အခန်း
(၂၀၁) - သွားများကို နာကျင်စေခြင်း
ဒုတိယမင်းသားသည်
ရှစ်ချင်းလျို့က ရုတ်တရက် ထိုကဲ့သို့ ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကယ်၍
သူမနေရာမှာ တခြားမိန်းကလေးတစ်ဦး ဖြစ်ခဲ့လျှင် ပြောင်မြောက်သော ရုပ်ရည်နှင့်
စိတ်ထားရှိသော တော်ဝင်မိသားစု၏ အမျိုးသားတစ်ယောက်ထံမှ စေ့စေ့စပ်စပ် ကြည့်ရှုခံရစဉ်
သူမသည် ရှက်ရွံ့နေသင့်သည်မလား။
ယခင်က
သူမကဲ့သို့ လှပချောမောသော မိန်းကလေးကို သူ တစ်ခါမှ မမြင်ဖူးဘူးလားဟု သူမမို့
အရှက်မရှိစွာ မေးရဲသေးသည်။
သူသည်
မင်းသားတစ်ပါး ဖြစ်သဖြင့် မည်ကဲ့သို့သော လှပသည့် မိန်းကလေးမျိုးကို အရင်က
မမြင်ဖူးရမည်နည်း။
ရှစ်ချင်းလျို့သည်
သူ့ကို ပြန်ပြောစရာမရှိ ဆွံ့အအောင် လုပ်နိုင်ပေသည်။
ရှီရုံသည်
ဒုတိယမင်းသားအား စိုက်ကြည့်ပြီး " ဒုတိယဝမ်းကွဲ… ကျွန်မရဲ့ လျို့လျို့က
အရမ်းလှပပေမယ့် သူမက လက်ထပ်ပြီးသားပါ။ သူမကို ဒီလိုမကြည့်ပါနဲ့ "
သူ့ကိုယ်သူ
သင့်တင့်လျောက်ပတ်စွာ သရုပ်ဖော်ထားသည့် သူမ၏ဒုတိယဝမ်းကွဲသည် သူ့၏
နှစ်လို့ဖွယ်ဆွဲဆောင်မှုကို အထက်တန်းလွှာအမျိုးကောင်းသမီးများအပေါ် အသုံးချ၍
သူ့အား နှစ်သက်သဘောကျလာအောင် ပြုလုပ်ပြီးနောက် ထိမ်းမြားလက်ထပ်ခဲ့သည်ကို သူမ
မသိဘူးလို့ မထင်လိုက်ပါနှင့်။
လျို့လျို့ကို
ဖြားယောင်းသွေးဆောင်ဖို့ တူညီသောနည်းလမ်းကို အသုံးပြုလိုခြင်း ဖြစ်နိုင်မလား။
သို့သော်…
၎င်းအပေါ် လျို့လျို့ ကျရောက်သွားပုံ မပေါ်ပေ။
သူက
လက်ထပ်ပြီးသားအမျိုးသမီးအား အငမ်းမရ ငမ်းငမ်းတက်လိုချင်နေသလို သူမက သူ့အား
ပြောနေသည်ဟု လျန့်ရှောက်ဟန်က သူ့ကိုယ်သူ တွေးလိုက်သည်။
သူသည်
သူ့လက်အား နှုတ်ခမ်းပေါ်တင်ကာ ချောင်းဆိုးလိုက်သည် " အဟမ်း… မင်းတို့တွေ
အထင်လွဲနေကြပြီ။ ငါ အခု စိတ်ကူးယဉ်အိပ်မက်မက်နေတာပါ "
ရှစ်ချင်းလျို့က
တခစ်ခစ်ရယ်ပြီး ဘာမှပြန်မပြောဘဲ သူမ၏ ရှင်းပြချက်ကို ဖုံးကွယ်ဖို့ ကြိုးစားနေသည်ဟု
အရိပ်အမြွတ် ပြလိုက်သည်။
လျန့်ရှောက်ဟန်သည်
သူ့မျက်ခုံးကြားရှိ နဖူးကို ပွတ်သပ်ရန် သူ့လက်ကိုသာ
မြှောက်လိုက်ချင်မိတော့သည်။
သူ
ဒီနေ့ အမှားလုပ်မိလိုက်ပြီ။
ဘိလပ်မြေ
ဖော်စပ်ခြင်းနည်းလမ်းကို အသိပေးကြေညာပြီးကတည်းက သူသည် ရှောင်ဟန်ကျန့်နှင့်
ရှစ်ချင်းလျို့တို့ကို သတိထားမိပြီး ဖြစ်သည်။
ရှောင်ဟန်ကျန့်နှင့်
ရှောင်ယွမ်ရှစ်တို့ကြားက ဆက်ဆံရေးကိုလည်း သူ မရည်ရွယ်ဘဲ ရှာဖွေတွေ့ရှိခဲ့သည်။
ထို့အပြင်
ဖေးယွီကျယ်နှင့် တခြားသူများသည် နန်ရှီစီရင်စုရှိ
ရှောင်မိသားစု၏ စံအိမ်ဆီသို့ သွားရောက်ခဲ့ကြသည်။ မော့ချင်းလင်ကလည်း
ရှောင်ဟန်ကျန့်တို့လင်မယားနှင့် ဆက်ဆံရေးကောင်းမွန်ပြီးသား
ဖြစ်သည်။
ထို့ကြောင့်
သူသည် သူ့လူများကို ဤစုံတွဲအား ပိုမို၍ အာရုံစိုက်စေခဲ့သည်။
လွန်ခဲ့သော
ရက်အနည်းငယ်က မျိုးစေ့များကို ပေးအပ်သည့် အဖြစ်အပျက် ပြီးနောက်တွင်
ရှောင်ဟန်ကျန့်နှင့် သူ့ဇနီးအကြောင်း အသေးစိတ် အစီရင်ခံစာကို သူ ရရှိခဲ့သည်။
ဒီရွာသူ
အမျိုးသမီးဖြစ်သူ ရှစ်ချင်းလျို့သည် အထူးသဖြင့် သူမထံတွင် ငွေရှာရန်
စိတ်ကူးပေါင်းများစွာ ရှိနေသည့်အတွက် သူမသည် မရိုးရှင်းဘူးဆိုတာ သူ နားလည်ခဲ့သည်။
သူမသည်
သူ၏ မာနကြီးသောဝမ်းကွဲအား သူမအပေါ် အထင်ကြီးလာအောင် လုပ်ပြနိုင်ခဲ့သည့်အပြင်
သူတို့နှစ်ယောက်သည် အလှကုန်ဆိုင်ကို အတူတကွ
ဖွင့်ချင်နေကြသည်။
သူသည်
အလွန် ရည်မှန်းချက်ကြီးမားသူ ဖြစ်ပြီး အနာဂါတ်မှာ အခြားသူများ၏ လက်အောက်ခံ
မဖြစ်လိုသောကြောင့် သူ့အဆင့်အတန်းအတွက် တိုက်ခိုက်ရမည်ဟု သဘာဝကျကျ တွေးထားခဲ့သည်။
သူ့
ဂုဏ်ပုဒ်အဆင့်အတန်းကို ရရှိရန်အတွက် ငွေသည် အလွန်အရေးကြီးသည်။
မဟုတ်ပါက
သူ ဘယ်လိုလုပ် လူတွေကို သူ့ဘက် ဆွဲဆောင်နိုင်မည်နည်း။
သူသည်
ငွေရှာရန် နည်းလမ်းများကို အမြဲတမ်း ရှာဖွေနေခဲ့သည်။
ကျန်းနန်ရှိ
ဆားနှင့် သတ္ထုတွင်းများကို သူ့အဖေက အလွန်သတိထားနေသည့်ကို သူ သိနေသဖြင့်
၎င်းတို့ကို စူးစမ်းလေ့လာချင်သည့်စိတ်အား ယခင်က သူ ထိန်းချုပ်ထားခဲ့ရသည်။
ထို့ကြောင့်
ရှစ်ချင်းလျို့တွင် " ကျောက်တုံးကို ရွှေအဖြစ် ပြောင်းလဲနိုင်သည့် အရည်အချင်း
" ရှိကြောင်း သူ တွေ့ရှိလိုက်သည်နှင့်တပြိုင်နက် သူမကို သူ့ဘက်ပါအောင်
ဆွဲဆောင်ချင်ခဲ့သည်။
သူ့တွင်
အမျိုးသမီးများနှင့် ပေါင်းသင်းဆက်ဆံရန် ကိုယ်ပိုင်နည်းလမ်း ရှိသည်။
သူတို့ကို
အတင်းအကြပ် ဆွဲဆောင်ရန် မလိုအပ်ချေ။
သူက
သူတို့တွေ သူ့အပေါ် အာရုံစိုက်လာအောင် လုပ်ဖို့သာ လိုပြီး သူတို့ကို
ကောင်းကောင်းအသုံးမချခင် အချိန်တစ်ခုသာ လိုအပ်လိမ့်မည်။
ယနေ့တွင်
ရှစ်ချင်းလျို့နှင့် ရှီရုံတို့သည် တော်ဝင်ခြံသို့ သွားကြောင်း သူ ကြားလိုက်ရသည်။
ရှီရုံ၏
ပင်ကိုစရိုက်ကို သူ နားလည်သည်။
သူမသည်
အနီးနားရှိ တောင်ပေါ်တွင် အမဲလိုက်ရန်ဆန္ဒကို ဆန့်ကျင်တွန်းလှန်နိုင်မည်
မဟုတ်သောကြောင့် သူသည် ရှစ်ချင်းလျို့က သူ့အား ကယ်တင်သည့် အခွင့်အရေးတစ်ခု
ဖန်တီးရန် စီစဉ်ခဲ့သည်။
ထို့နောက်
သူသည် သူမအား ပြန်ပေးဆပ်ရန် အကြောင်းပြချက်ကို အသုံးချပြီး သူမအား ဆက်သွယ်ကာ
သူ့ကို အာရုံစိုက်စေမည်။
ရှစ်ချင်းလျို့က
ဘာမှလုပ်စရာမလိုပေ။ ရံဖန်ရံခါ ငွေရှာသည့် အကြံဉာဏ်တစ်ချို့ကို သူမက သူ့အား
ပေးရန်သာ လိုအပ်ပေသည်။
သူသည်
ရှောင်ဟန်ကျန့်ကို သူ့ဘက်ပါအောင်လုပ်ရန် မရည်ရွယ်ထားပါဘူး။
အဆုံးတော့
ရှောင်ယွမ်ရှစ်သည် သူ့ဘက်တွင် ရပ်တည်ရန် ကတိပြုထားပြီး ဖြစ်သည်။
ရှောင်ဟန်ကျန့်နှင့်
ရှောင်ယွမ်ရှစ်တို့၏ ဆက်ဆံရေးအရ သူတို့နှစ်ယောက် ပြေလည်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
သူတို့နှစ်ဦးကြားတွင်
သူသည် တစ်စုံတစ်ယောက်ကို စွန့်လွှတ်လိုက်ရမည်မှာ သဘာဝပင် ဖြစ်သည်။
ရှစ်ချင်းလျို့က
စည်းမျဉ်းအတိုင်း လုံးဝမလုပ်ဆောင်ဘူးလို့ ဘယ်သူက ထင်ထားမည်နည်း။
သူမသည်
မြင့်မြတ်သော အဆင့်အတန်းရှိသည့် ကြော့ရှင်းသော မင်းသားတစ်ပါးဖြစ်သူ သူ့အား ပို၍ပင် လျစ်လျူရှုခဲ့သည်။
ဒါက
အမျိုးသမီးတစ်ဦး ရှေ့မှောက်တွင် ပထမဆုံးအကြိမ် သူ ကျရှုံးခြင်း ဖြစ်သည်။
ထိုအကြောင်းအရာကြောင့်
ဤအမျိုးသမီးဖြစ်သူ ရှစ်ချင်းလျို့ကို သူ ပိုပြီး အလေးအနက်ထားမိသည်။
သူမသည်
မရိုးရှင်းလှပေ။ ထို့အပြင် ချောမောလှပသော အမျိုးသမီးတစ်ဦးကို
သွေးဆောင်ဖြားယောင်းသည့် သူ့နည်းလမ်းကလည်း အလုပ်မဖြစ်တော့ဘူး။
ရှစ်ချင်းလျို့သည်
ဒုတိယမင်းသား၏ အတွေးကိုသာ သိလျှင် သူမ သေချာပေါက် စကားပြန်မပြောနိုင်အာင်
ဆွံ့အနေမိမှာ သေချာပေသည်။
နေ့စဉ်နှင့်အမျှ
သူမသည် ပြည်နှင်ဒဏ်ပေးခံရသော မသေမျိုးနှင့် ဆင်တူသည့် သူမ၏ ချောမောကြည့်ကောင်းသော ခင်ပွန်းသည်နှင့်
ရင်ဆိုင်နေရသည်။
သူမသည်
ချောမောကြည့်ကောင်းသော အမျိုးသားများကို ခံနိုင်ရည်ရှိနေပြီးသား ဖြစ်သည်။
ထို့အပြင်
သူမသည် ချောမောသော အမျိုးသားတစ်ဦး ချဉ်းကပ်လာသည်ကို မြင်သည်နှင့်
မလှုပ်မယှက်ဖြစ်ကာ ဆောက်တည်ရာမရ ဖြစ်မည့်သူ မဟုတ်ပေ။
သူမမှာ
ကိုယ်ပိုင်အခြေခံ စည်းမျဉ်းများ ရှိသည်။
သူမ၏
ခင်ပွန်းကို ပထမဆုံး တွေ့သည့်အချိန်ကတော့ ခြွင်းချက်ပင်။
ရှောင်မိသားစုထဲသို့
လက်ထပ်ရန် သူမဘက်က စတင်ကမ်းလှမ်းမိသည့်အထိ သူ့အလှက သူမအား ညှို့ယူဖမ်းစားနိုင်ခဲ့သည်။
ဂျင်းပြုတ်ရည်ကို
သောက်ပြီးနောက် ရှစ်ချင်းလျို့သည် သူမ၏ခန္ဓာကိုယ် အနည်းငယ် ပူနွေးလာသည်ကို
ခံစားလိုက်ရသည်။
ရှီရုံသည်
သူမ၏ လက်များကို ပွတ်သပ်ပြီး " ရာသီဥတုက အေးစပြုလာပြီ။ ဆောင်းရာသီကို လုံးဝ မကြိုက်ဘူး
" ဟု ဆိုလာခဲ့သည်။
ဆောင်းရာသီက
အေးလွန်းသည်။
သူမသည်
အိမ်ထဲမှာပဲ နေချင်ပြီး အပြင်မထွက်ချင်ပေ။
ရှစ်ချင်းလျို့က
ပြုံးပြီး ပြောလိုက်သည်။ " ငါလည်း နွေဦးနဲ့ ဆောင်းဦးကို ပိုကြိုက်တယ် "
"
ငါ ပြန်သွားတဲ့အခါ နင့်အတွက် ဆွယ်တာအင်္ကျီနဲ့ ဘောင်းဘီရှည်တစ်ထည် ပို့ပေးဖို့
ပြောလိုက်မယ်။ အဲ့ဒါတွေကို နင် ဝတ်ထားပြီးရင် နွေးထွေးသွားလိမ့်မယ် "
သူမ
မထွက်လာခင်က သူမ၏ ယောက္ခမနှင့် ယောက်မတို့သည် ဆွယ်တာအင်္ကျီနှင့် ဘောင်းဘီများကို
ချည်ထိုးပေးထားပြီးသား ဖြစ်သည်။
သူမ
ပြန်သွားသည်နှင့် ချည်ထိုးအလုပ်ရုံကို ဖွင့်လှစ်မည် ဖြစ်ပြီး သိုးမွေးထိုးရန်
အမျိုးသမီးများနှင့် ကောင်မလေးများကို ငှားရမ်းသည်။
ရှီရုံက
နားမလည်စွာဖြင့် မေးလိုက်သည်။ " ဆွယ်တာအင်္ကျီနဲ့ ဘောင်းဘီက ဘာလဲ "
"
အဲ့ဒါက သိုးမွေးကို ချည်မျှင်ဖြစ်အောင် လုပ်ပြီးမှ ထိုးထားတဲ့ အဝတ်အစားတွေကို
ပြောတာ။ အဲ့ဒါတွေက နူးညံ့ပြီး နွေးထွေးတယ် "
"
နင် ဘာအရောင် လိုချင်လဲ။ ငါ အဲ့ဒါတွေကို အရောင်ဆိုးပြီး နင့်ကို တစ်စုံပေးမယ်
"
သူမသည်
၎င်းတို့ကို အရောင်အမျိုးမျိုးဖြင့် အောင်မြင်စွာ ဆေးဆိုးပြီးသွားပြီ။
ရှီရုံ၏
မျက်လုံးများ တောက်ပလာပြီး " ငါ အနီရောင်နဲ့ ခရမ်းရောင် လိုချင်တယ် "
"
လျို့လျို့… နင်က အရမ်းသဘောကောင်းတာပဲ… ငါ နင့်ကို လက်ထပ်ချင်တယ်
" လို့ သူမက နောက်တစ်ခါ စနောက်လိုက်သည်။
ရှစ်ချင်းလျို့က
တခစ်ခစ်ရယ်မောလိုက်ပြီး " အဲ့ဒါဆိုရင်တော့ နင့်မှာ အခွင့်အရေး မရှိတော့ဘူး။
ငါက ငါ့ယောက်ျားကိုပဲ သဘောကျတာ "
လျန့်ရှောက်ဟန်သည်
သူတို့နှစ်ယောက်၏ စကားများကို နားထောင်ရင်း မှင်တက်ဆွံ့အသွားသည်။
သူတို့ထဲက
တစ်ယောက်က သတ္တိရှိရှိ ပြောရဲသလို နောက်တစ်ယောက်ကလည်း သတ္တိရှိရှိ ပြန်ပြောရဲသည်။
၎င်းက
သူ့သွားတွေကို နာကျင်စေသည်။
သူမသည်
ငယ်ရွယ်သော သူမ၏ ခင်ပွန်းကိုသာ နှစ်သက်သည်။ ရှောင်ဟန်ကျန့်က အဲ့သလောက်တောင်
ကောင်းနေသလား။
မိန်းမတစ်ယောက်
ရိုးသားစွာ ပွင့်ပွင့်လင်းလင်း ပြောခြင်းကို သူ ပထမဆုံး ကြားဖူးခြင်း ဖြစ်သည်။
ရှီလွေ့နှင့်
တခြားသူများသည် ရှစ်ချင်းလျို့၊
ရှောင်ဟန်ကျန့်တို့နှင့် စတင်သိကျွမ်းစဉ်တုန်းက အလားတူ တုံ့ပြန်မှုများ
ရှိခဲ့သော်လည်း ယခုအခါတွင်တော့ သူတို့သည် ၎င်းကို ကျင့်သားရနေကြပြီ ဖြစ်သည်။
ရှီလွေ့က
အနားလာပြီး " ချင်းလျို့… ငါ့အတွက်ကကော…။
ငါ့ကို မမေ့ထားနဲ့လေ "
သူ၏တွေးတောချက်အရ
သိုးမွှေးဖြင့် ပြုလုပ်ထားသော အဝတ်အစားများသည် အရမ်းနွေးထွေးနေမည်မှာ သေချာပေသည်။
ဒါကြောင့်
သိုးတွေက ဆောင်းရာသီ၌ အပြင်မှာ ရှင်သန်နိုင်ပြီး သူတို့၏သားမွေးတွေက သူတို့ကို
နွေးထွေးစေသည်။
ထို့အပြင်
သူသည် ရှစ်ချင်းလျို့၏ ဖန်တီးမှုများကို လုံးဝယုံကြည်သည်။
လျန့်ယို့ရှောင်နှင့်
ဖေးယွီကျယ်တို့ကလည်း ကမန်းကတန်း ပြောလိုက်သည်။ " ငါတို့လည်း ပါတယ် "
သူတို့သည်
သိုးမွှေးကနေ ပြုလုပ်သော ဆွယ်တာအင်္ကျီနှင့် ဘောင်းဘီများအကြောင်းကို တစ်ခါမှ
မကြားဖူးကြချေ။
ထို့ကြောင့်
နွေးထွေးစေရန် ၎င်းတို့ကို ဝတ်ဆင်ခြင်းသည် အကြောင်းအရင်းတစ်ခုသာ ဖြစ်သည်။
မြို့တော်မှာ
ပေါ်လွင်ကျော်ကြားနေဖို့လည်း အရေးကြီးသည်။
ရှစ်ချင်းလျို့သည်
ရယ်ရမလား ငိုရမလားမသိ ဖြစ်သွားခဲ့သည်။ " ကောင်းပြီလေ… ငါ နင်တို့အတွက်လည်း
မမေ့ထားပါဘူး "
သူမသည်
သူမ၏သူငယ်ချင်းများအပေါ် အလွန် စေတနာထားဆဲ ဖြစ်သည်။
သူမက
မေးလိုက်သည်။ " ယောက်ျားလေးတွေအတွက် အနက်ရောင် စိမ်းပြာရောင် အပြာရောင် နဲ့
အနီရင့်ရောင် ရှိတယ်။ နင်တို့တွေ ဘာအရောင် လိုချင်လဲ "
ရှီလွေ့က
တောက်ပြောင်တာကို ကြိုက်သည်။ " အနီရင့်ရောင် "
လျန့်ယို့ရှောင်ကလည်း
အာရုံစိုက်ခံရသည်ကို နှစ်သက်သည်။ " အပြာရောင် "
ဖေးယွီကျယ်က
အလေးအနက် ပြောသည်။ " ငါက စိမ်းပြာရောင် လိုချင်တယ် "
အနက်ရောင်က
မှောင်မိုက်လွန်းပြီး မသင့်တော်ဘူး။
ရှစ်ချင်းလျို့သည်
သူတို့၏ ရွေးချယ်မှုများကို စိတ်ထဲတွင် မှတ်သားထားလိုက်ပြီး " ကောင်းပြီ… ငါ
ပြန်သွားရင် နင်တို့ဝတ်လေ့ရှိတဲ့အဝတ် အရွယ်အစားတွေကို ရေးမှတ်ပြီး ငါ့ခင်ပွန်းကို
ပေးလိုက်ပါ "
သူတို့အားလုံးက
ယောက်ျားလေးတွေ ဖြစ်သည်။
သူတို့၏
အရွယ်အစားများကို ကိုင်တွယ်ဖြေရှင်းရန် သူမအတွက် မသင့်တော်ပေ။
သူမက
ထပ်ပြောလိုက်သည်။ " ပြီးရင် သူက ဆွယ်တာအလုပ်ရုံဆီကို သွားပြီး နင်တို့အတွက်
ချည်ထိုးပေးဖို့ တစ်ယောက်ယောက်ကို ခိုင်းလိမ့်မယ် "
အသက်ကြီးသော
အမျိုးသမီးများက အမျိုးသားဝတ်အထည်များကို အထူးကျွမ်းကျင်ပြီး
ချည်ထိုးမည်ဖြစ်သဖြင့် တခြားသူများ အတင်းအဖျင်း ပြောမည်ကို ကြောက်ရွံ့ရန်
မလိုအပ်တော့ပေ။
အမျိုးသမီးငယ်များက
အမျိုးသမီးဝတ်များကို ချည်ထိုးလိမ့်မည်။
ရှီလွေ့က
ပြောသည်။ " ချည်ထိုးတဲ့သူက မင်း မဟုတ်ဘူးလား "
ရှစ်ချင်းလျို့က
သူ့ကို မျက်စောင်းထိုးလိုက်ပြီး " ငါ ချည်ထိုးချင်တယ် ဆိုရင်တောင် အဲ့ဒါက
ငါ့ခင်ပွန်းအတွက်ပဲ။ နင်က ဘာတွေ တွေးနေတာလဲ "
ရှီလွေ့နှင့်
အခြားသူများ အာစေးမိ မှင်တက်သွားကြသည်။
သူတို့သည်
ရှောင်ဟန်ကျန့်ကို အလွန် မနာလိုဖြစ်နေကြသည်။
သေချာတာပေါ့…
ရှစ်ချင်းလျို့ဖန်တီးထားသည့်အရာများကို ရှောင်ဟန်ကျန့်က ပထမဆုံးရရှိသည့်အတွက်
သူတို့ မနာလိုဖြစ်နေကြခြင်းပင်။
သူတို့မှာ
တခြားအတွေးတွေ မရှိကြပါဘူး။
ရှစ်ချင်းလျို့က
ပြုံးပြီး ပြောသည်။ " စိတ်မပူပါနဲ့… နင်တို့အတွက် ချည်ထိုးပေးဖို့
အဘွားကြီးတစ်ယောက်ကို ငါ ရှာလိုက်မယ်။ နင်တို့တွေက လက်မထပ်ရသေးဘူးဆိုတော့
သံသယကင်းအောင် နေရမယ်လေ "
ရှီလွေ့နှင့်
အခြားသူများသည် လေသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်ကြသည်…… မင်းက အဲ့လောက်ထိ
လုပ်ဖို့ မလိုအပ်ပေမယ့် ငါတို့ မင်းကို တကယ့်ပဲ ကျေးဇူးတင်ပါတယ်။