Chapter 23
Viewers 3k

🐹 Chapter 23

မျက်နှာသာရဖို့ အတူကြိုးစားကြမယ်



မြင့်မြတ်ပြီး အဖိုးတန်သောအဆင့်နိမ့်သားရဲလူသားလေးမှာ မှောင်မည်းနေသောရွှံ့ဂူထဲ၌ နေခဲ့ရသည်။ သူ့ခမျာ တိရစ္ဆာန်၏အရေများနှင့် မြက်ခြောက်များဖြင့်သာ သူ့ကိုယ်သူနွေးထွေးအောင်လုပ်ခဲ့ရသည်။ ချက်ပြုတ်ရန်အတွက်လည်း ကျောက်တုံးပန်းကန်လုံးကိုသာ သုံးခဲ့ရသည်။ ဂူထဲသို့ တွန့်ဆုတ်စွာဖြင့် ဝင်လာကြစဥ် ဂျေရပ်စ်နှင့်ကျန်လူများမှာ အသုံးအဆောင်များကြောင့် စိတ်ရှုပ်ထွေးသွားကြလေသည်။ သူတို့ တောထဲတွင်အမဲလိုက်ပြီး စခန်းချခဲ့ကြသော်လည်း ဤမျှအခြေအနေမဆိုးပေ။ နေရာလွတ်ခလုတ်လေးမှ စခန်းချရာတွင် လိုအပ်သောပစ္စည်းများကို အမြဲထုတ်ပေးတတ်လေသည်။


ထိုလူများက စိတ်သောကရောက်နေကြပုံရသော်လည်း ရှုရှုကမူ သူ့ဂူနှင့်ပတ်သက်၍ မှားနေသလိုမခံစားမိပေ။ သူကယခုမှစပြီး လူသားတစ်ယောက်ဖြစ်လာသောကြောင့် ဂူထဲမှပစ္စည်းများကို သပ်သပ်ရပ်ရပ်ထားပြီး မြွေကြီးကလည်း သူ့ပစ္စည်းများကို ထပ်တိုးလာအောင်လုပ်ပေးရာတွင်ကူညီပေးလေသည်။ သူ့အခြေအနေက တောထဲ၌ ဟမ်းစတားတစ်ကောင်အဖြစ်နေခဲ့ရစဥ်ကထက် ပိုကောင်းနေလေသည်။ နှိုင်းယှဥ်ပြောရလျှင် တစ်ခုတည်းသောလစ်လပ်နေသည့်အရာက တီဗွီပင်ဖြစ်လိမ့်မည်။


သူက တီဗွီကြည့်ရခြင်းကို နှစ်သက်လေသည်။ သူ့ပိုင်ရှင်က တီဗွီကြည့်ချိန်တိုင်း သူသည်လည်း မျက်တောင်ပင်မခတ်ဘဲ အာရုံစိုက်ပြီးကြည့်လေ့ရှိသည်။


ဂူထဲဝင်လာရင်း ရှုရှုက မီးပုံရှိရာသို့ တန်းသွားလိုက်ပြီး မီးပိုများအောင် ထင်းအများအပြားကို ထပ်ထည့်လိုက်သည်။ သို့ရာတွင် မီးဖိုထားလျှင်ပင် ဂူကမူ မည်းမှောင်နေဆဲရှိသေးသည်။ ညအမှောင်ကို ပိုနှစ်သက်ကြသောရှုရှုနှင့်အက်ဂါတွင် အလွန်ကောင်းသော ညဘက်အမြင်အာရုံရှိပြီး အမှောင်နှင့်လိုက်လျောညီထွေဖြစ်ကြသည်။ ထိုသားရဲလူသားများကမူ ၎င်းနှင့်အသားမကျသေးပေ။ ယခုလိုအေးစက်သောနေ့မျိုးတွင် အနွေးဓာတ်ရအောင် မီးဖိုနေသူတစ်ယောက်ရှိနေသေး၍ ထိုလူများ ကအံ့ဩနေကြလေသည်။ အဆင့်နိမ့်သားရဲလေးက အမှန်တကယ်ပင် သနားစရာကောင်းနေလေ၏။


ဤအဖွဲ့ထဲတွင် စုစုပေါင်း လူခြောက်ယောက်ရှိလေသည်။ အားလုံးက အရပ်ရှည်ကြလေ၏။ ရှုရှု၏ဂူထဲသို့ဝင်လာချိန်တွင် သူတို့က အထဲသို့ တွားသွား၍ဝင်ခဲ့ကြရပြီး ကျပ်ညပ်သွားလေတော့သည်။ လူနှစ်ယောက်က ဂူအဝင်ဝတွင်ထိုင်လိုက်ကြ၍ ဂူအတွင်းဘက်ကို ပို၍ပင်မှောင်သွားစေခဲ့သည်။ ၎င်းကိုတွေ့ရသည့်အခါ ဂျေရပ်စ်က ဓာတ်မီးအသေးလေးကိုအမြန်ထုတ်လိုက်သည်။ မီးအလင်းရောင်က မကြီးလှသော်လည်း ဖွင့်လိုက်ချိန်တွင် နူးညံ့သောအလင်းရောင်က ဂူတစ်ခုလုံးကို ဖြန့်ကျက်သွားလေသည်။


ရှုရှုက ဓာတ်မီးကိုတွေ့သည့်အခါ အံ့အားသင့်သွားလေသည်။ သူ့မျက်လုံးတို့က စပ်စုလိုစိတ်တို့ဖြင့် ပြည့်နှက်နေလေ၏။ 


ဒီမိစ္ဆာတွေရဲ့လက်ထဲမှာ နည်းပညာမြင့်ပစ္စည်းအသေးစား အများကြီးရှိနေတာလား… ဒီအတိုင်းဆိုရင် နောက်ပိုင်းမှာ ငါလည်း ဒီလိုပစ္စည်းအသေးစားမျိုးတွေ ပြန်ယူလာနိုင်မှာလား…


သူက ထိုလူလက်ထဲမှ နည်းပညာမြင့်ပစ္စည်းလေးကို သဘောကျနေဆဲပင်။ ဤသို့ဖြင့် ရှုရှုက ထိုမိစ္ဆာများကို ဟင်းချက်ကျွေးရန်ပြင်သည်။ သူက သူကိုယ်တိုင်တူးထားသောအခန်းငယ်လေးထဲသို့ဝင်သွားပြီး သိုလှောင်ထားသောစားစရာများကို နည်းနည်းချင်းစီထုတ်လာလေသည်။ ထို့နောက် ကျောက်သားအိုးကိုဆွဲယူပြီး ဟင်းချက်ရန်ပြင်ဆင်လေသည်။ ရှုရှုလုပ်နေသည်ကိုကြည့်ပြီး ဂျေရပ်စ်နှင့် အခြားသူများက အဆင့်နိမ့်သားရဲလူသားလေးမှာ သူတို့ကို ဟင်းချက်ကျွေးရန်ကြိုးစားနေခြင်းဖြစ်ကြောင်း နားလည်လိုက်ပြီး ချက်ချင်းဝိုင်းကူပေးကြလေသည်။


သားရဲလူသားများက အစားကြီးကြသည်။ သူတို့အတွက် အစားအသောက်ပြင်ဆင်ပေးရခြင်းက အဆင့်နိမ့်သားရဲလူသားလေးများကို ပင်ပန်းစေလေသည်။ ထို့ကြောင့် ရှေးခေတ်က သားရဲလူသားများမှာ သူတို့စားမည့်အစားအသောက်ကို ကိုယ်တိုင်ပြင်ဆင်ကြရသည်။ ယခုခေတ်တွင် အဆင့်နိမ့်သားရဲလူသားလေးများက သားရဲလူသားများစားရန်အတွက် အသားကိုချက်ပြုတ်ရာတွင် လျှပ်စစ်အိုးကို သုံးကြသည်။ ယင်းအပြင် ထပ်မလိုတော့ပေ။ ဤအဆင့်နိမ့်သားရဲလူသားလေးက သူတို့စားရန်အတွက် သူကိုယ်တိုင် အစားအသောက်ကိုပြင်ဆင်ပေးရမည်ဟု တွေးနေလေသည်။ ယခုလိုအိုးသေးသေးလေးဖြင့် လူခြောက်ယောက်စာအတွက် ချက်ပြုတ်ပေးနေလျှင် တစ်နေကုန်သွားလိမ့်မည်။ ထို့အပြင် စိတ်ပင်ပန်းပြီး အားကုန်ရလိမ့်မည်။


ဂျေကာမှာ အဆင့်နိမ့်သားရဲလူသားလေးကိုယ်တိုင်ပြင်ပေးသော အစားအသောက်ကို စားရမည့်အခွင့်အရေးရလာ၍ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ ထို့အပြင် ဂျေရပ်စ်က ချက်ချင်းမတ်တတ်ထရပ်လိုက်သည်။

"ငါ ကူညီပေးမယ်.."


ထို့နောက် သူ၏နေရာလွတ်ခလုတ်ထဲမှ ခရင်းအများအပြားကိုထုတ်လိုက်ပြီး အမဲလိုက်ရာမှရလာသော အသားခြောက်ကီလိုထက်မနည်းကို ထုတ်ယူလိုက်သည်။ သူကအသားကို ခက်ရင်းဖြင့်စိုက်ပြီး စတင်ကင်လေသည်။ သူက ဆိုင်များတွင်သုံးတတ်သောရေနွေးအိုးလေးကိုပင်ထုတ်ပြီး စွမ်းအင်ကျောက်တုံးဖြင့် ရေနွေးကျိုလိုက်သည်။ ၎င်းက ရေနွေးကျိုရာတွင် တကယ်ပင်အဆင်ပြေလေ၏။


ရှုရှုက ၎င်းကိုမြင်ပြီး အဆက်မပြတ် သက်ပြင်းချနေသညိ။ သို့သော် ဂျေကာနှင့် အခြားသူများက အလွန်စိတ်ဓာတ်ကျနေလေ၏။ ခေါင်းဆောင်က ခေါင်းဆောင်က ခေါင်းဆောင် ဖြစ်ထိုက်ပါပေသည်။ သူက သူတို့ထက်ပိုသာလေသည်။ သူတို့က ထိုနေရာတွင်ဆက်နေပြီး အဆင့်နိမ့်သားရဲလူသားလေးချက်ပြုတ်နေသည်ကို စားရန်ထိုင်စောင့်နေခဲ့ကြသည်။ ထိုအချိန်တွင် ခေါင်းဆောင်က အဆင့်နိမ့်သားရဲလူသားလေးကို ကူညီပေးရန်မှာ အရေးကြီးသည်ဟု ယူဆထားခဲ့သည်။ 


သူတို့က အနည်းငယ်နှေးနေကြသော်လည်း မကြာမီမှာပင် ဂျေရပ်စ်လုပ်သလို လိုက်လုပ်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့ပစ္စည်းများကိုထုတ်လိုက်ကြပြီး အစားအသောက်ပြင်ဆင်ရာတွင်ကူညီပေးရန် စလုပ်ကြလေသည်။


ထိုအချိန်တွင် ဂျေရပ်စ်က အရှေ့ကိုခြေတစ်လှမ်းကြိုရောက်နေပြီး အက်ဂါပြန်ယူလာသောရစ်ငှက်ကို ရှုရှုကိုင်တွယ်နေရာတွင် ကူညီပေးနေလေသည်။


သားရဲလူသားများတွင် အဆင့်နိမ့်သားရဲလူသားလေးများကို ကာကွယ်ပေးလိုသော မွေးရာပါဆန္ဒရှိကြသည်။ သူတို့အရှေ့မှအဆင့်နိမ့်သားရဲလူသားလေးက လူအိုကြီးတစ်ယောက်ဖြစ်နေလျှင်ပင် သူတို့ကကူညီကြဦးမည်ပင်။ ထို့အပြင် သူတို့အရှေ့မှ အဆင့်နိမ့်သားရဲလူသားလေးက လူအိုကြီးမဟုတ်သည့်အပြင် ကြည့်ကောင်းလှသော ကောင်လေးတစ်ယောက်ဖြစ်နေလေသည်။ 


ဒီကောင်လေးက တစ်ကိုယ်တည်းသမား အဆင့်နိမ့်သားရဲလူသားလေးလည်းဖြစ်နေတယ်လေ...အားးးး


အဆင့်နိမ့်သားရဲလူသားလေးက သူတို့ထဲမှတစ်ယောက်ကိုသဘောကျသည်ဆိုလျှင် နောက်ထပ်နှစ်နှစ်ခန့်စောင့်လိုက်သည်နှင့် ထိုကောင်လေးအရွယ်ရောက်ပြီဖြစ်ရာ လက်ထပ်နိုင်လိမ့်မည်။ 


ရှေးခေတ်ကာလနှင့် နှိုင်းယှဉ်ရလျှင် ယခုအခါတွင် အရွယ်မတိုင်မီ သေဆုံးမှုနှုန်းက များစွာလျော့ကျသွားသဖြင့် နောက်ထပ်အဆင့်နိမ့်သားရဲလူသားလေးများစွာ ရှိနေပြီဖြစ်သည်။


သို့ရာတွင် အဆင့်နိမ့်သားရဲလူသားအရေအတွက်မှာ သားရဲလူသားများနှင့်ယှဥ်လျှင် နှစ်ဆယ်ရာခိုင်နှုန်းသာရှိလေ၏။ ထို့အပြင် ဤဂြိုဟ်ပေါ်တွင် အဆင့်နိမ့်သားရဲလူသားလေးများကို ပို၌ပင်တွေ့ရနည်းလေသည်။ သူတို့ အိမ်ထောင်ပြုချင်သည်မှာ တစ်ပိုင်းသေနေပြီကို ဘုရားသာသိ၏။ အဆင့်နိမ့်သားရဲလူသားလေးက သူတို့အတွက် သားရဲအမြုတေပြီးလျှင် အဖိုးအတန်ဆုံးသော သားရဲပုတီးစေ့ကိုကိုင်ကာ သူတို့အိမ်ထဲဝင်လာခြင်းအား ကြည့်ရန်မစောင့်နိုင်ကြတော့ပေ။ ထိုအခါမှသာ သားရဲလူသားနှင့် အဆင့်နိမ့်သားရဲလူသားလေးကြားတွင် စေ့စပ်ခြင်းက အကျုံးဝင်ပေလိမ့်မည်။


"ငါ့ရဲ့အသားကင်နည်းက အကောင်းဆုံးပဲ..."


"မင်းကဒီတိုင်းထိုင်နေ ငါပဲလုပ်လိုက်ပါ့မယ်၊ ငါအသီးအရွက်တွေအများကြီးယူလာတယ်၊ ပြီးတော့ အဆင့်နိမ့်သားရဲလေးစားဖို့ စွပ်ပြုတ်တစ်ခွက်လောက်ချက်ပေးမယ်..."


"ငါ့မှာ ဆော့စ်နဲ့အိုးပါလာတယ်၊ ဟော့ပေါ့လုပ်လို့ရတယ်..."


......


ထိုလူများက သူတိုးကိုယ်တိုးဖြစ်နေလေသည်။ နဂိုကတည်းက မကြီးလှသောဂူလေးက ချက်ချင်း ကျပ်ညပ်သွားလေသည်။ ရှုရှုက မီးပုံကို ဖြည်းဖြည်းလေးတွန်းပြီးရွှေ့လိုက်ရသည်။


ရုတ်တရက် လုပ်စရာမရှိတော့ပေ။ ရှုရှုမှာ မြွေကြီးဘေးသို့ တွန်းထိုးပြီးဝင်လိုက်ရသည်။


"မြွေကြီး ဒီကမ္ဘာပေါ်မှာ ဒီလောက်များတဲ့မိစ္ဆာတွေရှိမယ်လို့ ငါ မထင်ထားခဲ့ဘူး..."


ဂူထဲတွင် လူအများအပြားရှိနေပြီး အားလုံးက မိစ္ဆာများများသာဖြစ်နေလေသည်။ ရှုရှုမှာ မြွေကြီးကိုမကြောက်တော့ဘဲ ပိုပြီးပင် ကပ်လာသေးသည်။


"သူတို့က ပစ္စည်းတွေထုတ်လိုက်ကြတယ်၊ အပြင်ဘက်ကမ္ဘာကြီးက တကယ်လှမှာပဲဆိုတာသေချာတယ်၊ ငါတကယ် အပြင်ထွက်ပြီးလျှောက်ကြည့်ချင်တယ်..."


အဆင့်နိမ့်သားရဲလူသားလေးက အက်ဂါဘေးကိုမှီချလာလေသည်။ အက်ဂါမှာ သူ့ကို ထိချင်စိတ် အလွန်အမင်းဖြစ်နေသော်လည်း နောက်ဆုံး၌လက်လျှော့လိုက်လေသည်။ သူက တိတ်ဆိတ်နေကာ အဆင့်နိမ့်သားရဲလူသားလေးပြောနေသောစကားကို နားထောင်နေလိုက်လေ၏။


"အပြင်ဘက်လောကက တကယ်ကောင်းတယ်ဆိုရင် ငါတို့ပြန်မလာတော့ဘူး.."


ရှုရှုက တိုးတိုးလေးပြောလာလေသည်။ သူက စကားပြောနေရင်း လေထုထဲမှာ အစားအစာနံ့တို့ကြောင့် တိတ်တဆိတ် တံတွေးမြိုချနေရ၏။


ဟင်းအနံ့လေးကမွှေးလိုက်တာ… ငါ တောထဲကထွက်ပြီး အပြင်ရောက်ရင် ဆက်တိုက်စားလို့ရပြီမလား…

ထိုအတွေးနှင့်ပင် ရှုရှုမှာ အူမြူးနေလေသည်။


အဆင့်နိမ့်သားရဲလူသားလေးပြောသောစကားကိုနားထောင်ပြီး အက်ဂါမှာ လုံးဝမပျော်တော့ပေ။ အဆင့်နိမ့်သားရဲလူသားလေးက လူ့အသိုင်းအဝိုင်းကိုပြန်သွားနိုင်ပြီး လူ့အသိုင်းအဝိုင်းထဲသို့ ပြန်သွားရပေမည်။ သူကမူ ပြန်သွား၍မရတော့ပေ။


"ငှက်ကင်က အဆင်သင့်ဖြစ်နေပြီ…ငါကင်ထားတာကိုလာမြည်းကြည့်ပါလား..."


ဂျေရပ်စ်က ရှုရှုအတွက်ချက်ပြုတ်ပေးသောပထမဆုံးလူဖြစ်သလို ဟင်းနှစ်ခွက်ကိုချက်ပြုတ်ပြီးစီး၍ ရှုရှုအရှေ့သို့ယူလာပေးနိုင်သော ပထမဆုံးလူလည်းဖြစ်လေသည်။ အဆင့်နိမ့်သားရဲလေး မစားမည့်အရေးမှကာကွယ်နိုင်ရန် ဂျေရပ်စ်က ကျရှုံးသားရဲဖမ်းမိလာသောငှက်ကို ကင်ထားသည်။


ငှက်ကင်အနံ့က အတိုင်းထက်အလွန်မွှေးပျံ့နေပြီး ရှုရှုမှာ တံတွေးမြိုချမိလိုက်သည်။ သူက ဂျေရပ်စ်၏စကားကိုနားမလည်သော်လည်း ထိုစကားလုံး၏အဓိပ္ပါယ်ကိုမူ အဖြေရှာနိုင်လေ၏။ သူက ချက်ချင်းပင် "ကျေးဇူးတင်ပါတယ်" ဟုပြန်ပြောလိုက်သည်။ ရှုရှုက ငှက်ကင်ကို ပိုမိုနှစ်သက်ပြီး ခြေထောက်တစ်ချောင်းကို ဖဲ့စားလိုက်သည်။ ထို့နောက် သူစားနေကျအတိုင်း ကျန်သည့်ငှက်ကင်ကို ပန်းကန်ထဲသို့ထည့်ကာ အက်ဂါအရှေ့သို့ချပေးလိုက်သည်။ အက်ဂါက အသံမပေးဘဲ ငှက်ကင်ကို တစ်လုတ်တည်းဖြင့်မြိုချပစ်လိုက်သည်။ ခေါင်းမော့လိုက်သည့်အခါ အဆင့်နိမ့်သားရဲလူသားလေးအနား၌ဝိုင်းနေကြသော အခြားသူများက အဆင့်နိမ့်သားရဲလူသားလေးကို စားစရာများ ဆက်တိုက်ပေးနေကြသည်ကို တွေ့လိုက်ရသည်။ အရသာရှိလှသော တောင်ပေါ်မှိုစွပ်ပြုတ်၊ အရသာရှိသောအသားကင်၊ ရနံ့မွှေးပြီး ပူစပ်ကာ စားချင်စဖွယ်ဟော့ပေါ့၊ အဆင့်နိမ့်သားရဲလေးအရှေ့တွင် ဟင်းခွက်များက ပြန့်ကျဲနေလေသည်။


အက်ဂါမှာ အဆင့်နိမ့်သားရဲလူသားလေးအတွက် တစ်ခုခုလုပ်ပေးနိုင်ဖို့ရာ မျှော်လင့်မိသွားသည်။ ကံဆိုးစွာဖြင့် သူဘာကိုမှမလုပ်နိုင်ခဲ့ပေ။ အက်ဂါက သူ့အရှေ့ရှိသစ်သားပန်းကန်ထဲမှ အသားကင်များကိုကြည့်နေရင်း ရုတ်တရက်သဘောပေါက်သွားလေသည်။


"ချစ်တပည့်လေးရေ များများစား..."


ရှုရှုက ထပ်စားနိုင်တော့မည်မဟုတ်ပေ။ သူက ပေးလာသမျှကိုမငြင်းတတ်၍ နည်းနည်းချင်းစီမြည်းကြည့်ပြီး ကျန်သည့်ဟင်းများကို တပည့်လေးထံပေးပစ်လိုက်သည်။


အက်ဂါ မျက်လုံးဝေ့ကြည့်လိုက်သည့်အခါ အဆင့်နိမ့်သားရဲလူသားလေးကို စားစရာပေးထားသောသားရဲမျိုးနွယ်များက သူ့ကိုစိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်နေကြသည်ကိုတွေ့လိုက်ရလေ၏။ ရုတ်တရက်ပင် သူ့စိတ်အခြေအနေကပြန်ကောင်းသွားလေသည်။ သူက အစာအိမ်ပေါက်ထွက်သွားတော့မည်အထိ အားလုံးကို စားပစ်လိုက်သည်။


ရှုရှု၏အစာအိမ်လည်း ပေါက်ထွက်တော့မည်ဖြစ်သည်။ သူ့ဗိုက်လေးကိုပုတ်ရင်း သူ့မျက်စိရှေ့မှ ဤမိစ္ဆာများက အလွန်ခင်မင်တတ်သည်ဟု တွေးနေမိလေသည်။


အားလုံးက လူကောင်းတွေပဲ…

ရှုရှု၏မျက်လုံးတို့က ပျော်ရွှင်မှုတို့ဖြင့် မှေးသွားလေ၏။


အားလုံးက စားသောက်ခဲ့ကြပြီး မိုးချုပ်နေလေပြီ။ ရှုရှုက သူတို့ကို ထွက်သွားရန်မပြောလိုက်ပေ။ သူက ထိုမိစ္ဆာများများကို သူ၏ဂူထဲတွင် တစ်ညတာတည်းခိုရန်အမူအရာပြလိုက်သည်။


ဂျေရပ်စ်နှင့်ကျန်သူများကလည်း အနည်းငယ်ပင် မတွေဝေဘဲ လက်ခံလိုက်ကြလေ၏။


ရှုရှုက ထလိုက်ပြီး သူနေသောဂူထဲသို့ဝင်သွားလေသည်။ ဧည့်ခန်းက လူအများကြီးအိပ်စက်ရန်မဆံ့သလိုထင်ရလေ၏။ သူက သူနှစ်သက်သောခြင်္သေ့မိစ္ဆာကိုလက်ယပ်ခေါ်လိုက်ပြီး သူ့ဘေးမှအခန်းကိုပုတ်ပြကာ သူနှင့်အတူအိပ်ရန်ခွင့်ပြုပေးလိုက်သည်။


"အခန်းက လူအရမ်းများနေတယ်၊ မင်းငါနဲ့အိပ်မလား..."


"!!!"


ဂျေရပ်စ်က တောင့်တင်းနေလေသည်။

အဆင့်နိမ့်သားရဲလေးက သူနဲ့အတူအိပ်ဖို့ တကယ်ကြီးခေါ်နေတာလား… ဒါ...ဒါကတော့...


အက်ဂါလည်း အံ့ဩနေလေသည်။ အစတွင် စိတ်ဆိုးမိသော်လည်း မကြာမီမှာပင် အဆင့်နိမ့်သားရဲလူသားလေးက အတူအိပ်သည်ဟူသောအဓိပ္ပါယ်ကို နားမလည်သေးကြောင်း သဘောပေါက်လိုက်လေ၏။ မည်သည့်ကိစ္စပင်ဖြစ်လာပါစေ သူ့အနေဖြင့် အခြားသူများက အဆင့်နိမ့်သားရဲလူသားလေးအား အနိုင်ကျင့်မည်ကို ခွင့်မပြုနိုင်ပေ။


အက်ဂါက အဆင့်နိမ့်သားရဲလူသားလေး၏ အိပ်ခန်းဝင်ပေါက်ကို ခပ်မြန်မြန်ကွယ်ပြီး ဂျေရပ်စ်ကို အေးစက်စွာဖြင့်ကြည့်နေလေ၏။ ဂျေရပ်စ်က ကျရှုံးသားရဲ၏ကိုယ်ပေါ်မှ ခြောက်ခြားဖွယ်ဖိအားတစ်ခုကို သတိပြုမိလိုက်သည်။ သူက တုန်ယင်နေရင်း သဘောပေါက်သွားပြီး အဆင့်နိမ့်သားရဲလူသားလေး၏ သန့်စင်ရိုးသားကာ တောက်ပလှသောအပြုံးနှင့် မျက်လုံးချင်းဆုံတွေ့သွားလေ၏။ ဤအခိုက်အတန့်လေးမှာပင် သူက တုံ့ပြန်လိုက်ရတော့သည်။ 


အဆင့်နိမ့်သားရဲလူသားလေးက သားရဲလူသားနှင့် အဆင့်နိမ့်သားရဲလူသားတို့ကြားမှ ကွာခြားချက်ကိုလည်း မသိသေးပေ။ ဂျေရပ်စ်က အိပ်စက်သည့်အခင်းကိုထုတ်ပြီး ထောင့်လေးနားတွင်ချကာ အထဲဝင်သွားလေသည်။ ယင်းကိုမြင်ပြီး အခြားသူများကလည်း လိုက်လုပ်ကြသည်။ သူတို့က အဆင့်နိမ့်သားရဲလေး၏ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။


အသက်မပြည့်သေးသောအဆင့်နိမ့်သားရဲလူသားလေးကို အခွင့်အရေးမယူသင့်ပေ။ ရှုရှုမှာ ဤလူများက သူနှင့်အိပ်ရန်ထက် ပူးကပ်ပြီးအတူအိပ်နေကြသောကြောင့် ဤအစီအစဥ်ကိုလက်လျှော့လိုက်ရုံသာ ရှိလေတော့သည်။ ထို့နောက် သူ၏မြက်သိုက်ထဲသို့ဝင်သွားကာ အိပ်ပျော်သွားလေတော့သည်။


သူက ထိုညတွင် ကောင်းကောင်းမွန်မွန်အိပ်ပျော်ခဲ့သည်။ သူက လူတစ်ယောက် ဂူထဲမှထွက်သွားကြောင်း ခပ်ရေးရေးသတိထားမိသော်လည်း ထိုအထဲမှလူတစ်ယောက်က ညလယ်ခေါင်တွင် အပေါ့သွားရန်လောက်သာဖြစ်ပြီး အရေးမကြီးဟုထင်လိုက်၍ မျက်လုံးပင်မဖွင့်မိပေ။


ဂူအပြင်တွင် အက်ဂါက အကွာအဝေးတစ်ခုခြားသည်အထိ တရွေ့ရွေ့လာပြီးမှ ရပ်လိုက်သည်။ သူ့အနောက်မှနီးကပ်စွာလိုက်လာသောဂျေရပ်စ်ကို အက်ဂါကအမြှီးဖြင့် မြေကြီးပေါ်တွင် စာရေးပြလိုက်သည်။


"မနက်ဖြန်ရောက်ရင် သူ့ကို မင်းနဲ့အတူ ခေါ်သွားလိုက်… သူ့ရဲ့လုံခြုံရေးကို မင်းဆီမှာအပ်လိုက်ပြီ… ပြီးမှ ငါဒီနေရာကို ပြန်လာခဲ့မယ်..."



🐹🐹🐹