အခန်း (၃၂)
နွေးထွေးသောမိသားစု ဟင်းလျာတစ်ဆက် လိုချင်တယ်
ဘာဘီကျူးဆိုင်သို့
ရောက်သည့်အခါ စားပွဲထိုးက သူတို့သုံးယောက်ကို သီးသန့်ခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။
ချီမော့နှင့်
ချီရှောင်ပိုင်တို့က မည်သည်ကိုမှ မှာယူမည့် စိတ်ကူးမရှိဘဲ ထိုင်နေကြကြောင်း
မြင်သည့်အခါ ရှန်းမူမူကသာ အစပြု၍ အော်ဒါမှာယူခြင်း လုပ်ဆောင်လိုက်ရသည်။
ခဏလောက်
မီနူးကြည့်ပြီးနောက် သူမက မီနူးစာအုပ်ကို ပိတ်လိုက်ကာ စားပွဲထိုးအား ပြောလိုက်၏။
"နွေးထွေးသောမိသားစု
ဟင်းလျာတစ်ဆက် လိုချင်တယ်။"
၎င်းက
လူသုံးယောက်စာ ကောင်းကောင်း လုံလောက်ပြီး ဟင်းလျာတစ်ခုချင်းစီ လျှောက်မှာနေသည်ထက်လည်း
ငွေကြေးအများကြီး ချွေတာရာ ရောက်ပေသည်။
ရှန်းမူမူက
ချမ်းသာသော်လည်း ဖြုန်းတီးခြင်းမပြုတတ်သည့် သူမ၏ အပြုအမူအပေါ် ဂုဏ်ယူဝင့်ကြွားသလို
ခံစားလိုက်ရသည်။ သို့သော် သူမ ထင်မှတ်မထားသည်မှာ သူမ ပြောပြီးသွားချင်းချင်း ချီသားအဖနှစ်ယောက်က
သူမအား တပြိုင်တည်း လှမ်းကြည့်လိုက်သည်။
၎င်းက
တစ်ချက်သာ လှမ်းကြည့်ခြင်းဖြစ်ပြီး အကြည့်များကို တပြိုင်တည်း ပြန်ရုတ်သိမ်းလိုက်ကာ
မတုန်မလှုပ် တိတ်ဆိတ်နေသည့် အသွင်ကို ပြန်လည် ရယူလိုက်ကြသည်။
ရှန်းမူမူ
: "???"
သူတို့
ဘာကို ဆိုလိုတာလဲ။
သူတို့က
သူမ မှာယူလိုက်သည့် ဟင်းလျာတစ်ဆက်က အလွန် စျေးပေါသောကြောင့် ချမ်းသာသော မိသားစု၏ ပုံရိပ်ကို
ပျက်စီးစေသည်ဟု ထင်နေကြသည်လား။
သူမ ထိုအကြောင်းကို
အများကြီး မတွေးနိုင်ခင် စားပွဲထိုးက မီးသွေးနှင့် ပါဝင်ပစ္စည်းများကို ယူလာနေပြီးပြီ
ဖြစ်သည်။
သူမ အရင်ဆုံး
မျက်စိကျသွားသည်မှာ သပ်သပ်ရပ်ရပ် စီရီထားသော အလွန် လတ်ဆတ်ပုံပေါ်သည့် ဝက်ဗိုက်သားပန်းကန်ပင်
ဖြစ်သည်။
ချီရှောင်ပိုင်သည်
သူ ဗီလာဝန်းထဲ၌ ကြားခဲ့ရသော အတင်းအဖျင်းများအကြောင်း တွေးနေဆဲ ဖြစ်သည်။
တခဏကြာပြီးနောက်
သူက ထိန်းမထားနိုင်တော့ပေ။
သူက အိတ်ထဲသို့
လက်များ ထည့်ထားလျက် နောက်သို့ မှီရင်း ရုတ်တရက် ပြောလိုက်သည်။
"ကျွန်တော်
ခင်ဗျားတို့ အကြောင်းကို သိပြီးသွားပြီ။"
ထိုစကားလုံးများက
ဘာဘီကျူးတုတ်ချောင်းများကို ကိုင်ထားသည့် ရှန်းမူမူ၏ လက်များကို ရပ်တန့်သွားစေသည်။
သူမက ကြောင်တောင်တောင်ဖြင့် မော့ကြည့်လိုက်၏။
သူမ စိတ်ထဲ၌
ချက်ချင်းပင် သတိပေးခေါင်းလောင်းသံများ အော်မြည်လာသည်။
ဘာကို
သိပြီးတာလဲ။
ချီရှောင်ပိုင်၏
မည်းမှောင်သော အမူအရာက သူမ နှလုံးသားကို မသိလိုက်ဘဲ တင်းကျပ်သွားစေကာ သူမ လက်များကလည်း
အနည်းငယ် တုန်ယင်လာသည်။
သူက သူမနှင့်
ချီမော့တို့၏ ဟန်ဆောင်လက်ထပ်ထားမှုကို သိရှိသွားခြင်း ဖြစ်နိုင်သလား။
ချီရှောင်ပိုင်၏
အကြည့်တို့က လောင်ကျွမ်းနေသည့် မီးသွေးများပေါ် ပျင်းရိစွာ ကျရောက်သွားသည်။
"ဗီလာဝန်းထဲက
လူတွေ ပြောနေတာကို ကျွန်တော်ကြားတာ အဖေ ဖောက်ပြန်နေလို့ ခင်ဗျားတို့ ကွာရှင်းတော့မှာဆို။"
လေထုက
စက္ကန့်အနည်းငယ်လောက် အေးခဲသွားသည်။
တိတ်ဆိတ်နေသည့်
လေထုအလယ်၌ ရှန်းမူမူက စိတ်သက်သာရာရစွာ တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။
ချီရှောင်ပိုင်က
သဘောတူညီချက်ဖြင့် လက်ထပ်ထားခြင်းကို ရှာတွေ့သွားခြင်း မဟုတ်သည့်အတွက် သူမက စာချုပ်ကို
စောစောစီးစီး အဆုံးသတ်ရန် မလိုအပ်သည့်အတွက် စိတ်သက်သာရာရသွားသလို ခံစားလိုက်ရသည်။ သို့သော်
သူမ ဘေးရှိ မင်နက်ရောင်မျက်လုံးများက ရုတ်တရက် အေးခဲသွားပြီး အေးစက်မှုအရိပ်အငွေ့များ
ထွက်ပေါ်လာသည်။
သူတို့
သုံးယောက်က စကားပြောနေခြင်းကို ရပ်တန့်လိုက်ကြသည်။
အသားကင်နေသည့်
မီးသွေး တဖျစ်ဖျစ်မြည်သံကိုသာ ကြားနေရပြီး လေထုအခြေအနေက မမှန်ကန်တော့ပေ။
...
နောက်ဆုံး၌
သေလောက်အောင် တိတ်ဆိတ်နေမှုကို အရင်ဆုံး ဖြိုခွင်းလိုက်သူက ချီမော့ ဖြစ်သည်။
သူက ချီရှောင်ပိုင်ကို
အေးစက်စွာ ကြည့်လိုက်ပြီးနောက် သူ့အကြည့်များက ရှန်းမူမူထံ ရောက်ရှိသွားပြီး ဖြေးလေးစွာ
ပြောလိုက်သည်။
"ကိုယ်
ရှန်မြို့ကနေ စောစော ပြန်လာခဲ့တာ မင်းတို့ကို အဲဒီအကြောင်း ရှင်းပြချင်တာကြောင့်ပဲ။"
သူ့ လေသံက
တည်ငြိမ်နေသော်လည်း သူတို့နှစ်ယောက်က အေးဆေး တည်ငြိမ်စွာ နားမထောင်နိုင်ခဲ့ပေ။
ချီမော့က
'ဖောက်ပြန်သည့်' အကြောင်းကို စတင်ပြောလာသည့်အတွက် အကြောင်းပြချက်တချို့ကြောင့် သူမက
ရုတ်တရက် စိုးရိမ်ပူပန်လာသည်။ စားပွဲအောက်မှ သူမ လက်များက မသိလိုက်ဘဲ တင်းတင်းကျပ်ကျပ်
ဆုပ်ကျစ်လိုက်သည်။
TV ဒရာမာအမျိုးမျိုးမှ
ပြကွက်များက သူမ စိတ်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာပြီး သူမက မနေနိုင်ဘဲ မှန်းဆနေမိတော့သည်။
သူ၏ လရောင်ဖြူလေး
နိုင်ငံသို့ ပြန်ရောက်လာတာကြောင့် သူမကဲ့သို့ အတုအယောင် ဇနီးက စောစောစီးစီး ထွက်သွားရန်
လိုအပ်သည်ဟု ပြောလာလိမ့်မည်လား။
မဟုတ်လျှင်
သူတို့ ကုမ္ပဏီသို့ အသစ်ရောက်လာသည့် အလုပ်သင် အမျိုးသမီးလေးနှင့် နေ့စဥ်နေ့တိုင်း နီးနီးကပ်ကပ်
အလုပ်လုပ်ရင်း ခံစားချက်များ ဖွံ့ဖြိုးလာသည်လား။
မည်သည့်တစ်ခုဖြစ်စေ
သူမက စောစောစီးစီး ထွက်မသွားချင်ခဲ့ပေ။
သူမ ပို၍
တွေးလေ သူမ အမူအရာက ပိုမိုကာ မျှော်လင့်ချက်မဲ့သလို ဖြစ်လာပြီး အမျိုးသား၏ ခပ်နိမ့်နိမ့်နှင့်
သံလိုက်ကဲ့သို့ အသံက သူမအား လက်တွေ့ကို ပြန်ဆွဲခေါ်လိုက်သည်။
"အဲဒီအမျိုးသမီးက
ကိုယ့် အဖွားရဲ့ သီးသန့်ဆရာဝန်ဟောင်း ဒေါက်တာကျန်းပဲ။ အဲဒီနေ့က ကိုယ် သူနဲ့ မတော်တဆ
တွေ့ခဲ့ပြီး လမ်းကြုံ ခေါ်သွားခဲ့ပေးတာ။"
"ကိုယ့်အဖွား
ကျင်းမြို့ကို လာတဲ့အခါ သူမကို တစ်ကိုယ်လုံး ဆေးစစ်မှုလုပ်ရာမှာ ကူညီပေးဖို့ ဒေါက်တာကျန်းကို
အကူအညီ တောင်းခဲ့တာ။"
ချီမော့က
ချီရှောင်ပိုင်ကို ထပ်ကြည့်လိုက်သည်။ သူ့သားအား စကားပြောသည့်အခါ သူ့လေသံက သိသိသာသာ
အေးစက်သွားသည်။
"မင်း
ကြားခဲ့တဲ့ ကောလာဟလတွေက အမှန် မဟုတ်ဘူး။"
သူ စကားပြောပြီးသည့်အခါ
ချီရှောင်ပိုင် နှင့် ရှန်းမူမူတို့၏ မျက်နှာထက်တွင် မတူညီသော အမူအရာများ ထွက်ပေါ်လာသည်။
ချီရှောင်ပိုင်က
တစ်ခုခုကို ရုတ်တရက် သတိရလိုက်သကဲ့သို့ သူ့ ပခုံးများက ပြေလျော့သွားသည်။
"ဒေါက်တာကျန်း...
အာ... ကျွန်တော် ငယ်ငယ်တုန်းက သူမနဲ့ ဆုံဖူးတယ်။"
သူ ပြောပြီးသည်နှင့်
ချီရှောင်ပိုင်က နှလုံးသားထဲ၌ ထူးဆန်းသည့် မသက်မသာ ခံစားချက်ကို ခံစားလိုက်မိပြီး အနည်းငယ်
မျက်မှောင်ကြုတ်လိုက်သည်။
ဤသည်မှာ
သူက သူ့အဖေအတွက် ရှင်းပြပေးရန် ကြိုးစားလိုက်မိခြင်းဟု ပြောနိုင်မလား။
သူက ထိုသို့
တွေးလိုက်မိသည့်အခါ သူ့အကြည့်တို့က ရှန်းမူမူထံ ရောက်ရှိသွားသည်။
သူသည်
ရှန်းမူမူ၏ မျက်နှာထက်၌ မည်သည့် စိတ်သက်သာရာရမှုကိုမှ မမြင်တွေ့ခဲ့ဘဲ စိတ်သက်သာရမည့်အစား
သူမက တဖြေးဖြေး တောင့်တင်းလာကာ အသက်ရှူမှုက နှေးကွေးသွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ကျွန်မ
သိပြီ.."
သူမသည်
ချီရှောင်ပိုင် ပြောခဲ့သည့် စကားကို သတိမပြုမိလိုက်ပုံရပေသည်။
သူမသည်
ချီမော့ထံမှ 'တစ်ကိုယ်လုံး ဆေးစစ်မှုပြုလုပ်ခြင်း' ဟူသည့် စကားကို ကြားသည့်အခါ ရုတ်တရက်
အလွန် အရေးကြီးသည့် တစ်စုံတစ်ရာကို သတိရလိုက်သည်။
စာအုပ်ထဲတွင်
ချီမော့၏ အဖွားဖြစ်သူ အဖွားချီကို ချီရှောင်ပိုင်၏ ရှုထောင့်မှ ဖော်ပြထားခြင်း ဖြစ်သည်။
ချီရှောင်ပိုင်
တက္ကသိုလ်မတက်ခင် အဖွားချီထံ၌ ကင်ဆာရောဂါ ရှိနေခဲ့သည်။ ရှာတွေ့ခဲ့သည့်အချိန်၌ ၎င်းက
နောက်ဆုံးအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် ချီရှောင်ပိုင်က ပြည်ပသင်ကြားရေးပရိုဂရမ်၌
ပါဝင်ခဲ့ပြီး ချီမော့ကလည်း အလုပ်ကိစ္စကြောင့် ပြည်ပသို့ ရောက်နေခဲ့သည်။
သူတို့ကို
စိတ်မပူစေချင်သောကြောင့် အဖွားချီက သူမ၏ နေမကောင်းမှုကို ဖုံးကွယ်ထားခဲ့သည်။ သူမ၏ အခြေအနေက
လျင်မြန်စွာ ဆိုးရွားလာပြီး တစ်ပတ်အတွင်း ကွယ်လွန်သွားခဲ့သည်။
အဖွားချီ၏
နောက်ဆုံးအချိန်တွင် အတူရှိမပေးနိုင်ခဲ့သည်မှာ ချီသားအဖ၏ အကြီးမားဆုံး နောင်တ ဖြစ်လာခဲ့သည်။
ရှန်းမူမူသည်
အေးစက်သည့် ရေတစ်ပုံးဖြင့် လောင်းချခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမက ရှေ့ဆက် ဖြစ်လာမည့်
အရာများကို အခုထိ မသိရှိကြသေးသည့် လူနှစ်ယောက်ကို ဗလာဖြစ်စွာနှင့် စိုက်ကြည့်နေခဲ့ပြီး
သူမ နှလုံးသားထဲ၌ ရှုပ်ထွေးသော ခံစားချက်တို့ မြင့်တက်လာသည်။
တခဏကြာပြီးနောက်
သူမက ပြုံးကာ ပြောလိုက်သည်။
"အဖွား
ကျင်းမြို့ကို လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ဖို့ ကျွန်မ အတူလိုက်သွားပေးလိုက်မယ်။"
သူမက
ပြောပြီးနောက် ဘာဘီကျူးတုတ်ချောင်းကို ကောက်ယူကာ အကြောင်းအရာ ပြောင်းလိုက်သည်။
"မြန်မြန်
စားကြရအောင်။ အသားတောင် ကျွမ်းကုန်တော့မယ်။ ကျွန်မတို့ အခု စ မစားရင် ဝက်ဗိုက်သားကင်
မဟုတ်တော့ဘဲ သင်္ဂြိုဟ်ထားတဲ့ ဝက်ဗိုက်သား ဖြစ်သွားတော့မယ်။"
"ဖူး...-"
ဆယ့်ခုနစ်အရွယ်
ဆယ်ကျော်သက်လေး၏ ခံစားချက်များက အတက်အကျ လျင်မြန်လှသည်။ အစောပိုင်းကလေးတင် သူက စိုးရိမ်တကြီး
မျက်မှောင်ကြုတ်နေပေမယ့် ယခု ချက်ချင်းပင် ရှန်းမူမူ၏ စကားများကြောင့် ရယ်မောလိုက်ပေသည်။
"သင်္ဂြိုဟ်ထားတာလား။
ဘယ်လိုတောင်လဲ။"
လေထုအခြေအနေက
အနည်းငယ် ပြေလျော့လာပုံရသော်လည်း ချီမော့က မျက်လုံးများကို အနည်းငယ် ကျဥ်းမြောင်းလိုက်သည်။
သူ၏ ထက်မြက်သော
အာရုံခံနိုင်စွမ်းအရ သူသည် ရှန်းမူမူ စကားပြောသောအခါ ဗလာကျင်းနေသော စိတ်အခြေအနေ ရှိနေကြောင်း
ခံစားမိပေသည်။
သူက အခြေအနေကို
မဖျက်ဆီးချင်သဖြင့် ရှပ်အင်္ကျီလက်များကို ခေါက်တင်ပြီး ရှန်းမူမူလက်ထဲမှ ဘာဘီကျူးတုတ်ချောင်းကို
ယူလိုက်သည်။
"ကိုယ်
ကင်ပေးမယ်။ မင်း ဗိုက်ဆာနေတာမလား။ အရင်စားလိုက်။"
ရှန်းမူမူက
အထိတ်တလန့်ဖြစ်သွားပြီး လျင်မြန်စွာ မတုန့်ပြန်နိုင်လိုက်ဘဲ သူမလက်ထဲမှ တုတ်ထိုးများကို
ချီမော့က ယူသွားခဲ့သည်။
အမျိုးသား၏
အကင်စွမ်းရည်က သိပ်မကောင်းလှပေ။ ထိုသည်မှာ သူက ပုံမှန်အားဖြင့် မီးဖိုချောင်သို့ မဝင်ဖူးကြောင်း
သက်သေခံနေသည်။
သို့သော်
သူက အလျင်စလို ဖြစ်မနေဘဲ သူ၏ အပြုအမူတိုင်းက တည်ငြိမ်အေးဆေးသော အရှိန်အဝါရှိနေကာ သူ၏
ကိုးရို့ကားယားနိုင်စွာ လုပ်ဆောင်နေမှုကို ဖုံးကွယ်ထားနိုင်သည်။
သိပ်မကြာခင်မှာပင်
သူမ၏ ပန်းကန်ထဲ၌ အသားလွှာများ စုပုံလာသည်။
စားပွဲ၏
အခြားတစ်ဖက်၌ ကြီးထွားဆဲကာလ၌ ရှိနေသော ဆယ်ကျော်သက်လေး ချီရှောင်ပိုင်၏ ရှေ့တွင် အထီးကျန်နေသည့်
အသားလွှာလေး တစ်ဖတ်သာ ရှိလေသည်။
ချီရှောင်ပိုင်
: ......
*********
သူတို့သုံးယောက်
စားသောက်ပြီးစီး၍ အိမ်ပြန်လာသည့် လမ်းတလျှောက်လုံး ရှန်းမူမူက အဖွားချီနှင့် ပတ်သက်သောအကြောင်းကို စဥ်းစားနေဆဲ ဖြစ်သည်။
လက်ထပ်စာချုပ်
စတင်ချိန်မှစပြီး အဖွားချီ ကွယ်လွန်ပြီးနောက် နှစ်တစ်ရာတွင် စာချုပ်က အလိုအလျောက် ပျက်ပျယ်သွားမည်ဖြစ်သည်။
စာအုပ်ဇာတ်ကြောင်းအရ
အဖွားချီ ကင်ဆာရောဂါအကြောင်း ရှာဖွေမတွေ့ခင် အချိန် တစ်နှစ်လောက်သာ ကျန်တော့သည်။
သူတို့က
ရောဂါကို စောစောစီးစီး ရှာဖွေတွေ့နိုင်ပြီး အချိန်မီ ကုသနိုင်လျှင်....
အဖွားချီက
နှစ်အနည်းငယ်လောက်ပိုပြီး အသက်ရှင်နိုင်ချေ ရှိလိမ့်မည်လား။
သူမက
မသိသလို ဟန်ဆောင်ကာ သဘောတူညီချက်စာချုပ် အချိန်ကုန်ဆုံးသွားသည့် ရက်အထိ စောင့်ဆိုင်းကာ
ငွေပမာဏများစွာ ယူ၍ ချီမိသားစုမှ ထွက်သွား၍ရသည်။
သို့သော်
လူသားတို့၏ နှလုံးသားက အသွေးအသားနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ မည်သို့ ဖြစ်လာမည်ကို
သိလျက်နှင့် ထိုင်၍ စောင့်ကြည့်နေမိပါက နောင်တတို့ ရလာလိမ့်မည်မှာ ကျိန်းသေ ဖြစ်သည်။
ရှန်းမူမူက
နှုတ်ခမ်းကိုက်လိုက်သည်။
သူမက
စာချုပ်ရှိရှိ မရှိမရှိ၊ သူမ လုပ်ရပ်က စာအုပ်၏ ဇာတ်ကြောင်းကို ပြောင်းလဲသွားစေသည်ဖြစ်စေ
ဂရုမစိုက်တော့ဟု သူမဘာသာ တွေးလိုက်သည်။
အဖွားချီ
ကျင်းမြို့သို့ လာသည့်အခါ သူမက အဖွားချီနှင့်အတူ လိုက်သွားပေးပြီး ကျန်းမာရေး စစ်ဆေးနိုင်ရန်
ဂရုစိုက်ပေးရပေမည်။
သူမက
နေမကောင်းမှုကို မတားဆီးပေးနိုင်လျှင်ပင် အနည်းဆုံး ချီသားအဖ၌ နောင်တတို့ မကျန်ရစ်နိုင်စေရန်
အဖွားချီ၏ နောက်ဆုံးအချိန်ကို မြင်တွေ့နိုင်ရန် လုပ်ဆောင်ပေးရပေလိမ့်မည်။
ချီမော့
ရေချိုးရာမှ ထွက်လာသည့်အခါ ရှန်းမူမူက သူမ၏ ခံစားချက်များကို ထိန်းချုပ်ပြီးကာစ ဖြစ်သည်။
သူ ထွက်လာသည်ကို
မြင်သော်ခါ ရှန်းမူမူက ထရပ်လိုက်ပြီး ရေချိုးရန်အတွက် ရေချိုးခန်းရှိရာ လျှောက်သွားလိုက်သည်။
လျှောက်သွားရင်းနှင့်
သူမက ရှည်လျားသော ဆံနွယ်များကို ခေါင်းစည်းကြိုးနှင့် စည်းကာ ခပ်ပွပွဆံထုံးလေး ဖြစ်အောင်
စည်းနှောင်လိုက်သည်။
၎င်းသည်
သူမ၏ ချောမွေ့သေးသွယ်သော လည်တိုင်နှင့် ပခုံးတို့ကို ဖော်ပြလာ၏။
သူမ၏
ဆံပင်များကို ချထားသည့်အခါ ဆွဲမက်ဖွယ်ကောင်းပြီး တောက်ပဟန်ရှိသော်လည်း ဆံပင်စည်းထားသောအခါ
ကလေးငယ်ကဲ့သို့ ဖြူစင်သန့်ရှင်းသော အလှတရားကို ဖုံးကွယ်မထားနိုင်ပေ။
သူတို့
အချင်းချင်း ဖြတ်ကျော်သွားသည့်အချိန်၌ ချီမော့က သူမ နားရွက်အနီးတွင် ခွေဝိုက်ကျဆင်းနေသော
ရှုပ်ပွပွ ဆံစလေးများထံ ကြည့်လိုက်မိသည်။ သူက ရုတ်တရက် လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီး
သူမအား ပြောလိုက်သည်။
"ခဏလေး
ကိုယ် မင်းကို ပြောစရာ ရှိတယ်။"