ကျွန်မ
ရှင့်ကို ကြိုက်တယ်
ဒီဘီးတပ်
ကုလားထိုင်က သူ့ခြေထောက်တွေ နေရာမှာ အစားထိုးလို့ မရပေမယ့် သူ့နေ့စဉ်ဘဝမှာတော့ တခြားသူတွေကို
အားကိုးနေစရာ မလိုအပ်ဘူး ဆိုတာကိုတော့ အနည်းဆုံး သေချာစေနိုင်ခဲ့သည်။
ဘီးတပ်ကုလားထိုင်၏
အကူအညီဖြင့် ဟောက်ချန်ဟွမ်း တစ်ယောက် ရေစည်ထဲ ဆင်းသွားတာကို စုယန်ယန် သေချာစောင့်ကြည့်
ပေးခဲ့သည်။ ထို့နောက် သူမက အလျင်စလို မေးမြန်းမိသည်။
“ရှင်
ဘယ်လို ခံစားရလဲ။ ရေက အရမ်းပူနေလား။ ရေအေးနည်းနည်းလောက် ထပ်ထည့်ပေးရမလားဟင်”
စည်ပိုင်း၏
အောက်ခြေတွင် ထိုင်ခုံတစ်လုံး ပါရှိပြီး ဟောက်ချန်ဟွမ်း တစ်ယောက် ထိုင်လိုက်သည့် အခါတွင်
ရေတွေက သူ့ပခုံးလောက်မှာပင် ရှိလေသည်။
ဟောက်ချန်ဟွမ်းက
ရေစည်ထဲမှာ ထိုင်ပြီး စုယန်ယန်ကို ပြုံးပြသည်။
“အဆင်ပြေပါတယ်။
ရေအပူချိန်က အတော်ပဲ၊ ဒါပေမယ့်... ရေအရသာက နည်းနည်း ထူးဆန်းနေတယ်”
“ကျွန်မ
ရှင့်အရိုးတွေက ဒဏ်တွေကို လျော့ပါးစေပြီး ရှင့် သွေးလည်ပတ်မှုကို ထိန်းညှိစေဖို့အတွက်
ဆေးဖက်ဝင် အပင်တွေ အများကြီး ထည့်ထားခဲ့တာ၊ အနံ့လေးကတော့ ကောင်းပါတယ်။ ရှင် သိပ်မကြိုက်လို့လားဟင်”
“ဒါက
သိပ်မဆိုးပေမယ့် နည်းနည်း ထူးခြားနေသလို ခံစားရတယ်။ ဒီလိုအနံ့မျိုး တစ်ခါမှ မရဖူးဘူး”
“ဆေးကုသမှုအတွက်
အခုလောလောဆယ် ရှင် သည်းခံလိုက်ပါဦး။ ရှင် ဒီအနံ့ကို မကြိုက်ဘူးဆိုရင် ကျွန်မ နောက်တစ်နေ့
ပါဝင်တဲ့ ဆေးဖက်ဝင် အပင်တွေကို ပြောင်းလိုက်မယ်လေ”
“မလိုပါဘူး။
ကိုယ် ဒီအရသာကို လက်ခံနိုင်ပါတယ်”
စုယန်ယန်သည်
ဟောက်ချန်ဟွမ်းတစ်ယောက် ဒီအနံ့ကို အမှန်တကယ် လက်ခံနိုင်တာ ဟုတ်မှန်ကြောင်းကို အထပ်ထပ်
အခါခါ အတည်ပြုခဲ့သည်။ သူမက သက်ပြင်း တစ်ချက်ချပြီး အပြုံးလေးဖြင့် မေးမြန်းသည်။
“အခု
ရှင် နည်းနည်းလောက် ထူးခြားသလို ခံစားရလား”
ဟောက်ချန်ဟွမ်းတစ်ယောက်
တစ်ခဏတာမျှ တိတ်ဆိတ်နေပြီး ရိုးသားစွာ ပြန်ဖြေသည်။
“ဒါက
နည်းနည်းပူလာတယ်”
“ပူလာတာလား”
ဒါက ပုံမှန်တုံ့ပြန်မှု တစ်ခုလို့ ယူဆလို့ရသည်။ စုယန်ယန်က လေ့လာစူးစမ်း ကြည့်သည်။
“ဒါဆို
ရှင့်ခြေထောက်တွေက ခံစားနိုင်လား...”
ဟောက်ချန်ဟွမ်း
တစ်ယောက် စုယန်ယန် မေးချင်သည့် အဓိပ္ပါယ်ကို နားလည်သည်။ သူက မျက်လွှာချပြီး စိတ်ပျက်အားငယ်စွာ
ခေါင်းခါလိုက်သည်။
စုယန်ယန်၏
နှလုံးသားလေး နာကျင်သွားမိသည်၊ သူမက သူ့ကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
“အဆင်ပြေပါတယ်။
ဒါက အစမို့ပါ။ ကျွန်မ အပ်စိုက် ကုထုံးနဲ့တောင် မကုသရသေးဘူးလေ။ တစ်နေ့ကျ ရှင့်ခြေထောက်တွေ
ပြန်ကောင်း လာနိုင်မှာပါ”
“အင်း”
“ဒီနေ့က
ပထမဆုံး ဆေးရည်စိမ်တာ ဖြစ်တဲ့အတွက် နာရီဝက်လောက်ပဲ စိမ်ကြတာပေါ့။ တကယ်လို့ ရှင် ရေအေးလာတယ်လို့
ခံစားရရင် ကျွန်မကို ပြောဖို့ သတိရနော်၊ ကျွန်မ ရှင့်အတွက် ရေပူထပ်ထည့်ပေးမယ်”
“အိုကေ”
စုယန်ယန်သည်
လက်ဖြင့် ရေအပူချိန်ကို စမ်းကြည့်ပြီးနောက် ရေစည်ပိုင်းနားမှာ မှီရင်း ဟောက်ချန်ဟွမ်း
နှင့်အတူ အချိန်ကုန်ဆုံး သွားမှာကို စောင့်ဆိုင်းနေသည်။ သူမကြည့်ရတာ တစ်စုံတစ်ခုကို
တွေးနေပုံရပြီး ထထ ရယ်မောနေခဲ့သည်။
ဟောက်ချန်ဟွမ်း
တစ်ယောက် သူမကို အတွေးများစွာ လှည့်ကြည့် လိုက်သည်။
“ဘာဖြစ်လို့လဲ”
“ဘာမှ
မဟုတ်ဘူး၊ ကျွန်မ ရှင် ရေစည်ပိုင်းထဲမှာ ထိုင်နေတာက အိုးထဲမှာ ထိုင်နေသလို ခံစားရလို့လေ”
အထူးသဖြင့်
စည်ပိုင်းထဲရှိ ဆေးရည်များသည် အညိုရောင် ဖြစ်တာကြောင့် ကြည့်ရတာ...
စုယန်ယန်သည်
သူမ တံတွေး မျိုချချင်စိတ်ကို ထိန်းမနေနိုင်တော့ပေ။ သူမ အရူးလေးလို ပြုံးရယ်ရင်း ပြောသည်။
“စမုံနက်၊
သစ်ကြံပိုးခေါက်၊ ဇာတိပ္ဖိုလ်သီးနဲ့ တခြား ပါဝင်ပစ္စည်းတွေ ပေါင်းထည့်လိုက်ရင် မွှေးရနံ့က
ဆယ်မိုင်လောက်အထိ ပျံ့နှံ့သွားလိမ့်မယ်။ အဲ့ဒီအနံ့ရရင် ဘေးအိမ်က ကလေးက စားချင်လွန်းလို့
အော်ငိုလောက်မယ်”
ဟောက်ချန်ဟွမ်း၊
“...” သူ့ဇနီးသည်က ဘာတွေ ထပ်ထည့်ချင်လဲ ဆိုတာကို သူ မသိပေမယ့် နောက်တစ်စက္ကန့် အတွင်းမှာပင်
သူ့ကို စားချင်လိမ့်မယ် ဆိုတဲ့ စာသားမှာ “စားချင်တယ်” ဆိုသည့် စကားကို အထူးပြုထားပုံ
ရတယ်လို့ သူ ခံစားရသသည်။
စုယန်ယန်သည်
စကားပြောရင်း ပြောရင်းဖြင့် သူမ၏ အသံက တဖြည်းဖြည်း တိုးဖျော့လာကာ သူမ၏ မျက်ခွံတွေကလည်း
တဖြည်းဖြည်း လေးလံလာခဲ့သည်။ အဆုံး၌ သူမ၏ မျက်ခွံတို့သည် သူမ၏ စကားတွေကို နားမထောင်နိုင်တော့ပဲ
ဆေးရနံ့ သင်းသင်းလေးတွေကို ရှူရှိုက်ရင်း အိပ်ပျော်သွားတော့သည်။
ဟောက်ချန်ဟွမ်းသည်
စုယန်ယန်တစ်ယောက် သူ့ကို စောင့်နေရင်း ပင်ပန်းလွန်းသဖြင့် အိပ်ပျော်သွားသည်ကို တွေ့လိုက်ရသော်လည်း
တစ်ချိန်တည်းမှာပင် အနည်းငယ် စိတ်နှလုံး နာကျင်သွားသလို ခံစားလိုက်ရသည်။ သူ့လက်တွေက
သူမ၏ ပါးပြင်ကို ထိတွေ့ဖို့ ဆန့်တန်း လိုက်သော်လည်း စုယန်ယန်၏ နှုတ်ခမ်းတွေဟာ တစ်စုံတစ်ခုကို
ပြောဆိုဟန် အနည်းငယ် လှုပ်ရှား နေလာသည်ကို တွေ့လိုက်ရသည်။
သူက
အနားသို့ တိုးကပ်ရင်း ဂရုတစိုက် နားထောင်ကြည့်ရာ “ကြက်ဥပြုတ်၊ ကြက်ခြေထောက်၊ ဘဲလည်ပင်းရိုး...”
ဆိုသည့် တီးတိုး ရေရွတ်သံများကို ကြားလိုက်ရသည်။
ဟောက်ချန်ဟွမ်းသည်
တစ်ခဏတာမျှ အံ့အားသင့် သွားပြီးနောက် ရယ်ရမလို ငိုရမလို ဖြစ်သွားသည်။
ဘီးတပ်ကုထားထိုင်
အစွန်းနားမှာ ပြသထားသော အချိန်ကို ကြည့်လိုက်တော့ အချိန်ပြည့်ပြီ ဖြစ်၍ ရေစည်ထဲမှ ထွက်လိုက်သည်။
သူက စုယန်ယန်ကို ပွေ့တင်ရင်း အခန်းထဲသို့ ပြန်သယ် သွားချင်ခဲ့သည်။
သူ့လက်ကို
ဆန့်ပြီး ပွေ့တင်မည့် အချိန်တွင် စုယန်ယန်ရဲ့ “ချန်ဟွမ်း၊ ကျွန်မ ရှင့်ကို ကြိုက်တယ်”
လို့ တီးတိုးရေရွတ်သံကို ကြားလိုက်ရသည်။
ဟောက်ချန်ဟွမ်း၏
ဆန့်တန်းထားသော လက်ဟာ ရုတ်တရက် အေးခဲသွားသည်။ သူက သူ့ ကိုယ်နေဟန်ထားကို ထိန်းထားပြီး
သူ့ရှေ့က လူပုဂ္ဂိုလ်လေးကို စိုက်ကြည့်နေခဲ့သည်။ အချိန်အတော်ကြာ ပြီးနောက် ရှေ့သို့
ငုံ့ကိုင်းလိုက်ပြီး သူမနဖူးပေါ်သို့ အနမ်းခြွေ လိုက်သည်။ သူက အက်ရှရှအသံဖြင့် “တိုက်ဆိုင်လိုက်တာ၊
ကိုယ်လည်း မင်းကို ကြိုက်တယ်”
***