Chapter 16
Viewers 3k

🐹 Chapter 16

သားရဲလူသားနဲ့ အဆင့်နိမ့်သားရဲလူသား



ရှုရှုက မိတ်လိုက်ခြင်းဖြစ်စဥ်နှင့် ရင်းနှီး၏။ ဟမ်းစတားအထီးများက မိတ်လိုက်ကာလတွင် ထိရှလွယ်တတ်ကြသည်။ ဟမ်းစတားအမများ၏ မိတ်လိုက်ကာလရောက်လျှင် အထီးများကပို၍ပင် တက်ကြွတတ်ကြသည်။ သူသည်လည်း ဟမ်းစတားတစ်ကောင်ဖြစ်ခဲ့၍ မိတ်လိုက်ချင်သောစိတ်မှာ သူ့တားဆီးနိုင်သည့်အရာ မဟုတ်ပေ။ သို့သော်လည်း လူသားတစ်ယောက်ဖြစ်လာနိုင်ရန်အတွက် သူ့ကိုယ်သူထိန်းချုပ်ထားနိုင်ရပေမည်။


သူက မိတ်မလိုက်ချင်၍မဟုတ်ဘဲ ထို ဟမ်းစတားအမများနှင့်ကလေးမွေးပြီး ကျင့်ကြံဆင့်ကို မနှောင့်နှေးစေချင်ရုံသာ။ ကလေးတစ်သိုက်နှင့် အသိဥာဏ်မဖွံ့ဖြိုးသည့် ဟမ်းစတားမလေးကို ပစ်ထားခဲ့ရာမှ တစ်ကောင်ပြီးတစ်ကောင် သေဆုံးသွားသည်ကို ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေရလိမ့်မည်။ သူ့စိတ်ထဲတွင် ယင်းက အလွန်ရက်စက်သည့်လုပ်ရပ်ဟု ထင်နေမိသည်။ 


ထို့ကြောင့် သူ့ပိုင်ရှင်က ဟမ်းစတားအမလေးတစ်ကောင်ခေါ်လာပေးပြီး လှောင်အိမ်ထဲထည့်ထားကာ သူနှင့်တစ်ချိန်လုံးအတူရှိနေခိုင်းလျှင်ပင် ဘာမှမထူးခြားခဲ့ပေ။ သူ့သခင်က သူ့ကို လိင်တူကြိုက်သည့်ဟမ်းစတားဟုပင် ထင်သွားခဲ့သည်။


ရှုရှုမှာ ယခင်ကအကြောင်းအရာများကိုပြန်တွေးရင်း အတိတ်ကို အနည်းငယ်စီ သတိပြန်ရလာခဲ့သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်မှ အစိတ်အပိုင်းတစ်ခုကို ထပ်ကြည့်မိပြန်သည်။ 


သူက ဤနေရာတွင်သောင်တင်နေပြီး သူ့ပုံစံက ကြွက်တစ်ဝက်လူတစ်ဝက်အဖြစ်သို့ ပြောင်းသွားခဲ့သည်။ ယခင်က သူပုံစံပြောင်းပြီးကတည်းက သူ၏မိတ်လိုက်ကာလ မရောက်လာသဖြင့် အလွန်စိုးရိမ်ပူပန်ခဲ့ရသည်။ သို့ရာတွင် ယခု ရုတ်တရက်ကြီး သူ၏မိတ်လိုက်ကာလက ရောက်လာခဲ့သည်။ ရှုရှုက သူ့ကိုယ်သူဖြေလျှော့ရန် နေရာတစ်နေရာကို ရှာချင်လာလေသည်။


သူက သူ၏လူပျိုရည်ကို ထိန်းသိမ်းချင်သော်ငြား သူ့ကိုယ်သူပွတ်သပ်ပြီး သာယာချင်သေးသည်။ 


ရှုရှုက ထိအကြောင်းတွေးမိလိုက်သည်နှင့် ဘာကြောင့်မှန်းမသိဘဲ ရှင်းပြရခက်စွာဖြင့် ရှက်ကိုးရှက်ကန်းခံစားလိုက်သွားရသည်။ သူ ခေါင်းမော့လိုက်သည့်အခါ မြွေကြီးကသူ့ကို မျက်တောင်မခတ်ဘဲကြည့်နေသည်ကို တွေ့လိုက်ရလေ၏။ ထိုသူ၏မျက်လုံးထဲမှ အမူအရာတို့က သူ့ကိုစားချင်နေကြောင်း ရှင်းရှင်းလင်းလင်းဖော်ပြနေလေသည်။


ရှုရှု၏တစ်ကိုယ်လုံးက တောင့်တင်းသွားခဲ့သည်။ သည်းခံရခက်လောက်အောင် မာနေခဲ့သောနေရာကလည်း ပျော့ခွေသွားလေ၏။ နှလုံးသားအောက်ခြေမှ ကြည်နူးပျော့ပျောင်းသောခံစားချက်က လျှပ်တပြက်အတွင်းမှာပင် ပျောက်သွားလေတော့၏။ ဤခဏတာအတွင်းမှာပင် သူက သီးသန့်နေရာတစ်ခုရှာပြီး သူ့ကိုယ်သူပွတ်သပ်ချင်နေသောအာသီသကို လုံးဝလျစ်လျူရှုလိုက်သည်။ သူက မြက်တစ်ဆုပ်စာကိုယူပြီး ၎င်းအထဲမှာပင် ခေါင်းကိုနှစ်ထားလိုက်ချင်တော့သည်။


လက်တွေ့တွင်လည်း တကယ်လုပ်ခဲ့သည်။


အိပ်ခန်းထဲရှိ မြက်တောထဲတွင် သူ့ကိုယ်သူမြှုပ်ထားလိုက်သည်။ ရှုရှုမှာ အတိုင်းထက်အလွန် အရှက်ရနေလေ၏။ နောက်ဆုံးတွင် သူက တပည့်ဖြစ်သူကိုကြောက်မိသွားပြန်သည်။ သူ လုံးဝသည်းမခံထားနိုင်ပေ။ 


အက်ဂါက ရှုရှုတစ်ယောက် တွင်းထဲဝင်သွားသည်ကိုမြင်လိုက်လေ၏။ မြွေကြီးမှာ ရေခဲရေနှင့်လောင်းချခံလိုက်ရသလို ပကတိအေးခဲသွားလေသည်။ အချို့သော မသင့်လျော်သည့်အတွေးတို့က အစာအိမ်ထိပ်အထိ ဆန်တက်လာပြီး ပြာအဖြစ်ပြောင်းသွားလေသည်။


သူက ကြွက်မျိုးနွယ်ဖြစ်သော အဆင့်နိမ့်သားရဲလူသားလေးကိုသဘောကျပေသည်။ သူက အဆင့်နိမ့်သားရဲလူသားလေး စကတ်ကိုမြှောက်ပြီး သူ၏ အဓိကနေရာလေးအားဖော်လိုက်သည်ကို တွေ့လိုက်ရချိန်တွင် သူ့စိတ်ထဲ၌ အပူစီးကြောင်းတစ်ခု ဖြတ်စီးသွားသည်ကိုသာ ခံစားလိုက်ရသည်။ မြွေ၏ခန္ဓာကိုယ်ကလည်း တုံ့ပြန်နေပြီး မည်သည့်အရာကိုမှ မစဥ်းစားနိုင်တော့ပေ။


သူက ချက်ချင်းပင် အဆင့်နိမ့်သားရဲလူသားလေးကို သူ့အောက်တွင် ဖိချချင်လာသည်။ ကံကောင်း၍ အဆင့်နိမ့်သားရဲလူသားလေး၏ ထိတ်ပျာသွားသောပုံစံက သူ့ကို သတိပြန်ဝင်လာစေခဲ့သည်။  


ထိုသို့ဖြစ်သွားသည့်တိုင် အက်ဂါ၏စိတ်ထဲတွင် အလားတူကိစ္စမျိုးထပ်ဖြစ်မည်ကို အပြင်းအထန်စိုးရိမ်နေမိသေး၏။ 


ဒီလိုမျိုး နောက်တစ်ခါထပ်ဖြစ်ခဲ့ရင် ရုတ်တရက်ကြီး ငါ့ကိုယ်ငါထိန်းချုပ်နိုင်ပါ့မလား…


သားရဲတိုင်းပြည်ထဲတွင် သားရဲလူသားများနှင့် အဆင့်နိမ့်သားရဲလူသားဟူ၍လူနှစ်မျိုးသာရှိလေသည်။ သားရဲလူသားများက သူတို့၏မိခင်တိုင်းပြည်ကိုကာကွယ်ရပြီး အဆင့်နိမ့်သားရဲလူသားများက အနာဂတ်မျိုးဆက်များကိုမွေးထုတ်ပေးရသည်။


သားရဲလူသားပင်ဖြစ်စေ၊ အဆင့်နိမ့်သားရဲလူသားပင်ဖြစ်စေ အားလုံးက ဥမှပေါက်ဖွားလာကြခြင်းဖြစ်သည်။ အဆင့်နိမ့်သားရဲလူသားတစ်ဦးမှ သားရဲဥတစ်လုံးကို ဝပ်ချပြီးသည့်အခါ အချိန်တစ်ခုရောက်သည်နှင့် အတွင်းမှကလေးလေးက အခွံကိုခွဲကာ ထွက်လာနိုင်သည်။


ထွက်လာသည့်အကောင်က တိရစ္ဆာန်ဖြစ်နေလျှင် ထိုသူမှာ သားရဲလူသားပင်ဖြစ်၏။ သားရဲလူသားတစ်ဦး မွေးဖွားလာချိန်တွင် သူ့အသွင်အပြင်က သားရဲတစ်ကောင်နှင့်တူ၏။ အချိန်တစ်ခုကြာသည်နှင့် သူက သားရဲလူသားအဖြစ်သာမက သားရဲအသွင်သဏ္ဌာန်ပါ ကူးပြောင်းနိုင်သွားသည်။သားရဲလူသားများက အရပ်ရှည်ကာ သန်မာပြီး သူရသတ္တိနှင့်ပြည့်စုံကြသည်။ သူတို့တွင်မွေးရာပါစွမ်းရည်များလည်းရှိကြ၏။ တိုက်ခိုက်ရေးကျွမ်းကျင်ပြီး စစ်ဗျူဟာတို့တွင်လည်း တတ်သိကျွမ်းကျင်ကြသည်။ ကြယ်တာရာအာကာသတွင် သားရဲအင်ပါယာက လက်ရှိအနေအထားဖြင့် ရပ်တည်နေနိုင်ခြင်းမှာ သားရဲလူသားများ တိုက်ပွဲဝင်ခဲ့၍ဟု ဆိုနိုင်သည်။

 

၎င်းကြောင့် ယခုခေတ်၌ သားရဲတိုင်းပြည်တွင် သားရဲများကတိုက်ခိုက်ပေးရသည့်အတွက် ဂုဏ်ထူးဆောင်ဘွဲ့များကို တတ်နိုင်သမျှချီးမြှင့်ပေးရသည်။


အကယ်၍ ဥမှထွက်လာသည်က လူသားကလေးငယ်ဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများက သားရဲနားရွက် သို့မဟုတ် အမြီးကဲ့သို့သော သားရဲသွင်ပြင်အချို့နှင့်အတူ ပေါက်ဖွားလာပါက အဆင့်နိမ့်သားရဲလူသားဟု သတ်မှတ်နိုင်သည်။


အဆင့်နိမ့်သားရဲလူသားတစ်ယောက်က သားရဲလူသားတစ်ယောက်နှင့် ယှဥ်၍မရပေ။ ရှေးခေတ်တွင် အဆင့်နိမ့်သားရဲလူသားများ၏ လမစေ့ဘဲပေါက်ဖွားမှုနှုန်းက အလွန်တရာမှမြင့်မားသည်ဟု ဆိုနိုင်သည်။ ယခုမူ သိပ္ပံနှင့် နည်းပညာအချက်အလက်များကြောင့် ပိုမိုကောင်းမွန်လာပြီဖြစ်လေသည်။ သို့ရာတွင် အရေအတွက်က သားရဲလူသားများထက် နည်းနေဆဲပင်။ အဆင့်နိမ့်သားရဲလူသားများက သားရဲလူသားများထက် သေးငယ်ကြပြီး အားနည်းကြသည်။ သို့သော်လည်း သားရဲလူသားများက မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းရှိကြသည်။ သူတို့က အဆင့်နိမ့်သားရဲလူသားများကို မစောင့်ရှောက်ရလျှင် မနေနိုင်ကြပေ။ ထို့ကြောင့်ပင် လက်တွေ့ကျကျပြောရပါက အဆင့်နိမ့်သားရဲလူသားမှာ ဘယ်သောအခါမှ အနိုင်ကျင့်ခံရခြင်းမရှိပေ။


ယခုခေတ် အဆင့်နိမ့်သားရဲလူသားများက ရှေးခေတ်က ရွေးချယ်စရာမရှိခဲ့ကြသော အဆင့်နိမ့်သားရဲလူသားများနှင့် မတူတော့သော်လည်း အသက်ရှင်ရန်အတွက် သားရဲလူသားများအပေါ် မှီခိုနေရဆဲဖြစ်သည်။ ယခုခေတ်တွင် ဘဝ၌ အောင်မြင်မှုရနေကြသော အဆင့်နိမ့်သားရဲလူသား အများအပြားရှိလေသည်။ သိပ္ပံရေးရာလေ့လာရသောအပိုင်းများတွင် သူတို့၏အရည်အချင်းက သားရဲလူသားများထက်ပင် ကျော်လွန်လေသည်။ ထို့အပြင် သားရဲလူသားများက ခွန်အားကြီးပြီး ဦးနှောက်မရှိကြပေ။


သားရဲလူသားများနှင့် အဆင့်နိမ့်သားရဲလူသားများက ယှဥ်တွဲနေထိုင်ကြပြီး အချင်းချင်း အလွန်တရာမှလိုက်လျောညီထွေရှိကြသည်။ သို့သော်လည်း မတော်တဆမှုဆိုသည်မှာ အမြဲဖြစ်လာတတ်လေ၏။ အစမှပြောရလျှင် သားရဲလူသားတိုင်းက ခန္ဓာကိုယ်ထဲတွင် သားရဲအမြုတေနှင့် သားရဲပုတီးစေ့ဟူ၍ ကွဲပြားသောအရာနှစ်ခုဖြင့်မွေးဖွားလာခဲ့ကြသည်။


သားရဲပုတီးစေ့ကို သားရဲလူသားတစ်ယောက်နှင့် အဆင့်နိမ့်သားရဲလူသားတစ်ယောက်အကြား စေ့စပ်ရာတွင် အသုံးပြုလေသည်။ သားရဲအမြုတေကမူ သားရဲလူသားများ၏စွမ်းအားအရင်းအမြစ်ဖြစ်သည်။ သားရဲလူသားတစ်ယောက်တွင် သားရဲအမြုတေမရှိပါက သားရဲလူသားတစ်ယောက်မဖြစ်နိုင်တော့ဘဲ သားရဲတစ်ကောင်သာ ဖြစ်နိုင်တော့သည်။ ထိုအချိန်တွင် စိတ်ဆန္ဒပြင်းပြမှုမရှိသောသားရဲလူသားမှာ သားရဲတစ်ကောင်၏ဗီဇကိုထိန်းချုပ်ထားနိုင်မည်မဟုတ်ပေ။ ဆန္ဒပြင်းပြသည့် သားရဲလူသားကမူ သူကလူသားဖြစ်ကြောင်းကို မှတ်မိနိုင်သေးသည်။ သို့သော်လည်း သားရဲတစ်ကောင်မဟုတ်သည့်တိုင် သားပေါက်ရာသီတွင် အချို့သောတိရစ္ဆာန်ဗီဇများ၏လွှမ်းမိုးမှုကို ခံရလေသည်။ 


အကြောင်းမှာ ရှေးခေတ်ကတည်းက ယခုအချိန်အထိ သားရဲအမြုတေမရှိသော ကျရှုံးသားရဲများက သားရဲလူသားများနှင့်အဆင့်နိမ့်သားရဲလူသားများထံမှ ငြင်းပယ်ခံရလေသည်။ အဘယ်ကြောင့်ဆိုသော် ကျရှုံးသားရဲလူသားအများစုက အဆင့်နိမ့်သားရဲလူသားငယ်များကို အကြမ်းဖက်တတ်သည့် အချက်ကြောင့်ဖြစ်လေ၏။


လွန်ခဲ့သောနှစ်ငါးဆယ်ကျော်က သားရဲတိုင်းပြည်ထဲတွင် အဓိကရုဏ်းတစ်ခုပေါ်ပေါက်ခဲ့ဖူးသည်။ ထိုအချိန်က စွမ်းအားကြီးသောသားရဲလူသားတစ်ဦးက သူ၏အဆင့်နိမ့်သားရဲလူသားငယ်လေးကို ကာကွယ်ရန်အတွက် သူ့သားရဲအမြုတေကို ဖျက်ဆီးလိုက်ရသည်။ သူ၏အဆင့်နိမ့်သားရဲလူသားလေးက သူ့ကို မငြင်းပယ်လိုဘဲ အိမ်ထဲတွင်ဝှက်ထားပေးခဲ့သည်။ အစပိုင်းတွင် အမျိုးသားနှစ်ယောက်၏ဘဝက အလွန်တည်ငြိမ်နေခဲ့သည်။ သို့ရာတွင် ငါးနှစ်ကြာပြီးသည့်အခါ သားရဲလူသား၏ကိုယ်အတွင်းပိုင်းထဲမှ သားရဲဗီဇမှာ တဖြည်းဖြည်း ပေါ်လာခဲ့သည်။ သားပေါက်ရာသီကိုရောက်သည့်အခါ သူ့ကိုယ်သူဆက်ပြီး မထိန်းချုပ်ထားနိုင်တော့ဘဲ သူ၏အဆင့်နိမ့်သားရဲလူသားလေးကို အကြမ်းဖက်မိလေတော့သည်။


အဆင့်နိမ့်သားရဲလူသားလေး၏ခန္ဓာကိုယ်က သားရဲတစ်ကောင်၏ သည်းကြီးမည်းကြီးတိုက်ခိုက်မှုကို မတောင့်ခံထားနိုင်ပေ။ အဆင့်နိမ့်သားရဲလူသားလေးမှာ ဟိုပြေးသည်ပြေးနှင့် အသက်ဆုံးလုနီးပါးဖြစ်ခဲ့ရသည်။ သားရဲလူသား စိတ်ငြိမ်သွားသည့်အခါ သူ၏အဆင့်နိမ့်သားရဲလူသားလေးကို အကြမ်းဖက်မိသည်ကိုသိသွားပြီး အလွန်တရာမှ စိတ်ထိခိုက်သွားခဲ့ရသည်။ နောက်ဆုံး၌ ထိုသားရဲလူသားသည်လည်း ကျရှုံးသားရဲတစ်ကောင်ဖြစ်သွားခဲ့သည်။ အဆင့်နိမ့်သားရဲလူသားလေးကို ဆေးရုံပို့လိုက်ပြီးနောက် သူက မိမိကိုယ်ကိုအဆုံးစီရင်ရန် ရွေးချယ်သွားခဲ့သည်။


၎င်းက ကောင်းမွန်သည့်ရွေးချယ်မှုဟု ပြောရပေမည်။ ကျရှုံးသားရဲဖြစ်သွားသော အချို့ သားရဲလူသားများက သားရဲလူသားများနှင့်အဆင့်နိမ့်သားရဲလူသားများကို မုန်းတီးသွားကြပြီး စတင်ကာ လူသတ်ရန် ကြိုးပမ်းကြသည်။ ထို့ကြောင့် ယခုခေတ်တွင် ကျရှုံးသားရဲများကို သီးခြားဂြိုဟ်တစ်ခုသို့ပို့လိုက်ကြပြီး ထိုနေရာတွင်ပင် နေထိုင်ခိုင်းကြသည်။


သားရဲလူသားများမှာ တစ်ချိန်က သူတို့နှင့်အတူတူပင်ဖြစ်ခဲ့ကြသော ထိုသားရဲများကို လက်ဦးမှုရယူပြီးသတ်ဖြတ်ခြင်းမရှိသလို သူတို့အရှေ့တွင်လည်း ပေါ်လာခွင့်မပေးပေ။ အဆင့်နိမ့်သားရဲလူသားများကမူ ထိုသားရဲများကို ပိုမိုမုန်းတီးတတ်ကြလေသည်။


ယခင်က အက်ဂါမှာ သူ၏မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းက အံ့ဩစရာကောင်းသည်ဟုထင်ခဲ့ပြီး သူ၏ဗီဇကိုလည်းထိန်းချုပ်နိုင်လိမ့်မည်ဟုထင်ခဲ့သည်။ သို့ရာတွင် ယခုမူ မသေချာတော့ပေ။ အဆင့်နိမ့်သားရဲလူသားလေး၏ ရမ္မက်ကြွဖွယ်ပုံစံလေးက ထိုပေါက်စလေးထံသို့ ပြေးသွားမိမတတ်ပင် မထိန်းချုပ်နိုင်ဖြစ်စေခဲ့သည်။ အကယ်၍များ သူသာအဆင့်နိမ့်သားရဲလူသားလေးကို ထိခိုက်အောင်လုပ်မိလျှင် ... လက်ရှိတွင် သူ့ခန္ဓာကိုယ်က မြွေတစ်ကောင်ဖြစ်နေပြီး အလွန့်အလွန်ကြီးမားလေသည်။ သူ အဆင့်နိမ့်သားရဲလူသားလေးကို တစ်ကြိမ်ပတ်လိုက်ရုံဖြင့် အဆင့်နိမ့်သားရဲလူသားလေး အသက်ထွက်သွားလိမ့်မည်။


ယခင်က အဆင့်နိမ့်သားရဲလူသားလေးကို နောက်နှစ်နွေဦးအထိအဖော်လုပ်ပေးရန် အက်ဂါ တွေးထားသော်လည်း ယခုမူ မနေရဲတော့ပေ။ စိတ်ထဲမှသက်ပြင်းချရင်း အက်ဂါမှာ ဂူအဝမှ တွန့်လိမ်ရင်းထွက်သွားလေတော့သည်။


ရှုရှု စိတ်အခြေအနေပြန်ကောင်းလာသဖြင့် အိပ်ခန်းထဲမှထွက်လာစဥ် မြွေကြီးက သူ့အတွက် အမဲကောင်တစ်ကောင်ရှာပေးလာသည်ကို တွေ့လိုက်ရလေ၏။ မြွေကြီးက ပြာဖုံးနေသောကျားသားရေကိုပင် သန့်ရှင်းပြီးအိမ်သို့ပြန်ယူလာခဲ့သည်။ ယခု ကျားသားရေက ဂူအဝတွင် ရောက်နေလေပြီ။


"မြွေကြီး မင်းက အရမ်းတော်တာပဲ.." 


ရှုရှုက မြွေကြီးကို လေးစားမှုအပြည့်ဖြင့် ပြောလိုက်လေ၏။ သို့သော်လည်း အက်ဂါမှာ မကြားလိုက်ပေ။ သူက ရှုရှုကိုမကြည့်ရဲတော့ဘဲ ထောင့်မှအသိုက်ထဲသို့ မရွှင်မပျဖြင့် ဝင်သွားလေတော့သည်။



🐹🐹🐹