အခန်း (၂၇)
ခင်ပွန်းသည် ဖောက်ပြန်တာ ခံနေရတဲ့ ဇနီးတစ်ယောက် ဘယ်လို တောက်တောက်ပပ ပြုံးနေနိုင်ပါ့မလဲ။
လွန်ခဲ့သည့်
ရက်အနည်းငယ်အတွင်း ရှန်းမူမူသည် သူမ၏ မျက်နှာအမူအရာကို ထိန်းချုပ်နိုင်မှု ပျောက်ဆုံးတော့မည်ဟု
ခံစားနေရသည်။
သူမက
ပန်းဆိုင်စီးပွားရေးလေး စတင်လာတာကို ပျော်ရွှင်နေရုံမျှရှိသေး နောက်တစ်စက္ကန့်၌ အလွန်အကျူး
ပျော်ရွှင်နေမှုကို မပြသရဲတော့ဘဲ ဖြတ်သွားသည့်သူမှန်သမျှ သူမမျက်နှာထက်မှ ဝမ်းနည်းမှုလေးကို
ထင်ထင်ရှားရှား မြင်နိုင်ရန် ဟန်ဆောင်နေရတော့သည်။
အလိုလေးနော်။
ခင်ပွန်းသည်
ဖောက်ပြန်နေသည်ကို အခုလေးတင် ရှာဖွေတွေ့ရှိသွားသည့် ဇနီးတစ်ယောက်က အလွန် တောက်တောက်ပပ
ပြုံးနေရန် မည်သို့ ဖြစ်နိုင်ပါမည်နည်း။
သူမ ချီမော့၏
ဇနီးနေရာတွင် တစ်ရက်ပိုနေနေသရွေ့ ဇနီးတစ်ယောက်တွင် ရှိသင့်သည့် အပြုအမူ တုန့်ပြန်မှုများအတိုင်း ပြုမူရပေမည်။
ပင်ပန်းလိုက်တာ။
အရမ်းပင်ပန်းတာပဲ။
ကံကောင်းစွာဖြင့်
သူမသည် အတင်းအဖျင်းတစ်ခု၏ သက်တမ်းက သိပ်မကြာတတ်တာကို သေချာသိရှိပေသည်။ အတင်းအဖျင်း
အသစ်တစ်ခု ပေါ်လာသည့်အခါ မည်သူကမှ ချီမော့၏ အရေးကိစ္စကို သတိရလိမ့်တော့မည် မဟုတ်ပေ။
သူမသာ
အလွန်အကျွံ မတုန့်ပြန်သရွေ့ ဤအချိန်ကာလကို ငြိမ်းငြိမ်းချမ်းချမ်း
ကျော်ဖြတ်နိုင်ပြီး အရာအားလုံးက ပို၍ ကောင်းမွန်လာပေလိမ့်မည်။
သို့သော်
ကိစ္စများက သူမ မှန်းဆထားသည့် ဦးတည်ရာဘက်သို့ ပြောင်းလဲတိုးတက်လာခြင်း မရှိပေ။ သူမက
ဘာမှ မဖြစ်သလို ပြုမူနေလေ အခြားလူများက ပို၍ ဂရုစိုက်လာလေဖြစ်ကာ
သူမ ပါးစပ်မှ အတွင်းသတင်းတချို့ နှိုက်ထုတ်နိုင်ရန် စိတ်အား ထက်သန်နေကြသည်။
လူများသည်
သူမ နေ့လယ် လက်ဖက်ရည်သောက်ရန် အပြင်ထွက်ချိန်နှင့် တစ်ပတ်ကို အကြိမ်ရေ အနည်းငယ် မာကျောက်သွားကစားချိန်များမှာပင် ဆက်တိုက်မေးမြန်းနေကြ၏။
သူမက
'ဆိုင်ဖွင့်ဖို့ အရမ်းအလုပ်ရှုပ်နေတယ်' ဟူသော ဆင်ခြေဖြင့် အကြိမ်များစွာ ငြင်းဆန်ခဲ့သည်။
သူမသည်
ထပ်ငြင်း၍ မရတော့ဟု ခံစားရသည့်အချိန်မှ မစ္စစွင်း၏ မာကျောက်ကစားရန်
ဖိတ်ခေါ်ချက်ကို တွန့်ဆုတ်စွာ လက်ခံလိုက်သည်။
အဆုံးမှာတော့
ဇနီးသည်များ အဖွဲ့ထဲမှ အမျိုးသမီးအချို့က ယွဲ့ကျီပန်းဆိုင်ကို ကူညီပေးခဲ့တာမို့ သူမ
သူတို့၏ ပိုက်ဆံကို ယူကာ ပေါ်မလာခဲ့လျှင် သူမက ပိုက်ဆံယူပြီး ထွက်ပြေးသွားသည်နှင့်
တူနေပေလိမ့်မည်။
သည်နေ့တွင်
သူမက မာကျောက်ကစားရန် ချိန်းဆိုချက်ကို ဖြည့်ဆည်းပေးရန် တွန့်ဆုတ်စွာ
ထွက်လာခဲ့သည်။
တစ်ချိန်တည်းတွင်
ဝမ်ချင်းဝေ့ကလည်း သူမအိမ်မှ လမ်းလျှောက်ထွက်လာ၏။
ယခင်တစ်ကြိမ်
သူမ ခင်ပွန်းထံမှ သင်ခန်းစာ အပေးခံလိုက်ရကတည်းက ဝမ်ချင်းဝေ့သည် တွေးလေ တွေးလေ ပိုဒေါသထွက်လေ
ဖြစ်လာခဲ့သည်။
သူမ ခင်ပွန်းက
အမြဲတမ်းလိုလို နူးညံ့ညင်သာသော စကားလုံးများနှင့်
သူမ၏ ဆန္ဒများကို ဖြည့်ဆည်းပေးတတ်ပြီး မည်သည့်အခါမှ ခက်ခက်ထန်ထန် မဆက်ဆံဖူးပေ။
ထို့ကြောင့်
သူမက ထိုအဖြစ်အတွက် ရှန်းမူမူကို အပြစ်တင်ခဲ့သည်။
သူမက
ကောင်းကင်သို့ မျက်နှာမူကာ မျက်လုံးများကို လှိမ့်လိုက်သည်မှာ ၎င်းတို့က ကျွတ်ကျလာလုမတတ်ပင်။
ဟမ့်... ချီမော့ မယားငယ်ထားတဲ့ အချက်က အစစ်အမှန်ပဲကို။ သူမက ဘာလို့ မပြောဘဲ
နေရမှာလဲ။
ချီမော့ရဲ့
စီးပွားရေးက အရမ်းကြီးမားနေတာကြောင့်လား။
ဝမ်ချင်းဝေ့က
ဆန္ဒမရှိပေ။
ယနေ့
သူမက မာကျောက်ကစားရန် မစ္စချန်၏ နေရာကို သူမအတွက် အထူးတလည် ရယူရန်
ကြိုးစားခဲ့သည်။
သူမသည်
မာကျောက်ကစားပွဲ၌ ရှန်းမူမူကို ရယ်စရာဖြစ်အောင် လုပ်မိသည်ကို
မြင်ချင်နေသည်။
........
ဤသည်မှာ
ရှန်းမူမူအတွက် ဗီလာဝန်းအတွင်းမှ အမျိုးသမီးများနှင့် မာကျောက်ကစားသည့်
ပထမဆုံးအကြိမ် ဖြစ်သည်။
သူမ မစ္စစွင်း၏
အိမ်သို့ ရောက်သည့်အခါ မစ္စကျိုးနှင့် မစ္စစွင်းတို့က စားပွဲတွင် ထိုင်နှင့်နေပြီ ဖြစ်သည်။
သူမက
ဘယ်နှင့် ညာကို ကြည့်ကာ ပေါ့ပါးသော အပြုံးတစ်ပွင့်နှင့် မေးလိုက်သည်။
"ကျွန်မက
နောက်ဆုံးမှ ရောက်တဲ့လူ ဖြစ်မယ်ထင်နေတာ။ မစ္စချန် မရောက်သေးဘူးလား။"
မစ္စကျိုးက
ပြန်ဖြေလိုက်သည်။ "မစ္စချန်က အိမ်မှာ ကိစ္စရှိလို့ မလာနိုင်တော့ဘူး။ သူ့နေရာကို
မစ္စဝမ် အစားဝင်လိမ့်မယ်။"
ရှန်းမူမူ
: "..."
ကမ္ဘာကြီးက
ဘယ်လောက် ကျဥ်းလိုက်သလဲ။
ဝမ်ချင်းဝေ့၏
သူမ ခင်ပွန်းအကြောင်း အဆုံးမရှိ အမွှမ်းတင်စကားများကို စဥ်းစားမိသောအခါ သူမသည် ယနေ့
မာကျောက်ကစားရာ၌ အလွန် ဆူညံနေတော့မည်ဟု ခန့်မှန်းလိုက်သည်။
သူမက
ဤနေရာ၌ ရောက်နေကတည်းက ရှောင်လွှဲ၍ မရနိုင်တော့ပေ။
သူမက
သဘာဝကျကျ အမူအရာနှင့် မာကျောက်စားပွဲ၌ ဝင်ထိုင်လိုက်သည်။
မစ္စစွင်းက
မေးလိုက်သည်။ "မစ္စချီ အရင်က မာကျောက် ကစားဖူးလား။"
ရှန်းမူမူက
အမှန်အတိုင်း ဖြေလိုက်သည်။ "နည်းနည်းပဲ ဆော့ဖူးတယ်။ ကျွန်မရဲ့ စကေးက တကယ် ဆိုးဝါးတာ။"
သူမ၏
ယခင်ဘဝတွင် နေ့တိုင်း 996 အလုပ်ချိန်လုပ်ရပြီး အားလပ်ချိန်ရရန် ခက်ခဲလှသည်။ (996 =
မနက်ကိုးနာရီကနေ ညကိုးနာရီ၊ တစ်ပတ် ခြောက်ရက်)
ရံဖန်ရံခါ
သူမက ပူးပေါင်းကုမ္ပဏီများမှ ခေါင်းဆောင်များ၏ ဇနီးများနှင့်အတူ မာကျောက်
ကစားလိမ့်မည် ဖြစ်သော်လည်း ၎င်းက 'စီးပွားရေးမာကျောက်'
ဖြစ်ကာ ပိုက်ဆံ အရှုံးခံရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ထို့ကြောင့်
သူမ၏ အဘိဓာန်ထဲတွင် 'မာကျောက်ကစားခြင်း' ဟူသည်မှာ 'ပိုက်ဆံလက်ဆောင်ပေးပစ်ခြင်း'
နှင့် တူညီပေသည်။
ယနေ့
သူမက ပိုက်ဆံများ ရှုံးရန် ပြင်ဆင်လာသည်။
သူမ၏
အတွေးများ အလွန် ရှင်းလင်းပေသည်။
လူတိုင်းက
ပန်းဆိုင်စီးပွားရေးကို အလွန် ဂရုစိုက်ပေးကြသည့်အတွက် အဓိပ္ပါယ်ရှိရှိ စျေးကွက်မြှင့်တင်ရေးစရိတ်အချို့အဖြစ်
အသုံးပြုပေးခြင်းက သင့်လျော်ပေသည်။
မစ္စစွင်းက
ကြင်နာစွာ လက်ဝှေ့ယမ်းရင်း သူမကို သတိပေးလိုက်သည်။
"အဲဒါဆို
ရှင် ဂရုစိုက်ဖို့ လိုတယ်။ မစ္စကျိုးနဲ့ မစ္စဝမ်တို့က ရက်စက်ကြမ်းကြုတ်တဲ့ ကစားသမားတွေပဲ။
အရင်တစ်ခေါက်တုန်းက ကျွန်မ သုံးပွဲတည်းနဲ့ ငါးသောင်းလောက် ရှုံးသွားတာ။"
ရှန်းမူမူက
ရပ်တန့်သွား၏။ "!!!!"
သုံးပွဲတည်းနဲ့
ငါးသောင်း ရှုံးတယ်လား။
လောင်းကြေးကို
အဲဒီလောက် မြင့်မြင့်ကြီး ကစားကြတာလား။
သူမ အိမ်က
ထွက်လာစဥ်က ငွေသားတစ်သောင်းသာ ယူလာခဲ့ပြီး လုံလောက်သည်ထက် ပိုများနေပြီဟုပင် တွေးခဲ့မိသည်။
ယခု ဤစကားကို
ကြားပြီးနောက် သူမ ပိုက်ဆံက တစ်နာရီတောင် ကြာအောင် ခံပါ့မလား စတင် သံသယ
ဖြစ်လာခဲ့မိသည်။
သူမက
ဖုန်းကို ဖြေးညင်းစွာ ထုတ်ယူရင်း မသိမသာဖြင့် အိမ်တော်ထိန်းကျန်းကို သူမထံ ပိုက်ဆံလာပို့ပေးရန်
မက်ဆေ့ချ် ပို့ဖို့ရာ ရည်ရွယ်လိုက်သည်။
သူမ မက်ဆေ့ချ်
မပို့နိုင်ခင် အနောက်ဘက်မှ စူးရှကျယ်လောင်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။
"အိုး...
ကျွန်မ နည်းနည်း နောက်ကျသွားတယ်။ ကျွန်မ ယောက်ျားက ကျွန်မကို အပြင်မသွားဘဲ အိမ်မှာနေပြီး
သူ့ကို အဖော်ပြုပေးဖို့ အတင်းတောင်းဆိုနေတာလေ။ ကျွန်မမှာ အပြင်ထွက်နိုင်ဖို့ ခက်ခက်ခဲခဲ
ကြိုးစားလာရတာ။ နောက်ကျသွားလို့ တကယ် တောင်းပန်ပါတယ်။ အဲဒါ အားလုံးက ကျွန်မ ယောက်ျားရဲ့
အပြစ်တွေပဲ။"
ပြန်လှည့်မကြည့်ဘဲနှင့်
'ကျွန်မ ယောက်ျား' ဟူသည့် စကားလုံးနှင့်ပင် လူတိုင်းသည် မစ္စဝမ် ရောက်ရှိလာပြီဖြစ်ကြောင်း
ပြောနိုင်ပေသည်။
ဝမ်ချင်းဝေ့က
တောက်ပသည့် အပြုံးမျက်နှာနှင့် လူတိုင်းရှေ့တွင် ပေါ်လာပြီး ထိုင်ခုံကို ဆွဲကာ ဝင်ထိုင်လိုက်သည်။
ရှန်းမူမူ
မက်ဆေ့ချ်ပို့နေသည်ကို ပြီးအောင် မစောင့်ဘဲ ဝမ်ချင်းဝေ့က မာကျောက်အတုံးလေးများကို
မွှေရင်း လောဆော်လိုက်သည်။
"မြန်မြန်စလိုက်ကြရအောင်။"
ရှန်းမူမူက
မာကျောက်အတုံးလေးများကို မွှေနေချိန်၌ ခေါင်းကို ငုံ့ကာ မက်ဆေ့ချ်ကို
မြန်မြန် တည်းဖြတ်လိုက်သည်။
သူမ ပို့သည့်
ခလုတ်ကို နှိပ်လိုက်သည့်အချိန်၌ ဖုန်းမျက်နှာပြင်က မည်းမှောင်သွားလေသည်။
ဖုန်းဘက်ထရီက
အားကုန်သွားကာ အလိုအလျောက် ပိတ်သွားခြင်း ဖြစ်လေသည်။
ရှန်းမူမူ
: ...
ပေကျင်းလေဆိပ်။
အရပ်မြင့်မားသည့်
ဖြောင့်စင်းသော ကိုယ်ဟန်ရှိသော အမျိုးသားတစ်ယောက်က VIP လျှောက်လမ်းမှ လျှောက်ထွက်လာသည်။
ထူးခြားသိမ်မွေ့သည့်
အစိတ်အပိုင်းများ၊ ပိရိသေသပ်ပြီး သီးခြားဆန်သည့် အသွင်အပြင်နှင့် သူ့ ကုတ်အင်္ကျီရှည်က
လမ်းလျှောက်လိုက်တိုင်း လှုပ်ခတ်နေကာ ဘက်ပေါင်းစုံမှ မည်သို့ကြည့်ကြည့် ဖက်ရှင်မဂ္ဂဇင်းထဲမှ
ထွက်လာသည်နှင့် တူပေသည်။
ပေကျင်း၏
အပူချိန်က ရှန်မြို့ထက် ပို၍ မြင့်မားသည်။
ချီမော့က
လျှောက်လာနေရင်း ကုတ်အင်္ကျီကို ချွတ်လိုက်ကာ သူ့ကို လာကြိုသည့် ဒရိုင်ဘာရှောင်ဝမ်ကို လှမ်းပေးလိုက်ပြီးနောက် သာမန်ကာလျှံကာ မေးလိုက်သည်။
"ငါ့
မိန်းမ ဘယ်မှာလဲ။"
ရှောင်ဝမ်က
ဇဝေဇဝါ ဖြစ်သွားသည်။
သူက ဘယ်လိုလုပ်သိမှာလဲ။
သို့သော်
စွမ်းဆောင်ရည် ပြည့်ဝသည့် လက်အောက်ငယ်သား တစ်ယောက်အနေနှင့် သူက 'မသိဘူး' ဟု မပြောနိုင်ပေ။
ထို့ကြောင့်
ဖြေရှင်းချက် ဖြစ်နိုင်သည့် အဖြေတစ်ခုကို ပေးလိုက်သည်။
"ကျွန်တော်
အိမ်တော်ထိန်းကျန်းကို အခုချက်ချင်း ဖုန်းခေါ်လိုက်ပါ့မယ်။"
ချီမော့က
သံလိုက်ကဲ့သို့ ညှို့ငင်နိုင်သည့် သြရှရှအသံနှင့် တုန့်ပြန်လိုက်သည်။ "ကိစ္စမရှိဘူး။
ငါ ခေါ်လိုက်မယ်။"
ချီမော့
ရုတ်တရက် ရှောင်ဝမ်ကို မေးလိုက်သည့် အကြောင်းရင်းမှာ သူ အစောပိုင်းက ရှန်းမူမူအား ဖုန်းခေါ်ပေမယ့်
သူမ ဖုန်းက ပိတ်ထားသောကြောင့် ဖြစ်သည်။
လွန်ခဲ့သော
ရက်အနည်းငယ်ခန့်က မစ္စတာဝမ်၏ ဖုန်းခေါ်ဆိုမှုကို ရရှိပြီးနောက် သူသည် ပေကျင်းသို့ ပြန်ရောက်သောအခါ
အလုပ်ကို အလျင်စလို သွားမည့်အစား အိမ်သို့ အရင်ပြန်ပြီး ရှန်းမူမူနှင့် ထိုကိစ္စအကြောင်း
ပြောရန် ဆုံးဖြတ်ထားသည်။
ထိုသည်မှာ
နှစ်များစွာ စီးပွားရေး လုပ်ခြင်းမှ ဖွံဖြိုးလာသည့် အကျင့် ဖြစ်သည်။
ပြဿနာတစ်ခုခုနှင့်
ရင်ဆိုင်ရသောအခါ မျက်နှာချင်းဆိုင် ဖြေရှင်းရခြင်းကို ပိုနှစ်သက်ပေသည်။
ထိုသို့ဖြင့်
သူက တစ်ဖက်လူ၏ အမူအရာနှင့် တုန့်ပြန်မှုတို့ကို မြင်နိုင်ပေသည်။
ဖုန်း၏
တစ်ဖက်မှ အိမ်တော်ထိန်းကျန်းက ချီမော့ကို ပြောလိုက်သည်။
"မဒမ်က
မစ္စစွင်း ဖိတ်လို့ မာကျောက်ကစားဖို့ သွားပါတယ်။ သူတို့က မဒမ်ကို
အခေါက်ခေါက် အခါခါ ခေါ်နေကြတာ။ မဒမ် အစက သွားဖို့
တွန့်ဆုတ်နေပေမယ့် ဒီနေ့ စိတ်အခြေအနေ ကောင်းနေတာကြောင့် မစ္စစွင်းအိမ်ကို သွားခဲ့တာ။
သူမက ခဏလောက်နဲ့တော့ ပြန်လာဦးမှာ မဟုတ်ဘူး။ ဆရာ ပြန်လာပြီဆိုတာ မဒမ့်ဆီ သွားပြီး သတင်းပို့ပေးစေချင်လား။"
ချီမော့က
စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီးမှ ပေါ့ပါးစွာ ပြောလိုက်သည်။ "မလိုဘူး။"
ချီမော့
ဖုန်းချလိုက်သည်ကို မြင်သောအခါ ရှောင်ဝမ်က ခေါင်းလှည့်ကာ မေးလိုက်၏။
"ဘော့စ်ချီ
ကျွန်တော်တို့ အခု သွားတော့မှာလား။"
ချီမော့က
ကားပြတင်းအပြင်ဘက်သို့ ငေးနေရင်း သူ၏ ရှည်လျားသွယ်လျသည့် လက်ချောင်းများက ကားပြတင်းဘောင်ကို
ညင်သာစွာ ခေါက်နေခဲ့သည်။ ရုတ်တရက် သူက မေးလိုက်၏။
"ရှောင်ဝမ်
မစ္စစွင်းက ဘယ်ဗီလာမှာ နေလဲဆိုတာ မင်း သိလား။"