Extra 5
Viewers 501

#ပညာရှင်ရောဂါသည်လေး ကျွန်မယောက်ျား

#extra 5; ပိုင်ဖက်ထုပ်လေးရဲ့ ကြီးထွားမှုမှတ်တမ်းများ

ပိုင် မိသားစုရဲ့ ဖက်ထုပ်လေးတွေ မွေးလာတဲ့အခါ သူက မကြာခဏ ငိုသည်။ ဗိုက်ဆာတဲ့အခါ ငိုတယ်၊ ရေငတ်တဲ့အခါ ငိုတယ်၊ အကြောင်းမဲ့ ငိုတယ်၊ နေ့အချိန်မှာ ငိုတယ်၊ ညအချိန်မှာ ငိုတယ်၊ အချိန်မရွေး ငိုသညိ။ ထိုသို့သော မမှန်မကန်မှုများနှင့် အဆက်မပြတ်အရေးပေါ်အခြေအနေများက သူ့အဖေကို ဒုက္ခပေးခဲ့သည်။

"ဘာလို့ အမြဲငိုနေတာလဲ။" ပိုင်ချွမ်းက တွန်းလှည်းထဲက ကလေးအား ဒေါသတကြီး စိုက်ကြည့်နေသည်။

"ဝါး ဝါး ဝါး~~" ပိုင်ဖက်ထုပ်လေးက ငိုရုံတင်မကဘဲ သူက ငိုရင်း တံတွေးထွေးလိုက်သည်။

ပိုင်ချွမ်းရဲ့ ကြောက်ရွံ့ထိတ်လန့်စိတ်တွေ တောက်လောင်လာပြီး တစ်ရှူးကို ထုတ်ကာ တံတွေးကို သုတ်လိုက်ပြီး ပြောလိုက်သည်။ "မင်းအမေလည်း ငယ်ငယ်က သရည်ယိုရတာ ကြိုက်တယ်"

"ဝါး ဝါး ဝါး~" ပိုင်ဖက်ထုပ်လေးက ဆက်ငိုနေပြီး သရေတွေကစီးကျနေကာ ပိုင်ချွမ်းကဆက်သုတ်နေသည်။ ဤကဲ့သို့ အပြန်ပြန်အလှန်လှန် လုပ်နေကြသည်မှာ အချိန်မည်မျှကြာမှန်းမသိဘဲ နောက်ဆုံးတွင် ပိုင်ဖက်ထုပ်လေးက အိပ်ပျော်သွားတဲ့အထိ ငိုနေလေသည်။

ပိုင်ချွမ်းက ဆူညံသံကြောင့် ခေါင်းကိုက်သွားကာ ဤ ခပ်တုံးတုံး ခွေးလေးကို ရွံရှာသွားသည်။

"ဒါ ရှင့်ရဲ့သားပဲ၊ သူ့ကို မမုန်းနဲ့"

ပိုင်ချွမ်းက သူ့မိန်းမရဲ့ ထပ်ခါတလဲလဲ တိုက်တွန်းမှုကို ပြန်အမှတ်ရသွားပြီး သားအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ထိန်းထားဖို့ တစ်ခုခုလုပ်ရမယ်လို့ ခံစားမိတာကြောင့် အိပ်ပျော်သွားခဲ့တဲ့ ပိုင်ဖက်ထုပ်လေးကို လက်ညိုးနဲ့ ထိုးလိုက်ပြန်သည်။ ပိုင်ဖက်ထုပ်လေးက သူ့အမေနှင့်တူတဲ့ ဗာဒံစေ့မျက်လုံးတစ်စုံကိုဖွင့်ကြည့်လိုက်ရာ ပိုင်ချွမ်းက သူတို့ကိုကြည့်နေတဲ့အခါမှာ ပိုကောင်းလာသည်ဟု ခံစားမိသော်လည်း အိပ်ရေးမဝသော ဖက်ထုပ်ကလေးက နိုးလာပြီး 'ဝါး ဝါး~' ဟု ထပ်မံအော်ဟစ်ငိုလိုက်သည်။

ပိုင်ချွမ်း မျက်နှာပေါ်ရှိ အမူအရာ တင်းမာလာကာ လက်ထဲတွင် အသစ်ဖွင့်ထားသော တစ်ရှူးဗူးထဲက တစ်ရှုးကို ယူပြီး လေးလေးနက်နက် သုတ်လိုက်သည်။

"ဝါး ဝါး ဝါး~" ပိုင်ဖက်ထုပ်လေးက ဆက်ငိုနေပြီး နောက်ဆုံးတော့ အိပ်ပျော်နေတဲ့ မုရှောင်ယကို နှိုးလိုက်မိသည်။

"ရှင်ဘာလုပ်နေတာလဲ။" မုရှောင်ယ ကလေးအခန်းထဲသို့ လျှောက်သွားသည်။

“တံတွေးသုတ်နေတာ” ပိုင်ချွမ်းက သူ့လက်ထဲက တစ်ရှူးကို မြှောက်ပြလိုက်သည်။

“…” မုရှောင်ယက ခဏလောက် ဆွံ့အသွားပြီး လမ်းလျှောက်လာကာ ကလေးကို ကောက်ချီလိုက်ပြီး နှစ်ကြိမ် ချော့လိုက်ရာ ပိုင်ဖက်ထုပ်လေးက ချက်ချင်းပင် ငိုရပ်သွားသည်။ ကလေး အိပ်ပျော်သွားတဲ့အခါ မုရှောင်ယက ပိုင်ချွမ်းကို ပြောလိုက်သည်။ "ကလေးငိုရင် ခုနကလိုပဲ သူ့ကို ပွေ့ဖက်လိုက် မကြာခင် သူ ငိုတော့မှာမဟုတ်ဘူး "

"ဒါဆို သရေတွေကကော"

"ကလေးမအိပ်ခင်အထိစောင့်"

“အိုး” ပိုင်ချွမ်းက နာခံစွာ ခေါင်းညိတ်လိုက်သည်။

“ပြီးတော့… ကလေး အိပ်ပျော်သွားတဲ့အခါ ရှင် သူ့ကို ထိုးဖို့ ခွင့်မပြုဘူး” ကလေးရဲ့မျက်နှာမှာ အနီစက်တွေကို သူမ မမြင်ဘူးလို့ မထင်လိုက်ပါနဲ့ ပိုင်ချွမ်းက သူ့ကို နောက်တစ်ကြိမ် တိတ်တဆိတ် ထိုးခဲ့တာဖြစ်မည်။

“အိုး” ဤအဖြေက အနည်းငယ် ဝန်လေးပုံပေါက်သည်။

“…” မုရှောင်ယက ရုတ်တရက် မောပန်းလာတယ် မီးဖွားပြီး တစ်လအကြာမှာ စံအိမ်ကို ပြန်သွားသင့်လား။

လအနည်းငယ်ကြာပြီးနောက်၊ ပိုင် မိသားစု ဖက်ထုပ်သေးသေးလေးက တွားသွားနေပြီဖြစ်ပြီး၊ သူ့တင်ပါးသေးသေးလေးကို အနှီးဖြင့်ထုပ်ကာ အိမ်ထဲတွင် တွားသွားပြီး အရာအားလုံးက သူ့အတွက် ဆန်းသစ်နေပါသည်။ ဟိုဟိုဒီဒီ လှည့်ပတ်ပြီး ဟိုမှာ တစ်ခုခုကို ကောက်ကိုင်လိုက်၊ တစ်မှိတ်အတွင်းမှာပဲ သူက အိမ်ကို ဇောက်ထိုးပြောင်းသွားစေနိုင်သည်။ ပိုင်ချွမ်းက ဒေါသတကြီးဖြင့် ခြံစည်းရိုးကြီးကိုဝယ်ပြီး ဖက်ထုပ်လေးကို ဝိုင်းထားလိုက်သည်။

"အထဲမှာ ကစား အပြင်မထွက်ရဘူး" ပိုင်ချွမ်းက အမိန့်ပေးသည်။

ဘာကြောင့်မှန်းမသိပေမယ့် ဖက်ထုပ်ကလေးက အုတ်ခဲတစ်တုံးကို ဆွဲယူလိုက်ပြီး ထွားကျိုင်းတဲ့လက်ကို မြှောက်ကာ ခြံစည်းရိုးအပြင်ကို လွှင့်ပစ်လိုက်သည်။ ပိုင်ချွမ်းက ဒါကိုမြင်တော့ ကောက်ကိုင်ပြီး ပြန်ပစ်ချလိုက်သည်။ ပိုင်ဖက်ထုပ်လေးက သူ့အဖေက သူနဲ့ကစားနေတာလို့ တွေးပြီး ပျော်ရွှင်မှုတွေနဲ့ ထပ်ပြီး ပစ်ချလိုက်ပြီး သူ့ရဲ့ အဆီကျတဲ့ လက်လေးတွေက လေလို ပေါ့ပါးသွက်လက်နေချိန်မှာပဲ ခြေထောက်တွေ တဖျပ်ဖျပ်နဲ့ လျှောက်လာခဲ့သည်။ ပိုင်ချွမ်းက ဒေါသတွေထွက်ပြီး ခြံစည်းရိုးထဲကို ဝင်သွားကာ ဖက်ထုပ်လေးရဲ့အရုပ်လေးတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး ချန်ထားခဲ့ကာ ဘာမှမကျန်ခဲ့ပေ။

“ဝါး ဝါး ဝါး~~” အရုပ်တွေ ပျောက်ပြီး အပြင်ကို မထွက်နိုင်တော့တဲ့အတွက် ပိုင်ဖက်ထုပ်လေးက ကောင်းကင်ကို လှုပ်ခါတဲ့အထိ ငိုသည်။

ထွက်ခါနီးနေပြီဖြစ်တဲ့ ပိုင်ချွမ်းက စောစောက သူပြင်ဆင်ထားတဲ့ နားကြပ်ကို ချက်ချင်းထုတ်လိုက်ပြီး သားဖြစ်သူ ငိုနေတာကို တိတ်တိတ်လေး ကြည့်လိုက်သည်။

ငိုပါ မင်းငိုပြီးတဲ့အထိစောင့်မယ် ပြီးရင် မင်းရဲ့တံတွေးကို ငါထပ်သုတ်ပေးမယ်။

မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေတဲ့ မုရှောင်ယက သားဖြစ်သူရဲ့ ကျယ်လောင်စွာ ငိုသံကို ကြားလိုက်တာကြောင့် ချက်ချင်း ဝင်လာပြီး သူမသားကို ဖခင်ဖြစ်သူရဲ့ အနိုင်ကျင့်တာကို တွေ့လိုက်ရတဲ့အတွက် ဒေါသတကြီးနဲ့ မေးလိုက်သည်။ “သားလေးရဲ့ အရုပ်တွေအားလုံးကို ဘာလို့ ပစ်ခဲ့တာလဲ”

“သူ အမှိုက်ပစ်နေတယ်” ပိုင်ချွမ်းက သူမှားတယ်လို့ မထင်ဘူး။

"ဒါဆို ရှင် သူနဲ့ ကစားရမှာလေ " မုရှောင်ယက နားကြပ်များကို သိမ်းဆည်းခဲ့ပြီး သားဖြစ်သူ ငိုသောအခါ နားကြပ်တပ်ထားသည့် ဖခင်တစ်ယောက်က ဘာလဲ။ "အဆောက်အအုံတွေ ဆောက်ပြီးတော့ ကစားလို့ရတယ်"

ပိုင်ချွမ်းက မကျေမနပ်ဖြစ်နေသော ပါးစပ်ဖြင့် ဝမ်းနည်းပူဆွေးနေကာ အဆောက်အဦအတုံးများကို ဖောက်ထုတ်ကာ ခြံစည်းရိုးအတွင်း ဝင်ထိုင်လိုက်သည်။ သူတစ်ခါပြီးတိုင်း ပိုင်ဖက်ထုပ်လေးက ခြေ သို့မဟုတ် လက်ကို မြှောက်လိုက်ပြီး hualala~ အားလုံး မြေပြင်ပေါ်သို့ လဲကျသွားတာကြောင့် ပိုင်ချွမ်းက ဒေါသထွက်ကာ ငိုချင်လာသည်။ ဒါပေမယ့် မုရှောင်ယက သူ့ကို အဆောက်အဦတွေ ဆောက်ဖို့ ပြောထားတာကြောင့် သူရဲ့ အစွမ်းရှိသမျှနဲ့ ဆက်လက် တိုက်ပွဲဝင်ခဲ့ပြီး ပိုင်ဖက်ထုပ်လေးက သူတို့ကို ပျော်ရွှင်စွာ ဖြိုခွဲလိုက်သည်။ ' ဒီဂိမ်းအသစ်က ပျော်စရာကောင်းတယ် အဖေရဲ့ မျက်နှာက နီရဲနေတယ်။'

ပိုင်ချွမ်းက ဒေါသဖြစ်တာကြောင့် သူ့သားကို လက်တစ်ဖက်နဲ့ ဖိပြီး နောက်တစ်ဖက်နဲ့ တုံးတွေကို ဆက်ဆောက်သည်။ ဟင်းချက်ပြီးသွားတဲ့ မုရှောင်ယက ဒီမြင်ကွင်းကိုတွေ့ပြီး ပြောလိုက်သည်။ "ကျွန်မ ရှင့်ကို ဆောက်ခိုင်းတာမဟုတ်ဘူး၊ ရှင့်ကလေးကို ဆောက်နည်း သင်ပေးခိုင်းတာ"

ပိုင်ချွမ်းက သူ့လက်နှစ်ဖက်ကို ကန်မြဲကန်နေတဲ့ ထွားကြိုင်းတဲ့ ဖက်ထုပ်လေးကို ကြည့်ပြီး သင်ပေးရရင် အချိန်အတော်ကြာအောင် မစားနိုင်ဘူးလို့ သံသယဖြစ်မိသည်။ သို့သော်လည်း ဤအရာ၏ IQ က သူ့ဇနီးနောက်လိုက်နေပုံရသောကြောင့် ပိုင်ချွမ်းက သူ့သား၏ နောက်ထပ် 'ကောင်းသောအချက်' ကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ယူဆနိုင်သည်။

များမကြာမီတွင် လမ်းလျှောက် စကားပြောတတ်အောင် သင်ယူခဲ့သော ပိုင် မိသားစု၏ ဖက်ထုပ်ငယ်သည် Lego တွင် အလုပ်လုပ်နေပြီဖြစ်သည်။

ပိုင်ဖက်ထုပ်လေး အသက် ၂ နှစ်အရွယ်မှာ မုရှောင်ယက သူငယ်တန်းတက်ခိုင်းဖို့ ပြင်ဆင်တော့သည်။ မူကြိုကလေးများအတွက် ပညာရေးဆိုင်ရာ စာအုပ်များနှင့် ကတ်များစွာကို ဝယ်ယူပြီး အိမ်တွင် ဖက်ထုပ်လေးကို သင်ကြားပေးသည်။

“လာ၊ အတူတူ ရေတွက်ကြည့်ရအောင် ” မုရှောင်ယက သူမသားကို ရေတွက်ခိုင်းပြီး "1234567...သူတို့နောက်မှာ ဘာရှိလဲ။ "

“7…8 9 10…” ထွားကြိုင်းသော ဖက်ထုပ်လေးက သူ့ခြေသည်းလေးတွေကို တစ်ခုပြီးတစ်ခု ဆုပ်ကိုင်ထားသည်။

“ကောင်းလိုက်တာ။ ငါတို့ကလေးက တကယ်ကို ဉာဏ်ကောင်းတယ်" မုရှောင်ယက ရုတ်တရက် ဖုန်းလက်ခံရရှိသောကြောင့် သူမက သူမသားကို ပိုင်ချွမ်းဆီ အပ်လိုက်သည်။ "ရှောင်ချွမ်း ကျွန်မတို့ကလေးကို ရေတွက်တတ်အောင် သင်ပေးလိုက်"

ပိုင်ချွမ်း သူ့သားကို ဖက်ထုပ်လေးကို စိုက်ကြည့်ပြီး "တစ်ဆယ်နောက်မှာ ဘာရှိလဲ။"

ပိုင်ဖက်ထုပ်လေးက မသိကြောင်း ညွှန်ပြရင်း ခေါင်းယမ်းလိုက်သည်။

ပိုင်ချွမ်းက သူ့ကိုစပြီးသင်ပေးလာသည်။ " 11 နောက်မှာ 12၊ စည်းမျဥ်းအတိုင်း တစ်ရာအထိ ဆက်ရေတွက် "

“…” အသက်နှစ်နှစ်အရွယ် ဖက်ထုပ်လေးက စည်းမျဥ်းကို နားမလည်ကြောင်း ထုတ်ဖော်ပြောသည်။

"မင်းဘာလို့ဒီလောက်တုံးနေရတာလဲ" ပိုင်ချွမ်းက သူ့ကိုယ်ပိုင် IQ အကြောင်း ပွင့်ပွင့်လင်းလင်း ပြောခဲ့သည်။

ပိုင်ဖက်ထုပ်လေးက သူ့အဖေရဲ့ ဂြိုလ်သားဘာသာစကားကို သည်းခံခဲ့သည်။ နောက်ထပ် တစ်နှစ်ခွဲအကြာတွင် ပိုင်ဖက်ထုပ်လေးက နောက်ဆုံးတွင် ချောမွေ့စွာ ရေတွက်နိုင်ခဲ့ပြီး ပုံစံကို ရှာဖွေတွေ့ရှိခဲ့သည်။

"ငါပုံစံကိုတွေ့ပြီ၊ ငါတစ်ထောင်ထိ ရေတွက်နိုင်မယ်ထင်တယ်" ပိုင်ဖက်ထုပ်လေးက ကျယ်လောင်စွာ ကြေငြာလိုက်သည်။

"ပေါင်ပေ့က အံ့သြစရာပဲ "

"ပေါင်ပေ့က ဘာလို့ ဒီလောက်တောင် ဉာဏ်ကောင်းရတာလဲ။"

"ပေါင်ပေ့ မင်းက အံ့သြစရာပဲ "

သူ့ အဘိုးအဘွားများ၏ [T/N: နှစ်ဖက်စလုံးမှ] အဓိပ္ပါယ်မဲ့သော ချီးကျုးမှုအောက်တွင် ပိုင်ဖက်ထုပ်လေးက သူ့ရင်ဘတ်ကို ဂုဏ်ယူစွာ မြှောက်ထားသည်။

“သုံးနှစ်ပြီးမှ တစ်ရာကို ရေတွက်နိုင်တာ အရမ်းတုံးတယ် ”

သူ့မိသားစုက ဘယ်တုန်းကမှ ပစ်ပယ်မခံရဖူးတဲ့ ပိုင်ချွမ်းက တစ်ချိန်တည်းမှာပဲ မျက်ဖြူလှန်ပြတဲ့ မျက်လုံး ၃ စုံ ရရှိခဲ့ပါတယ်။

"ဝါး ဝါး~~" ဂုဏ်ယူနေတဲ့ ပိုင်ဖက်ထုပ်လေးက ငိုပြီး သူ့အဖွားရဲ့ ရင်ခွင်ထဲကို ပြေးသွားသည်။ သုံးနှစ်အကြာတွင် သူက တစ်ရာမှ ရေတွက်ရန် သင်ယူနိုင်သော်လည်း ငတုံးလို့ ထင်ခံခဲ့ရသည်။

"ဘာလို့ငိုနေတာလဲ။ ငါတို့မိသားစုက ချမ်းသာတယ် မင်းနည်းနည်းလေးတုံးရင်တောင် အရေးမကြီးဘူး" ပိုင်ကျန့်က နှစ်သိမ့်လိုက်သည်။

ပိုင် မိဘများက သူတို့၏အကြီးဆုံးသားကို မျက်စောင်းထိုးလိုက်သည်။ ' ဒါက နှစ်သိမ့်မှုဆိုတာ သေချာလား '

“အဟွတ် … ဦးလေးလည်း သုံးနှစ်သားအရွယ်မှာ ရေတွက်တတ်အောင် သင်ခဲ့တယ် ” ပိုင်ကျန့်က သူ့တူကို လိမ်လိုက်သည်။ (သူ ဘယ်လိုမှ မမှတ်မိတော့ဘူး။)

ပိုင် မိဘများ :...

ပိုင်ဖက်ထုပ်လေး ; ဒါဆို ဦးလေးက ကျွန်တော် နဲ့တူတယ်။

ပိုင်ချွမ်း ; တစ်ကယ်တော့ အစ်ကိုက အရမ်းတုံးတယ် ဒါပေမယ့် ပိုက်ဆံရှာနိုင်တုန်းပဲ။

လအနည်းငယ်ကြာသောအခါတွင် သူက ငတုံးလို့ အမြဲထင်နေတဲ့ ပိုင်ဖက်ထုပ်လေးက သူငယ်တန်းဆီသွားပြီးနောက် သူငယ်တန်းရှိ သူငယ်ချင်းများအားလုံးက တုံးအကြသည်ကို တွေ့ရှိခဲ့သည်။

"အို၊ မင်းက အံ့သြစရာပဲ၊ မင်း ရဲတိုက်ကို မြန်မြန်ဆောက်နိုင်တာပဲ"

"ဝိုး မင်းက အံ့သြစရာကောင်းလိုက်တာ မင်း ကိုယ့်နာမည်ကိုယ်တောင် ရေးနိုင်တယ်"

"ဝိုး မင်းက အံ့သြစရာပဲ၊ မင်း 12 အပေါင်း 12 ကိုတောင် ရေတွက်နိုင်တယ်"

သူ့သူငယ်ချင်းများ ချီးကျူးခြင်းကိုခံရပြီးနောက် ပိုင် မိသားစု၏ ဖက်ထုပ်လေးက သူငယ်တန်းကို ချစ်မြတ်နိုးလာခဲ့သည်။ နောက်ဆုံးတော့ သူ့ဦးလေးနောက်မှာ သူ့အဖွဲ့ကို ရှာတွေ့ခဲ့သည်။

ပိုင်ဖက်ထုပ်လေးက သူငယ်တန်းတက်ပြီး သုံးလအကြာတွင် သူ့တွင် ကလေးအများစုနှင့် တူညီသောမေးခွန်းတစ်ခု ရှိလာသည်၊ ဆိုလိုသည်မှာ သူက ဒီကမ္ဘာကို သူဘယ်လိုရောက်လာတာလဲ။

“ပါး သားက ဘယ်လိုဖြစ်လာတာလဲ။” လို့ သူ့အဖေဆီ ပြေးမေးသည်။

"မင်းကို ပြောလို့မရဘူး" ပိုင်ချွမ်းက ပြန်ဖြေသည်။

"ဘာလို့လဲ။" ဖက်ထုပ်လေးက ပိုလို့တောင် စပ်စုသွားသည်။

“ဘာဖြစ်လို့လဲဆိုတော့ … မင်းမားက မင်းဘယ်လိုဖြစ်လာလဲဆိုတဲ့ ဖြစ်စဉ်က ကလေးတွေအတွက် မသင့်တော်ဘူးလို့ ပြောတယ် ” ပိုင်ချွမ်းက သေသေချာချာ ပြန်ဖြေသည်။

'ကလေးတွေအတွက် မသင့်တော်ဘူး' ဆိုတာ ဘာလဲ။

ပိုင်ဖက်ထုပ်လေးက ဆက်ပြေးသွားပြီး သူ့အမေကို သွားမေးသည်။ "မား 'ကလေးတွေအတွက် မသင့်တော်ဘူး' ဆိုတာ ဘာလဲ။"

“ဒါကို မင်းကို ဘယ်သူက မေးခိုင်းတာလဲ။ ” မုရှောင်ယ တင်းမာသွားသည်။

"သားဘယ်ကလာတာလဲလို့ ပါပါးကိုမေးတော့ ပါပါးက 'ကလေးတွေအတွက် မသင့်တော်ဘူး' လို့ ပြောတယ် " ပိုင်ဖက်ထုပ်လေးက ယုတ္တိရှိရှိ ပြန်ပြောသည်။

"ပိုင်ချွမ်း ရှင် ကလေးကို ဘယ်လိုအဓိပ္ပါယ်မရှိတဲ့ စကားတွေပြောနေတာလဲ။" မုရှောင်ယက ပိုင်ချွမ်းကို သင်ခန်းစာပေးဖို့ သူတို့အခန်းထဲပြန်သွားပြီး ပြန်လာတော့ သူမက “နတ်သမီးက မင်းကို အမေ့ဆီ လက်ဆောင်ပေးခဲ့တာ”

“ဘာလို့ ကောင်းကင်တမန်ဆီက လက်ဆောင်က ကလေးတွေအတွက် မသင့်တော်တာလဲ။ ” ပိုင်ဖက်ထုပ်လေးက ဆက်မေးလာသည်။

“…” မုရှောင်ယက အသေးစိတ် မရှင်းပြနိုင်တော့ဘဲ သူကြီးပြင်းလာတဲ့အခါ သိနိုင်လောက်တဲ့ အဖြေတစ်ခု ပေးခဲ့သည်။

ပိုင်ဖက်ထုတ်လေး လေးနှစ်သားတုန်းက ပိုင်ချွမ်းနဲ့ မုရှောင်ယတို့က သူတို့ရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ခဲ့ကြသည်။ ပိုင်ဖက်ထုပ်လေးက အဖြူရောင် အနောက်တိုင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး ပန်းတောင်းလေးကို လက်ထဲတွင် ကိုင်ဆောင်ကာ တလမ်းလုံး ပန်းပွင့်များကို ကျဲပေးသည်။ သူ့အဖော်က သူ့ထက်တစ်နှစ်ငယ်တဲ့ ကလေးမလေး၊ သူမက အန်တီဖန်းဟော်ရဲ့ သမီး။

"ပိုင်ဖက်ထုပ်လေး သားညီမက အနာဂတ်မှာ သားမိန်းမဖြစ်လာရင်ကော ဘယ်လိုလဲ။" ဖန်းဟော်က ဖက်ထုပ်လေးကို မေးစမ်းကြည့်သည်။

"မိန်းမဆိုတာ ဘာလဲ။" ပိုင်ဖက်ထုပ်ဘေးက မေးလာသည်။

"မင်းအမေက မင်းအဖေရဲ့မိန်းမပဲ" ဖန်းဟော်က ပြောသည်။

"ဒါဆို ညီမလေး နမ်းပါရစေ"

"ဟေး၊ မင်းက လူဆိုးလေးပဲ မင်းညီမလေး လေးနှစ်တောင်မပြည့်ခင်မှာ အခွင့်ကောင်းယူနေပြီ၊ ဒါက မုမုကော ပိုင်ချွမ်းနဲ့ကော မတူဘူး၊ မင်းကနတ်ဆိုးလေးပဲ နောက်ဆုံးမှာ မင်းဘယ်သူနဲ့တူတာလဲ။"

ပိုင်ဖက်ထုပ်လေးက သူ့ဦးလေးက သူ့လို တုံးအတယ်လို့ ပြောတယ်ထင်ပြီး ပြောလိုက်သည်။ “အန်ကယ့်လို”

"ဒါဆို ပိုင်ကျန့်က ဒီလိုလူလား။" ဖန်းဟော် အံသြသွားသည်။

ပိုင်ကျန့်က နှာချေလိုက်ပြီး မကူညီနိုင်ဘဲ သူတို့ကို သံသယနဲ့ စိုက်ကြည့်နေသည်။

စိတ်လှုပ်ရှားစွာကြည့်နေတဲ့ လျန်းနျိုနျိုက စောင်းငဲ့ပြီး "မင်းမိန်းမ မဖြစ်ခင် မင်းကို ဘာလို့နမ်းရမှာလဲ။" လို့မေးလိုက်သည်။

"ပါးက မားကို နမ်းရတာ ကြိုက်လို့ နမ်းပြီး မမုန်းရင် သူက ငါ့မိန်းမ ဖြစ်သွားနိုင်တယ်" ပိုင်ဖက်ထုပ်လေးက နည်းလမ်းတကျ ပြန်ဖြေသည်။

“အိုး..အဲဒါက အဓိပ္ပါယ်ရှိတယ်” လျန်းနျိုနျိုက ဖန်းဟော်ကိုကြည့်ပြီး ပြောလိုက်သည်။ "နင့် သမီးလေးကို တစ်ကြိမ်လောက် နမ်းခွင့်ပေးလိုက်မလား။"

"ထွက်သွားစမ်း။ နင့်လို ခေါင်းကိုင်အမေ တစ်ယောက်က ဒီလိုမျိုး အပြုအမူမျိုး ဘယ်လိုလုပ် လုပ်နိုင်တာလဲ။" လျန်းနျိုနျိုက ဖန်းဟော်သမီးလေးရဲ့ ခေါင်းကိုင်အမေ ဖြစ်သည်။

"ငါက နင့်လောက်မတော်ဘူး၊ နင့်ရဲ့ကိုယ်ပိုင်သမီးကို တစ်ယောက်ယောက်ကို ပေးနေပြီ" လျန်းနျိုနျိုက တိုက်ခိုက်ခဲ့သည်။

"ငါနောက်နေတာပါ " ဖန်းဟော်က ဘယ်လိုလုပ် လိုလိုလျားလျား ဖြစ်မှာလဲ။

"ဝါး~~~" မင်းသမီးလေးလိုဝတ်ထားတဲ့ ကောင်မလေးက ရုတ်တရက် ငိုလာသည်။

"ပေါင်ပေ့ ဘာဖြစ်တာလဲ။ " ဖန်းဟော်က သူမသမီးကို ပွေ့ဖက်ရင်း မေးသည်။

“အစ်ကို… ငါ့ကိုကိုက်တယ်” ကလေးမလေး၏ တုန်လှုပ်နေသော လက်ချောင်းက ပိုင်ဖက်ထုပ်လေးကို ညွှန်ပြသည်။

"ခေါင်းကိုင်အမေ ညီမလေးကို နမ်းပြီးတာနဲ့ သူကငိုတယ်၊ သူက ငါ့မိန်းမ မဖြစ်နိုင်ဘူး၊ အဲ့တော့ ညီမလေးပဲ ဖြစ်ပါစေ" ပိုင်ဖက်ထုပ်လေးက စိတ်တိုနေပုံပဲ။

“…” ဖန်းဟော် မျက်နှာမှာ ညှိုးငယ်နေပုံရသည်။

"ဟားဟား~" လျန်းနျိုနျိုက မျက်ရည်တွေ ထွက်လာတဲ့အထိ ရယ်လိုက်သည်။