အပိုင်း(၁၈၇)
- တူညီသည့် အတွေးရှိခြင်း
ရှီလွေ့နှင့်
မတူစွာ လျန်ယို့ရှောင်က အကာအကွယ်ရှာရန် ခိုးပြန်စရာ မလိုခဲ့ပေ။
ထိုအစား
သူက သူ့အဖေနှင့် မြင်းရထားလုံး တစ်ခုတည်း စီးကာ ပြန်သွားနိုင်ခဲ့သည်။
ဒီနေ့တော့
သူ့အဖေ သူ့ကို ဘာမှ မလုပ်နိုင်မှာ သေချာသည်။
သူ့အတွက်
အထိန်းအချုပ်တွေ ဖယ်ရှားဖို့ အခွင့်အရေးက ရှားပါးတာကြောင့် သူက လက်လွှတ်မခံခဲ့ပေ။
ထိုအချင်းအရာကိုတွေ့တော့
လျန်မင်ချန်ရဲ့ လက်တွေက ပိုယားလာပေမယ့် ထိန်းချုပ်ထားလိုက်သည်။
လျန်မိသားစု၏
အိမ်တွင် ဖြစ်သည်။
သခင်ကြီးလျန်က
မာကျောက်ကစားပြီး အိမ်ပြန်ရောက်ပြီဖြစ်သည်။
လျန်ယို့ရှောင်က ပြဿနာရှာလာတာကြောင့်
သူ့ရဲ့ သားကြီးက နန်းတော်ကို အပြေးအလွှားသွားကာ မြေးဖြစ်သူကို ပြန်သွားခေါ်ကြောင်း
ကြားလိုက်ရတော့ သူခေါင်းကိုက်သွားခဲ့သည်။
သူနှင့်
ကျန်သည့်လူတွေက အိမ်မှာထိုင်စောင့်နေခဲ့သည်။
သူ့ရဲ့
ဒုတိယနှင့် တတိယသားက ဒုတိယနှင့်တတိယအဆင့်အရာရှိတွေ ဖြစ်သည်။
သို့ပေမယ့်
လျန်မင်ချန်ကနန်းတော်ထဲအရင်ဝင်သွားခဲ့တာကြောင့် သူက လျန်မိသားစုရဲ့ ကိုယ်စားပြု ပြောင်းအရသာကို
မြည်းစမ်းရမည့်လူဖြစ်လာခဲ့တာ ဘယ်သူမှ မသိခဲ့ကြပေ။
လျန်မင်ချန်တို့သားအဖ ဧည့်ခန်းကိုဝင်လာသည့်အချိန်မှာပဲ ကျန်မိသားစုဝင်တွေက ထိုင်ကာ
လက်ဖက်ရည်သောက်နေတာကို မြင်လိုက်လေသည်။
"အဖေ
ပြန်လာပြီလား။" လျန်မင်ချန်က အရင်နှုတ်ဆက်လိုက်သည်။
မကြာမီက
သူ့အဖေက မာကျောက်သွားကစားကာ ညစာစားခါနီးမှ ပြန်လာတတ်သည်။
ထို့ကြောင့်
ဒီနေ့ စောစောပြန်လာတာဟု ယူဆနိုင်သည်။
လျန်သခင်ကြီးက
ခေါင်းငြိမ့်ပြကာမေးခဲ့သည်။ "ယို့ရှောင် နန်းတော်ထဲသွားပြီး
ပြဿနာ သွားရှာတယ်လို့ မင်းရဲ့ ဒုတိယနဲ့ တတိယညီဆီကနေ ငါကြားတယ်။"
လျန်ယို့ရှောင်က မအံ့သြခဲ့ပေ။
သူ့ရဲ့
ဒုတိယဦးလေးက သူနှင့် မတည့်ဘဲ တတိယဦးလေးကလည်း သူနှင့် တစ်ဖွဲ့တည်း မဟုတ်ပေ။
သူ့အဖေ
ဘာမှ မပြောရသေးခင်မှာပဲ သူက ပြုံးကာ ရှေ့တိုးသွားခဲ့သည်။
"အဖိုး
ကျွန်တော်က ပြဿနာသွားရှာတာ မဟုတ်ပါဘူး၊ အဲ့အစား မိသားစု ဂုဏ်တက်အောင်
သွားလုပ်ခဲ့တာပါ၊ ဒီနေ့ အရှင်မင်းကြီးက ကျွန်တော့်ကို ဆုချီးမြှင့်ခဲ့တယ်။"
လျန်သခင်ကြီးက
ကြက်သေ သေသွားပြီး သူ့စကားကို မယုံခဲ့ပေ။
သူက သူ့သားကြီးကို
မေးခဲ့သည်။ "အရှင်မင်းကြီးက တကယ်ပဲ သူ့ကို ဆုချီးမြှင့်ခဲ့တာလား။"
ရိုက်နှက်ပြီး
ဆုချီးမြှင့်တာတော့ မဟုတ်ဘူးမလား။
သူ့ရဲ့
ပေါ့ပျက်ပျက်သားရဲ့ အပြုအမူက လျန်မင်ချန်ကို ရှားရှားပါးပါး ပြုံးစေခဲ့သည်။ "တကယ်
ဟုတ်ပါတယ်။"
ထို့နောက်
သူက ဘုရင်ကြီးဆီက ဆုကြေးနှင့် ကောင်းကင်ဘုံက ချီးမြှင့်သည့် မျိုးစေ့အကြောင်း ပြောပြခဲ့သည်။
သူ့ရဲ့
ဒုတိယနှင့် တတိယညီက ပါးစပ်အဟောင်းသား ထိတ်လန့်အံ့သြနေတာတွေ့တော့
သူ ဂုဏ်ယူပြီး စိတ်သက်သာရာရသွားတာကို ရုတ်တရက် ခံစားလိုက်ရလေသည်။
သူ့ရဲ့
စတုတ္ထညီက အံ့သြသွားသော်လည်း ပြုံးကာ ပြောခဲ့လေသည်။ "ဒုတိယအစ်ကို၊ တတိယအစ်ကို
သူက လူလိမ္မာလေးလို့ မပြောဘူးလား၊ သူက ကျွန်တော်တို့ မိသားစုကို ကူညီပေးနေတာ မဟုတ်လား၊
အပြစ်ပဲ ရှာမနေပါနဲ့။"
လျန်ယို့ရှောင်က ပြောခဲ့သည်။
"ဟုတ်တယ် ဒုတိယဦးလေးနဲ့ တတိယဦးလေး ကျွန်တော်က နန်းတော်ကိုသွားပြီး ပြဿနာရှာမယ့်လူလား။"
သူက ငတုံးအထက်တန်းလွှာသခင်လေး
မဟုတ်ပေ။ သူ့က အလွန်ဉာဏ်ကောင်းသည်။
မင်းက
အဲ့လိုလူပဲလေဟု ဒုတိယဦးလေးနှင့် တတိယဦးလေးက တွေးလိုက်လေသည်။
သူတို့က
အနည်းငယ် မချင့်မရဲဖြစ်သွားခဲ့သည်။
ပြောင်းစေ့
ဆက်သတဲ့လူက ဘာလို့ သူတို့ရဲ့ စဥ်းစားချင့်ချိန်တတ်ပြီး ရင့်ကျက်တဲ့သားတွေ မဟုတ်ဘဲ ဘာလို့
ဒီပေါ့ပျက်ပျက် တူဖြစ်သူ ဖြစ်နေရတာလဲ။
လျန်သခင်ကြီးက
ဒီမြေးဖြစ်သူကို တော်တော် သဘောကျသည်။
သူကပြုံးကာ
ပြောခဲ့သည်။ "မဆိုးပါဘူး၊ ပြောင်းစေ့ဆက်ဖို့ လိုက်ရကောင်းမှန်းတော့ သိသားပဲ။"
လျန်ယို့ရှောင်က ချက်ချင်း
မဏ္ဍပ်တိုင်တက်ပြခဲ့လေသည်။ "အဖိုး ကျွန်တော်က ပြောင်းစေ့ ဆက်သဖို့ လိုက်သွားခဲ့ရုံသာမက
နန်ရှီစီရင်စုမြို့ကနေ ပြောင်းစေ့တွေပါ ယူလာခဲ့တယ်၊ အဖိုးနဲ့ အဖွားကို ကျေးဇူးဆပ်ဖို့
အဲ့တာတွေကို ဝှက်ပြီး ယူလာခဲ့တယ်၊ အဖိုးနဲ့အဖွား ကောင်းကင်ဘုံရဲ့
ကောင်းချီးမင်္ဂလာကို ခံယူပြီး အသက်ရှည်ကျန်းမာပါစေ။"
ဒီစကားတွေက
ဘာလို့ ရင်းနှီးနေပါလိမ့်ဟု လျန်မင်ချန်က တွေးခဲ့လေသည်။
ဒီမျိုးမစစ်က
သင်ယူတာ မြန်သားပဲ။
သူ့ကို
အချိန်တစ်ခုအထိတော့ မထိသေးပေ။
သက်ကြီးရွယ်အိုတွေက
ထိုသို့သောစကားတွေကြားရတာ နှစ်သက်သည်။
သေချာပေါက်ကို
လျန်သခင်ကြီးရဲ့ အပြုံးက အချစ်တွေဖြင့် ပြည့်နှက်သွားခဲ့သည်။
"မင်းရဲ့အဖွားပြောသလိုပဲ
မင်းက တကယ်ကို အသိတတ်ဆုံးပဲ၊ ရေပူစမ်းပါတဲ့ မြေနေရာလိုချင်လား၊ ခဏနေရင် အစေခံလေးနဲ့
ပေးခိုင်းလိုက်မယ်။"
ယို့ရှောင်က အသိတတ်ဆုံးကလေးဟု
သူ့ဇနီး မကြာခဏပြောနေတာလည်း မဆန်းတော့ပေ။
မူလကတော့
သူ မယုံခဲ့ပေမယ့် အခုတော့ ယုံပြီဖြစ်သည်။
တခြားမြေးတွေက
ပင့်သက်ရှိုက်ကာ မနာလိုဖြစ်သွားကြသည်။
လျန်သခင်ကြီးက
ပြောင်းမျိုးစေ့ ပထမအသုတ်ရဲ့ အထွက်နှုန်းကို တွေးနေလေသည်။
သူက လျန်ယို့ရှောင်ကို ချီးကျူးခဲ့တော့ ပထမလျန်သခင်ရဲ့ ဒုတိယဇနီးရဲ့ မိသားစုကို
မနာလိုဖြစ်သွားစေခဲ့သည်။
သူက လျန်ယို့ရှောင်ကို ပြောင်းစေ့တွေကို အစေခံတွေဖြင့် စိုက်ခိုင်းပြီး
ကောင်းကောင်း ဂရုစိုက်ပေးဖို့ သေချာပြောခဲ့သည်။
သူက ဒီနေ့
နေသိပ်မကောင်းချင်သဖြင့် ဧည့်မတွေ့ချင်ကြောင်းလည်း ကြေငြာခဲ့သည်။
မဟုတ်ပါက
တခြားမိသားစုတွေက ပြောင်းမျိုးစေ့ တောင်းလိမ့်မည်။
ဒါကို
သူတို့ကို မပေးနိုင်ပေ။
ရှီမိသားစုမှာလည်း
တူညီသည့်အရာ ဖြစ်ခဲ့လေသည်။
ရှီလွေ့ကလည်း
သင်ယူမှု မြန်ဆန်သူဖြစ်ကာ အိမ်ရောက်သည်နှင့် ရှီသခင်ကြီးနှင့် သခင်မကြီးထံ အကူအညီယူခဲ့လေသည်။
ရှီသခင်ကြီးနှင့်
သခင်မကြီးကို ကျေးဇူးဆပ်ဖို့ သူအလုပ်ကြိုးစားခဲ့ကာ ပြောင်းစေ့တွေ ယူပြန်ခဲ့ကြောင်း
ပြောခဲ့လေသည်။
ရှီသခင်မကြီးက
အလွန်ပျော်သွားကာ သူ့ကို ဖက်ပြီး 'အချစ်ကလေး' 'အဖိုးတန်မြေးလေး' ဟု အဆက်မပြတ် ခေါ်ခဲ့လေသည်။
ထိုအချင်းအရာက
ရှီလွေ့ရဲ့ မိထွေးမိသားစုကို ရင်နာရအောင် မနာလိုဖြစ်စေခဲ့သည်။
ရှီမိသားစုနှင့်
လျန်မိသားစုဆို့ ပျော်ရွှင်နေတာနှင့် ဆန့်ကျင်စွာ ရှောင်မိသားစုကတော့ မည်းမှောင်နေလေသည်။
ရှောင်ယွမ်ရှစ်
အိမ်ပြန်ရောက်တော့ အစီအစဥ် ဖျက်သိမ်းဖို့ လူလွှတ်ကာ ညွှန်ကြားခဲ့လေသည်။
သို့ပေမယ့်
ပြန်ရလာသည့် သတင်းက သူ့ကို အသက်ရှူရပ်မတတ်ဖြစ်သွားစေလိမ့်မည်ဟု မထင်မိခဲ့ပေ။
လုပ်ကြံသတ်ဖြတ်သူတွေက
ကြားဖြတ်ကာ လုပ်ကြံခဲ့ပေမယ့် အစီအစဥ် ကျရှုံးခဲ့သည်။
ဒါ့အပြင်
လုပ်ကြံသတ်ဖြတ်သူခေါင်းဆောင်က ကိုယ့်ဘာသာကိုယ် မသတ်သေနိုင်ခဲ့ဘဲ မြို့တော်ကို ဖမ်းခေါ်လာခြင်းခံခဲ့ရသည်။
ရှောင်ယွမ်ရှစ်ရဲ့
မျက်နှာအမူအရာက ကြောက်ဖို့ကောင်းအောင် မည်းမှောင်နေခဲ့သည်။
ရှောင်မိသားစုဟောင်းက
လုပ်ကြံသတ်ဖြတ်ခြင်းကိစ္စ မေးမလို့ ပြင်ခဲ့ပေမယ့် ရှောင်ယွမ်ရှစ်ရဲ့ မည်းမှောင်သည့်
မျက်နှာထားကိုမြင်တော့ အကုန်လုံး ပါးစပ်ပိတ်ကာ ထွက်သွားကြလေသည်။
ကောချွန်းရုက
ရှောင်ယွမ်ရှစ်ရဲ့ ထိုပုံစံကို မြင်ပြီးသား ဖြစ်သည်။
သူမက
စိုးရိမ်စွာ မေးလိုက်လေသည်။ "စစ်သူကြီး နေမကောင်းဘူးလား။"
ရှောင်ယွမ်ရှစ်က
လုပ်ကြံသတ်ဖြတ်သူတွေ ငှားရမ်းခဲ့ကြောင်း ကောချွန်းရုကို မပြောပြခဲ့ဘဲ ပြောပြမည်လည်း
မဟုတ်ပေ။
သူက ပြောခဲ့သည်။
"ဟန်ကျန့်ရဲ့ မိန်းမက ကောင်းကင်ဘုံက ချီးမြှင့်တဲ့ မျိုးစေ့တွေ ဆက်သခဲ့တယ်၊ ရက်အနည်းငယ်နေရင်
သူ မြို့တော်ကို ရောက်လိမ့်မယ်။"
ထို့နောက်
သူ နန်းတော်ကြီးမှာ ပြောင်းအရသာသွားမြည်းကြည့်တုန်းက ဖြစ်ခဲ့သမျှကို ပြန်ပြောပြခဲ့သည်။
ကောချွန်းရုက
လုံးဝ ကြက်သေ သေသွားခဲ့သည်။
သူမက
သူတို့ကို အလွန်တရာ မုန်းတီးနေကာ လက်သည်းတွေ လက်ဖဝါးထဲ ဖောက်ဝင်မတတ် လက်သီးတင်းတင်းဆုပ်ထားခဲ့သည်။
မြေ
တစ်မူမှာ တန်ချိန်ကျင်း တစ်ထောင်လောက် ထွက်မည့် မျိုးစေ့ဆက်သခဲ့တာကြောင့်
ဘုရင်ကြီးက သူတို့ကို ဆုချီးမြှင့်လိမ့်မည်။
သူမက
ရှောင်ဟန်ကျန့်နှင့် သူ့ဇနီးကိုလည်း အထင်ကြီးသွားမိသည်။
ဒီမျိုးမစစ်က
ပညာရေးဆိုင်ရာအတွက် ကောင်းမွန်ပြီးသားပဲ။
သူ့ရဲ့
လက်ရှိလုပ်ဆောင်ချက်ဖြင့်ဆိုပါက တောက်ပသည့် အနာဂတ်လမ်းကြောင်း ရှိနေသည်။
သူမက
ရှောင်ဟန်ကျန့်ရဲ့ အနာဂတ်ကို တောက်ပခွင့်ပြုမည် မဟုတ်ပေ။
သူမ၏
အပြုံးက အနည်းငယ် တောင့်တင်းနေခဲ့သည်။ "ဒါဆို ဟန်ကျန့်နဲ့ သူ့မိသားစုအတွက် ကောင်းတာပေါ့။"
ရှောင်ယွမ်ရှစ်က
လုပ်ကြံသတ်ဖြတ်မှုအကြောင်း တွေးနေသည်။
အကယ်၍
ဒါကို ဘုရင်ကြီး သိသွားရင် သူ့အပေါ်ထားတဲ့ သဘောထားတွေ ပြောင်းလဲသွားမှာလား။
သူက ပြန်ဖြေခဲ့သည်။
"ဒါပေါ့။"
ထို့နောက်
သူက ထပ်ပြောခဲ့သည်။ "ဟုတ်သား… မင်းအသင့်ပြင်ထားဦး၊ ကိုယ့်မိဘတွေနဲ့ တခြားလူတွေကို
နောက်ရက်အနည်းငယ်အတွင်း လူလွှတ်ပြီး နယ်စပ်ကိုပို့တော့မှာ။”
ယခင်က
ရှစ်ချင်းလျို့ရဲ့ မြှောက်ပင့်ပေးမှုကြောင့် ရှောင်မိသားစုဟောင်းက မြို့တော်ကို ပြဿနာရှာဖို့
ရောက်လာခဲ့သည်။
သူတို့နှင့်
ရှစ်ချင်းလျို့သာ ပေါင်းသွားပါက ဘယ်လို ရှက်စရာ မတော်တဆမှုတွေဖြစ်မလဲဆိုတာ ဘယ်သူမှ
မသိနိုင်ပေ။
ထို့ကြောင့်
တခြားအဖွဲ့ မရောက်လာခင် စံအိမ်က ပြဿနာကောင်တွေကို အဝေးကို ပို့ပစ်ရမည်။
ကောချွန်းရုက
ရှောင်မိသားစုဟောင်းကို ရှင်းဖို့ ထိုနည်းအတိုင်း မတွေးထားပေ။
ထိုအစား
သူမမှာ အကြံရှိသည်။
"စစ်သူကြီး
ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက သူ့ကိုယ်လုပ်တော်ကို အရမ်းအလိုလိုက်တာ၊ သူ မြောက်ပိုင်းနယ်စပ်ကို
တာဝန်ထမ်းဆောင်ဖို့ မသွားခင် သူ့ရဲ့ အလားအလာကောင်းတဲ့ တစ်ဝမ်းကွဲ ညီအစ်ကိုနဲ့ ပေးတွေ့လိုက်ပါလား။"
သူမရဲ့
စကားထဲမှာ နက်နဲသည့် အဓိပ္ပာယ် ပါရှိသည်။
ရှောင်ဟန်ကျန့်ရဲ့
ရှစ်ချင်းလျို့က ရှောင်မိသားစုဟောင်းကို မြှောက်ပေးပြီး သူတို့ကိုပြဿနာရှာစေကာ သူမ
မောင်ရဲ့ အနာဂတ်ကို ဖျက်စီးပစ်မှတော့ သူမကလည်း ရှောင်မိသားစုဟောင်းကို အသုံးပြုကာ သူတို့ကိုပြန်ဖျက်စီးမည်ဖြစ်သည်။
အခု ရှောင်မိသားစုဟောင်းရဲ့
အနာဂတ်က သူမ ခင်ပွန်းရဲ့ စစ်သူကြီးရာထူး အခြေအနေပေါ် မူတည်နေသည်။
ရှောင်မိသားစုရဲ့
အကြီးဆုံးမြေးက ထိုမိန်းကလေး၏ ဆွဲဆောင်မှုကို ခံလိုက်ရပြီဖြစ်သည်။
အချိန်ကျပါက
ရှောင်မိသားစုဟောင်းက ပြဿနာသွားမရှာမှာကို စိုးရိမ်စရာ မလိုပေ။
ဒါ့အပြင်
ဒီတစ်ခေါက် ရှောင်ဟန်ကျန့်က ကောင်းချီးများစွာဖြင့် မြို့တော်ကိုလာတာ ဖြစ်သည်။
ရှောင်မိသားစုဟောင်းရဲ့
သွေးဆာတတ်သည့်အကျင့်ဖြင့် ဆိုပါက သူ့ကို လွှတ်ပေးမည် မဟုတ်ပေ။
သူမက
ထိုမိန်းကလေးကိုသုံးကာ အကျိုးကျေးဇူးအားလုံးကို ရှောင်မိသားစုဟောင်းရဲ့ မြေးအကြီးဆုံး
သိအောင် တီးတိုးပြောခိုင်းမည်။
ရှောင်မိသားစုဟောင်း
မကြိုးပမ်းဘူးဟု သူ မယုံပေ။
ထိုစကားကြားလိုက်တော့
ရှောင်ယွမ်ရှစ်ရဲ့ အတွေးတွေက ပြောင်းလဲသွားခဲ့သည်။
သူ့မှာလည်း
တူညီသည့်အတွေး ရှိနေလေသည်။
သူက အဓိပ္ပာယ်ပါပါပြုံးခဲ့သည်။
ကောင်းပြီ မင်းကတွေးတောတတ်သားပဲ၊ သူတို့ အချင်းချင်း မတွေ့ရတာကြာပြီ၊ သူတို့ကို ပေးတွေ့လိုက်တာပေါ့၊
သူတို့ကို မြောက်ပိုင်းနယ်စပ်ကိုပို့ဖို့ လူတွေ စီစဥ်လိုက်မယ်။"