အခန်း (၄၀)
ဘာလို့ မိသားစု သီးသန့် လေယာဥ်နဲ့ မသွားတာလဲ။
သုံးရက်ကြာပြီးနောက်
ချီမိသားစု သုံးယောက်က ရှန်မြို့သို့ သွားမည့် လေယာဥ်နှင့် လိုက်ပါခဲ့သည်။
"ဘာလို့
မိသားစု သီးသန့် လေယာဥ်နဲ့ မသွားတာလဲ။"
ပထမတန်းစား
ထိုင်ခုံများ၏ အနောက်ဘက်တန်းတွင် ထိုင်ရင်း ချီရှောင်ပိုင်က သူ့ အရှေ့တန်းတွင် ထိုင်နေသည့်
အဖေနှင့် မိထွေးဖြစ်သူကို မေးလိုက်သည်။
သီးသန့်လေယာဥ်က
စီးပွားဖြစ်လေယာဥ်လောက် လူမများသောကြောင့် သူတို့ သုံးယောက် အတန်းလိုက် ထိုင်စရာ မလိုပေ။
"ဘာလို့လဲဆိုတော့—"
ချီမော့က ခေါင်းလှည့်ပြီး အသံထွက်ရုံမျှ ရှိသေးသော်လည်း အငေါ်တူးရန် မထိန်းနိုင်သည့်
ရှန်းမူမူက သူ့စကားစကို ဖြတ်လိုက်သည်။
"ပထမတန်းထိုင်ခုံမှာ
ထိုင်ရတာတောင် မကျေမနပ် ဖြစ်နေသေးတာလား။ မင်းက တကယ် မဖြစ်တော့ဘူးပဲ။"
ရှန်းမူမူက
သူ့ကို စိုက်ကြည့်လိုက်သည်။
ချီရှောင်ပိုင်သည်
အစပိုင်း၌ ထိတ်လန့်သွားခဲ့သည်။
ထို့နောက်
သူက ခေါင်းကို လှည့်ကာ ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ပြီး စကားပြောခြင်းကို ရပ်ကာ
တိတ်ဆိတ်သွားသည်။
သူမတို့နှစ်ယောက်ကြားမှ
စကားဝိုင်းကို ကြားသည့်အခါ ချီမော့၏ နှုတ်ခမ်းတို့က မသိမသာ တွန့်ကွေးသွားပြီး မျက်ခွံကို
ဖြေးညင်းစွာ ပိတ်လိုက်၍ အနားယူရန် နောက်ဘက်သို့ မှီထိုင်လိုက်သည်။
...
ရှန်မြို့လေဆိပ်တွင်...
"မစ္စတာချီ
ဒီနေ့ လာမယ်ဆိုတာ သေချာလား။"
ချွီဟွေ့က
သူမ လက်များကို ဆုပ်ထားပြီး ရောက်ရှိဂိတ်ဘက်သို့ ဆက်တိုက်ကြည့်နေရင်း သူမ နောက်မှ လက်ထောက်ကို
မေးလိုက်သည်။
"ဟုတ်ပါတယ်
မစ္စချွီ။ ကျွန်တော် သေချာ စစ်ဆေးကြည့်ခဲ့တယ်။ မစ္စတာချီက ဒီနေ့ တကယ်ပဲ ရောက်လာမှာပါ။"
လက်ထောက်က အချိန်ကို ကြည့်လိုက်သည်။ "သတင်းအရတော့ လေယာဉ်က နောက်ဆယ်မိနစ်လောက်ဆို
ဆိုက်တော့မှာပါ။"
ချွီဟွေ့က
စိတ်မရှည်စွာဖြင့် 'အင်း' ဟု ပြောလိုက်ပြီး သူမ၏ နေကာမျက်မှန်ကို ပင့်ကာ ရောက်ရှိခန်းမထဲမှ
ထိုင်ခုံများထံ လျှောက်သွားခဲ့သည်။
သူမ ထိုင်ချလိုက်သည်ကို
မြင်ပြီးနောက် လက်ထောက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး သူ့ရင်ဘတ်ကို ခပ်ဖွဖွ
ပုတ်လိုက်သည်။
ဟူး—
မစ္စတာချီ၏
လေယာဉ်ချိန်အား သတင်းရရန်မှာ ခက်ခဲလှသည်။ သူ့ အချိန်ဇယားတွင် အပြောင်းအလဲတစ်ခုခု ရှိလျှင်
မစ္စချွီက ကျိန်းသေ သူ့ကို အပြစ်တင်ပေလိမ့်မည်။ 'မပြောင်းသွားဖို့ မျှော်လင့်ပါတယ်။'
တွေးကြည့်ရရင်
အဲဒါက ထူးဆန်းတယ်။
မစ္စချွီက
ဤနှစ်တွင် သုံးဆယ့်နှစ်နှစ် ရှိပြီ ဖြစ်သည်။ သူမက ကြည့်ကောင်းပြီး လှပသည်။ ရှန်မြို့တွင်
သူမကို လက်ထပ်ချင်သည့် ဂုဏ်သရေရှိ မိသားစုများစွာ ရှိသည်။
သို့သော်
နှစ်တွေကြာပြီးနောက်၌ပင် မစ္စချွီ၏ နှလုံးသားက အဝေးရှိ ကျင်းမြို့တွင် နေထိုင်သော အမျိုးသားထံ၌သာ
ရှိနေခဲ့၏။
ထိုအချိန်က
မစ္စချွီ၏ ခံစားချက်များသည် နားလည်နိုင်ဖွယ် ရှိခဲ့သည်။ မစ္စတာချီက ရှားပါးသော အရည်အချင်းရှိပြီး
ချောမောသည့် လူငယ်တစ်ဦး ဖြစ်သည်။ သူ့သွင်ပြင်နှင့် အရှိန်အဝါက ထူးခြားပြောင်မြောက်လှသည်။
သို့သော်
ယခုတွင်....
ထိုအမျိုးသားက
လက်ထပ်ပြီးသွားသော်လည်း မစ္စချွီက အခုထိတိုင်...
ချွီဟွေ့သည်
ထွက်ရောက်ဂိတ်မှ ထွက်လာသည့် လူများကို သေချာလိုက်ကြည့်နေပြီး သူမ နှလုံးသား နှစ်ပေါင်းအတော်ကြာအောင်
လွှမ်းမိုးထားနိုင်ခဲ့သည့် အမျိုးသားကို မြင်တွေ့ရရန် မျှော်လင့်နေသည်။
လွန်ခဲ့သည့်
နှစ်အနည်းငယ်ခန့်က သူမသည် သူမအဖေနှင့်အတူ ပါတီတစ်ခုကို တက်ရောက်ခဲ့ပြီး ချီမော့နှင့်
ပထမဆုံး ဆုံတွေ့ခဲ့သည်။ ၎င်းက မြင်မြင်ချင်းအချစ် ဖြစ်လေသည်။
သူမက
အောင်သွယ်တော် လွှတ်ပေးရန် သူမအဖေကို တောင်းပန်ခဲ့သော်လည်း သူမ အဖေက ပြောခဲ့သည်။ “မရူးမိုက်စမ်းနဲ့။
သူ့မှာ သားတစ်ယောက် ရှိတယ်။ မင်းက မိထွေးတစ်ယောက် ဖြစ်နိုင်လို့လား။"
သူမ မိထွေးလုပ်ရတော့ရော
ဘာဖြစ်လဲ။
သူမ မကြိုက်သော
ယောက်ျားတစ်ယောက်ကို လက်ထပ်ရခြင်းထက် သူမ အမှန်တကယ်ချစ်သော ယောက်ျားတစ်ယောက်အတွက် သူ့သား၏
မိထွေး ဖြစ်ရသည်က ပိုကောင်းပေသည်။
ကံမကောင်းစွာနှင့်
သူမ ထိုအမျိုးသားနှင့် မည်မျှ နီးကပ်အောင် ကြိုးစားပါစေ သူက အမြဲတမ်း အကွာအဝေးတစ်ခု
ခြားထားခဲ့သည်။
သူနှင့်
လိုက်ဖက်ညီရန် သူမက စီးပွားရေးနှင့် ပတ်သက်၍ပင် ကြိုးကြိုးစားစား
သင်ယူခဲ့ပြီး သူမ ဖခင်၏ လုပ်ငန်းတွင် အလုပ်လုပ်ကာ ချီမော့၏ သတင်းတိုင်းကို တိတ်တိတ်လေး
စုံစမ်းပြီး တိုးတက်လာအောင် ကြိုးစားခဲ့သည်။
သူမသည်
နောက်ဆုံး၌ ရှန်မြို့တွင် အကောင်းဆုံး မိသားစုစီးပွားရေးတစ်ခုကို ခိုင်ခိုင်မာမာ ပြုလုပ်နိုင်ခဲ့ပြီး
သူ့ရှေ့တွင် သူမ၏ ခံစားချက်များကို တစ်ဖန် ဖော်ပြရန် ယုံကြည်ချက်ရှိရှိရပ်နိုင်စွမ်း
ရှိလာသော်လည်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ထိတ်လန့်စရာ သတင်းကို လက်ခံရရှိခဲ့သည်။
သူက မြန်မြန်ဆန်ဆန်
လက်ထပ်ပစ်လိုက်လေသည်။
သတင်းများအရ
မစ္စချီဖြစ်လာသော အမျိုးသမီးမှာ သာမန် ရုပ်ရည်မျှသာ ရှိသော သာမန်မိသားစုမှ လာသောသူဖြစ်သည်။
သူမသည်
၎င်းကို လက်ခံရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူမအနားရှိလူများကို သူမရှေ့တွင် ချီမော့၏
ဇနီးအသစ်အကြောင်း မပြောရန် အမိန့်ပေးထားခဲ့သည်။
သူမသည်
သူ့ရှေ့၌ လူကိုယ်တိုင် ရပ်နိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့သည်။
သူမက
ချီမော့ ယခု သူမကို မြင်သွားသရွေ့ သူမကသာ မစ္စချီဖြစ်ရန် သင့်တော်သူ ဖြစ်ကြောင်း သိသွားလိမ့်မည်ဟု
ယုံကြည်ပေသည်။
အတိတ်ကို
တွေးမိသည့်အခါ ချွီဟွေ့က မျက်လုံးများကို ကျဥ်းမြောင်းလိုက်သည်။
ဤတစ်ကြိမ်၌
ချီမော့က အပန်းဖြေစခန်းကို စစ်ဆေးရန် ရှန်မြို့ကို ကိုယ်တိုင်လာမည် ဖြစ်သည်။ ဤသည်မှာ
သူမ အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသည့် အခွင့်အရေး ဖြစ်သည်။
သူမ နှလုံးသားထဲမှ
မလိုလားမှုကို ဖိနှိပ်ထားလိုက်ပြီး ချွီဟွေ့ မျက်လုံးများထဲ၌ မျှော်လင့်စောင့်စားခြင်းသာ
ကျန်ရှိတော့သည်။
ထိုအချိန်၌
သူမ မျက်လုံးရှေ့တွင် အရပ်မြင့်မြင့် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။
အမျိုးသားက
အရပ်မြင့်မားပြီး ဖြောင့်မတ်သော ကိုယ်ဟန် ရှိနေဆဲပင်။ သူက အနက်ရောင် အပေါ်ထပ်ကုတ်ကို
ဝတ်ဆင်ထားပြီး တိတ်ဆိတ်ကာ သီးခြားဆန်သည့် စရိုက်သဘာဝက သူ့ကို ထူးခြားသော အရှိန်အဝါဖြစ်အောင်
ပြုလုပ်နေသည်။
သူမ သူ့ကို
ပထမဆုံးအကြိမ် မြင်ခဲ့စဥ်ကအတိုင်း နှိုင်းယှဥ်၍ မရအောင် ချောမောနေဆဲ ဖြစ်သည်။ သူ၏ မင်ရည်ကဲ့သို့
နက်မှောင်သော မျက်လုံးများက လူအများကို နက်ရှိုင်းတဲ့အထိ ပျော်ဝင်သွားအောင် ဆွဲဆောင်နေသည်။
ချွီဟွေ့က
သူမ၏ နေကာမျက်မှန်ကို ချွတ်လိုက်သည်။ သူမက အခြားလူများကိုပင် မမြင်နိုင်တော့ပေ။ အပြုံးတစ်ခုနှင့်
သူမက သူ့ထံ လျှောက်သွားခဲ့သည်။
"မစ္စတာချီ
ကျွန်မ ရှင့်ကို စောင့်နေခဲ့တာ။ ရှန်မြို့ကနေ ကြိုဆိုပါတယ်။"
အမျိုးသားက
ခေါင်းလှည့်လာကာ ထူးမခြားနားသည့် အကြည့်နှင့် ကြည့်လိုက်ပြီး အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
သူ့မျက်လုံးထဲတွင်
တိုင်းတာ၍ပင် မရလောက်သော ဝေးကွာမှုတို့ ရှိနေခဲ့သည်။ သူက ခပ်နိမ့်နိမ့် အသံနှင့် ပြောလိုက်၏။
"ခင်ဗျားက…"
နှင်းကျနေသော
နေ့တစ်နေ့၌ ရေခဲရေတစ်ပုံးနှင့် ခေါင်းမှ ခြေဖျားထိ လောင်းချခံလိုက်ရသလို ချွီဟွေ့၏
အပြုံးက အေးခဲသွားပြီး ကြွက်သားတစ်ခုပင် မလှုပ်ရှားနိုင်တော့ပေ။
သူမ နောက်မှ
လက်ထောက်ကလည်း စိတ်လွတ်သွားပြီး အံ့အားတသင့်နှင့် သူတို့နှစ်ယောက်ကို အစုန်အဆန် ကြည့်နေခဲ့သည်။
မဖြစ်နိုင်တာ။
မစ္စတာချီက မစ္စချွီကို မှတ်တောင် မမှတ်မိဘူးလား။
ဘယ်လိုဖြစ်နိုင်မှာလဲ။
ဒါက...
အရမ်း ရှက်ဖို့ကောင်းတာပဲ။
ချွီဟွေ့က
အတင်းအကျပ် ပြုံးလိုက်ရပြီး သူမ၏ အခြေအနေကို ထိန်းသိမ်းရန် လက်ဝါးထဲသို့ လက်သည်းစိုက်ဝင်သည်ထိ
ဆုပ်ထားရသည်။
"ကျွန်မပါ။
ချွီဟွေ့လေ။ ကျွန်မတို့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက တွေ့ဖူးတယ်။ ရှင် မမှတ်မိဘူးလား။"
အမျိုးသား၏
မျက်လုံးများက ဓားသွားကဲ့သို့ အေးစက်နေပြီး သူ့မှတ်ဉာဏ်များထဲ၌ ထိုနာမည်ကို ရှာဖွေကြည့်နေသည်။
ချွီဟွေ့က
နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီးမှ ထပ်ပြောလိုက်သည်။ "ကျွန်မ အဖေက ချွီထန်ရှင်းပါ"
ချီမော့က
မျက်ခုံးပင့်လိုက်သည်။ "အိုး... ထန်ရှင်းအုပ်စုရဲ့ ချွီလား။"
"ဟုတ်တယ်။
ချွီဟွေ့ပါ"
"တွေ့ရတာ
ဝမ်းသာပါတယ်။"
"ကျွန်မက
ရှန်မြို့ကို ရှင်လာမယ်ဆိုတာကို သိလို့ လေဆိပ်ကို အထူးတလည်လာပြီး ရှင့်ကို လာကြိုတာပါ။
ကျွန်မ ချီအပန်းဖြေစခန်းမှာ အခန်းတစ်ခန်း စာရင်းသွင်းထားတယ်။ ရှင့်ကို ထပ်တွေ့ရတာ အရမ်းဝမ်းသာပါတယ်။
နောက်ရက်အနည်းငယ်ကျရင် တွေ့ကြရအောင်။"
.......
အရာအားလုံးကို
ဘေးဘက်မှ မြင်နေရသော ရှန်းမူမူနှင့် ချီရှောင်ပိုင်က အကြည့်ချင်းဖလှယ်လိုက်သည်။
ရှန်းမူမူက
သူမ အသံကို နှိမ့်ကာ ချီရှောင်ပိုင်အား မေးလိုက်သည်။ "သုံးဆယ်ကျော်လေးပဲ ရှိသေးတာကို
မင်းအဖေရဲ့ မှတ်ဉာဏ်က ဒီလောက်တောင် ဆိုးရွားနေပြီလား။ ငါတို့တွေ သူ့အတွက် ကျန်းမာရေး
အထောက်အကူပြုဆေးဝါး တချို့ ပြင်ဆင်ပေးဖို့ အိမ်တော်ထိန်းကို ပြောလိုက်သင့်လား။"
ချီရှောင်ပိုင်၏
နှုတ်ခမ်းက ဆတ်ခနဲ တွန့်သွားသည်။ "ခင်ဗျား အသံကို ခင်ဗျား ကိုယ်တိုင်တောင် ကြားရရဲ့လား။"
ရှန်းမူမူနှင့်
ချီရှောင်ပိုင်က တီးတိုးပြောဆိုနေသည့်အချိန်၌ ချွီဟွေ့က ချီမော့ဘေးမှ လူနှစ်ယောက်ကို
သတိပြုမိလိုက်သည်။
သူမ နှလုံးသားထဲတွင်
ထိတ်လန့်ဖွယ် ခံစားချက်တချို့ ထွက်ပေါ်လာပြီး အမျိုးသားထံမှ လက်သီးတစ်ဆုပ် အကွာအဝေးတွင်
ရပ်နေသည့် အမျိုးသမီးကို ကြည့်လိုက်ပြီး တောင့်တင်းနေသော အပြုံးနှင့် မေးလိုက်သည်။
"မစ္စတာချီ
ဒါက ဘယ်သူလဲ။"
ချီမော့က
သူ့မေးကို ခပ်ဖွဖွ ထိလိုက်သည်။ "ကျုပ် ဇနီးနဲ့ သားလေ။"
ချွီဟွေ့က
အံ့သြမှင်တက်သွားပြီး သူမ မျက်လုံးများထဲ၌ မယုံကြည်ဟန်တို့ အထင်းသား ပေါ်ထွက်လာသည်။
သူမရှေ့မှ
အမျိုးသမီးက အရပ်မြင့်မားပြီး အသားဖြူသည်။ ထူးခြားသိမ်မွေ့သည့် မျက်နှာသေးသေးလေး ရှိပြီး
မြေခွေးကဲ့သို့ ညှို့ငင်နိုင်သည့် မျက်လုံးတစ်စုံ ရှိသည်။ ချီမော့က သူတို့ကို မိတ်ဆက်ပေးသည့်အခါ
သူမက နှုတ်ဆက်ဟန်ဖြင့် ခပ်ဖွဖွ ပြုံးပြလာသည်။ သူမ တစ်ကိုယ်လုံးက သက်ဝင်တက်ကြွကာ ချစ်စရာကောင်းပြီး
ဆွဲဆောင်မှု ရှိနေပေသည်။
ချွီဟွေ့က
ဟာသဖြစ်သွားသလို ခံစားလိုက်ရသည်။
သူမသည်
ကောလာဟလများထဲမှအတိုင်း ချီမော့၏ ဇနီးက သာမန်ရုပ်ရည်သာ ရှိသည်ဆိုခြင်းမှာ အမှန်ဖြစ်သည်ဟု
တွေးမိခဲ့ကာ ထိုအမျိုးသမီးအကြောင်း နည်းနည်းမှ အလုပ်ရှုပ်ခံပြီး ရှာဖွေခြင်းမျိုး မရှိခဲ့ပေ။
ယခု သူမ
မျက်လုံးများနှင့် မြင်ရကာမှ ပြောစရာ စကားတစ်လုံးမှပင် ရှာမတွေ့နိုင်တော့ချေ။
ချီမော့က
သူ့မေးကို ခပ်ဖွဖွ ထိထားရင်း နီးစပ်အောင် လုပ်၍ မရနိုင်သော အကွာအဝေးကို ထိန်းထားကာ
အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။
"တွေ့စရာမလိုပါဘူး။
ဒါက ကိုယ်ရေးကိုယ်တာ ကိုယ်ရေးကိုယ်တာ ခရီးစဥ်လေ။ လူအများကြီးနဲ့ တွေ့ရမှာမျိုး မလိုချင်ဘူး။
မစ္စချွီမှာ တခြားကိစ္စမရှိရင် ကျုပ်တို့ အရင်သွားနှင့်လိုက်ပါ့မယ်။"
ဤသည်က
ပါးပါးနပ်နပ် ပြောလိုက်ခြင်း ဖြစ်သော်လည်း ချွီဟွေ့သည် ၎င်း၏ နောက်ကွယ်မှ ဖြတ်ကျော်၍မရနိုင်သော
စိမ်းသက်မှုကို ခံစားလိုက်ရသည်။ သူမ ထပ်ပြောလာသည်ကို မစောင့်တော့ဘဲ အမျိုးသားက ခြေတံရှည်များနှင့်
အဝေးသို့ လျှောက်ထွက်သွားပြီ ဖြစ်ကာ ခြေလှမ်းအနည်းငယ်နှင့် ပျောက်ကွယ်သွားသည်။
"မစ္စတာချီ—"
သူမ၏
ခေါ်သံအား ပြန်မြိုချလိုက်ရသည်။
သူ့ဘေးမှ
အမျိုးသမီးနှင့်အတူ ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်ရင်း သူမက သွားများကို တင်းတင်းကျိတ်ထားလိုက်၏။
လက်ထောက်က
တုန့်ဆိုင်းစွာဖြင့် လျှောက်လာသည်။ "မစ္စချွီ... အမ်... အပန်းဖြေစခန်းက အခန်းကို
စာရင်းပေးထားချင်တုန်းလား။"
ချွီဟွေ့က
သူမခေါင်းကို လက်ဖြင့် ထောက်ထားလိုက်သည်။ "ငတုံး… မစ္စတာချီက သူ့ဇနီးနဲ့အတူ လာမယ်ဆိုတာ
ငါ့ကို ဘာလို့ မပြောတာလဲ။"
လက်ထောက်က
မကျေမနပ်နှင့် မျက်မှောင်ကြုတ်လိုက်၏။ "ခင်ဗျားက မစ္စတာချီရဲ့ ဇနီးအကြောင်း ခင်ဗျားရှေ့မှာ
မပြောဖို့ ကျွန်တော်တို့ကို အမိန့်ပေးထားခဲ့တယ်လေ။"
"နင်က
ပြန်ပြောရဲသေးတယ်လား။ နင် အလုပ်ထွက်ချင်နေတာလား။"
လက်ထောက်က
နောင်တရစွာဖြင့် ခေါင်းငုံ့ထားလိုက်သည်။ "တောင်းပန်ပါတယ် မစ္စချွီ။ ကျွန်တော်
အရည်အချင်း မပြည့်မီတာပါ။"
"ငါ့အတွက်
အခန်းကို ဆက်ပြီး စာရင်းသွင်းထား။ မစ္စတာချီနောက် လိုက်ရအောင် ကားယူလာခဲ့။ သူတို့ ဘယ်အခန်းမှာနေလဲဆိုတာ
ရအောင်ရှာ။"
"ဟုတ်ကဲ့
မစ္စချွီ။"
ချွီဟွေ့က
စိတ်ထဲ၌ ဆန္ဒမရှိသလို စိတ်မသက်မသာ ခံစားလိုက်ရသည်။ ချီမော့က သူမအား မမှတ်မိသည်ကို တွေးမိသည့်အခါ
သူမက သွားများကို အမှုန့်ဖြစ်သွားသည်အထိ အံကြိတ်လိုက်မိချင်သွားသည်။
အနက်ရောင်
Porsche ကားထဲတွင် ချီမော့နှင့် သူ့ဇနီးက ကားနောက်ခုံ၌ ထိုင်နေခဲ့၏။
သူ့ပုံရိပ်ကို
မြင်သောအခါ ချွီဟွေ့က လက်သည်းများက လက်ဖဝါးကို ဖောက်ဝင်သွားသည်အထိ လက်သီးကျစ်ကျစ်ဆုပ်လိုက်သည်။
သူမက
စိတ်ထဲ၌ သူမကိုယ်သူမ နှစ်သိမ့်လိုက်သည်။
ကိစ္စမရှိပါဘူး။
လက်လှမ်းမမီတဲ့ တစ်စုံတစ်ယောက်ကို လိုက်ဖို့ဆိုတာ သေချာပေါက် လွယ်ကူတာ မဟုတ်ဘူး။
အရှေ့မှ
ကားက အပန်းဖြေစခန်း၏ ဗီလာဧရိယာသို့ ကွေ့သွားခဲ့သည်။ အနောက်မှ ကားက တဖြေးဖြေး အရှိန်နှေးကျသွား၏။
ချွီဟွေ့က
ဇဝေဇဝါ ဖြစ်သွားသည်။ "ဘာလို့ နှေးနှေးလေး မောင်းနေတာလဲ။ မြန်မြန်လိုက်လေ။"
ဒရိုင်ဘာက ရှက်ရွံ့နေသော
အမူအရာနှင့် ကြည့်လိုက်သည်။ "မစ္စချွီ အဲဒီအရှေ့က အထူးသတ်မှတ်ထားတဲ့ ကားပါကင်ပါ။
တခြားယာဥ်တွေကို ဝင်ခွင့် ကန့်သတ်ထားပါတယ်။"