Chapter 43
မီးဖိုခန်းထဲတွင် ခြောက်ယောက်စာ ထမင်းစား စားပွဲ တစ်လုံးရှိသည်။ကျန်း မိသားစုက ထမင်းစားခန်းထဲတွင် စားကြပြီး အိမ်အကူ အဒေါ်များက မီးဖိုချောင်ထဲတွင် စားကြသည်။ အန်တီဝမ်က နောက်ကျနေပြီး တခြားသူများက စားပြီးကြပြီ ဖြစ်သည်။
"အန်တီဝမ် ဘာလို့ ဒီလောက်ကြာနေတာလဲ..."
တစ်ယောက် ယောက်က မေးလိုက်သည်။
"ဟယ်...ဆရာကတော် တို့ကိစ္စပေါ့... ဆရာက ဒေါသထွက်ပြီး သူ့မိန်းမကို ပြင်းပြင်းထန်ထန် ဆူတယ်လေ... ဆရာကတော်က လွှင့်ပစ်ဖို့ အဝတ်တစ်ပုံလောက်ကို ထုပ်ပိုးပြီး ငါ့ကို ကူညီပေးဖို့ တောင်းဆိုတယ်... အဝတ်အစားထုပ်က မကြီးပေမဲ့ ငါအလုပ်လုပ်ရင်း ဝတ်လို့ရတာ တစ်ခုခုများ ပါသေးလားဆိုပြီး ကြည့်လိုက်တာ... အဝတ်တွေ အကုန်လုံး လည်ဟိုက်တွေ၊ နောက်ကျော မလုံတာတွေချည်းပဲ...ပြီးတော့ ဗိုက်ကို ဖော်ထားတဲ့ အဝတ်တောင် ရှိသေးတယ်....အဲဒါတွေကို ငါအလုပ်မှာ ဘယ်လိုလုပ် ဝတ်လို့ရမှာလဲ...."
ကျန်လူများက တဟားဟား ရယ်မောလိုက်ကြသည်။
လျန့်ယင်းယင်း သည် အောက်ထပ်သို့သီလရှင် တစ်ယောက်ပမာ လုံခြုံအောင်ဝတ်ဆင်လာပြီး ထမင်းစားရန် ဆင်းလာသည်။သူမ၏ မျက်လုံးများမှာ အနည်းငယ် နီမြန်းနေပြီး မျက်နှာကလည်း ဖောင်းမို့ နေသည်။
ကျန်းဟွမ် က သူမကို တစ်ချက်ကြည့်လိုက်ပြီး
"အခုကစပြီး ဒီလိုပဲဝတ်ပါ..."
ကျန်းယန်ရှန့် တိုင်ကြားချက်ကို လျန့်ယင်းယင်း သိထားပြီးဖြစ်သောကြောင့် သူမ၏ နှလုံးသားသည် မုန်းတီးမှုနှင့်အတူ နာကျင်သွားရသည်။
ဝမ်းနှင့်လွယ်မွေးခဲ့ရသော အသုံးမကျတဲ့ သမီးက သူမအနာကို ဆားဖြူးလာသည်။
“အမေက ဒီလိုပုံစံနဲ့ ကြည့်ကောင်းတယ်...”
လျန့်ယင်းယင်း သည် ဒေါသဖြစ်ကာ ကျန်းဟယ်လင်း ၏ ခေါင်းနောက်သို့ လက်ကို မြှောက်လိုက်သည်။ သို့သော် ကျန်းယန်ရှန့် ၏ အေးစက်သောအကြည့်သည် လွင့်ပျံသွားပြီး သူမကို တွန့်ဆုတ်သွားစေသည်။
သူမ၏ မျက်လုံးထဲရှိ အမူအရာက
“ရိုက်ရဲရင် ရိုက်ကြည့်စမ်းပါ...” ဟူ၍ ရှင်းရှင်းလင်းလင်း ပြောနေပါသည်။
ကျန်းဟွမ် လည်း သူမကို မျက်မှောင်ကြုတ်လိုက်သည်။ လျန့်ယင်းယင်း သည် သူမ၏ နှလုံးသားထဲတွင် အေးခဲသွားကာ ကျန်းဟယ်လင်း ၏ ခေါင်းကို တင်းတင်းကြပ်ကြပ် ပွတ်သပ်လိုက်ရင်း ဒေါသတကြီးဖြင့် “ထမင်းစားလေ...” ဟု ပြောလိုက်သည် ။
ကျန်းဟွမ် က ကျန်းရှို့ချန် ကို မေးလိုက်သည်။
"ရှို့ရှို့ ဒီနေ့ ဆိုးလား..."
ကျန်းရှို့ချန် က ကျယ်လောင်စွာဖြင့်
"မဆိုးဘူး...မနက်က အိမ်စာတွေ ပြီးသွားပြီ...နေ့ခင်းဘက်မှာ ကစားလို့ရတယ်လို့ အစ်မက ပြောတယ်....မမ ကလည်း သူမရဲ့ ဂိမ်းစက်ကို ငှားလို့ သူမကို ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်...”
ကျန်းဟွမ် သည် ထိုစကားကိုကြားသောအခါ သူ၏ကလေးများသည် လိုက်လျောညီထွေရှိပြီး အထူးသဖြင့် သူ့သားငယ်သည် ဥာဏ်ရည်ထက်မြက်၍ လူအများကို ပျော်ရွှင်စေသည်ဟု ခံစားမိသည်။
သူက ကျန်းရှို့ချန် ကို ချီးမွမ်းချင်ပေမယ့် လျန့်ယင်းယင်း က အေးစက်စက်နဲ့ နှောင့်ယှက်လိုက်သည်။
"အစ်မနဲ့ မောင်လေးက ဘာလို့ တစ်ယောက်ကိုတစ်ယောက် 'ကျေးဇူးတင်ပါတယ်' လို့ပြောရမှာလဲ...ဟဲ့...နင့်ရဲ့ မောင်လေးကို နင့်ရဲ့ဂိမ်းစက်ကို ကစားခွင့်ပေးတဲ့အတွက် နင်တကယ်ကျေးဇူးတင် ခံသင့်ရဲ့လား..."
ယခု သူမသည် ကျန်းဟယ်လင်း ကို စိုက်ကြည့် နေသည်။
ညီအကိုမောင်နှမများ၏ သဟဇာတဖြစ်မှု အငွေ့အသက်သည် ထိုကဲ့သို့ပင် ပျက်စီးသွားခဲ့သည်။
ကျန်းဟွမ်:။ “…”
ကျန်းယန်ရှန့် သည် အရွယ်ရောက်ပြီးသူ တစ်ယောက်အား မဆုံးမချင်ပေ။
သူမ ဘာမှပြန်မပြောဘဲ ပြုံး၍သာ နေလိုက်သည်။
ကျန်းဟွမ် ၏မျက်နှာသည် ဒေါသကြောင့် ပူလောင်နေပြီး လျန့်ယင်းယင်း ကို ဆူလိုက်သည်။
"ပါးစပ်ပိတ်ထား....မင်းဘာတွေပြောနေတာလဲ...အဲဒီလို ကလေးတွေကို သင်ပေးလို့ မရဘူး..."
သူသည် ကျန်းရှို့ချန် ၏ခေါင်းကို လျင်မြန်စွာ ထပ်မံထိလိုက်သည်။
"ရှို့ရှို့ လုပ်တာ မှန်တယ်...အိမ်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ယဉ်ကျေးသိမ်မွေ့ရမယ်နော်...."
လျန့်ယင်းယင်း သည် ကလေးငယ်များရှေ့တွင် မျက်နှာပျက်သွားကာ သူမသည် ဒေါသနှင့် ခါးသီးနေခဲ့သည်။
သူ ဘယ်လို ဖြစ်နေမှန်း သူမတကယ်မသိတော့ပေ။ ဒီနေ့ ကျန်းဟွမ် က ဘာလို့ သူမကို မကြည်ရတာလဲ။ဝတ်စားဆင်ယင်မှု ပုံစံကို ပြောင်းလဲမယ်လို့ သူမပြောခဲ့တာပဲ။
သူမ ခါးခါးသီးသီး တွေးနေမိသည်။
မနက်ဖြန်တွင် အဒေါ်ကြီး တစ်ယောက်လို အဝတ်အစား ပုံစံ ပြောင်းပစ်လိုက်မည် ဟု တွေးလိုက်သည်။
သူက သူမရဲ့ ဆက်စီကျသည့် ၀တ်စားဆင်ယင်မှုမျိုးကို သဘောကျတဲ့သူပင်။ အခု သူ ဟန်ဆောင်နေတာ ဘာလို့လဲ....
"ကောင်းပြီ...သားအတွက် ပြစ်ဒဏ်ကို ဖြေလျှော့တဲ့ အနေနဲ့ သားအမေ သိမ်းထားတဲ့ ဂိမ်းစက်ကို ပြန်ပေးမယ်...."
ကျန်းရှို့ချန် က ငြင်းဆိုလိုက်သည်။
“အဲဒါကို သားမလိုချင်ဘူး...အသစ်လိုချင်တယ်...မမ မှာ မော်ဒယ်အသစ် ရှိတယ်...”
လျန့်ယင်းယင်း က ကျန်းဟယ်လင်း ကို အံ့အားသင့်စွာ မေးသည်
"နင် မော်ဒယ်အသစ် ဘယ်ကရတာလဲ..."
ကျန်းဟယ်လင်း သည် ထမင်းတစ်လုတ်ကို အရင်မျိုချပြီးမှ
"အစ်မက သမီးအတွက် ဝယ်ပေးတာ...ပြီးတော့ အစ်မက သမီးအတွက် ကတ်တစ်ခုဖွင့် ပေးထားတယ်...နောက်ဆို မုန့်ဖိုး ထည့်ရမယ်...”
လျန့်ယင်းယင်း သည် ထိုအချိန်တွင် ဒေါသပုန်ထ နေပြီဖြစ်သည်။ သူမသည် ကျန်းယန်ရှန့် ကို မငေါက်ဝံ့ဘဲ ကျန်းဟယ်လင်း ကိုသာ ဆူပူကြိမ်းမောင်းကာ
“ကလေးက ဘာလို့ မုန့်ဖိုးလိုချင်တာလဲ...အိမ်မှာ စားစရာ ပြတ်လပ်နေလို့လား...ဒါမှမဟုတ် ဝတ်ဖို့ အဝတ်အစား မရှိလို့လား... နင်ကဘာလို့ ဒီလောက် မိုက်မဲရတာလဲ...ပိုက်ဆံကို မမှန်မကန် ဘာလို့ လိုချင်ရတာလဲ...နင့်အဖေက အလုပ်အရမ်းကြိုးစားတယ်...အဲဒါသိလား...နင်တကယ် ဘာမှနားမလည်ဘူး..."
ကျန်းဟယ်လင်း သည် မျက်ရည်များဝဲကာ ကြည့်နေသည်။
ကျန်းယန်ရှန့် သည်လည်း ဒေါသ ထွက်နေ၏။
လျန့်ယင်းယင်း နှင့် စကားများရန်ဖြစ်ခဲ့ဖူးသော်လည်း အကျိုးမရှိပေ။ သူမ အသက်ရှုကြပ်ကာ ဒေါသကို ထိန်း၍ လက်ကိုဆန့်ကာ ကျန်းဟယ်လင်း ၏ ခေါင်းကို ပွတ်ပြီး နှစ်သိမ့်လိုက်သည်။
“မငိုနဲ့"
ကျန်းဟယ်လင်း ၏ မျက်ရည်နှစ်စက် ကျဆင်းသွားသည်။
ကျန်းဟွမ် သည် ဒီသမီးငယ်လေးကို အချစ်ပိုနေသည်မှ မကြာသေးပေ။
ယခု လျန့်ယင်းယင်း ကြောင့် ငိုနေ ရှာသည်။
ကျန်းဟွမ် လည်း ဒေါသထွက်လာကာ..
"ဘာတွေအော်နေတာလဲ...ငါတို့ ထမင်းကောင်းကောင်း စားလို့ မရဘူးလား..."
သူက ဒေါသတကြီးနဲ့
“ကြည့်စမ်း...မင်း ကလေးကို ဘာလို့ ခြောက်လှန့်ရတာလဲ...”
သူက ကျန်းဟယ်လင်း ကို ထပ်ပြီး ချော့ပြန်သည်။
" ဟယ်ဟယ်... သမီး....သူမကို လျစ်လျူရှုလိုက်ရအောင်...ထမင်း စားရအောင်..."
ကျန်းဟယ်လင်း အတွက် ဝက်နံရိုးတစ်ပိုင်းကိုလည်း ထည့်ပေးလိုက်သည်။
လျန့်ယင်းယင်း က ဒေါသတကြီးနဲ့ “ကျွန်မ စိတ်မဆိုးပါဘူး...ဒါပေမယ့် ဒီကလေးက ဘာလို့ မုန့်ဖိုး လိုချင်ရတာလဲ...ကတ်ကို လျှောက်ထားတာ ကျွန်မကို မပြောဘူး...ကျွန်မကို သူ့အမေလို့ မသတ်မှတ်တော့ဘူးလား..."
ကျန်းဟွမ် က ဒီစကားကို ကြားတော့ သူ ပို၍ ဒေါသထွက်သွားတယ်။
“ငါကိုယ်တိုင် ဒီကိစ္စကို သဘောတူပြီး ယန်ယန် က လုပ်ပေးတာ...အဲ့ဒါ ဘာဖြစ်လို့လဲ...”
Xxxxxx
Part 44
လျန့်ယင်းယင်း အံ့အားသင့်သွားကာ ပို၍ပင် စိတ်မကောင်းဖြစ်မိသည်။
“ဘာလို့ ကျွန်မကို မပြောတာလဲ...ကျွန်မက သူမ ရဲ့အမေပါ..."
ကျန်းဟွမ် က လှောင်ပြောင်ရင်း
"ဒါဆို မင်းရဲ့ သားသမီးတွေအပေါ် ပိုပြီး တွေးတောချင်စိတ် ရှိရမှာပေါ့...ဒါကို ယန်ယန်က သတိရပေးတယ်... ယန်ယန် က တတိယတန်း ကတည်းက သူမရဲ့ မုန့်ဖိုးကို စီမံခဲ့တာ...ဟယ်ဟယ် ကလည်း အရွယ် ရောက်လာပြီ... အစ်မဖြစ်သူ ယန်ယန် ကတောင် စိတ်မပူဘူး...မင်းက ဘာလို့မပျော်နိုင် ဖြစ်နေရတာလဲ...."
ကျန်းဟယ်လင်း စည်းကမ်းတကျ ဖြစ်ရန် ကျန်းယန်ရှန့် နှင့် လွှတ်ထားပေးပါ ဟု သူ ပြောချင်သည်။တစ်ယောက်တည်း ထားခဲ့စေချင်သည်ဟု သူပြောချင်သည်။သို့သော် ပြောချင်စိတ် မရှိတော့ပေ။
"ထမင်းစားကြရအောင်...." ဟု ပြောလိုက်တော့သည်။
ကျန်းရှို့ချန် က မျက်လုံးပြူးပြီး ဝင်ပြောလိုက်သည်။
“သားလည်း မုန့်ဖိုးလည်း လိုချင်တယ်...”
သူ လိုချင်တာ မှန်သမျှ ရနိုင်ပေမယ့် တကယ်တမ်းကျတော့ ပိုက်ဆံသုံးဖို့ ဘာမျှ နားမလည်သေးပေ။ ကျန်းဟယ်လင်း မုန့်ဖိုးရသည် ကို နားထောင်ရုံမျှဖြင့် သူလည်း လိုချင်လာသည်။ ထို့အပြင် ငွေသည် ကောင်းသောအရာဖြစ်သည်ကို သူသိသည်။ သူသည် လျန့်ယင်းယင်း ၏ ပိုက်ဆံအိတ်ထဲမှ အနီရောင်ငွေအချို့ကို အန်တီ ဝမ် ထံ ပေးအပ်ခဲ့ပြီး အိမ်စာလုပ်ရန် ကူညီခိုင်းခဲ့သည်။
သို့သော် အန်တီဝမ် က ငြင်းလိုက်သဖြင့် သူစိတ်ပျက်သွားရသည်။
လျန့်ယင်းယင်း က သဘောတူရန် ပြောမည် ပြုသော်လည်း ကျန်းဟွမ် က "သားက ငယ်သေးတယ်.ဟု ပြောေသာကြောင့် သူမ ပါးစပ်ပိတ် နေလိုက်ရသည်။
ကျန်းရှို့ချန် သည် အလွယ်တကူ မရပ်တန့်နိုင်ဘဲ ဆူညံစွာ အော်ဟစ်နေတော့သည်။
"ပါးစပ်ပိတ်ထား..." ကျန်းယန်ရှန့် ရုတ်တရက် ပြောလိုက်သည်။
ကျန်းရှို့ချန် ကို ကောင်းကောင်း ဂရုမစိုက်နိုင်ပေမယ့် အနည်းဆုံးတော့ နောက်ပိုင်းတွင် တခြားသူများ၏ သားသမီးတို့ကို မထိခိုက်စေဖို့ သူ့ကို စောင့်ရှောက် နိုင်သေးသည်။
သူမပြောပြီးသည်နှင့် ကျန်းရှို့ချန် လန့်သွားသည်။
"နင် တတိယတန်း ရောက်ရင် နင့်ကို မုန့်ဖိုးပေးလိမ့်မယ်..." ကျန်းယန်ရှန့် က အဓိပ္ပါယ်ရှိစွာပြောသည်။
"ဒါပေမယ့် အဲ့ဒီအချိန် မတိုင်ခင် လူကြီးတစ်ယောက်ယောက်ဆီက ပိုက်ဆံယူပြီး တခြားသူတွေကို ပေးဝံ့ရင် ပေးလိုက်...ဒါပေမဲ့ ငါသိသွားရင် နင်သတိထားနေပေတော့..."
ကျန်းရှို့ချန် သည် အပြစ်ရှိသည် ဟုခံစားလိုက်ရသည်။ ကျန်းရှို့ချန် သည် ကျန်းယန်ရှန့် ကို ကြောက်သဖြင့် စကားမပြောရဲပေ။ သာမာန်အချိန်များတွင် သူတစ်ခုခု မကြိုက်ပါက ကြမ်းပြင်ပေါ်တွင် အိပ်ပြီး အချိန်အကြာကြီး ငိုနေတတ်သည်။
အကြီးဆုံးသမီးက သူ့သားကို စကားနည်းနည်းနဲ့ တားတာကို တွေ့လိုက်ရလို့ ကျန်းဟွမ်နှင့်လျန့်ယင်းယင်း လည်း အံ့သြသွားသည်။
သူမသည် ကျန်းဟွမ် ကို တစ်ချက် ကြည့်လိုက်ပြီး သူ၏ အံ့သြပျော်ရွှင်သော မျက်နှာကို သူမမြင်လိုက်ရသောအခါ သူမနှလုံးသားထဲတွင် ပြင်းထန်စွာ ခံစားလိုက်ရသည်။ ဤမိသားစုတွင် သိမ်မွေ့သော ပြောင်းလဲမှုအချို့ရှိနေသည်ဟု သူမ ခံစားမိသွားရသည်။
"သား အစ်မ ပြောတာမှန်တယ်..."
ကျန်းဟွမ် က ပြုံးပြီးပြောလိုက်၏။
"သား အစ်မပြောတာကို နားထောင်ရမှာ...မဟုတ်ရင်...သားအစ်မက ရိုက်လိမ့်မယ်...အဖေ သားကို ကယ်နိုင်မှာ မဟုတ်ဘူး..."
သူ့အမေက သူ့ကို ကယ်နိုင်မှာ မဟုတ်ပေ။ ကျန်းရှို့ချန် က သူ့စိတ်ထဲမှာ သိထား ပြီးဖြစ်သည်။
ကျန်းယန်ရှန့် က သူ့ကို ရိုက်နှက်ချင်တိုင်း သူ့ဒုတိယ အစ်မ က ကြားဝင် တောင်းပန်ပေးနိုင်မည် ဟုလည်း သူမထင်ချေ။
ကလေးများသည် နူးညံ့ကြပြီး မာကျောမှုကို ကြောက်ရန် မွေးဖွားလာကြသည်။ထို့ကြောင့် တစ်ယောက်ယောက် က သူတို့ကို ကောင်းမွန်စွာ မဆက်ဆံမည်ကို စိုးရွံ့ကြသည်။
စားသောက်ပြီးနောက် ခန်းမငယ်ကိုသွားရာ လျန့်ယင်းယင်း သည် နံရံတွင် ဆုလက်မှတ်များကို တွေ့လိုက်ရသည်။ ဒီနေ့ အကြိမ်ပေါင်းများစွာ ဆက်တိုက် ဒေါသထွက်ရသည့်အတွက် ကျန်းဟွမ် ကို သူမ ပြန်လည် ဆူပူလိုက်သည်။
“ရှင် ဘာလို့ ပန်းချီကားကို ဖြုတ်လိုက်တာလဲ...အခု ဒီနံရံက ဘယ်လောက်တောင် ကြည့်ရဆိုးလိုက်သလဲ...”
“ဒီနေရာက ဆုလက်မှတ်တွေ ထားတဲ့ နေရာပဲ...”
သူပြောပြ သူ့ပထမဇနီးရှိစဉ်က အတိတ်ကို ပြန်သတိရသောအခါတွင် သူသည် သက်ပြင်းတစ်ချက်ချလိုက်သည်။
လျန့်ယင်းယင်း သည် ကျန်းဟယ်လင်း ၏ ဆုလက်မှတ်များ ဖြစ်ကြောင်းကို တွေ့လိုက်သောအခါ သူမ၏ဒေါသသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ကျန်းဟွမ် သည် ဤနေရာတွင် ဆုလက်မှတ်များ ချိတ်ထားခြင်းကို ထောက်ခံခဲ့သည်။
ဆုလက်မှတ်များ အားလုံ့းသည် သူမ၏ သားသမီးနှင့် သက်ဆိုင်ပြီး အရင်က ချိတ်ထားသည့် ကျန်းယန်ရှန့် ရဲ့ ဆုလက်မှတ်တွေထက် ပိုကောင်းသည်။
ထိုအချိန်တွင် သူမသည် ဆုလက်မှတ် တစ်ခုကို တမင်တကာ တိတ်တဆိတ် ဆုတ်ဖြဲကာ ဆုလက်မှတ်ကို အောက်ချလိုက်သည်။
လျန့်ယင်းယင်း က သူမ၏ နှုတ်ခမ်းမကို မဲ့ကာ
"ဒီကလေးမလေး...ဒါတွေ ချိတ်တာ ဘာကောင်းလို့လဲ....နောက်ဆို ရှို့ရှို့ ကလည်း သူ့ဆုလက်မှတ်တွေကို ဒီနေရာမှာ ချိတ်နိုင်တော့မှာ..."
ကျန်းဟွမ် သည် လျန့်ယင်းယင်း ထံမှ များစွာ မမျှော်လင့်ထားဘဲ သူမ၏ ကလေးများ၏ အဝတ်အစား၊ အစားအသောက် နှင့် ခရီးသွားလာမှုကို ကောင်းမွန်စွာ ဂရုစိုက်နိုင်သည်ဟု ခံစားမိသည်။
သို့သော် သူမ စကားကို ကြားလိုက်ရသော် သူစိတ်ပျက်သွားသည်။ သူတို့နှစ်ယောက်စလုံးသည် သမီးတွေထက် သားကို ပိုချစ်ကြပေမယ့် ကွဲလွဲမှုတွေ ရှိနေဆဲ ဖြစ်သည်။
လျန့်ယင်းယင်း သည် မိခင်တစ်ယောက်အနေဖြင့် သူမ စိတ်ထဲတွင် ကျန်းဟယ်လင်း ကို လုံးဝဂရုမစိုက်ပေ။
ကျန်းဟွမ် မှာ ရှို့ရှို့ မမွေးစဉ်က သားတစ်ယောက်လိုချင်ခဲ့သည်။
ဒီနိုင်ငံက အမျိုးသားတွေသည် ဘယ်လောက်ပဲပြောပြော သူတို့ နှလုံးသားထဲတွင် သားတစ်ယောက်လိုချင်ကြသည်။ ကျန်း မိသားစုသည် သားဖြစ်သူအတွက် ဖိနပ်အသစ်တစ်ရံသာ ဝယ်ပေးသော ဆင်းရဲသည့်မိသားစုမျိုးမဟုတ်ပေ။ထို့ကြောင့် သူ့သားသမီးများကို ချမ်းသာစွာ ထားနိုင်သည်။
ကျန်းဟွမ် က သူ့သားကို ပိုချစ်ပေမဲ့ သူ့သမီးတွေကို ဆိုးဆိုးရွားရွား ဆက်ဆံဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
သို့သော် သူ့သမီးများ က ကြိုးကြိုးစားစား နှင့် ထူးချွန်သည်ကို မြင်လျှင် သူပျော်ရွှင်ရသည်။ လျန့်ယင်းယင်း နှင့် အလွန် ကွာခြားသည်။ လျန့်ယင်းယင်း သည် ကျန်းဟယ်လင်း ကိုမွေးဖွားခဲ့သော်လည်း ကျန်း မိသားစု ၏အိမ်တံခါးဝ သို့ပင် ဝင်ရောက်ခွင့်မရခဲ့ပေ။
သူမ၏ စိတ်ပျက်မှုနှင့် နာကြည်းမှုတို့သည် ကျန်းဟယ်လင်း ထံသို့ ကျဆင်းသွားသောကြောင့် သူမသည် ကျန်းဟယ်လင်း အပေါ် အလွန်ရက်စက်ကြမ်းကြုတ်လေသည်။မကြာခဏ နှုတ်ဖြင့်ဆဲဆို ကြိမ်းမောင်းတတ်သည်။
ကျန်းဟွမ် သည် လျန့်ယင်းယင်း ကို စိတ်ပျက်သွားပြီး ဘာမှ ပြန်မပြောပေ။ သူပြောလျှင်လည်း အသုံးမဝင်ဘူးဆိုတာ သူသိနေ၏။
သူက ခေါင်းယမ်းပြီး သူ့မကို မကြည့်ချင်သောကြောင့် တက်ဘလက်ကို အနည်းငယ် မြှင့်လိုက်သည်။
လျန့်ယင်းယင်း သည် သူမ၏ စိတ်ထဲတွင် တစ်ခုခုကို တွေးမိသွားရပြီး
ယောက်ျား…ကျွန်မ ရဲ့ ကား…”
ဒီနေ့ ကျန်းဟွမ် ဒေါသထွက်နေခဲ့သဖြင့် သူမကို ကား မဝယ်ပေးမှာ ကြောက်နေသည်။ သူမကို ဖာရာရီ အသစ်တစ်စီး ဝယ်ပေးမည် ဟု ကျန်းဟွမ် က ပြောထားသဖြင့် သူမသည် သူငယ်ချင်းများကို ပြောပြီးဖြစ်နေသည်။ကျန်းဟွမ် ဝယ်မပေးလျှင် သူမ အရှက်ကွဲတော့မည် ဖြစ်သည်။
ကျန်းဟွမ် သည် ယခုအချိန်တွင် သူမကို စိတ်ဆိုးနေဆဲ ဖြစ်သည်။သို့သော် သူ့ကလေးသုံးယောက်လုံးက စိတ်သက်သာရာ ရစေသည်။
ဟယ်ဟယ် က စားကြိုးစားသည်။ ၊ ရှို့ရှို့ က နာခံတတ်လာသည်။ ယန်ယန် တို့ မောင်နှမ သုံးယောက်လုံး သင့်မြတ်ကြသည်။
ထို့ကြောင့် သူ အလိုက်သင့်သာပြန်ပြောလိုက်သည်။
"ကောင်းပြီ....မင်းကိုယ်တိုင်သွားကြည့်...မင်းရွေးပြီးတဲ့အခါ ငါ့ကို ပြော..."
လျန့်ယင်းယင်း ဝမ်းသာလွန်း၍ သူ့ကိုနမ်းလိုက်ပြီး "
ကျေးဇူးပဲနော်...ယောက်ျား..."
သူမသည် 'ယောက်ျားတွေက ဒီလိုပါပဲ' ဟု တွေးကာ စိတ်ထဲတွင် လှောင်ရယ်နေ၏။ သူတို့ကို ချော့လိုက်ရင် အားလုံး အဆင်ပြေနိုင်သည်။
ကျန်းဟွမ် ကို ချော့ဖို့ကြိုးစားနေစဉ် ဆဲလ်ဖုန်း မြည်လာလေသည်။ လျန့်ယင်းယင်း က ကောက်ကိုင်လိုက်ပြီး မျက်မှောင်ကြုတ်ကာ
"မင်္ဂလာပါ...အမေ..."
သူမ အပြင်ထွက်ရင်း ပြောလိုက်သည်။
လျန့်ယင်းယင်း သည် တစ်ယောက်တည်း ကေ မြို့သို့ရောက်လာပြီး ချမ်းသာသည့် မိသားစု နှင့် လက်ထပ်ခဲ့သည်။ လျန့်ယင်းယင်း က သူမ မိသားစုကို ပိုက်ဆံပေးခဲ့ပေမယ့် လာခွင့် မပေးခဲ့ပေ။
ကျန်းဟွမ် ကမသိမသာ တစ်ချက် ကြည့်လိုက်သော်လည်း လျန့်ယင်းယင်း ၏ မိသားစုအရေးကို စိတ်ပူနေခြင်းမရှိပေ။