အခန်း (၄၄)
အရမ်းနွေးလွန်းလို့ ရှန်းမူမူက သူ့ကိုယ်ပေါ်မှာ မီးဖိုလေး ဖွက်ထားလိမ့်မယ်လို့ သံသယဖြစ်ခဲ့တယ်။
ချီမော့က
အနည်းငယ် ကူကယ်ရာမဲ့ဟန်ဖြင့် သူ၏ ရှည်လျားသွယ်လျသော လက်ချောင်းများဖြင့် သူ့မျက်ခုံးကို
ပွတ်လိုက်သည်။ "သေချာပေါက် မင်းက ထိုင်ရမယ့်သူပေါ့။"
ရှန်းမူမူ၏
မျက်လုံးများက တောက်ပလာသည်။ "တကယ်လား။"
အမျိုးသားက
ခပ်တိုးတိုး ရယ်မောလိုက်၏။ "အင်း။"
"ဒါဆို
သွားကြမယ်လေ။"
ထို့နောက်...
ချီရှောက်ပိုင်သည်
သူ့မျက်လုံးနဲ့သာ ကိုယ်တိုင် မမြင်ခဲ့ရင် ဘယ်တော့မှ ယုံကြည်မှာ မဟုတ်သည့် မြင်ကွင်းကို
မြင်လိုက်ရလေသည်။
အမြဲတစေ
သီးသန့်နေတတ်ပြီး ကိုယ်ပိုင် ကားမောင်းသူရှိကာ သူ့အကြည့်တစ်ချက်နှင့်ပင် လက်အောက်ငယ်သားများက
သူ ဖြစ်ချင်တာကို လိုက်လုပ်ပေးခြင်းခံရသည့် သူ့အဖေက ပျော်ရွှင်စွာဖြင့် သူ့မိထွေး၏
ပခုံးကို တွန်းရင်း ပြန့်ပြူးသည့် ရေခဲပြင်၌ စကိတ်စီးနေသည်လား။
သူက ထိတ်လန့်အံ့အားသင့်နေသည့်
ကြားက ဖုန်းကိုထုတ်ကာ ဤထိတ်လန့်ဖွယ်မြင်ကွင်းကို ရိုက်ကူးထားရန် မမေ့ခဲ့ပေ။
ရှန်းမူမူသည်
စွတ်ဖားပေါ်တွင် တင်ပျဥ်ခွေထိုင်နေပြီး တောက်တောက်ပပ ပြုံးနေ၏။
အစောပိုင်းက
ဆင်ခြေလျှော၌ စီးရသည်ထက် အခုက ပိုပျော်စရာကောင်းသည်ဟု သူမခံစားမိလိုက်သည်။
သူတို့က
ဟိုဟိုဒီဒီ လျှောက်တွန်း၍ ဆော့ကစားပြီးနောက်၌ပင် သူမနောက်ကလူက လုံးဝ မပင်ပန်းသလို အင်အားပြည့်ဝနေဆဲ
ဖြစ်ပုံပေါ်သည်။
ချီမော့က
ပင်ပန်းသည်ဟု ညည်းညူသော်လည်း ရှန်းမူမူသည် ဤသို့ ဆက်ကစားနေရန် မသင့်ဟု ခံစားလိုက်ရသည်။
ပထမဆုံးအနေနှင့်
လေးစားအပ်ပါသော ဥက္ကဋ္ဌချီကို စွတ်ဖားဆွဲသည့် ခွေးအဖြစ် အသုံးပြုခြင်းက သင့်လျော်ခြင်း
မရှိပေ။
ဒုတိယအနေနဲ့
သူမတို့ဘေးနားက စုံတွဲတစ်တွဲသည် သူမတို့ကို အပျက်သဘောဆောင်တဲ့ ဥပမာတစ်ခုအနေနှင့် နှိုင်းယှဥ်ပြခြင်းအား
ကြားခဲ့ရသည်။
"သူမ
ရည်းစားက ဘယ်လောက်တောင် ခွန်အားရှိလိုက်လဲ။ ရှင့်ကိုယ်ရှင် ကြည့်စမ်းပါဦး။"
ထို့ကြောင့်
အခြားသူများ၏ ဆက်ဆံရေးကို အပျက်သဘောဆောင်သည့် သက်ရောက်မှု မဖြစ်စေရန်အတွက် ရှန်းမူမူသည်
'အနားယူကြရအောင်' ဟု တောင်းဆိုခဲ့ရသည်။
အမျိုးသားက
ရပ်တန့်လိုက်၍ သူမကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။ "ပျော်စရာကောင်းလား။"
ရှန်းမူမူက
သူ့ကို ပြုံးပြလိုက်သည်။ "အရမ်းပျော်ဖို့ကောင်းတယ်။ နောက်ကျ ကျွန်မတို့ လူပြောင်းလိုက်မလား။
ကျွန်မ တစ်လှည့် တွန်းပေးမယ်လေ။"
ချီမော့၏
အသံက ခပ်နိမ့်နိမ့်ဖြင့် သံလိုက်ကဲ့သို့ ညှို့ငင်နိုင်သည်။ "မလိုပါဘူး။"
သူမက
မတ်တပ်ရပ်ပြီး နှစ်ကြိမ်လောက် တွန်းကြည့်ချင်သော်လည်း မည်သည့် ခွန်အားကိုမှ အသုံးမပြုနိုင်ပုံရသည်။
အချိန်ကြာမြင့်စွာ
တင်ပျဉ်ခွေထိုင်ပြီးနောက် သူမ ခြေထောက်များ ထုံကျင်နေသည်။
သူမ ထပ်ကြိုးစားတော့မည့်အချိန်တွင်
ကြီးမားကာ နွေးထွေးသည့် လက်တစ်စုံက လှမ်းလာသည်။
ချီမော့၏
အရပ်ရှည်ရှည် ဖြောင့်စင်းသော အသွင်အပြင်က ခန့်ညားလှ၏။
ရှန်းမူမူ
မော့ကြည့်လိုက်သည့်ဘက်မှဆိုလျှင် သူ့နောက်ဘက်မှ အလင်းရောင်နှင့် ကြည်လင်နေသည့် အပြာရောင်
ကောင်းကင်ကြီးကို နောက်ခံထားပြီး သူ့ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း
သူမတို့ပတ်ဝန်းကျင်က လေထုဟာ ရုတ်တရက် နူးညံ့လာသည်ဟု ခံစားလိုက်ရသည်။
သူမက
ခဏလောက် တန့်သွားပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်၏။ "ကျေးဇူးတင်ပါတယ်။"
တစ်ချိန်တည်းမှာပင်
သူမက ခွန်အားကို စုဆောင်းကာ မြေပြင်ကို တွန်းကန်ကာ မတ်တတ်ရပ်ရန် ကြိုးစားခဲ့သည်။
ထိုအချိန်တွင်
ဗရုတ်ကျသော ကောင်လေးအနည်းငယ်က သူတို့ကို ဝိုင်းရံလာကာ အကျင့်မကောင်းသည့် ကလေးတစ်ယောက်က
ချီမော့၏ ခြေထောက်ကို ဝင်တိုက်လိုက်သည်။
သူက ရုတ်တရက်
ဟန်ချက်ပျက်သွားပြီး ရှေ့သို့ ဟပ်ထိုး လဲကျလာ၏။
ရှန်းမူမူကလည်း
ထရပ်နေသည့် အချိန်ဖြစ်သောကြောင့် ဆွဲအားကို ဆုံးရှုံးသွားသည်နှင့် သူမ၏ ခြေထောက်များက
အားယုတ်သွားကာ နောက်ပြန်လဲကျသွားသည်။
ထိုခဏတွင်
လတ်ဆတ်သော နှင်းရနံ့ကို သယ်ဆောင်ထားသည့် ပုံရိပ်တစ်ခုက သူမအား ဖုံးလွှမ်းလာသည်။
သူတို့
တိုက်မိခါနီးတွင် ရှန်းမူမူက မျက်လုံးများကို အလိုလိုမှိတ်ထားလိုက်မိသည်။
ရုတ်တရက်
သူမခေါင်းနောက်ဘက်တွင် ခံပေးလာသည့် ပျော့ပျောင်းသောအရာတစ်ခုကို ခံစားလိုက်ရကာ သူမအနီးတစ်ဝိုက်မှ
အော်သံများက မှေးမှိန်သွားကာ သူမ ကြားနေရသမျှက ခပ်ဖျော့ဖျော့ အသက်ရှူသံသာ ဖြစ်သည်။
ချီမော့သည်
လက်တစ်ဖက်က သူ့ကိုယ်သူ ထိန်းထားရန် ထောက်လိုက်ပြီး နောက်လက်တစ်ဖက်ကို ဆန့်ထုတ်ကာ သူမ
ခေါင်းနောက်ဘက်ကို ကာကွယ်ရန် အသုံးပြု၍ သူမတို့ အချင်းချင်း မတိုက်မိစေရန် တားဆီးထားသည်။
ရှန်းမူမူ
မျက်လုံးများကို ဖြည်းညင်းစွာ ပြန်ဖွင့်ကြည့်လိုက်သည့်အခါ နက်ရှိုင်းသည့် မင်ရောင်
မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။
သံလိုက်ကဲ့သို့သော
ဆွဲငင်နိုင်သည့် ခပ်တိုးတိုးအသံတစ်ခုက ထိုသူ့ထံမှ ထွက်ပေါ်လာသည်။ "အဆင်ပြေရဲ့လား။"
သူမ၏
နှလုံးသားက ရုတ်တရက် တုန်ယင်သွားသည်။
သူမ နားရွက်များက
တိတ်တဆိတ် နီမြန်းလာ၏။
"အဆင်ပြေပါတယ်။"
ချီမော့က
သူမကို ဆွဲထူလိုက်ပြီး ကိုယ်ကို ကိုင်းကာ သူမပေါ်မှ နှင်းများကို ခါပေးလိုက်သည်။
"တောင်းပန်ပါတယ်
ဦးလေး၊ အန်တီ။" သူတို့ကို ဝင်တိုက်မိတဲ့ ကလေးက ဘေးတွင်ရပ်ကာ တိုးတိုးလေး တောင်းပန်လိုက်သည်။
"ရပါတယ်။"
"ရပါတယ်။"
သူတို့နှစ်ယောက်က
တပြိုင်တည်း တူညီစွာ ပြောလိုက်ကြ၏။
သူတို့
အကြည့်တွေက လေထဲတွင် အချင်းချင်း ဆုံတွေ့မိသွား၏။
"ဦးလေးက
ဒီအစ်မရဲ့ လက်ကို သေချာလေး ကိုင်ပေးထားသင့်တယ်။" အဖွဲ့ထဲမှ နည်းနည်းပိုကြီးသည့်
ကလေးက ချီမော့ကို လှမ်းကြည့်ကာ လက်ကို ဆုပ်ကိုင်ထားသည့် အမူအရာ လုပ်ပြလိုက်သည်။
"သား ဖေဖေဆိုရင် မေမေ့လက်ကို ဒီလို ကိုင်ထားတာမို့လို့ သူတို့က ချော်မလဲသလို နှင်းထဲလည်း
ပြုတ်မကျဘူး။"
ရှန်းမူမူ
: "..."
ဦးလေး...
အစ်မလား။
ဤကလေးသည်
ဆက်ဆံရေး ပတ်သက်မှု အခေါ်အဝေါ်များကို သေချာစွာ မှတ်သားသင်ယူနိုင်ရန် အချိန်များများ သုံးဖို့
လိုအပ်နေပေသည်။
သူမ လျှောက်တွေးနေစဥ်
သူမ ဘေးနားမှ လူက ရယ်ချင်နေသည့် အသံနှင့် ပြောလိုက်သည်ကို ကြားလိုက်ရ၏။
"မင်းအဖေ
လုပ်တာ မှန်တယ်။"
နောက်တခဏတွင်
ရှည်သွယ်ကာ အချိုးကျသည့် လက်တစ်စုံက သူမရှေ့မှာ ပေါ်လာ၏။
"ငါ့ကို
မင်းလက် ပေး။"
ရှန်းမူမူက
အံ့သြသွားသည်။
သူမက
လက်ကို ဖြည်းညင်းစွာ ဆန့်ထုတ်လိုက်၏။
ထိုအမျိုးသား၏
လက်ချောင်းထိပ်များတွင် အသားမာအနည်းငယ်ရှိပြီး ယခင်က သူမတို့ မတော်တဆ ထိမိခဲ့ဖူးသည့်
အချိန်မှ အေးစက်သည့် ခံစားချက်တို့ မရှိပေ။ ဤတစ်ကြိမ်၌ သူ့လက်များက နွေးထွေးနေ၏။
၎င်းက
အလွန် နွေးထွေးသောကြောင့် ရှန်းမူမူသည် သူက မီးဖိုတစ်ခုဝှက်ထားသည်ဟုပင် တွေးလိုက်မိသည်။
သူမသည်
ချီမော့၏ အပြုအမူအပေါ် အတွေးမလွန်ခဲ့ဘဲ ပုံမှန်စုံတွဲများ၏ အပြုအမူအဖြစ်သာ မှတ်ယူခဲ့သည်။
သူမက
ရူးကြောင်ကြောင် ပြုံးလိုက်သည်။ "ရှင်က တကယ်ထူးဆန်းတာပဲ။"
ချီမော့က
မျက်ခုံးပင့်လိုက်သည်။ "ဟမ်…"
ရှန်းမူမူက
ရှင်းပြလိုက်၏။ "ရှင်က ကျွန်မနဲ့ ချီရှောင်ပိုင်ထက် ပိုပြီး ပေါ့ပေါ့ပါးပါး ဝတ်ထားပေမယ့်
ရှင့်လက်တွေက အရမ်းပူနွေးနေတုန်းပဲ။ ရှင် တိတ်တိတ်လေး အားဆေးတွေ ခိုးသောက်နေတာလား။
ခန္ဓာကိုယ် အပူချိန်က အရမ်းမြင့်တာပဲ။"
ချီမော့က
ပင့်သက်ရှိုက်လိုက်သည်။ "..."
အမြဲတမ်း
လျင်မြန်စွာ တုန့်ပြန်နိုင်သည့် ဉာဏ်ရှိသူတစ်ယောက်အနေဖြင့် ပထမဆုံးအနေဖြင့် ထိုမှတ်ချက်ကြောင့်
ဆွံ့အသွားခဲ့ရလေသည်။
ညနေပိုင်း။
ဝင်လုဆဲဆဲ
နေမင်းက နှင်းထူထပ်သော တောင်တန်းပေါ်တွင် ဖေးတင်နေပြီး ကောင်းကင်နှင့် မြေကြီးကို နွေးထွေးသော
အရောင်အဝါတို့ဖြင့် ပက်ဖြန်းထားသည်။
အနက်ရောင်
Range Rover တစ်စီးက တောင်ပေါ်လမ်းအတိုင်း မောင်းနှင်လာခဲ့၏။
"ကျွန်တော်တို့
ဒီည ဘာစားကြမှာလဲ။"
နောက်ထိုင်ခုံ
အလယ်မှာ ထိုင်နေသည့် ချီရှောင်ပိုင်က ဆာလောင်နေပြီ ဖြစ်သောကြောင့် ကားရှေ့ခန်းမှ ထိုင်ခုံနောက်မှီပေါ်
လက်နှစ်ဖက်တင်ကာ မေးလိုက်သည်။
ရှန်းမူမူက
ပြောလိုက်သည်။ "အိုး... ငါ ဒီနေ့ ခရီးသွားလမ်းညွှန်တွေကို ကြိုပြီး စစ်ကြည့်ဖို့
မေ့သွားတယ်။ ဒီနားမှာ ဘာ စားသောက်ဆိုင် ကောင်းလဲ ငါ မသိဘူး။"
ချီမော့က
ကားအရှေ့ကို ကြည့်နေရင်း ခေါင်းကို ဘေးသို့ အနည်းငယ် ငဲ့လိုက်သည်။ "မင်းတို့နှစ်ယောက်မှာ
အကြံဥာဏ်မရှိဘူးဆိုတော့ ကိုယ် ဆုံးဖြတ်လိုက်ရလား။"
ရှန်းမူမူ
နှင့် ချီရှောင်ပိုင်က တညီတည်း ပြောလိုက်၏။ "အိုခေ။"
မိနစ်နှစ်ဆယ်အကြာတွင်
Range Rover သည် တောင်ထိပ်တွင် ရပ်တန့်သွားသည်။
ချီမော့က
သူ့ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်သည်။ "ငါတို့ ရောက်ပြီ။ ဒီနေရာပဲ"
အပြင်ဘက်မှကြည့်လျှင်
တောင်ပေါ်ရှိ စားသောက်ဆိုင်သည် ကြီးမားသော မှန်အိမ်ကြီးနှင့်တူသည်။ သစ်လုံးဘောင်ဖွဲ့စည်းပုံအပြင်
၎င်းကို မှန်ပြတင်းပေါက်များဖြင့် ဝိုင်းရံထားကာ ရောင်ပြန်ဟပ်နေသည့် အလင်းရောင်က အတွင်းပိုင်းကို
တောက်ပ၍ ထင်းလင်းသော ခံစားချက်ကို ပေးစွမ်းသည်။
ရှန်းမူမူက
တောင်ပေါ်မှ လတ်ဆတ်သည့်လေကို ခပ်ပြင်းပြင်းရှူရှိုက်၍ ပြောလိုက်သည်။ "ဒီနေရာမှာ
စားသောက်ရတာက အနောက်မြောက်လေကို သောက်ရတာဆိုရင်တောင် တက်ကြွလန်းဆန်းနေစေမှာပဲ။"
ချီရှောင်ပိုင်က
သူမကို စိုက်ကြည့်ရင်း အရင်ကအတိုင်း ငေါ့တော့တော့ ပြောလိုက်သည်။ "စိတ်မပူပါနဲ့။
အနောက်မြောက်လေ သောက်ရအောင်အထိ ကျွန်တော်တို့ မိသားစုက မဆင်းရဲပါဘူး။"
ညစာကိုလည်း
ချီမော့က စီစဉ်ပေးခဲ့သည်။
အရသာရှိသော
ပြင်သစ်ဟင်းလျာများကို လျင်မြန်စွာ တည်ခင်းပေးခဲ့၏။
ရှုခင်းက
လှပရုံမျှမက တည်ခင်းလာသည့် ဟင်းပွဲများကလည်း မျက်စိပသာဒရှိပေသည်။
သူမ အနားရှိ
ချီသားအဖနှစ်ယောက်၏ ကျက်သရေရှိရှိ စားသောက်နေပုံကို ကြည့်ပြီး မနေ့က A
hole-in-the-wall စားသောက်ဆိုင်ကို ခေါ်သွားပြီးနောက် သူတို့ပေးလာသည့် စိတ်အားထက်သန်သော
တုံ့ပြန်ချက်က သူမကို ဟာသလုပ်နေခြင်းလားဟု တွေးမိလာသည်။
မှောင်ရီပျိုးလာပြီး
ညအမှောင်က နေရောင်ခြည်၏ နောက်ဆုံးအကြွင်းအကျန်များကို ဝါးမြိုပစ်လိုက်ပြီးနောက် တောင်လမ်းပေါ်ရှိ
သစ်ပင်များတွင် အလှဆင်ထားသော မီးရောင်လေးများ မှိတ်တုတ်မှိတ်တုတ် လင်းလက်လာသည်။
စားသောက်ဆိုင်၏
အပြင်ဘက်မီးများ လင်းထိန်လာသဖြင့် ပတ်ဝန်းကျင်သည် နတ်သမီးပုံပြင်ဆန်ဆန် ဖြစ်လာခဲ့သည်။
နောက်ဆုံး
လီမွန်ဖျော်ရည်ကို သောက်ပြီးနောက် ရှန်းမူမူက ချီမော့ကို ကျေနပ်စွာ လက်မထောင်ပြလိုက်သည်။
"ဒီနေရာက
တကယ် အံ့သြစရာကောင်းတယ်။"
ချီရှောင်ပိုင်ကလည်း
ခေါင်းညိတ်လိုက်သည်။ "အင်း ကျွန်တော်လည်း သဘောတူတယ်။"
ချီမော့က
လက်သုတ်ပဝါဖြင့် ပါးစပ်ထောင့်များကို သပ်သပ်ရပ်ရပ် ပွတ်သုတ်ကာ သူ့လေသံက ပေါ့ပါးနေသည်။
"မင်းတို့နှစ်ယောက် သဘောကျနေသရွေ့ပေါ့။"
သူပြောပြီးသည်နှင့်
ရှန်းမူမူသည် ချီရှောင်ပိုင်အား ဆွဲကာ ဘယ်ဟင်းက အကောင်းဆုံးလဲဟု စိတ်အားထက်သန်စွာ ဆွေးနွေးလေသည်။
ချီရှောင်ပိုင်သည်
အမှန်တကယ် မပါဝင်ချင်သော်လည်း ရှန်းမူမူ၏ စိတ်အားထက်သန်မှုများ အလွန် ပြည့်နှက်နေသောကြောင့်
သူက စိတ်ဝင်စားဟန်ဆောင်ကာ တုံ့ဆိုင်းဆိုင်းနှင့် တုံ့ပြန်ခဲ့သည်။
ချီမော့သည်
ပေါ့ပေါ့ပါးပါးနှင့် ပျင်းရိသော ကိုယ်ဟန်အနေအထားဖြင့် သူ့ထိုင်ခုံနောက်မှီကို မှီထိုင်လိုက်သည်။
သူသည် ပျင်းရိဖွယ် အကြောင်းအရာကို စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသော လူနှစ်ယောက်ကို
ကြည်လိုက်ပြီး သူ့မျက်လုံးများတွင် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
ရုတ်တရက်
သူ့အိတ်ကပ်ထဲ ဖုန်းက တုန်ခါလာသည်။
၎င်းမှာ
မရင်းနှီးသော နံပါတ်တစ်ခုထံမှ မက်ဆေ့ချ်ဖြစ်သည်။
"ဥက္ကဋ္ဌချီ
မနက်ဖြန်ညမှာ တွေ့ဖို့ အချိန်ရှိလား။ ကျွန်မ ရှင့်ကို ပြောစရာ ရှိတယ်။ ချွီဟွေ့။"
ချီမော့၏
မျက်ခုံးများက အနည်းငယ် ကျုံ့သွားသည်။ ဤအမျိုးသမီး၏ ထပ်ခါတလဲလဲ နှောင့်ယှက်မှုများကြောင့်
သူ အလွန် စိတ်အနှောက်အယှက် ဖြစ်ရလေသည်။
သူက မတုံ့ပြန်ချင်သောကြောင့်
ဖုန်းစခရင်ကို ပိတ်လိုက်သည်။
ထိုအချိန်၌
နောက်ထပ် မက်ဆေ့ချ်တစ်ခု ရောက်လာ၏။
"ကျွန်မ
ရှင့်ကို ကုဝမ်အကြောင်း ပြောချင်တယ်။"
သူ့မျက်လုံးများ
အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ့အကြည့်များက ချက်ချင်း အေးစက်သွားသည်။
စားပွဲပေါ်တင်ထားသော
လက်ချောင်းများသည် အတွင်းဘက်သို့ ကွေးသွားသည်။
ချီရှောင်ပိုင်သည်
သူ့အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသည်။
"အဖေ
အဆင်ပြေရဲ့လား။"
ချီမော့က
သူ့ဖုန်းကို သိမ်း၍ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ပြေပါတယ်။"