Part 265
ကျန်းယန်ရှန့်က ယွဲ့ စုန့် သူမကို လက်ထပ်ခွင့်တောင်းတဲ့အကြောင်း ရှုလီချန်ကိုသာ ပြောပြခဲ့သည်။
"သေစမ်း! မင်းငြင်းလိုက်တာတောင် ကျေးဇူးတင်ရမယ်" ရှုလီချန်မှာ လက်ထပ်ခြင်းဆိုသော စကားလုံးကို ကြားတိုင်း PTSD ပေါ်လာတာ ဖြစ်သည်။
"လက်ထပ်တာ ဘာကောင်းလို့လဲ? လူတွေက ဘာလို့ လက်ထပ်ချင်နေရတာလဲ? သူတို့ စိတ်ရောမှန်သေးရဲ့လားပဲ? ချစ်ရုံလေးပဲ ချစ်ပြီး ခွေးစာတွေကြဲရတာ မကောင်းဘူးလား? ဘာလို့များ သူတို့က အတူတူ ချည်နှောင်ပြီး ချောက်နက်ထဲ ခုန်ဆင်းချင်နေရတာလဲ?"
T/N Post traumatic stress disorder
ကျန်းယန်ရှန့်ကတော့ သူမအကြောင်း ကောင်းကောင်းသိတဲ့ တစ်ယောက်ယောက် ကို ညွှန်ပြပါက ထိုလူက ရှုလီချန်ပဲ ဖြစ်မည့်အကြောင်း သိလေသည်။
သူနှင့် သူမတို့က ဖြတ်သန်းခဲ့ရသည့် ဘဝအတွေ့အကြုံများက အလွန် တူညီကြပြီး နှစ်ယောက်စလုံးက တစ်နည်းနည်းနဲ့ အပြန်အလှန် နားလည်နေကြခြင်း ဖြစ်လေသည်။
သို့သော်လည်း ရှုလီချန်ကတော့ အမြဲတမ်း တည်ငြိမ်နေပြီး စိတ်ပေါ့ပါးနေသည့် ယွဲ့ စုန့်လို လူမျိုးကို ကျန်းယန်ရှန့်က သူလက်ထပ်ခွင့်တောင်းတာကို ငြင်းလိုက်သည့်အကြောင်းတွေးမိတော့ တဟားဟား အော်ရယ်မိသွားသည်:
"ဒီလူအိုကြီးက စိတ်မမှန်တော့ဘူးလား? သူက နှစ်ဆယ်ကျော်ပဲ ရှိသေးတယ်... သူလက်ထပ်ချင်တဲ့ အိမ်ထောင်ရေးမျိုးက ဘယ်လို ဖြစ်မလဲ?!"
ရယ်မောပြီးနောက် သူထပ်မေးလိုက်ပြန်သည်: "ငါပြောကြည့်တာပါ... လောင်ယွဲ့က ဘယ်လိုဖြစ်တာလဲ? သူ့ကို အိုနေပြီပြောရအောင်ကလည်း အသက်22ပဲ ရှိသေးတာကို... တကယ်ပြောတာ... သူက ဘယ်လိုများ လက်ထပ်ဖို့ တွေးမိပါလိမ့်? သူတို့လို အသက်ကြီးတဲ့လူတွေရဲ့ ဦးနှောက်က ငါတို့လို ဆယ်ကျော်သက်တွေနဲ့ တကယ် ကွာတာပဲ.. ဟုတ်တယ်မလား?"
အမှန်အတိုင်းပြောရလျှင်တော့ ကျန်းယန်ရှန့်က ယွဲ့ စုန့်ကို နားလည်လေသည်။
ကျွမ်းကျင်သူတွေက ပြောကြသည်။ အချစ်ရဲ့ အကာအကွယ်ဘဝက 11လအတွင်းမှာပဲတဲ့။ သို့သော်လည်း သူတို့တွေ အတူရှိလာတာ တစ်နှစ်ကျော်နေပြီ ဖြစ်သော်ငြား ကျန်းယန်ရှန့်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲကြောင့် ထိုစာသင်နှစ်အတွင်းမှာ သူတို့ချိန်းတွေ့ရတာ ရှားသည်ပင်။ထို့ကြောင့် သူတို့၏ အမှန်တကယ် ချစ်ရသည့်အချိန်လေးက 11လထက်နည်းနေနိုင်သည်။
ပြီးတော့လည်း ယွဲ့ စုန့်နဲ့ သူမက သူတို့အတူရှိသည့်အချိန်မှာသာ ပူလောင်ပြီး ချိန်မြိန်သည့်ကာလကို ပိုင်ဆိုင်ခဲ့ကြတာ ဖြစ်လေသည်။
များသောအားဖြင့် အမျိုးသားများက စပြီး လက်ထပ်ခွင့်တောင်းသည့် အချိန်က အခြေအနေနှစ်မျိုး ရှိနိုင်သည်: ပထမ အချက်ကတော့ သူတို့က အချစ်မှာ အလွန်အမင်း ပျော်ဝင်နေပြီး သူတို့၏ ခံစားချက်များကို ကန့်သတ်မထားနိုင်တော့တာကြောင့် ဖြစ်သည်။ ဒုတိယ အကြောင်းမှာကာ လူအများက လက်ထပ်မှတ်ပုံတင်ရခြင်း၏ အားသာချက်အကျိုးရလဒ် များကို ချိန်တွယ်နေပြီး လူနှစ်ယောက်က တည်ငြိမ်သည့် မိသားစုဘဝကို တည်ဆောက်နိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်လေသည်။
ပြီးတော့လည်း ကျန်လူများက လက်ထပ်ခွင့်တောင်းဖို့ အကြောင်းအရင်းမရှိတာနှင့် လက်ထပ်ခွင့်မတောင်းချင်တာပဲ ဖြစ်နိုင်သည်။ ဖြစ်နိုင်တာက အချိန်ရောက်လာသည့်အခါ သူတို့ ပိုအသက်ကြီးလာတာကြောင့် ဒါမှမဟုတ် သူတို့မိဘတွေက လက်ထပ်ဖို့ တိုက်တွန်းတာကြောင့် ထိုသူနှစ်ယောက်က တစ်ယောက်ယောက်ကို မရှာတော့ဖို့ ဆုံးဖြတ်ချက်ချလိုက်ခြင်းပင်။ သူတို့က အချင်းချင်း မေးကြလိမ့်မည် "ဘယ်အချိန် လက်ထပ် မှတ်ပုံတင်ကြမလဲ" ပြီးတော့ ထိုပုံစံနဲ့ပဲ ဆက်သွားကြလိမ့်မည်ပင်။
အခုချိန်မှာတော့ ယွဲ့ စုန့်က သိသိသာသာပင် ခိုင်မာသော ချစ်ခြင်းမေတ္တာတို့ ဖြင့်ပထမဆုံး အမျိုးအစား ဖြစ်နိုင်ပေသည်။
ရှုလီချန်က ရယ်မောလိုက်ပြီး ယွဲ့ စုန့်ကို 'လူအိုကြီး'လို့ ခေါ်လိုက်သော်ငြား ယွဲ့ စုန့်က တကယ်တော့ မကြားသေးခင်ကမှ တက္ကသိုလ်မှာ စီနီယာကျောင်းသားဘဝကနေ ဘွဲ့ရထားသည့် ကောင်လေးတစ်ယောက်သာ ဖြစ်လေသည်။သူဘယ်လောက်ပဲ ပိုပြီး ရင့်ကျက်ပြီး တည်ငြိမ်စွာ ပြုမူနေပါစေ အဆုံးမှာတော့ တူညီသည့် လူငယ်ကောင်လေးတစ်ယောက်သာပင်။
သူ လက်ထပ်ခွင့်တောင်းသည့် အချိန်က သူ့သဘောထားကို ပွင့်ပွင့်လင်းလင်း ဖော်ပြခဲ့သည်: ထိုသူက တက္ကသိုလ် ပရဝဏ်မှ ထွင်ခွာသွားပြီး ကျန်းယန်ရှန့်က ထိုပရဝဏ်အတွင်း ဝင်ရတော့မည် ဖြစ်သည်။ ယွဲ့ စုန့်က တက္ကသိုလ် လေးနှစ်တာကာလက လူတစ်ယောက်ကို ဆယ်ကျော်သက် အရွယ်မှ လူငယ်၊မိန်းမငယ်လေး အရွယ်ကို ပြောင်းလဲသွားဖို့ အရေးကြီးသော ကာလဖြစ်ကြောင်း သိလေသည်။ သူ့အတွေးထဲမှာ ဖြစ်နိုင်သည့် အပြောင်းအလဲများကို တွေးမိသည့်အတွက် အာမခံတစ်ခု ရယူထားလိုခြင်းပင်။
သူက ထိုခရီးစဥ် မတိုင်ခင်ကပင် လက်ထပ်ခွင့်တောင်းဖို့ အစီအစဥ်များ လုပ်ထားပြီးသား ဖြစ်ရမည်။
ပြီးတော့လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ အပြီးမှာ ထိုခရီးထွက်ဖို့ အရင်ကတည်းက အစီအစဥ်ဆွဲပြီးသား ဖြစ်သည်။ သူတို့နှစ်ယောက်က သေချာ မပြောထားကြသော်လည်း ကျန်းယန်ရှန့်၏ အရွယ်နှင့်မလိုက်သော ရင့်ကျင်မှုနှင့်ဆိုလျှင် ယွဲ့ စုန့်ကတော့ သူဆိုလိုချင်တာကို သူမနားလည်လိမ့်မည်ဟု သိပြီးသားဖြစ်သည် - ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်က အတူတကွ ခရီးထွက်ကြခြင်းက သူတို့၏ဆက်ဆံရေးကို အဆင့်တက်လိုခြင်းကြောင့်ပင်။
သို့သော်လည်း ထိုညမှာ ယွဲ့ စုန့်က တကယ် တုန့်ဆိုင်းနေခဲ့သည်။ ထိုလူက အမြဲတမ်း အတွေးလွန်ပြီး အစိုးရိမ်လည်း လွန်တတ်သေးသည်။ ထိုအစား ကျန်းယန်ရှန့်ကသာ တိုက်ခိုက်ဖို့ အစပြုခဲ့လို့ သူတို့နှစ်ယောက် အဆင့်တက်ကာ ပိုပြီး နီးကပ်လာကြတာ ဖြစ်သည်။
ကျန်းယန်ရှန့် သေချာမသိတဲ့ တစ်ခုကတော့ အကယ်၍ သူတို့သာ ထိုနေ့က နီးကပ်တဲ့ ဆက်ဆံရေးမရှိခဲ့ရင် ယွဲ့ စုန့်က နောက်တေ့မှာ လက်ထပ်ခွင့်တောင်းပါ့မလား ဆိုတာပင်။
သို့သော်လည်း ထိုအတွေးတွေကို နောက်ထပ်တွေးဖို့ မလိုတော့ပေ။ အကြောင်းမှာ သူတို့နှစ်ယောက်က နီးကပ်တဲ့ ဆက်ဆံရေးတစ်ခု ရှိလာခဲ့ပြီး နောက်တစ်နေ့မှာ ယွဲ့ စုန့်က တုန့်ဆိုင်းမနေဘဲ လက်ထပ်ခွင့်တောင်းလာခဲ့သည်။
ထပ်ပြီးတော့ ကျန်းယန်ရှန့်က ငြင်းလိုက်သောအခါတွင်လည်း စိတ်မပျက်သွားဘဲ တည်တည်ငြိမ်ငြိမ် လက်ခံလိုက်သေးသည်။ ကြည့်ရတာ သူက သူမငြင်းလိုက်မည်ကို အစကတည်းက မျှော်မှန်းထားပြီးသား ဖြစ်ရမည်။
သူ့လက်ထပ်ခွင့်တောင်းခြင်းက အဖြေ တစ်ခုအတွက် မဟုတ်ဘဲ ဖော်ပြချက် တစ်ခုသာ ဖြစ်လေသည်။
သူက အဖြေကို အတင်းမတိုက်တွန်းဘဲ ကျန်းယန်ရှန့်ကို အနာဂတ်မှာ သူတို့၏ဆက်ဆံရေး ရေးအတွက် သူ့ရဲ့ အဆုံးစွန် သော မျှော်လင့်ချက်များကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။
အချစ်က တစ်ခါတစ်ရံမှာ ကစားပွဲတစ်ခု ဖြစ်သည်။
ကျန်းဟယ်လင်း၏ အတန်းတင်စာမေးပွဲ ပြီးသွားတော့ ကျန်းယန်ရှန့်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်သည်လည်း ထွက်လာခဲ့သည်။ သူမက အခြေအနေကောင်းရုံသာ မဟုတ် အလွန်အမင်း အကောင်းဆုံးဟု ဆိုနိုင်ပေသည်။
"K တက္ကသိုလ်.. သေချာပြီ!" ကျန်းဟွမ်က သူမရဲ့ အမှတ်တွေကို ကြည့်ပြီးသည့်နောက်
ကျေနပ်အားရစွာ ပြောလိုက်သည်။
"ဖေဖေ အစ်မက Kတက္ကသိုလ်ကို သေချာပေါက် သွားရတော့မှာလို့ ပြောချင်တာမလား?" ကျန်းဟယ်လင်းက ကျန်းယန်ရှန့်ကိုယ်တိုင်ထက်တောင် စိတ်လှုပ်ရှားနေသေးသည်။
သူမက ခြောက်တန်းနှစ်မှာ ရုတ်တယက် အရပ်ပို ရှည်လာခဲ့ပြီး သူမအမေထက်တောင် ပိုရှည်မည့်ပုံပင်။ သူမအရပ်ကဘအခုအချိန်မှာ အရွယ်ရောက်သူတစ်ဦးနီးပါး ရှိလာခဲ့သည်။ ထို့အပြင် ကျန်းယန်ရှန့်က ကျန်းဟယ်လင်းရဲ့အရပ်က သူမအလယ်တန်းတုန်းကထက် ပိုရှည်နေသလို ခံစားနေရသည်။ သူမက ထိုအချိန်တုန်းကလုံးဝမိန်းကလေးဆန်သည့်ပုံ ပေါ်နေခဲ့တာ ဖြစ်သည်။
"အိုး အိုး အိုး!" ကျန်းဟွမ်က ပျော်ရွှင်စိတ်လှုပ်ရှားမှုကြောင့် သူ့ဒူးကို ပွတ်တိုက်လိုက်ပြီး ကျန်းယန်ရှန့်ကို ပြောလိုက်သည် "ဖေဖေ ဒီလိုနေ့မျိုး ရောက်လာခဲ့မယ်လို့ တစ်ခါမှ မမျှော်လင့်ထားခဲ့ဘူး"
လွန်ခဲ့တဲ့ သုံးနှစ် ကျန်းယန်ရှန့် အလယ်တန်းတုန်းက သူမရဲ့ အတန်းလုပ်ဆောင်ချက်တွေက သာမန်မျှသာ ဖြစ်ပြီး သူမရဲ့ အကျင့်စရိုက်ကလည်း မကောင်းပေ။ ထိုအချိန်တုန်းက ကျန်းဟွမ်က အနာဂါတ်မှာ ကျန်းယန်ရှန့်ရဲ့ ပညာရေးကို ငွေနဲ့ လမ်းဖောက်ပေးဖို့ အစီအစဥ် ရှိထားပြီးသား ဖြစ်သည်။ ကျန်းယန်ရှန့်သာ ရီ အထက်တန်းကျောင်းလို ကျောင်းကောင်းမျိုးကို ရောက်ခဲ့ပါက သူမမလိုက်နိုင်ခဲ့ရင်တောင် ဘွဲ့ ကြို ဒီပလိုမာ အတွက် နိုင်ငံခြားကို ပို့ဖို့ ပိုက်ဆံသုံးလိုက်မည် ဖြစ်သည်။ ထို့မှသာ သူမျက်နှာမပျက်စေရမည် ဖြစ်သည်ပင်။
ကျန်းဟွမ်မှာ ဘာမျှော်မှန်းချက်မှ မရှိခဲ့ပေ။ သို့သော်လည်း သူမထင်ထားခဲ့တာက ကျန်းယန်ရှန့်က ရီ အထက်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့သည်။ သုံးနှစ်အကြာမှာတော့ သူမက နှစ်ထပ်ကွမ်း ပထမတန်းစား တက္ကသိုလ်1ကို တက်ခွင့်ရခဲ့ပြီ ဖြစ်သည်။
T/N နှစ်ထပ်ကွမ်း ပထမတန်းစား တက္ကသိုလ် အစီအစဥ်- ကမ္ဘာ့ အဆင့်ပထမတန်းစားတက္ကသိုလ်များနှင့် ပထမတန်းစား ပညာရေးဆိုင်ရာ ဥပဒေ တည်ဆောက်မှု ညွှန့်ပေါင်းသည်ကား 2050ပြည့်နှစ်တွင် အဆင့်မြင့် တရုတ်တက္ကသိုလ်များနှင့် သူတို့၏ သက်ဆိုင်ရာ သင်ကြားရေးဌာနများကို ကမ္ဘာ့အဆင့်မီ ပညာရေး ဖြစ်လာစေရန် ရည်ရွယ်ကာ 2015တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက ပုံစံချခဲ့သော အဆင့်မြင့်တန်းပညာရေး ဖွံဖြိုးရေးပုံစံ ဖြစ်သည်။
နိုး..နိုး... မဟုတ်သေးဘူး!
ကျန်ကျန်းဟွမ်တစ်ယောက် ကျန်းယန်ရှန့်ရဲ့ ပြောင်းလဲမှုတွေက ရီ အထက်တန်းကျောင်းကို မဝင်ခင် အချိန်အကြာကြီးကတည်းက ရှိနေခဲ့တာ ဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
သူမက အလယ်တန်းအောင်ပြီးသည့် နွေရာသီအားလပ်ရက်မှာကတည်းက စပြီးပြောင်းလဲသွားတာ ဖြစ်သည်။ အကယ်၍ နွေရာသီအားလပ်ရက်မှာ အားသွန်ခွန်စိုက် ကြိုးစားခဲ့တာကြောင့်သာ မဟုတ်ခဲ့ပါက ထိပ်တန်းကျောင်းကို ဘယ်လိုများ ဝင်ခွင့်ရနိုင်ပါလိမ့်မလဲ?
ထိုအချိန်မှာတုန်းက သူ့မှာ ခံစားချက်မျိုးစုံ သက်ရောက်နေပြီး ရုံးခန်းထဲမှာပဲ အမြဲရှိနေခဲ့တာကြောင့် သတိမထားမိခဲ့ပေ။
သို့သော်လည်း အခုအချိန်မှာ သုံးနှစ်တာ ကုန်လွန်သွားပြီ ဖြစ်ပြီး ထိုအချိန်က နွေရာသီအားလပ်ရက်ကို ပြန်တွေးကြည့်မိသည့်အခါတွင်တော့ အံ့သြတုန်လှုပ်မှုနဲ့ မထိန်းချုပ်နိုင်သော ခံစားချက်များ ပေါ်လာရသည်။
သို့သော်လည်း ထိုအရာက ခဏတဖြုတ်သာပင်။ ကျန်းဟွမ်က သူ့ဒူးခေါင်းကို ပွတ်နေတာကို ရပ်လိုက်ပြီး သူ့ပေါင်ကို ပုတ်လိုက်လေသည် "ယန်ယန် ဖေဖေ ဒီတစ်ခါတော့ သမီးအတွက် ဂုဏ်ပြုပါတီ လုပ်ပေးမှ ဖြစ်မယ်!"
"ဖေဖေ အရင်တုန်းက အစ်မချီချီ လုပ်သလိုမျိုးလား?" ကျန်းဟယ်လင်းက ထိုအကြောင်းကို သတိရလာပြီး ပြောလိုက်သည် "ဦးလေးက အစ်မချီချီကို ကားဝယ်ပေးတဲ့ တစ်ခေါက်တုန်းကလား?"
ကျန်းယန်ရှန့်ကတော့ ထိုပါတီနှင့် ပတ်သက်ပြီး သိပ်မတွေးထားပေ။ ပထမအချက်က ထိုပါတီက သူမပြန်လည် မမွေးဖွားခင် ရက်အနည်းငယ်မှာ လုပ်ခဲ့တာ ဖြစ်ပြီး ဒီဘဝမှာ မတက်ရောက်ခဲ့ရပေ။ အရင်ဘဝတုန်းက သူမရဲ့ ထူးချွန်ပြောင်မြောက်လှသော ဝမ်းကွဲအစ်မ၏ရှေ့တွင်တော့ သူမက သာမန်ညောင်ညသာ ဖြစ်ပြီး ထိန်းချုပ်အုပ်စု2 မှာသာ ပါခဲ့ရသည်။
ထိန်းချုပ်အုပ်စု- အခွင့်ထူးခံ မဟုတ်သော ကျောင်းသားမျာအတွက် ကြုံရာကျပန်း ရွေးချယ်ထားသော လက်တွေ့ ဘာသာရပ်များကို ရွေးချယ်ပေးခြင်း ဖြစ်သည်။ ထိန်းချုပ်အုပ်စုကို လိုအပ်ရခြင်း အကြောင်းကား -ထိုထိန်းချုပ်အုပ်စုမရှိပါက ထို လုပ်ငန်းစဥ်နှင့် အပြောင်းအလဲများက သက်ရောက်မှု ရှိမရှိ မဆုံးဖြတ်နိုင်ပေ။
ထို့ကြောင့်ပင် သူမက ထိုကဲ့သို့ ပွဲများအပေါ် အမြင်ကောင်း မရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်ငြား ရှေ့ဆက်ပညာသင်ကြားဖို့ ပြုလုပ်ကြသည့် ထိုပွဲများတွင်တော့ လူအများက သူတို့ကလေးတွေ စာမေးပွဲမှာ ကောင်းကောင်း မလုပ်နိုင်ခဲ့ရင်တောင်မှ ကျင်းပပေးနေအုံးမည် ဖြစ်သည်။
ကျန်းယန်ရှန့်ကတော့ ဂရုစိုက်မနေပေ: "လုပ်ကြတာပေါ့"
သူမက နာရီကြည့်လိုက်သည်: "သမီး ကားမောင်သင်ဖို့ သွားရတော့မယ်"
သူမနှင့်ယွဲ့ စုန့်တို့ နိုင်ငံခြားမှ ပြန်ရောက်လာပြီးနောက် ကျန်းယန်ရှန့်က ချက်ချင်းပင် ကားမောင်းစသင်ခဲ့တော့သည်။
မြို့တော့K၏ ကားမောင်းစွမ်းရည် စစ်ဆေးခြင်း စနစ်ကို ပြန်လည်ပြင်ဆင်ပြီးနောက် ကားမောင်းသင်တန်းကျောင်းကို သွားစရာမလိုဘဲ စစ်ဆေးသည့်စနစ်ကို လျှောက်ထားနိုင်သော်လည်း ထိုပြောင်းလဲမှုက အခုအချိန်မှာ မရှိခဲ့သေးပေ။ ကျန်းယန်ရှန့်က လိုင်စင်ရချင်တာကြောင့် အမည်စာရင်းသွင်းဖို့ ကားမောင်းသင်တန်းကျောင်းကို အရင်သွားဖို့ လိုပေသည်။
ရှုလီချန်သည်လည်း ကားမောင်းသင်ဖို့အတွက် ဒီနှစ်နွေရာသီကို Kမြို့မှာပဲ နေနေသည်။
ချက်ကျလက်ကျပြောရလျှင်တော့ သူတို့နှစ်ယောက်က ကားမောင်းကျွမ်းကျင်သည့် သင်တန်းသားများသာ ဖြစ်သည်။
Xxxxxxx
Part 266
ကျန်းယန်ရှန့် ထွက်သွားပြီးနောက် ကျန်းဟယ်လင်းက ကျန်းဟွမ်ကို တိတ်တိတ်လေး မေးလိုက်သည်: "ဖေဖေ အစ်မကို ဘာဆုချမှာလဲ?"
ကျန်းဟွမ်က ကျန်းဟယ်လင်းကို ပြုံးပြလိုက်သည်: "ဖေဖေ သမီးကိုပြမယ်... ဒါပေမယ့် သမီးအစ်မကိုတော့ မပြောရဘူးနော်!"
ကျန်းဟွမ်က သူ့ဖုန်းကိုယူကာ ကျန်းဟယ်လင်းကို ပြလိုက်သည်။
ကျန်းဟယ်လင်းက သူမမျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်လေသည်: "ဝိုး~"
သူမအစ်မဆီကနေ အမြဲ သင်ယူနေသည့် ထိုမိန်းကလေးက ကိစ္စတော်တော်များများကို သင်ယူထားပြီး ဖြစ်သည်။ သူမရဲ့ အေးစက်စက် အရောင်အဝါတွေက သုံးစက္ကန့်အတွင်းမှာသာ မကြာခဏ ပေါ်လာတတ်ပြီး သူမရဲ့ မူလပုံစံဖြစ်သော အရိုးထဲထိ အူကြောင်ကြောင်နိုင်ပြီး ချိုမြိန်သော ပုံစံလေး ပြန်ပြောင်းသွားလေ့ရှိသည်။
ကျန်းဟွမ်က သူမကို သတိပေးလိုက်သည်:
"သမီးအစ်မကို မပြောပြနဲ့နော်... သူသိထားရင် ပျော်စရာမကောင်းတော့ဘူး!"
အနုပညာ တက္ကသိုလ်များက ကြိုတင်ပြီး ကျောင်းသားလက်ခံလေ့ရှိသည်။ ရှုလီချန်က SXကိုသာ တသမတ်တည်း လျှောက်ထားပြီး နောင်မှာ Hမြို့တော်ဆီ ကျောင်းသွားတက်ရမှာ ဖြစ်သည်။
"ငါ့အမေက ရုပ်ရှင်ကုမ္ပဏီတစ်ခုကို စထောင်နေပြီ" ရှုလီချန်က ဆိုသည် "သူ့ငါ့အတွက် ရွှေမန်နေဂျာတစ်ယောက်ကိုလည်း စရှာပေးနေပြီ"
ရှုမိသားစု အရှုပ်တော်ပုံတွေနဲ့ သူ့အမေရဲ့ ပြင်းထန်တဲ့ နည်းလမ်းတွေကြောင့် သူတို့နှစ်ယောက်က တူညီသော အခက်အခဲများကို ရင်ဆိုင်နေရသော်လည်း သူတို့အကြားမှာ မြင်သာသော အတားအဆီးတစ်ခုရှိနေပြီး အနည်းငယ် ပိုဝေးကွာလာခဲ့သည်။
ကျန်းယန်ရှန့်က အမေရှုတစ်ယောက် သူမ ရှုလီချန်ကို ပေးထားသော ကတိကို ဖြည့်ဆည်းပေးနိုင်ဖို့ အလုပ်ကြိုးစားနေတာကို ကြားနေရသည်။ သူမက သူမတို့၏ အမေနှင့်သားဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ပြီး အမီလိုက်နိုင်ဖို့ ကြိုးစားနေတာ ဖြစ်သည်။
ကျန်းယန်ရှန့်က ရှုလီချန်ကို သူ့အဖေအကြောင်း မမေးခဲ့သလို သူကလည်း ဘာမှပြောမလာခဲ့ပေ။
ထိုကိစ္စ ဖြစ်ပြီးကတည်းက သူက သူ့အဖေအကြောင်း ကျန်းယန်ရှန့်ကို တစ်ခွန်းမှ မဟတော့တာ ဖြစ်သည်။
ရှုလီချန်က စကားလမ်းကြောင်းပြောင်းကာ မေးလိုက်သည်: "မင်း ဘယ်လို ကားမျိုးဝယ်မှာလဲ?"
ကျန်းယန်ရှန့်ကတော့ ထူးမခြားစွာပင်: "အချိန်ကျတော့မှ အဲ့ဒီအကြောင်း ပြောကြတာပေါ့"
ရှုလီချန်က ဆိုသည်: "ငါက ကားဝယ်ထားပြီးပြီ... လမ်းပေါ် တရားဝင်မောင်းနိုင်အောင် ကားမောင်လိုင်စင်ရဖို့ စောင့်နေတာ... ကားမောင်းသင်တန်းကို သွားရတာက အရမ်း စိတ်ပျက်ဖို့ကောင်းတာပဲ"
ကျောင်းဝင်ခွင့်ထွက်လာပြီးနောက် ကျန်းယန်ရှန့်က Kတက္ကသိုလ် ဝင်ခွင့်ရတာကို အထူးတလှယ် အံ့သြမနေပေ။ ကျန်းဟွမ်ကတော့ ကျန်းယန်ရှန့်အတွက် ဂုဏ်ပြုပွဲ လုပ်ပေးဖို့ မိသားစုထဲက ဆွေမျိုးများနှင့် မိတ်ဆွေများကို ဖိတ်ထားခဲ့သည်။
ကျန်းယန်ရှန့်၏ ဦးလေး ဖြစ်သော ကျန်းယုက ကျန်းယန်ရှန့်အတွက် အလွန် ဝမ်းသာနေပြီး သူ့ဇနီး ကျောက်လန်ဖန်ကို ပြောလိုက်သည် "ဘာလို့ မသွားချင်တာလဲ? ငါတို့ မသွားလို့ မသင့်တော်ဘူးလေ"
သူမရဲ့သားက အိမ်ပြန်လာဖို့ အခုချိန်ထိငြင်းဆန်နေပြီး နိုင်ငံရပ်ခြားမှာ ပုန်းအောင်းနေသည်။ ကျောက်လန်ဖန်ကတော့ ဒီနှစ်မှာ ဘာပျော်စရာကိစ္စမှ မရှိဘူးလို့ ခံစားနေရတာ ဖြစ်သည်။
"ကောင်းပြီလေ... သွားကြတာပေါ့" သူမက စိတ်ဝင်တစား ပြောလိုက်သည်။
သူမက သူ့မယောကျ်ားက သူမသမီးကို ပြောနေတာကို ကြားလိုက်ရလေသည်:
"ကောင်းလိုက်တာ... နောက်ဆို သမီးနဲ့ ယန်ယန်က ကျောင်းတူတူတက်ရတော့မှာ... သမီးက အစ်မကြီးဆိုတော့ ကျောင်းမှာ ယန်ယန်ကို စောင့်ရှောက်ပေးရမယ်နော်"
ကျောက်လန်ဖန်က ဒေါသတကြီး ပြောလိုက်သည် " တစ်ယောက်ယောက်က သူ့ကို စောင့်ရှောက်ပေးဖို့ လိုရအောင် ယန်ယန်က အသက်ဘယ်လောက်မို့လဲ?"
ကျန်းယုကတော့ ခပ်ပြုံးပြုံးပင် :"သဘောပြောတာပါ"
ကျောက်လန်ဖန်က ကျန်းချီကို ရုတ်တရက် ပြောလိုက်သည်: "ယန်ယန်ရဲ့ ဂုဏ်ပြုပွဲကို သမီးကောင်လေးပါ ခေါ်ခဲ့လေ"
ကျန်းချီကတော့ ဒေါတတကြီး ဖြစ်နေလေ၏ : "သမီးမှာ ကောင်လေးမရှိဘူး"
"လောမင် အီလစ်ထရောနစ်က ရှောင်ဝူ ဆိုရင်ရော" ကျောက်လန်ဖန်က ဆက်ပြောလိုက်သည် " ဒါမှမဟုတ်ရင် ဟိုလူရဲ့ မြေးလေးဆိုရင်ရော... ထားလိုက်တော့.. သူ့မိသားစုက ကျောက်မီးသွေးတူးတာ... ဒါကြောင့်မို့ ထားလိုက်တော့... ငါ သူ့အကြောင်းမပြောသင့်ဘူး... ရှောင်ဝူကိုပဲ ခေါ်သွားရအောင်"
ကျန်းယုကတော့ ဆွံ့အသွားရလေပြီ :"သမီးမှာ ကောင်လေး ဘယ်နှစ်ယောက်တောင် ရှိတာလဲ?"
"ဘာတွေဂရုစိုက်နေတာလဲ?" ကျောက်လန်ဖန်က သူ့ကို တစ်ချက်ပုတ်လိုက်သည် "ကုမ္ပဏီကိစ္စကိုပဲ ဂရုစိုက်စမ်းပါ... ကျွန်မတို့သမီးက အရမ်းလှတယ်လေ... သူ့မှာ ပိုးပန်းတဲ့သူတွေ အများကြီး ရှိတာ ဘာဆန်းလဲ... ရှင် ဘာတွေများ မကျေမနပ် ဖြစ်နေတာလဲ?"
ကျန်းယုက ဘယ်လိုများ မကျေမနပ် ဖြစ်ရဲမှာလဲ? သူ အရင်က ကျောက်လန်ဖန်ကို လိုက်ခဲ့တုန်းကလည်း ထို ပိုးပန်းသူများကို ကျော်ဖြတ်ခဲ့ရသည်ပင်။ သူက နှစ်ကြိမ်မျှ နှာမှုတ်လိုက်သည်။
ကျောက်လန်ဖန်ကတော့ နှစ်ရက်အကြာမှာ သူမတက်ရမည့် ရှိုးပွဲအတွက် ကျန်းချီနဲ့ တိုင်ပင်နေလေသည်။
ကျန်းချီ အရွယ်ရောက်လာပြီးနောက် ကျောက်လန်ဖန်က သူမကို လူကုံထံအမျိုးသမီးများနှင့် နာမည်ကျော်များ၏ တွေ့ဆုံပွဲများကို စပြီး ခေါ်သွားလေ့ရှိသည်။ ဧည့်ခံပွဲများ ညစာစားပွဲများနှင့် ဖက်ရှင်ရှိုးပွဲများက သူမတို့မကြာခဏ ပေါ်လာလေ့ရှိသော နေရာများ ဖြစ်ကြသည်။
ကျန်းယုက ဆက်ပြီး နားထောင်ချင်စိတ် မရှိတော့တာကြောင့် ထွက်သွားတော့သည်။
ကျန်းယန်ရှန့်၏ Kတက္ကသိုလ် ဝင်ခွင့်အတွက် ဂုဏ်ပြုပွဲက စီစဥ်ထားသည့်အတိုင်း ကျင်းပခဲ့သည်။
ကျန်းဟွမ် ဖိတ်ကြားထားသော မိတ်ဆွေများ ဆွေမျိုးများအပြင် ကျန်းယန်ရှန့်သည်လည်း သူမ၏ သူငယ်ချင်းများကို ဖိတ်ထားခဲ့သည်။ သုံးနှစ်တာ အတန်းဖော်များ ဖြစ်လာပြီးနောက် သဘာဝကျကျပင် ကျန်းယန်ရှန့်မှာ သူမနှင့် ရင်းနှီးပြီး သူငယ်ချင်းဟု ဆိုနိုင်သော အတန်းဖော်များလည်း ရှိလာခဲ့လေသည်။
သို့သော်လည်း အံ့အားသင့်ဖွယ်အနေနဲ့ အတန်း တစ် မှ ကျန်းကျစ်ယွမ်သည်လည်း အမှန်တကယ် ရောက်လာခဲ့သည်။
အတန်းဖော်များကတော့ ကျန်းယန်ရှန့်၏အိမ်မှာ ရှော့ရနေကြသည်။
လွန်ခဲ့သည့် သုံးနှစ်တာအတွင်း ကျန်းယန်ရှန့်က သိုသိုသိပ်သိပ်နေကာ မကြွားဝါတတ်သော်လည်း အသေးစိတ်ကျကျကြည့်လျှင် သိသာနေဆဲပင်။ အတန်းထဲက ကျောင်းသားများက ကျန်းယန်ရှန့်ရဲ့ မိသားစုက အခြေအနေကောင်းတာကို သိကြပေမယ့်လည်း ထိုမျှအထိ ချမ်းသာလိမ့်မည်ဟု မတွေးမိကြပေ။
လူတိုင်းက ပုံမှန်ထက် ကောင်းကောင်း ပြုမူနေကြပြီး စကားပြောသည့်အခါတွင်လည်း သတိထားပြီး ယဥ်ယဥ်ကျေးကျေး ပြောဆိုနေကြသည်။ ထိုလူအများထဲမှ ကျန်းယန်ရှန့်တစ်ယောက် ကျန်းကျစ်ယွမ်ကို တွေ့မိလိုက်သည်။
သို့သော်လည်း ကျန်းယန်ရှန့်က ကျန်းကျစ်ယွမ်ကို မဖိတ်ထားခဲ့ပေ။
အတိတ်မှာတုန်းက လူတိုင်းက အခန်းတူတူမှာ ကျခဲ့ကြပြီး တစ်ယောက်နှင့် တစ်ယောက် ဆက်ဆံရေးလည်း မဆိုးဝါးပေ။ သို့သော်လည်း ကျန်းကျစ်ယွမ်က အထူးတန်းကို ပြောင်းသွားခဲ့သည်။ လူတွေအကြားမှာ ရုပ်ပိုင်းဆိုင်ရာ ကွာဝေးမှုများ ရှိလာသည်နှင့် ထိုလူများအကြား ဆက်ဆံရေးသည်လည်း ကျဲတောက်သွားတတ်သည်။
ကျန်းယန်ရှန့်နှင့် ကျန်းကျစ်ယွမ်တို့၏ ဆက်ဆံရေးမှာ အချိန်အကြာကြီး ကတည်းက ကျောင်းမှာတွေ့လျှင် ခေါင်းငြိမ့်ပြရုံလောက်အထိသာ မှိန်ဖျော့သွာခဲ့တာ ဖြစ်သည်။ နှစ်နှစ်အတွင်း စကားပြောဖို့ အခွင့်အရေးလည်း မရှိခဲ့ပေ။
"နင်လာမယ်လို့ မထင်ထားဘူး" ကျန်းယန်ရှန့်က တော်တော်လေး ပျော်သွားခဲ့သည်
"စကားမစပ် ချန်ပီယံကြီးကို ဂုဏ်ပြုပါတယ်!"
ယခု ဘဝမှာလည်း သူမရဲ့ အရင်ဘဝကလိုပင် ကျန်းကျစ်ယွမ်က ဒေသတစ်ခုလုံးရဲ့ ချန်ပီယံ ဖြစ်လာခဲ့ပြီး Qတက္ကသိုလ်ကို အောင်အောင်မြင်မြင် ဝင်ခွင့်ရခဲ့သည်။
ကျန်းကျစ်ယွမ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်
"သူတို့တွေ အုပ်စုဖွဲ့ စကားပြောခန်းထဲမှာ ဒီနေ့အကြောင်း ပြောနေကြတာ တွေ့တော့ ငါမမေးမိမချင်း မသိခဲ့ဘူးလေ... ဒါကြောင့် ငါလည်း ဂုဏ်ပြုပေးဖို့လာခဲ့တာ... မဖိတ်ဘဲ လာခဲ့တာမို့ မင်းစိတ်မရှိဖို့ မျှော်လင့်ရတာပဲ"
ကျန်းယန်ရှန့်က ပြုံးပြလိုက်သည် "ဘာကို စိတ်ရှိရမှာလဲ... သေချာပေါက် ကြိုဆိုတာပေါ့... နင်တို့ ခဏစောင့်ကြအုံး"
ကျန်းယန်ရှန့်က ကျန်းဟွမ်ကို ဆွဲထုတ်လာပြီး သူ့ကို မိတ်ဆက်ပေးလိုက်သည် "သူတို့တွေက သမီးရဲ့ အတန်းဖော်တွေ"
သူမက သူတို့နာမည်တွေကို မိတ်ဆက်ပေးတော့ ကျန်းဟွမ်က ပြုံးပြကာ အားလုံးကို ခေါင်းငြိမ့်ပြလိုက်သည် "ကောင်းပြီ.. ကောင်းပြီ"
နောက်ဆုံးမှာတော့ သူမက ကျန်းကျစ်ယွမ်ကို မိတ်ဆက်ပေးလိုက်သည် "ဒီနှစ်မှာ သူက သမီးတို့တစ်ပြည်နယ်လုံးရဲ့ ပြည်နယ်ချန်ပီယံလေ... Qတက္ကသိုလ်မှာ ဝင်ခွင့်ရထားတာ"
ကျန်းဟွမ်က "အိုး"ဟူသော အသံထွက်လာကာ သူ့လက်ကို ကျန်းကျစ်ယွမ်ဆီ ဆန့်ထုတ်ပေးလိုက်သည် "တော်လိုက်တာ... တော်လိုက်တာ!"
သူက ကျန်းယွမ်ရှန့်ယဲ့ အတန်းဖော်များကို 'ကလေးများ' ဟုသာ သတ်မှတ်ထားတာ ဖြစ်ပြီး သူတို့ကို နှုတ်ဆက်သည့်အချိန်တွင် ခေါင်းသာ ငြိမ့်ပြခဲ့တာ ဖြစ်သည်။ သို့သော်လည်း ကျန်းကျစ်ယွမ်ကိုမူ လက်ဆွဲနှုတ်ဆက်ဖို့ လက်ဆန့်ပေးခဲ့သည်။
ကျန်းကျစ်ယွမ်က အကျင့်မဖြစ်သေးသော်လည်း ကံကောင်းစွာဖြင့် ခပ်မြန်မြန် တုံ့ပြန်လာကာ သူ့လက်ကို အလောတကြီး ပြန်ဆန့်ပေးလိုက်သည် :"အရမ်းချီးကျူးလွန်းနေပါပြီ"
သူက ရှက်နေပုံမပေါ်သော်လည်း အတွေ့အကြုံအများကြီး မရှိသည့်ပုံရသည်။
ကျန်းယန့်ရှန့်က ကျန်းဟွမ်၏ အပြုအမူများမှ ထိုအချက်ကို သတိပြုမိလိုက်သည်။
အကယ်၍ မင်းမှာသာ အခြားသူတွေ အသိအမှတ်ပြုရလောက်သော တန်ဖိုးတစ်ခုခု ရှိပါက ထိုလူများက သင့်ကို အခြားလူများနှင့် ကွဲပြားစွာ ဆက်ဆံလိမ့်မည် ဖြစ်သည်။
ကျန်းယန်ရှန့် ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။
Xxxxxxx