အပိုင်း ၂၂၉-၂၃၀
Viewers 28k

Part 229


ကျန်းယန်ရှန့်နှင့်ကျန်းဟယ်လင်းတို့ နှစ်သစ်ကူးနေ့မတိုင်ခင်ပြန်ရောက်လာခဲ့သည်။ အ‌ဘယ်ကြောင့်ဆိုသော် သူတို့၏အဖွားအသက်ရှင်နေသေးသရွေ့ နှစ်သစ်ကူးပွဲတော်အား နှစ်တိုင်း ကျန်းမိသားစုဝင်များအားလုံးအတူတူဖြတ်သန်းကြသည်။ 


သို့သော် ထိုနှစ်တွင် သူမအဒေါ်နှင့်အစ်မဝမ်းကွဲတို့အတော်ပျော်နေကြပုံရသည်။ သူတို့က လူတိုင်းအား ထူးထူးဆန်းဆန်းများပြောလာသည်။ 


" ကျောင်းစမဖွင့်သေးခင် သူတို့ရုပ်သံတစ်ခုလာရိုက်ကြလိမ့်မယ်…ကြော်ညာရိုက်ဖို့နဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေကလည်းကောင်းကောင်းပြင်ဆင်ပြီးကြပြီ…ခုအဲ့အကြောင်းကအင်တာနက်ပေါ်မှာစိတ်ဝင်စားစရာဖြစ်နေတယ်…"


ကျန်းချီရင်းနှီးမြှုပ်နှံထားသော တီဗီစီးရီးက ဆောင်းရာသီပွဲတော်အတွက်မကြာခင်ထုတ်


လွှင့်တော့မည့်အကြောင်းထွက်လာ၍ဖြစ်သည်။ 


ကျန်းချီက


" ယန်ယန်ပါဝင်ထားတဲ့ ဗီဒီယိုကကောအခြေအနေဘယ်လိုရှိလဲ…ငါကြားတာတော့ ဒီနှစ် တရုတ်နှစ်သစ်ကူးပွဲတော်မှာထုတ်လွှင့်ဖို့တော့စီစဉ်ထားတယ်ကြားတယ်…ဒါပေမယ့် ထပ်ရွှေ့သွားပြန်ပြီ…ဒီလိုဖြစ်တာနှစ်ခါရှိပြီ ဟုတ်တယ်မလား…"


သူမအသံအနေအထားကိုကြည့်ခြင်းဖြင့် သူမဒီအကြောင်းကိုအတော်စိတ်ဝင်စားနေ

သည်ကိုသိနိုင်လိမ့်မည်။ 


" အင်း ဟုတ်တယ်…"


ကျန်းယန်ရှန့်ဤအရာအားကြိုတင်ခန့်မှန်းထားမိသောကြောင့် ဆန့်ကျင်မနေတော့ဘဲ


" ဘယ်ဗီဒီယိုတွေကဒီလိုဖြစ်ဖူးလို့လဲ…သူတို့က တီဗီစီးရီးတွေထက်ကို တော်တော်အနှောင့်အယှက်ပေးတယ်…"


" ဒါကြောင့်ပေါ့…ရင်းနှီးမြှုပ်နှံတော့မယ်ဆိုရင် အဖက်ဖက်ကကြုံလာနိုင်တာတွေကို ကြိုတင်တွေးဆထားရတယ်…"


ဟု ကျန်းချီကအလေးအနက်ပြောပြနေသည်။



ကျန်းယန်ရှန့် ခေါင်းတဆတ်ဆတ်ငြိမ့်ကာ


" အစ်မပြောတာဟုတ်တယ်…"


ကျန်းဟယ်လင်းက သူမ၏မျက်လုံးအစုံနှင့် မည်သည့်စကားတစ်ခွန်းမျှမပြောဘဲ ကျန်းချီကိုတလှည့် ကျန်းယန်ရှန့်ကိုတလှည့်ကြည့်နေသည်။ 


ညရောက်သောအခါ သူမက ကျန်းယန်ရှန့်အားတိတ်တိတ်လေးမေးလာသည်။ 


" အစ်မ သမီးတို့ပိုက်ဆံ‌တွေရှုံးတော့မှာလား…"


သမီးတို့ဆိုသော စကားထဲတွင်မည်သူတွေပါသည်ကိုသူမသိပါသည်။ 


ကျန်းယန်ရှန့်က သူမခေါင်းလေးအားပုတ်ကာ


" မသေချာသေးပါဘူး…"


ကျန်းဟယ်လင်းစိုးရိမ်နေသည်။ 


" နင့်လို ဘယ်ကလေးကများဒီလိုစိုးရိမ်နေမှာလဲ…"


ကျန်းဟယ်လင်းကမပျော်မရွှင်နှင့်


" သမီးတို့ပိုက်ဆံတွေရှုံးသွားခဲ့ရင် အန်တီနဲ့အစ်မချီချီက မကောင်းပြောစရာထပ်ရသွားမှာပေါ့…"


သူမကြီးပြင်းလာသောအခါ ထိုစကားလုံးများ၏နောက်ကွယ်ကအဓိပ္ပာယ်ကိုနားမလည်ခဲ့ပေ။ 


ကျန်းယန်ရှန့်သူမ၏ခေါင်းလေးကိုပွေ့ဖက်


လျက် အသေအချာပြောလာသည်။ 


" ရှုံးမှာမဟုတ်ဘူး ဒါကြောင့် အဲ့အကြောင်းတွေမစဉ်းစားနဲ့ ဟုတ်ပြီလား…"


ကျန်းဟယ်လင်းရွှင်ရွှင်ပျပျဖြစ်လာသည်။ သူမ ကျန်းယန်ရှန့်အားဖက်လိုက်ကာ တိုးတိုးလေးမေးလာသည်။ 


" အစ်မချီချီရဲ့ တီဗီစီးရီးကကောဘာဖြစ်မှာလဲ…"


ကျန်းယန်ရှန့်က


" ငါဘယ်လိုသိမှာလဲ…"


ကျန်းယန်ရှန့်က သူမအားအဖြေမပေးနိုင်သောကြောင့် ကျန်းဟယ်လင်းတစ်ယောက် အသည်းအသန်စဉ်းစားနေတော့သည်။ 


ထို့ကြောင့် သူမတီဗီအစီအစဉ်အားမလွတ်တမ်းစောင့်ကြည့်ရန်ဆုံးဖြတ်လိုက်သည်။ 


"သရုပ်ဆောင်ပုံတွေကအရမ်းကြည့်ကောင်း

တာပဲ…"


ဟု မှတ်ချက်ပေးခဲ့သည်။ 


ကျန်းယန်ရှန်ကဖြင့်မကြည့်ခဲ့ပေ။ ထိုဇာတ်လမ်းအမည်က " A Man who Holds the Sky " ဖြစ်သည်။ ကျန်းယန်ရှန့်တစ်ယောက်နာမည်ကြားသည်နှင့်ကြည့်ချင်စိတ်မရှိတော့ချေ။ 


" ဘယ်လိုလဲ…"


 သူမမေးလိုက်သည်။ 


ကျန်းဟယ်လင်းက


" သရုပ်ဆောင်ပုံတွေကအရမ်းကောင်းတယ်…"


"..."


ကျန်းယန်ရှန့်က 


" ပြီးတော့ဘာဖြစ်လဲ…"


" စစချင်းမှာ အရည်အချင်းမရှိတဲ့ အမျိုးသားတစ်ယောက်နဲ့စတယ်…နောက်တော့သူက အများကြီးအားကြီးလာပြီး သူ့ကိုရင်ဆိုင်ဖို့လည်းအများကြီးခက်လာတယ်…အဲ့လိုနဲ့ နောက်ဆုံးကျတော့ ဘယ်သူမှသူ့ကိုမနိုင်တော့ဘူး…သူ့ကိုအရင်ကလှောင်ပြောင်ခဲ့ဖူးတဲ့သူတွေက ဆိုးဆိုးရွားရွားဖြစ်ကုန်တယ်…


" အမျိုးသမီးတွေများပေမယ့် အဲ့ထဲမှာ အမျိုးသားကတစ်ယောက်တည်း…ဒီနေ့မှာသူ့ကို မိန်းမတစ်ယောက်ကနမ်းရင် နောက်တစ်နေ့ နောက်မိန်းမတစ်ယောက်ကသူ့ကိုနမ်းတယ်…မိန်းမတစ်ယောက်က သူ့ကိုဒီနေ့မှာအထင်လွဲခဲ့ရင် နောက်တစ်နေ့နောက်မိန်းမတစ်ယောက်ကအထင်လွဲတယ် …ဘယ်လိုပဲဖြစ်ဖြစ် ဘယ်မိန်းမကမှ ပြဿနာကိုသေသေချာချာမဖြေရှင်းချင်ကြဘူး…အဲ့လိုနဲ့ သူတို့ကအချင်းချင်းအထင်တွေလွဲ စိတ်တွေဆိုးဖြစ်နေကြတာပေါ့…ဖြေရှင်းပြီးကြပြီဆိုတော့လဲထပ်နမ်းကြပြန်ရော…သူ့ကိုနားမလည်ပေးနိုင်တဲ့မိန်းမတွေနဲ့ပြောဆို ဆက်ဆံနေရင်းနဲ့ အခြားသူတွေနဲ့လည်းရန်ဖြစ်တတ်သေးတယ်…ဒါပေမယ့် နောက်ဆုံးမှာ အဲ့ဒီ့အမျိုးသမီးတွေက သူ့ကိုအရမ်းလေးစားအားကျနေတုန်းပဲ…"


ကျန်းယန်ရှန့်က


" …ဟုတ်ပြီ…"


သေချာသလောက်ကတော့ သူမ ကြည့်ချင်သောဇာတ်လမ်းမျိုးတော့မဟုတ်ပေ။ 


ကျောင်းမဖွင့်ခင် မိုလင်းက ကျန်းယန်ရှန့်အားဖုန်းခေါ်ကာ သတင်းကောင်းနှစ်ခုသူမကိုလှမ်းပြောခဲ့သည်။ 


" အရင်ဆုံး " A Man who Holds the Sky" ဇာတ်လမ်းနဲ့ပတ်သက်ပြီး ညီမရဲ့အမျိုးတစ်ယောက်က ဒီဇာတ်လမ်းတွဲမှာ ရင်းနှီးမြှုပ်နှံထားတယ်ဆို…"


" အခုကြည့်ကြည့်… ဒါကအဆင်ပြေတယ်…


ညီမမရှုံးဘူးလို့ အာမခံချက်ပေးနိုင်တယ်…အဲ့ဒါက နောက်ဆုံးအခြေအနေနဲ့တည်ငြိမ်နေတယ်…အဲ့တော့ သူတို့အကျိုးအမြတ်နည်းနည်းပဲရနိုင်ချေရှိ

တယ်…"


"အိုး…"


ကျန်းယန်ရှန့်က ထို‌အကြောင်းကိုစိတ်ဝင်စားနေခြင်းမဟုတ်ပေ။ ကျန်းချီ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ သူမဘာမှလုပ်လို့ရမည်မဟုတ်ပေ။ 


ထို့ကြောင့်


" နောက်တစ်ခုကကော…"


ဟု မေးလိုက်သည်။ 


" နောက်တစ်ခု…" လာမည့်နွေရာသီအားလပ်ရက်၌ထွက်ရန် သတ်မှတ်လိုက်သည်ဟု ‌မိုလင်းကပြောခဲ့သည်။ 


ဤသတင်းက ကျန်းယန်အားလုံးဝအံ့ဩသွားစေသည်။ 


" တကယ်လား…"


" တကယ်ပေါ့…"


 မိုးလင်ကပြုံး၍ပြောလာသည်။ 


" အားလုံးစီစဉ်ပြီးပြီပေါ့…"


ထိုအရာက သူမအရင်ဘဝကထက်ပင်နှစ်ဝက်ခန့်‌စော နေသည်။ 


ကျန်းယန်ရှန့်ထိုအကြောင်းအားအလေးအနက်စဉ်းစားနေသည်။ နောက်ပိုင်း မိုလင်းနှင့်ငွေကြေးပိုင်းဆက်ဆံရာ၌တစ်စုံတစ်ရာရှိလာနိုင်သည်ဟုခံစားနေရသည်။ အခြားအရာများထက် မိုးလင်က K မြို့ တစ်ခုတည်းမှပင် ယွမ် 150 မီလီယံနီးပါး မတည်ထားသည်။ 


ရန်ပုံငွေများက တစ်နေရာထဲရှိနေသရွေ့တော့ ဇာတ်လမ်းမတိုးတက်ဖို့ရာ မဖြစ်နိုင်ပေ ထို့ကြောင့်ပင် သူမအရင်ဘဝကထုတ်လွှင့်သည့်အချိန်ထက်စော၍ အချိန်ဇယားအားပြုပြင်လိုက်ခြင်းဖြစ်ရမည်။ 


" ဒါဆို မျှော်လင့်နေမယ်နော်…"


 ကျန်းယန်ရှန့်ပြောလိုက်သည်။ 


" စိတ်မပျက်စေရပါဘူး…အစ်မကြည့်ပြီးပါပြီ…မပြုပြင်ရသေးပေမယ့်လည်း အလေးအနက်ပြောနိုင်တာက ညီမ စိတ်မပျက်စေရပါဘူး…"


" ကောင်းပါပြီ…ဒီဗီဒီယိုရဲ့အရည်အသွေးကိုယုံပါတယ်…"

 ကျန်းယန်ရှန့်ပြုံးကာပြောလိုက်သည်။ 


ကျန်းယန်ရှန့်က ရှုလီချန်အားသတင်းကောင်းပြောခဲ့သော်လည်း ရှုလီချန်က


" ငါသိပြီးပြီ…"


" ဟဲ့ အစ်မမိုက နင့်ကိုအရင်ဖုန်းခေါ်ခဲ့တာလား…"


ဟု ကျန်းယန်ရှန့်မေးလိုက်သည်။ 


" မဟုတ်ပါဘူး…အစ်ကိုဟိုက် ပြောခဲ့တာ…"


 ရှုလီချန်ကပြန်ပြောလိုက်သည်။ 


ကျန်းယန်ရှန့် "... ဘယ်သူ…"


" သူက လက်ထောက်ဒါရိုက်တာလေ… ကဲ ငါဆောင်းရာသီပိတ်ရက်မှာ ဘာလုပ်ခဲ့တယ်ထင်လဲ မှန်းကြည့်…"


" နင်ပြောမှာလား ငါဖုန်းချလိုက်ရတော့မှာလား…"

ငါမမှန်းချင်ဘူး…"


" ကျစ်…"


" ငါ သရုပ်ဆောင်ဖို့သွားခဲ့တယ်…"


 ရှုလီချန်က ကြွားလုံးထုတ်လိုက်သည်။ 


ကျန်းယန်ရှန့် : " …ဟမ်…"


" အစ်ကို ယန်းကျီ မိတ်ဆက်ပေးခဲ့တာ…"

သူက ဂုဏ်ယူဝင့်ကြွားစွာပြောလာသည်။ 


ကျန်းယန်ရှန့် : " …ဘယ်သူလဲ…"


ရှုလီချန် : " သူက နောက်လက်ထောက်ဒါရိုက်တာလေတစ်ယောက်လေ…သရုပ်ဆောင်ပိုင်းလည်းပါတယ်…"


သူနှင့်အတူ အပြင်ထွက်လည်ပြီးသောက်စားခဲ့ကြသည့်

အုပ်စုဖြစ်ပေလိမ့်မည်ဟု နားလည်သွားသည်။ 


ရှုလီချန် ၏စိတ်လှုပ်ရှားမှုများက ဤနေရာ၌မရပ်သေးပေ။ 


" ကျန်းယန်ရှန့် …ငါနင့်ကိုပြောဦးမယ်…သရုပ်ဆောင်လုပ်ရတာကလေအရမ်းစိတ်ဝင်စားစရာကောင်းတာပဲ…"


ကျန်းယန်ရှန့် သူပြောသည်အားခဏ‌နားထောင်နေကာ စကားဆုံးသည်နှင့်


" ဟုတ်ပြီ… တော်တော့…ကျောင်းတက်တော့မယ်…နင့်


အားလပ်ရက်အကြောင်းပြီးဦးမှာလား…"


" ကျန်းယန်ရှန့်…"


" ပိတ်ရက်ကပေးလိုက်တဲ့အိမ်စာတွေ‌အကြောင်းမဟမိစေနဲ့နော်…မဟုတ်ရင်သေခန်းပြတ်ပဲ…"


 ရှုလီချန် အော်ပြောလိုက်သည်။ 


Xxxxxx


Part 230


အထက်တန်းဒုတိယနှစ်၏ဒုတိယနှစ်ဝက်


ကျောင်းတက်ရသောဘဝက ဖိအားများဖြင့်ပို၍ပင်ပန်းလာရသည်။ 


ရာသီဥတုကအနွေးဓာတ်လွှမ်းလာသော


ကြောင့် ကျောင်းတက်ချိန်စောပြီး ကျောင်းဆင်းချိန်ကိုတော့နောက်ကျမှဆင်း


ပေးသည်။ အနီးနားရှိအနေထိုင်ရန်မတတ်နိုင်သော


ကျောင်းသားအချို့ကမနက်ခင်း ၅ နာရီထကြရသည်။ အိမ်ပြန်ရောက်ချိန်သည်လည်း ည ၁၀ နာရီခန့်ဖြစ်ပြီး ကျောင်းစာများကို သန်းခေါင်ယံထိတိုင်အောင်လုပ်ကြရသေးသည်။ 


ကျန်းယန်ရှန့်ကဖြင့်အဆင်ပြေသည်။ သူမက အိမ်နှင့်ကျောင်းကြားကားမောင်းနေချိန်ကားပေါ်၌အနားယူကာ တမှေးလောက်အိပ်စက်နိုင်သည်။ 


သို့သော်လည်း စနေ ၊တနင်္ဂနွေ နေ့များတွင်တော့နောက်ကျတဲ့ထိအိပ်ရသည်။ အခြေခံအားဖြင့် တခြားရက်များ၌ကုန်ဆုံးသွားသောအားအင်


များကို ထိုပိတ်ရက်များတွင် ပြန်ဖြည့်ခြင်းသဘောပင်ဖြစ်သည်။ 


ဤသို့ဖြင့် သူမထုံးစံအတိုင်း အတင်းကုန်းရုန်းထရပြန်သည်။ 


စနေ၊တနင်္ဂနွေ ပိတ်ရက်မနက်ခင်းတစ်နေ့တွင် သူဘာကြောင့်အစောကြီးနိုးလာသည်ကိုကျန်းရှို့ချန်မသိချေ။ သူ့ကျန်းယန်ရှန့်၏ပြတင်းပေါက်မှတဆင့် ကျန်းယန်ရှန့်အား အသံပြဲကြီးနှင့်အော်နှိုးကာ ခြံထဲဆင်းပြေးခဲ့သည်။ ကျန်းယန်ရှန့်တစ်ယောက် သူ့အားရိုက်ရန် ညအိပ်ဂါဝန်ကြီးနှင့်ဆင်းပြေးလာသည်။ 


ကျန်းရှို့ချန်တစ်ယောက် ကျန်းဟွမ်ရှေ့တွင် မျက်ရည်များပိုးပိုးပေါက်ပေါက် ကျပြနေသည်။ 


ကျန်းဟွမ်က သူ့၏မျက်ရည်များကိုသုတ်ပေးနေရင်းသက်


ပြင်းချကာ သူ့အားနားဝင်အောင်ပြောပြနေသည်။ 


" စနေ၊တနင်္ဂနွေနေ့တွေဆိုရင် ခြံရှေ့မှာပဲဆော့ ခြံနောက်ဘက်မသွားနဲ့…အဲ့လိုဆို အစ်မအတွက်အနှောင့်အယှက်မဖြစ်တော့ဘူးပေါ့…ဟုတ်ပြီလား…အစ်မကခုတက္ကသိုလ်


တက်လို့ရအောင်ကြိုးစားနေရတာ…အရမ်းပင်ပန်းတာပေါ့…"


ကျန်းရှို့ချန်မျက်ရည်များကိုသုတ်လိုက်ပြီးငိုသံကြီးနှင့်


" ဟုတ်ကဲ့…"


ဟု ပြောလာသည်။ 


ဧပြီလ၏ ပျင်းစရာကောင်းလှသောအဟုန်အောက်ဝယ် ရှုလီချန်တစ်ယောက်ရက်သတ္တပတ်ခန့်ကျောင်းနားနေ‌သည်ကိုသူမသိခဲ့ရသည်။ သူ၏အတန်းဖော်များထံမှတဆင့်ကြားခဲ့ရ

ခြင်းဖြစ်သည်။ 


ကောင်လေးနှစ်ယောက်ကျန်းယန်ရှန့်ကိုရှာရန်လာခဲ့သည်။ တစ်ယောက်ကမျက်မှန်ဝတ်ဆင်ထားပြီး တစ်ယောက်ကဖြင့် အတန်း ၅ မှ အတန်းခေါင်းဆောင်ဖြစ်သည်။ 


" ရှုလီချန်က နင်နဲ့မိတ်ဆွေတွေလို့ပြောတယ်…"


" သူဘယ်အချိန်လောက်ကျောင်းပြန်တက်မလဲ

နင်သိမလားလို့…သူ ၇ ရက်တောင်ကျောင်းပျက်ထားတယ်…ငါတို့စာပို့တာလဲသူဘာမှပြန်မပြောဘူး…သူစာတွေမလိုက်နိုင်တော့မှာစိုးရိမ်လို့…"


ဟု အတန်းခေါင်းဆောင်ဖြစ်သူကပြောလာသည်။ 


ကျန်းယန်ရှန့်တစ်ယောက် တော်ကြာစကားမပြောနိုင်လောက်အောင်အံ့အားသင့်နေရသည်။ 


ယခုဘဝကအရမ်းကွာခြားလှသည်။ သူမနှင့်ရှုလီချန်နှစ်ယောက်စလုံးက အတန်း ၈ မှအထုတ်ခံခဲ့ရသည်။ ကျောင်းပျက်ကွက်များသည့်အတွက်အထုတ်ခံခဲ့ရခြင်းဖြစ်သည်။ ထို့နောက် နှစ်ယောက်စလုံး ကိုယ့်လမ်းကိုယ်ဆက်လျှောက်ခဲ့ကြသည်။ ဤအတိုင်းဆိုလျှင် ရှုလီချန်က ယခု မည်သို့ဖြစ်ပြန်သနည်း။ 


" ငါတို့တော့မသိတော့ဘူး…"


မျက်မှန်နှင့်ကိုကြီးက သူ၏မျက်မှန်အားပင့်တင်ကာဆိုလာသည်။ 


" ဆရာမလည်းမသိဘူး…ဒါပေမယ့် ဆရာမပြောတာတော့ သူ့အိမ်နဲ့ပဲပြဿနာတစ်ခုခုရှိနေလား…


သူအဖေပဲနေမကောင်းဖြစ်နေတာလားပဲတဲ့…"


ရှူအဖေနေမကောင်းဖြစ်နေတယ်…။ 


ကျန်းယန်ချန့်၏နှလုံးသားတစ်စုံအ ကြောင်းရင်းရှာမရပါဘဲရုတ်တရက်ပြင်းပြင်းထန်ထန်ခုန်သွားပြီး စိုးရိမ်ပူပန်မှုများတရိပ်ရိပ်ဖြစ်ပေါ်လာသည်။ 


စကားပြောပြီးနောက် သူမကားထဲအလောတကြီးဝင်ကာရှုလီချန်ထံ


ဖုန်းခေါ်ရန်ဖုန်းထုတ်လိုက်သည်။ 


ဖုန်းကချိတ်ဆက်သွားသော်လည်းရှူလီချန်က


ဖုန်းချပစ်ဟန်တူသည်။ 


ကျန်းယန်ရှန့်လည်း သူ့ဖုန်းနံပါတ်အား နှစ်ကြိမ်နှစ်ခါထပ်ခေါ်သည်။ နှစ်ခါလုံးချပစ်ခဲ့သည်။ 


ကျန်းယန်ရှန့် ပို၍စိုးရိမ်လာခဲ့သည်။ 


သူမ ခဏမျှစဉ်းစားလိုက်ပြီး ကျန်းဟွမ်အားဖုန်းခေါ်လိုက်သည်။ 


" အဖေ… သမီးမေးစရာလေးရှိလို့…မဟုတ်ဘူး ခုကားထဲမှာ ခဏနေရင်အိမ်ရောက်တော့မယ်…ဟုတ် စားပြီးပြီ…သမီးအရင်ပြောဦးမယ်…သမီးမေးစရာလေးရှိလို့…"


" သမီးအတန်းဖော် ရှုလီချန်လေ…ဟုတ်တယ်…အဖေ ရှောင်ရှုလို့ခေါ်တဲ့တစ်ယောက်လေ…ဟုတ်


တယ်…သူတို့မိသားစုအခုတလောဘာတွေဖြစ်နေလဲအဖေသိလား…မဟုတ်ဘူး…အဲ့ဒါမဟုတ်ဘူး…တခြားဟာကော…"


ကျန်းဟွမ်က


" အဖေဘယ်လိုသိမှာလဲ…နေ့တိုင်း ကွာရှင်းထားတဲ့စုံတွဲကိုကြည့်နေတာမှမဟုတ်တာ…ဒါပေမယ့် မစိုးရိမ်ပါနဲ့…အဖေသမီးအတွက်စုံစမ်းပေးမယ်ဟုတ်ပြီလား…"


ကျန်းဟွမ်ဖုန်းချလိုက်ပြီး ကျန်းယန်ရှန့်အတွက်စုံစမ်းပေးရန်ထွက်လာခဲ့သည်။ 


မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက် သူက သူမအားဖုန်းခေါ်လိုက်သည်။ 


" တစ်ခုခုတော့မှားနေပြီ…"


ကျန်းယန်ရှန့်ကတည်ငြိမ်သောအသံဖြင့်


" ပြောပြပါဦး…"


" အဖေဘယ်လိုပြောပြရင်ကောင်းမလဲ…"


ကျန်းဟွမ်၏အသံက ခံစားချက်များဖြင့်ပြည့်နေပြီး


" ရှောင်းရှူရဲ့အဖေလေ…စိတ်ထိခိုက်ပြီးနေမ

ကောင်းဖြစ်နေတယ်တဲ့…"


ထိုသတင်းက ကျန်းယန်ရှန့်၏ခေါင်းအား မိုးကြိုးပစ်လိုက်သကဲ့သို့ပင်…။ 


"အဖေအရင်လကကျေးရွာပြန်လည်ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့အစည်းအဝေးတစ်ခုသွားတက်တော့ သူ့ကိုအဲ့မှာ‌တွေ့တယ်…အခုတော့ သူ့ရဲ့ဇနီး ရှောင်ရှူရဲ့အမေက ပြောတယ် …သူ စိတ်ထိခိုက်လွန်းပြီး စိတ်ကျန်းမာရေးဆေးရုံတောင်တင်ထားရ

တယ်တဲ့…"


" ဒါကအရမ်းစိုးတယ်…အဖေသူ့ကိုခုပဲ စိတ်ကျန်းမာရေးဆေးရုံမှာတွေ့လာတာ…"


"အဲ့ဒါကိုတွေးရင်အရမ်းစိတ်မကောင်းဖြစ်လာတယ်…"


ကျန်းဟွမ်ပြောလာသည်။ 


ကျန်းယန်ရှန့်ခေါင်းထဲ လူများစကားပြောသံကိုကြားလာသည်။ 


သူမ ထိုအရာအားလုံးကို နားလည်ပြီးသားဖြစ်နေသည်။ 


ရှူအမေ သူမအရင်ဘဝကမတတ်နိုင်ခဲ့သောအ

ရာက ယခုဘဝ၌ ပြီးဆုံးသွားခဲ့လေပြီ။ သူမ ထိုစက်ဆုပ်စရာကောင်းသောလူကြီး ရှူအဖေအား ထိန်းချုပ်ခဲ့သည်။ 


သို့ပေမယ့် ထိုအရာက မည်ကဲ့သို့ဖြစ်သွားခဲ့သနည်း။


ရှူမိသားစု၏ ‌ခင်ပွန်းနှင့်ဇနီး ကကွာရှင်းဖို့ရာအတွက် ပြင်းပြင်းထန်ထန်ရန်ဖြစ်ခဲ့ကြဖူးသည်။ တစ်ခါတစ်ရံ ကိုယ်ထိလက်ရောက်လုပ်သည်များပင်ရှိခဲ့သည်။ သူတို့နှစ်ယောက်လုံးက အချင်းချင်းသတိထားကာနေထိုင်ခဲ့ကြသည်။ 


သူမ၏အရင်ဘဝ၌ ရှူအမေက ရှုအဖေအား အပြစ်ပုံချရန် ဧည်သည်များအားအန္တရာယ်ရှိစေနိုင်သော လူသတ်လက်နက်အဖြစ် " Hongmen Banquet " အားလျို့ဝှက်စီစဉ်ခဲ့သည်။ ရှုအဖေက သူမအားသတိထားနေနေ၍သာ သူ၏ကိုယ်ရံတော်များကြောင့် အသက်ရှင်ခဲ့ရသည်။ 


ယခုဘဝ၌ မည်ကဲ့သို့ဖြစ်ပျက်ခဲ့သနည်း။ 


ကျန်းယန်ရှန့်သူမ‌အတွေးများအား အစီအစဉ်တကျခွဲနေတော့သည်။ 


ညခင်း ၁၀ နာရီခန့်ဆိုရင် လမ်းပေါ်၌ ရှင်းနေပြီဖြစ်သည်။ 


ဘာကြောင့်များ သူမ မြှုပ်နှံထားသော ရုပ်ရှင် က နှစ်ဝက်ခန့်ကြိုတင်၍ ထွက်ရတာပါသလဲ။ အဘယ်ကြောင့်ဆိုသော် ငွေအင်အားတောင့်တင်းသောကြောင့်ဖြစ်သည်။ မိုးလင်က ကျန်းယန်ရှန့်တွေ့ဆုံကာ ၁၅၀မီလီယံခန့် ထုတ်သွားခဲ့သည်။ 


နောက်ဆုံးခွဲခြမ်းစိတ်ဖြာကြည့်လျှင် အားလုံးက ကျန်းယန်ရှန့်ကြောင့်ပင်ဖြစ်သည်။ 


ရှူမိသားစုတွင်လည်း ရှူလီချန်က ပြောင်းလဲတတ်သောတစ်ယောက်တည်းသောသူဖြစ်သည်။ 


ဤအရာက ယခုဘဝနှင့်ယခင်ဘဝ ကြားကွာဟချက်အကြီးကြီးပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှုလီချန်း၏အခန်းကဏ္ဌကပြောင်းလဲသွားသောကြောင့်ဖြစ်သည်။ 


သူမအိမ်ရှေ့ရောက်တော့မည်ကိုမြင်သောအခါ ကျန်းယန်ရှန့်က ကားမောင်းသူအား ပခုံးပုတ်လိုက်ကာ 


" ဒရိုင်ဘာကျိုး ပြန်လှည့်မယ်…"


ကျန်းယန်ရှန့် ရှူအိမ်တော်သို့ထွက်လာခဲ့သည်။ 


အိမ်တော်ကြီးကအနက်ရောင်ဖြစ်နေပြီးမီး


ရောင်များဖြင့်လင်းနေသော်လည်းသရဲအိမ်


ကြီးကဲ့သို့ခံစားနေရသည်။ နေပြီးမှအန်တီကြီးကရေးကြီးသုတ်ပြာထွက်လာကာတံခါးဖွင့်ပေးသည်။ သူမ၏ပုံစံက ခုမှအိပ်ရာနိုးပြီးထလာသည့်ပုံဖြစ်နေသည်။ 


သို့သော် ရှုလီချန်က အိမ်၌မရှိချေ။ 


ရှူအမေလည်း မရှိပေ။ ယခု အိမ်ပိုင်ရှင်များတစ်ယောက်မှမရှိကြချေ။ သခင်ကစိတ်ကျန်းမာရေးဆေးရုံရောက်နေပြီး သခင်မက သခင်၏ခြေရာများထင်ကျန်‌နေသော  ထိုအိမ်ကြီးအားမနှစ်မြို့ချေ။ ယခုထိုအိမ်ကြီးထဲ၌ အန်တီကြီးများသာရှိနေသည်။ သူတို့က နေ့ရက်တိုင်းကိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြပြီး သူတို့ကိုဂရုစိုက်တဲ့သူမရှိတာကိုလည်းသဘောကျနေကြသည်။ တစ်ချိန်တည်းမှာပင် မိသားစုအခြေအနေကဤကဲ့သို့ဖြစ်နေချိန် သူတို့အလုပ်ပြုတ်မှာကိုလည်းစိုးရိမ်နေကြ


သည်။ 


"သူဘယ်သွားလဲတော့မသိပါဘူး…ရုပ်ရှင်သွားရိုက်မယ်လို့တော့ပြောတာပဲ…"


 အန်တီကြီးက ပြန်ပြောသည်။ 


" အိုး ဟုတ်တာပဲ…သူက ရုပ်ရှင်ရိုက်ရတာကြိုက်တာပဲ…"


Xxxxxx