အပိုင်း ၂၂၅-၂၂၆
Viewers 22k

Part 225


ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဆိုရခြင်း၏ခံစားချက်ကိုပြောပါဆိုလျှင်


 ' ပျင်းစရာကောင်းသည် '  ဟူသော စကားလုံးမှလွဲ၍ ကျန်းယန်ရှန့် တခြားစကားလုံးများကိုစဉ်းစား၍မရပေ။ 


ကျောင်းအုပ်ဆရာက သူတို့ကို မနက် 7:20 အရောက်လာရန်ပြောခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာစစ်ဆေးချက်အောင်မြင်ရန် ပြေးခိုင်းတော့သည်။ 


ကျန်းယန်ရှန့်က မနက်စောစောနိုးလေ့ရှိသည်။ 


သူမက ရုပ်ပိုင်းဆိုင်ရာကျန်းမာသန်စွမ်းပြီး ဖြည်းဖြည်းနှင့်မှန်မှန် ပြေးနိုင်သည်။ အကွာအဝေးအများကြီးပြေးမည်ဆိုလျှင် အဟုန်ကအရမ်းပင်အရေးကြီးသည်။ အတူတူပြေးရန် စည်းချက်ညီညီပြေးတတ်သောလူတစ်ယောက်အားရှာသောအခါ အလွယ်တကူပင်ရှာတွေ့ခဲ့ပါသည်။ 


ထို့ကြောင့် မနက်ခင်းပိုင်းများတွင် ကျန်းယန်ရှန့်နောက်မှလိုက်ကာပြေးနေသောလူအုပ်ကြီးအားမကြာခဏမြင်တွေ့နိုင်သည်။


 လူတိုင်းက တူညီသောနှုန်းတိကျသောစည်းချက်ဖြင့်ပြေးနေကြသည်။ ဤသည်ကား မနက်အစောပိုင်းမြင်ကွင်းတစ်ခုပင်ဖြစ်သည်။ 


နောက်တနေ့ကား အပင်ပန်းရဆုံးနေ့ဖြစ်နေသည်။ သူတို့၏ခေါင်းထဲ၌ စာမှလွဲ၍မည်သည့်အရာမှမထည့်ထားနိုင်တော့ချေ။ ပတ်ဝန်းကျင်က သူတို့ ကြယ်ရောင်၊လရောင်မပွင့်တပွင့်အလင်းရောင်လောက်ပင်ရှိသေးသည်။  


စနေ၊တနင်္ဂ‌‌‌‌နွေနေ့များတွင် သင်ရိုးထဲမပါသောအခြားသင်ခန်းစာများကိုဖြင့် ထို့နေ့များတွင်လုပ်ခိုင်းစေသည်။ 


ဥပမာအားဖြင့် အပိုကျူရှင်အတန်း သို့မဟုတ် တခြားကျွမ်းကျင်မှုဆိုင်ရာသင်တန်းအစရှိသည်တို့ဖြစ်သည်။ 


ကျန်းယန်ရှန့်အတွက် သူမအရင်ဘဝကပါဝင်ချင်ခဲ့သောအသင်းအဖွဲ့များကဲ့သို့ယခုဘဝ၌ပါဝင်ချင်ခဲ့‌သောအသင်းအဖွဲ့ ဟူ၍မရှိတော့ချေ။ ထို့ကြောင့် ဘဝကပျင်းစရာကောင်းလှပေမယ့် အရင်ဘဝကကဲ့သို့အထီးကျန်ဆန်မှုများကိုဖြင့်မခံစားရတော့ပေ။ သူမအတွက်အခြားအရာများကိုတွေးနေမိဖို့


အချိန်မရှိသလောက်ပင်ဖြစ်နေသည်မဟုတ်ပါလား။ 


ဤပျင်းစရာကောင်းလှသောအချိန်ဇယားများကြားအချိန်များအကုန်မြန်ကာကျောင်းစဖွင့်


ပြီးသည့်အချိန်မှစ၍ မျက်တောင်တစ်ချက်ခက်ဖို့ပင်အချိန်လုနေရသည်။ ဤသည်က အောက်တိုဘာလ၏ ရွှေရောင်နေ့ရက်များဖြစ်ပေသည်။ 


ကျန်းချီက နွေရာသီအားလပ်ရက်များအား အပြင်လျှောက်လည်ခြင်းဖြင့်ကုန်ဆုံးခဲ့ပြီး ရရှိသောအားလပ်ရက်များကတိုတောင်းသည်ဟုပင်ထင်နေသည်။ ယခုဖြင့် မြေးအလိမ္မာလေးလုပ်ရန် အဖွားဆီသို့သွားရန်လောနေတော့သည်။ 


သူမက ကျန်းယန်ရှန့်ကိုပင် ဝေဖန်ခဲ့သေးသည်။ 


" အားလပ်ရက်စပြီဆိုတာနဲ့ သမီးသူမကိုမ‌‌‌တွေ့တော့တာအဖွားရေ…သူမရဲ့အဲ့လိုဟိုဟိုဒီဒီလျှောက်သွားရတာကိုကြိုက်တဲ့စိတ်ကိုတော့မနာလိုဖြစ်မိတယ်သိလား…ဒါပေမယ့် သူမက သမီးနဲ့မှမတူတာ…သမီးကတော့ အရွယ်ရောက်ပါပြီဆိုတာနဲ့ အဲ့လိုလျှောက်မသွားချင်ဘူး…စာအုပ်ဖတ်တာတို့…အိမ်မှာပဲနေပြီးသီချင်းနားထောင်တာတို့ပဲလုပ်ချင်တာ…"


အဖွားက ပြုံးကာ


" သူမကငယ်သေးတာပဲ…"


အားလပ်ရက်နောက်ဆုံးနေ့တွင် ကျန်းယန်ရှန့်ပြန်ရောက်လာပြီး အဖွားကိုသွားတွေ့ရန် ကျန်းဟယ်လင်းနှင့်ကျန်းရှို့ချန် အားခေါ်သွားသောကျန်းဟွမ်နောက်သို့လိုက်ခဲ့သည်။ကျန်းယုမိသားစုကဖြင့်ရောက်နှင့်နေကြပြီ။ 


ကျန်းချီကကျန်းယန်ရှန့်အားမေးလိုက်သည်။ 


" ဒီအတောအတွင်းအသည်းအသန်ကိုကစားနေတာနော်…ဘယ်မှာကစားနေတာလဲ…"


" N City…"


ဟု ပြန်ပြောလိုက်သည်။ 


" ဘယ်သူ‌တွေနဲ့လဲ…"


"အတန်းဖော်တွေနဲ့…"


ကျောက်လန်ဖန်ကအံ့ဩသွားပြီး 


" ဟင် ပုဂ္ဂလိကကျောင်းတက်တာလား…"


"ဟုတ်တယ်…"


 "အတန်းဖော်တွေနဲ့ကော‌နေရတာပျော်ရဲ့လား…ငါတို့အထက်တန်းကျောင်းမှာရှိတဲ့အတန်းဖော်တွေကတော့ သူတို့ဆော့ကြပြီဆိုရင် ညစ်တီးညစ်ပတ်နေရာတွေမှာဆော့ မကောင်းတာတွေပဲစားကြတာ…"


"ဒီလိုပြောပြီးတာတောင်တောင်အတန်းဖော်တွေနဲ့သွားချင်တယ်ပေါ့…မသွားနဲ့…ပျော်စရာမကောင်းဘူး…ပြီးတော့ သူတို့ထားတဲ့ နေရာထိုင်ခင်း ရေချိုးခန်း အမလေး အဲ့ဒါတွေကိုနင်မြင်ပြီးသွားရင် ငါမသွားခဲ့တာကံကောင်းလှချည်ရဲ့ဆိုပြီးထိုင်အော်နေမှာ…"


" ဟုတ်တယ် အဲ့ဒါအမှန်ပဲ…"


 ကျန်းချီက ထောက်ခံလိုက်သည်။ 


ထိုအချင်းချင်းပြောပြီးအချင်းချင်းထောက်ခံနေကြသောထိုသားအမိနှစ်ယောက်အားကြည့်ကာကျန်းယန်ရှန့်တစ်ယောက်တော်တော်ပြောစရာစကားမဲ့သွားသည်။ 


သူတို့က အသေးစိတ်မေးမြန်းနေ၍ ကျန်းယန်ရှန့်က


" ကျွန်မတို့ကျည်ဆန်ရထားလည်းစီးခဲ့တယ်…

ပြီးတော့ အားလပ်ရက်အလည်အပတ်သွားတဲ့သူတွေနဲ့လည်း တူတူနေခဲ့ရသေးတယ်…"


" အလည်အပတ်သွားတဲ့သူတွေ…"


ကျောက်လန်ဖန်၏အသံမြင့်လာပြီး


" အဲ့ဒါ ထူးခြားတဲ့နေရာမို့လို့လား…"


" ဒါကအဆင်ပြေပါတယ်…"


ကျန်းယန်ရှန့်ကပြန်စဉ်းစားလိုက်ပြီး


"ရေချိုးခန်းကဆိုးတယ်ဆိုရုံလေးပါ…ပြီးတော့ဘိုထိုင်မဟုတ်ဘူး…အိမ်သာခွက်နဲ့…အဲ့တော့ရေချိုးလိုက်ပြီဆိုရင် ချိုးရေတွေကအိမ်သာခွက်ထဲဆင်းသွားရော…ပြီးတော့…"


ကျောက်လန်ဖန်ထမအော်ခင် သူမ၏ဝမ်းကွဲ ကျန်းလင် ကအရင်ထအော်တော့သည်။ 


" တော်ပြီ…တော်ပြီ…ဆက်မပြောနဲ့တော့…ငါ

အန်မိတော့မယ်…"


သူ သူ့လက်မောင်းနှစ်ဖက်အားပွတ်နေကာ ဘေစင်သို့သွားပြီးထိုးအန်တော့မည့်အတိုင်းဖြစ်နေသည်။ သူ၏မျက်နှာတစ်ခုလုံးလည်းစိမ်းဖန့်ဖန့်ဖြစ်နေပြီ။ 


အဖွားက မျက်မှောင်‌ကြုံလိုက်သည်။ 


ကျောက်လန်ဖန်တစ်ယောက်သူ၏မတ်ဖြစ်သူ ကျန်းဟွမ်အား ပြောဆိုတော့သည်။ 


"ကလေးတစ်ယောက်ကိုဒီလိုတွေထားတာ

ဘယ်လောက်ကြောက်ဖို့ကောင်းလိုက်လဲ…"


လျန့်ယင်းယင်းအားလည်းတစ်ချက်ကြည့်လိုက်သည်။ 


ကျန်းဟွမ်နှင့်လျန့်ယင်းယင်းကကျန်းယျန်ရှန့်အားမတရားအနိုင်ကျင့်နေသည့်အတိုင်းပြောဆိုနေသည်။ 


ကျန်းဟွမ်ကပြုံးကာ


" အဲ့ဒီ့ကိုသူမသဘောနဲ့သူမသွားတာပါ…"


အဖွားကကျန်းယန်ရှန့်အား


" သမီးတကယ်သည်းခံနိုင်ရဲ့လား…"


ကျန်းယန်ရှန့်ကပြုံးကာ


" အိမ်သာကတော့အတော်ဆိုးတယ်…ဒါပေမယ့်သည်းမခံနိုင်လောက်တဲ့ထိတော့မဟုတ်ပါဘူး…လူတိုင်းကလည်းသုံးနေကြတယ်လေ…ပြီးတော့အဲ့ဒါကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်…"


"အဲ့ဒီ့မှာသမီးတို့ မိန်းကလေးတွေက ၆ ယောက်နဲ့ယောက်ျားလေးတွေက ၄ ယောက်ရှိတယ်…သမီးတို့ကမိန်းကလေးတွေအတွက်ပဲအခန်း ၆ ခန်းငှားလိုက်ပြီး ယောက်ျားလေးနဲ့မိန်းကလေးသက်သက်စီနေကြတယ်…တစ်နေ့ကြတော့ အဲ့ဒီ့အဆောင်မှာ ၁၂ ယောက်ခန်းတစ်ခန်းပဲကျန်တော့တယ် အဲ့တော့ သမီးတို့အားလုံးစုနေလိုက်ကြရတယ်…မိန်းကလေးတွေကတော့အဆင်ပြေပါတယ်…ဒါပေမယ့်ယောက်ျားလေးတွေကြတော့တစ်ယောက်နဲ့တစ်ယောက်ရှက်နေကြတာဆိုတာလေ သမီးတို့မှာရယ်လိုက်ရတာအူတောင်တက်တယ်…"


အဖွားကရယ်ပြီး


" ကလေးလေး ဒါကအရမ်းစိတ်ဝင်စားစရာကောင်းတာပဲ…"


"တခြားအိပ်ယာနှစ်ခုကကျတော့ကောလိပ်‌

စုံတွဲနှ‌စ်ယောက် ‌ရဲ့အိပ်ယာ…"


" သူတို့နှစ်ယောက်ခုတင်က နံရံကပ်…ညကျရင်သူတို့ခုတင်နှစ်ခုကိုကပ်ပြီးအိပ်ကြတာ…ယောက်ျားလေးတွေရဲ့မျက်နှာတွေဆိုရဲနေတာပဲ…"


လူတိုင်းရယ်ကြတော့သည်။ 


ကျန်းလင်ကမျက်နှာပြောင်တိုက်တတ်သူတစ်ယောက်ပီပီ သူကမျက်လုံးတစ်ဖက်မှိတ်ပြကာ


"ညခင်းဘက်တစ်ခုခုလှုပ်ရှားကြတာများမရှိ


ဘူးလား…"


ကျန်း‌ယုကသူ့ခေါင်းကိုပုတ်လိုက်ပြီးပြက်ရယ်ပြုကာ


" သေစမ်း… ဟယ်ဟယ်နဲ့ရှိုးရှိုး‌လေးရှိနေတယ်လေ…"


ကျန်းဟယ်လင်း : "..."


ကျန်းယန်ရှန့်ကစဉ်းစားဟန်ပြုကာ


" အဲ့ဒီမှာကလိုက်ကာတွေမရှိဘူး…ဒါပေ


မယ့်အလင်းရောင်‌လေးရှိတော့မြင်နေရသေးတယ်လေ…သူတို့ဘာမှတော့မလုပ်ကြပါဘူး…အိပ်ပဲအိပ်နေကြတာ…အိပ်ရင်တော့အချင်းချင်းဖက်အိပ်ရတာကြိုက်ကြတယ်နဲ့တူတယ်…"


လူတိုင်းထပ်ရယ်ကြရပြန်သည်။ 


ကျန်းဟယ်လင်း


"..."


"သူတို့ဘာတွေရယ်နေကြတာလဲ…"


ကျောက်လန်ဖန်မနှစ်မြို့စွာ "ကျစ်" ဟုမြည်တွန်တောက်တီးလိုက်သည်။ 


" တစ်ချို့ကောင်မလေးတွေကလေတကယ့်ကို

ကိုယ့်ကိုကိုယ်တန်ဖိုးထားရကောင်းမှန်းမသိကြ

ဘူး…"


သူမပြောခဲ့သောစကားလုံးကဘာကိုဆိုလိုချင်သည်၊ဘယ်သူ့ကိုရည်ရွယ်ပြီးပြောသည်က ကိစ္စမရှိသော်လည်း အရမ်းပင်နားဝင်ဆိုးသည်။ ကျန်းယန်ရှန့် သူမမျက်ခုံးအားပင့်မိလိုက်သည့်အချိန် အဖွားနှင့်ကျန်းဟွမ်က မျက်မှောင်ကြုံသွားပြီး ကျန်းယုလည်းမျက်မှောင်ကြုံကာ သူ၏ဇနီးအားကကြည့်လိုက်သည်။ 


အရင်ဘဝ၌ သူမနှင့်သူမအဒေါ်ကြား မည်သည့်ရန်ငြိုးရန်စမျှမရှိခဲ့ချေ။ မည်သည့်ပဋိပက္ခမျှလည်းမဖြစ်ဖူးခဲ့ချေ။ 


နောက်ပိုင်း၌ မတရားခံရသည်ဟု အကြောင်းပြကာ သူမအားငွေကြေးအကူအညီပေးရန်မျက်ရည်ခံထိုးဖူးသည်။  


ထို့ကြောင့် ယခုဘဝ၌ ကျောက်လန်ဖန်၏ အန္တရာယ်အငွေ့အသက်မပါသောအပြုအမူ၊


စကားလုံးများကို ကျန်းယန်ရှန့်ဂရုမစိုက်တော့ပေ။ သာမန်လူတစ်ယောက်၏အတွေးများက သာမန်ထက်ပိုစရာအကြောင်းမရှိပေ။ 


သို့သော်လည်း ယင်းစကားကိုဖြင့် ယခုအချိန်၌ကသိကအောင့်ဖြစ်မိသည်။ အဘယ်ကြောင့်ဆိုသော် သူမသုံးခဲ့သော မိန်းကလေးတွေဆိုသည်၌ ကျန်းယန်ရှန့်နှင့် သူမ၏အတန်းဖော်မိန်းကလေးများကိုရည်ရွယ်ခြင်းဖြစ်ပုံပေါ်သည်။ 


ကျန်းယန်ရှန့် မျက်ခုံးပင့်ကာ


"သူတို့ကိုသူတို့တန်ဖိုးမထားဘူးဆိုတာဘယ်သူ့ကိုပြောချင်တာလဲ…"


 ကျောက်လန်ဖန်ကပြန်ပြောလိုက်သည်။ 


" ဒီလိုလေ…နင် အရမ်းဆင်းရဲတဲ့ကောင်လေးတစ်ယောက်ကိုတွေ့တယ်ဆိုပါစို့…အဲပြီးတော့ အဲ့ကောင်လေးနဲ့အတူ လူတွေအများကြီးနဲ့ခရီးတစ်ခုထွက်ခဲ့တာကို မိဘတွေသိသွားမယ်ဆိုရင်အရမ်းစိတ်မကောင်းဖြစ်ကြရမှာ…"


" ဒါပေမယ့် အဲ့ဒီလိုမိန်းကလေးကလည်း ကောင်လေးနဲ့အဆင့်ချင်းတူတူပဲဖြစ်လောက်မှာပါ…ဘာပဲဖြစ်ဖြစ်…ကောင်မလေးတွေ နင်တို့ကောင်လေးတစ်ယောက်ရှာတော့မယ်ဆိုရင် လူရွေးမှန်ပါစေ… ဒီလိုဆင်းရဲတဲ့သူမျိုးကိုတော့ စိတ်ကူးမယဉ်မိစေနဲ့…"


ကျန်းယန်ရှန့် : "..."


ကျန်းယန်ရှန့် သူမယခုလိုပြောလာလိမ့်မည်ဟုမထင်ထားချေ။ သူမလည်ပင်းတစ်ဝိုက်တင်းကျပ်လာပြီး အသက်ရှုကြပ်လာသလိုခံစားနေရသည်။ 


Xxxxxx


Part 226


သေချာသည်က ငယ်ငယ်ရွယ်ရွယ်ကောင်မလေးများ၊သတ်လတ်ပိုင်းနှင့်သက်ကြီးပိုင်းအမျိုးသမီးများ၏အတွေးများကအရမ်းကွာခြားလွန်းသည်။ 


အဖွားကရှားရှားပါးပါးပင် သူမ၏အကြီးဆုံးချွေးမပြောသည် အားခေါင်းငြိမ့်ထောက်ခံကာ ဝင်ပြောလာသည်။ 


"လန်ဖန်ပြောတာမှန်တယ်…ဒါကို‌ခေတ်နောက်ကျတဲ့အတွေးလို့မထင်နဲ့…သမီးတို့မှာပိုက်ဆံရှိလားမရှိလား၊မိသားစုအခြေအနေကဘယ်လိုလဲ၊ပညာအရည်အချင်းစတာတွေကတန်ဖိုးကွာခြားသွားစေတယ်…အခြေအနေချင်းအရမ်းကွာဟနေပြီဆိုရင်တော့ ဘဝနှစ်ခု ရှေ့ဆက်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူးကွဲ့…"


ကျန်းယန်ရှန့် ပြောစရာစကားမဲ့ကာ


" အဖွား သမီးကခုမှ အထက်တန်းဒုတိယနှစ်ပဲရှိသေးတာနော်…"


အဖွားကပြုံးကာ


" အဖွားက သမီးအစ်မကိုပြောပြနေတာပါ…"


ကျန်းချီမကျေနပ်စွာ


" အဖွားကလည်း…"


အဖွားကအခွင့်ကြုံသည်နှင့်မေးလိုက်သည်။ 


" အခု ချီချီမှာ ကောင်လေးရှိနေပြီလား…"


" သူမကိုလိုက်နေတဲ့ကောင်လေးတွေမှအများကြီးပဲ…သူတို့အကုန်လုံးကအဆင်ပြေပါတယ်…ဒါပေမယ့် တစ်ယောက်တော့ရှိတယ်…သူက Z City မှာရှိတဲ့ လောမင်အီလက်ထရောနစ်မိသားစုပိုင်ကုမ္ပဏီရဲ့အငယ်ဆုံးသား…ကြည့်ကောင်းတယ်…သူက မော်ဒယ်တစ်ယောက်လိုမျိုး…"


ဤလိုဖြင့် သူမကကျန်းချီ၏ဆက်ဆံရေးပြဿနာများအကြောင်းပြောတော့သည်။  


ကျန်းယန်ရှန့်ပျင်းလာကာ သူမဖုန်းအားထုတ်ပြီးကြည့်ခဲ့သည်။ 


သူမ၏အတန်းဖော်များကသူမကိုပြာပြာသလဲရှာဖွေနေကြသည်။ 


" @ကျန်းယန်ရှန့် ယန်ရှန့်ရေ…ယန်ရှန့်…

ဒီမှာမယုံနိုင်စရာပဲဟေ့…သူက ငါတို့ဗီဒီယိုကို ယွမ်100000 ပေးခဲ့တယ်…"


"@ကျန်းယန်ရှန့် သူက ဗီဒီယိုတစ်ခုစာကို ယွမ်10000နဲ့ဆယ်ခုစာ ယွမ်100000ပေးခဲ့တာဟေ့…"


" @ကျန်းယန်ရှန့်  ယန်ရှန့်ရေ သူပေးခဲ့တဲ့ဗီဒီယိုတွေကအကုန်လုံးနင့်ဟာတွေချည်းပဲ…ပြီးတော့ account တစ်ခုတည်းမဟုတ်ဘူး ငါတို့ရဲ့အကောင့်တွေအများကြီးကို follow လုပ်ထားတာ…"


" @ကျန်းယန်ရှန့် အဲ့ဒါနင့်ပရိတ်သတ်ပဲဖြစ်ရမယ်…တော်တော်ကြမ်းတယ်ဟေ့…"


သာမန်မိသားစုမှအထက်တန်းကျောင်းသား

များအတွက်က ယွမ်100လောက်က1000လောက်သာကိုင်ဖူးကြသည်။ ထို့ကြောင့် ယွမ်100000 ဟူသောပမာဏကသူတို့အတွက်မက်မောစရာဖြစ်နေသည်။  


သူတို့ တကယ်စိတ်လှုပ်ရှားနေကြသည်။ 


ကျန်းယန်ရှန့် မက်ဆေ့ဂ်ျ  များကိုကြည့်လိုက်သည်။ 


ထို့နောက် မက်ဆေ့ဂ်ျပြန်ပို့လိုက်သည်။ 


"ဘာလဲ…"


" ယားးး …ယန်ရှန့်ရောက်လာပြီ…နောက်ဆုံးသူပေါ်လာပြီပေါ့…"


" ဘာတွေဖြစ်နေကြတာလဲ…"


 ကျန်းယန်ရှန့်မေးလိုက်သည်။ 


" တစ်ယောက်ပဲပို့…အကုန်လုံးတစ်ချိန်တည်း

ဝိုင်းမပို့ကြနဲ့လေ…ငါမူးလာပြီ…"


 ကျန်းယန်ရှန့်ထပ်ပြောလိုက်သည်။ 


ထို့နောက် အတန်းဖော်တစ်ယောက်က ဖြစ်စဉ်ကိုအကျဉ်းချုပ်ပြောပြလိုက်ပြီးဓာတ်ပုံတစ်ခုပို့ပေးလိုက်သည်။ 


ဓာတ်ပုံထဲ၌ ဆုကြေးငွေပေးခဲ့သောသူ၏ ID က ' ချောင်းကမ်းပါး၌ ထင်းရူးသံကိုနားထောင်ခြင်း' ဖြစ်သည်။ 


ဤနာမည်မျိုးသည် အရမ်းခေတ်စားနေပြီး 

ဖတ်ပြီးမေ့သွားနိုင်သောနာမည်မျိုးလည်းဖြစ်နေသည်။ ထိုကြောင့် သူမဤနာမည်အားမြင်သောအခါရင်းနှီးနေသည်ဟုမခံစားမိချေ။ 


အတိုချုပ်အားဖြင့် ကိစ္စကရှင်းပါသည်။ ထို အကောင့်ပိုင်ရှင်က ကျန်းယန်ရှန့်နှင့်အတူတွဲ၍ အတန်းထဲမှဗီဒီယိုတင်သူအများအပြားကိုအာရုံစိုက်နေသည်။ အထူးသဖြင့် မည်သည့်အတွက်ကြောင့်ကျန်းယန်ရှန့်ကိုမှရွေးရသနည်း။


 အတန်းထဲ၌ပရိတ်‌သတ်ထောင်ပေါင်းမကရှိနေပြီးလူသိများလှ‌သောကိုယ်ပိုင်ဗီဒီယိုတင်နေသူအခြားသူများလည်းရှိပါသည်။ 


ထို့အပြင် အခြားများပြားလှသောအတန်းဖော်များ၏ account များသည်လည်းတစ်ခုနှင့်တစ်ခုဆက်နွယ်နေကြပါသေးသည်။ သို့သော် ထိုသူက ထို account များကိုအာရုံမစိုက်ဘဲ ကျန်းယန်ရှန့်ပါသောဗီဒီယိုများတင်သူများကိုသာ follow လုပ်ထားသည်။  


သူဆုချီးမြင့်ထားသောဗီဒီယိုများအားလုံးကလည်း ကျန်းယန်ရှန့်အဓိကဇာတ်ဆောင်နေရာမှပါဝင်‌ထားသောဗီဒီယိုများသာဖြစ်သည်။ 


ထို့ကြောင့် သူ့ထံမှမည်သည့်စာ မည်သည့်အသံမှမကြားရသော်လည်း သူတို့အားလုံးရှင်းရှင်းလင်းလင်းသိသည်က ဤဆုချီးမြင့်ခြင်းက ကျန်းယန်ရှန်ကိုသာဖြစ်သည်ကိုပင်ဖြစ်သည်။ 


ဤအဖြစ်အပျက်အားကျောင်းသားအများစုကရိပ်မိ၍ ကျန်းယန်ရှန့်အား တိုက်ရိုက်ပြောနေကြခြင်းဖြစ်သည်။ 


လူတိုင်းကစိတ်လှုပ်ရှားနေကြ‌ချိန် သူတို့ကတော့အနည်းငယ်စိုးရိမ်နေကြသည်။ 


အချို့က ဤမေးခွန်းအားမေးသည်ထိပင်‌ဖြစ်သည်။


" ငါတို့ဘာလုပ်သင့်လဲ…ဒီပိုက်ဆံတွေပြန်ပေး

လိုက်ကြမလား…"


"ဘာလို့ပြန်ပေးရမှာလဲ…ဒါကဆုတစ်ခုပဲလေ…"


"ဒါဆို ငါတို့ဒီပိုက်‌ဆံတွေနဲ့ဘာလုပ်ကြမလဲ…"


အဘယ်ကြောင့်ဆိုသော် ဤဗီဒီယိုများက ဗီဒီယိုရိုက်သူတစ်ယောက်တည်းပိုင်ခြင်းမဟုတ်ဘဲအားလုံးအတူတူပါဝင်ထားကြခြင်းကြောင့် ဖြစ်သည်။ အထက်တန်းကျောင်းသူလေးများက ပထမအကြိမ်ပိုက်ဆံအများကြီးရဖူးခြင်းဖြစ်၍ဤပိုက်ဆံများဖြင့်ဘာလုပ်ကြရမည်ကိုမသိဖြစ်နေကြသည်။ 


အတန်းဖော်တစ်ယောက်ကဆုံးဖြတ်ချက်တစ်ခုချကာ


" ဒီပိုက်ဆံတွေကယန်ရှန့်ပိုင်တာလေ…အဲ့တော့ယန်ရှန့်ကိုပဲဆုံးဖြတ်ခိုင်းလိုက်ကြတာပေါ့…"


"အင်း သဘောတူတယ်…"


"ငါလည်းသဘောတူတယ်"


"ငါလည်းသဘောတူတယ်နော်…"


" ငါလည်းသဘောတူတယ်ဟေ့…"


ကျန်းယန်ရှန့်ခဏမျှစဉ်းစားလိုက်ပြီး


" ဒီပိုက်ဆံတွေကို ဒီဗီဒီယိုတွေ ဖြစ်မြောက်ဖို့ဝိုင်းဝန်းပါဝင်ပေးကြတဲ့ သရုပ်ဆောင်တွေ ကင်မရာမန်းတွေ ဇာတ်လမ်းဖန်တီးသူတွေ စတဲ့ပါဝင်သူအားလုံးကိုအညီအမျှခွဲဝေပေးမယ်…"


ကျန်းယန်ရှန်းပြောသည်ကိုအားလုံးသဘောတူကြသည်။ 


"ကောင်းတယ်…"


" ဒီနည်းမဆိုးဘူး…"


"အဲ့လိုပဲလုပ်ကြတာပေါ့…"


ကျန်းယန်ရှန့်ကတစ်ချက်ကြည့်ကာ


" ငါတို့ကဒီဗီဒီယိုတွေကိုအပျော်အတွက်ပဲရိုက်ခဲ့တာနော်…ပိုက်ဆံရှာဖို့အတွက်မဟုတ်ဘူး…အခုအဲ့ဒါကြောင့်နဲ့လူတွေစိတ်အနှောင့်အယှက်ဖြစ်ဖို့ဆိုတာလည်းလွယ်သွားပြီ…နောင်ငါတို့ဘာဗီဒီယိုမှမရိုက်တော့တာကောင်းမယ်…အခုချိန်ကစပြီးစာပဲကြိုးစားကြစို့…"


"ငါလည်းအဲ့လိုပဲတွေးမိတယ်…ဒီနေ့ပိုက်ဆံအများကြီးရတာကိုမြင်ပြီးတော်တော်အံ့ဩသွားတာ…"


"အင်းဟုတ်တယ်အဲဒ့ါသေလောက်အောင်

ကြောက်စရာကောင်းတယ်…"


"ယန်ရှန်းပြောတာအမှန်ပဲ…စာပဲကြိုးစားကြတော့စို့…"


သို့သော်လည်း အချို့သူများကတော့စိတ်ရှုပ်သွားကြပြီးတီးတိုးတီးတိုးပြောနေကြသည်။  


" ငါတို့ဒီအတိုင်းပိုက်ဆံရှာ‌နေနိုင်တာပဲ…အဲ့ဒါကိုဘာလို့ဆက်မရှာချင်ကြတော့တာလဲ…"


ကောင်းမွန်သောဆက်ဆံရေးရှိနှင့်ပြီးသားသူတစ်ယောက်က သူ့အားချက်ချင်း စာပြန်လိုက်သည်။ 


" နင်ရူးနေလား…ဒီပိုက်ဆံတွေကငါတို့အတွက်လို့နင်ထင်နေတာလား…တစ်ယောက်ယောက်ကယန်ရှန့်ကိုကြိုက်နေလို့လုပ်ခဲ့တယ်ဆိုတာသိသာနေတာပဲ…ယန်ရှန့်သာဗီဒီယိုမှာမပါတော့ရင်အဲ့ဒီလူကနင့်ကိုပိုက်ဆံပေးဦးမယ်ထင်လို့လား…"


ထိုအတန်းဖော်ပါးစပ်ပိတ်သွားခဲ့သည်။ 


ကျန်းယန်ရှန့်တစ်ယောက် တခဏမျှလူကြီးများပြောနေသည်များကိုနားထောင်လိုက်သည်။ 


မည်သို့ပင်ဖြစ်စေကာမူ အရမ်းပျင်းစရာကောင်းသည်။ သူမ၏ဝမ်းကွဲအစ်မအသွင်အပြင်ကိုသာပြောနေကြသည်။ သူမ၏အဒေါ်ကလည်း ‌ယောက်ျားလေးများအကြောင်းပြောနေရင်း သူတို့၏မိသားစုအခြေအနေ၊သူတို့၏ရုပ်ဆင်းအင်္ဂါ၊ကျန်းချီအားစိတ်ကျေနပ်စေရန်မည်သို့လုပ်ဆောင်ပုံတို့အားပြောနေသည်။ 


သူမခဏလေးနားထောင်လိုက်ပြီး သူမဖုန်းအားတဖန်ထပ်ငုံ့ကြည့်လိုက်သည်။ 


အုပ်စုထဲမှအတန်းဖော်များကတစ်ဦးချင်းတိုင်ပင်ပြီးနောက်အုပ်စုထဲတွင်ကျန်းယန်ရှန့်အားအသိပေးလိုက်သည်။ 


"@ကျန်းယန်ရှန့် ယန်ရှန့် ငါတို့ဆုံးဖြတ်ပြီးသွားပြီ…ဒီဆုကြေးငွေ‌တွေကတကယ်နင်နဲ့ပဲဆိုင်တယ်… အဲ့တော့ငါတို့ဒီလိုစီစဉ်လိုက်တယ်…ရလာတဲ့ဆုကြေးငွေကိုဒီလိုခွဲမယ်…ဗီဒီယိုတစ်ပုဒ်ချင်းစီအတွက်နင့်ကိုယွမ် 1000 ပေးမယ်…အဲ့တော့ ယွမ် 9000 ကျန်မယ်…အဲ့ 9000 ကို နင်အပါအဝင်အခြားပူးပေါင်းပါဝင်သူတွေနဲ့ထပ်ခွဲမယ်…အဲ့ဒီအစီအစဉ်ကို အဖွဲ့ဝင်အားလုံးသဘောတူပြီးကြပြီ နင်ကန့်ကွက်လို့မရတော့ဘူး…ဒါပဲ…"


ပြောပြီးနောက်စာကြောင်းနောက်ဆုံးတွင် 


" OK " ဟူသော ရုပ်ပုံလေးပါတွဲပို့လာသည်။ 


ချစ်စရာကောင်းသောအဖွဲ့လေးတစ်ဖွဲ့ပင်ဖြစ်သည်။ 


ကျန်းယန်ရှန့်ကူရာမဲ့စွာ ပြုံးနေ မိသည်။ 


Xxxxxx