Chapter 14
Viewers 158

💌Chapter.14




တစ်ခါတစ်ရံတွင် သွမ့်ရယ်သည် ကျန်းယွီမို အတွက် ရောင်စုံစိန်များကို အားပြန်သွင်းရန် ကူညီပေးသည်။ သူ့ညီငယ်အချို့၏ ရယ်မောသံများကြားတွင် သူသည် အေးအေးဆေးဆေး သုံးနိုင်သော ကွန်ပျူတာတစ်လုံးကို ရှာပြီး boot တက်ရန် စောင့်ဆိုင်းရင်း ကျန်းယွီမို ၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။


ယခုအချိန်တွင်၊ ကျန်းယွီမိုသည် သူမ၏ ညနေခင်း လုပ်စရာရှိတာများကို လုပ်ပြီး၍ အခန်းသို့ ပြန်လာချိန်ဖြစ်သောကြောင့် သူမ ဖုန်းကိုင်နိုင်ပေသည်။


ကျန်းယွီမိုသည် ညဉ့်နက်ပိုင်း အဆာပြေ မစားရသည်ကို ရုန်းကန်နေရဆဲ ဖြစ်သည်။ နွားနို့ပူပူတစ်ခွက်နှင့် ဒယ်အိုးမွှေး ဖက်ထုပ်ကြော်တစ်ပန်းကန် သူမ၏ စားပွဲပေါ်တွင် ရှိနေသည်။ အပေါ်ထပ်တွင်နေထိုင်သော အစ်မကြီးတစ်ဦးသည် အထက်တန်းကျောင်းတက်စဉ်တွင်၊မိဘများ၏ ကျွေးမွေးမှုကြောင့် ညဉ့်နက်ပိုင်း အဆာပြေများ ခဏခဏစားခဲ့သည်။ သူမသည် ထိုဒဏ်များကြောင့် 15 ပေါင် ဝိတ်တက်လာတော့သည်။ထို့ကြောင့် စာမေးပွဲအပြီးမှာ နွေရာသီအားလပ်ရက်တစ်လျှောက်လုံး ကိုယ်အလေးချိန်ချဖို့ မျက်ရည်များနှင့်ကြိုးစားသော်လည်း အခုချိန်ထိ လုံးဝကို မကျသေးပေ။ 


ကျန်းယွီမို ဗိုက်ကိုကိုင်ထားရင်း ဖရဲသီးပန်းကန်ပြားကို ပြန်ချထား၍ အဖေဖြစ်သူကို ခေါ်ရန် အခန်းထဲမှ ထွက်လာခဲ့သည်။ သူမ၏ အဖေက ဖက်ထုပ်ကို ရှာလကာရည်နှင့် တို့ကာ ပျော်ပျော်ပါးပါး စားနေသည်။ ကျန်းယွီမို တောင့်ခံထားကာ ခက်ခက်ခဲခဲဖြင့် ခြေထောက်ကို အခန်းထဲသို့ ပြန်ဆွဲခေါ်သွားခဲ့သည်။


 á€™á€­á€”စ်ဥနည်းငယ်ကဟဏသ္ဏ် သွမ့်ရယ်ထံမှ ဖုန်းဝင်လာသည်။


 "ဟယ်လို" ကျန်းယွီမိုက ပျော့ညံ့တိုးလျစွာ ဖြေလိုက်သည်။


သွမ့်ရယ်၏ နှိမ့်ချရယ်မောသံသည် ဂီတမှတ်စုများကဲ့သို့ သူမ၏ နားစည်ကို ပုတ်လိုက်သည် ။


 "ဘာလို့လဲ" 


 "အမေက ငါ့အတွက် ဖက်ထုပ်လုပ်ထားပေမယ့် ငါက မစားဘူး ဆိုတော့ အဖေ အရမ်းကံကောင်းသွားတယ်" ကျန်းယွီမို ခေါင်းမော့ပြီး သက်ပြင်းချကာ "အစာမစားရတာ အရမ်းခက်တယ်..." ထို့နောက် သတိထား၍ အလျင်အမြန် ထပ်ပြောသည်။ "အံမယ်၊ အစာစားဖို့ လိုတယ်လို့တော့ လာမပြောနဲ့နော်!"


 á€‘ိုသိုအသ္ဏ အားပေးစကားများသည် အမှန်တကယ်ပင် စိတ်ဓာတ်ကျစေနိုင်ပြီး မကြာခဏ ကြားနေရပါက သူမ၏ဆန္ဒကို တုန်လှုပ်စေမည်မှာ သေချာသည်။


သွမ့်ရယ် ဖွင့်လိုက်သော ကွန်ပျူတာသည် မြန်ဆန်သော အင်တာနက်မြန်နှုန်းရှိသည်။ သူသည် ပင်ဂွင်းအိုင်ကွန်‌လေးပေါ်တွင် ကလစ်နှိပ်ထားလိုက်ပြီး "ကောင်းပြီ၊ ကိုယ် မပြောပါဘူး"


 á€…ကယကနအ်ဥနည်းငယ်ကဟဏဥ္ဏင် တုံ့ဆိုင်းသွားပြီးနောက် မောက်စ်ကို ရွေ့လျားနေသော လက်ချောင်းရှည်များဖြင့် ကွန်ပျူတာကို ပိတ်ပစ်လိုက်တော့သည်။


ကျန်းယွီမို က ဆက်ပြောသည်။ "ညဉ့်နက်မှ အဆာပြေ မယူလာ‌ပေးနဲ့"


 á€žá€°á€™ သွမ့်ရယ်ကို ကောင်းကောင်းသိသည်။ သူမသာ အလေးအနက် မပြောပါက၊ သူသည် ညဥ့်နက်ပိုင်း သရေစာများကို ဝယ်ပြီး သူမထံ ပို့ပေးရန် သေချာပေါက် ပြင်ဆင်နေပေလိမ့်မည်။


သွမ့်ရယ်က ကူကယ်ရာမဲ့ သက်ပြင်းချရင်း "မင်း ဗိုက်ဆာနေတာမလား"


ကျန်းယွီမိုက "မိန်းမတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် တင်းတင်းမာမာနေဖို့ လိုတယ်" ဟု သူ့ကိုယ်သူ တွေးလိုက်မိသော်လည်း ထိုအတွေးဝင်လာသည့့်အခါ သူမ လုံးဝကို တုန်လှုပ်သွားခဲ့၏။


 á€˜á€Źá€á€˝á€ąá€–á€źá€…á€şá€”á€ąá€á€Źá€œá€˛áŠ သူမဟာ တခြားသူရဲ့ ဆန္ဒမပါဘဲ “မိန်းမ” ဆိုတဲ့ စကားလုံးကို သုံးခဲ့တာလား!


 â€œá€›á€•ဍတယ်၊ အဆင်ပြေပါတယ်~” 


 â€œá€€á€ąá€Źá€„်းပဟဎ၊ မင်းဗိုက်ဆာရင် ကိုယ်ကို စာပို့လိုက်၊ ဒါမှမဟုတ် ဖုန်းဆက်လိုက်”


ကျန်းယွီမိုက သဘောတူလိုက်သည်။


 á€žá€°á€™ မေးနေစရာ မလိုပေ။ တစ်ခါတစ်ရံ သွမ့်ရယ်သည် အိမ်ပြန်တတ်သော်လည်း အခြားအချိန်များတွင် သူသည် အင်တာနက် ကော်ဖီဆိုင်တွင် တစ်ညအိပ်လေ့ရှိသည်။ Deep Blue သည် သွမ့်ရယ်၏ ရင်းနှီးသော သူငယ်ချင်းများထဲမှ တစ်ဦး ပိုင်ဆိုင်သော ဆိုင်တစ်ဆိုင်ဖြစ်ပြီး အပေါ်ထပ်တွင် သူအိပ်နိုင်သော ကုတင်တစ်လုံးပင် ရှိထားသည်ကို သူမ သိထား၏။


 "မင်း အကောင့်ထဲဝင်ဖို့ ကိုယ် လုပ်ပေးဖို့လိုသေးလား" သွမ့်ရယ်က မေးသည်။


သူသည် ကျန်းယွီမို၏အသုံးပြုသူအမည်နှင့် စကားဝှက်ကိုသိပြီး ရံဖန်ရံခါ သူမအတွက် အကောင့်ဝင်‌ပေးလေ့ရှိသည်။


 "မလိုပါဘူး" ထို့နောက် သူမသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး “နင် ဘယ်ချိန်လောက် အိပ်မလဲ”


သွမ့်ရယ်သည် သူ၏ကွန်ပြူတာ၏ အောက်ခြေညာဘက်ထောင့်ရှိအချိန်ကို တစ်ချက်ကြည့်လိုက်၏။

 "နောက်တစ်နာရီကျော်လောက်မှာ ကျောက်ကျန့် နဲ့ တခြားသူတွေ ထွက်သွားပြီးတာနဲ့ အနားယူမှာပါ"


“ကောင်းပြီ၊ Weibo လို့ခေါ်တဲ့ မီဒီယာအက်ပ်အသစ်ကို ပြီးခဲ့တဲ့လက ချပြခဲ့တယ်ဆိုတာ နင်သိလား"


 "မသိဘူး"


ကျန်းယွီမို သူ့တုံ့ပြန်မှုကို မအံ့သြပေ။ အနာဂတ် ဇာတ်ကြောင်းကို မြင်ပြီးနောက် weibo သည် အနာဂတ်တွင် အကျော်ကြားဆုံး ဆိုရှယ်မီဒီယာ အက်ပ်ဖြစ်လာမည် ဖြစ်ကြောင်း သူမ သိရှိခဲ့သည်။ သို့သော်လည်း Weibo သည် ပြီးခဲ့သည့် လလယ်တွင် လွှင့်တင်ခဲ့ရာ၊ Qzone နှင့် ဘလော့ဂ်ကိုသာ အသုံးပြုဖူးသူများနေ၍ ၎င်းနှင့်ပတ်သက်၍ နာမည်မကြီးသလို သုံးသူသိပ်မရှိသေးပေ။သူမ၏ အတန်းဖော်များလည်း တစ်ယောက်မှ ဤအကြောင်းကို မသိခဲ့ပေ။


 "ဘာလို့ မရှာကြည့်တာလဲ"  


သွမ့်ရယ်သည် ရှာဖွေရေးဘောက်စ်တွင် “Weibo” ဟု ရိုက်နှိပ်ပြီးဖြစ်သည်။


 â€œá€á€˝á€ąá€ˇá€•á€źá€Žâ€


ကျန်းယွီမို အနည်းငယ် စိတ်လှုပ်ရှားသွား၏။ "ဒါဆို ငါ့ကို အကောင့်တစ်ခု စာရင်းသွင်းပေးပါဦး၊ ငါ အစောကတည်းက စာရင်းသွင်းချင်တယ်"


 á€žá€°á€™á€žá€Šá€ş ၎င်းကို ဒေါင်းလုဒ်လုပ်ရန် လွန်ခဲ့သည့် ရက်အနည်းငယ်က တွေးထားသော်လည်း သူမ၏ အိမ်သုံးကွန်ပြူတာတွင် အင်တာနက် အသုံးပြုခွင့်မရှိချေ။ အက်ပ်ကို ဒေါင်းလုဒ်လုပ်ရန် မိုဘိုင်းဒေတာကို အသုံးပြုခြင်းသည်လည်း အလွန်အမင်း စျေးကြီးမည်ဖြစ်သည်။ ထို့ကြောင့် လစဉ် စာမေးပွဲဖြေပြီးလျှင် အွန်လိုင်းမှာ အကောင့်တစ်ခု မှတ်ပုံတင်ဖို့ စီစဉ်ခဲ့တာပင်။ သွမ့်ရယ် ကလည်း အွန်လိုင်းမှာ ရှိနေတာကြောင့် ယနေ့မှ တိုက်ဆိုင်စွာပင် သူမအတွက် လုပ်ပေးဖို့ တောင်းဆိုခဲ့သည်။


 â€œá€Ąá€„်း..." သွမ့်ရယ် လင့်ခ်ကို နှိပ်လိုက်သည်။


အကောင့်အသစ်တစ်ခု မှတ်ပုံတင်ခြင်းသည် အချက်အလက်အချို့ကို ဖြည့်စွက်ရန် လိုအပ်သည်။


 á€•ထမမ္းခွန်းက ကျန်းယွီမို ကို ထိတ်လန့်စေသည်။


 "Weibo အသုံးပြုသူအမည်"


ကျန်းယွီမိုသည် သူမ၏ Weibo အကောင့်အတွက် မည်သည့် အမည်အား ရွေးချယ်ရမည်ကို မသိချေ။ ဤကိစ္စကို ဂရုတစိုက်ကိုင်တွယ်ဖို့လိုသဖြင့် သူမအချိန်အကြာကြီး တုံ့ဆိုင်းနေမိသည်။ သူမသည် အထူးတလည် ပါးနပ်မှုမရှိသောကြောင့် သိထားသော အနာဂတ်ကိုသာ အားကိုးနိုင်သည်။ မူရင်းဇာတ်ကွက်တွင် လူအများအပြားသည် Weibo မှတစ်ဆင့် ငွေရှာကြသောကြောင့် ၎င်းကို သူမလည်း စမ်းကြည့်နိုင်သည်။


 "ကောင်းပြီ၊ ထားလိုက်ပါ၊လစဉ်စာမေးပွဲတွေပြီးမှ ဒီအသေးစိတ်အချက်အလက်တွေကို သေချာစဉ်းစားပါ့မယ်၊နင်ကိုယ်ပိုင်အကောင့်ကို စာရင်းသွင်းလိုက်၊ နောက်မှ ငါ လုပ်တော့မယ်"


သွမ့်ရယ် : “…”


 á€¤á€Ąá€›á€Źá€™á€ťá€Źá€¸á€€á€­á€Ż သူတကယ်စိတ်မဝင်စားပေ။


သို့သော် သူ့တောင်းဆိုမှုကိုလည်း ငြင်းဆန်မှာ မဟုတ်ပေ။  


“အင်းပါ"


ကျန်းယွီမို သည် အင်တာနက်နာမည်ကြီးတစ်ယောက်ဖြစ်လာပြီး ငွေအများကြီး ရှာနိုင်မည့် တောက်ပ‌သောအနာဂတ်ကို မြင်လိုက်ရသလိုပင် ပျော်ရွှင်လာရတော့သည်။ သူမသည် မနက်ဖြန်နံနက်တွင် ကိုယ်ပိုင်စာလေ့လာချိန်အတွက် စောစောအနားယူရမည်ဖြစ်သောကြောင့် အနည်းငယ်ပြောကာ ဖုန်းချလိုက်သည်။


သွမ့်ရယ်၏ အကျင့်စရိုက်ကြောင့် Weibo အမည်ပြောင်အတွက် စကားလုံးအချို့ကို သူ မစဉ်းစားတတ်ပေ။ သူ့လက်က ကီးဘုတ်ကို ထိခါနီးမှာ ဖုန်းမြည်လာသည်။ သူ အမြန်တစ်ချက် ကြည့်လိုက်လိုက်သည် ။


 á€žá€° ဖုန်းကို ကောက်ယူလိုက်ပြီး ဘေးနားက go-kart ကစားနေသော ကျောက်ကျန့် ကိုပြောလိုက်သည်။


 "ဒီဟာကို ငါ့အတွက် အကောင့်တစ်ခု မှတ်ပုံတင်လိုက်၊ စကားဝှက်က ဘာမဆိုရတယ်၊ ငါ သွားစရာရှိလို့ ”


ကျောက်ကျန့် သည် နားကြပ်ကို ချွတ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ "ဒါဘာလဲ"


 "Weibo" 


ကျောက်ကျန့်က “အစ်မမိုက စာရင်းသွင်းခိုင်းတာ ဟုတ်လား”


သွမ့်ရယ် ပြန်မဖြေသော်လည်း ကျောက်ကျန့် သိသွားပေပြီ။


 â€œá€€á€ąá€Źá€„á€şá€¸á€•á€źá€Žâ€  


ကျောက်ကျန့် ၏ ပြီးပြည့်စုံသော မျက်လုံးအားကို မည်သူမဆို မနာလိုဖြစ်ကြသည်။ တစ်ညလုံး ဂိမ်းဆော့ပြီး၊ ကိုယ်ခံပညာ ဝတ္ထုများလည်း မနားတမ်း ဖတ်နေသော်ငြား မျက်မှန် မလိုအပ်သေးပေ။သူက ဖန်သားပြင်ပေါ်က အကြောင်းအရာကို တစ်ချက်ကြည့်လိုက်ကာ “Weibo အသုံးပြုသူအမည်က ဘာလဲ၊ ကျွန်တော့်ဘာသာ လုပ်ရမှာလား"


သွမ့်ရယ်သည် ကျောက်ကျန့်၏ အွန်လိုင်းဂိမ်းကို ကြည့်ပြီး စက္ကန့်အနည်းငယ်ကြာ ငြိမ်သက်သွားကာ "မလိုပါဘူး"


 " ? တို့ဘာလို့ ထည့်ပစ်လိုက်"


ကျောက်ကျန့်: "?"


သွမ့်ရယ် ထလိုက်ပြီး ကျောက်ကျန့် ၏ ပုခုံးကို ပုတ်လိုက်သည်။


"အခု ကြည့်လုပ်ထားလိုက်၊ အကောင့်နဲ့ စကားဝှက်ကို နောက်မှ ပို့ပေးပါ”


ကျောက်ကျန့် လက်မထောင်ပြပြီး "ကိစ္စမရှိပါဘူး~"


သွမ့်ရယ်သည် မီးခိုးငွေ့များရစ်နေသော ဧည့်ခန်းမှ ထွက်သွားသည်ကို ကျောက်ကျန့် ကြည့်နေသည်။ သွမ့်ရယ်က သူ့လို ဉာဏ်ကြီးရှင်တစ်ဦးကို အသုံးပြုသူအမည် ဘာကြောင့်ပေးခိုင်းမှန်း ကျောက်ကျန့် သိလိုက်သည်။အခု သူ့ဂိမ်းနာမည်ကိုပဲကြည့်လေ.. ၊ 


"ဘယ်သူက မီးခိုးငွေ့ရဲ့ အထီးကျန်မှုကို နားလည်ပါ့မလဲ"


ဝမ်းနည်းမှုလွှမ်းမိုးနေပြီး အဓိပ္ပါယ်အပြည့်ပါသော စာသားလေးပင်။ 


ကျောက်ကျန့် သည် သွမ့်ရယ် ၏ အကြံအတိုင်း ? များ အကုန်‌ထည့်ကာ နာမည်တစ်ခုဖန်တီးလိုက်သည်။ နောက်ဆုံး ယုတ္တိမရှိသောကြောင့် အစ်ကိုသွမ့် အနားမှာ မရှိသည်ကို တွေ့သည်နှင့် ရုတ်တရက် အလွန်မိုက်သော နာမည်ပြောင်တစ်ခုအားပေးလိုက်တော့သည်။


ကျန်းယွီမိုရဲ့ ချစ်ခင်ပွန်းလေး ။


  မိုက်တယ်!


ဤသည်က အစ်ကိုသွမ့် ၏ အိပ်မက်ဖြစ်၍ ဤ Weibo အသုံးပြုသူအမည်ကို သေချာပေါက် နှစ်သက်မှာသေချာသည်။


 Deep Blue သည် ဒုတိယထပ်တွင် ရှိနေသည်။ ဤအချိန်တွင် လှေကားထစ်သည် တိတ်ဆိတ်နေသည်။ သွမ့်ရယ် လှေကားကိုမှီကာ ဖုန်းကိုပြန်ခေါ်လိုက်သည်။


 á€Ąá€”ည်းငယ်ကဟဏပဟဎးန္ဏက်၊ ပျင်းရိသော အမျိုးသမီး၏ အသံတစ်ခုထွက်လာသည်။ "သားကို အသိပေးတာ၊ မနက်ဖြန် အမေခရီးထွက်မလို့.."


သွမ့်ရယ် က လှေကားထစ်အနီးမှ နံရံကို မှီပြီး " ဘယ်လောက်ကြာကြာ သွားမှာလဲ"


 á€žá€°á€™ ဘယ်သွားမလို့လဲ ဆိုသည်ကိုမမေးပေ။


ဝူမေယွင် တော်တော်ပျော်နေပုံရပြီး ပြုံးကာ "မသိဘူး၊ ငါ ရှန့်ကျန်းနဲ့ ကွမ်ကျိုးကို သွားမယ်၊ အဆင်ပြေရင် တစ်လခွဲအတွင်း ပြန်လာခဲ့မယ် ၊ မဟုတ်ရင် တရုတ်နှစ်သစ်ကူး မတိုင်ခင် ပြန်လာဖြစ်မှာပါ” ပြောပြီး သူမ တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားကာ “အိုး၊ ငါ မေ့တော့မလို့၊မင်းရဲ့မွေးနေ့က နိုဝင်ဘာမှာပါလား၊ဒါဆို သား 18 နှစ်မပြည့်ခင်မှာ သေချာပေါက် ပြန်လာမှာပါ"


သွမ့်ရယ် ငယ်ငယ်တုန်းက သူ့မိဘများ ကွာရှင်းခဲ့သည်။ သူ့အဖေက ဘယ်လိုပုံစံလဲဆိုသည်ကိုပင် မေ့လုနီးပါးဖြစ်နေ၏။


 á€”á€žá€…á€şá€€á€źá€Źá€œá€Źá€žá€Šá€şá€”á€žá€„á€ˇá€şá€Ąá€™á€ťá€ž သူ့အမေဘာဖြစ်ချင်သလဲ သို့မဟုတ် သူမ ဘယ်သူနှင့် ရှိနေသည်ဖြစ်စေ သွမ့်ရယ်ဘယ်တော့မှ မကန့်ကွက်ပေ။ သားအမိကြားက ဆက်ဆံရေးကလည်း ထူးဆန်းနေသည်။ သူတို့နှစ်ယောက်က ရင်းနှီးသည်ဆိုသော်လည်း သာမာန် သားအမိများလို မဟုတ်။ သူ့မှာ နင်ချမ်ကို စွန့်ခွာဖို့ အခွင့်အရေးအများကြီးရခဲ့သော်လည်း သွမ့်ရယ် ဘယ်တော့မှ မလုပ်ခဲ့ပေ။


 á€žá€°á€ˇá€Ąá€™á€ąá€€á€­á€Ż ပိုပျော်ရွှင်စေချင်သည်။


 á€á€„á€şá€•á€˝á€”á€şá€¸á€Ÿá€ąá€Źá€„á€şá€¸á€‘á€śá€™á€ž ရရှိသောငွေများဖြင့် ရံဖန်ရံခါ အပျော်အပါးမျိုးစုံကို လုပ်ကာ မိခင်ဖြစ်သူမှာ အတော်လေး ပျော်ရွှင်နေပြီး၊ သူမ စိတ်ဝင်စားသူများနှင့်လည်း ဆက်ဆံရေး ရှိတတ်သည်။


ယခု သူ့အမေ၏ ချစ်သူကို သွမ့်ရယ် အရင်တွေ့ဖူးသည်။ သူသည် သူမထက် တစ်ဆယ့်နှစ်နှစ်ငယ်သော အသက်သုံးဆယ်အရွယ် လူငယ်တစ်ဦးဖြစ်သည်။


 â€œá€™á€œá€­á€Żá€•á€Ťá€˜á€°á€¸â€ သွမ့်ရယ်က အေးဆေးတည်ငြိမ်စွာပြောသည်။ “အဲဒီမှာပျော်အောင်နေပြီး ကြိုက်သလောက်ကြာအောင်နေပါ"


"အချိန်တန်ရင် အမေတို့တွေ့ကြမယ်၊ ခုတင်ဘေး စားပွဲပေါ်မှာ ငွေသား ယွမ် ၃၀၀၀ ရှိတယ်၊ ကတ်ရဲ့စကားဝှက်ကတော့ သားမွေးနေ့ပဲ၊ ကတ်ထဲမှာ ပိုက်ဆံဘယ်လောက်ရှိလဲ မေ့သွားပေမယ့် အနည်းဆုံး ယွမ် 20,000 ရှိနိုင်တယ်၊ မလုံလောက်ရင် လှမ်း‌ပြောလိုက်နော်"


သွမ့်ရယ်က အင်းဟုပြာသော်လည်း ထိုပိုက်ဆံကို သူ ယူမည်မဟုတ်မှန်း သားအမိနှစ်ယောက်လုံး စိတ်ထဲမှာ သိနေသည်။


 á€–ုန်းခဝပဟဎးန္ဏက် သွမ့်ရယ်သည် နံရံကိုမှီ၍ အိပ်ကပ်ထဲမှ မီးခြစ်တစ်ခုကို ထုတ်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။တကယ်တော့ သူ ဆေးလိပ်မသောက်တတ်ပေ။ သို့သော် သူသည် အခြားသူများနှင့် အတူရှိသောအခါ၊ သူ့ကို စီးကရက်အမြဲပေးနေတာကြောင့် တစ်ချိန်လုံး ငြင်းဆန်ရန် မဖြစ်နိုင်ပေ။


သူ့စိတ်နေစိတ်ထားပေါ်မှာလည်း မူတည်သည်။ တစ်ခါတလေ ဆေးလိပ်ကို လက်ခံသလို၊ တစ်ခါတလေ ငြင်းမိသည်။


 á€žá€°á€žá€Šá€ş မီးတောက်များကို စိုက်ကြည့်ရင်း အတွေးထဲနစ်ဝင်သွားသည်။


 á€œá€žá€ąá€€á€Źá€¸á€á€…်ဖက်ကန္ စိတ်မရှည်သည့့် ယောက်ျားအသံက မိုးသံနှင့်ရောပြီး ကြည်လင်ပြတ်သားစွာ တိုးဝင်လာသည်။


 "ပျော်နေပါ့မလား၊ ဒီဝေးလံခေါင်သီတဲ့ နေရာက ဘာကြီးလဲ”


 â€Ś


 â€œá€‘á€”á€şá€¸á€•á€„á€şá€œá€ąá€Źá€€á€şá€á€ąá€Źá€„á€ş မကြီးတဲ့ ရွာငယ်လေး၊ကားနဲ့ ပတ်ရင် တစ်နာရီလောက်တောင်မကြာဘူး"


 â€Ś


 "သွားစမ်းပါ၊ ငါ စိတ်မဝင်စားဘူး"


သွမ့်ရယ် ပျင်းရိစွာ သူ့မျက်ခွံကို လှန်ကြည့်လိုက်သော် ထိုလူက လှေကားထစ်ကို တက်နေပြီဖြစ်သည်။ ကျိုးကျစ် သည် ဤလှေကားထစ်တွင် တစ်စုံတစ်ယောက်ရှိ‌နေမည်ဟု မမျှော်လင့်ထားပေ။


ထိုလူက သွမ့်ရယ်ကို မြင်သောအခါ ဖုန်းချလိုက်သည်။


လူတစ်ယောက်စီမှာ အရှိန်အဝါတစ်ခုစီ ရှိကြသည်။ယခုလည်း ကျိုးကျစ် နှင့် သွမ့်ရယ် တို့သည် တောင်ပေါ်မှာ ကျက်စားသော ကျားနှစ်ကောင်ဆိုသည့် ခံစားချက်ကို ပေးနေလေသည်။ စာသင်နှစ်စကတည်းက တစ်ယောက်နှင့်တစ်ယောက် စကားမပြောကြသော်လည်း၊သိပ်မကြာခင် သူတို့နှစ်ယောက် လက်သီးထိုးသတ်တော့မည်ဆိုသော ခံစားချက်ကြီး ရနေသည်။ တခြားလူများလည်း ရိပ်မိကြပါ၏။


 á€€á€ťá€ąá€Źá€„်းဖိုရမ်တွင် ထိပ်ဆုံးတွင် အဆက်မပြတ် ပို့စ်အနည်းငယ် တက်လာတတ်သေးသည်။


 â€”[သွမ့်ရယ် နဲ့ ကျိုးကျစ် ဒီနေ့ ရန်ပွဲရှိသလား]


[စလာပြီလား၊ဘယ်သူက ကျောင်းရဲ့ ဘုရင်ဖြစ်လာမလဲ၊ သွမ့်ရယ် လား၊ ကျိုးကျစ် လား]


သွမ့်ရယ်က ကျိုးကျစ်ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်ကို ရုတ်ကာ စီးကရက်ဘူးကို မီးပိတ်ရင်း၊ လှေကားထစ်များပေါ် ပစ်ချကာ နင်းလိုက်ပြီးလျှင် အပေါ်ထပ်က ဆိုင်ထဲကို ပြန်ဝင်သွားလိုက်သည်။


ကျိုးကျစ်ကလည်း မျက်နှာပျက်သွားကာ နှုတ်က အသံထွက်၍ ကျိန်ဆဲလိုက်သည်။





💌💌