Ch-17
Viewers 5k

Ch-17 Unicode 


လီရှင်းသည် အလွန်ကြည့်ကောင်းသော ကောဖြစ်၏။ သူ့တွင် ရှည်လျားပြီး အချိုးအစားကျသော ခြေလက်များရှိကာ ချန်ချင့်ထက် အနည်းငယ် အရပ်ပိုရှည်သည်။ သူ့၏ ကောင်းမွန်သော မိသားစုနောက်ခံကြောင့် သူသည် ယုံကြည်ချက်အပြည့်ရှိသူဖြစ်သည်။ ၄င်းမှာ ချန်ချင့်ဘဝတွင် ဘယ်သောအခါမှ မရှိနိုင်သည့်အရာပင်။ 


လီရှင်းသည် ယခုထိ အိမ်ထောင်မပြုရသေးချေ။ အကြောင်းက သူ အိမ်ထောင်မပြုနိုင်တာကြောင့်မဟုတ်ဘဲ လော့ဟယ်ရွာ၌ သူ့၏ အခြေအနေမှာ ကောင်းမွန်လွန်းနေခြင်းကြောင့်သာ။ 


သူ့အိမ်သို့ အောင်သွယ်တော်များစွာ လာရောက်ကြသော်ငြား လီရှင်း၏ အဖေက သူတို့ကို သဘောမကျသောကြောင့် ဇနီးဖြစ်သူအား လီရှင်းကို ခေါ်သွားပြီး သူ့ယောက္ခမကြီးအိမ်ဆီ ခဏလောက် ပြန်နေခိုင်းလိုက်သည်။ လီရှင်းက သူ့အဘိုးအိမ်မှာနေရင်း အဲဒီမှာပဲ အိမ်ထောင်ဖက်တွေ့သွားလေမလားလို့ မျှော်လင့်ထားကြတာကြောင့် သူတို့ ထိုနေရာတွင် ခပ်ကြာကြာနေခဲ့ကြခြင်းပင်။ 


လီရှင်း သူ့မျက်နှာပေါ်က ရေတွေကို သုတ်လိုက်ပြီး 


"ဒါပေမဲ့ ငါ တကယ် အိမ်ထောင်မပြုချင်ဘူး... မင်းလိုမျိုးနေရရင် ကောင်းမှာပဲနော်


ချန်ချင့် အလျင်စလို ပြောလိုက်သည်။ 


"ပေါက်ကရပြောနေတာတွေရပ်တော့... ငါ့လိုမျိုးက ဘယ်လိုလုပ်ကောင်းမှာလဲ


လီရှင်းသည်လည်း သူပြောလိုက်တာ မမှန်ကြောင်း သဘောပေါက်လိုက်သဖြင့် အကြောင်းအရာပြောင်းလိုက်တော့သည်။ 


"ဒါနဲ့ အဲဒီလူက မင်းတို့အိမ်ဘေးမှာ သူ့အိမ်ဆောက်နေတယ်လို့ ငါကြားထားတယ်... မင်း သူ့ကို မြင်ဖူးလား


ချန်ချင့် သူ့အဝတ်အစားတွေကို ရေထဲပစ်ချလိုက်ပြီး 


"ငါ သူ့ကိုမြင်ဖူးတယ်... သူက လူကောင်းတစ်ယောက်ပဲ


လီရှင်းက ချန်ချင့်ကို ကြည့်လျက် ဘေးသို့ အသာတွန်းကာ 


"ချန်ချင့် မင့်ကြည့်ရတာ တစ်ခုခုတော့မှားနေသလိုပဲနော်


ချန်ချင့် ရုတ်တရက် ခေါင်းမော့လာပြီးမှ အပြစ်ရှိနေဟန်ဖြင့် သူ့ခေါင်းကို ပြန်ငုံ့လိုက်ကာ 


"မင်း ဘာတွေပြောနေတာလဲ... မြန်မြန် အဝတ်လျှော်တော့


လီရှင်းသည် ချန်ချင့်ကို ကောင်းကောင်းသိပါ၏။ ချန်ချင့်ဟာ ရွာထဲက မည်သူ့ကိုမှ မှတ်ချက်တစ်ခါမှမပေးဖူးသူပင်။ သူတို့နောက်ကွယ်မှာ သူပြောတာတွေကို သူတို့ပြန်ကြားသွားမှာစိုး၍ဖြစ်သည်။ 


ဒါပေမဲ့ ဒီနေ့ အဲဒီအိမ်နီးချင်းအကြောင်းပြောလိုက်တော့ အဲဒီလူက လူကောင်းတစ်ယောက်ဖြစ်တယ်လို့ ဘာလို့ထုတ်ပြောလာရတာလဲ... 


သူသည် ချန်ချင့်၏ ပင်ကိုယ်စရိုက်ကို သိလေ၏။ သူဟာ သူ့ပါးစပ်ကို ဖြတ်ထားသော ဘူးသီးတစ်လုံးသကဲ့သို့ပင်။ 

(တိတ်ဆိတ်ပြီး ကိုယ့်ရဲ့ အတွေးအမြင်ကို ထုတ်မပြောတတ်တဲ့သူလို့ဆိုလိုတာပါ


သူ့ဆီကနေ ဘာမှမေးလို့မရမှန်းသိ၍ သူလည်း အဝတ်အစားတွေကို စတင်လျှော်ဖွပ်လိုက်တော့သည်။ 


ချန်ချင့်တွင် အဝတ်အစားအများကြီးမရှိ၍ လျှော်ဖွပ်ပြီးသည့်နောက် လီရှင်းကို ကူညီပေးလိုက်၏။ သူနှင့် သူ့အမေတို့က အဝေးရောက်နေသည်မှာ ကြာသွားသဖြင့် အိပ်ယာခင်းနှင့် စောင်တွေကိုပါ လျှော်ရမည်ဖြစ်ရာ လုပ်စရာတွေ များပြားနေလေသည်။ 


"ငါ မင်းနဲ့မတွေ့ခဲ့ရင် ဒီနေ့ ဒါတွေလျှော်ဖို့ အချိန်ဘယ်လောက်တောင်ကြာမလဲမသိဘူး


လီရှင်းနှင့် ချန်ချင့်တို့အတူတူ အိပ်ယာခင်းများကို တစ်ခုပြီးတစ်ခု လိမ်ကျစ်ကာ ရေညှစ်နေကြ၏။  


နောက်ဆုံးတွင် လျှော်ဖွပ်ပြီးသွားသည့်အခါ လီရှင်းက အလျင်စလိုမပြန်သေးဘဲ သူ့ဖိနပ်ကို ချွတ်ကာ မြစ်ကမ်းစပ်တွင် ထိုင်ပြီး သူ့ခြေထောက်တွေကို ရေစိမ်လိုက်သည်။ အေးစက်မှုဟာ သူ့ခေါင်းဆီသို့ ပျံ့နှံ့သွားသလိုပင်။ 


သူ့ဘေးမှာထိုင်ရန် ချန်ချင့်အား ဆွဲလိုက်ပြီး "မင်းရော မစိမ်တော့ဘူးလား?" 


ချန်ချင့် ခေါင်းခါလိုက်ပြီး "ငါ ရေထဲမဆင်းရဲသေးဘူး... ဆေးတွေထပ်မသောက်ချင်တော့လို့အဓိကအကြောင်းရင်းကတော့ ဆေးတွေက ဈေးကြီးလို့ပဲ။ 


လီရှင်းလည်း သူ့ကို ဆွဲဆောင်ဖို့ မကြိုးစားတော့ဘဲ သက်ပြင်းချလိုက်ပြီး 


"လူတွေကြီးလာရင် ဘာလို့အိမ်ထောင်ပြုရမှာလဲနော်


ချန်ချင့်သည် အိမ်ထောင်ပြုတာဟာ တစ်စုံတစ်ယောက်အား မှီခိုအားကိုးရန် ဖြစ်သည်ဟု မသိစိတ်က ပြောလိုက်ချင်သော်လည်း သူ့၏အိမ်ထောင်ရေးအကြောင်းပြန်တွေးမိလိုက်သောအခါ မသေချာတော့သလိုပင်။ 


လီရှင်းသည် ချန်ချင့်က စကားမများသူမှန်း သိပေသည်။ 


ယခင်က သူတို့နှစ်ယောက် အတူတူကစားချိန်တုန်းက သူကသာ စကားများများပြောသူဖြစ်ပြီး ချန်ချင့်က တိတ်တဆိတ် နားထောင်တတ်သည်။ 


ချန်ချင့်က မုန့်ထောင်းအကြောင်းကို တစ်ကြိမ်သာ သူ့ဆီမေးခဲ့ပေမယ့် လီရှင်းကလည်း မုန့်ထောင်းနှင့် မရင်းနှီးတာကြောင့် ချန်ချင့်ကို မကူညီနိုင်ခဲ့ပေ။ 


သူ့တွင် မုန့်ထောင်းအပေါ် ထင်မြင်ချက်နည်းနည်းသာရှိခဲ့သည်။ အဲဒါကတော့ မုန့်ထောင်းက အရမ်းသန်မာပြီး အသားနည်းနည်းမည်းတယ်ဆိုတာမျိုးပေါ့... အခြားတော့ ဘာမှမမှတ်မိတော့ဘူး... 


ထိုစကားကိုကြားပြီးနောက် ချန်ချင့်လည်း စိတ်ပျက်သွားပြီး ဘယ်တော့မှ ထပ်မမေးတော့ချေ။ 


ရေခဏစိမ်ပြီးနောက် ချန်ချင့် အိမ်စောစောပြန်ကာ နေပူနေတုန်း အဝတ်အစားတွေလှမ်းရန် ကြံရွယ်ထား၏။ 


ချန်ချင့် လျှော်ပြီးသား အဝတ်အစားများကို သိမ်းဆည်းနေစဉ် လီရှင်းလည်း ဖိနပ်ပြန်ဝတ်လိုက်သည်။ မမျှော်လင့်စွာပင် သူတို့မပြန်ခင် လော့မြစ်တစ်ဖက်ကမ်းမှာ လူတစ်ယောက် ရောက်လာခဲ့လေသည်။ 


ရွာ၌ အမျိုးသားများသည် သူတို့အဝတ်အစားများကို ကိုယ်တိုင်မလျှော်ကြပေ။ သူတို့၏ ဇနီးမယား သို့မဟုတ် ညီအစ်မများက လျှော်ဖွပ်ပေးကြသည်။ 


လီရှင်းလည်း ချွင်းချက်မဟုတ်ပါချေ။ သူ့အမေက ကျန်းမာရေးမကောင်းသဖြင့် အဝတ်လျှော်ဖို့ တာဝန်ဟာ လီရှင်းပင်။ သို့သော် သူ့၏ အသက် ၆နှစ်အရွယ် ညီလေးကလည်း ငယ်စဉ်ကတည်းက လီရှင်း၏ ရိုက်နှက်မှုအောက်မှာ သူ့ကိုယ်ပိုင်အ၀တ်များကို လျှော်ဖွပ်ရန် သင်ယူခဲ့ရလေ၏။ 


ယခု ကျိုးယွမ်ကို မြင်လိုက်ရသည့်အခါ လီရှင်းက ချန်ချင့်အား တံတောင်ဆစ်နှင့် လှမ်းတိုက်လိုက်ကာ 


"ဒီလူက သူ့အဝတ်တွေကို သူကိုယ်တိုင်လျှော်နေရတုန်းပဲလား?" 


ချန်ချင့်က လီရှင်းကို ပြန်ကြည့်လိုက်ပြီး : "သူက တစ်ယောက်တည်းသမားလေ... သူ့အဝတ်တွေကို သူမလျှော်ရင် ဘယ်သူကလျှော်ပေးမှာလဲ


လီရှင်းသည် ချန်ချင့်နှင့်ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ပိုပြီးခံစားမိလာရသော်လည်း သူ ဘာမှမပြောလိုက်တော့ဘဲ 


"ခဏနေကျရင် အသီးတွေကောက်ဖို့ မြစ်ကိုသွားရအောင်လေ


နှစ်ယောက်သား လမ်းဆုံလမ်းခွမှာ လမ်းခွဲခဲ့ကြ၏။ ချန်ချင့်၏ ခြေလှမ်းများမှာ ပေါ့ပါးနေလျက်။ သူ အိမ်ပြန်ရောက်သည့်အခါ စွင်းတာ့ညန်က အဝတ်လှမ်းရန် ကြိုးကို ကူဆွဲပေးခဲ့သည်။ 


ချန်ချင့် : "လီရှင်း ပြန်လာပြီ


"ထင်တော့ထင်သား... လူက အဝတ်လျှော်ပြီး ပြန်လာတော့ ပိုပြီးပျော်နေတာကိုး


စွင်းတာ့ညန်က သူ့ကို ဘေးမှာထိုင်အနားယူစေကာ သူမကိုယ်တိုင် အဝတ်တွေလှမ်းလိုက်သည်။ 


"လီရှင်းက ခဏနေကျရင် အသီးတွေသွားကောက်ဖို့ မြစ်ဆီသွားကြမယ်လို့ပြောတယ်" ချန်ချင့် ရေတစ်ငုံသောက်လိုက်၏။ 


"သွားလေ"  


စွင်းတာ့ညန် အဝတ်တွေလှမ်းပြီးသည့်အခါ "ထမင်းတော့ ကောင်းကောင်းမစားဘူး... သစ်သီးရိုင်းတွေကျ အရမ်းကြိုက်နေတာပဲ


ချန်ချင့် ပြုံးလျက် : "အဲဒါက အရသာရှိတယ်


ရိုးရိုးရှင်းရှင်းနေ့လည်စာစားပြီးနောက် ချန်ချင့် အိမ်မှာထိုင်ကာ လီရှင်းအလာကို စောင့်နေလေ၏။ 


စွင်းတာ့ညန်သည် ချန်ချင့်လေးက ဆော့ကစားဖို့အတွက် သူ့သူငယ်ချင်းတွေ လာခေါ်မှာကို စောင့်နေသည့် ကလေးလေးတစ်ယောက်လိုမျိုး ပင်မခန်းမတံခါးပေါက်မှာ နာနာခံခံလေး ထိုင်နေကာ ရံဖန်ရံခါ တံခါးဝဆီ ကြည့်ကြည့်နေတာကို တွေ့ပြီး အနည်းငယ်ရယ်စရာကောင်းသလို ခံစားလိုက်ရသည်။ 


"မင်း အများကြီးရှာတွေ့ရင် ဘေးအိမ်ကို နည်းနည်းပို့ကြမလား


ချန်ချင့် ကြောင်အသွားရလျက် : "အာ?" 


"သူ အရင်တခါက ငါတို့ကို အသီးတွေ ပို့ပေးခဲ့တာလေ... ငါတို့မှာ ပိုက်ဆံမရှိပေမဲ့ ကျေးဇူးတော့ပြန်တင်ရဦးမှာပေါ့ ဟုတ်တယ်မဟုတ်လား


ချန်ချင့် ခေါင်းညိတ်လိုက်ပြီး သူ့နားဖျားလေးတွေ နီရဲသွားရလျက်။ 


"ကောင်းပါပြီ ကျွန်တော် နားလည်ပြီ


"မင်း မသွားချင်ရင် ပြန်ယူလာခဲ့ပေး... ငါပဲပို့ပေးလိုက်မယ်


"ကောင်းပါပြီ


ခဏအကြာ လီရှင်း ရောက်လာလေပြီ။ သူက စွင်းတာ့ညန်ကို နှုတ်ဆက်လိုက်ပြီးနောက် ချန်ချင့်ကို မြစ်ဆီ ခေါ်သွားလေတော့သည်။ 


လီရှင်းက လမ်းတစ်လျှောက် အဆက်မပြတ် စကားပြောနေ၏။ 


"အဲဒီအိမ်ကို ငါမြင်လိုက်ပြီ... အပြာရောင်အုတ်အိမ်ကြီးပဲ... မဆိုးပါဘူး


ချန်ချင့် : "အိုး


လီရှင်း ထပ်ပြောပြန်သည် : "နေ့ခင်းတုန်းက ငါ သူ့ကို အဝေးကနေ မြင်လိုက်ရတာတော့ သူက အရမ်းသန်မာတာပဲနော်... သူက တစ်ယောက်ယောက်ကို သတ်ဖူးတယ်လို့ ရွာသားတွေပြောနေကြတာ ငါ ကြားခဲ့သေးတယ်


ချန်ချင့်သည် တစ်ယောက်ယောက်၏ နောက်ကွယ်မှာ ဒီလိုတွေပြောနေတာ မသင့်တော်ဘူးလို့ ခံစားမိသဖြင့် လီရှင်း၏ လက်ကို ဆွဲလိုက်ပြီး 


"မပြောနဲ့တော့


"အိုး ငါတို့နှစ်ယောက်ပဲရှိတာကို" လီရှင်းက လျှာထုတ်လိုက်သည်။ 


ချန်ချင့်၏ လေးနက်နေသော အကြည့်ကို မြင်သည့်အခါမှ "ကောင်းပါပြီ ငါထပ်မပြောတော့ဘူး"လို့ ပြောလိုက်ရတော့သည်။


xxx