Chapter 2
Viewers 155

💌Chapter 2




ကျန်းယွီမို နှင့် သွမ့်ရယ်သည် အလယ်တန်းတွင် သိကျွမ်းခဲ့ကြပြီး သူတို့နှစ်ဦးစလုံးသည် ဆရာထံမှ အထူးအာရုံစိုက်မှုကို ရရှိခဲ့ကြသည်။ အတန်းတစ်ခုစီ၏ ဆရာစာသင်သော စင်မြင့်တစ်ဖက်တစ်ချက်စီတွင် အထူးခုံနှစ်ခုစီရှိသည်။ ကျန်းယွီမို၏ဦးလေးက ကျောင်းအုပ်ဆရာဖြစ်သောကြောင့် သူမကထိုထိုင်ခုံများထဲမှ တစ်ခုတွင်ထိုင်ရသည်။သူမသည် ငယ်စဉ်ကတည်းက နာမည်ကြီးခဲ့ပြီး မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံနိုင်သူဖြစ်၏။ 


အတန်းဖော်အချို့က အတန်းချိန်အတွင်းတွင်ပင် သူမအား စာများရေးပေးကာ စကားစမြည်ပြောကြသည်။ထို့ကြောင့် သူမ စာလိုက်မလုပ်မည်စိုး၍ သူမ၏ဦးလေးက သူမအား စင်မြင့် ဘယ်ဘက်အခြမ်းတွင် ထိုင်ခိုင်းခဲ့သည်။


သွမ့်ရယ်က စင်မြင့်အောက်ရှိ ညာဘက်ခုံတွင် ထိုင်သည်။ ဆရာက သူ့ကို “ဆိုးသွမ်း ကျောင်းသား” ဟု သတ်မှတ်ထား၏။ သူ့မိသားစုဝင်များကလည်း ရုံးခန်းကို ခဏခဏ လာရသည်။ဆရာက သွမ့်ရယ်ကို ထိုထိုင်ခုံတွင် ထိုင်ခိုင်းပြီး သူ့ကို စောင့်ကြည့်နိုင်အောင် စီစဉ်ထားခြင်းပင်။ သူတို့၏ အလယ်တန်းကျောင်းနှစ်များအတွင်း ကျန်းယွီမိုနှင့်သွမ့်ရယ်ကြား၌ စင်မြင့်တစ်ခုသာ ပိုင်းခြားထားခဲ့သည်။


 á€Ąá€€á€šá€şá ဤအစီအစဥ်က သူတို့နှစ်ယောက်ကြားက “ဆက်ဆံရေး” ကိုစတင်မည်ဟု ဦးလေးကျန်းသာ သိပါက၊ သူ ဒေါသဖြင့် ရင်ဘတ်စည်တီးမှာ သေချာသည်။


 á€Ąá€œá€šá€şá€á€”်းကဝ္ဏင်း ပထမနှစ်မှ တတိယနှစ်အထိ သွမ့်ရယ် သည် အတန်းဖော်များ၏ အမြင်တွင် အထူးအဆန်းမဟုတ်သည့် ကျန်းယွီမိုကို ချစ်မိသွားခဲ့သည်။ကျန်းယွီမိုသည် အကျင့်စာရိတ္တကောင်းမွန်ပြီး မည်သူနှင့်မဆို ပေါင်းသင်းဆက်ဆံနိုင်သည်။ သူမသည် အခြားလူများအား နွေးထွေးမှုနှင့် ပျော်ရွှင်မှုကို ပေးစွမ်းပြီး ရွှင်လန်းတက်ကြွနေတတ်သူ ဖြစ်သည်။သူမ၏ ရယ်သံသည် မှော်ဆန်ပြီး အလွန်နူးညံ့သည်။ သွမ့်ရယ် စားပွဲပေါ်မှာ လှဲကာ မှောက်အိပ်နေချိန်မှာတောင် သူမ ရယ်သံကို အမြဲကြားနေရသည်။ မသိလိုက်ခင်မှာပင် သူမ၏ ရယ်သံက သူ့နားထဲကို စိမ့်ဝင်သွားပြီး သူ့နှလုံးသားထဲကို စိမ့်ဝင်သွားတော့သည်။


 á€›á€Żá€•်ရည်ခဝ္ဏမ္ဏသ္ဏ မိန်းကလေးများသည် အလွန်ရေပန်းစားကြပြီး အလှတရားနှင့် ကိုယ်ရည်ကိုယ်သွေကောင်းသော မိန်းကလေးများကို အနိုင်ယူနိုင်သူဟူ၍ မရှိပေ။


 á€šá€ąá€Źá€€á€şá€ťá€Źá€¸á€œá€ąá€¸á€™á€ťá€Źá€¸á€€ သူမကို သဘောကျပြီး မိန်းကလေးများကလည်း သဘောကျကြသည်။


 á€•ဟဎးတ္ဏအ သွမ့်ရယ် ကလည်း သူမကို သဘောကျတယ်လေ။


 á€Ąá€‘á€€á€şá€á€”á€şá€¸á€€á€ťá€ąá€Źá€„á€şá€¸á€á€„á€şá€á€˝á€„á€ˇá€şá€…á€Źá€™á€ąá€¸á€•á€˝á€˛á€Ąá€•á€źá€Žá€¸á€á€˝á€„á€ş သွမ့်ရယ်သည် ကျန်းယွီမိုအား သူ့ခံစားချက်များကို ဝန်ခံခဲ့သော်လည်း သူမက ငြင်းပယ်ခဲ့သည်။ သူမအတွက် လူတော်တော်များများဆီက ရည်စားစကား အပြောခံရဖူး၍ သွမ့်ရယ်ကို ငြင်းလိုက်တာပင်။


ကျန်းယွီမိုသည် ပဉ္စမအထက်တန်းကျောင်းသို့သွားခဲ့ပြီး သွမ့်ရယ်က လိုက်လျှောက်ခဲ့သော်လည်း သူတို့ အတန်းတူမဟုတ်ပေ။သို့သော် အထက်တန်းကျောင်းပထမနှစ်တွင် စစ်ရေးလေ့ကျင့်မှု ပထမနေ့မှစ၍ လူဆိုးကောင် သွမ့်ရယ်သည် ကျန်းယွီမို ကို ကြိုက်နေကြောင်း လူတိုင်းသိသွားကြသည်။ 


သွမ့်ရယ်သည် သူ၏ အချစ်ကို ဘယ်သောအခါမှ ဖုံးကွယ်ထားခြင်းမရှိသည့်အပြင် လက်ရဲဇက်ရဲနိုင်သူပင်။ ဒုတိယနှစ်ကျောင်းသားများနှင့် စီနီယာများကိုပင် နှာခေါင်းများ ပွန်းပဲ့ပြီး မျက်နှာ ရောင်လာသည့်အထိ ရိုက်နိုင်သူပင်။ စစ်ရေးလေ့ကျင့်မှုပြီးဆုံးသောအခါ ပဉ္စမအလယ်တန်းကျောင်းမှ လူအများစုသည် သွမ့်ရယ်၏အမည်ကို သိသွားကြလေပြီ။


သွမ့်ရယ်သည် အထက်တန်းကျောင်းတွင် နာမည်ကြီးလာပြီး ကျန်းယွီမိုလည်း အလားတူပင်။


ကျန်းယွီမိုသည် လူတိုင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသောကြောင့် နာမည်ကြီးကာ အတန်းဖော်ဟောင်း သွမ့်ရယ် နှင့် တစ်စက်မှမတူပေ။


ပထမအကြိမ် အငြင်ခံရပြီးနောက် သွမ့်ရယ်သည်အခြားဘာမျှထပ်မပြောသော်လည်း ကျန်းယွီမိုကို ချစ်နေဆဲဖြစ်သည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကလည်း ထိုအတိုင်းပင်။ သူတို့နှစ်ယောက်ကြားက စာရွက်ပါးလေးကို ဘယ်သူမှ မဖြဲဆုတ်ကြပေ။


ကျန်းယွီမိုအတွက် အထူးအစီအစဉ်ဖြင့် ချစ်ရေးဆိုမည်လားဟု သွမ့်ရယ်ကို တစ်ချိန်က တစ်စုံတစ်ယောက်မှ မေးခဲ့ဖူးသော်လည်း၊သူကတော့ အချိန်အတော်ကြာ တုံ့ဆိုင်းသွားပြီးနောက် ငြင်းဆိုခဲ့သည်။ ယခင်က သူ အငြင်းခံရသည်။ ယခုမူ သူမကို ပို၍ပင် နှစ်သက်လာသော်လည်း ယခင်ကလို ဝန်ခံရဲသည့်သတ္တိမရှိပေ။ လွယ်သည်ဟုထင်ရသော စကားလေးနှစ်ခွန်းကိုပင် ပြောမထွက်တော့ပေ။  


ကျန်းယွီမိုသည် ရေခဲပုံးအတွင်းမှ Haagen-Dazs ကို အံသြစွာ ကြည့်နေမိခဲ့သည်။ သူမ၏အမူအရာကို သတိပြုမိရင်း သွမ့်ရယ် က ရယ်မောလိုက်သည်။ “သွားစားလိုက်ဦး၊ မင်းကို ဒီနေ့လည် လာမခေါ်ခင် အရည်ပျော်သွားမှာစိုးတယ်"

  

 á€žá€°á€€ ရေခဲမုန့်ကိုထုတ်ပြီး အဖုံးဖွင့်ကာ သစ်သားဇွန်းကို ပေးလိုက်သည်။ 


"လုရွှယ်ကဟာနဲ့ ယှဉ်ပြီး စားကြည့်စမ်းပါ" ခဏရပ်ရင်း သူက ဆက်ပြောသည်။ 


"နောက်ထပ်နည်းနည်းဝယ်ချင်သေးတာ၊ ဒါပေမယ့် နည်းနည်းပဲကျန်တော့တယ်လို့ အရောင်းစာရေးကပြောတယ်၊ ကျန်တဲ့အရသာကလည်း နင့် အကြိုက်မဟုတ်ဘူးလေ"


အသက် ၁၇နှစ်၊ ကျန်းယွီမိုသည် ရင့်ကျက်ခြင်းမရှိသေး။ထို့ကြောင့် ယခုအချိန်တွင် သူမစိတ်ထဲမှာ ဘာမှ မစဉ်းစားနိုင်တော့ပေ။


သို့သော် သွမ့်ရယ် ၏အသံကို ကြားလိုက်သောအခါတွင် သူမ၏ လည်ချောင်းထဲတွင် အဖုအထစ်တစ်ခုကို ခံစားလိုက်ရသည်။ သူမ ငိုချင်သော်လည်း ထိန်းထားလိုက်၏။


"သွမ့်ရယ်၊ ငါတို့ရဲ့အနာဂတ်က ဘယ်လိုဖြစ်မယ် ထင်လဲ" ဟု မေးလိုက်ချင်သည်။


 á€’ဍပ္မယအ် အထက်တန်းကျောင်းသားတွေက ဘယ်လိုလုပ် အနာဂတ်ကို စိတ်ကူးယဉ်နိုင်မလဲ။


 "ဘာလို့လဲ?" သွမ့်ရယ်သည် သူမ၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုလိုက်မိသည်။


ကျန်းယွီမို ခေါင်းယမ်းလိုက်သည်။ " အိပ်မက်ဆိုး မက်ပြီး ကောင်းကောင်း မအိပ်ခဲ့ရလို့ပါ"


သွမ့်ရယ် ပြုံးလိုက်သည်။သူက မကြာခဏ ပြုံးပြတတ်သူ မဟုတ်။


 á€Ąá€­á€•်မက်က ဘာလဲဟု သူ မမေးဘဲ ကောင်းကင်ကို မော့ကြည့်ပြီး “မစားရသေးဘူးမလား၊စားလိုက်လေ၊ မင်းအဖေ မကြာခင်ပြန်လာလိမ့်မယ်ထင်တယ်"  


သွမ့်ရယ် သည် အဖေကျန်း ထွက်သွားချိန်ကို စိတ်ထဲက တွက်ဆကာ ပြောလိုက်သည်။


 â€œá€Ąá€„်း..."


သွမ့်ရယ်က သူမကို တစ်ဖန် ကြည့်လိုက်ပြန်သည်။ ရာသီဥတုကြောင့်လားမသိ၊ သူ့လက်ဖဝါးများ အနည်းငယ် ပူလာသလို ခံစားရ၏။


  "ဒါဆို ဘယ်အချိန်လာခေါ်ရမလဲ"


 á€Ąá€‘က်တန်းကဝ္ဏင်းသူကဝ္ဏင်းသဏးမဝဏးဥန္ဖဟငအ် သူတို့၏ အနာဂတ် အစီအစဉ်များသည် အထူးကြီးကျယ်လှသည်တော့မဟုတ်ပေ။


 â€œá€œá€ąá€¸á€”ဏရဎ၊ ငါးနာရီပေါ့” ကျန်းယွီမိုက ပြန်ဖြေသည်။ "ယန်ချင် နဲ့ တခြားသူတွေလည်း လိုက်လို့ရတယ်မလား"


သွမ့်ရယ်က ခေါင်းညိတ်လိုက်သည်။


နေရောင်သည် တောက်ပနေပြီး ကျန်းယွီမိုက ရေခဲမုန့်ယူကာ အိမ်သို့ပြန်ပြေးသွားစဉ် သွမ့်ရယ် နွေးထွေးမှုကို ခံစားလိုက်ရသည်။


သွမ့်ရယ် အပြင်ဘက်တွင် ခဏရပ်ပြီးနောက် ဆိုင်ကယ်စီးကာ ပြန်သွားခဲ့သည်။သူ၏မွေးလက ဇူလိုင်လဖြစ်ပြီး အသက် 18 နှစ်မှာ ဆိုင်ကယ်လိုင်စင်ရခဲ့သည်ပင်။(ရှေ့ပိုင်းမှာ စက်ဘီးရေးထားမိတာ)


 á€™á€ąá€Źá€şá€á€ąá€Źá€şá€†á€­á€Żá€„်ကယ်သလက အနည်းငယ်ကျယ်လောင်ပြီး လေက သွမ့်ရယ်၏အဝတ်အစားများ လွင့်ပျံလာေစသည်။ မျက်လုံးထောင့်ရှိ အနည်းငယ် ပျောက်လုနီးနီးဖြစ်နေသော အမာရွတ်က သူ့ကို ကြမ်းတမ်းပြီး ခြိမ်းခြောက်သလိုဖြစ်နေစေ၏။ သို့သော်လည်း သူ့နှုတ်ခမ်းထောင့်များ ကော့ညွတ်သွားချိန်၌၊သူ့မျက်နှာထားကို ပျော့ပျောင်းသွားစေလေသည်။


***


သူမအဖေပြန်ရောက်သည့်အချိန်တွင် ကျန်းယွီမို အိမ်ပြန်ရောက်သည်မှာ မကြာသေးပေ။


အဖေကျန်းက ဘတ်စ်ကားကုမ္ပဏီ၏ ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး နင်ချမ်မှ စီရင်စုမြို့တော်သို့ အဓိက လမ်းကြောင်းကို မောင်းနှင်သည်။ သူက ဘတ်စ်ကားများ မောင်းခဲ့သည်မှာ ဆယ်နှစ်ခန့်ရှိပြီဖြစ်၍ နေ့လယ်စာကို ဘတ်စ်ကားဂိတ်တွင်သာ အမြဲတမ်းစားလေ့ရှိသည်။ သို့ရာတွင် ယနေ့က အထူးအခြေအနေတစ်ခုဖြစ်သည်။ သူ၏ ချစ်ရသောသမီးလေးက ယနေ့တွင် အသက် ၁၇နှစ်ပြည့်မည်ဖြစ်သောကြောင့် မည်သည့်ကိစ္စပင်ရှိသည်ဖြစ်စေ သူ အိမ်ပြန်လာရမည်ဖြစ်သည်။ အမေကျန်းကလည်း လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကတည်းက ကိတ်မုန့်တစ်လုံးမှာထား၍ အဖေကျန်းက ၎င်းကိုယူပြီး ပြန်လာခဲ့သည်။ ၎င်းက သာမန်သစ်သီးကိတ်တစ်လုံးသာဖြစ်ပြီး ကိတ်ပေါ်တွင် "Happy Birthday သမီးလေး" ဟူ၍ ယိုဖြင့် ရေးထားသည်။


စားပွဲပေါ်တွင်လည်း အရသာရှိသော စားစရာများဖြင့် ပြည့်နေပြီး အားလုံးက ကျန်းယွီမိုအကြိုက်ဆုံးများ ဖြစ်သည်။


အမေကျန်းက မနက်မိုးလင်းတည်းက ယခုထိ အလုပ်ရှုပ်နေခြင်းဖြစ်သည်။ ကျန်းယွီမိုက အလွန်သာမန်ဆန်သောမိသားစုတွင် မွေးဖွားခဲ့ပေသည်။ သူမ၏အဖေက ဘတ်စ်ကားဒရိုင်ဘာဖြစ်ပြီး သူမအမေက ဆေးဆိုင်တွင် အလုပ်လုပ်သည်။ သူမတို့မိသားစုက ငွေကြေးချမ်းသာကြွယ်ဝခြင်းမရှိသော်လည်း နင်ချမ်တွင်မူ ဆင်းရဲသည်ဟု မသတ်မှတ်နိုင်ပေ။ ချန်ထားရစ်ခံရသောကလေး* မဖြစ်နေခြင်းကပင် သူမအတွက် အလွန်ကံကောင်းနေပြီဖြစ်သည်။ ကျန်းယွီမိုအတန်းဖော်များထဲမှ တစ်ဝက်ခန့်၏ မိဘများက မြို့ပြင်တွင် အလုပ်လုပ်ကြသည်။

[ T/N - ချန်ထားရစ်ခံရသောကလေး ဆိုတာက မိဘနှစ်ယောက်လုံး ဒါမှမဟုတ် တစ်ယောက်တည်းက တခြားမြို့မှာ အလုပ်သွားလုပ်လို့ ကလေးကို ချန်ထားခဲ့တာမျိုးကို ပြောတာပါ ]


မိသားစုဝင်သုံးယောက်က ဝိုင်နှင့် အေးစိမ့်စိမ့်ကိုလာခွက်များကိုကိုင်ပြီး ခွက်ချင်းတိုက်လိုက်ကြသည်။


အဖေကျန်းက တက်ကြွစွာဖြင့် ပြောလိုက်သည်။

" မိုမိုက အခုဆို ၁၇နှစ်တောင်ပြည့်ပြီပဲ… အဖေလည်း အသက်ကြီးလာပြီပေါ့…"


မွေးကင်းစသမီးလေးကို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ခဲ့ရသည်မှာ မနေ့တစ်နေ့ကကဲ့သို့ဖြစ်သော်လည်း ယခုအခါ သူမက အသက် ၁၇နှစ်တောင် ရှိခဲ့ပြီဖြစ်သည်။


နောင်နှစ်တွင် သူမက အရွယ်ရောက်သူတစ်ယောက် ဖြစ်‌လာပေလိမ့်မည်။


ကျန်းယွီမိုက အဖေကျန်း၏ပန်းကန်ထဲကို နံရိုးတစ်ခုထည့်ပေးပြီး ပြောလိုက်သည်။

" မဟုတ်တာ သမီးကတော့ အဖေနဲ့ အမေက အရမ်းငယ်သေးတယ်လို့ တွေးနေတာ…"


" သူကတော့ အသက် ၁၇နှစ် ပြည့်သွားပေမယ့် ကလေးလို နေနေတုန်းပဲ…"

အမေကျန်းက ဆူပူလိုက်သည်။

" ဒီမနက်ခင်းတုန်းကလေ သူ စိတ်လွတ်သွားသလိုမျိုး ပြေးလွှားနေပြီးတော့ အိမ်မက်ဆိုးတွေမက်တယ်ပြောပြီး ငိုနေသေးတယ်…"


အဖေကျန်းက စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

" ဘာအိမ်မက်ဆိုးလဲ…"


ကျန်းယွီမိုက ခဏတာတွန့်ဆုတ်နေပြီးမှ ပြောလိုက်သည်။

" သမီး တက္ကသိုလ်ကောင်းကောင်း မတက်ရဘူးလို့ အိမ်မက်မက်လို့…"


မူလဇာတ်ကြောင်းတွင်မူ သူမ၏အဆင့်များက ထူးချွန်နေခြင်းမရှိခဲ့ပေ။ ဘွဲ့ရပြီးနောက် သူမ၏ကြည့်ကောင်းသောရုပ်ရည်နှင့်အမူအကျင့်ကြောင့် စီရင်စုလေကြောင်းလိုင်းတစ်ခုတွင် လေယာဉ်မယ်ဖြစ်လာခဲ့သည်။ အမှန်တွင် ထိုကဲ့သို့သောအနာဂတ်မျိုးက လူအများ၏အမြင်တွင် မဆိုးရွားသော်လည်း သူမက အမှန်တွင် လေယာဉ်မယ်တစ်ယောက် မဖြစ်ချင်သု အမြဲတမ်းခံစားခဲ့ရသည်။


မူလဇာတ်ကြောင်းတွင်မူ သူမက ထိုအကြောင်းကို များများစားစားမဖော်ပြခဲ့ပေ။


ဝတ္ထု၏ အချပ်ပိုအပိုင်းများသို့ ရောက်သည့်အခါမှသာ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်က နင်ချမ်သို့ရောက်လာပြီးလမ်းပေါ်တွင် အတိတ်အကြောင်း ပြန်ပြောနေကြစဉ် သွမ့်ရယ်အကြောင်း ပြောမိကြသည်။


အမျိုးသမီးဇာတ်လိုက်က သွမ့်ရယ်၏ လက်ရှိအခြေအနေအကြောင်းကို ပြောနေစဉ်တွင် သက်ပြင်းချလိုက်မိသည်။ သူက အထက်တန်းမှဘွဲ့ရပြီးသည့်နောက်တွင် နေရာအနှံ့ခရီးသွားလာကာ ဝင်ငွေအချို့ရှာနိုင်ခဲ့ပြီးနောက် နင်ချမ်သို့ပြန်လာကာ ကားပြင်ဆိုင်တစ်ဆိုင် စပ်တူဖွင့်ခဲ့သည်။ အမျိုးသားဇာတ်လိုက်က သူ၏ယခင်ပြိုင်ဘက်အကြောင်းကို ဝိုးတဝါးသာ မှတ်မိတော့၍ သူ(သွမ့်ရယ်)၏ ကောင်မလေးအကြောင်း မေးလိုက်သည်။


အမျိုးသမီးဇာတ်လိုက်က ပြုံးပြလိုက်ပြီး သူမလည်း မသိကြောင်း ပြောလိုက်သည်။ သူမ ကြားခဲ့သည်မှာ သူက သူ့ကောင်မလေးနှင့် လမ်းခွဲပြီးနောက် အကြိမ်ပေါင်းများစွာ ပြန်တွဲခဲ့ကြသည်ကိုပင်။ အမျိုးသားဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်ကို အသက်၁၈နှစ်တည်းက သဘောကျခဲ့ခြင်းဖြစ်၍ ယခုအခုအခါ သူတို့နှစ်ယောက်လုံး အသက် ၃၀ရှိပြီဖြစ်သောကြောင့် သူ သူမကို ချစ်ခဲ့သည်မှာ ၁၂နှစ်တိုင်တိုင် ရှိပြီဖြစ်သည်။


 á€žá€˝á€™á€ˇá€şá€›á€šá€şá€€á€œá€Šá€şá€¸ ကျန်းမျိုးရိုးနှင့် အတန်းဖော်တစ်ယောက်ကို အသက်၁၄နှစ်ကတည်းက သဘောကျခဲ့ပြီး သူမက သူ့အချစ်ဦးဟု ဆိုသည်။


ယခုအခါ သူတို့က အသက်၃၀ရှိပြီဖြစ်ရာ သွမ့်ရယ်က သူ့အချစ်ဦးကို ၁၆နှစ်တိုင်အောင် သဘောကျခဲ့၍ သူက အချိန်ပိုကြာသည်ဟု ပြောရပေမည်။


အမေကျန်းထံမှ စကားတစ်ခွန်းက ကျန်းယွီမိုကို လက်တွေ့ဘဝသို့ ပြန်လည်ခေါ်ဆောင်လာသည်။

" အဲဒါအိမ်မက်မဟုတ်ပါဘူး တကယ်ပဲလေ…"


အဖေကျန်းက သဘောမတူဘဲ သူမကို စိုက်ကြည့်လိုက်သည်။

" အဓိပ္ပါယ်မရှိတာတွေ…"


" ရှင်က ရှင့်သမီးအဆင့်တွေအကြောင်း မသိဘူးလား…"

အမေကျန်းက စိုးရိမ်နေမိသည်။

" ဆရာဝမ်ပြောတာတော့ ယွီမိုက အန္တရာယ်များတဲ့ အနေအထားဖြစ်နေတာမို့ စီနီယာနှစ်တွေမှာ ပိုကြိုးစားဖို့ လိုတယ်တဲ့…"


စုံတွဲနှစ်ယောက်က ထိုအခြေအနေကိုကိုင်တွယ်ရန် ဆွေးနွေးနေကြသည်။


ထိုစဉ်အချိန်တွင် ကျန်းယွီမိုမှာ စကားတစ်ခွန်းမှ ဝင်မပြောနိုင်ပေ။


မူလဇာတ်ကြောင်းအရဆိုလျှင် သူမအနာဂတ်ကို ကောင်းသည် ဆိုးသည်ဟု မပြောနိုင်သော်လည်း ယခုအချိန်တွင်မူ သူမက လေယာဉ်မယ်မဖြစ်ချင်ဟု ခံစားနေရသည်။ ခဏတာတွေးတောနေပြီးသည့်နောက် သတ္တိများက မည်သည့်နေရာမှ ရလာသည်ကို မသိသော်လည်း တူကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး လေးနက်စွာပြောလိုက်သည်။

" သမီး စာမေးပွဲကို သေချာပေါက် ကောင်းကောင်းဖြေပါ့မယ်…"


အဖေကျန်းနှင့် အမေကျန်းက အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သူမစကားများကို စိတ်ထဲမထားဘဲ ဆက်လက်ဆွေးနွေးနေကြသည်။


ကျန်းယွီမို : “…”


သူမ ပြောစရာစကားများ ပျောက်ရှသွားရသည်။


၂နာရီထိုးချိန်တွင် ကျန်းယွီမို၏ သူငယ်ချင်းများ ရောက်ရှိလာသည်။


အဖေကျန်းက အလုပ်သို့ပြန်သွားပြီဖြစ်ကာ အမေကျန်းကလည်း ဆေးဆိုင်ကို သွားပြီဖြစ်သည်။ မိန်းကလေးသုံးယောက်သာ အိမ်တွင်ရှိသဖြင့် သူတို့က အလွန်လွတ်လပ်နေသည်။ ကျန်းယွီမိုက သူတို့နှင့်အတူ ကိတ်ကို မျှဝေစားပြီး သုံးယောက်လုံးကို အခန်းထဲတွင် ထိုင်နေကြသည်။ တစ်ယောက်က ခုံတွင်ထိုင်၍ ဝတ္ထုဖတ်နေကာ၊ တစ်ယောက်က သူမဖုန်းကို တင်းမာသောမျက်နှာထားဖြင့်ကြည့်၍ Tetrisဂိမ်းကို ကစားနေသည်။ ကျန်းယွီမိုတစ်ယောက်တည်းသာ အတွေးထဲ နစ်မျောနေသည်။


[ T/N - Tetrisက ငယ်ငယ်က ဂိမ်းဆက်လေးတွေမှာ ဆော့နေကျ တုံးစီတဲ့ဂိမ်းပါ၊ အခုထိလည်းရှိသေးတယ်ဆိုတော့ သိကြမှာပါ ]


" နင်တို့ အနာဂတ်မှာ ဘာလုပ်ချင်ကြလဲ…"

ကျန်းယွီမိုက ရုတ်တရက် ‌ထမေးလိုက်သည်။


ယန်ချင်က ဝတ္ထုထဲတွင် အမျိုးသား‌ဇာတ်လိုက်က အမျိုးသမီးဇာတ်လိုက်ကို "အနိုင်ကျင့်" နေသည့်အခန်းအား တစ်လုံးချင်းဖတ်နေ၍ သူမမျက်နှာက နီရဲနေသည်။ ထိုစကားကို ရုတ်ချည်းကြားလိုက်ရသောအခါ ခေါင်းလှည့်ကြည့်လိုက်မိသည်။

" နင် ငါ့ကို လန့်သေအောင် လုပ်နေတာပဲ… ငါက ငါ့အမေများ ငါ့ကို လာမေးနေတာလားလို့…"

 

စွန်းမုန့်ထင်၏ ဖုန်းမျက်နှာပြင်တွင် Tetrisအတုံးများနှင့်ပြည့်သွားပြီး ဂိမ်းရှုံးသွားကြောင်း ပြသနေ၍ သူမက ကျန်းယွီမိုဘက်သို့လှည့်ကာ ပြောလိုက်သည်။

" ဒါကို မေးနေတော့ရော ဘာထူးမှာလဲ… ငါက သရုပ်ဆောင်ဖြစ်ချင်တယ် ဒါပေမဲ့ ငါ့အမေက ငါ့ကို သူ့ခြေရာလိုက်နင်းပြီး သူနာပြုဖြစ်စေချင်တာ… အရမ်းစိတ်ညစ်စရာကောင်းတာပဲ… ငါ ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် မေဂျာဘာသာကိုတောင် ကိုယ့်ဘာသာရွေးခွင့်မရှိဘူး…"


ကျန်းယွီမိုက မတုံ့ပြန်လိုက်ပေ။


" နင်ရော နင် ဘာလုပ်ချင်တာလဲ…"


ကျန်းယွီမို : " လေယာဉ်မယ်တစ်ယောက် ဖြစ်လာဖို့ဆိုရင်ရော ဘယ်လ်ိုသဘောရလဲ…"


ယန်ချင်က ကျန်းယွီမိုကို ခေါင်းစ ခြေဆုံး ကြည့်လိုက်သည်။

 

သူတို့သုံးယောက်လုံးက တစ်ယောက်နှင့်တစ်ယောက် မူလတန်းတည်းက သိလာကြသော သူငယ်ချင်းများဖြစ်ကြသည်။ သူတို့၏ သံယောဇဉ်က နက်ရှိုင်းပြီး တစ်ယောက်ကိုတစ်ယောက် ကောင်းကောင်းနားလည်ပေသည်။ သူတို့က ရေပင် အတူတူချိုးဖူးကြသည်။


" ကောင်းတာပေါ့… လေယာဉ်နေ့တိုင်းစီးရတာက ပျော်စရာကြီးနေမှာ မိုက်လည်းမိုက်တယ်…"


ကျန်းယွီမိုက ပြောစရာစကားလုံးမဲ့သွားသည်။

" နင်တို့က ငါ့သူငယ်ချင်းကောင်းတွေ မဟုတ်ကြဘူးပဲ…ငါ အမြင့်ကြောက်တယ်ဆိုတာတောင် မမှတ်မိကြဘူး…"


ချားရဟတ်စီးရသည်ကိုပင် ကြောက်ရွံ့သူတစ်ယောက်က လေယာဉ်မယ်ဖြစ်လာမည်မှာ အလွန်စိတ်ဝင်စားစရာ ကောင်းလှသည်။


" ဒါဆိုရင် ငါတို့ကို ဘာလို့မေးနေသေးလဲ…"


ကျန်းယွီမို : “…”


" ဒါဆိုလည်း မလုပ်နဲ့လေ… ရေးကြီးခွင်ကျယ်မှ မဟုတ်တာ…"

ယန်ချင်က စာမျက်နှာတစ်ဖက်ကိုလှန်ပြီး ပြောလိုက်သည်။


ကျန်းယွီမို : " ငါ နင်တို့နဲ့ စိတ်ချင်းဆက်သွယ်လို့ မရတော့ဘူးထင်တယ်…"


ယန်ချင်က ရယ်လိုက်ပြီး စွန်းမုန့်ထင်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။

" ဒါကတော့ သေချာတာပေါ့… အစ်ကိုသွမ့်တစ်ယောက်ပဲ နင်နဲ့ စိတ်ချင်းဆက်သွယ်လို့ရတာလေ…"



💌💌