အခန်း (၁၄) ရှင့် မိထွေးက ယောက်ျားတစ်ယောက်နဲ့ ဟိုတယ်ထဲ ဝင်သွားတယ်
ရှန်းမူမူက
လက်ထဲတွင် ရှိနေသည့်အခွင့်အရေးကို လက်လွတ်မခံဘဲ အပြည့်အဝ ဆုပ်ကိုင်ထားသည်။
ဂရုတစိုက်နှင့်
သူမက ငွေချေးသဘောတူစာချုပ်တစ်စောင် အကြမ်းဖျင်း ရေးခဲ့၏။
တစ်နေ့တွင်
ချီမော့ အိမ်ပြန်လာသည့်အခါ သူ့ခြေထောက်က အိပ်ခန်းထဲ ခြေချရုံသာ ရှိသေးသည့်အချိန်၌ တံခါးနားမှာ
စောင့်ဆိုင်းနေသည့် ရှန်းမူမူက သူ့လက်ထဲသို့ သဘောတူညီချက်စာချုပ်ကို မဆိုင်းမတွ ကမ်းပေးခဲ့သည်။
"မစ္စတာချီ
ကျေးဇူးပြုပြီး ဒီမှာ လက်မှတ်ထိုးပေးပါ။" သူမက ပြောလိုက်သည်။
နက်ခ်တိုင်ကို
ဖြေလျှော့နေသည့် အမျိုးသား၏ လက်က ခေတ္တ ရပ်တန့်သွားသည်။
ခဏလောက်
တွေဝေနေပြီးနောက် သူက အကူအညီမဲ့သလို ပြုံးလိုက်ပြီး သဘောတူညီချက်စာရွက်ကို ယူကာ သူမနာမည်၏
ဘေး၌ သူ့နာမည်ကို ချရေးလိုက်သည်။
ရှန်းမူမူက
လက်မှတ်ထိုးထားသည့် သဘောတူစာချုပ်ကို ဂရုတစိုက် လက်ခံယူပြီး သူ့အား စိတ်ချစေရန် ပြောလိုက်သည်။
"ကျွန်မ ကျိန်းသေ သဘောတူထားတဲ့အချိန်အတွင်းမှာ အတိုးရော အရင်းပါ ကျိန်းသေ ပြန်ဆပ်မှာပါ။
ကျွန်မ ထွက်မပြေးဘူး။"
ချီမော့က
တစ်ချက်ရယ်လိုက်သည်။ "အင်း"
ကုမ္ပဏီက
တဖြေးဖြေး ကြီးမားလာကတည်းက သူ ကိုင်တွယ်ရသည့် ပမာဏက အမြဲတမ်း ဂဏန်းကိုးလုံးထက် မလျော့ပေ။
ဤသည်မှာ
နှစ်ပေါင်းအတော်ကြာမှ နှစ်မီလီယံဟူသော ဂဏန်းလေးလောက်နှင့် စာချုပ်ကို ထိုမျှ အလေးအနက်
ချုပ်ဆိုပေးခဲ့ရခြင်း ဖြစ်သည်။
"အခု
လက်မှတ်ထိုးပြီးသွားပြီဆိုတော့ ကိုယ် လုပ်ပေးရမှာ တစ်ခုခု ရှိလား။" ချီမော့က ရယ်မြူးရိပ်သမ်းနေသော
အသံနှင့် မေးလိုက်သည်။
"မဟုတ်ဘူး။
ကျွန်မဆီက သတင်းကောင်းသာ စောင့်နေလိုက်ပါ။" ရှန်းမူမူက ပြန်ဖြေလိုက်ပြီး သူမ နှုတ်ခမ်းများက
ယုံကြည်ချက်ရှိစွာ ကွေးညွှတ်နေသည်။
ချီမော့၏
အကြည့်များက သူမ၏ ယုံကြည်ချက်ရှိလွန်းသော အပြုံးများထံ ကျရောက်သွားပြီး သူ့ လည်ဇလုတ်က
အထက်အောက် ရွေ့လျားသွားကာ နက်ခ်တိုင်ကို ခပ်ကြမ်းကြမ်း ဆွဲဖြုတ်လိုက်သည်။ သူက ရယ်ချင်သည့်
အရိပ်အမြွက်ပါဝင်နေသည် အသံနှင့် ပြောလိုက်၏။ "ကောင်းပြီ။"
ရှန်းမူမူ
စိတ်လှုပ်ရှားစွာ ထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် သူ၏ အကြည့်တို့က လက်ထဲမှ စာချုပ်ပေါ်
ကျရောက်သွားသည်။
[ထပ်ပေါင်းမှတ်ချက်
: အကြွေးယူသူ ရှန်းမူမူက သတ်မှတ်ထားသည့် အချိန်အတွင်း အပြည့်အဝ ပြန်မဆပ်နိုင်ခဲ့လျှင်
အကြွေးရှင် ချီမော့က လိုအပ်သည့် မည်သည့် နည်းလမ်းဖြင့်မဆို အကြွေးအား သိမ်းယူရန် အခွင့်အရေး
ရှိသည်။]
— ချီမော့;
ရှန်းမူမူ
ဤသည်မှာ
သူ့ဘဝ တလျှောက်လုံး လက်မှတ်ထိုးခဲ့ဖူးသမျှ စာချုပ်များအတွင်း အကောင်းဆုံး စာချုပ် ဖြစ်နိုင်သည်။
သူက စာကြည့်ခန်းထဲသို့
လျှောက်သွားခဲ့ပြီး ထိုစာချုပ်အား ဂဏန်းအနောက်၌ အနည်းဆုံး သုညကိုးလုံးပါသည့် ပရောဂျက်စာချုပ်များနှင့်အတူ
တွဲ၍ သိမ်းထားလိုက်သည်။
*****
ပန်းဆိုင်ဖွင့်ရန်
လုပ်ငန်းစဥ် တိုးတက်မှုမှာ ရှန်းမူမူ၏ မျှော်မှန်းချက်ထက် သာလွန်သွားသည်။
သူမက
နေရာကို တစ်လလောက် လေ့လာဆန်းစစ်ပြီး နောက်ဆုံး၌ အဆင့်မြင့်အိမ်ယာဝန်းများ ပတ်လည်ရှိပြိး
ရှီယွိယွဲ့ဗီလာဝန်းနှင့်လည်း တစ်ကီလိုမီတာသာ ကွာဝေးသည့် နေရာကို ရွေးချယ်လိုက်သည်။
ဆိုင်က
နှစ်ထပ်ဖြစ်ပြီး မြေညီထပ်၌ ငါးဆယ်စတုရန်းမီတာနီးပါးရှိသည့် နေရာလွတ်ရှိကာ မှန်လုံအိမ်အဖြစ်
ပြောင်းလဲပစ်နိုင်ပေသည်။
လွတ်နေသည့်
ဆိုင်အပြင်ဘက်၌ ရပ်နေသော ရှန်းမူမူသည် လအနည်းငယ်ကြာပြီးနောက် အရောင်ပါသည့်မှန်ကိုဖြတ်ကာ
ကျဆင်းလာမည့် နေရောင်ခြည်၏ လှပသော မြင်ကွင်းကို မှန်းဆမြင်ယောင်မိနေပြီ ဖြစ်သည်။
ဆိုင်တည်နေရာကို
ဆုံးဖြတ်ပြီးသည်နှင့် ရှန်းမူမူက ပန်းရောင်းချသူများထံ စတင်ဆက်သွယ်ခဲ့သည်။
သူမသည်
ယခင်က ဆယ့်တစ်နှစ်ထပ်(11:11) စျေးရောင်းပွဲတော်အတွင်း ရရှိခဲ့သည့် စျေးနှုန်းနှိုင်းယှဥ်ခြင်း
စွမ်းရည်ကို ကောင်းမွန်စွာ အပြည့်အဝ အသုံးချခဲ့သည်။
ပန်းရောင်းချသူများ၏
မရေတွက်နိုင်သော ပူးပေါင်းမှု လျှော့စျေး ကမ်းလှမ်းမှုများကြားတွင် သူမက သူမနှင့် အသင့်တော်ဆုံးတစ်ခုကို
ရွေးချယ်ခဲ့သည်။
'အရင်းကို
ခြွေတာခြင်းက အမြတ်စောစောရသည်နှင့် ညီမျှသည်' ဟူသော အကြံဉာဏ်အတိုင်း ရှန်းမူမူသည် သူမအဖွားနှင့်အတူ
စျေးဝယ်ထွက်သည့်အချိန်တိုင်း အဖွားထံမှ သင်ယူထားခဲ့သည့် စျေးဆစ်ခြင်းနည်းစနစ်ကို အသုံးပြုခဲ့သည်။
သို့သော်
သူမ အဖွား၏ စျေးဆစ်ခြင်းက ဟင်းသီးဟင်းရွက် ပျံကျစျေးသည်များထံမှ ကြက်သွန်တချို့ အပိုရနိုင်ရန်သာ
ဖြစ်သည်။
ဆန့်ကျင်ဘက်အနေနှင့်
ရှန်းမူမူသည် အပြုံးလေးနှင့် ပန်းစည်းတစ်ခုချင်းစီတိုင်း၌ သပ်ရပ်လှပသော မေတ္တာလက်ဆောင်ကတ်လေးများ
ထည့်သွင်းပေးရန် ရောင်းချသူကို အခက်အခဲမရှိ ညှိနှိုင်းနိုင်ခဲ့သည်။
သို့သော်
ထိုမေတ္တာလက်ဆောင်ကတ်များကို လျှော့မတွက်သင့်ပေ။
၎င်းတို့သည်
ပန်းဆိုင်အတွက် သူမ တွေးထားသော အရောင်းမြှင့်တင်ရေး အကြံဉာဏ်များတွင် အရေးကြီးသော အခန်းကဏ္ဍမှ
ပါဝင်မည် ဖြစ်သည်။
သူမက
ဆိုင်နာမည်ကို စဥ်းစားတွေးတောနေသည့် အချိန်၌ သူမအိတ်ထဲမှ ဖုန်းက မြည်လာခဲ့သည်။
သူမ ဖုန်းစခရင်ကို
လော့ခ်မဖြည်ရသေးခင် ၎င်းက အကြိမ်များစွာ တုန်ခါလာခဲ့၏။
ဘေးဗီလာမှ
အိမ်နီးချင်း မစ္စစုန့်က ရှန်းမူမူကို ရပ်ကွက်၏ အိမ်ရှင်မများ အုပ်စုဖွဲ့စကားပြောခန်းအတွင်း ထည့်ပေးလိုက်ခြင်း ဖြစ်သည်။
သူမက
မြှောက်ပင့်နေသော မက်ဆေ့ချ်ဖြစ်သည့် 'မစ္စချီနဲ့ သူငယ်ချင်း ဖြစ်လာတယ်' စကားများကို
သုံးကြိမ်တိုင်တိုင် ပို့လာခဲ့သည်။
မစ္စစုန့်
: ကျွန်မတို့ အဖွဲ့မှာ သူငယ်ချင်းအသစ်တစ်ယောက် ရှိလာတယ်။ ကျွန်မရဲ့ ဘေးအိမ်မှာ နေတဲ့
မစ္စချီတဲ့။ မစ္စချီက လှပပြီး ပေါင်းသင်းလို့လည်း ကောင်းတယ်။ ကြိုဆိုပါတယ်။ ကြိုဆိုပါတယ်။
[လက်ခုပ်တီး]
မစ္စကျောက်
: မစ္စတာချီမော့ရဲ့ ဇနီး မစ္စချီလား။
မစ္စချန်
: ဒါပေါ့။ မစ္စစုန့်က ချီမိသားစုအိမ်ရဲ့ ဘေးအိမ်မှာ နေတာလေ။ ကြိုဆိုပါတယ် မစ္စချီ။"
မစ္စစွင်း
: ကျွန်မ မစ္စချီနဲ့ တွေ့ချင်နေတာ ကြာပြီ။ အရင်တစ်ခေါက်က အိမ်ရာဝန်းအဝင်နားမှာ တွေ့ခဲ့သေးတယ်။ သူမက တကယ် ကောင်းမွန်တဲ့ ပုံရိပ်ရှိတာပဲ။ သူမ
ကျွန်မတို့ကို ခန္ဓာကိုယ်ထိန်းသိမ်းခြင်း နည်းလမ်းတချို့ အကြံဉာဏ်ပေးနိုင်လောက်တယ်။
[အပြုံး] [နှင်းဆီ]
မစ္စလီ
: နေ့လယ်ခင်းလက်ဖက်ရည် အတူသောက်ကြရအောင်။
........
အဖွဲ့သို့
မဝင်ခင် မစ္စစုန့်က ရှန်းမူမူကို အကြမ်းဖျင်း မိတ်ဆက်ပေးခဲ့သည်။ ဤအဖွဲ့အတွင်းမှ လူများက
အသက်တူကြပြီး အများဆုံး သုံးဆယ်ဝန်းကျင်ဖြစ်ကာ တူညီသော အိမ်ရာဝန်းအတွင်း နေထိုင်ကြသည်။
ရံဖန်ရံခါ သူတို့က အလှအပ ပြုပြင်ထိန်းသိမ်းမှုများ အတူပြုလုပ်ကြပြီး အတင်းအဖျင်း ပြောသည်များလည်း
ရှိကာ မာကျောက်လည်း ကစားတတ်ကြသည်။
အရိုးသားဆုံးပြောရလျှင်
ရှန်းမူမူသည် ဤအဖွဲ့လိုက်စကားပြောခန်းအတွင်း အရေးမပါ၍ ပေါ့တန်သော စကားများ ပြောရခြင်းကို
အသားမကျပေ။
သို့သော်
သူမ၏ ပန်းဆိုင်သို့ ဖောက်သည် ပထမသုတ်အား ဆွဲဆောင်နိုင်ရန် သူမက အဖွဲ့လိုက်စကားပြောခန်းတွင်
ရံဖန်ရံခါ ပါဝင်တတ်ပြီး လူတိုင်းနှင့် ဆွေးနွေးပြောဆိုနိုင်ရန် ကြိုးစားခဲ့သည်။
ရှန်းမူမူသည်
လူတိုင်း၏ နာမည်ပြောင်က 'မစ္စ X' ဟူသော ပုံစံဖြင့်သာ အသုံးပြုကြောင်း သတိပြုမိလိုက်သည်။
ခဏကြာတွေဝေနေပြီးနောက်
သူမက ထိုပုံစံအတိုင်း လိုက်မလုပ်ရန် ဆုံးဖြတ်လိုက်ပြီး အဖွဲ့ထဲမှ သူမ၏ နာမည်ပြောင်ကို
ကိုယ်ပိုင်နာမည်ဖြင့်သာ ဆက်လက်အသုံးပြုခဲ့သည်။
၎င်းက
ထူးခြားသည့် အကြောင်းရင်း ရှိ၍ မဟုတ်ပေ။
သူမ တစ်နေ့တွင်
ချီမော့နှင့် ကွာရှင်းပြီးသည့်အချိန်၌ ဤအဖွဲ့အတွင်း ဆက်ရှိနေခဲ့လျှင် ထိုအချိန်မှ နာမည်ပြန်ပြောင်းရသည်က
အဆင်မပြေဖြစ်လိမ့်မည်ဟု တွေးမိသောကြောင့် ဖြစ်သည်။
သို့သော်
သူမက လူတိုင်းနှင့် သူမ၏ နာမည်အရင်း 'ရှန်းမူမူ' ကို အသုံးပြုကာ စကားပြောနေလျှင်ပင်
အမျိုးသမီးများက သူမအား မစ္စချီဟု ရည်ညွှန်းပြောဆိုနေကြဆဲပင်။
ထိုအခိုက်အတန့်တွင်
ရှန်းမူမူသည် နောက်ဆုံး၌ ထိုနေ့က ချီမော့ ပြောခဲ့သည့် စကားများ၏ နောက်ကွယ်မှ အဓိပ္ပါယ်ကို
နားလည်သွားခဲ့သည်။
သူ ပြောခဲ့သည်။
"မင်းသာ ဖြစ်ရင် ပြင်ပဆိုင်တစ်ခုလည်း စီမံနိုင်လိမ့်မယ်။"
မင်းသာဖြစ်ရင်...
ထင်ရှားစွာပဲ
၎င်းမှာ လက်ရှိ သူမ၏ မစ္စချီဟူသည့် အဆင့်အတန်းကို ဆိုလိုခြင်း ဖြစ်သည်။
ချီမော့က
ငယ်ငယ်ရွယ်ရွယ်နှင့် ချီအုပ်စုကို ချဲ့ထွက်နိုင်ခဲ့သည့် အောင်မြင်သော စီးပွားရေးပညာရှင်
ပီသပေသည်။
စကားနည်းနည်းလေးနှင့်
သူက သူမနေရာမှ ဝင်တွေးကာ သူမ၏ အကျိုးအမြတ်များကို စဥ်းစားဆုံးဖြတ်နိုင်သည်။
သူက အမှန်တကယ်
ကောက်ကျစ်သည့် မြေခွေးအိုကြီး ဖြစ်သည်။
ရှန်းမူမူက
သူမ နှလုံးသားထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်၏။
၎င်းက
အပျက်သဘောဆောင်သည့် သဘောမျိုးမရှိပေ။
၎င်းကို
ချီးကျူးခြင်းဟုပင် မှတ်ယူနိုင်သည်။
သူမ၏
ယခင်ကမ္ဘာတွင် သူမ ကျောင်းတက်နေစဥ် အချိန်များအတွင်း ပထမဆုံး အချစ်ကို ထိတွေ့ချင်မိသည့်အရွယ်၌
သူမ တိတ်တိတ်လေး သဘောကျခဲ့သည့်သူများစွာ ရှိသည်။
ကြီးပြင်းလာကာ
ပို၍ ရင့်ကျက်လာပြီးနောက် သူမက သူမ ကြိုက်နှစ်သက်သည့် ကောင်လေးများ၏ စရိုက်လက္ခဏာများကို
အလေးအနက် လေ့လာဆန်းစစ်ခဲ့သည်။
ခြွင်းချက်မရှိ
ဉာဏ်ကောင်းသူ ဖြစ်ရန် လိုပေသည်။
သူမက
ဝိရောဓိ ဖြစ်နေသည်။
သူမက
ရံဖန်ရံခါ၌ ဦးနှောက်က အေးခဲပြီး တုံးအသည့် ကိစ္စများ လုပ်နိုင်သော်လည်း သူမ၏ တစ်ဖက်ခြမ်းဖြစ်မည့်သူက
ဉာဏ်ကောင်းရန် လိုသည်။
ထူးထူးကဲကဲကို
ဉာဏ်ရည်ထက်မြက်သူ ဖြစ်ရပေမည်။
သူမတူထူးကဲလှစွာ
ဉာဏ်ကောင်းပြီး ပါးနပ်လှသူ ဖြစ်ရပေမည်။
သူမက
ထိုအချက်ကို နားလည်သောကြောင့် မွေးကတည်းက Single ဖြစ်နေခဲ့ခြင်းအတွက် အကြောင်းပြချက်
ရှာတွေ့ခဲ့သည်။
ဘွဲ့ရပြီးနောက်
အလုပ်စတင်လုပ်ကတည်းက ကျောင်းဝန်းထဲမှ လှပမှုနှင့် နုံအရိုးစင်းမှုတို့က ပျောက်ဆုံးသွားပြီဖြစ်ပြီး
စကားပြောကောင်းသည့် ယောက်ျားများ တစ်ယောက်ပြီးတစ်ယောက် တွေ့ဆုံခဲ့သည်။
ယောက်ျားဆယ်ယောက်တွင်
ငါးယောက်က အပြောကောင်းသူဖြစ်ပြီး သုံးယောက်က အဆီရစ်နေသူများဖြစ်ကာ တစ်ယောက်က ဉာဏ်များသူ
ဖြစ်သည်။
ကျန်သည့်တစ်ယောက်က
ညီအစ်မပင် ဖြစ်နေနိုင်သည်။
ဟင်း...
သူမ ယခင်က
တွေ့ဖူးခဲ့သည့် လူများနှင့် နှိုင်းယှဥ်လျှင် ဤကမ္ဘာကြီးက အလွန် ဖော်ရွေပေသည်။
အခြားစကားနှင့်
ပြောရလျှင် သူမ၏ 'ခင်ပွန်းအတု' ချီမော့က အလွန် ကောင်းရုံသာမက သူမ ပြောခဲ့သည့် လူဆယ်ယောက်
အမျိုးအစားတွင် မပါဝင်ပေ။
ခဏနေပါဦး၊ ရပ်လိုက်။
သူမက
ဘာကြောင့် ချီမော့ကို သူမ၏ လက်တွဲဖော်ရွေးသည့် စံနှုန်းများနှင့် တိုင်းတာနေရပါသနည်း။
ထူးဆန်းလှပေသည်။
ရှန်းမူမူက
သူမ အတွေးများကို ဘရိတ်အုပ်လိုက်ပြီး လမ်းကြောင်းပေါ် ပြန်ဆွဲတင်လိုက်သည်။
သူမ၏
ပင်ကိုစရိုက်မျိုးနှင့် သူမ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ရာ၌ မစ္စချီဟူသော အဆင့်အတန်းကြောင့်
အဆင်ပြေချောမွေ့လာရသည်မျိုးကို ရှင်းလင်းသော အသိစိတ်မျိုးဖြင့် လက်မခံနိုင်ပေ။
သူမ၏
စိတ်ထဲတွင် ပန်းဆိုင်က ငွေရှာနိုင်သည်နှင့် အမြတ်ကို ချီမော့အား ခွဲဝေပေးရလိမ့်မည်ဟု
တိတ်တိတ်လေး တွေးနေခဲ့သည်။
သူ မလိုချင်လျှင်ပင်
သူမက တခြားနည်းလမ်းရှာ၍ သူ့ကို ကျိန်းသေပေးလိမ့်မည် ဖြစ်သည်။
သူမက
မည်သည့် ကျေးဇူးကြွေးမှ အတင်မခံချင်ပေ။
အခြားတစ်ဖက်တွင်
ချီရှောင်ပိုင်က ရှန်းမူမူ အလွန် အလုပ်များနေပြီး နေ့တိုင်း စောစော ထွက်သွားကာ နောက်ကျမှ
ပြန်လာသည်ကို သတိပြုမိပေသည်။
သူက မစုံစမ်းခဲ့ပေ။
ရှန်းမူမူက
သူတွေးထားသလို ရက်စက်သည့် မိထွေးမျိုး မဟုတ်သော်လည်း သူမနှင့် တမင်သက်သက် နီးကပ်စရာ
မလိုအပ်ပေ။
တစ်မိုးအောက်ထဲ၌
အချင်းချင်း ဝင်မစွက်ဖက်သည့် သူစိမ်းများအဖြစ် နေထိုင်ရခြင်း ပိုကောင်းပေသည်။
ယနေ့တွင်
ချီရှောင်ပိုင်က သူ၏ ညနေပိုင်း ကိုယ်ပိုင်စာကျက်ချိန်ကို လစ်ကာ ဝေချောင်နန်နှင့် ဘက်စကက်ဘော
သွားစကားရန် စီစဥ်ထားသည်။
သူတို့
ဘက်စကက်ဘောလုံးကွင်းသို့ သွားသည့်လမ်းတွင် ရုတ်တရက် တစ်စုံတစ်ယောက် ပေါ်လာပြီး သူတို့လမ်းကို
ပိတ်ထားလိုက်သည်။
လျှိုကျန်းကျန်းက
သတ္တိမွေးကာ ချီရှောင်ပိုင်နှင့် မျက်နှာချင်းဆိုင် ရပ်ရင်း တွန့်ဆုတ်ဆုတ်နှင့် ကြည့်လိုက်သည်။
"အစ်ကိုချီ..."
နောက်ဆုံးတစ်ကြိမ်၌
လျှိုကျန်းကျန်းက ချီရှောင်ပိုင်၏ သောက်စရာထဲ၌ ဆေးခပ်ရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့သည်။
သူမသည် ချီရှောင်ပိုင်က ထိုအကြောင်းကို သတိမပြုမိသရွေ့ အနာဂတ်၌ နောက်ထပ်အခွင့်အရေး
ရှိလာဦးမည်ဟု ထင်ထားခဲ့သည်။
သို့သော်
နောက်တစ်နေ့၌ ချီရှောင်ပိုင်က သူမကို စကားပြောရန် ဆန္ဒမရှိရုံတင်မက လျစ်လျူပင်ရှုလိမ့်မည်ဟု
ထင်မှတ်မထားမိခဲ့ပေ။
သူမက
ဘယ်နေရာ၌ မှားသွားခဲ့လဲ မသိခဲ့ပေ။
ချီရှောင်ပိုင်က
သူမအား ကြည့်ကာ စိတ်မရှည်စွာ ကြည့်လိုက်သည်။
"လမ်းပိတ်မထားနဲ့။"
ထိုစကားကို
ပြောပြီးနောက် သူက ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။
ဆေးခပ်သည့်
အဖြစ်အပျက်အကြောင်း ရှန်းမူမူက သူ့ကို ပြောပြပြီးနောက် သူက လျှိုကျန်းကျန်းနှင့် လုံးဝ
အဆက်အသွယ် ဖြတ်ပစ်လိုက်သည်။ သူတို့သည် အစကတည်းက ရင်းနှီးခြင်း မဟုတ်သည့်အတွက် အဆက်အသွယ်
ဖြတ်ခြင်းက သူ့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်ခဲ့ပေ။
သူက မည်သည့်ပြဿနာမှ
မဖြစ်ချင်သည့်အတွက် ကိစ္စများကို အကျယ်အကျယ် ဖြစ်ရန် မလုပ်ခဲ့ပေ။
ယနေ့တွင်
လျှိုကျန်းကျန်းက ရုတ်တရက် ပေါ်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
ချီရှောင်ပိုင်က
သူမကို အသိအမှတ် မပြုချင်သည်အား မြင်သည့်အခါ လျှိုကျန်းကျန်းက ပို၍ စိတ်လှုပ်ရှားလာပြီး
ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာခဲ့သည်။
သူမက
အံကို တင်းတင်းကြိတ်ရင်း ပြောလိုက်သည်။
"အစ်ကိုချီ
ကျွန်မ အစ်ကို့ရဲ့ မိထွေးက ယောက်ျားတစ်ယောက်နဲ့ ဟိုတယ်ထဲ ဝင်သွားတာ မြင်ခဲ့တယ်။"