Chapter 36
Viewers 1k

အခန်း ၃၆ ပွဲတက်ရောက်ခြင်း

  ည၏အစတွင် နေရောင်ခြည်က ၎င်း၏အနွေးဓာတ်ကို အပြည့်အဝ မပေးနိုင်တော့သော်လည်း မပျောက်ကွယ်သွားသေးဘဲ တောက်ပသော လရောင်က ခပ်ဖျော့ဖျော့ ထွက်ပေါ်လာခဲ့သည်။ ဟွမ်းယန်မြို့တော်၏ ရှုပ်ထွေးပွေလီသော နေ့လယ်ခင်းက ပျောက်ကွယ်သွားပြီး မြို့တော်၏ထူးခြားခန့်ညားသော အရိပ်အယောင်များကို စတင်ထွက်ပေါ်လာခဲ့သည်။ တော်ဝင်နန်းတော်သို့ သွားသည့်လမ်းမကြီးပေါ်တွင် ဝေါယဥ်များနှင့် ရထားလုံးများ အဆုံးမရှိ စီးမျောနေခဲ့ပြီး ယနေ့ညတွင် နန်းတော်၌ ခမ်းနားသည့်ပွဲတစ်ပွဲ ရှိနေကြောင်း ပြသနေသည်။

  အဓိကလမ်းမပေါ်တွင် ရထားလုံးတွဲများစွာရှိနေသော်လည်း ၎င်းတို့အနက်မှတစ်ခုက ကွဲပြားနေပြီး လူအများ၏အာရုံကို ဖမ်းစားနိုင်နေသည်။ ထိုရထားလုံးက အနီရောင်ရင့်ရောင်ကိုယ်ထည်ရှိပြီး နှစ်ဘက်စလုံးတွင် နူးညံ့တောက်ပနေသည့် ပိုးဖဲသားဖြင့်ပြုလုပ်ထားသော တိမ်တိုက်ပုံစံ ရွှေချည်ပန်းထိုးများပါရှိသည့် ကန့်လန့်ကာများကို တပ်ဆင်ထားသည်။ မြင်းလေးကောင်တွင်လည်း အလားတူ ဆင်ယင်ထားကာ ရွှေရောင်တလက်လက် တောက်ပနေသည်။ ၎င်း၏ လှပမှုက အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်သည့် အဓိက အကြောင်းရင်း မဟုတ်သေးဘဲ ဖြတ်သန်းသွားသော ရထားလုံးတွဲနှင့် ဝေါယဥ်တိုင်းက အရှိန်လျော့ချနေရပြီး ထိုရထားလုံးနှင့် ဘေးချင်းယှဉ် လျှောက်လှမ်းဝံ့သူ မရှိပေ။ အတိအကျပြောရလျှင် ထိုရထားလုံး၏ပိုင်ရှင်က ယနေ့ချုံယွဲ့တွင် လူတစ်သောင်းထက်သာလွန်ပြီး သူ့လက်အောက်တွင် လူထောင်ပေါင်းများစွာရှိနေသည့် ဝန်ကြီးချုပ်လို့ရှီးယန်မှ လွဲပြီး အခြားသူ မဟုတ်ပေ။

"ဒါ အဆင်ပြေတာ သေချာလား?"

ကျွော့ချင်းက ရထားလုံးနံရံကို ကိုယ်တဝက်မှီထားပြီး မျက်လုံးမှိတ်ထားသော လို့ရှီးယန်ကို တစ်ချက်ကြည့်ကာ လှမ်းမေးလိုက်ရင်း သူမ၏ထူးဆန်းသည့်ဦးထုပ်ကြီးကို ဆွဲချနေပြန်သည်။ ထိုမီးခိုးရောင်၀တ်စုံက မိန်းမစိုးများ၏ အနိမ့်ဆုံးဝတ်စုံဖြစ်သည်။ ဦးထုပ်ကြီးက သူမ၏မျက်နှာအထိ ဖုံးအုပ်ထားပြီး စိတ်မသက်မသာဖြစ်စေကာ ရုပ်ဆိုးစေသော်လည်း တစ်ခုကောင်းသည်က သူမမျက်နှာကို ထိုဦးထုပ်၏အစွန်းဖြင့် ဖုံးထားတာကြောင့် သူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။

လို့ရှီးယန်က ရယ်မောလိုက်ရင်း သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကာ ဟိုဆွဲချ ဒီဆွဲချ လုပ်နေသည့် ကျွော့ချင်း၏လက်ကို လှမ်းဆွဲလိုက်ပြီး "စိတ်မပူပါနဲ့၊ နန်းတော်ထဲဝင်ပြီးရင် မင်းကို မင်းရဲ့အစ်မဆီ ခေါ်သွားဖို့ နန်းတော်ထဲက မိန်းမစိုးလေးကို စီစဥ်ခိုင်းပေးမယ်။ မင်းညီမအငယ်ဆုံးကတော့ ဒီနေ့လိုအချိန်မျိုးမှာ မလာနိုင်လောက်ဘူး။ မင်း ပြောစရာရှိရင် ဖြည်းဖြည်း စကားပြောလို့ရတယ်။ နန်းတော်က ပွဲပြီးတဲ့အခါ မင်းကို လာခေါ်ဖို့ ကိုယ် လူလွှတ်လိုက်မယ်"

       ယနေ့တွင် သူက ရင်ဘတ်ပေါ်တွင် ငွေရောင်ပိုးလှိုင်းဖြင့် ပန်းထိုးထားသော ယောက်ျားဆန်ဆန်အပြာဖျော့ဖျော့ဝတ်စုံနှင့် ခရမ်းရွှေရောင်သရဖူကို ဝတ်ဆင်ထားပြီး သူ၏ချောမောလှပသော မျက်နှာသွင်ပြင်နှင့် ပြေပြစ်သော စိတ်နေသဘောထားကို အပြည့်အဝ မီးမောင်းထိုးပြထားသည်။ သို့သော် ရံဖန်ရံခါမူ သူ့မျက်ခုံးများကြားတွင် ပင်ပန်းနွမ်းနယ်မှု အရိပ်အမြွက်များကို ပြသနေခဲ့သည်။

ကျွော့ချင်းက "လို့ရှီးယန်... ကျေးဇူးတင်ပါတယ်"

ချင်းဖုန့်၏အထောက်အသားက လက်ဆောင်ပဏ္ဍာတစ်ခုသာ ဖြစ်သော်လည်း သူမက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကျွော့ချင်းက တဖြည်းဖြည်း ဤလူ၏ကြီးကျယ်ခမ်းနားမှုကို သဘောကျလာခဲ့သည်။

  သို့သော်လည်း ထိုခံစားချက်က တစ်စက္ကန့်၏ဆယ်ပုံတစ်ပုံခန့်သာ ကြာမြင့်လိုက်ပြီး နောက်အခိုက်အတန့်တွင် လို့ရှီးယန်က သူမ၏လက်ချောင်းများကို ဆုပ်ကိုင်လိုက်ပြီး "ဖုန့်အာက ကိုယ့်ကို ရှီးယန်လို့ ခေါ်မယ်ဆိုရင်တော့ ကျေးဇူးတင်ပါတယ်ဆိုတဲ့ စကားလုံးကို ကြားရတာထက် ကိုယ် ပိုပျော်မိမှာ သေချာတယ်"

  ဒါကို ပရော်ပရီလုပ်နေတယ်လို့ ယူဆလို့ရမလား?! 

ကျွော့ချင်းက စိတ်ထဲမှ တိတ်တိတ်လေး ကျိန်ဆဲလိုက်ပြီး သူ့လက်ကို ခါချကာ လိမ္မာပါးနပ်စွာ ပြုံးပြလိုက်သည်။ ထို့နောက် သူမက လို့ရှီးယန်၏ပါးပြင်ကို ခွေးကလေးတစ်ကောင်လို ပုတ်ကာ ရယ်မောလိုက်ရင်း "ကောင်းပါပြီ ရှောင်ယန်ယန်၊ နေကောင်းအောင်နေနော်၊ ကိုယ့်ကိုကိုယ် တွန်းအားအများကြီး မပေးပါနဲ့!"

          ရွံမုန်းစရာကောင်းတဲ့ နာမည်တစ်ခု ဖြစ်ပေမယ့် သူမက နောက်ကျကျန်နေလို့ မဖြစ်ဘူးလေ~

  ရှောင်ယန်ယန်???~~

လို့ရှီးယန်၏ မျက်နှာက ချက်ချင်းပင် ကျောက်တုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

       လို့ရှီးယန်က သူ့ဘာသာသူပင် သတိမထားမိဘဲ သူ့ပါးစပ်ထောင့်တွင် ပြုံးနေသော အရိပ်အမြွက်များပေါ်လာပြီး ဆန့်ကျင်ဘက်မှ မိန်းခလေးကို ကြည့်လိုက်ကာ သူ့ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။

သူ့နာမည်ကို ဒီလိုမျိုးဟာသလုပ်ရဲသူက ဒီကမ္ဘာပေါ်မှာ သူမ တစ်ယောက်တည်းရှိတာ ဖြစ်လောက်မယ်။

  "သခင်၊ ကျွန်တော်တို့ နန်းတော်တံခါးကို ရောက်ပါပြီ" မော့ပိုင်၏ အသံနက်ကြီးက ရထားလုံးအပြင်ဘက်မှ ထွက်ပေါ်လာသည်။

  "အင်း" လို့ရှီးယန်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပြီး ကျွော့ချင်းကို နှုတ်ဆိတ်နေရန် အမူအရာဖြင့် အချက်ပြလိုက်သည်။ ကျွော့ချင်းက သူမ၏ရယ်ချင်နေသည့် အပြုံးကို မျိုသိပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

  နန်းတော်တံခါးရှိ အစောင့်များက ဝန်ကြီးချုပ်၏ ရထားလုံးကို မှတ်မိနေကြပြီး လျစ်လျူရှုရန် မဝံ့ရဲကြပေ။

  နန်းတော်တံတိုင်းထဲသို့ ဝင်ပြီးနောက် အပြင်ဘက်ထက် အလွန် တိတ်ဆိတ်နေပုံရသည်ကို ကျွော့ချင်း သတိထားမိလိုက်သည်။ ရထားလုံးပေါ်မှ နေပြီး လမ်းလျှောက်သွားလာနေသူများ၏ အသံကို ရံဖန်ရံခါ ကြားနေရသော်လည်း အသံများက အလွန်တိုးလျနေလေသည်။ ကျွော့ချင်းက ထိုစိတ်ပျက်စရာ ကောင်းလောက်အောင် လေးလံသော လေထုအပြောင်းအလဲကို ရှင်းရှင်းလင်းလင်း ခံစားနိုင်ခဲ့သည်။

ဒီလို နန်းတော်မှာ နေထိုင်ရတာက သေချာပေါက် မလွယ်တဲ့ အလုပ်တစ်ခုပါပဲ၊ သူမ တွေ့ရမယ့်လူက ကုယွင်ဖြစ်ဖို့ သူမ မျှော်လင့်ထားပေမယ့် တစ်ချိန်တည်းမှာပဲ အဲ့တာက ကုယွင် မဟုတ်ဖို့လည်း သူမ မျှော်လင့်နေမိတယ်။

       ကျွော့ချင်းက တိတ်ဆိတ်နေပြီး ရထားလုံးက ခဏလောက်မောင်းနှင်ပြီးနောက် ဖြည်းဖြည်းချင်း ရပ်သွားခဲ့သည်။

  ရထားလုံး ရပ်သွားသည်နှင့်မော့ပိုင်၏အသံ ထပ်ထွက်လာပြန်သည်။

"‌‌သခင်၊ ရှောင်လျိုဇီ ရောက်နေပါပြီ"

  လို့ရှီးယန်က ကန့်လန့်ကာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး ရထားလုံးပေါ်မှ ဆင်းသွားခဲ့သည်။ ကျွော့ချင်းက သူ့နောက်ကမှ လိုက်သွားရန် သူမ၏ အဝတ်အစားများကို မြှောက်တင်ကာ ရထားလုံးထဲမှ ခုန်ချလိုက်သည်။ သူမ၏ရယ်စရာကောင်းသော ပုံစံကြောင့် လို့ရှီးယန်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။

 သူမက တကယ်ပဲ ချင်းမိသားစုက မိန်းမငယ်လေးလား?  ချမ်းသာတဲ့ အိမ်က မြင့်မြတ်တဲ့ မိန်းခလေးတွေဆီမှာ  ဒီလို အပြုအမူမျိုးကို သူ တစ်ခါမှ မတွေ့ဖူးဘူး။

  လို့ရှီးယန် ရထားလုံးထဲမှ ဆင်းလာချိန်တွင် သူ့ဘေးနားရှိ သစ်ပင်ရိပ်မှ မီးခိုးရောင်အသွင်တစ်ခုက သူ့ကို ဦးညွှတ်လိုက်ကာ တိုးညှင်းသော အသံဖြင့် တိုးတိုးလေး နှုတ်ဆက်လိုက်သည်။

"ကျွန်တော်မျိုး ၀န်ကြီးချုပ်လို့ကို နုတ်ဆက်ပါတယ်"

    နေရာက မှောင်လွန်းနေပြီး ထိုသူက  တဝက်တပျက် ဦးညွှတ်ထားတာကြောင့် ကျွော့ချင်းက သူ့ပုံသဏ္ဍာန်ကို မပြောနိုင်သော်လည်း သူ့ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့် အသံအရ ဆယ်ကျော်သက်အရွယ်သာ ရှိပုံရသည်။

  လို့ရှီးယန်က ကျွော့ချင်းကို ရှေ့သို့ ဆွဲခေါ်လိုက်ပြီး "သူ့ကို ချင်းလင်ရဲ့ နန်းဆောင်ဝင်းထဲကို ချက်ချင်းခေါ်သွားပြီး အပြင်မှာ စောင့်နေပေးလိုက်ပါ။ နန်းတော်က ပွဲပြီးရင် မြောက်ဘက်နန်းတော်တံခါးကို ပြန်ခေါ်လာပေး"

  "သခင်ကြီးလို့..." ရှောင်လျိုဇီက မြေပြင်ပေါ်တွင် ဝပ်ချလိုက်ပြီး သူ့အသံက တုန်ယင်နေခဲ့သည်။

    လို့ရှီးယန်၏မျက်လုံးများက အနည်းငယ် မှေးကျဥ်းသွားပြီး တစ်ခုခုအပြောင်းအလဲ ဖြစ်သွားကြောင်းကို သူ မှန်းဆပြီးသား ဖြစ်သွားခဲ့သည်။ လို့ရှီးယန်က ကျွော့ချင်း၏လက်ကို သူ့လက်ဖဝါးထဲတွင် ကိုင်ထားရင်း "ဘာဖြစ်ခဲ့လို့လဲ?"

  မြေပြင်ပေါ်တွင် ဒူးထောက်လျက်ရှိနေသော ရှောင်လျိုဇီက တုန်တုန်ယင်ယင်အသံဖြင့် "အပျိုတော်ချင်းက မနေ့ညက ဧကရာဇ်မင်းမြတ်နဲ့ အိပ်ဆောင်ဝင်ခဲ့ပြီး ဧကရာဇ်မင်းမြတ်ကို အပြစ်ပြုမိခဲ့ပါတယ်။ ဧကရာဇ်မင်းမြတ်က ဒေါသထွက်ပြီး သူ(မ)ကို နန်းတော်အစေခံအဖြစ် ရာထူးချလိုက်ပါတယ်။ ဒီညနေပိုင်းမှာ ပြည်တွင်းရေးရာဝန်ကြီးဌာနက လူတွေက သူ(မ)ကို ခေါ်ဆောင်သွားခဲ့ပါတယ်"

  ချင်းလင်က အပျိုတော်အဖြစ် သတ်မှတ်ခံထားရပေမယ့် သူမ အိပ်ဆောင်ဝင်ရတဲ့ ညမှာ ဧကရာဇ်ကိုတောင် ဘယ်လိုတောင် အပြစ်ပြုရဲတာလဲ?

ကုယွင်၏ ပင်ကိုယ်စွမ်းရည်နှင့် ဒေါသကို ပြန်တွေးမိသွားချိန်တွင် ကျွော့ချင်းက ကျောရိုးအောက်ခြေအထိ အေးစက်သွားပြီး စိုးရိမ်တကြီး ဝင်မေးလိုက်သည်။

"သူ(မ) ဘယ်မှာလဲ?  အခု သူ(မ) ဘယ်မှာလဲ?"

  ရှောင်လျိုဇီက သူ့ခေါင်းကို အနည်းငယ် မြှောက်လိုက်ပြီး လို့လူကြီးမင်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် လူငယ်လေး၏ လက်ကို မြင်လိုက်ရသောကြောင့် ဤလူက နှောက်ယှက်ရန် မဖြစ်နိုင်သည့်သူတစ်ယောက်ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။ သူက သူ့ခေါင်းကို အမြန်ပြန်ငုံ့လိုက်ပြီး ကြောက်စိတ်ဖြင့် ပြန်ဖြေလိုက်သည်။

"ကျွန်တော်မျိုး မသိပါဘူး၊ ကျွန်တော်မျိုး တကယ်ကို မသိပါဘူး"

  လို့ရှီးယန်က သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ပြီး အေးဆေးတည်ငြိမ်စွာဖြင့် "မင်းသွားလို့ရပြီ”

သူ့ကို သွားခွင့်ပြုလိုက်ပြီးနောက် လို့ရှီးယန်က “ကိုယ်ရံတော်ဖန်း... ချင်းလင် ဘယ်လိုနေလဲ? သူ(မ)ဘယ်မှာလဲဆိုတာ သွားစစ်ဆေးလိုက်"

  "ဒီကျွန်က ချက်ခြင်း သွားလိုက်ပါ့မယ်" ရှောင်လျိုဇီက မြေပြင်မှ ပြန်ထကာ အမြန်ပြေးထွက်သွားခဲ့သည်။

  လို့ရှီးယန်က သူ့ဘေးမှ ကျွော့ချင်းကို ပြန်ကြည့်လိုက်ပြီး သူမ မျက်မှောင်ကြုတ်နေသည်ကို တွေ့သွားခဲ့သည်။ လို့ရှီးယန်က သူမက  သူမ၏အစ်မအတွက် စိတ်ပူနေသည်ဟု အထင်လွဲသွားပြီး သူမ၏နောက်ကျောကို သူ့လက်ဖဝါးဖြင့် ပုတ်ကာ နှစ်သိမ့်ပေးလိုက်သည်။

“စိတ်မပူပါနဲ့ မနက်ဖြန် မတိုင်ခင် မင်းအစ်မအကြောင်း သတင်းရလာမှာပါ”

    ကျွော့ချင်းလည်း ခေါင်းညိတ်ပြရုံမှတပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

 လို့ရှီးယန်လို လူတောင် ရှာမတွေ့ရင် သူမကိုယ်တိုင် ရှာဖို့က ပိုပြီတော့တောင် မဖြစ်နိုင်သေးတယ်။ 

သူမ၏ထူးဆန်းသော ၀တ်စုံကို ငုံ့ကြည့်ရင်း ကျွော့ချင်းက ခါးခါးသီးသီး ပြုံးလိုက်ကာ "အခု ဘာလုပ်ရမှာလဲ?"

  လို့ရှီးယန်က သူမ၏ မျက်လုံးများကို ပေါ့ပေါ့ပါးပါး ကြည့်ရင်း အပြုံးဖျော့ဖျော့ဖြင့် "ချုံယွဲ့နန်းတော်က တော်ဝင်စားသောက်ပွဲက ဘယ်လိုဆိုတာကို မင်းကို ပြရမှာပေါ့"

ချင်းလင်ကို ရှာမတွေ့ရင် သူမကို နန်းတော်ထဲမှာ တစ်ယောက်တည်း ထားခဲ့လို့ မရဘူး။ သူမ သူနဲ့ အတူတူရှိတာက အကောင်းဆုံးပဲ။

  "အာ?" ကျွော့ချင်း အံ့ဩသွားရပြန်သည်။ 

သူမက ဒီနန်းတော်ဧည့်ခံပွဲကို ဘယ်တုန်းကမှ စိတ်မဝင်စားဘူးလေ။ 

ကံမကောင်းစွာဖြင့် လို့ရှီးယန်က သူမ၏ထင်မြင်ချက်ကို မမေးဘဲ သူက သူ့အနားရှိ ဝန်ကြီးချုပ်အိမ်တော်မှ သက်တော်စောင့်များကို တစ်ချက်ကြည့်လိုက်ကာ အပါးလွှာဆုံးဝတ်ဆင်ထားသည့် သက်တော်စောင့်တစ်ယောက်ကို လှမ်းပြောလိုက်သည်။

"မင်းရဲ့အဝတ်တွေကို ချွတ်လိုက်"

  ဟုတ်ကဲ့” ထိုသက်တော်စောင့်က တွေးပင်မတွေးဘဲ သူ့အင်္ကျီကို အမြန်ချွတ်လိုက်ပြီး လေးလေးစားစား လွှဲပေးလိုက်သည်။

  လို့ရှီးယန်က အဝတ်အစားများကို ကျွော့ချင်းလက်ထဲသို့ ထည့်ပေးလိုက်ပြီး သူမကို ရထားလုံးဆီသို့ ခေါ်ဆောင်သွားကာ ပြုံးပြုံးလေး ထပ်ပြောလိုက်သည်။ "ဝင်သွားပြီးတော့ အဝတ်အစားတွေ လဲဝတ်လိုက်"  

       ကျွော့ချင်းက ရထားလုံးပေါ်သို့ ကူကယ်ရာမဲ့ တက်သွားခဲ့သည်။

သူမက အခု နန်းတော်ထဲမှာ ရှိနေပြီး သူမကိုယ်တိုင်လည်း ဘာလုပ်ရမှန်း မသိတော့ဘူး။ အဲ့တော့ တော်ဝင်စားသောက်ပွဲလို့ခေါ်တဲ့ ဧည့်ခံပွဲကြီးကို တွေ့ကြုံခံစားဖို့ သွားလိုက်တော့မယ်။

ကျွော့ချင်းက အဝတ်အစားများကို ဖြစ်သလို လဲလှယ်ဝတ်ဆင်လိုက်ပြီး သူမ ဆောင်းထားသော အသက်ရှုမဝစေသည့် ဦးထုပ်ကြီးကို ချွတ်ကာ ရထားလုံးပေါ်မှ ပြန်ဆင်းလာခဲ့သည်။

       အသစ်လဲဝတ်လိုက်သည့် အဝတ်အစားများက သူမအတွက် အနည်းငယ် ကြီးနေပုံပေါ်ပြီး လို့ရှီးယန်က သူမ၏ အင်္ကျီများကို ဆွဲကိုင်ကာ သူမအတွက် အေးအေးဆေးဆေး ပြင်ပြုပေးနေခဲ့သည်။ မော့ပိုင်၏နက်ပြာရောင် မျက်လုံးများတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာသော်လည်း မကြာမီမှာပင် တည်ငြိမ်မှု ပြန်ရသွားခဲ့သည်။

  ကျွော့ချင်းက သူမ၏ ဆံပင်ရှည်များကို မူလထဲက ဆံချည်မျှင်ကြိုးဖြင့် ချည်နှောင်ထားသောကြောင့် ယခု သူမ ဦးထုပ်ကို ချွတ်လိုက်ချိန်တွင် အပြာရောင် ဝတ်ရုံဝတ်ထားသော ချောမောသော လူငယ်တစ်ယောက်နှင့် ပိုတူသွားခဲ့သည်။ လို့ရှီးယန်က ကျေနပ်စွာဖြင့် သူမကို သူ့အနားသို့ ဆွဲခေါ်လိုက်ပြီး "မင်း ကိုယ့်နောက်ကနေ နာနာခံခံ လိုက်ခဲ့၊ ခေါင်းမော့ မကြည့်နဲ့နော်”

သူမရဲ့မျက်လုံးတွေနဲ့ တခြားသူတွေကို မော့မကြည့်သရွေ့ အဆင်ပြေသွားမှာပါ၊ သူမ မျက်လုံးတွေက  ကြည်လင်လွန်းနေပြီး အစေခံတစ်ယောက်နဲ့မတူဘူးလေ။

  ကျွော့ချင်း သနားစဖွယ် ညည်းတွားလိုက်သည်။

"ကျွန်မ...အစွမ်းကုန် ကြိုးစားပါမယ့်"

ယခုန ရှောင်လျိုဇီ၏ရုပ်ရည်ကို ပြန်တွေးတောရင်း ကျွော့ချင်းက သူမဘဝတွင် မသင်ယူနိုင်စရာ ဘာတစ်ခုမှ မရှိဟု တွေးလိုက်ရုံသာ တက်နိုင်သည်။

 အကောင်းဆုံးကြိုးစားရမှာပေါ့လေ...

 "သွားကြရအောင်"

ကျွော့ချင်း၏ စိတ်ပျက်အားငယ်မှုနှင့် ယှဉ်လျှင် လို့ရှီးယန်က အတော်လေး သက်တောင့်သက်သာရှိနေပုံရသည်။ ပင်မခန်းမဆီသို့ ဦးတည်သွားသည့် ကျွော့ချင်းကလည်း ယနေ့ညတွင် သူမတွေးထားသလောက် ငြိမ်သက်နေလိမ့်မည် မဟုတ်ဟုတော့ စိတ်ကူးတောင် မယဥ်ခဲ့မိပေ။ 

✍️✍️✍️