အပိုင်း ၅၃
Viewers 500

#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#အပိုင်း ၅၃; မိသားစုကို ဂရုစိုက်ခြင်း

နောက်နေ့မနက်

မနက်စာစားပြီးနောက်၊ လူတိုင်း အလုပ်သွားခါနီးတွင် မုရှောင်ယက ရုတ်တရက် လူတိုင်းကို အော်ခေါ်လိုက်သည်။ "ပါး တကော ခဏလောက်စောင့်ပါဦး။ ရှောင်ချွမ်းမှာ ပြောစရာရှိတယ်"

"ရှောင်ချွမ်းက ငါတို့ကိုပြောစရာရှိလို့လား။" ဒါက မမျှော်လင့်ထားဘူး။ သူတို့က သူတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော ပိုင်ချွမ်းကို စိတ်ဝင်တစားကြည့်လိုက်မိကြသည်။

ပိုင်ချွမ်းက မုရှောင်ယ အားပေးသည့် မျက်လုံးများအောက်တွင် မတ်တပ်ရပ်ကာ သူ့နှင့် ဆန့်ကျင်ဘက် လူသုံးဦးကို ကြည့်ပြီး ပြောလိုက်သည်။ "ကျွန်တော် တောင်းပန်ပါတယ်။ ဒါပေမယ့်...ကျွန်တော်တို့ အိမ်တက်ပွဲကို မလာစေချင်သေးဘူး"

“…” မုရှောင်ယ မျက်နှာပေါ်က အပြုံးက အေးခဲသွားသည်။ ပိုင်ချွမ်းကို အော်လိုက်ချင်တယ် အဲ့နောက်က စာကြောင်းက ဘာကိုဆိုလိုတာလဲ။

“…” ပိုင် မိဘများ- ဒါက တောင်းပန်မှုလား။ ဒါမှမဟုတ် ဒုတိယအကြိမ် ရန်စမှုလား။

"ရပြီ " ပိုင်ကျန့် အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ လက်ကို လက်သုတ်ပဝါဖြင့် သုတ်ကာ ထ ထွက်ခွာသွားသည်။ ခွင့်လွှတ်သည် မခွင်သည်ကို မသိရပေ။

"ဟဲဟဲ ကိစ္စမရှိပါဘူး၊ ပါးနဲ့မားက စိတ်မဆိုးပါဘူး" လီရုံက တစ်ခဏမျှ တောင့်တင်းသွားပြီးနောက်၊ သူမက ဝါကျ၏ ဒုတိယတစ်ဝက်ကို လျစ်လျူရှုကာ ပထမသုံးလုံးကိုသာ နားထောင်ရန် ဆုံးဖြတ်ခဲ့သည်။

"ဟုတ်တယ် ရှောင်ချွမ်း အဲဒါကို စိတ်မပူပါနဲ့ " ပိုင်ကောယွိကလည်း သူ့သားကို နှစ်သိမ့်ပေးသည်။ ပိုင်ချွမ်းက သူတို့ကို ပထမဆုံးအကြိမ် တောင်းပန်ခဲ့တာ။

“အင်း ” ခွင့်လွှတ်ခံရသော ပိုင်ချွမ်းက ပျော်ရွှင်နေပုံရပြီး ဇနီးသည်ဆီက ချီးမွမ်းခံရန် လှည့်လိုက်သည်။ "ကိုယ် တောင်းပန်ခဲ့တယ် "

"အင်း အင်း။" မုရှောင်ယက သူမ ဘာပြန်ပြောရမလဲဆိုတာ မသိပါ။

ထမင်းစားခန်းမှထွက်လာပြီးနောက်မှာ ပိုင်ကျန့်က သူ့အင်္ကျီလက်တွေကို သပ်တင်ကာ ကားရပ်နားရာသို့ လျှောက်သွားပြီးနောက် အလုပ်သွားရန် ကားကို စတင်လိုက်သည်။

သူသည် ဗီလာတံခါးမှ ထွက်ကာ ကတ္တရာလမ်းအတိုင်း ညာဘက်သို့ လှည့်သွားသည်။ ဤလမ်းကြောင်းက ပိုင်ချွမ်းနဲ့ သူ နေ့တိုင်းအတူတူပြေးသည့်လမ်းဖြစ်သည်။ ဤတစ်လမ်းမောင်း 2.5 ကီလိုမီတာ အကွာအဝေးသည် 5 ကီလိုမီတာ အတိအကျဖြစ်သည်။ သူတို့ ရှေ့မီးပွိုင့်ကို ပြေးပြီးတိုင်း လှည့်ပြီး နောက်ပြန်ပြေးကြလိမ့်မယ်။

ပိုင်ကျန့်က ကားကိုရပ်လိုက်ပြီး သူ့နောက်ကြည့်မှန်ဖြင့် လမ်းကိုကြည့်လိုက်သည်။ လမ်းသည် အချိန်အတော်ကြာအောင် မလှုပ်မယှက်ဖြစ်နေသည်။ မီးပွိုင့်များသည် သူ့ရှေ့တွင် အကြိမ်ပေါင်းများစွာ ပြောင်းလဲခဲ့သော်လည်း သူ့အာရုံကို မဆွဲဆောင်နိုင်ခဲ့ပါ။ ကံကောင်းထောက်မစွာနဲ့ ဗီလာ၏တောင်တက်လမ်းတွင် ကားအစီးရေ အများအပြားမရှိသဖြင့် ပိုင်ကျန့်ရဲ့ တုံ့ဆိုင်းမှုကြောင့် လမ်းမပေါ်တွင် ပိတ်ဆို့မှုမဖြစ်စေဘဲ သန့်ရှင်းရေးလုပ်သားများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

"ဆရာ၊ ကားမှာ တစ်ခုခု အဆင်မပြေလို့လား။" ယူနီဖောင်းဝတ် သန့်ရှင်းရေးဝန်ထမ်းသည် တံမြက်စည်းကိုင်ကာ လာ၍ မေးသည်။

“မဟုတ်ဘူး ” ပိုင်ကျန့်က သူ့အတွေးတွေထဲက ပြန်ရောက်လာခဲ့ပြီး မသိစိတ်က ရှေ့ကို လှမ်းကြည့်လိုက်ချိန် မီးစိမ်းနေသည်ကို တွေ့လိုက်ရသည်။

"ဒါဆို မြန်မြန်သွားပြီး အလုပ်နောက်ကျမှာကို သတိထားပါ "

"ကျေးဇူးတင်ပါတယ် " ပိုင်ကျန့် ခေါင်းညိတ်လိုက်ပြီး ရှေ့ဆက်ရန် ဘရိတ်ကို လွှတ်လိုက်သည်။ သန့်ရှင်းရေးဝန်ထမ်းက သူ ထွက်သွားပြီးနောက် တံမြက်စည်းကို ပြင်းပြင်းထန်ထန် လှည်းခဲ့သည်။ သူ့တာဝန်က ဒီမနက် ဒီလမ်းရဲ့ နောက်ဆုံးအပိုင်းပဲ။ အစောက အမှိုက်တွေ အားလုံးကို ကားက ရှင်းမရအောင် တားထားတယ်၊ ကားက ထွက်သွားပြီဆိုတော့ အမှိုက်တွေကို မြန်မြန် ရှင်းထုပ်ရမယ် ဒါမှမဟုတ်ရင် အိမ်မှာ မနက်စာ မစားနိုင်တော့ဘူး။

ပိုင်ကျန့်ရဲ့ စိတ်အခြေအနေက အထူးကောင်းမွန်နေပုံပါပဲ။ နေကာမိုးကိုဖွင့်ပြီး နေရောင်ခြည်နှင့် အရိပ်တို့ကို အတားအဆီးမရှိဘဲ ကားထဲသို့ ကျရောက်ခွင့်ပြုလိုက်သည်။ သူ့မျက်နှာသည် အလင်းရောင်နှင့် အရိပ်တို့အောက်တွင် ကျေနပ်စွာ ပြုံးနေသည်။

'မင်း ဘယ်လိုတောင်းပန်ရမလဲ သိတာပဲ။ မင်းမှာ အသိတရားရှိသေးတယ်။'

ပိုင် မိဘများသည် ပိုင်ကျန့်ကဲ့သို့ပင် စိတ်သဘောထား တူညီကြသော်လည်း ပိုင်ကျန့်လောက် မငြိမ်သက်ကြပေ။ ထမင်းစားခန်းမှ ထွက်သွားသည်နှင့် လီရုံက ခင်ပွန်းဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ - "လောင်ပိုင် ရှောင်ချွမ်း... ရှောင်ချွမ်းက ကျွန်မတို့ကို စိတ်ထဲရှိနေတယ် မဟုတ်လား။"

"ဒါပေါ့ မကြာခင်တုန်းက ပရော်ဖက်ဆာ ဖန်က ပြောတယ် ရှောင်ချွမ်းက သူ ဘယ်လိုပြောရမှန်းကို မသိခဲ့ပေမဲ့ တကယ်တော့ အရာအားလုံးကို သူနားလည်ပါတယ်တဲ့" ပိုကောယွိရဲ့ မျက်လုံးများမှာလည်း အနည်းငယ် ပူလာသည်။ ပရော်ဖက်ဆာ ဖန် က ဒီလိုပြောခဲ့ပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ ဒေါသကလွဲလို့ ပိုင်ချွမ်းရဲ့မျက်နှာမှာ အသေးငယ်ဆုံးသော ခံစားချက်ကို မမြင်ဖူးသလို သူတို့ကိုလည်း ဂရုမစိုက်ပါဘူး။ ပိုင်ချွမ်း သူတို့ကို ဂရုစိုက်ကြောင်း ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသဖြင့် ပိုင်ကောယွိက ရီဖုန်း Group လူသိရှင်ကြား စာရင်းသွင်းခံရသည့်အချိန်ထက်ပင် ပျော်ရွှင်နေသေးသည်။

"ရှောင်ချွမ်း နှလုံးသားထဲမှာ ရှောင်ယတင်မဟုတ်ဘဲ ကျွန်မတို့လည်းရှိတယ် ” လီရုံက အလွန်စိတ်သက်သာရာရပြီး ပျော်ရွှင်နေသည်။

“အင်း”

“ကောင်းပြီ”

ပိုင်ချွမ်းရဲ့ အဆင်မပြေသော တောင်းပန်မှုသည် ပိုင် မိသားစုအပေါ် ကြီးမားသော အကျိုးသက်ရောက်မှုရှိမည်ကို မုရှောင်ယက မသိခဲ့ပေ။ သူမက ပိုင်ချွမ်းကို ကားပေါ်သို့ခေါ်သွားပြီး အလုပ်ကို တိုက်ရိုက်သွားခဲ့သည်။ သူမစတူဒီယိုကို ရောက်သောအခါ မုရှောင်ယက အလုပ်ခန်းဆီ တန်းတန်းမတ်မတ်သွားခဲ့သည်။ 'ပိုင်ချွမ်း အတွက် သူမလုပ်ခဲ့သော သားရေဖိနပ်က ပြီးလုနီးပါးဖြစ်နေပြီ သူမက ဒီနေ့မှာ အဲ့ဒါကို အပြီးသတ်ချင်တယ်။ '

မုရှောင်ယက နေ့လယ်အထိ အလုပ်ရှုပ်နေပြီး နောက်ဆုံးတွင် နောက်ဆုံးလုပ်ငန်းစဉ်ကို ပြီးမြောက်ခဲ့သည်။ သူမက ၎င်းတို့အား အချိန်အတော်ကြာအောင် သဘောကျခဲ့ပြီး ၎င်းတို့ကို ထုပ်ပိုးဖို့ ဖိနပ်ပုံးကို ရှာခဲ့သည်။ ပိုင်ချွမ်းကို လက်ဆောင်ပေးဖို့ တရုတ်ချစ်သူများနေ့ကို ရောက်ဖို့ နှစ်ရက်လောက် စောင့်ရလိမ့်မည်။ ဒါပေမယ့် အလုပ်ခန်းမှာ အချိန်အတော်ကြာ ရှာဖွေပြီးနောက်မှာတောင် သားရေဖိနပ်အတွက် သင့်လျော်သောသေတ္တာကို ရှာမတွေ့ခဲ့ပါ။

မုရှောင်ယက သူမ၏ ဖိနပ်များကို ပွေ့ကိုင်ထားကာ အလုပ်ခန်းမှ ထွက်သွားပြီး ဖန်းဟော်ကို မေးလိုက်သည်။ "ဖန်းဟော် ငါတို့ စတူဒီယိုမှာ စိတ်ကြိုက် ဖိနပ်ပုံးတွေ ရှိလား။"

“စိတ်ကြိုက် ဖိနပ်ပုံးတွေလား။ အို့ ငါ အဲ့ဒါကို မေ့သွားတာ " ဖန်းဟော်က ပြန်ဖြေသည်။

"ဖိနပ်ပုံးမရှိဘူးလား။" မုရှောင်ယက ခေါင်းမာမာဖြင့် မေးသည်။

“ဟင့်အင်း စိတ်ကြိုက်ဖိနပ်ပုံးက အရည်အသွေးကောင်းရမယ်။ အရင်က သူတို့ထဲက တချို့ကို တွေ့ပြီး မကျေနပ်ခဲ့ဘူး နောက်တော့ မေ့သွားတာ” ဖန်းဟော်က မုရှောင်ယ လက်ထဲက ဖိနပ်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ပြီးပြီလား။"

“အင်း” မုရှောင်ယက ပြုံးပြီး ခေါင်းညိတ်သည်။

"ငါ့ကိုပြ " ဖန်းဟော်က အပေါ်ကနေ မုရှောင်ယ လက်ထဲက သားရေဖိနပ်ကိုယူကာ အနီးကပ်ကြည့်ရှုဖို့ အလင်းရောင်ကောင်းစွာရရှိသော ဧရိယာတစ်ခုဆီ ထွက်ခွာသွားခဲ့သည်။ သူမ၏ ကြမ်းတမ်းသောအမူအရာသည် အိမ်စာပြင်ပေးနေသည့် ပရော်ဖက်ရှင်နယ်ဆရာတစ်ယောက်နှင့်တူသည်၊ "နင့်ရဲ့ ကောင်ကြောင်း၊ ကော်၊ ဒီလက်ရာ... စက်ရုံမှာ ဆယ်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့တဲ့ ငါ့ဦးလေးရဲ့ ဆရာနဲ့ တန်းတူနီးပါးပဲ"

"ဒီလောက် အစွမ်းထက်နိုင်ပါ့မလား။" မုရှောင်ယက သူမကိုယ်သူမ သိရှိပြီး ကိုယ်တိုင်လေ့လာသူဖြစ်သည်။ သူမတွင် ဒီဇိုင်းပိုင်း၌ အရည်အချင်းအချို့ရှိသော်လည်း အလုပ်အတွေ့အကြုံကို အချိန်အကြာကြီးမစုဆောင်းဘဲ ၎င်းကို မြန်မြန်ဆန်ဆန်ကြီးပွားအောင် မလုပ်နိုင်ခဲ့ပါ။ သူမသည် ယခင်ဘဝ၏ လေးနှစ်အတွင်း အတွေ့အကြုံအချို့ကို စုဆောင်းထားသော်လည်း ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိသည့် စက်ရုံမှ ဆရာဖူနှင့် နှိုင်းယှဉ်ပါက နှိုင်းယှဉ်၍မရနိုင်ပါ။

"နင့်ရဲ့ လက်ရာကို ငါမြင်ပါတယ်၊ စိတ်ကြိုက်ဖန်တီးဖို့ အတွေ့အကြုံရှိတဲ့ လက်သမားကို ငှားဖို့ မလိုပါဘူး၊ ကိုယ်တိုင်လုပ်ရုံပါပဲ " ဖန်းဟော်က ပြောသည်။

"နင်က ငါ့ကို ပင်ပန်းစေချင်နေတာလား။" ပိုင်ချွမ်းရဲ့ သားရေဖိနပ်ကို သူမကိုယ်တိုင် ပြုလုပ်ဖို့ တစ်ပတ်နီးပါး အချိန်ယူခဲ့ရသည်။ နောက်ပိုင်းတွင် သူမသည် စတူဒီယိုတွင် စိတ်ကြိုက်ဖိနပ်တစ်ရံစီကို သူမဘာသာ သူမလုပ်ရလျှင် သူမက အလွန်အလုပ်များမှာမဟုတ်ဘူးလား။

"နင်မလုပ်ချင်ဘူးဆိုတာ ငါသိတယ် " ဖန်းဟော်က နောက်ပြောင်လာသည်။ “ဒါက ငါတို့ရဲ့ စတူဒီယိုက ပထမဆုံး စိတ်ကြိုက်ဖိနပ်တစ်ရံလည်း ဖြစ်တယ်။ နောက်ကျ ဓာတ်ပုံရိုက်ဖို့ ရှောင်ရှင်းကို တောင်းဆိုလိုက်မယ်၊ ပြီးရင် အဲဒါကို ငါတို့ ဝဘ်ဆိုဒ်မှာ တင်မယ်။ ပြီးတော့ နင့်ယောက္ခမရဲ့ ဒေါက်မြင့်ဖိနပ်တစ်ရံကို နင်ဘယ်တော့ပြီးမလဲ။ ဓါတ်ပုံတွေကို အတူတူ တင်ချင်တယ်”

"လာမယ့်အပတ် " မုရှောင်ယက အချိန်ကို ခန့်မှန်းခဲ့သည်။

"ဒီလိုကောင်းတဲ့ဖိနပ်ကို အဆင့်မြင့်ဖိနပ်သေတ္တာနဲ့ ထည့်ထားရမယ် " ဖန်းဟော်က သူမမေးစေ့ကို ပွတ်ကာ ခဏလောက် စဉ်းစားပြီး ပြောလာသည်။ “ ငါ စီးပွားရေးလုပ်ငန်း နည်းနည်းလောက် နဲ့ စကားပြောလိုက်မယ်” 

“ နင် ဒီအကြောင်းပြောဖို့ ထွက်သွားတဲ့အခါ ဘယ်တော့ သတင်းရမယ်ဆိုတာ ငါမသိဘူး။ ငါ အပြင်ထွက်ပြီး ဖိနပ်သေတ္တာဝယ်တာ ပိုကောင်းတယ်"

"ငါဝယ်ထားတဲ့ ဖိနပ်ပုံးမှာ ငါတို့ရဲ့ လိုဂိုမပါဘူး "

"အဆင်ပြေပါတယ် နောက်မှဆွဲလိုက်မယ်" ဤဖိနပ်များသည် ပိုင်ချွမ်း အတွက်ဖြစ်သည်။ မုရှောင်ယက ဖိနပ်ပုံးတွင် စတူဒီယို၏လိုဂိုကို စွဲမြဲစွာမထားခဲ့သော်လည်း ဖန်းဟော်က အလွန်တည်မြဲနေသဖြင့် ၎င်းကိုထည့်ဖို့က မနာကျင်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမတွင် ဒီဇိုင်းကျွမ်းကျင်မှုရှိပြီး၊ ဖိနပ်ပုံးပေါ်တွင် စတူဒီယို၏လိုဂိုဆွဲရန်မှာ အလွန်ရိုးရှင်းသည်။

“အာ ခဏစောင့်…” ဖန်းဟော်က တစ်ခုခုကို သတိရသွားပုံရပြီး ရုတ်တရက် လှည့်ကာ အထဲကို လျှောက်သွားသည်။ ခဏအကြာတွင် အရောင်အမျိုးမျိုးရှိသော ဖိနပ်သေတ္တာ လေးငါးခုကို ထုတ်ယူလာခဲ့သည်။

“ဒါတွေက အွန်လိုင်းကုန်သည်အနည်းငယ်ဆီက တောင်းဆိုထားတဲ့ နမူနာပုံးတွေ။ သူတို့မှာ လိုဂိုသေးတဲ့အပြင် အဲ့ဒါက ပြောင်တွေ။ ကြည့်ကြည့်လိုက် အသုံးတည့်လားလို့ " ဖန်းဟော်က ပြောသည်။

မုရှောင်ယက သူတို့အား တစ်လုံးပြီးတစ်လုံး ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် နက်ပြာရောင် ဖိနပ်ပုံးကို ရွေးချယ်လိုက်ပြီး ပြောခဲ့သည်။ “ဒါက ကောင်းတယ်” 

“ကောင်းပြီ ဈေးအကြီးဆုံး တစ်ခုကို ရွေးလိုက်တာ” ဖန်းဟော်က ပြုံးလိုက်သည်။

"ဘယ်လောက်လဲ။" မုရှောင်ယက စျေးအကြီးဆုံး ဖိနပ်ပုံး၏စျေးနှုန်းကို သိချင်ခဲ့သည်။

"တစ်ရာ"

"ဖိနပ်ပုံးတစ်ခုအတွက်လား။" မုရှောင်ယက မယုံနိုင်စွာ မေးလိုက်သည်။

"ဟုတ်တယ်၊ စက္ကူဘူးလေးနဲ့ပဲ အကဲမဖြတ်နဲ့ ထုတ်လုပ်သူက ဒီဖိနပ်ပုံးဟာ PITAILA ရဲ့ အထူးဖိနပ်ပုံးလို့ ပြောတယ်။ အသုံးပြုထားတဲ့ အထူးလက်မှုပညာကို ငါတို့ အလွန်ရင်းနှီးခြင်းမရှိဘူး " ဖန်းဟော်က ရှင်းပြလာသည်။ "ဒါပေမယ့် ငါလည်း ဒီဖိနပ်ပုံးကို ကြိုက်ပါတယ်၊ ဒါပေမယ့် အရမ်းစျေးကြီးလို့ ဆုံးဖြတ်ချက်မချရသေးပါဘူး "

“အရမ်းစျေးကြီးတယ် ”

“ဟုတ်တယ်၊ အဲဒါပေါ်မှာ ငါတို့ လုပ်ငန်းရဲ့ လိုဂိုကို ရိုက်နှိပ်ဖို့လည်း အပိုပါပဲ။ သီးခြားအခကြေးငွေ ဖြစ်ပါတယ်”

“နောက်ထပ် အခကြေးငွေတွေ ထပ်တောင်းနေသေးလား အာ…” ယနေ့ခေတ် စီးပွားရေးလုပ်ငန်းတွေက အမြဲတမ်း ရက်စက်ကြမ်းကြုတ်တာလား။

"ငါ ပြန်စဉ်းစားကြည့်လိုက်ဦးမယ် ဒါပေမယ့် ဒီဖိနပ်ပုံးက နင့်အတွက် ပထမဆုံးပဲ " ဖန်းဟော်က အခြားဖိနပ်သေတ္တာများကို စုဆောင်းကာ ဘေးဖယ်ထားလိုက်သည်။ “နောက်တစ်ခါ ထပ်ကြည့်ပြီး နည်းနည်းရွေးလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ စိတ်ကြိုက်ဖိနပ်အတွက် လုပ်ငန်းတစ်ခုမှ မရှိသေးဘူးလေ"

“ အိုကေ ” အဲ့ဒါက အမှန်တကယ်ကို အရေးတကြီးမဟုတ်ပေ။

မုရှောင်ယက ဖိနပ်ပုံးကိုယူကာ သားရေဖိနပ်ကို ဖုန်အကာဖြင့် ပတ်ပြီး ဖိနပ်သေတ္တာထဲတွင် ဂရုတစိုက်ထည့်ထားလိုက်သည်။ နက်ပြာရောင် ဖိနပ်သေတ္တာ၏အောက်တွင် နက်မှောင်သောမျဉ်းများရှိသည်။ ၎င်းကို သင့်လက်ဖြင့်ထိခြင်းဖြင့် လိုင်းများ၏ အကြမ်းထည်ကို သင်ခံစားနိုင်သည်။ တကယ်တော့၊ အခြားနောက်ထပ် အထူးအင်္ဂါရပ်များ မလိုအပ်ပါ၊ ဖိနပ်ပုံး၏ လက်ရှိဒီဇိုင်းသည် လှပနေပြီးသားဖြစ်သည်။ သို့သော် ဖန်းဟော်ကို ကတိပေးပြီးတာကြောင့် မုရှောင်ယက ဒီဇိုင်းတစ်ခုကို စတင်တီထွင်ခဲ့သည်။ ဖိနပ်ပုံး၏ ချောမွေ့ပြီး သန့်ရှင်းသော မျက်နှာပြင်ကို ကြည့်ပြီး အချိန်အတော်ကြာပြီးနောက် အတွေးတစ်ခု သတိရလာသည်။ သူမ ထပြီး Acrylic ကိုယူဖို့ အလုပ်ခန်းဆီ ပြန်သွားခဲ့သည်။

Acrylic က ဖိနပ်များနှင့် အဝတ်အစားများတွင် တိုက်ရိုက်သုံးနိုင်သော ဆေးအမျိုးအစားဖြစ်သည်။ အရောင်များက တောက်ပပြီး အရောင်ပြောင်းသွားမည်မဟုတ်ပါ။ မုရှောင်ယ ကျောင်းတက်နေစဥ်က သူမသည် အဖြူရောင်တီရှပ်နှင့် ဖိနပ်အဖြူပေါ်တွင် ပုံစံငယ်များရေးဆွဲရန် Acrylic ကို အသုံးပြုခဲ့သည်။ ဤနည်းဖြင့်၊ အဝတ်အစားများ၏ စျေးနှုန်းကချိုသာရုံသာမက သူမရဲ့ ပင်ကိုယ်စရိုက်ကိုလည်း ထိန်းသိမ်းထားသည်။

မုရှောင်ယက ဖိနပ်ပုံးကို အလွန်ဆန်းကြယ်သော ဆေးမသုံးချင်ပါ။ သူမက ရွှေရောင်ဆေးကို ရွေးချယ်ခဲ့ပြီး ဖိနပ်ပုံး၏အလယ်တွင် စတူဒီယိုလိုဂိုကို ရေးဆွဲခဲ့သည်။ ထို့နောက် သူမက အောက်ပါစကားလုံးသုံးလုံးကို ရိုးရှင်းစွာရေးခဲ့သည်။

TO- ပိုင်ချွမ်း

နောက်ဆုံးတွင်၊ သူမသည် နံပါတ် 001 နှင့် ထောင့် အောက်ခြေဘက်တွင် သူမ၏ လက်မှတ်ကို ရေးထိုးခဲ့သည်။

"ဖန်းဟော် နင် လာကြည့်လို့ အဆင်ပြေလား။" မုရှောင်ယက သူမ လက်ရာကို ချီးကျူးခံဖို့ ဖန်းဟော်ကို ခေါ်ခဲ့သည်။

"ပြီးပြီလား။ " ဖန်းဟော်က ကော်ဖီသောက်ရင်း ပြေးလာကာ အဲ့ဒါကိုကြည့်ပြီး မျက်ခုံးပင့်လိုက်သည်။ "Acrylic နဲ့ ပန်းချီဆွဲတာလား။"

"ဟုတ်တယ် အရောင်က ရောင်စုံဘောပင်နဲ့လောက် မတောက်ပဘူး " မုရှောင်ယက ရှင်းပြသည်။

"ဒါက ကောင်းပါတယ်၊ ဒါဆို အလွယ်တကူ မှေးမှိန်သွားတော့မှာ မဟုတ်ဘူး၊ အဲဒါက အဆင့်မြင့်တဲ့ လေထုကို ပေးစွမ်းတယ် " ဖန်းဟော်ရဲ့ မျက်လုံးတွေက သေတ္တာ၏အောက်ခြေထောင့်သို့ လျှောကျလာပြီး “001၊ ဘာကိုဆိုလိုတာလဲ ” လို့ မေးလာသည်။

"001၊ ဆိုလိုတာက ဒီဖိနပ်တစ်ရံက ငါ မုရှောင်ယ စိတ်ကြိုက်ပြင်ဆင်ထားတဲ့ ပထမဆုံးဖိနပ်တစ်ရံဆိုတာ "

"ပိုင်ချွမ်းက ပထမဆုံးဖောက်သည်ဖြစ်တယ်လို့လည်း ဆိုလိုတယ်မဟုတ်လား။ " ဖန်းဟော်က ပြောလာသည်။ “အခြားဘယ်သူမှမရှိတဲ့အခါ နင့်ရဲ့အချစ်ကို ဖိနပ်ပုံးနဲ့လည်း ပြနိုင်သေးတယ် ”

"အဲလိုပြောတာမဟုတ်ဘူး" မုရှောင်ယက ရယ်ရမလား ငိုရမလားမသိပေ။ "ငါ ဒါကို မှတ်တမ်းတင်ချင်တာ"

"မှတ်တမ်းတင်တာ။" ဖန်းဟော်က ညာဘက်အောက်ထောင့်ရှိ နံပါတ်နှင့် လက်မှတ်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် သူမ၏ပေါင်ကို ပါးရိုက်လိုက်ပြီး ပြောလာသည်။ "ဒါက ကောင်းတဲ့အကြံပဲ၊ နောက်ပိုင်းမှာ ငါတို့ စတူဒီယိုက ဖိနပ်ပုံးတွေက နံပါတ်နဲ့ လက်မှတ်ကို မှတ်တမ်းတင်ထားလိမ့်မယ်။ ဖိနပ်ပုံးတိုင်းမှာ နံပါတ်စဉ်နံပါတ်နဲ့ ဒီဇိုင်နာရဲ့ လက်မှတ်ရှိလိမ့်မယ်။ အဲ့ဒါ မှန်တယ် ငါ အရင်က ဘာလို့မတွေးမိခဲ့ရတာလဲ။"

"ဒါက သိပ်ချဲ့ကားတာမဟုတ်ဘူးလား။ " မုရှောင်ယက တိုးတိုးလေးပြောသည်။

“ဘာကို ချဲ့ကားတာလဲ။ လက်ဝတ်ရတနာဆိုင်က စိန်တွေက ယန်း ၁၀,၀၀၀ သာ စျေးသက်သာပါသည်။ ငါတို့ ဖိနပ်က အမှတ်စဉ်နံပါတ်တွေက တူညီမှာမဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါက နံပါတ် တစ်သိန်းလောက်ထိရှိတာဘဲ " ဖန်းဟော်က ပြန်ပြောလာသည်။

“အိုကေ နင် ရောင်းပြီးတဲ့အထိစောင့် ” ကုမ္ပဏီက နောက်နှစ်များစွာကြာအောင် ဖွင့်ထားသည့်အခါ အမှတ်စဉ်နံပါတ်က ဂဏန်းတစ်လုံးတည်းတွင် ရှိနေပါက ရှက်စရာဖြစ်မည်ကို သူမ ကြောက်သည်။

"တရုတ်ချစ်သူများနေ့မှာ ပိုင်ချွမ်းကို လက်ဆောင်ပေးမှာလား။" မကြာခင်မှာ တရုတ်ချစ်သူများနေ့ရောက်လာတော့မှာမို့ ဖန်းဟော်က အဲဒါကို မမေးဘဲ ခန့်မှန်းနိုင်သည်။

“ဟုတ်တယ် ” ဒါကြောင့် ဖိနပ်သေတ္တာကို ရှာဖို့အလွန်စိတ်စောနေခြင်းဖြစ်သည်။

“အဲဒီအားလပ်ရက်ပြီးရင် ရွေ့ဖို့ အချိန်နီးပြီလား။ ”

"ဒီအပတ် ရွှေ့မယ်"

"အင်း၊ ငါ နင့်ကို လက်ဆောင်ပေးမယ့် အပင်အားလုံးကို ရွေးပြီးပြီ။ နင့်ရဲ့အိမ်တက်ပွဲအတွက် ငါသူတို့ကို ဒီတစ်ပတ်မှာ ပို့ပေးမယ် " 

"နင်.. နှစ်ရက်ကြိုပို့ပေးလို့ရလား။" မုရှောင်ယက ညည်းညူလိုက်သည်။

"ဘာလို့လဲ။" ဖန်းဟော်က စိတ်ရှုပ်သွားသည်။

“ဟီးဟီး… ရှောင်ချွမ်းက ငါတို့အိမ်သစ်ကို လာတဲ့လူတွေကို မကြိုက်ဘူး ” မုရှောင်ယရဲ့ ပြုံးနေသော မျက်နှာက သူမကို ဖားဖို့ ကြိုးစားနေသည်။

“…နင်” ဖန်းဟော်က တိတ်ဆိတ်သွားပြီး “ဒါဆို ငါ့စတူဒီယိုကို လာတာ မကြိုက်ဘူးလို့ သူ့ကိုပြောလိုက် ” လို့ ရှုံ့မဲ့တဲ့အမူအရာနဲ့ ပြောပြီး နှုတ်ဆိတ်သွားသည်။