Chapter 107 ထင်ရာစိုင်းတဲ့သူ
Viewers 18k

အခန်း ၁၀၇ ထင်ရာစိုင်းတဲ့သူ

"သူ(မ)ရဲ့အတိတ်က ဘယ်လိုမျိုးပဲ ဖြစ်ဖြစ် အခု သူ(မ)က ငါတို့ ထောင်ဟွားဝူအဖွဲ့ရဲ့အဖွဲ့ဝင် ဖြစ်နေပြီ”

ကျိရွှေရှန့်က ချိုးယွဲ့၏မျက်နှာမှ မနာလိုစိတ်နှင့် အနည်းငယ် ကွဲပြားနေသည့် အမူအရာကို မြင်နိုင်ပြီး သူမကို ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

သူ(မ)က ခင်ပွန်းရဲ့မိသားစုကနေ ကွာရှင်းခံထားရတဲ့ မိန်းမပဲ။ သူ(မ)က အိမ်ထောင်ကျပြီးနေပြီ၊ သူ့ရဲ့ယောက်ျားကတောင် သူ့ကို မလိုချင်တော့ဘူး”

ကျိရွှေရှန့်က စူးချင်းကို အလွန်အကျွံ အကာအကွယ် ပေးနေသည်ကို သိလိုက်ရသောကြောင့် ချိုးယွဲ့က ဒေါသတကြီး အော်ပြောလိုက်သည်။

"အဲ့တော့ ဘာဖြစ်လဲ?"

ကျိရွှေရှန့်၏ မျက်လုံးများ အေးစက်သွားသည်။ အထူးသဖြင့် ချိုးယွဲ့က စူးချင်းအကြောင်း ပြောနေချိန်တွင် ဖြစ်သည်။

အမျိုးသမီးတစ်ယောက်က အခြားအမျိုးသမီးတစ်ယောက်ရဲ့ အနာကျင်ရဆုံး အတိတ်ကို ထုတ်ဖော်တယ်ဆိုတာ  လုံးဝ အကြအနာကင်းမဲ့ အပြုအမူပါပဲ။ ပြီးတော့ စူးချင်းက တခုလပ် ဆိုတာကို သူမက သူကို  သတိပေးချင်နေသေးတာလား?

ကျိရွှေရှန့်က ချိုးယွဲ့ကို တည့်တည့်စိုက်ကြည့်ကာ စကားတစ်ခွန်း ထပ်ပြောလိုက်သည်။

"စူးချင်းက ငါ့မိန်းမ ဖြစ်မလာရင် ငါ... ကျိရွှေရှန့်က ဒီဘဝမှာ အိမ်ထောင်မပြုတော့ဘူး"

စူးချင်းက ကင်းခြေများကြီးကို ဆေးဖြစ်အောင် ပြုလုပ်မည်ဟု ပြောခဲ့သော်လည်း အမှန်တကယ်တွင် သူမက ရှောင်ချီထံသို့ ပစ်‌ပေးနေခြင်းသာ ဖြစ်သည်။ သူမ ကင်းခြေများကြီးကို စနစ်ထဲသို့ ပစ်ချပြီသည်နှင့်တပြိုင်နက် ချိုးယွဲ့က သူမအကြောင်း ပြောနေသည်ကို သူမ ကြားလိုက်ရသည်။ မူလကတည်းက အေးစက်နေသော သူမ၏နှလုံးသားက သံအပိုင်းအစတစ်ခုကဲ့သို့ အေးခဲလာပြီး ပိုမိုမာကျောလာခဲ့သည်။

သို့သော်လည်း ကျိရွှေရှန့်၏အဖြေကို ကြားလိုက်ရချိန်တွင် သူမ၏ အေးခဲနေသော နှလုံးသားက နေရောင်ခြည်က ရေခဲတောင်ကို ဖြတ်သန်းသွားသလို ရုတ်တရက် ပြန်အက်ကွဲသွားသည်။

စူးချင်းက သူမဘေးမှ သစ်ပင်ကို မှီလိုက်ပြီး တောစပ်တွင် ရပ်နေသည့် မုတ်ဆိတ်မွေးနှင့်လူကို ကြည့်နေခဲ့သည်။

သူမ ပြန်မွေးဖွားလာပြီးနောက်မှာ သူမရဲ့ စိတ်ကူးက ရိုးသားတဲ့ သာမာန်ယောက်ျားတစ်ယောက်ကို ရှာဖွေပြီး အောက်ခြေလူစား အနေနဲ့ ဘဝကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြတ်သန်းဖို့ပါပဲ။

ဒါပေမယ့် အခုတော့ သူမဆီကို အတွေးသစ်တစ်ခု ဝင်လာခဲ့တယ်။ ရိုးသားတဲ့လူက ဒီရိုင်းပျတက်ပေမယ့် ယောက်ျားပီသမှုအပြည့်ရှိတဲ့ မုတ်ဆိတ်မွေးနဲ့လူကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။

ကျိရွှေရှန့်၏ စကားလုံးများက ချိုးယွဲ့၏နှလုံးသားကို ရိုက်ခတ်သွားခဲ့ပြီး ချိုးယွဲ့က သူမ၏မျက်နှာကို အုပ်ကာ ငိုယိုရင်း ထွက်ပြေးသွားတော့သည်။

"ရွှေရှန့်၊ တောင်းပန်ပါတယ်"

ချိုးယုံခန်းက သူ့ညီမ ကိုယ်စား တောင်းပန်လိုက်ပြီး ကျိရွှေရှန့်၏ ပုခုံးကို လှမ်းပုတ်လိုက်သည်။

"မင်း ဘာမှ မမှားပါဘူး"

ကျိရွှေရှန့်က ခေါင်းယမ်းလိုက်သည်။ သူနဲ့ ယုံခန်းက ညီအစ်ကိုကောင်းတွေပါ၊ အဲ့တာကက ဘယ်သူ့ကြောင့်နဲ့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

ချိုးယွဲ့က သူမ ဝမ်းနည်းနေသည်ကို ဘယ်သူ့ကိုမှ မမြင်စေချင်သောကြောင့် ငိုနေရင်း တောနက်ထဲသို့ ပြေးဝင်သွားခဲ့သည်။ ထိုအခိုက်အတန့်တွင် ရုတ်​တရက်​ သူမ၏စိတ်​ထဲ၌​အ​တွေးတစ်ခု ပေါ်လာခဲ့သည်​။

သူမ ပျောက်သွားရင် အစ်ကိုရွှေရှန့်က သူ့နှလုံးသားထဲမှာ သူမ ရှိနေတာကို သိသွားလိမ့်မယ်။ သူက စူးချင်းလိုမျိုး ထိတ်လန့်စရာကောင်းတဲ့ မိန်းမကို တစ်ခါမှ မတွေ့ဖူးတာကြောင့် စူးချင်း လှည့်စားတာကို ခံနေရတာ ဖြစ်နိုင်တယ်။ အဖိုးတန်ဆုံးအရာက ဆုံးရှုံးသွားတဲ့အရာပဲ။ သူမက  အစ်ကိုရွှေရှန့်ကို သူ့ရဲ့နှလုံးသားထဲက အရေးအကြီးဆုံးက ဘယ်သူလဲဆိုတာ သိသွားစေချင်တယ်။

ချိုးယုံခန်းက သူ့ညီမ တောထဲသို့ ပြေးဝင်သွားသည်ကို လှမ်းမြင်လိုက်သောကြောင့် ကျိရွှေရှန့်နှင့် စကားမပြောတော့ဘဲ သူမနောက်သို့ လိုက်သွားခဲ့သည်။

ထောင်ဟွားဝူမှ ရွာသူရွာသားကလည်း ချိုးယွဲ့ မျက်ရည်များဖြင့် တောထဲသို့ ပြေးဝင်သွားသည်ကို မြင်လိုက်ပြီး တစ်ယောက်ယောက်က အဒေါ်ချိုးကို သွားစပ်စုနေသေးသည်။ အဒေါ်ချိုးက သူမ ချိုးယွဲ့ကို ဆူပူကြိမ်းမောင်းလိုက်ကြောင်း ပြန်ပြောပြခဲ့သောကြောင့် ဘယ်သူကမှ ထပ်မမေးတော့ပေ။

ပစ္စည်းအများအပြားက ပြန့်ကျဲနေပြီး ထုပ်ပိုးမှုကို အပြီးသတ်ရန် အချိန်အတော်ကြာခဲ့သည်။ သိုသော် သူတို့အားလုံး လူပြန်စုပြီးသည်အထိ ချိုးမောင်နှမက ပြန်မလာသေးသောကြောင့် အဒေါ်ချိုးပင် စိတ်တိုနေခဲ့သည်။

"ပြဿနာတစ်ခုခု ဖြစ်နေတာလား?"

ဒီဒုက္ခပေးတဲ့ ကောင်မလေးကတော့...”

ရွာလူကြီးချိုးကလည်း အလွန်ဒေါသထွက်နေပြီး ဆူပူကြိမ်းမောင်းနေကာ ချိုးယွဲ့ကို အမြန် လက်ထပ်ပေးရန် ဆုံးဖြတ်ခဲ့သည်။ သူတို့ ရွာရှိ လီတာ့နျိုနှင့် ကျန်းလောင်ချီတို့က လူငယ်ကောင်းများဖြစ်သည်ဟု သူ တွေးနေခဲ့သည်။

အားလုံးက နောက်ထပ် ၁၅ မိနစ်လောက် စောင့်နေကြသော်လည်း ချိုးမောင်နှမက ပြန်မလာသေးပေ။ အဒေါ်ချိုးက အရမ်းစိုးရိမ်နေပြီး ငိုနေကာ အဘိုးကြီးချိုးကလည်း အလွန်စိတ်ပူနေသောကြောင့် သူ့လက်ဖဝါးများကို အဆတ်မပြတ် ပွတ်တိုက်နေခဲ့သည်။

သို့သော် သူတို့က ကျိရွှေရှန့်ထံ လာတောင်းဆိုရန် ရှက်လွန်းလှသည်။ ကျိရွှေရှန့်က ဆက်နှောင့်နှေးနေရန် မဖြစ်တော့သည်ကို နားလည်နေသောကြောင့် ကျုံးယုံကို  သူနှင့်အတူ လိုက်ပါစေပြီး လူရှာရန် ထွက်လာခဲ့သည်။

ကျိရွှေရှန့်နှင့် ကျုံးယုံတို့က အချိန်အတော်ကြာ ရှာဖွေခဲ့ကြပြီး ချိုးယုံခန်းတို့ကို လုံးဝ ရှာမတွေ့ခဲ့ပေ။ ချိုးယုံခန်းနှင့်ချိုးယွဲ့တို့က လေထုထဲတွင် ပျောက်ကွယ်သွားပုံရသည်။

အနီးနားက တောင်တွေမှာ ဓားပြတွေ ရှိ မရှိ စစ်ဆေးကြည့်ရတော့မယ်”

ယုံခန်းက အရမ်းတာဝန်ယူတတ်တဲ့သူလေ။ သူက ဘယ်တော့မှ ဒီလောက် တာဝန်မဲ့မှာ မဟုတ်ဘူး။ အဲ့တော့ ဖြစ်နိုင်ခြေက တစ်ခုတည်းပဲ ရှိတော့တယ်။ သူတို့ အဖမ်းခံလိုက်ရတာမျိုးပေါ့။

ကျိရွှေရှန့်စိတ်ထဲတွင် ပထမဆုံး ပေါ်လာသည်က တောပုန်းဓားပြများသာ ဖြစ်သည်။ သာမာန်လူများက လူများကို ပေါ့ပေါ့ဆဆ မဖမ်းရဲကြပေ။ စစ်တပ်ကိုလည်း ထည့်တွက်ရမည် ဖြစ်သည်။ သို့သော်လည်း ဤနေရာက လီချန်နှင့် ဝေးသောကြောင့် စစ်သည်များ ရောက်ရှိလာမည် မဟုတ်ပေ။

ကျိရွှေရှန့်က အနီးနားရွာမှ လူများကို အရင် မေးရန် ဆုံးဖြတ်ခဲ့သော်လည်း ထိုရွာက လူသူကင်းမဲ့နေသည်ကို တွေ့လိုက်ရသည်။ အိမ်ဆယ်အိမ်တွင် ကိုးအိမ်က အလွတ်ဖြစ်နေပြီး လူရိပ်လူယောင်ပင် မမြင်ရပေ။

ထိုအခြေအနေကို မြင်လိုက်ရချိန်တွင် ကျိရွှေရှန့်က အလိုလို မျက်မှောင်ကြုတ်သွားမိသည်။

ဒီနေရာမှာ တောင်ပေါ်မှာ ပေါက်လေ့ရှိတဲ့ သီးပင်စားပင်တွေ  တော်တော်များများ ရှိနေပြီး လီချန်လိုမျိုး ဘေးအန္တရာယ်ကျရောက်ထားတဲ့ အရိပ်အယောင် မရှိဘူး။ ဒါပေမယ့် ရွာမှာ ဘယ်သူမှ မရှိတာက ဘာကြောင့်လဲ?

ကျိရွှေရှန့်က တောင်ပေါ်ရွာမှ ပြန်ထွက်ခွာလာပြီး လမ်းမကြီးအတိုင်း ပြန်လျှောက်လာချိန်တွင် ချိုးယုံခန်းက ချိုးယွဲ့ကို ဆွဲခေါ်နေသည်ကို တွေ့လိုက်ရသည်။ ချိုးယွဲ့၏မျက်နှာက ဖြူဖျော့နေပြီး သူမ၏မျက်လုံးများက ရီဝေနေသောကြောင့် ကြီးကြီးမားမား တစ်ခုခုကို ကြုံတွေ့ခဲ့ရပုံပေါ်သည်။

ချိုးယွဲ့ကလည်း ကျိရွှေရှန့်ကို မြင်သွားပြီး သူမက  ငိုယိုကာ သူ့ရင်ခွင်ထဲသို့ ပြေးဝင်ရန် ပြင်လိုက်သော်လည်း ချိုးယုံခန်းက သူမကို တင်းတင်းကြပ်ကြပ် ပြန်ဆွဲထားလိုက်သည်။

ချိုးယွဲ့၏လုပ်ရပ်ကို မြင်သည်နှင့် ကျိရွှေရှန့်က ချက်ချင်း ရှောင်ထွက်လိုက်ပြီး အေးစက်သော မျက်နှာဖြင့် ပြောလိုက်သည်။

မြန်မြန် ပြန်သွား။ အားလုံးက မင်းကို စောင့်နေကြတယ်"

"အားလုံးကို ကြန့်ကြာစေတဲ့အတွက် တောင်းပန်ပါတယ်"

ချိုးယုံခန်း၏မျက်လုံးများတွင် အပြစ်မကင်းသလို ခံစားနေရသည့် အရိပ်အယောင်များ ပြည့်နှက်နေပြီး သူက အခြေအနေကို နားမလည်သည့် သူ့ညီမကိုလည်း ဒေါသထွက်နေပုံရသည်။ သူက ဒေါသကြောင့် ချိုးယွဲ့၏လက်ကို ပိုတင်းအောင် ဆွဲကိုင်လိုက်သောကြောင့် ချိုးယွဲ့တစ်ယောက် နာကျင်လွန်းသောကြောင့် မျက်ရည်များ စီးကျလာရသည်။

"ရွှေရှန့်၊ ငါတို့ ဒီနေရာကနေ မြန်မြန်ထွက်သွားရမယ်"

ချိုးယုံခန်းက ကျိရွှေရှန့်အား လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ဘာဖြစ်လို့လဲ?"

ကျိရွှေရှန့်က တစ်ခုခုလွဲနေသည်ဟု ခံစားနေမိသဖြင့် ချိုးယုံခန်းကို ပြန်မေးလိုက်သည်။

“ချိုးယွဲ့က အခုန ပြေးထွက်သွားတာ၊ ငါ သူ(မ)နောက်ကို လိုက်သွားတော့ လမ်းပေါ်မှာ သတ်ဖြတ်လုယက်နေတဲ့ ဓားပြတွေ အများကြီးကို တွေ့ခဲ့ရတယ်။ သူတို့က ငါတို့နဲ့ သိပ်မဝေးဘူး။ သူတို့ ငါတို့ကို ရှာတွေ့သွားပြီး ငါတို့နောက် လိုက်လာမှာကို ငါ စိုးရိမ်တယ်”

ချိုးယုံခန်းက အလျင်စလို ရှင်းပြလိုက်သည်။

သူ မြင်ခဲ့ရတာတွေက သူ ဖော်ပြနေတာထက် ပိုကြောက်စရာ ကောင်းပုံပါပဲ၊ အဲ့လိုမှမဟုတ်ရင် ချိုးယွဲ့က အဲ့လောက်ကြောက်ရွံ့နေမှာ မဟုတ်ဘူး။

ပြီးတော့ ရွာထဲမှာ ဘယ်သူမှ မရှိတာက မထူးဆန်းတော့ဘူး။ ဒီပတ်ဝန်းကျင်မှာ ဓားပြတွေ အရမ်းများနေတာကြောင့်ပဲ။

ကျိရွှေရှန့်၏အမူအရာကလည်း လေးနက်သွားသည်။

ဒီအန္တရာယ်ရှိတဲ့နေရာကနေ တတ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားရမယ်။

ကျိရွှေရှန့်က သူမကို ဂရုမစိုက်ကြောင်း တွေ့လိုက်ရသောကြောင့် ချိုးယွဲ့၏မျက်လုံးများတွင် စိတ်ပျက်လက်ပျက် ဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာတော့သည်။

အစ်ကိုရွှေရှန့်ရဲ့ နှလုံးသားထဲမှာ သူမက အရေးမကြီးဘူးလား?

ထို့နောက်တွင် သူမက ဝိညာဉ်ကို ဆုံးရှုံးသွားသော ခန္ဓာကိုယ် အလွတ်ကြီးလို  ဖြစ်သွားပြီး သူမအစ်ကို ဆွဲခေါ်သည့်နောက်သို့ မျက်ရည်များ စီးကျရင်း လိုက်ပါလာခဲ့သည်။

သူမက ကျိရွှေရှန့်နှင့် နှစ်ယောက်တည်း စကားပြောချင်နေသော်လည်း သူမ၏အစ်ကိုကြီးက အလယ်တွင် ပိတ်ဆို့ထားပြီး သူမကို ကျိရွှေ့ရှန့်နားသို့ ကပ်ခွင့် မပေးတော့ပေ။

မြန်မြန်ထွက်သွားကြရအောင်”

ရွာသားများ အနားယူနေသည့်နေရာသို့ ပြန်ရောက်သောအခါ ကျိရွှေရှန့်က အမြန်ထွက်သွားရန် တိုက်တွန်းလိုက်သည်။ သို့သော် သူက လူအများ ထိတ်လန့်ကြောက်ရွံ့နေမည်ကို စိုးရိမ်သောကြောင့် ဓားပြများအကြောင်းကိုတော့ မပြောခဲ့ပေ။

လမ်းမကြီးက မလုံခြုံတော့သည်ကို ကျိရွှေရှန့်က နားလည်နေသော်လည်း သူတို့ထံတွင် ရထားလုံးတစ်စင်း ရှိနေသောကြောင့် တောထဲမှ သွားလာရန်လည်း အဆင်မပြေပြန်ပေ။ ထို့ကြောင့် လမ်းမကြီးပေါ်မှ ခရီးဆက်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

"အစ်မ၊ တစ်ခုခုဖြစ်နေတာလား?"

ကျိရှောင်ယင်က အသံတိုးတိုးဖြင့် စူးချင်းကို ကပ်မေးနေသည်။ သူမ၏အစ်ကိုကြီးက မျက်မှောင်ကြုတ်ထားပြီး စူးချင်း၏မျက်ခုံးများကလည်း တင်းမာနေကာ သူမ၏မျက်လုံးများက စူးရှ‌နေပြီး အမြဲသတိကပ်ထားပုံရသည်။ ထို့ကြောင့် ကြီးကြီးမားမား တစ်ခုခု ဖြစ်ပျက်တော့မည်ဟု ကျိရှောင်ယင်က ထင်သွားခြင်း ဖြစ်သည်။

"ဘာပဲဖြစ်​ဖြစ်​ ရထားလုံး​ပေါ်မှာပဲနေ၊ အောက်ကို ​လုံးဝ ဆင်းမလာနဲ့"

ထုံးစံအတိုင်း စူးချင်းက တင်းမာသောလေထုကို အလွယ်တကူ ခံစားမိနေပြီး သူမက အခြားသူများကို ဂရုစိုက်သော်လည်း ကျိရှောင်အတွက် စိတ်ပူသောကြောင့် သူမကို ကြိုတင်မှာထားလိုက်သည်။

ဟုတ်ကဲ့”

ကျိရှောင်ယင်က နာခံမှုအပြည့်ဖြင့် ခေါင်းပြန်ညိတ်ပြနေသည်။ စူးချင်းက နောက်သို့ လှည့်ကြည့်လိုက်ပြီး ရထားလုံးပေါ်ရှိ ဒဏ်ရာရနေသူများကို လှမ်းပြောလိုက်သည်။

လမ်းလျှောက်နိုင်ရင် ဆင်းပြီး လမ်းလျောက်ကြတော့၊ ကလေးတွေ ရထားလုံးပေါ် ပြန်တက်ခိုင်းလိုက်။ သူတို့ရဲ့ ခြေထောက်တိုတိုလေးတွေက ခရီးကို နှောင့်နှေးစေလိမ့်မယ်”

"ငါတို့ လမ်းလျှောက်လို့ ရနေပါပြီ"

အဖေလီက သူ၏ထင်မြင်ချက်ကို ပထမဆုံးဖော်ပြလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် သူတို့က ရထားလုံးပေါ်တွင် ကလေးများ အစား ရက်အတော်ကြာ လိုက်ပါစီးနင်းခွင့် ရခဲ့သည့်အတွက် အလွန်ကျေးဇူးတင်နေပြီ ဖြစ်သည်။ ဤရထားလုံးက စူးချင်း၏ကိုယ်ပိုင် ပိုင်ဆိုင်မှုဖြစ်သည်။ ထို့အပြင် သူတို့ အနားယူနိုင်ရန်အတွက် ကလေးများက ရထားလုံးထဲမှ ထွက်ပေးခဲ့ရခြင်း ဖြစ်သည်။

တခြားသူများအားလုံးကလည်း ရထားလုံးပေါ်မှ ဆင်းပေးရန် သဘောတူကြသည်။ စူးချင်းက ရထားလုံးကို လမ်းဘေးတွင် ရပ်ပေးလိုက်ပြီး သူတို့ ဆင်းသွားပြီးနောက်တွင် ရှောင်ဟူနှင့် ကလေးများကို ရထားလုံးထဲသို့ ပြန်ခေါ်လိုက်သည်။

ကလေးများအတွက် ဝန်ထုပ်ဝန်ပိုး မရှိတော့သောကြောင့် အဖွဲ့က ခရီးမြန်မြန်ဆက်နိုင်ခဲ့ပြီး ကျိရွှေရှန့်က အဖွဲ့၏အနောက်ဘက်တွင် လိုက်ပါလာကာ ဓားပြများ မမီလာစေရန် အမြဲသတိထားနေခဲ့သည်။

"ပြေး! ဓားပြတွေ ရောက်လာပြီ!”

သူတို့ ဘေးကင်းနေသေးသည်ဟု ကျိရွှေရှန့် တွေးနေစဥ်မှာပင် အနောက်ဘက်မှ အော်ဟစ်အကူအညီ တောင်းသံကို ကြားလိုက်ရပြီး တောထဲသို့ ဝင်ပုန်းရန်ပင် နောက်ကျသွားပြီ ဖြစ်သည်။

"မင်းတို့ရဲ့လက်နက်တွေကို ယူကြ"

ကျိရွှေရှန့်က အော်ဟစ်အမိန့်ပေးလိုက်ပြီး သူကိုယ်တိုင်လည်း လေးနှင့်မြှားကို အသင့်ပြင်လိုက်သည်။ သူက ဓားပြများ ရောက်ရှိလာမည်ကို စောင့်မျှော်နေလျက် မြှားနှစ်ချောင်းကို လေးပေါ်သို့ တင်ပြီး လေးကြိုးကို ဆွဲထားလိုက်သည်။

✍️✍️✍️