ချကာ မီးဖိုချောင်ပြန်၍ဆက်လက်ချက်ပြုတ်ရန်ပြင်လိုက်သည်။သူလှည့်လိုက်လိုက်ချိန်မှာ ယွီချင်းဇယ်၏အကြည့်နှင့်ဆုံသွားသည်။

 

ချန်လဲ့: ...

 

ယွီချင်းဇယ်: ...

  

ယခုတော့ တကယ်ကို ကိုးရိုးကားယားနိုင်သွားသည်။သို့ မည်သူကမှ တဖက်လူကို သူတို့၏ရှက်စရာအခိုက်အတန့်များကို မမြင်စေချင်ကြပေ။


***🍱