အပိုင်း ၂၈၇-၂၈၈
Viewers 24k

Part 287


ယခင်နှစ်များက နွေဦးပွဲတော်သို့ရောက်တိုင်း ကျန်းယန်ရှန့်သည် ဆွေမျိုးများထံသွားရောက်လည်ပတ်ရန် အဘွား၏အိမ်သို့ သွားလေ့ရှိသည်။ အခြားဆွေမျိုးများကလည်း ကျန်းအိမ်သို့ လာရောက်ကြလေ့ရှိ၏။


သို့သော် ယခုနှစ်တွင်မူတွင် ပထမဆုံးအကြိမ်အဖြစ် ယွဲ့မျိုးရိုးနေအိမ်သို့ သွားရန်လိုအပ်လာသည်။


ရှေ့ရက်များ၌ ယွဲ့စုန့်သည် နှစ်သစ်ကူးတွင် ဂါရဝပြုရင်းကျန်းယန်ရှန့်၏ အဘွားထံသို့ လာလည်ခဲ့သည်။


ဤသည်မှာ သူတို့နှစ်ဦး၏ဆက်ဆံရေးကို လူသိရှင်ကြား ကြေငြာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်၏။


" အဘွားရဲ့အိမ်က တကယ် မြိုင်မ်ြိုင်ဆိုင်ဆိုင်ရှိတာပဲ ကျွန်တော့်အဘိုးကလည်း ဒီလိုမျိုးသိပ်ကိုနေချင်တာလေ...ဒါ‌ပေမဲ့ ကျွန်တော်တို့က မိသားစုငယ်လေးပဲမလို့ ဘာမှမတတ်နိုင်ဘူး "


 ယွဲ့စုန့်သည် အသိုက်အဝန်းအကြောင်းကိုသာ ပြောနေခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့် သဘောမှမပါဝင်ပေ။


သို့သော်လည်း အချို့သက်ကြီးပိုင်းများက ဟာသလုပ်ကာ


" နောက်ကျမှ ကလေးတွေအများကြီးမွေးပေါ့ " ဟု မကြားတကြားပြောပြီး အရွှန်းဖောက်ကြသည်။


အဘွားကျန်းကမူ တည်တည်ငြိမ်ငြိမ်သာနေ၏။


 “ လူစုံတုန်းခဏပါကွယ်...လွန်ခဲ့တဲ့ နှစ်နည်းနည်းလောက်အထိ သူတို့ ရန်ပွဲတွေဝင်ဖြန်ဖြေပေးရတာ ခေါင်းပါကိုက်တယ် "


အဘွားကျန်း၏စကားအဆုံးတွင် လူတိုင်းက ဟားခနဲ။


ကျန်းချီသည်လည်း ပြုံးစိစိဖြစ်သွားသည်။


သို့သော် ကျောက်လန်ဖန်၏မျက်နှာကြီးက ပုပ်သိုးနေ၏။


ကျန်းယုက အောက်မှ ခြေထောက်ဖြင့်လှမ်းတို့လိုက်သောအခါမှ မချိပြုံးလေးထွက်ပေါ်လာလသည်။


သို့သော် ကျောက်လန်ဖန်၏စိတ်ထဲ၌ အကွဲအရှမှာ ရှိနေဆဲဖြစ်ပြီး ထိုသို့ဖြစ်ရသော အကြောင်းအရင်းမှာ မျက်စိရှေ့မှ ယွဲ့စုန့်ဖြစ်၏။


လိုရင်းတိုရှင်းပြောရလျှင် ယွဲ့စုန့်နှင့်အရင်သိကျွမ်းခဲ့သူမှာချီချီဖြစ်ပြီး ပထမဆုံးစိတ်ဝင်စားခဲ့သူမှာလည်း ချီချီပင်ဖြစ်သည်။


" ချီချီ့ ကောင်လေးက နှစ်သစ်ကူးမှာ အလည်မလာဘူးလား?" ကျန်းဟွမ်က မေး၏။


" ဦးလေး... သမီးမှာ ရည်းစားမရှိပါဘူး "


ထိုအခါ ကျန်းဟွမ်က အံ့သြသွားသည်။


" လောမင်ရီ မိသားစုရဲ့ အငယ်ဆုံးသား နဲ့ကဘယ်လိုလဲ.... လမ်းခွဲလိုက်တာလား "


" လမ်းမခွဲပါဘူး " ကျန်းချီက ဆက်ပြောသည်။


 "သူက သမီးရည်းစားမှမဟုတ်တာ... အတန်းဖော်ပဲ "


“လူငယ်တွေကတော့ဆန့်ကျင်ဘက်ပဲ...ပျော်စရာရှိရင် အတူတူပျော်ကြတာပေါ့” 


ကျောက်လန်ဖန်ကပေါ့ပေါ့တန်တန်ပြော၏။


 "ရည်းစားရှိတယ် မရှိတယ်ရယ်လို့တော့ မဟုတ်ပါဘူး .... တအားကြီး အတည်ပေါက်တွေမဖြစ်ပါနဲ့  " 


" မရီးပြောတာမှန်ပါတယ် "


ကျန်းဟွမ်က ကျောက်လန်ဖန်ကို ပြုံးပြုံးလေးပြောသည်။


ထို့နောက် ယွဲ့စုန့်ရှိရာဘက်ကိုလှည့်လိုက်၏။


 " နောက်မှ ငါနဲ့ မင်းဦးလေးနဲ့ သုံးယောက်သား စုသောက်ကြတာပေါ့ "  ကျန်းဟွမ်က ပြောသည်။


ယွဲ့စုန့်ကလည်း သဘောတူလိုက်၏။


ကျောက်လန်ဖန်သည်ပို၍ပင် စိတ်မသက်မသာဖြစ်သွားတော့သည်။


သမီးရည်းစားဆက်ဆံရေးတစ်ခုမျှသာဖြစ်၏။ နောက်နောင်တွင် အိမ်ထောင်ပြုခြင်းမပြုခြင်းက မသေချာသေးပေ။သို့သော် ယောက္ခမ‌လောင်းက အဘယ်ကြောင့်ဤမျှချစ်ခင်ပြနေရပါသနည်း။ မျက်စိဆံပင်မွှေးစူးစရာပင်။


အဘွားကျန်းကလည်း ပြုံးပြီး အဆင်းကို ဘီးတပ်ပေးသည်။


“ ချီချီ မြန်မြန်လှုပ်ရှားပြီး ရည်းစားကို အဘွားဆီခေါ်လာတော့လေ ... အစ်မကြီးပဲဥစ္စာ "


ထိုအခါကျန်းချီက အတည်ပေါက်‌ဖြစ်နေသောလေသံဖြင့် "အဘွားကလည်း...သမီးအခုချိန်မှာ ကျောင်းကိစ္စကနေ ကုမ္ပဏီအလုပ်တွေလုပ်ဖို့ပဲ အာရုံစိုက်ချင်သေးတယ် ....အချစ်အကြောင်း ဘာညာက နောက်မှပြောကြမယ်လေ နော် "


ကျန်းဟယ်လင်းသည် ယခုအချိန်၌အလယ်တန်း ပထမနှစ်ကျောင်းသူဖြစ်ပြီး ဤကဲ့သို့သောစကားဝိုင်းတွင် ပါဝင်န်ိုင်ပြီဖြစ်၏။ သူမတွင်သာ နာခံမှုရှိလျှင် ကျန်းချီ၏စကားလုံးများကို ဟန်မပျက်တောင့်ခံနိုင်မည်ဖြစ်သည်။


သို့သော် ကျန်းချီထံမှ ထိုစကားကြားလိုက်ရချိန်တွင် ကျန်းဟယ်လင်း၏မျက်လုံးများမှာ အလိုလိုမှိတ်ပြီးသားဖြစ်သွား၏။


ထို့နောက်သူမ၏အစ်မဖြစ်သူကို တစ်ဖန်ပြန်ကြည့်မိသောအခါ အစ်ကိုကြီးယွဲ့ ဘေး၌ ပူးကပ်လျက်ရှိနေသည်ကို တွေ့လိုက်ရသည်။


အစ်မဖြစ်သူက ဤစကားဝိုင်းအပေါ်အာရုံရှိပုံမရ။


အစ်ကိုကြီးယွဲ့နှင့် နားနားတီးတိုးကပ်ပြောပြီး နှစ်ယောက်တစ်ကမ္ဘာဖြစ်နေကြချေ၏။


( တော်ပြီ ဆက်မထွမ်တော့ဘူး •_• )


အစ်မဖြစ်သူသည် ပါးစပ်နားရွက်တက်ချိတ်မတတ်ပြုံးဖြီးနေပြီး သူမ၏မျက်ဝန်းထဲ၌ အချစ်များပြည့်လျှံယိုဖိတ်နေသည်။


" ငါလည်းရည်းစားလိုချင်တယ်လေဟာ " ကျန်းဟယ်လင်းတစ်ယောက် စိတ်ထဲမှ တီးတိုးရေရွတ်လိုက်မိ၏။


   Xxxxxxxx


Part 288


နှစ်သစ်ကူးအားလပ်ရက် သုံးရက်မြောက်နေ့တွင် ကျန်းယန်ရှန့်သည် ယွဲ့စုန့်၏အိမ်သို့သွားရောက်ခဲ့သည်။


ကျန်းမိသားစုနှင့်နှိုင်းယှဉ်လျှင် ယွဲ့မိသားစုမှာ သဲကန္တာရကဲ့သို့ အလွန်တရာခြောက်ကပ်နေရှာ၏။


ယွဲ့စုန့်၏မိဘများသည် ယခင်နှစ်သစ်ကူးကာလတွင် ကျန်းယန်ရှန့် ကိုတွေ့ပြီးနောက် ထွက်ပြေးခဲ့ကြပြီး ယခုအားလပ်ရက်၌ ပြန်လာကြပြီဖြစ်၏


ဤရက်တွင် အဘိုးယွဲကို တစ်ယောက်တည်းချန်ထားရစ်ခဲ့၍မရချေ။ထို့ကြောင့်ပြန်လာကြရခြင်းဖြစ်သည်။


စုစုပေါင်း လူဦးရေ လေးယောက်သာရှိသော မိသားစုသည် မျိုးဆက်သုံးဆက်အထိ ဆင်းသက်လာသော်လည်းဆွေမျိုးများများစားစားမရှိကြပေ။


ယွဲ့စုန့်၏အဘွား ကွယ်လွန်ပြီးနောက်ပိုင်း အဘွားဘက်မှ ဆွေမျိုးများနှင့်လည်း ခပ်ခွာခွာဖြစ်သွားကြသည်။


ယခုဤနေရာတွင် ယွဲ့စုန့်၏မိခင်ဘက်မှ ဦးလေးဖြစ်သူ၏ မိသားစုလည်း ရောက်နေ၏။


ဦးလေးရွှယ် ၊ ရွှယ်ရှင်းထုံ နှင့် ကျန်းယန်ရှန့်တို့၏တည်ရှိမှုကြောင့် ယွဲ့မိသားစုက အနည်းငယ်စိုပြေလာသယောင်ထင်ရသည်။


အလွန်အကြူး မအောင်မြင်ခဲ့သော ယွဲ့စုန့်၏သမိုင်းဝင်တစ်ဝမ်းကွဲအစ်ကိုမှာတော့ ထိုနေရာတွင်ရှိမနေခဲ့ပေ။


"ဒီလောက်ဆိုရင်တော ဒီကောင်လေး ဘာကြောင့်ဒီလိုဖြစ်နေရလဲ သိလိုက်ပါပြီ " ရွှယ်ရှင်းထုံက ကျန်းယန်ရှန့်အား ပြောသည်။


 "သူ ငယ်ငယ်လေးကတည်းက ဘာလုပ်ရမှန်းမသိဘဲ အဘိုးကိုပဲ စိုက်ကြည့်လာရတာလေ...

အိမ်က ဗလာကျင်းပြီး ဘယ်သူမှလည်းမရှိဘူး....အဲ့ဒါကြောင့် လူ့ဂွစာလိုလို ရေခဲတုံးလိုလိုပုံစံပေါက်နေတာ "


"ငါကြားတယ်နော် " အဘိုးယွဲ့ကအော်ပြောလေသည်။


 “ဒီဟာမလေးကတော့ ငါ့အတင်းတုပ်နေတာပဲ "


“ဘယ်ကလာ...ဘယ်လိုလုပ်ပြောရဲရမှာလဲ  အဘိုးအတင်းအုပ်ချင်ရင် တိတ်တိတ်လေးပဲချမှာပေါ့ ပေါ်တင်ပြောမလား " 


ရွှယ်ရှင်းထုံ၏စကားကြောင့် အားလုံးပွဲကျကုန်သည်။


 "ဒါနဲ့....အစ်မ ဘယ်တော့မွေးမှာလဲ" ထို့နောက်ကျန်းယန်ရှန့်က ရွှယ်ရှင်းထုံအား မေး၏။


" မေလ " ရွှယ်ရှင်းထုံက အားရကျေနပ်နေသော အမူအရာဖြင့်ပြန်ဖြေသည်။


ဦးလေးရွှယ်ကို တစ်ချက်ကြည့်လိုက်သောအခါ သူ့မျက်လုံးများက အနည်းငယ် အားကိုးရာမဲ့နေ၏။


ယွဲ့စုန့်၏မိဘများသည်လည်း တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်ကာ ဘာမှမပြောပေ။


အခြေအေနေက ထူးဆန်းနေသည်ကို ကျန်းယန်ရှန့်သတိပြုမိသည်။


အိမ်အပြန်လမ်း၌ ကျန်းယန်ရှန့်က ယွဲ့စုန့်အား မေးတော့၏။


  " အစ်မရွှယ်က ဘာဖြစ်လို့လဲ... စောစောက တစ်မျိုးကြီးဖြစ်နေကြလို့ "


ထိုအခါယွဲ့စုန့်က ပခုံးတွန့်လိုက်ပြီး "အားလုံးအဆင်ပြေပါတယ်၊....လူကြီးတွေက ရှေးရိုးဆန်နေကြလို့ပါ"


 ခေတ္တရပ်သွားပြီးနောက် ယွဲ့စုန့်က ဆက်ပြောသည်။ 


“ကိုယ့်အစ်မက အိမ်ထောင်မပြုသေးလို့ ကလေးအဖေက ဘယ်သူလဲဆိုတာ ကိုယ်တို့မသိရဘူး သူက  M နိုင်ငံကို သုတ်ပိုးသွားဝယ်ခဲ့တာ "


 သူမသေဆုံးသည့်နှစ်တွင် Mနိုင်ငံ သို့ သုတ်ပိုးဝယ်ရန်သွားမည့် လက်မထပ်ရသေးသော အမျိုးသမီးတစ်ဦးအကြောင်း အွန်လိုင်းပေါ်တွင် ဂယက်ထခဲ့သည်ကို ကျန်းယန်ရှန့် သတိရသွားသည်။သို့သော် ရွှယ်ရှင်းထုံသည် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အနေဖြင့်သာ မီဒီယာ၌ ရုပ်လုံးဖော်ပြခဲ့၏။


ဤကဲ့သို့သော ကိုယ်ရေးကိုယ်တာကိစ္စများအကြောင်း ဆောင်းပါးတစ်ပုဒ်မှ တက်မလာပေ။


သူမကိုယ်တိုင်သာမက သူမနှင့် ပတ်သက်နေသောသူတိုင်းအတွက် ဤအရေးမှာ အဆန်းဖြစ်နေပေမည်။


"သူက ပုံမှန်ဆို အရမ်း အလုပ်များလွန်းတယ် " ယွဲ့စုန့်က ပြောသည်။


 " ပြီးတော့ သူအသက်အရွယ် ပုံစံနဲ့


တစ်ယောက်ယောက်ကို ချစ်မိဖို့က မလွယ်ဘူး "


များပြားသောအတွေ့အကြုံ၊ ရင့်ကျက်သောအသက်အရွယ်နှင့် အလွန်ချမ်းသာကြွယ်ဝသော


အမျိုးသမီးတစ်ဦးအတွက် တရုတ်နိုင်ငံတွင် ဖူးစာဖက်ရှာရမည့်အရေးမှာ အမှန်တကယ်ပင် ခက်ခဲလွန်းလှသည်။


 ရွှယ်ရှင်းထုံ၏ နောက်ခံအကြောင်းမဆိုဦးနှင့်။

သာမာန်အလုပ်ခွင်တွင် သန်မာပြီး အလုပ်ကြိုးစားလျက်လက်ထပ်ရန်အခြေအနေတစ်ခုရှိသော အမျိုးသမီးများအတွက်ပင် အိမ်ထောင်ပြုမည့်အရေးက လွန်စွာခက်ခဲလှသည်။


 တရုတ်လူမျိုးများ၏ အကြိုက်သည် ငယ်ရွယ်ပြီး အားနွဲ့သည့် ပုံစံမျိုးဖြစ်၏။


 ၎င်းတို့သည် ရင့်ကျက်သော အမျိုးသမီးများထက် အသက်ငယ်သော အမျိုးသမီးများကို ပိုနှစ်သက်ကြပြီး  သန်မာသော အမျိုးသမီးများထက် နူးညံ့သိမ်မွေ့သော အမျိုးသမီးများကိုသာ ရွေးချယ်လေ့ရှိကြသည်။


လက်တွေ့၌ ဤသန်မာသောအမျိုးသမီးများကသာအိမ်ထောင်ပြုရန်အတွက် ပို၍သင့်လျော်သည်ဖြစ်၏။


Xxxxxxx