အခန်း (၃၄၇) - သူဌေးကောင်းတစ်ဦး
စုယန်ယန်၏ ဒေါသထွက်နေသော စကားကြောင့်
ဟောက်ချန်ဟွမ်းက ရယ်နေမိသည်။ သူ့ရင်ထဲမှာတော့ နွေးထွေးနေသလို ခံစားရသည်။
“ကောင်းကောင်းပြောရမယ်ဆိုရင်
ဒီလူတွေက အခြေအနေကို အကဲဖြတ်ဖို့ ကြိုးစားနေကြပေမယ့် ပြတ်ပြတ်သားသားပြောရရင် သူတို့က
ခြံစည်းရိုးစောင့်ခွေးတွေချည်းပါပဲ။ သူတို့က လုံးဝ စိတ်မချရဘူး။”
"ကိုယ် သိတယ်။"
“ရှင်သိရင် ဘာလို့တုန်း…” စုယန်ယန်သည်
ထိုအကြောင်းကို ပိုတွေးလေ ဒေါသဖြစ်လေလေဖြစ်သည်။ သူမသည် ဤနှစ်များအတွင်း ဒီလိုအတင်းအဖျင်းများကို
ဟောက်ချန်ဟွမ်းတစ်ယောက် ဘယ်လောက်တောင် ခံနိုင်ရည်ရှိနေရသနည်း၊ သူက မည်ကဲ့သို့သော လှောင်ပြောင်သရော်ခြင်းမျိုးကို
ခံခဲ့ရကြောင်းကို သူမ တွေးမိသောအခါ၊ သူမသည် သူတို့အားလုံးကို အနိုင်ယူချင်ခဲ့သည်။
“လူအမျိုးမျိုး စိတ်အထွေထွေ
ရှိကြတာပဲ။
သူတို့လိုလူတွေက
သူတို့ကို တွန်းထုတ်လိုက်ရင်တောင် ဘာမှားနေလဲ သိမှာ မဟုတ်ဘူး။”
စုယန်ယန်က မျက်မှောင်ကြုတ်ပြီး
ဒါက အန္တရာယ်နည်းနည်းရှိနေတုန်းလို့ ခံစားရသည်။ “ဒါပေမယ့် သူတို့လိုလူတွေက သစ္စာမဲ့လွန်းတယ်…”
“ကိုယ်လိုချင်တာလည်း သူတို့ရဲ့
သစ္စာမဲ့မှုပါပဲ။ တကယ်သစ္စာရှိသူတွေရဲ့ ရှေ့မှာဆို ကိုယ် ဟန်ဆောင်ဖို့ မလိုဘူး။ လူတွေမှာ
ဆန္ဒတွေရှိရင် အားနည်းချက်ဆိုတာလည်း ရှိတယ်။ စိတ်မပူပါနဲ့၊ ကိုယ် ကိုယ့်အတိုင်းအတာကို
ကိုယ်သိပါတယ်။”
ဟောက်ချန်ဟွမ်းသည် ဒီစကားခေါင်းစဥ်ကို
စုယန်ယန်နှင့် ဆက်လက်မဆွေးနွေးချင်သောကြောင့် စကားခေါင်းစဥ်ကို ပြောင်းလိုက်သည်။ “ကိုယ်
မကြာခင် ပြန်ကောင်းလာလိမ့်မယ်လို့ မင်းပြောခဲ့တယ်မလား။”
စုယန်ယန်သည် စကားခေါင်းစဥ်နဲ့
ရောထွေးပြီး ပထမဆုံး သူဆိုချင်တဲ့ အဓိပ္ပါယ်ကို နားမလည်လိုက်ပေ။ သူမက မသိစိတ်ကနေ
“ကုသမှုက အဆင်ပြေချောမွေ့နေသရွေ့ ရှင် မကြာခင် ပြန်ကောင်းလိမ့်မယ်။ ကျွန်မကို ယုံပါ။”
ဟု ပြန်ဖြေလိုက်သည်။
ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက
အနည်းငယ် တောက်ပလာကာ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ “သေချာပေါက် ကိုယ် မင်းကို ယုံကြည်တာပေါ့။
ဒါပေမယ့် ကိုယ့်ကို အမြန်ကောင်းမွန်အောင် ကုသဖို့အတွက် ဒီည အပ်အနည်းငယ်စိုက်ဖို့ မလိုတော့ဘူးလား။”
စုယန်ယန်၊ “???” မဟုတ်သေးပါဘူး၊
ဒီလောက်ရှည်တဲ့ စကားဝိုင်းပြီးတော့ ဘာကြောင့် မူလနေရာကို ပြန်ရောက်လာတာလဲ။
ဒါ့အပြင်၊ ရှင်ပဲ အရင်က အပ်တွေကို
ကြောက်နေတာ မဟုတ်ဘူးလား။ အခုကျမှ ရှင်က ဘာဖြစ်လို့ ကျွန်မကို အရင်လာမေးနေရတာလဲ။ အချိန်အတော်ကြာပြီးနောက်
ရှင်က နာကျင်မှုကို သဘောကျနှစ်သက်တဲ့သူ ဖြစ်သွားတာလား။
အဆုံး၌ ဟောက်ကော်ပိုရေးရှင်း၏
ဒါရိုက်ဟောင်းများနှင့် ပတ်သက်သည့် အကြောင်းကိစ္စများကို ဘေးဖယ်ထားခဲ့သည်။ အကြောင်းရင်းကတော့
ဟောက်ချန်ဟွမ်းတစ်ယောက် သူ့ကို အပ်စိုက်ကုသပေးဖို့ စိတ်အားထက်သန်နေသောကြောင့် တစ်စုံတစ်ယောက်၏
အရေပြားထူထူကို ကိုင်တွယ်ဖြေရှင်းဖို့ နောက်ထပ် လေ့လာမှုတွေ ထပ်လုပ်သင့်တယ်လို့ သူမ
ခံစားခဲ့ရလို့ပါပဲ။
ဟောက်မိသားစု၏ အရေးကိစ္စများသည်
ဟောက်ရှောက်ဖုန်းကို အမှိုက်ကောင်တစ်ဦးအဖြစ် ကြိမ်းမောင်းခံရခြင်းမှ စတင်ခဲ့သည်။ ဟောက်ချီဟန်သည်
ပြဿနာကို အဆုံးသတ်ရန် ကြိုးစားခဲ့ပြီး ရလဒ်အနေဖြင့် ဆုံးရှုံးမှုများစွာကို ခံစားခဲ့ရသည်။
စုယန်ယန်သည် အခြားသော သိမ်မွေ့နက်နဲသည့်
အကျိုးကျေးဇူးများ ရရှိခဲ့ရုံတင်မကဘဲ ကြင်နာသနားမှုအချို့ကိုပါ ရရှိခဲ့သည်။
“ဒါက အစ်ကိုတို့ကုမ္ပဏီကို ပြောင်းရွှေ့လာချင်တဲ့
လူသစ်တွေရဲ့ ကိုယ်ရေးမှတ်တမ်း အကျဥ်းချုပ်တွေပဲ။”
“ညီမတို့ကုမ္ပဏီကို ပြောင်းရွှေ့လာချင်တဲ့
လူသစ်တွေလား။” စုယန်ယန်သည် ထူထပ်နေသော ကိုယ်ရေးကိုယ်တာ အချက်အလက်များကို လက်လွှဲယူပြီး
စိတ်ရှုပ်သွားသည်။ “ဘာဖြစ်လို့ ဒီလောက်များနေတာလဲ။”
ရှားကျွင့်ရှန့်က သူမကို အဓိပ္ပါယ်ရှိစွာ
ကြည့်လိုက်သည်။ “ဒီလောက်ပါပဲ။”
“ဒါပေမယ့် ဒါက အဓိပ္ပါယ်မရှိဘူး
မဟုတ်ဘူးလား။ များသောအားဖြင့် နှစ်သစ်ပြီးလို့ အလုပ်အကိုင် ကူးပြောင်းတဲ့ရာသီဆိုပေမယ့်
ဒါက အရမ်းများတယ် မဟုတ်ဘူးလား။”
“ဒါတွေအားလုံးက ညီမကြောင့်ပဲလေ။”
“ညီမကြောင့်လား။ ညီမ ဘာလုပ်လိုက်မိလို့လဲ။”
ရှားကျွင့်ရှန့်သည် စုယန်ယန်၏
ထိတ်လန့်နေသော အမူအရာကို မြင်လိုက်သောအခါ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ပေ။ “စေ့စပ်ကြောင်းလမ်းမှုကို
ဖြတ်တောက်ပြီး အမှိုက်ကောင်နဲ့ တတိယလူကို ဖြတ်ရိုက်လိုက်တဲ့ လတ်တလောက လူကြိုက်များလာတဲ့
ဗီဒီယိုကို မင်းမေ့သွားတာလား။”
စုယန်ယန်သည် အနည်းငယ် ရွှင်မြူးစွာ
ရယ်လိုက်မိသည်။ “အဲဒါကြောင့် သူတို့ ဒီကို လာခဲ့ကြတာလား။ ညီမရဲ့ ရုပ်ရည်ချောမောပြီး
သူရဲကောင်းဆန်တဲ့ အသွင်အပြင်ကြောင့်လား။”
“အဲ့လို မဟုတ်ဘူး။ သူတို့က မင်းရဲ့
အနုပညာရှင်တွေကို အကာအကွယ်ပေးတဲ့စိတ်ကြောင့် ဆွဲဆောင်ခံခဲ့ရတာပါ။”
စုယန်ယန်တစ်ယောက် ဆို့နင့်သွားကာ
“တကယ်လား”
“အဲဒီမိန်းမကို မင်း ပြောဆိုခဲ့တာတွေကို
မေ့သွားပြီလား။”
စုယန်ယန်က ဒါကို သေသေချာချာ
တွေးကြည့်လိုက်တော့ ဒီလိုအဖြစ်မျိုးတွေ ရှိနေပုံရတယ်။
“ဒါဆို...”
“သူတို့က မင်း အဲဒီလူထူးလူဆန်းနှစ်ယောက်ရဲ့
မရပ်မနား နှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာတောင် မင်းရဲ့ အနုပညာရှင်တွေ
မမှားယွင်းကြောင်း သက်သေပြနိုင်ခဲ့တာကြောင့် မင်းက သူဌေးကောင်းတစ်ဦးဖြစ်တယ်လို့ သူတို့က
ယုံကြည်ကြတယ်။”
“သူတို့ အဲ့လိုထင်တာ သေချာရဲ့လား၊
ညီမက အဲဒီမြေခွေးအိုကြီးတွေထက် ပေါင်းသင်းဆက်ဆံရတာ ပိုလွယ်တယ်လို့ ထင်နေတာ မဟုတ်ဘူးလား။”
ရှားကျွင်းရှန့်၊ “...”