အပိုင်း ၁၇၅-၁၇၆
Viewers 28k

Part 175


ကျန်းယန်ရှန့် ကမေးလိုက်သည်။


"အစ်မက ဘာအလုပ် လုပ်တာလဲ....ရုပ်ရှင်ကုမ္ပဏီမှာ လုပ်တာလား..." 


"ဟင့်အင်း...မဟုတ်ဘူး..." 


ရှောင်မို က သူမ၏လိပ်စာကဒ်ကို လက်နှစ်ဖက်ဖြင့် ပေးလိုက်ပြီး ကျန်းယန်ရှန့် ကလည်း လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။


'ချီဝူ  ရင်းနှီးမြှုပ်နှံမှု ဒါရိုက်တာ မိုလင်း.....'


မိုလင်းသည် အသက် ၂၅ နှစ်ဝန်းကျင်ခန့်ရှိပုံရသည်။ 


“အစ်မ က အသက်ငယ်ငယ်လေးနဲ့ ဒါရိုက်တာ ဖြစ်နေပြီလား... မိုက်လိုက်တာ....” 


ကျန်းယန်ရှန့် သည် အသက် 16 နှစ်သာရှိသေးပြီး အထက်တန်း ကျောင်းသူဖြစ်၍ လူကြီးများ နောက်သို့ အပျော်သဘော လိုက်လာခဲ့ခြင်း ဖြစ်လေသည်။


မိုလင်း က သူမကို ဖုံးကွယ်မထားတော့ဘဲ အမှန်အတိုင်း ပြောပြလိုက်သည်။


 “ဒါတွေအားလုံးက အပေါ်ယံ ရာထူးတွေပါ....လိပ်စာကဒ် လုပ်တဲ့သူ တိုင်းက ဒါရိုက်တာလို့ပဲ လုပ်ကြတယ်လေ...တစ်ကယ်တော့ အစ်မရဲ့ အဆင့်က မန်နေဂျာ တစ်ယောက်ရဲ့ အဆင့်ပဲရှိပါသေးတယ်...” 


“ဒါလည်း တော်တာပါပဲ...ဒါဆို အစ်မက ဘာလုပ်ရတာလဲ...ရုပ်ရှင်တွေရိုက်တာလား..." 


“ရှင်းရှင်းပြောရရင် အစ်မ အလုပ်က…” 


မိုလင်း သည် ကျန့်ယန်ရှန့် မှာ ကလေးတစ်ယောက်ဖြစ်သဖြင့် ရိုးရိုးသာ ရှင်းပြဖို့ကြိုးစားလိုက်သည်။သူမက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပြောလိုက်သည်။


 “တစ်ဖက်မှာ... အစ်မရဲ့ အလုပ်က ပရောဂျက် တစ်ခုရှာရတယ်...”


ထို့နောက် ကျန်လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ပြောပြန်သည်။


 “နောက်တစ်ခုက  ရင်းနှီးမြှုပ်နှံသူ‌ပေါ့..‌ ပြောရရင် ပိုက်ဆံရှိတဲ့သူကို ရှာရတာ....ပြီးရင်…” 


ထို့နောက် မိုလင်းက လက်နှစ်ဖက်ကို ပေါင်း၍ ဖြန်းကနဲ လက်ခုပ်တီးလိုက်သည်။ 


“နောက်တော့ ဒီပရောဂျက်ကို အကောင်အထည်ဖော်ရတယ်လေ.... ရင်းနှီးမြုပ်နှံ သူတွေဆီကရော ကုမ္ပဏီ ဆီကရော...အားလုံးဆီက အစ်မက ပိုက်ဆံပြန်ရတယ်....” 


"ဒါဆို ' နေအဖွဲ့အစည်းမှ ထွက်ခွာခြင်း ' မှာ ရင်းနှီးမြုပ်နှံသူ လိုသေးလား...အဲ့ဒီ ရုပ်ရှင်ကို ရိုက်နေပြီလို့ကြားတယ်...."  


မိုလင်း  အံ့သြသွားရသည်။ 


"ဟင်..ညီမ သိနေတယ် ဟုတ်လား...."


“မူရင်းလက်ရာကို ဖတ်ပြီးပြီလေ... စာရေးဆရာက ဒါရန်း မဟုတ်လား.... ဒါရိုက်တာက "ရှယ်" လားမသိဘူး…”


 "ဒါရိုက်တာ ရှယ်...တကယ် သိတာပဲ..." 


ကျန်းယန်ရှန့် က ရှင်းပြလိုက်သည်။


"စာရေးဆရာ ဒါရန်း မှာ ကိုယ်ပိုင်ဘလော့ဂ်တစ်ခုရှိတယ်လေ... သူ့ဘလော့ဂ်မှာ ဒီအကြောင်းတွေ ရေးထားတာ....” 


ကျန်းယန်ရှန့် က ရှင်းပြလိုက်ပြီး ဒဲ့မေးလိုက်သည်။


“ဒါဆို ဒီရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံဖို့ လိုနေသေးလား... ပိုက်ဆံ ဘယ်လောက်လိုတာ‌လဲ..." 


အခန်းထဲမှ လေထုက အနည်းငယ်ပြောင်းလဲသွားလေသည်။


ယခု မိုလင်း နှင့် ကျန်းယန်ရှင်းတို့က သူတို့ ကိုယ်သူတို့ ညီအစ်မနှစ်ယောက်ဟု ယူဆလိုက်ကြသော်လည်း ကျန်းယန်ရှန့် က ‘ဘယ်လောက်လဲ’ ဟု မေးလိုက်သည့်အခါ သူမတို့နှစ်ယောက်လုံးမှာ သာမန်ဆက်ဆံရေးမှ အလုပ်သဘော ဆက်ဆံရေးအဖြစ်ပြောင်းလဲသွားလေသည်။ မိုလင်း အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားခြင်းမှာ ထိုအချက်ကြောင့်‌ ဖြစ်လေသည်။


ကျန်းယန်ရှန့်ကို သူမက ပြန်ပြောသောအခါ မတ်မတ်ထိုင်လိုက်သည်။


"လက်ရှိ ခန့်မှန်းခြေက ယွမ် သန်း ၂၀၀....” 


“ညီမ မှတ်မိနေတာ.. သူတို့ ရိုက်ကူးနေတာ တစ်နှစ်ရှိပြီ မဟုတ်လား... ပိုက်ဆံဘယ်လောက် ကုန်သွားပြီလဲ...." 


ဤမိန်းကလေးမှာ ငယ်ရွယ်သော်လည်း တွေးခေါ်ပုံက ရိုးရှင်းလေသည်။ 


"အခုထိ ရင်းနှီးမြှုပ်နှံထားတာ  စုစုပေါင်း ယွမ် သန်း ၁၅၀ ရှိတယ်..."


'မဟုတ်ဘူး..အစ်မရေ့..အစ်မ ခန့်မှန်းတာ မှားနေပြီ ... ဒီဇာတ်ကားက အစ်မထင်ထားတာထက် ပိုကုန်လိမ့်မယ်..."


ကျန်းယန်ရှန့် သည် နောက်ဆုံးတွင် ရုပ်ရှင်၏ စုစုပေါင်းကုန်ကျစရိတ် မည်မျှရှိသည်ကို သိထားလေသည်။ သူမ ပြန်လည်မွေးဖွားခြင်း၏ အမြတ်များကို မျက်လုံးရှေ့တွင် တောက်ပစွာ မြင်လိုက်ရသကဲ့သို့ ရှင်းရှင်းကြီး နားလည်သွားရသည်။   ဘုရားသခင်သည် သူမ မျက်စိရှေ့တွင် အမြတ်ကို ပေးထားသောကြောင့် ထိုအမြတ်ကို သူမကိုယ်တိုင် ဖမ်းဆုပ်ရပေမည်။


 "ညီမမှာ ပိုက်ဆံ အများကြီး မရှိဘူး... ညီမမှာ....ယွမ် သန်း နည်းနည်းလေးပဲ ရှိတယ်...." 


 မိုလင်း သည် ဤလုပ်ငန်းတွင် ပါဝင်သည်။ ‌ဤလုပ်ငန်းမှာ သူတို့ ကိုင်တွယ်သည့်  ပရောဂျက်များ၏ ရင်းနှီးမြှုပ်နှံမှုသည် ယွမ် သန်း ၁၀၀ နှင့် စတင်လေ့ရှိိသည်။ ထို့ကြောင့် ယွမ်သန်းအနည်းငယ် သည် ယခုပရောဂျက်အတွက် မပြောပလောက်သော ငွေမျှသာဖြစ်သည်။ သို့သော် ယွမ် သန်းအနည်းငယ်သည် ဆယ်ကျော်သက် တစ်ယောက် အတွက် ပမာဏများသည်ဟု ဆိုနိုင်သည်။


“အစ်မ သိချင်တာလေး မေးလို့ရမလား....ညီမရဲ့ယွမ်သန်း တွေက  ဘယ်ကရတာလဲ…”


ကျန်းယန်ရှန့် က သူမ၏လက်ချောင်းများကို ချိုးကာ ရေတွက်လိုက်သည်။


 "မုန့်ဖိုး...နှစ်သစ်ကူးအကြိုငွေ...မွေးနေ့လက်ဆောင်ရတဲ့ အနီအိတ်လေးတွေ...ငယ်ငယ်တုန်းက အဖေက ဆုရလို့ ပိုက်ဆံပေးခဲ့တယ်လေ... အဲဒီပိုက်ဆံကို နည်းနည်းသုံးပြီး ကျန်တာကို သိမ်းထားတာ.... ” 


မိုလင်း  အလွန်တုန်လှုပ်သွားရပြီး ကျန်းယန်ရှန့် က ပြုံးလိုက်လေသည်။


 "စကားမစပ် ညီမက ကေမြို့ကပါ... ကျန်းယန်ရှန့် လို့ခေါ်ပါတယ်....." 


သူမတို့နှစ်ဦး အသေအချာမိတ်မဆက်ရသေးသည်ကို ကျန်းယန်ရှန့် အမှတ်ရသွားသည်။


“ညီမက ကျောင်းသူဆိုတော့ လိပ်စာကဒ် မရှိသေးဘူး....” 


မွန်းလွဲပိုင်း ဖိုရမ်က စနေပြီ ဖြစ်သည်။ ကျန်းချီ သည် သူမ၏ ဆဲလ်ဖုန်းမှ မက်ဆေ့ချ်ကို တစ်ချက်ကြည့်လိုက်ပြီး အဘွားဖြစ်သူကို ပြောလိုက်သည်။


"အဖွား...ယန်ယန် က နေ့လည်မှ လာခဲ့မယ်တဲ့..." 


အဘွားကြီး ကျန်း က “ဪ” ဟုသာ ပြောပြီး တခြားဘာမှ မပြောပေ။


ကျန်းချီ သည် ထိုင်ခုံအလွတ်ကို ငုံ့ကြည့်လိုက်ပြီး  ဘောပင်ကို လှုပ်ယမ်းကာ ဂရုတစိုက် မှတ်စုထုတ်နေလေသည်။ ဖိုရမ်အချိန်၏ တစ်ဝက်နီးပါး ရောက်သွားသောအခါ ကျန်းယန်ရှန့် ရောက်လာပြီး ထိုင်ခုံပေါ်တွင် အသာထိုင်လိုက်သည်။


ကျန်းချီ က သူမကို စူးစူးရဲရဲစိုက်ကြည့်ပြီး ပြောလိုက်လေသည်။


"ဘယ်သွား နေတာလဲ..."


ကျန်းယန်ရှန့် က ပခုံးတွန့်လိုက်သည်။ 


“လုပ်စရာလေးရှိလို့…” 


သူမက မကေမနပ် ဖြစ်သွားရပြီး  အဘွားဖြစ်သူအား ကျန်းယန်ရှန့် ကို ဖိုရမ်သို့ ခေါ်မလာသင့်ကြောင်း သိစေချင်လှသည်။


အဘွားကြီး ကျန်း က သူမတို့ကို တိတ်နေရန် ပြောလိုက်ရာ သူမတို့နှစ်ယောက်မှာ ရှေ့က သူဌေးကြီး၏ စကားကို  နားထောင်နေလိုက်သည်။


အဘွားကျန်း က ညာဘက်ကို တစ်ချက်ကြည့်လိုက်ရာ သူ့မြေးမလေးက မှတ်စုကို အသည်းအသန် လိုက်ရေးနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမ ဘယ်ဘက်ကို ကြည့်လိုက်ကြန်ရာ ဒုတိယမြေးမလေးမှာ အချိန်နောက်ကျမှ ရောက်လာသော်လည်း သူမ ပုံစံကပျော်ရွှင်နေပုံရသည်။ သူမသည် အမြဲတမ်း အေးစက်စက် ဖြစ်နေသော်လည်း ယခုမူ သူမ၏ နှုတ်ခမ်းထောင်များက ကွေးညွတ်နေပြီး ပြုံးနေလေသည်။


'သူမ ဘာတွေများ ဒီလောက်တောင် ပျော်နေရတာလဲ...ဒီရှေးဟောင်းမြို့လေးမှာ လူချောလေး တစ်ယောက်နဲ့ သူမတွေ့လာတာများလား...' 


အဘွား ကျန်း မှာ လူကြီးတွေးတွေးလိုက်မိသည်။


ထို့နောက်  ဖိုရမ်စီစဉ်သူသည် ဟိုတယ်တွင် ညစာစားရန် စီစဉ်ပေးသည်။ 


အဘွား ကျန်း က မြေးမလေးများကို ပြောလိုက်သည်။ 


“အဘွားနဲ့ ညစာစား မလိုက်ချင်ရင်လည်း ရတယ်... ရှေးဟောင်းမြို့နားကို သွားလည်ကြပေါ့...” 


ကျန်းချီ က စိတ်ဆိုးစွာ ပြောလိုက်သည်


"သမီးက အဘွားနဲ့အတူလာတာလေ...ဘယ်လိုလုပ်ပြီး သမီးတစ်ယောက်တည်း လျှောက်သွားရမှာလဲ...." 


ကျန်းယန်ရှန့် က သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာ ရသွားသည်။ 


"ဟုတ်တယ်..အစ်မ အဖွားနဲ့လိုက်သွားလေ... ညီမမှာ လုပ်စရာရှိသေးတယ်...." 


ကျန်းချီ အံ့သြသွားရသည်။ 


အဘွား ကျန်း က မေးလိုက်သည်။


“သမီး ဘယ်သွားဦးမလို့လဲ....”


ကျန်းယန်ရှန့် က အဖွားကို စိတ်ရှည်ရှည်  ရှင်းပြလိုက်သည်။


 “အစ်မ တစ်ယောက်က နေ့လယ်စာစားချိန်တုန်းက  ရေချိုးခန်းထဲမှာ ချော်လဲသွားတယ်လေ...ခြေထောက်ကို ဒဏ်ရာရသွားလို့ သမီးက  စားသောက်ခန်းကို ပြန်ပို့ပေးခဲ့တယ်...နေ့လည်စာ စားပြီးတော့လည်း သူ့အခန်းထဲကို ပြန်ပို့ ပေးခဲ့တယ်...သမီးတို့  စကားတွေအများကြီးပြောပြီး ခင်သွားကြပြီ...အဲ့ဒါ သူမနဲ့ ညစာစားဖို့ ချိန်းထားတာ....” 


Xxxxx


Part 176


ကျန်းယန်ရှန့်က တစ်စုံတစ်ယောက်နှင့် တွေ့ခဲ့သည်ဆို၍ ​​ အဖွားကျန်း အံ့အားသင့်သွားရပြီး မေးလိုက်သည်ယ


“သူမက ဘယ်သူလဲ... အသက်ဘယ်လောက်ရှိပြီလဲ...ဘာလုပ်တာလဲ..." 


ကျန်းယန်ရှန့် က မိုလင်း၏ လိပ်စာကဒ်ပြားကို ထုတ်ပေးလိုက်ရာ အဘွား ကျန်း က စာဖတ်မျက်မှန်ကို တပ်လိုက်ပြီး ဖတ်ကြည့်လိုက်သည်။


 "ချီဝူ ရင်းနှီးမြှုပ်နှံမှု... ဒါရိုက်တာ မိုလင်း…”


 "အဘွားတို့ နေ့လည် ထမင်းစားတုန်းက မျက်မှန်တပ်ထားတဲ့လူနဲ့ အတူထိုင်နေတဲ့ တစ်ယောက်မလား ...." 


"ဟုတ်ပါတယ်..." 


အဘွား ကျန်း မှာ အံ့သြသွားရပြီး ပြုံး၍ ပြောလိုက်လေသည်။


“သမီးပြောတာ မှန်တယ်...သူကလည်း ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီပဲလေ....” 


 လိပ်စာကဒ်ကို ကျန်းယန်ရှန့် ထံ ပြန်ပေးလိုက်သည်။


"သမီးရဲ့ ဖုန်းကို ဖွင့်ထားနော်...ညကျ ပြန်လာရင် အဘွားကို ပြန်ပြောပြဦး...." 


"ဟုတ်ကဲ့..." 


ညနေစာစားပြီးနောက် ကျန်းချီ သည် အဘွား ကျန်း အား အခန်းထဲသို့ လိုက်ပို့လိုက်သည်။ အဘွား ကျန်း က လက်ဖက်ရည်သောက်ပြီး မြေးအကြီးဆုံးကို မေးလိုက်သည်။


 “ဒီနေ့ အခြေအနေ တိုးတက်ရဲ့လား...” 


 “သမီး အများကြီး သင်ယူခဲ့ပါတယ်....ဒီနေ့ နားထောင်ခဲ့တဲ့ ဟောပြောသူတွေရဲ့ မိန့်ခွန်းတွေကလည်း သမီးရဲ့ အတွေးအမြင်တွေကို ဖွင့်ပေးလိုက်သလိုပါပဲ....”


ထို့နောက် သူမက တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး… အစဉ်လိုက်မှတ်ထားသော အချက်များကို ပြောပြလိုက်သည်။ သို့သော် ထိုအချက်များမှာ တခြားသူများ ပြောပြီးသာ အကြောင်းအရာများဖြစ်ပြီး သူမက စာရွက်ပေါ် ပြန်ချရေးထားတာပင်။


သူမစကား ဆုံးသောအခါ အဘွားကျန်း က ခေါင်းညိတ်ကာ အနားယူရန် ပြောလိုက်သည်။


ကျန်းချီ က အဘွားဖြစ်သူကို ကျန်းယန်ရှန့် အကြောင်းပြောလိုက်၏။


"ယန်ယန်လေ...  သူမ အခုအချိန်အထိ ပြန်မလာသေးဘူး...ရူးများနေလား..." 


သူမကထိုသို့ ပြောပြီးနောက် သူမက အစ်မ တစ်ယောက် ဖြစ်နေသည့်အတွက် အနည်းငယ် စိုးရိမ်သွားမိသည်။


“ဘာမှ မဖြစ်လောက်ပါဘူးနော်...”


 “သူမမှာ တိုက်ကွမ်ဒိုမှာ ခါးပတ်နက်ရှိတယ်လေ....ဘယ်သူ သူမကို ထိလို့ မရပါဘူး....”


 ထို့နောက် ကျန်းချီ ကို ပြန်လွှတ်လိုက်သည်။


ကျန်းယန်ရှန့် သည် အဖွား မှာထားသည်ကို မှတ်မိသဖြင့် ဟိုတယ်သို့ ပြန်ရောက်သောအခါ သူမအခန်းသို့ အရင်မသွားဘဲ အဘွားကျန်း အခန်းသို့ သွားလိုက်သည်။ 


"ဘာလို့ ဒီလောက် နောက်ကျနေတာလဲ...." 


အဘွားကျန်း က သူမကို ပြောလိုက်သည်။ 


 "သမီးတို့စကားတွေ ပြောနေလိုက်တာ.. အချိန် ကုန်သွားမှန်းတောင် မသိလိုက်ဘူး....." 


"ဒီကိုလာပါဦး..." 


အဘွားကျန်း က ကျန်းယန်ရှန့် ကို သူမဘေးနား ထိုင်ခိုင်းလိုက်သည်။


“ဒီနေ့ ဘာတွေများ ရခဲ့လဲ...” 


“ဟုတ်ကဲ့...သမီးက လူတစ်ယောက်နဲ့ ခင်သွားတယ်...ပြီးတော့ ပရောဂျက်တစ်ခုလည်း ရခဲ့တယ်...." 


အဘွားကျန်း ၏ မျက်လုံးများမှာ  တောက်ပလာကြသည်။


 “တကယ်တော့ အဖွားက ဒီလိုမျိုး ဖိုရမ်မှာ တက်ဖို့ခေါ်တာက စက်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ မိန့်ခွန်းတွေ နားထောင်တာအပြင် လူတွေနဲ့ တွေ့ဖို့၊ အခွင့်အရေးတွေ ရှာဖို့ ...ပြီးတော့ ရင်းနှီးမြုပ်နှံလို့ ကောင်းတဲ့ ပရောဂျက်တွေကို ရှာဖွေဖို့...အဲ့ဒါတွေကြောင့် သမီးတို့ကို ခေါ်တာ...ဟုတ်တယ်မလား...ဒါ‌ကြောင့် အဖွားက လိပ်စာကဒ်တွေ လဲနေတာမလား......” 


"ဟုတ်တယ်...အကြံကလည်း ကောင်းလိုက်တာ ဆက်လုပ်..."


 "အစ်မ မိုက ဒီကိစ္စကို အကုန်ပြောပြတယ်လေ...လူတစ်ယောက်က ပိုက်ဆံတော့မရှိဘူး..ဒါပေမယ့် လုပ်ငန်းတွေ လုပ်ရတာပဲလေ... ပြီးတော့ လက်ထဲမှာ ပိုက်ဆံရှိတဲ့ အဘွားလိုလူတွေက ပရောဂျက်တွေရှာပြီး ငွေပို ငွေလျှံ ရှာချင်ကြတယ်....သူမရဲ့ အလုပ်က နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရအောင် ညှိနှိုင်းပေးရတာ ..."


 “သမီးတို့ ဘာပရောဂျက် အကြောင်း ပြောနေကြတာလဲ...” 


 " ရုပ်ရှင်ပါ..."


ကျန်းယန်ရှန့်က ငွေများ သူမရှေ့ရောက်လာစေရန် အကျယ်တဝင့်ပြောလိုက်လေသည်။


"အစ်မမိုမှာ ပရောဂျက်တွေ အများကြီးရှိတယ်... ရုပ်ရှင် ပရောဂျက်က ပိုကောင်းတယ်...သမီး ပိုက်ဆံနည်းနည်းလောက် ရင်းနှီးမြှုပ်နှံချင်တယ်...” 


“သမီး ဘယ်လောက် ရင်းနှီးမြုပ်နှံဖို့ စီစဉ်ထားလဲ...” 


"သမီး စုထားတဲ့ ငွေအားလုံးပေါ့... ဒါပေမယ့် အဖေ့ကို ပိုက်ဆံထပ်တောင်းချင်သေးတယ်...” 


 "သမီး အဖေက ဘယ်လောက်ပဲ ရင်းနှီးမြှုပ်နှံပါစေ... အဖွားက နှစ်ဆပေးမယ်...."


အဖေ့ ကို ပိုက်ဆံ တောင်းတာ ပိုမလွယ်ဘူးလား....အရင်ဘဝတုန်းက အဖေက ငါလိုချင်သလောက် ပေးခဲ့တာပဲလေ..


 "ဒါဆို အဘွား သ‌ဘောတူလိုက်ပြီနော်..." 


အဘွားကျန်း က ပြုံးလိုက်သည်။


အကြီးဆုံး မြေးမလေးသည် တစ်နေ့လုံး မှတ်စုများကို မှတ်လာပြီး  ဒုတိယမြေးမလေးမှာမူ လိပ်စာကဒ်တစ်ခုမှ စတင်၍ စီးပွားရေး ပရောဂျက် တစ်ခု ရခဲ့လေသည်။ 


ဖိုရမ်ကို ဒုတိယနေ့တွင် ဆက်လက်ကျင်းပခဲ့သည်။ ၁၅ ရက်နေ့ ညနေပိုင်းတွင် ရှေးဟောင်းမြို့၌ ရိုးရာယဉ်ကျေးမှုကို လှပစွာ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် မီးပုံးပွဲတော်ကို ကျင်းပလေသည်။ 


ဖိုရမ် သုံးရက်မြောက်နေ့တွင် နေ့တစ်ဝက်ဖြင့် နေ့လယ်စာစားပြီးနောက် ဖိုရမ်ကို တရားဝင်ပိတ်ခဲ့သည်။ 


လေယာဉ် လက်မှတ်ကို စောစောကြိုတင်မှာထားသည့် သူများမှာ နေ့လယ်စာ မစားဘဲ ထွက်သွားကြသောကြောင့် မိုလင်း လည်း အစောကြီး ထွက်သွားလေသည်။ 


ဟိုတယ် ကောင်တာမှ ဝန်ထမ်းက ကျန်းယန်ရှန့်၏ အခန်းနံပါတ် နှင့် နာမည်ကို စစ်ဆေးပြီး စာအိတ်တစ်ခု ထုတ်ပေးလိုက်လေသည်။


 “မို ‌ဆိုတဲ့ အမျိုးသမီးက ညီမအတွက် ထားခဲ့တယ်နော်....” 


 "ဟုတ်ကဲ့..."


ထို့နောက် အိတ်ထဲသို့  ထည့်လိုက်လျှင် ကျန်းချီ က သူမကို စိုက်ကြည့်နေပြီး သူမစိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေသော်လည်း ဟိုတယ် အခန်းပြန်အပ်ရမည် ဖြစ်၍ စိတ်ထဲတွင်သာ ထားလိုက်သည်။


ထို့နောက် သူမတို့ သုံးယောက် လေဆိပ်ကို ရောက်လျှင် ‌ဗီအိုင်ပီ စောင့်ဆိုင်းခန်း ထဲတွင် စောင့်နေကြလေသည်။ ထိုစဉ် ကျန်းယန်ရှန့် က အိတ်ထဲမှ စာအိတ်ကို ထုတ်လိုက်ပြီး ကျန်းချီ ကို ပေးလိုက်သည်။


 "အစ်မ ချီချီ...အစ်မအတွက်..." 


ကျန်းချီ က စာအိတ်ကို ဖွင့်ကြည့်လိုက်ရာ ယူအက်စ်ဘီ တစ်ခု ဖြစ်နေလေသည်။ 


 "ဒါကဘာလဲ..." 


“ ဖိုရမ်တုန်းက ပြောတာတွေရဲ့ ဖိုင် အစစ်တွေကို အစ်မမို ပေးခဲ့တာလေ...” 


ကျန်းယန်ရှန့် က ကျန်းချီ စိတ်ရှုပ်နေသဖြင့် ထပ်မံ ပြောပြလိုက်သည်။


 "ဒါက အစ်မမှတ်ထားတာတွေနဲ့ အတူတူပဲ..." 


ကျန်းချီ : “…”


Xxxxxx