အပိုင်း ၁၃၇-၁၃၈
Viewers 27k

Part 137


Baochi, သီးသန့်ခန်း No.806,


သီချင်းသံတွေက ကျယ်လောင်နေ၏။


ကော်ရစ်ဒါမှာ ဖုန်းသွားပြောပြီးကတည်းက ရှုလီချန်ရဲ့စိတ်တွေ ဗလာဖြစ်နေသည်။ အချိန်တိုင်း မျက်လုံးကိုလှန်ကြည့်ကာ တံခါးကိုဘဲကြည့်နေမိသည်။


အရက်နံ့ထောင်းနေတဲ့သူ့ရဲ့သူငယ်ချင်းက သူ့ကိုမှီလာပြီး တံတောင်ဖြင့်တွတ်ကာ “ ကိစ္စတစ်ခုခုရှိလို့လား။ ဘာတွေ ဒီလောက်စဉ်းစားနေလို့ စိတ်တွေလေထဲလွှင့်နေတာလဲ ”


ရှုလီချန် စီးကရက်တစ်ခုကို သူ့လက်ထဲမှာကိုင်ထားပြီး ဆေးလိပ်ငွေ့အချို့ မှုတ်ထုတ်လိုက်သည်။ ရှေးဟောင်းနတ်ဘုရားဟာ တည်ကြည်ဖောင့်မတ်စွာဖြင့် မိန့်ကြားတော်မှု၏။ 


“ ငါ ရှယ်ကြိတ်ခံရတော့မယ်နဲ့တူတယ် ”


သီချင်းသံက အရမ်းကျယ်ပြီး သူ့အသံက တိုးတာကြောင့် သူ့သူငယ်ချင်းက သူပြောတာကို ရှင်းရှင်းလင်းလင်း မကြားလိုက်။ “ ဘာကြီး? မင်းဘာပြောလိုက်တာလဲ ”


ရှုလီချန်က ပြုံးပြီး ဘာမှမပြောတော့ပေ။


အခု ဒီမှာရှိနေတဲ့ပါတီက သူရင်းနှီးတဲ့ပတ်ဝန်းကျင်တစ်ခုပင်။ သူ့မိသားစုက ဒီ club မှာ ရှယ်ယာတွေပိုင်ဆိုင်ထားပြီး အလယ်တန်းကတည်းက ဒီမှာဆော့ဖို့ သူ့သူငယ်ချင်းတွေကို ခေါ်လာလေ့ရှိသည်။


သူ့အဖေက တရားမဝင်တာတွေ မလုပ်သရွေ့ သူ့ကို သက်ညှာပေးသည်။ ကျောင်းမတက်ဘဲကျောင်းပြေးတာ ကောင်မလေးထားတာတွေကိုတော့ သူ့အဖေက နည်းနည်းလေးမှ ဂရုမစိုက်ပေ။


ဒါပေမဲ့ ဒီနေ့ သူ ကျန့်ယန်ရှန်ဆီက ဖုန်းကို ဖြေခဲ့သည်။ ဒါက ပထမဆုံးအကြိမ်အဖြစ် သူ့ကိုတစ်ချက်တောင်မငဲ့ကြည့်တဲ့ကောင်မလေးဆီကနေ စပြီး ဖုန်းခေါ်လာခဲ့တာဖြစ်ပြီး သူ့အတွက်တော့ စောက်ရမ်းကို surprise ပင်။


ကျန်းယန်ရှန်က သူမေးတာကို ဘာမှပြန်မဖြေခဲ့ပေမဲ့ သူမဘာလုပ်တော့မယ်ဆိုတာ ရှုလီချန်စိတ်ထဲမှာ သိထားနှင့်နေပြီးသားဖြစ်သည်။


ဒါက သူကို မနာလိုလွန်းလို့ အံကြိတ်မိတဲ့အထိ ဖြစ်လာစေသည်။


ငယ်ငယ်လေးကတည်းက သူလိုချင်တာမှန်သမျှ ရခဲ့သည်။ ရှက်တတ်ပြီး တသီးတသန့်နေတတ်တဲ့ကောင်မလေးတွေက သူ့အတွက်တော့ လိုက်ဖို့ အလွယ်လေးပင်။ သူ့မျက်နှာလေးနဲ့တင် ချော့ယူလိုက်လို့ရသည်။ ပိုက်ဆံဆိုတာ ထည့်ပြောနေစရာတောင်မလိုပေ။


ကျန်းယန်ရှန့်တစ်ယောက်ထဲကသာ သူ့အတွက် ရဖို့အရမ်းခက်ခဲနေတာ ဖြစ်သည်။ သူက သူ့အပေါ် နည်းနည်းလေးတောင် ပြန်လှည့်မကြည့်။


ဘယ်လိုဘဲ လှည့်ပတ်တွေးပါစေ ရှုလီချန် လက်မခံနိုင်ပေ။


သူက တံခါးကို တစ်ချက်လှမ်းကြည့်နေရင်းဖြင့် ခေါင်းကိုနှိမ့်ကာ သူ့ရဲ့သောက်စရာကို တစ်ကျိုက်ငုံလိုက်သည်။


သူငယ်ချင်းတစ်ယောက်က အနုပညာကျောင်းက ကောင်မလေးတစ်ယောက်ကို သူ့ဘေးနားတွန်းပို့ပေးလာ၏။ ဆောင်းရာသီမှာတောင် ပူလောင်နေတဲ့ သီးသန့်ခန်း ထဲမှာ ကျောင်းရဲ့ပန်းကလေးက စီးကွင်းတွေ ဂလစ်တာတွေနဲ့ ဘလင်းဘလင်းဖြစ်နေတဲ့ ခါးတိုအင်္ကျီလေးကို ဝတ်ထားသည်။ သူမက ရုတ်တရက်ကြီး သူ့ကိုပွတ်သပ်ကာ သူမရဲ့ဖုန်းက အရမ်းဟောင်းနေပြီဖြစ်ပြီး Fruit ဆိုတဲ့ brand ကနေ ထွက်ထားတဲ့ နောက်ဆုံးမော်ဒယ်ကို အရမ်းကြိုက်မိနေကြောင်း ဆိုလာသည်။


ရှုလီချန် တံခါးကို ငေးကြည့်နေတာကို ရုတ်သိမ်းလိုက်ပြီး ကျောင်းရဲ့ပန်းကလေးကို သူ့သူငယ်ချင်းလက်ထဲ ပြန်တွန်းထုတ်လိုက်ကာ သူ့ကို ဆေးလိပ်ဖြင့် ညွှန်ပြလိုက်ရင်း “ မင်းလိုချင်တာ သူ့ဆီသွားပူဆာလိုက် ”


သူ့ရဲ့သူငယ်ချင်းက ပြုံးလိုက်ပြီး ကျောင်းရဲ့ပန်းကလေးကို ဖက်လိုက်သည်။


ဒါပေမဲ့ သူ့သူငယ်ချင်းမျက်နှာက ရှင်းသန့်စူးရှနေတဲ့ ရှုလီချန်ရဲ့ မျက်နှာချောချောကို မယှဉ်နိုင်ပေ။ ကျောင်းရဲ့ပန်းကလေးက တွန့်ဆုတ်ကာ သူမရဲ့မျက်လုံးတွေက စိတ်မပါသလိုပုံစံ ဖြစ်သွားသည်။


ရှုလီချန်က ဝိုင်ခွက်ကို ကောက်ကိုင်ကာ သောက်ဖို့ ဟန်ပြင်နေတုန်းမှာပင် အခန်းတံခါးက “ ဘုန်းခနဲ! ” ကန်ဖွင့်ခံလိုက်ရသည်။


သီချင်းသံက ကျယ်ပေမဲ့ လှုပ်လှုပ်ရှားရှားဖြစ်သွားတာက ပိုကျယ်တာမလို့ အခန်းထဲမှာ ရှိသမျှ‌သူတွေ အံ့ဩတာထက်ကို ပိုသွားတော့သည်။


ဝင်လာတဲ့မိန်းကလေးက သူမရဲ့ အနက်ရောင်ကုတ်အင်္ကျီကို ဟာလာဟင်းလင်းဖွင့်ထားတာမလို့ သူမရဲ့ သေးသွယ်တဲ့ပုံစံက အတိုင်းသားမြင်နေရသည်။ ခါးက အလွန်သေးပြီး ခြေထောက်တွေက အလွန်ရှည်သည်။ အခန်းထဲကဆံပင်‌အရောင်တွေက ရောင်စုံဖြစ်နေပေမဲ့ သူမရဲ့ဆံပင်ကတော့ ဆေးဆိုးထားခြင်းမရှိပေ။ အနက်ရောက်ဆံပင်ကိုသာ သူမရဲ့ခေါင်းနောက်ဖက်မှာ ခပ်မြင့်မြင့်လေး မြောက်ပြီးစည်းထားသည်။


သူမဆီမှာ နှင်းပွင့်လေးတွေလိုမျိုး ဖြူဝင်းတဲ့အသားအရေရှိပြီး ပထမအကြည့်မှာတင် မျက်နှာမှာ မိတ်ကပ်မပါဘဲ ပြောင်ရှင်းဖြစ်နေတာကို မြင်နိုင်သည်။ ဒီလို မီးရောင်မှိန်မှိန်တွေပြည့်ကာ ဒစ္စကိုဘောလုံးက ထွက်လာတဲ့ မီးရောင်တဖြတ်ဖြတ်တွေရှိနေတဲ့အခန်းထဲမှာ အသားအရေက ပုံမှန်ထက်ဖြူဖျော့နေတယ်လို့ထင်ရသည်။


သို့ပေမဲ့ သူမရဲ့လှပမှုက ကျောင်းရဲ့ပန်းကလေးထက် ကျော်လွန်သည်။


သူမက ထိုနေရာမှဘဲ မတ်တပ်‌ရပ်နေရင်း အခန်းထဲကလူတွေကို လိုက်ကြည့်ကာ အပြစ်ဒဏ်သက်မှတ်နေ၏။ အခန်း ထဲမှာရှိသမျှလူတွေအကုန်လုံးက စိတ်ခြောက်ချားနေတာမလို့ ဘယ်သူမှ အသံမထွက်ရဲကြပေ။


တစ်ခါမှမမြင်ဖူးတဲ့မျက်နှာတွေလဲရှိသလို ရင်းနှီးနေမိတဲ့မျက်နှာအနည်းငယ်လဲရှိသည်။ အရင်ဘဝတုန်းက ကျန်းယန်ရှန်နဲ့ ရှုလီချန်က တွဲသွားတွဲလာလုပ်လေ့ရှိတာမလို့ ဒီအခန်းထဲက လူအချို့ကို သူမ ကောင်းကောင်းသိသည်။


သီးသန့်ခန်း ထဲမှာ ဆေးလိပ်ငွေ့တွေပြည့်နေပြီး မကောင်းဆိုးဝါးလို ဆံပင်ရောင်စုံလူတွေနဲ့ပြည့်နေတာကြောင့် ကျန်းယန့်ရှန်က အဲ့ဒီလူတွေထဲမှာ ရှုလီချန်ကို ခက်ခက်ခဲခဲရှာနေရသည်။


တခြားသူတွေ ဘာမှမလုပ်ရသေးခင်မှာ ရှုလီချန်က သက်ပြင်းချကာ သူကိုယ်တိုင် မတ်တပ်ထရပ်လာသည်။


ခြေ‌လှမ်းအနည်းငယ်လောက်လျှောက်ကာ သူ့လမ်းကို ကွယ်နေတဲ့လူတွေကို တွန်းဖယ်ပြီးနောက် သူမဆီကို သူရောက်သွားခဲ့သည်။ 


“ ကျန်းယန်.... ”


သီချင်းသံ ကျယ်ကျယ်လောင်လောင်ကြားမှာ ရှုလီချန်ရဲ့ မျက်နှာလှလှလေးကို အားပြင်းပြင်း လက်သီးချက်တစ်ခု ပြေးဝင်သွားသည်။


ဖြတ်ပြေးနေတဲ့အလင်းရောင်တွေအောက်မှာ လူတွေအားလုံးက အံ့ဩမှင်တက်နေကြသည်။ ဒါက ဇာတ်ကြမ်းကားတစ်ခုရဲ့ ဇာတ်ဝင်ခန်းလိုပင်။


မကြာသေးခင်က စားပွဲပေါ်မှာ ကနေတဲ့လူက အလင်းရောင်ကို မှိတ်လိုက်ဖြတ်လိုက်ဖြစ်အောင် ထိန်းညှိလိုက်တာမလို့ သီချင်းသံတွေကြားမှာ ထိုးချက်ကန်ချက်တွေက ပေါ်လာလိုက်ဖြစ်နေသည်။


မီးရောင်တစ်ချက် လင်းလာတိုင်း stop-motion animation ရဲ့ဇာတ်ကွက်တစ်ခုကို မြင်နေရသလိုပင်။ (T/N: stop-motion animation ဆိုတာ တကယ့်အရုပ်အစစ်တွေကို အသုံးပြုပြီး ဇာတ်လမ်းတစ်ခုကိုဖန်တီးထားတာပါ။ တစက္ကန့်စာအတွက် ဇာတ်ကွက်ပေါင်းများစွာကို တစ်ခုချင်းစီ ဓာတ်ပုံရိုက်ပြီး နောက်ဆုံး အဲ့ပုံတွေနဲ့ တကယ်လှုပ်ရှားနေတဲ့ပုံ ပီပြင်အောင် လုပ်ထားတာမျိုးပါ)


ပထမတစက္ကန့်တွင် ရှုလီချန်က ဘေးတိုက် နောက်ဆုတ်ကာ ပင့်ထိုးချက်ကို ရှောင်ရှားလိုက်သည်။


ဒုတိယတစက္ကန့်တွင် ကောင်မလေးရဲ့ သေးသွယ်ပြီး အားကြီးတဲ့ခြေထောက်က ရှုလီချန်ရင်ဘတ်ကို ကန်ထည့်လိုက်သည်။


နောက်ထပ်တစက္ကန့်တွင်တော့ ရှုလီချန်က ကော်ဖီစားပွဲပေါ်ပက်လက်လှန်ကျသွားပြီး စားပွဲပေါ်က သစ်သီးပန်းကန်တွေမှောက်ကျကာ ဝိုင်ပုလင်းတွေကြမ်းပြင်ပေါ်ပြုတ်ကြကုန်သည်။


ထိုအချိန်အတွင်း ကောင်မလေးက အခန်းထဲကလူတွေကို ဂရုစိုက်ရမလို ဂရုမစိုက်ရမလိုဖြစ်နေ၏။


အလင်းရောင်က လှုပ်ရှားမှုတွေကို ဆက်တိုက်မမြင်ရအောင် ဖြတ်တောက်နေသည်။ နောက်တစ်ကြိမ် မီးရောင်လင်းလာချိန်၌ သူမရဲ့ ဒူးတစ်ဖက်က ရှုလီချန်ရဲ့ရင်ဘတ်ပေါ် ထောက်ထိုင်ထားပြီးသားဖြစ်ကာ လက်တစ်ဖက်က လက်ပင်းညစ်ထားပြီးပြီဖြစ်သည်။


ရှုလီချန်က သူမရဲ့လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။


ထိုကဲ့သို သူတို့နှစ်ယောက်ရဲ့ ပုံပျက်ဆင်းပျက်ပုံစံက အခြားလူတွေကို ရှေ့မတိုးသာ၊ နောက်မဆုတ်သာအခြေအနေသို့တွန်းပို့နေတာကြောင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကုန်ကြသည်။ နောက်ဆုံးတော့ အခန်း ထဲက လူတစ်ယောက် အိပ်မက်,မက်နေရာက နိုးထလာပြီး သီချင်းကို ပိတ်လိုက်တော့သည်။


အသံကျယ်ကြီးတွေ လွှမ်းမိုးခဲ့ရာကနေ ရုတ်တရက်ကြီး တိတ်ဆိတ်မှုတွေကြီးစိုးသွားရသည်။ ကော်ရစ်ဒါဘက်ကနေလာနေတဲ့ သီချင်းသံတွေကတော့ အဝေးဘက်က အခန်းတစ်ခုဆီကနေ ကြားနေရတာဖြစ်မည်။


မှိတ်ဖြတ်မှိတ်ဖြတ်ဖြစ်နေတဲ့မီးရောင်ထဲမှာ မြင်နေရတာတွေက တကယ်မဟုတ်ခဲ့ဘူးလို့ သူတို့အားလုံး မှတ်ယူလိုက်ချင်သည်။


“ သူတို့ကို ထွက်သွားခိုင်းလိုက်စမ်း ”


ကျန်းယန်ရှန်က ပြောသည်။


ရှုလီချန်က ကျန်းယန်ရှန့်ရဲ့လက်ကောက်ဝတ်ကိုကိုင်ထားရင်း အမောတကော အော်ပြောလိုက်သည်။ “ မင်းတို့အားလုံး ထွက်သွားကြ! ”


တချို့တွေက ‌ခြေလှမ်းပြင်နေကြပြီဖြစ်ပြီး တချို့တွေကတော့ တုန့်ဆိုင်းနေဆဲဖြစ်ကာ တချို့တွေကတော့ မဝေခွဲနိုင်ဖြစ်နေကြပြီး တချို့တွေကတော့ ပါးစပ်ဟကာ ရှုလီချန်ကို စကားပြောရမလို မပြောရမလိုဖြစ်နေကြသည်။ 


“ ရှု.... ”


“ ဒါက မင်းတို့အလုပ်မဟုတ်ဘူး ” 


ရှုလီချန်က အော်လိုက်သည်။


 “ အဝေးကို ထွက်သွားကြစမ်း! ”


သူက အမြဲတမ်း ဆရာကြီးဖြစ်ခဲ့တာပင်။ ငွေကြေးအရရော လူအင်အားအရရော။


သူက ထွက်သွားဖို့ပြောတော့ ကောင်လေးတွေက ကြောက်နေတဲ့ကောင်မလေးတွေကို အပြင်တွန်းထုတ်ပြီး အားလုံးအတူထွက်သွားကြတော့သည်။ နောက်ဆုံးကျန်ခဲ့တဲ့သူတွေက အထဲမှာဘာဖြစ်တော့မလဲဆိုတဲ့ စိတ်ဝင်စားမှု တစိတ်တပိုင်းဖြင့် တံခါးကိုပိတ်သွားကြသည်။


တံခါးအပြင်ဘက်မှာ ကောင်မလေးတွေက သူတို့ရဲ့ ကုတ်အင်္ကျီတွေ အိတ်တွေကိုင်လျက်သား တွေဝေမိန်းမောနေကြပြီး ကောင်လေးတွေကတော့ တစ်ယောက်ကို တစ်ယောက်ပြန်ကြည့်နေမိကြသည်။


“ အစ်ကိုကြီးချန်ကို ခေါ်လိုက်ကြမလား ” တစ်ယောက်က ဝေခွဲမရစွာဖြင့်မေးသည်။


အစ်ကိုကြီးချန်က Baochi ရဲ့ လုံခြုံရေးခေါင်းဆောင်ပင်။ ရှုမိသားစုကလဲ Baochi ရဲ့ ရှယ်ယာဝင်ဖြစ်သည်။ ဒီနေရာက ရှုလီချန်အတွက် ကစားစရာနေရာအသေးလေးတစ်ခုသာ ဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းတွေရော ခွေးပါမကျန် Baochi ရဲ့ လုံခြုံရေးအစောင့်တွေနဲ့ ရင်းနှီးကြသည်။


လုံခြုံရေးတွေအားလုံးက လုပ်သက်ကြာနေပြီဖြစ်ကာ သူတို့အားလုံးကို တောတောင်ထဲမှာတောင် အသက်ရှင်နိုင်အောင် သင်ကြားထားခံရသည်။


ပုံမှန်အချိန်မှာဆို ပြဿနာတစ်ခုခုဖြစ်ရင် အစ်ကိုကြီးချန်ကို ခေါ်ဖို့ သူတို့တွေ တုန့်ဆိုင်းနေမှာမဟုတ်ပေ။ ဒါပေမဲ့ ဒီနေ့ကတော့....


Xxxxxxx


Part 138


တံခါးကို ဆောင့်ကန်ပြီးဝင်လာတာက လှပတဲ့ကောင်မလေးတစ်ယောက် ဖြစ်နေသည်။


အားလုံးရဲ့ မျက်နှာအမှုအရာက ငြိမ်သက်လာသည်။


တစ်ယောက်က ရုတ်တရက်ထမေးသည်။ “ ရှုလီချန်က သူမကို အခုဘဲခွင့်ပြုပေးလိုက်တာ ဟုတ်တယ်မလား ”


လေထုက အချိန်ခဏလောက် ထူးဆန်းစွာ တိတ်ဆိတ်သွားသည်။


တစ်ဆက်ထဲမှာဘဲ လူတိုင်းရဲ့ ဗလုံးဗထွေးပြောသံက နောက်ကလိုက်လာသည်။


 “ သေချာတာပေါ့ ဟုတ်တယ် ဟုတ်တယ် ”


“ မင်းပြောဖို့လိုသေးလို့လား ”


“ လီချန်က မိန်းကလေးမလို့ ပြန်မရိုက်တာ ”


“ ဒါက အဓိပ္ပါယ်မရှိတာဘဲ! သူမက အဲ့လောက်လှပတာ ငါသာဆိုလဲ ရိုက်ခွင့်ပေးလိုက်မှာဘဲ! အဲ့တာမှ ယောက်ျားပီသမှာ ”


ထင်မြင်ရာကိုပြောပြီးသွားတော့ အားလုံးက စိတ်သက်သာရာရသွားတော့သည်။


“ အဲ့ဒါဆို အဆင်ပြေမှာပါ အဆင်ပြေသွားမှာ ”


သူတို့တွေက စိတ်လျော့လိုက်ကြပြီး အပြစ်မကင်းသလိုပြုံးလာကြသည်။ 


“ ရှုလီချန်က အခု နှစ်ယောက်ထဲကမ္ဘာမှာဘဲ ”


“ မြန်မြန်! လုစုခွဲကြတော့ လူစုခွဲကြ! ”


“ ဉာဏ်ကြီးရှင် ဝင်လုပ်မနေနဲ့။ မင်း ရှုလီချန်က လိုက်ရှာပြီး ရိုက်နှက်တာခံချင်လို့လား ”


“ စောသေးတယ် မထွက်သွားကြသေးနဲ့ဦး။ တခြားနေရာတစ်ခုကို ဆက်သွားကြရအောင် ”


……


သီးသန့်ခန်း ထဲတွင်ဖြစ်သည်။ သီချင်းသံက ပိတ်သွားပြီဆိုပေမဲ့ မီးရောင်တွေက မှိတ်ဖျပ်မှိတ်ဖျပ်ဖြစ်နေတုန်းပင်။


ရှုလီချန်က ကျန်းယန်ရှန့်ရဲ့လက်ကောက်ဝတ်ကိုသာ ဆုပ်ကိုင်ထားပြီး ရှေ့ဆက်ဘာမှမလုပ်ပေ။ သူ ဒီလိုဖြစ်လိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးပေ။သူ..... ကျန်းယန်ရှန့်ကို မရိုက်နိုင်ဘူးတဲ့လား။


ကျန်းယန်ရှန့်က ဝမ့်ချမ်ရဲ့ အုပ်စုအသေးစားကို ပညာပေးလိုက်တုန်းက ရှုလီချန် ဝိုးတိုးဝါးတားတော့ သူထင်တာ ကျန်းယန်ရှန့်က လေ့ကျင့်ပေးထားခံရတာဖြစ်မယ်လို့။ ဒါပေမဲ့ ဒီကိစ္စကို သူ အတည်ကြီးမယူခဲ့ဖူးပေ။


boxing club မှာ အရည်အချင်းရှိတဲ့ကောင်မလေးအချို့ကို သူ သင်ကြားပေးခဲ့ဖူးသည်။ ကျန့်ယန်ရှန့်က သူတို့တွေနဲ့မတူ။ သူတို့တွေ တကယ်တမ်း တိုက်ခိုက်တော့မယ်ဆိုရင်တော့ မစွမ်းသာတော့ပေ။ မွေးရာပါစွမ်းအား ကွာခြားမှုက ရှိနေဆဲဖြစ်သည်။


ကျန်းယန်ရှန့်က ကျန်းကျစ်ယွမ်အကြောင်းကို ကြားပြီး လက်စားချေဖို့ လိုက်လာတာ သေချာသည်။ မဟုတ်ရင်လဲ ဘိတ်ချီးကနေ ရေလိုက်ရင် အယောက်တစ်ရာမြောက်ဖြစ်နေတဲ့ သူ့ရဲ့အဆင့်ကို သူမ ဂရုစိုက်မှာမှ မဟုတ်တာ။


မနာလိုဖြစ်မှုကြောင့် သွားတွေကို ကြိတ်နေမိပေမဲ့ သူ့စိတ်ထဲမှာတွေးနေတာကတော့ ကျန်းယန်ရှန့်ကို စိတ်ငြိမ်အောင်လုပ်ပေးရမယ်ဆိုတာပင်။ အကြိမ်ရေ အနည်းငယ်လောက် အရိုက်ခံရတာကို ပြန်မရိုက်မိစေဘဲ ဒါကိုလုပ်ရမှာမလို့ အပေးအယူကြီးတယ်လို့ သူထင်သည်။


ကျန်းယန်ရှန့်ရဲ့ ပထမဆုံးလက်သီးထိုးချက်က သူ့ကို အသိစိတ်ပြန်ဝင်လာစေသည်။


ဒုတိယလက်သီးထိုးချက်ဝင်လာတော့ ရှုလီချန်က ဘာမှစဉ်းစားနိုင်စွမ်း မရှိသေးခင်မှာပင် နှစ်ပေါင်းများစွာလေ့ကျင့်ထားမှုကြောင့် အလိုအလျောက်တုန့်ပြန်မိကာ ပြန်ရိုက်မိသွားတော့သည်။


နောက်ဆုံးတော့လဲ ကျန်ယန်ရှန့် ဆောင့်ကန်တာခံလိုက်ရပြီး ကော်ဖီစားပွဲပေါ် တစ်ခါပြန်ပြုတ်ကျသွားတော့သည်။ ကျန်းယန်ရှန့်က သူမရဲ့ဒူးတစ်ဖက်ဖြင့် သူ့ရဲ့ရင်ဘတ်ကို ဖိထားသည် ရုန်းကြည့်ပေမဲ့ ဘေးဘက်ကိုလဲ လှည့်လို့မရသလို ပြန်ထလို့လဲမရဘဲ ဖြစ်နေခဲ့သည်။


အသံလုံအခန်းရဲ့ တံခါးက ပိတ်ထားပြီဖြစ်၍ အခန်းက တိတ်ဆိတ်လာသည်။


ရှုလီချန်က ကျန်းယန်ရှန့်ရဲ့လက်ကောက်ဝတ်ကို ကိုင်ထားရင်းဖြင့် “ သူတို့တွေအကုန်ထွက်သွားကြပြီ မင်းငါ့ကို လွှတ်ပေးလို့ရပြီလား ”


ကျန်းယန်ရှန့်က မလွှတ်ပေးတဲ့အပြင် အားထပ်ထည့်လိုက်သည်။


“ နင် ရူးနေတာလား ” 


သူမက ဒေါသဖြင့်ပြောလာသည်။


 “ နင်ဘာလို့ ငါတို့အတန်းထဲက ကျန်းကျစ်ယွမ်ကို ရိုက်လွှတ်လိုက်တာလဲ။ အဲ့လောက် စောက်ရူးထနေရအောင် နင့်ကို ရန်လာစနေလို့လား ”


ရှုလီချန်က အသက်ရှုရခက်လာသည်။ ထို အားနည်းတဲ့ စောက်ကြောက်ကောင်လေးကြောင့် ကျန်းယန်ရှန့်က သူ့ကို လည်ပင်းညစ်သတ်တော့မှာလားတောင် တွေးမိလာသည်။


သူလဲ ဒေါသတွေ ပေါက်ကွဲထွက်လာသည်။


 “ ငါက ဘာမှားနေလို့လဲ။ အဲ့ကောင်က ဘယ်သူမို့လဲ။ သူက ငါ့ထက် ဘာတွေများ သာနေလို့လဲ။ ငါ့လောက်တောင် ရုပ်ချောတာမဟုတ်ဘူး။ မင်းက ငါ့ကိုမကြိုက်ပေမဲ့ သူ့ကိုတော့ ဘာလို့ကြိုက်ရတာလဲ ”


ကျန်းယန်ရှန့် ဒေါသထွက်လွန်းလို့ လူသတ်ချင်စိတ်ပေါက်လာသည်။


 “ ငါသူ့ကိုကြိုက်တယ်လို့ နင့်ကို ဘယ်သူပြောလို့လဲ ”


“ မင်းက... ” ရှုလီချန် သူမြင်ခဲ့ရသမျှကို ပြန်ပြောလိုက်ချင်သည်။ ကျောင်းရှေ့မှာ သူတို့နှစ်ယောက်အတူ ပြုံးပျော်ပြီး စကားတွေပြောနေခဲ့ကြတာ။


အဲ့ဒီအချိန်တုန်းက ကျန်းယန်ရှန့်ရဲ့ အပြုံးတွေက သွက်လက်တက်ကြွနေသည်။ ကျောင်းနှစ်ဝက်ပြီးတဲ့အထိ လူတွေကို ကျန်းယန်ရှန့် ဒီလိုမျိုးပြုံးပြနေတာ တစ်ခါမှမမြင်ဖူးပေ။ အတန်းထဲက ကောင်မလေးတွေကိုတောင်မှ ရယ်ပြခဲ့ခြင်းမရှိခဲ့။


ကောင်လေးတွေကို ကြည့်တဲ့အကြည့်က ရေ

လိုတည်ငြိမ်နေတယ်ဆိုတာ ပြောစရာတောင်မလိုပေ။ အဲ့တာကို သူက ကျန်းကျစ်ယွမ်ကို မကြိုက်ဘူးလို့ ပြောလိုက်တာလား။


ဒါပေမဲ့ ကျန်းယန်ရှန့်က အဲ့ကောင်ကိုမကြိုက်ဘူးလို့ ထင်နေရင်တောင် တကယ်တမ်းတော့ သူမ ကြိုက်နေမိတယ်ဆိုတာ သဘောပေါက်သွားအောင် ရှုလီချန် သတိမပေးချင်ပေ။


သူ ရူးနေမှသာ အဲ့လို လုပ်မိလိမ့်မည်။


“ မင်းက.. ” ဆိုပြီး စကားအစချီလာပေမဲ့ ကျန်နေသေးတဲ့စကားတွေကိုတော့ ပြန်ရုတ်သိမ်းသွားခဲ့သည်။


“ အရူးပဲ! နင်က စောက်ရူး ” 


ကျန်းယန်ရှန်က သွားကြိတ်ပြီး ကျိန်ဆဲသည်။


 “ နင်က ငါ နင့်ကိုမကြိုက်တာနဲ့ တခြားသူတွေကို ကြိုက်လို့မရဘူးလို့များထင်နေလား။ ငါပြန်မကြိုက်လဲ မင်ဘာမှဖြစ်သွားတာမှမဟုတ်တာ..ဟုတ်တယ်မလား။ စောက်ပေါလေး! နငွ့လှည့်ကွက်တွေအကုန် ငါ ကောင်းကောင်းသိတယ်။ ငါ့ကို လာမသုံးနဲ့..အလုပ်ဖြစ်မှာမဟုတ်ဘူး ”


“ ငါ ဟိုးအရင်ကတည်းက ပြောဖူးပြီးသားဘဲ။ နင့်ကို ငါ ကြိုက်လာအောင် ဘာလုပ်နိုင်မှာမို့လို့လဲလို့။ ကြည့်ပါလား။ ရန်ဖြစ်ကြတာတောင် နင်ငါ့ကို ပြန်ချနိုင်လို့လား ”


ကျန်းယန်ရှန့်က အံကြိတ်ရင်းဖြင့် “ တနင်္လာနေ့ကြရင် နင် အတန်းမှူးကိုသွားတွေ့ပြီး ဝန်ခံလိုက်။ နင့်ကိစ္စကို နင့်ဘာသာရှင်း။ နင်တစ်‌ယောက်ထဲ အပြစ်ခံပြီး ကျန်းကျစ်ယွမ်ကိုတော့ အပြစ်ကလွှတ်ပေးလိုက် ”


ရှုလီချန် သူ့ရင်ထဲမှာ ဒေါသတွေ ကြီးထွားလာတာကို ခံစားလိုက်ရသည်။ “ သူတောင် အပြစ်ပေးမခံရသေးတာဘဲ ငါလဲ အပြစ် အပေးမခံလို့ ဘာမှမဖြစ်ဘူးမလား ”


ကျန်းယန်ရှန့်က ဟွန့်ခနဲ!နှာမှုတ်ကာ သရော်လိုက်ပြီးနောက်မေးလိုက်သည်။


 “ နင်က ဂရုတောင်စိုက်လို့လား? နောက်ဆုံးတစ်ခေါက်အပြစ်ပေးခံရတုန်းကလဲ အရမ်းတွေ ပျော်နေတာဘဲလေ။ ဒီတစ်ခါလဲ အပြစ်ပေးခံလိုက် ဒါပေမဲ့ ထွက်မပြေးရဘူး။ ကျန်းကျစ်ယွမ်ကိုလဲ ဆွဲမချရဘူး။ သူက နင်နဲ့မတူဘူး။ သူက အပြစ်ပေးခံရဖို့ မထိုက်တန်ဘူး ”


အပြစ်ပေးခံရတာက ဖိုင်ထဲမှာ မှတ်တမ်းတင်ခံရမှာဖြစ်သည်။


ကျန်းကျစ်ယွမ်က Q တက္ကသိုလ် ကို တက်ချင်တဲ့ သူတစ်ယောက်။ ဒီတက္ကသိုလ်က ထိပ်တန်းတက္ကသိုလ်တွေအားလုံးထဲမှာ ဒုတိယနေရာစွဲတဲ့ တက္ကသိုလ်ပင်ဖြစ်သည်။ ဒီတက္ကသိုလ်မှာ တက်နိုင်ဖို့အရေး ကြိုးစားနေရတဲ့သူတွေ ဘယ်လောက်တောင် များလိုက်သလဲလို့။


Q တက္ကသိုလ် က ကျန်းကျစ်ယွမ်အတွက်တော့ ပြေးမလွှတ်ပေ။ ဒါပေမဲ့ သူ့ရဲ့ကျောင်းသားမှတ်တမ်းကို ပြန်လာစစ်တဲ့အချိန် အပြစ်ပေးခံရတဲ့ မှတ်တမ်းကိုတွေ့သွားရင်တော့ အခွင့်အရေးလွှဲသွားနိုင်သည်။


ကျန်းယန်ရှန့်က ဒါကို ဘယ်တော့မှ အဖြစ်ခံမှာမဟုတ်ပေ။ သူမနဲ့ ရှုလီချန်ကြောင့် သူဘ၀ အလွဲအချော်ဖြစ်သွားမှာမျိုးမလိုချင်ပေ။


ရှုလီချန်က ကျန်းယန်ရှန့်ရဲ့မျက်နှာကို မော့ကြည့်သည်။


သူမရဲ့ မပြောင်းလဲတဲ့ အေးစက်စက်မျက်နှာထားက သူ့အတွက်တော့ စွဲမက်ဖွယ်ကောင်းသည်။ သူမရဲ့ မသိမသာအပြုံးလေးတစ်ပွင့်ကပင် သူ့အတွက်တော့ လုံလုံလောက်လောက်တောက်ပနေတယ်လို့ ထင်သည်။


အဲ့ဒါတွေအားလုံးထက် ဒေါသထွက်နေတဲ့ သူမရဲ့တဲ့အပြုံးက ပိုပြီး မက်မောဖို့ကောင်းသည်။


အဲ့အပြုံးက လူတွေရဲ့သွေးကို ဆူလာစေနိုင်သည်။


ရှုလီချန်က သွေးထွက်နေတဲ့ နှုတ်ခမ်းကွဲရာကို လျှာထိပ်ဖျားဖြင့် လျှက်လိုက်ပြီးနောက် မာန်ပါစွာပြုံးလိုက်သည်။


“ ကျန်းယန်ရှန့်..မင်း ဆုတောင်းနေလိုက်လေ! ”


Xxxxxx